မီမိကိုတွေ့တော့ အားတက် ဝမ်းသာစိတ်နဲ့အတူ ရင်ဖွင့်မိ
သည်။
"ကြားရတာ စိတ်မကောင်းဘူးဟယ် ဒါထက်
အခုနင့်မာမီရဲ့ လူရုံတွေပါလာတယ်ပေါ့"
ဂျူတီကုတ်ထဲ လက်နှစ်ဖက်ထည့်ရင်း မီကမေးရှာသည်။
"ဆင်ဝင်အောက်မှာလေ စိုးမိုးရော သူ့ဘော်ဒိကပ်တွေပါ
လာတယ် ငါ့ စိတ်ထင်တော့ သူတို့ တို့ ဂျူတီပြီးတဲ့အထိ
စောင့်နေမယ်လားပဲ"
စားပွဲခုံပေါ် လက်နှစ်ဖက်ထောက်ရင်း အဝေးကိုငေးကာ
ပြောသည်။
"အင်း...ရွက်နုစိမ်းကလဲ အစကတည်းက အမှန်အတိုင်း
ပြောပြ့ပို့ကောင်းတယ်နော် ခုတော့နင်ကယုံစားပြီး
မိဘတွေကိုအမှန်တိုင်းပြောပြထားတော့ ပိုဆိုးကုန်တာပေါ့"
"ကလေးမှားတာတွေလည်း အများကြီးဘဲပေါ့ဟာ ဒါပင်
မဲ့အဲ့ဒိအမှားတွေအားလုံးကို ငါကချစ်တဲ့စိတ်တစ်ခုတည်းနဲ့
ဖုံးကွယ်လို့ရပေမယ့် မာမီတို့ကြတော့ခွင့်မလွတ်နိုင်ဘူးလေ"
"ဒါကတော့နင်ဘက်က လူကြီးတွေကိုဘဲအပြစ်ပြောလို့မရဘူးပေါ့ဟာ မိဘဆိုတာကတော့ ကိုယ်သမီးနဲ့ လိုက်ဖက်မယ့်
သာမာန်အိမ်ထောင်ရေးဘဝကို ရစေချင်တာပေါ့ ဟုတ်ဘူးလား"
သက်ပြင်းကိုတိတ်တခိုးချလိုက်ပြီး...
"အပြစ်လို့မမြင်ပါဘူး မိမိရာ ဒါပင်မဲ့ခုလောက်ထိတော့
ရက်ရက်စက်စက် မခွဲသင့်ဘူးလို့ ငါထင်တယ် ကလေးမှာ
မိန်းမသားဖြစ်ပင်မဲ့ သူအရည်အချင်းနဲ့သူပါဟာ ခုဆိုသူလုပ်
နေတဲ့ကုမ္မဏီမှာ ရှယ်ယာတစ်ဝက်တောင်ဝင်ထားပြီပြီ"
"အင်းလေ..ဒါကတို့လူတွေဘက်ကအမြင်ကို ဒါနဲ့ထားပါဦး
စိမ်းတဲ့နင့် ဒီရက်ထဲမတွေ့သေးဘူးပေါ့".
အဝေးကို ငေးရီကာကြည့်နေရင်း စားပွဲပေါ်ကနာကြပ်ကြိုးကို
လက်ညိုးလေးနဲ့ ထိတွေ့လှုပ်ရှားနေရာမှ....
