ဉာဏ်များလွန်းသော ခင်ပွန်းသည်

By Shi_Sheng

484K 53.5K 1.2K

​ေဖ့က်င္​းသည္​ ဝမ္​းတြင္​းမည္​းမင္​းသားတစ္​ပါး...အျပင္​လူ​ေတြအျမင္​မွာေတာ့ သူက တည္​ၿငိမ္​​ေအး​ေဆးၿပီး ၾကင္​နာ... More

အခန်း (၁)
အခန္း (၂)/က
အခန်း (၂)/ ခ
အခန်း (၃)/ က
အခန်း (၃)/ ခ
အခန်း (၄)
အခန်း (၅)/ က
အခန်း (၅)/ ခ
အခန်း (၆)
အခန်း (၇)
အခန်း (၈)
Chapter (9)Part(A)
အခန်း (၉)/ (ခ)
အခန္း (၁၀)
အခန်း (၁၁)
အခန္း (၁၂)/ခ
အခန္​း (၁၃)/က
အခန္​း (၁၃)/ခ
အခန္​း (၁၄)
အခန္​း (၁၅)/က
အခန္း (၁၅)/ခ
အခန္း (၁၅)/ဂ
အခန္း (၁၆)/က
အခန်း (၁၆ ) / ခ
အခန္း (၁၇)/က
အခန်း (၁၇)/ခ
အခန်း (၁၈) / (က)
အခန်း (၁၈)/ခ
အခန်း (၁၉)
အခန်း (၂၀) / (က)
အခန်း (၂၀)/ ခ
အခန်း (၂၁)
အခန်း (၂၂)/ (က)
အခန်း (၂၂)/ (ခ)
အခန်း (၂၃)/(က)
အခန်း (၂၃)/ (ခ)
အခန်း (၂၄)
အခန်း (၂၅)/(က)
အခန်း (၂၅)/(ခ)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)/(က)
အခန်း (၃၆)/(ခ)
အခန်း (၃၇)
အခန်း (၃၈)/(က)
အခန်း (၃၈)/(ခ)
အခန်း (၃၉)/ က
အခန်း (၃၉)/(ခ)
အခန်း (၄၀)/(က)
အခန်း (၄၀)/ ခ
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)/ က
အခန်း (၅၄)/ ခ
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း

အခန်း (၁၂)/(က)

8K 1K 19
By Shi_Sheng

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၁၂)/(က)

TRANSLATOR - Kiley0096

--------------------

စုယွဲ့က သူမကိုယ်သူမ အခန်းထဲတွင်တစ်ရက်တော့ တံခါးသော့ပိတ်ထားသည်။

ဖေ့ကျင်းက သူမကို တစ်လတာ အခန်းအတွင်းတံခါးပိတ်နေစေသော အပြစ်ဒဏ်သည် ရက်စက်လွန်းသည်ဟု စုယွဲ့ခံစားမိ၏။ သူ့ဆုံးဖြတ်ချက် ပြောင်းလဲအောင်လုပ်ဖို့ သူ့ကိုသူမ အမိဖမ်းရမယ်။

ညကောင်းကင် ပိန်းပိန်းမှောင်နေ၏၊ စုယွဲ့သည် မီးအိမ်တစ်ခုကို ကိုင်ဆောင်၍ အံစောင်းပါစားပွဲဆီသို့ လျှောက်လှမ်း၏။

စုယွဲ့က ထိုအံစောင်းပါစားပွဲရဲ့ အံတစ်ခုကို ဆွဲလိုက်ပြီး အံဝှက်သေတ္တာဘူးသေးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအထဲတွင် အဖြူရောင်ပုလင်းတစ်လုံးနှင့် အပြာရောင်ပုလင်းတစ်လုံးတို့ရှိနေလေသည်။ သူမက အပြာရောင်ပုလင်းကို ယူလိုက်၏။ ၎င်းကို သုံးပြီး သူမမြူ ဆွယ်ဖြားယောင်းလို့ ရနိုင်သည်။ ဒါပေမယ့် သူမက အပြာရောင်ပုလင်းကို ချပြီး၊ အဖြူရောင်ပုလင်းကို ယူ၍ အံဝှက်သေတ္တာဘူးကို အံစောင်းထဲပြန်ဖုန်းထားလိုက်သည်။

ဖေ့ကျင်းကတော့ တောင်ပိုင်း ကျန်း ပြည်နယ်ရှိ သူ့သွေးသောက်ရဲဘော် တပ်သားတို့နှင့် အကြီးအကဲများ၏ တင်ပြချက်များကို လက်ရေးလှကျင့်အခန်းထဲတွင် ထိုင်ဖတ်နေလေသည်။ စာထဲမှ သူ့အား တောင်ပိုင်း ကျန်း ပြည်နယ် (ကျန်းနန်)ကို ပြန်လာဖို့ ပြောသည့်နေရာအရောက်တွင် သူရယ်နေခဲ့၏။ သူတို့ပြောထားသည်က ဗိုလ်ချုပ်က လူတိုင်းကို သက်သက်လွတ်သာစားခိုင်းပြီး သူတို့ကို မည်သည့်ဖျော်ဖြေရေးပွဲမှ ကြည့်ခွင့်မပေးဟု ပြောထားသည်။ ရုတ်တရက်ဆို သူ အပြင်ဘက်မှ ရှိုက်ငိုသံ ကျယ်ကျယ်လောင်လောင်တစ်ခုကို ကြားလိုက်ရ၏။

"ငါ့ကို ဝင်ခွင့်ပေး" စုယွဲ့အသံပါပေ။ "ငါ မင်းသားကိုးနဲ့ တွေ့ချင်တယ်"

ဖေ့ကျင်း မျက်မှောင်ကုတ်သွား၏။ သူ စာများကိုဖွက်လိုက်ပြီးတော့ တံခါးဆီသို့ လှမ်းလေတော့သည်။ သို့ပေသိ သူတံခါးနားမရောက်ခင်မှာပင် စုယွဲ့က အခန်းထဲသို့ အတင်းဝင်ရောက်လာ၏။

ညလေပြေက အေးသော်ငြား စုယွဲ့ကတော့ မိတ်ကပ်ထူလပျစ်နှင့် အင်္ကျီအဖြူရောင် ပါးပါးလှပ်လှပ်တစ်စုံကိုသာ ဝတ်ဆင်ထား၏။ ဖေ့ကျင်း စိတ်အတွင်းဝယ် ဒေါသခိုးလျှံတော့သည်။ စုယွဲ့ကို အခန်းထဲနေခိုင်းပြီး သူမ၏အပြုအမူတွေအတွက် ဆင်ခြင်ခိုင်းခဲ့ထားတာကို ကိုယ့်အခန်းထဲကိုယ်မနေဘဲ ဘာလို့ လက်ရေးလှကျင့်ခန်းထဲကို ပြေးလာရသည်လဲ။ စိတ်ရှုပ်စရာကောင်းတဲ့သူပဲ။

စုယွဲ့က သယ်လာတဲ့အစားသောက်ဗန်းကို စားပွဲခုံပေါ်တင်ပြီးနောက် ဖေ့ကျင်းရှေ့မှောက် ဒူးထောက်ချကာ၊ သူ့ခြေထောက်အားဖက်၍ သူမက ရှိုက်သံကျယ်ကျယ်ပြုလာ၏။

"မင်းသားကိုး... နူးဘီမှားမှန်းသိပါပီ. ခွင့်လွှတ်ပေးပါနော်၊ မင်းသားကိုး နူးဘီ နောက်တခါ အမှားမလုပ်ရဲတော့ပါဘူး၊ နောက်နောင် မင်းသားနဲ့ ဖူးရန်ကို တစ်သက်လုံး ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုသွားပါ့မယ်လို့ နူးဘီ ကတိပေးပါတယ်နော်"