"ဘယ်လာတွေ့ဦးမှာလည်းမိရာ ဒိရက်ပိုင်း ကလေးလည်း
သိပ်ခံစားနေရမှာပဲ ကလေးကိုလည်းသိပ်တွေ့ချင်တယ်
ညဘက်တွေတော့ခိုးပြီး ဖုန်းဆက်ဖြစ်ပါရဲ့ ဒါပင်မဲ့အပြင်
မှာပိုတွေ့ချင်မိတယ်"
အခန်းတွင်းသို့ ထဘီအနီဆရာမတစ်ဦးဝင်လာသဖြင့် စကားကိုခနရပ်လိုက်သည်။
"ငါဘာကူညီ ပေးရမလဲ ပြောလေ"
မိမိခင်စကားကြောင့်ယွန်း အားတက်သွားရသည် ဘာလို့ဆို ပထမကမိမိခင်ကိုပါမတိုင်ပင်ရဲသလောက် ပင်ကိုယ်ကအားကိုယုံစားကာတိုင်ပင်မိမှ ကိုယ်ဘက်ကိုနားမလည်ရင်သုန်အပေါ်အထင်အမြင်သေးမှာမဟုတ်လား ခုတော့ မိမိခင်စိတ်ဓာတ်ကိုလေးစားပြီ၊။
သူငယ်ချင်းတစ်ယောက်အပေါ်လူငယ်ပီပီ နားလည်သိတက်နိုင်ပါလားဟု အတွေးထဲမှာသိတော့ အားပြန်ပြည့်ရပြန်သည်။
"နင် တကယ်ကူညီမှာနော် မီ"
ပြန်ထွက်သွားသော ဆရာမလေးနောက်ကျောကိုငေးရင်း
မီကိုမေးလိုက်သည်။
"နင်ဒုက္ခရောက်နေတဲ့ အချိန်မှာငါတကယ် ကူညီရမှာပေါ့
မိသုန်ရာ ဘာလဲ...နင်ကငါကိုအထင်သေးလို့လား"
"မဟုတ်ပါဘူးဟ နင်ငါကိုတကယ်ကူညီမယ်ဆိုတာ
ယုံပါတယ်"
စားပွဲပေါ်တင်ထားသည့် မိမိခင်လက်ဖမို့လေးကို အားရဝမ်းသာဆုပ်မိသည်။
*****
လေးထောင့်ကွက်လိုက်ဖော်ကာထားသော သံစကာကွက်
ကြားမှာနေ၍ အဝေးကိုငေးကာမျော်မိသည်။ဝရံတာမှာဖျက်သွားဖျက်လာပြုနေသည့် သူ့လို့ဆရာဝန်လောင်းများနှင့် သူနာပြုဆရာမများကြားမှ စိုးမိုးတို့အုပ်စု လာချောင်းနေမှာလားဟု အတွေးနှင့်ပူပန်ရသေး၏။...
ကလေးဆီကို မက်ဆေ့ ပို့လိုက်ကတည်းက စိုမိုး
တို့ရှေ့အပေါက်မှာ လာမရပ်မိအောင် ကြိုစိတ်ပူနေရသည်။
အားတက်သရော်ကူညီပေးသော မိမိခင်ကိုကျေးဇူး အထူးတင်မိသည်။
"ဟေ့...မိသူ့..."
အနီးမှာလာရပ်ခေါ်သော မိမိခင်အသံကြောင့် ရုတ်တရက်အ
ကြည့်ရောက်သည်။
"ရွက်နုစိမ်းရောက်နေတယ်"
ကိုယ့်နားပင်ကိုယ်မယုံချင်
"ဘယ်မှာလဲ ဟင်"
မီကိုအမြန်မေးမီသည်။
"ကင်တင်း အတွင်းခုံမှာ ငါကိုယ်တိုင်တွေ့ခဲ့တာ"
"ငါကို ဘာမှာလိုက်သေးလဲ"
ပြန်ဖြေလာတဲ့ မီမီခင်စကားသံကို သေချာဂရုတစိုက်နား
ထောင်ရင်း...
"သူက မမှာခင် ငါကနင်ပြောထားတဲ့အတိုင်း ဆေးရုံမှာ
နင်တို့အိမ်က ကားရှိတဲ့အကြောင်းနဲ့ ကားပေါ်မှာနင်မောင်
တို့အုပ်စု အမြဲတမ်းထိုင်စောင့်နေတက်ကြောင်း ပြောခဲ့
တာပေါ့ဟ"
"ဒါဆို ကလေး လာမှလာရဲပါ့မလားဟာ"
"အဲ့ဒိအတွက် ဘာမှပူမနေနဲ့ ငါသေသေချာချာပြောခဲ့တယ်
ဟိုနေရာကိုမြင်လား"
မိမိခင်လှမ်းပြသော နေရာကိုလှမ်းကြည့်မိသည်။
ခြံစည်းရိုးရဲ့ အပြင်ဘက်ထောင့်ကျကျနေရာမှာ သစ်ပင်ခပ်အုပ်အုပ်ကိုလှမ်းမြင်ရသည်။
"အေ..အဲ့ဒီနေရာကို နင်ကြည့်နေ စိမ်း အဲ့ဒိနေရာကနေ
နင့်ကိုအမြဲစောင့်နေလိမ့်မယ်"
ကလေးမရောက်သေးသော်လည်း သူမရှိလိမ်မည်ဟု ထင်ကာကြည့်မိနေသည်။အတွေးထဲမှာလည်း ကလေးစိတ်သည်သာ တစ်ဝဲလည်လည် ဘယ်မှာကြည့်ကြည့် ကလေးသာ ထာဝရစိုးမိုးနိုင်သူပါကွယ်။
*****
To...baby❤
ကလေး ...မီမိပြောတဲ့နေရာကနေ မကိုစောင့်နေနော်
လစ်တာနဲ့ မ ထွက်လာခဲ့မယ်
ကလေးကိုမခွဲနိုင်ဘူး
တစ်နေ့မှာလည်းမေ့လို့မရဘူး...