ဖေ့ကျင်း ရန်ရှီးနဉ်ကို သွားသတိရမိတော့ သူမကို ကန်ထုတ်လိုက်ချင်မိလာသည်။ သို့သော် မင်းသားကိုးဆိုသည့် သူ့မှာက နူးညံ့သိမ်မွေ့သည်ဟူသော ဂုဏ်သရေက ရှိနေသေး။ သူ့ခြေထောက်ကို ပြန်ဆွဲလိုက်ပြီး စုယွဲ့ကို ရှောင်ကာ ထ,သွားလေ၏။

"မတ်တပ်ထပြီး ပြော" ဟု ဖေ့ကျင်း ပြော၏။

"ဟင့်အင်း... မင်းသားကိုးက နူးဘီကို ခွင့်လွှတ်မချင်း နူးဘီ မထနိုင်ဘူး" လို့ စုယွဲ့ကပြောပြီးနောက် ဖေ့ကျင်းအား သနားစဖွယ်ကြည့်လာလေသည်။

စုယွဲ့က မတ်တပ်ရပ်ဖို့ ငြင်းဆိုလာတော့ ဖေ့ကျင်းသည် အေးစက်စက်အသံဖြင့် ဤသို့ဆိုလာ၏၊ "စုယွဲ့ ... မင်းအဆင့်ကို မမေ့ပါနဲ့!"

"အဆင့်?" စုယွဲ့ အမေးပြုလျက်။ "ကျွန်မ အဆင့်က ဘာလဲ ပြောပါဦး မင်းသားကိုး? အတွင်းဝန်အမတ်ကြီး ဟွမ်းကော် က မင်းသားဆီ ကျွန်မကို ချီးမြှင့်တုန်းက သူ ဘာပြောခဲ့တယ်ဆိုတာ မင်းသားမေ့ကုန်ပြီလား၊ ဟိုအရင်တုန်းက နူးဘီက မင်းသားကို ခစားချင်ခဲ့တာတောင် မင်းသားက အမြဲငြင်းဆန်ခဲ့တယ်၊ အဲ့တုန်းက နူးဘီက အရမ်းငယ်သေးတဲ့အပြင် မင်းသားကိုယ်တိုင်ကလည်း ကြင်ယာတော်လောင်းလျာ ယဲ့ဝူဆုံးပါးသွားလို့ အသည်းကွဲကြေနေလို့ပါဆိုပြီး မင်းသားပြောခဲ့တာလေ၊ နောက်တော့ မင်းသားက တာဝန်ဝတ္တရားတွေများလှတာမို့ နူးဘီကို အခစားဝင်ခဲ့ခိုင်းတယ်လေ၊ အခု နူးဘီ အသက်ဆယ့်ရှစ်နှစ်ရောက်လာတဲ့အခါမှာတော့ မင်းသားဆီမှာ ဖူးရန်ရှိလာပြန်ပြီ၊ အခြားလူတွေက နူးဘီကို မင်းသားရဲ့အမျိုးသမီးလို့ပဲ ထင်ကြတာ၊ ဒါပေမယ့် အဲ့ဒါက အမှန်တရားမှမဟုတ်တာ၊ အဲ့တော့ ပြောပါအုံး မင်းသားကိုး... နူးဘီ အဆင့်က ဘာလဲ?"

ဖေ့ကျင်းသည် စုယွဲ့၏ သနားစရာမျက်နှာကို မမြင်ချင်တာမို့ တဖက်သို့လှည့်သွား၏။ သူက သနားဂရုဏာသက်ချင်ယောင်ဆောင်ရမယ်ဆိုတာ သူသိပေမယ့် ဒီအခိုက်အတန့်မှာတော့ သနားဂရုဏာသက်ဖို့ဆိုတာ သူ့အတွက် ခက်ခဲနေသည်။ သူ့ရဲ့ စုယွဲ့အပေါ် ခါးခါးသီးသီးဖြစ်မှုကို သူမမမြင်စေဖို့ သူ့မှာ တဖက်သို့လှည့်ထားဖို့သာလျှင် ရှိတော့သည်။

ဖေ့ကျင်း၏ ဆိတ်ဆိတ်နေမှုက စုယွဲ့အား အထိတ်တလန့်ဖြစ်စေသည်။ သူမမှာ သူ့ကိုပြောမယ့်စကားတွေကို တနေ့လုံး သေသေချာဂရုစိုက် စိစစ်ထားရ၏။ သူက အမြဲတမ်းနူးညံ့သိမ်မွေ့လေ့ရှိသည်ကို သူမသိ၏။ သူက သူမကို သနားသွားလိမ့်မယ်ထင်ခဲ့တာ၊ ပြီးတော့ သူမကို အဖိုးတန်ရတနာတစ်ခုလို ပွေ့ဖက်ထားပြီး နှစ်သိမ့်ချော့မြူမယ်လို့ပေါ့။ အတိတ်တုန်းက သူက အမျိုးသမီးများနဲ့ နီးကပ်ဆက်နွှယ်မှုမရှိပေ။ အခု သူ့မှာ မိန်းမ ရှိလာပြီဆိုတော့ သူက သူမကို စားချင်နေပေမယ့် စားလို့မရဖြစ်နေတယ်ပေါ့။ ဒါပေမယ့် သူက အေးတိအေးစက်ဖြင့်စွာ တုံ့ပြန်လာလိမ့်မယ်လို့တော့ သူမ ထင်မထားပေ။ သူမ ဘယ်နေမှာ မှားယွင်းသွားမှန်း သူမလည်း မသိတော့ပါ။

သူမ၏ သနားစရာအကွက်လေးက အလုပ်မဖြစ်တော့ စုယွဲ့တစ်ယောက် မြန်မြန်ဆန်ဆန်ပင် ဗျူဟာပြောင်းတော့သည်။

စုယွဲ့မတ်တပ်ရပ်လိုက်ကာ၊ စွပ်ပြုတ်ပန်းကန်အား ယူ၍ ဖေ့ကျင်းကို ပေးလေသည်။

"မင်းသားကိုးက နူးဘီကို တစ်စက်လေးတောင် လှည့်မကြည့်လည်း နူးဘီ မကျေမနပ်မဖြစ်မိပါဘူး၊ မင်းသားကိုးဘေးမှာ နေရရင်ကိုပဲ နူးဘီ ပျော်ရပါတယ်၊ အရင်က နူးဘီရဲ့ အပြုအမူတွေအတွက် ခွင့်လွှတ်ပါနော်၊ နူးဘီ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဖြစ်သွားတယ်၊ မင်းသားကို တစ်လလောက် မပြုစုရတော့ဘူးဆိုပြီး နူးဘီ စိတ်ထဲ ကြောက်လန့်သွားလို့ပါ၊ မင်းသားအကြိုက်ဆုံး စွပ်ပြုတ်ကို နူးဘီ လုပ်လာတယ်၊ မင်းသား အဲ့ဒါကို သောက်မယ်ဆိုရင်၊ နူးဘီကို ခွင့်လွှတ်တယ်လို့ ယူဆလိုက်မယ်နော် ပြီးသွားရင် နူးဘီရဲ့ အပြုအမူတွေကို လိမ်လိမ်မာမာလေး ပြန်သုံးသပ်ပါ့မယ်နော် ... နူးဘီ ထပ်ပြီး မဆိုးတော့ပါဘူးနော်"

ဖေ့ကျင်း သူ့အရှေ့က စွပ်ပြုတ်ပန်းကန်ကို ကြည့်လိုက်သည်။ သူ တွန့်ဆုတ်မိပေ့မယ်လည်း အဲ့ဒါကို လက်ခံလိုက်ပြီး တစ်ငုံတော့ သောက်လိုက်လေသည်။ စုယွဲ့ကို ဟွမ်းကော် က ပေးခဲ့တာဖြစ်သော်လည်း သူ့အား စုယွဲ့က အဆိပ်တော့ ခတ်လိမ့်မည်မဟုတ်၊ အဲ့ဒါမို့ သူ့အစီအစဉ်က စွပ်ပြုတ်သောက်လိုက်ပြီး သူမကို ထွက်သွားခိုင်းမည်။