To... MA😘
ဟုတ်ကဲ့မ ...စိမ်း စောင့်နေမယ်နော်
အရမ်းလွမ်းရတာဘဲ...
မ ပို့ထားသောစာလေးကိုဖတ်ပြီးဟန်းဖုန်းကို စားပွဲခုံပေါ်ပစ်တင်လိုက်သည်။
"ချစ်တက်တဲ့နေရာမှာတော့ နင့်မက စံတင်လောက်
တယ်နော်"
"အင်း...နင်ပြောတာမှန်တယ် ငါလဲ မကို ဒိတစ်ခုတည်း
နဲ့တင်မခွဲရက်မခွာရက်ဘူး ရတု "
"နင် ကံကောင်းတယ်ခေါ်ရမှာပေါ့ စိမရာ"
"အင်းရတု ငါလည်းအဲ့လိုဘဲ မှတ်ယူထားပါတယ်"
အတွေးတို့နဲ့အတူနှစ်ယောက်သား ခနတိတ်ဆိတ်သွားပြီး အတန်ကြာမှရတုက ခေါင်းရင်းမှ ဝက်ဝံရုပ်ကြီးကို သူပေါင်ပေါ်တင်းပြီးလက်ထောက်ကာ.....
"ဒါဆိုမနက်ဖြန် နံနက်လည်း နင်သွားစောင့်မှာပေါ့
ဟုတ်လား."
"အင်း... မ မှာတဲ့အတိုင်းဆို ဆက်ဆက်စောင့်နေရမှာ
သူကသူမောင်အလစ်မှာ လာခဲ့မယ်လို့ပြောတယ်"
ပြောပြီးရင်လေးစွာနဲ့ဘဲ သက်ပြင်းမောကိုထပ်ထပ်ချမိနေသည်။
အဝေးမှနေ၍ မ အလာကိုမျော်လင့်စောင့်စားနေမိသည်။
ရပ်နေတဲ့ နေရာမှခြေတစ်လှမ်းမှမရွေမိ မ လာမှာပါဟု အတွေးတိုနဲ့ပျော်ရသည်သာ မရောက်လာရင် မလက်ကိုဆွဲကာ အားရဝမ်းသာပြောရမည် စကားလုံးတွေကို အတွေးနှင့်တစ်ယောက်တည်းစိတ်ကူယှဉ်နေမိသည်။အရင်လို သထက်လေးတွေပေါ်အောင် အားရပါးရပြုံတက်သည့် မကို အနားမှာထားပြီး စိုက်ကြည့်ချင်သေးသည်။စိမ်း ရပ်နေတဲ့နေရာနဲ့ မရှိတဲ့ဆေးရုံက အတော်လေးလှမ်းလွန်းတာမို့ ပလက်ဖောင်းပေါ်လမ်းလျှောက်နေသူတွေကို မများကြည့်နေတာလားအထင်နဲ့မျော်တော်မှုနေရသည်သာ....
တစ်နေ့နေ့တော့ မလာမယ်ဟုဖြေသိမ့်ရသည်။
ဒိလိုဘဲ တစ်နေတာ ကုန်ဆုံးခဲ့ရသည်...