ဖေ့ကျင်းက စွပ်ပြုတ်ကို အကုန်သောက်လိုက်တယ်ဆိုမှ စုယွဲ့ရင်ထဲ ပြေလျော့သွား၏။ သူမသည် စားပွဲခုံကို ဖြေးဖြေးချင်း ရှင်းလင်းသိမ်းဆည်းလိုက်ပြီး ဖေ့ကျင်းအား မသိမသာအကဲခတ်လေသည်။

ဖေ့ကျင်းကတော့ စုယွဲ့ကို လျစ်လျူ ရှု၍ ထိုင်ခုံမှာ ဆက်ထိုင်ပြီး စာအုပ်ဖတ်နေလိုက်သည်။ ရုတ်ချည်းဆို သူသည် တစ်စုံတစ်ရာသော ထူးခြားမှုဖြစ်လာ၏။ စာအုပ်ထဲက စာလုံးတွေက ဘာလို့ က,ခုန်နေရတာပါလိမ့်။

"မင်း စွပ်ပြုတ်ထဲ ဘာထည့်ထားလဲ?" ဖေ့ကျင်းက ရေခဲရိုက်သံဖြင့် မေးလာသည်။

ဖေ့ကျင်း သူ့ညီငယ်လေး၏ လှုပ်ရှားမှုကို ခံစားလိုက်မိ၏၊ သူ့လက်သီးကို တင်းတင်းဆုပ်ကိုင်ထားရသည်။

ဖေ့ကျင်းတစ်ယောက် သူ့ဖွားဖက်တော်၏ ပူလောင်မှုမှ လွဲ၍ ကျန်တဲ့သူ့တစ်ကိုယ်လုံး ပျော့ခွေနုံးချိသွားသလို ခံစားလာရသည်။ သူ့ကို အိပ်ရာဆီ ဆွဲခေါ်နေတဲ့ စုယွဲ့ကို သူ့စိန်းစိန်းဝါးဝါး ကြည့်လိုက်၏။ သူမက သူ့အပေါ်ဝတ်ရုံကိုတောင် ချွတ်လာနေ၏၊ သူ သူမကို တားချင်ပေမယ့်လည်း အားအင်တို့ကမရှိ။ မဖြစ်ရဘူး...! သူ့ကို ထိန်းချုပ်ခွင့် သူမကို မပေးနိုင်ဘူး။

ဖေ့ကျင်း အသက်ပြင်းပြင်းရှု၍ ရုန်းကန်လိုက်၏၊ သူ့လျှာကို ကိုက်လိုက်တော့မှ သူ့ခေါင်းအနည်းငယ်မျှ ကြည်လာသည်။ သူ့အင်အား ခဏတဖြုတ် ပြန်ရလာတုန်းမှာ စုယွဲ့ကို တွန်းထုတ်ပြီး အပြင်သို့ သူပြေးထွက်လိုက်သည်။

ရန်ရှီးနဉ်ကတော့ သူမမျက်နှာကို ဆေးကြောပြီး၊ သူမဆံနွယ်တို့အား ဖြီးသင်ပြီး အိပ်ယာဝင်ဖို့တောင် ပြင်နေလေပြီ။ ရုတ်တရတ် ဘန်းကနဲမြည်၍ သူမ အခန်းတံခါး ပွင့်လာလေသည်။ ထိုအသံကြောင့် သူမ လန့်ဖျပ်သွားပေမယ့် ဖေ့ကျင်းရဲ့ ကပိုကရိုဖရိုဖရဲနိုင်လှတဲ့ပုံစံက သူမကို ပိုပြီး အလန့်တကြားဖြစ်စေသည်။ "အစ်ကိုကြီး... ဘာဖြစ်လာတာလဲ...?" ဟု ရန်ရှီးနဉ် မေးခွန်းထုတ်ပါလေတော့သည်။

_

_

[Zawgyi]

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန္း (၁၂)/(က)

TRANSLATOR - Kiley0096

--------------------

စုယြဲ႕က သူမကိုယ္သူမ အခန္းထဲတြင္တစ္ရက္ေတာ့ တံခါးေသာ့ပိတ္ထားသည္။

ေဖ့က်င္းက သူမကို တစ္လတာ အခန္းအတြင္းတံခါးပိတ္ေနေစေသာ အျပစ္ဒဏ္သည္ ရက္စက္လြန္းသည္ဟု စုယြဲ႕ခံစားမိ၏။ သူ႔ဆုံးျဖတ္ခ်က္ ေျပာင္းလဲေအာင္လုပ္ဖို႔ သူ႔ကိုသူမ အမိဖမ္းရမယ္။

ညေကာင္းကင္ ပိန္းပိန္းေမွာင္ေန၏၊ စုယြဲ႕သည္ မီးအိမ္တစ္ခုကို ကိုင္ေဆာင္၍ အံေစာင္းပါစားပြဲဆီသို႔ ေလွ်ာက္လွမ္း၏။

စုယြဲ႕က ထိုအံေစာင္းပါစားပြဲရဲ႕ အံတစ္ခုကို ဆြဲလိုက္ၿပီး အံဝွက္ေသတၱာဘူးေသးတစ္ခုကို ထုတ္ယူလိုက္သည္။ ထိုအထဲတြင္ အျဖဴေရာင္ပုလင္းတစ္လုံးႏွင့္ အျပာေရာင္ပုလင္းတစ္လုံးတို႔ရွိေနေလသည္။ သူမက အျပာေရာင္ပုလင္းကို ယူလိုက္၏။ ၎ကို သုံးၿပီး သူမျမဴ ဆြယ္ျဖားေယာင္းလို႔ ရႏိုင္သည္။ ဒါေပမယ့္ သူမက အျပာေရာင္ပုလင္းကို ခ်ၿပီး၊ အျဖဴေရာင္ပုလင္းကို ယူ၍ အံဝွက္ေသတၱာဘူးကို အံေစာင္းထဲျပန္ဖုန္းထားလိုက္သည္။

ေဖ့က်င္းကေတာ့ ေတာင္ပိုင္း က်န္း ျပည္နယ္ရွိ သူ႔ေသြးေသာက္ရဲေဘာ္ တပ္သားတို႔ႏွင့္ အႀကီးအကဲမ်ား၏ တင္ျပခ်က္မ်ားကို လက္ေရးလွက်င့္အခန္းထဲတြင္ ထိုင္ဖတ္ေနေလသည္။ စာထဲမွ သူ႔အား ေတာင္ပိုင္း က်န္း ျပည္နယ္ (က်န္းနန္)ကို ျပန္လာဖို႔ ေျပာသည့္ေနရာအေရာက္တြင္ သူရယ္ေနခဲ့၏။ သူတို႔ေျပာထားသည္က ဗိုလ္ခ်ဳပ္က လူတိုင္းကို သက္သက္လြတ္သာစားခိုင္းၿပီး သူတို႔ကို မည္သည့္ေဖ်ာ္ေျဖေရးပြဲမွ ၾကည့္ခြင့္မေပးဟု ေျပာထားသည္။ ႐ုတ္တရက္ဆို သူ အျပင္ဘက္မွ ရႈိက္ငိုသံ က်ယ္က်ယ္ေလာင္ေလာင္တစ္ခုကို ၾကားလိုက္ရ၏။

"ငါ့ကို ဝင္ခြင့္ေပး" စုယြဲ႕အသံပါေပ။ "ငါ မင္းသားကိုးနဲ႔ ေတြ႕ခ်င္တယ္"

ေဖ့က်င္း မ်က္ေမွာင္ကုတ္သြား၏။ သူ စာမ်ားကိုဖြက္လိုက္ၿပီးေတာ့ တံခါးဆီသို႔ လွမ္းေလေတာ့သည္။ သို႔ေပသိ သူတံခါးနားမေရာက္ခင္မွာပင္ စုယြဲ႕က အခန္းထဲသို႔ အတင္းဝင္ေရာက္လာ၏။