******
နီးရက်နဲ့မကြင်ရသည့်ဘဝကိုနာကြည့်းမိသည်။
ကလေးကိုတွေနေရက်နဲ့ ကလေးဟု အနီးကပ်မခေါ်ရတဲ့
မိမိဘဝကို မိမိမကျေနပ်။ကုန်ဆုံးသွားပြီဖြစ်သော သတ္တိတို့သည် အသစ်တစ်ဖန်ပေါ်ပေါက်လာခဲ့သည်။ဒါကြောင့်
စိုမိုး အလစ်ကို စောင့်မျော်ရတဲ့ရက်ပေါင်းလည်းမနည်းတော့..အခုချိန်ထိ ယွန်း ကိုမယုံကြည်သေးသောမာမီတို့
လည်း အပြစ်ဆိုချင်သော်လည်း မဆိုရက်ပါ။
ဆောင်းနှင့်ကျန်တို့ကြွေသည့်ရက်မှာ ကလေးကိုနေရာမပျက်တွေ့ရသလို ပူပြင်သောနွေနေ့လယ်ခင်းမှာလည်း ကလေးကိုနေ့ရာမပျက်တွေ့ရတက်သည်သာ။တစ်ခါတစ်ရံ ကလေးကိုကြည့်ရင်းမျက်ရည်ကျရသည်။
"စိုးမိုးကတော့ အခုမှပြန်ရောက်လာတယ် သိလား"
မိမိခင်က ဝပ်ထဲလျှောက်ရာမှပြန်အလျှောက်မှာ ယွန်း
ကိုပြောသည်။
"အင်းဟယ်.. အဲ့ဒိအမဲရောင်ဝတ်စုံနဲ့နစ်ကောင်ပါခေါ်သွားတာမဟုတ်ဘူး"
ယွန်း ကိုဆေးရုံရှေ့ပို့ပြီး စိုးမိုးက ကားနဲ့ချိန်းထာတာရှိတယ်ဆိုပြီးပြန်ထွက်သည်။ ဒါပင်မဲ့ သူ့လူနစ်ယောက်ကတော့ ဆေးရုံရှေ့ဆင်ဝင်အောက်မှပင် ထိုင်စောင့်နေခြင်းဖြစ်သည်။
"နင် စိမ်းနောက်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လိုက်နိုင်မလား"
မျော်လင်းချက်ရောင်ခြည်ဖြင့် မိမိခင်ကို လှမ်းကြည့်သည်။
နောက်သို့ရောက်နေသော ခုံကို ရှေ့သိုဆွဲကာထိုင်းရင်း
"ငါပြောတာ ဘယ်လိုလည်း"
ဟုထပ်မေးသည်။
"ဘယ်လိုဘဲလိုက်ရလိုက်ရ ငါတစ်ကယ်လိုက်မှာပါဟာ
အခုကလေးကိုချစ်တာ တစ်ခုဘဲသိတယ် ကျန်တာတွေ
ဗျာများနေတော့ ဘယ်လိုလုပ်ရမလည်းဆိုတာ အကြံပေါ်
လာမဘူးဟာ"
"အင်း..ငါလည်းအစကဒိအကြံမတွေးမိပါဘူး တွေမိလည်း
ငါပေးမှာမဟုတ်ဘူး ခုတော့စိမ်း ကိုမြင်ရတာ ငါစိတ်ထဲ
မှာမသက်မသာ နင်ကိုမြင်ရတော့လည်း စိတ်ဆင်းရဲတယ်
အဲ့တာကြောင့် နင်တကယ်လိုက်နိုင်မနိုင်မေးကြည့်တာ
တော်ကြာနင်မာမီတို့ရိပ်မိပြီး ငါပါမကောင်းဖြစ်မှာလည်း
စိုးရိမ်ရတယ်လေ"
"အဲ့တာတော့ စိတ်ချပါဟာ ကလေးနောက်ကို ငါဘယ်လို
နည်းနဲ့လိုက်ရလိုက်ရ ငါလိုက်ပို့အသင့်ပါပဲ ဒီအတွက်နင့်ကို
လည်းပြသာနာမဖြစ်စေရပါဘူး အဲ့ဒိအတွက်စိတ်ချ"
အားတက်သရော ပြန်ပြောသည်။
"အေ..ဒါဆိုမနက်ဖြန် နင်အဆင့်သင့်လုပ်လာခဲ့
ငါတကယ်ကူညီမယ်"
ဘယ်လိုကူညီမှာလည်းဟုမမေးတော့ပါ။
မီမီခင်ကိုယုံကြည်သည်။မိမီ စိတ်ကိုသိတာ
ကြောင့် သူတကယ်ကူညီမယ်ဆို ကူညီမည်သူသာဟု
ဝမ်းသာစိတ်နှင့်မြူးရသည်။
× × × ×