ညေလေျပက ေအးေသာ္ျငား စုယြဲ႕ကေတာ့ မိတ္ကပ္ထူလပ်စ္ႏွင့္ အက်ႌအျဖဴေရာင္ ပါးပါးလွပ္လွပ္တစ္စုံကိုသာ ဝတ္ဆင္ထား၏။ ေဖ့က်င္း စိတ္အတြင္းဝယ္ ေဒါသခိုးလွ်ံေတာ့သည္။ စုယြဲ႕ကို အခန္းထဲေနခိုင္းၿပီး သူမ၏အျပဳအမူေတြအတြက္ ဆင္ျခင္ခိုင္းခဲ့ထားတာကို ကိုယ့္အခန္းထဲကိုယ္မေနဘဲ ဘာလို႔ လက္ေရးလွက်င့္ခန္းထဲကို ေျပးလာရသည္လဲ။ စိတ္ရႈပ္စရာေကာင္းတဲ့သူပဲ။

စုယြဲ႕က သယ္လာတဲ့အစားေသာက္ဗန္းကို စားပြဲခုံေပၚတင္ၿပီးေနာက္ ေဖ့က်င္းေရွ႕ေမွာက္ ဒူးေထာက္ခ်ကာ၊ သူ႔ေျခေထာက္အားဖက္၍ သူမက ရႈိက္သံက်ယ္က်ယ္ျပဳလာ၏။

"မင္းသားကိုး... ႏူးဘီမွားမွန္းသိပါပီ. ခြင့္လႊတ္ေပးပါေနာ္၊ မင္းသားကိုး ႏူးဘီ ေနာက္တခါ အမွားမလုပ္ရဲေတာ့ပါဘူး၊ ေနာက္ေနာင္ မင္းသားနဲ႔ ဖူးရန္ကို တစ္သက္လုံး ေကာင္းေကာင္းမြန္မြန္ အလုပ္အေကြၽးျပဳသြားပါ့မယ္လို႔ ႏူးဘီ ကတိေပးပါတယ္ေနာ္"

ေဖ့က်င္း ရန္ရွီးနဥ္ကို သြားသတိရမိေတာ့ သူမကို ကန္ထုတ္လိုက္ခ်င္မိလာသည္။ သို႔ေသာ္ မင္းသားကိုးဆိုသည့္ သူ႔မွာက ႏူးညံ့သိမ္ေမြ႕သည္ဟူေသာ ဂုဏ္သေရက ရွိေနေသး။ သူ႔ေျခေထာက္ကို ျပန္ဆြဲလိုက္ၿပီး စုယြဲ႕ကို ေရွာင္ကာ ထ,သြားေလ၏။

"မတ္တပ္ထၿပီး ေျပာ" ဟု ေဖ့က်င္း ေျပာ၏။

"ဟင့္အင္း... မင္းသားကိုးက ႏူးဘီကို ခြင့္လႊတ္မခ်င္း ႏူးဘီ မထႏိုင္ဘူး" လို႔ စုယြဲ႕ကေျပာၿပီးေနာက္ ေဖ့က်င္းအား သနားစဖြယ္ၾကည့္လာေလသည္။

စုယြဲ႕က မတ္တပ္ရပ္ဖို႔ ျငင္းဆိုလာေတာ့ ေဖ့က်င္းသည္ ေအးစက္စက္အသံျဖင့္ ဤသို႔ဆိုလာ၏၊ "စုယြဲ႕ ... မင္းအဆင့္ကို မေမ့ပါနဲ႔!"

"အဆင့္?" စုယြဲ႕ အေမးျပဳလ်က္။ "ကြၽန္မ အဆင့္က ဘာလဲ ေျပာပါဦး မင္းသားကိုး? အတြင္းဝန္အမတ္ႀကီး ဟြမ္းေကာ္ က မင္းသားဆီ ကြၽန္မကို ခ်ီးျမႇင့္တုန္းက သူ ဘာေျပာခဲ့တယ္ဆိုတာ မင္းသားေမ့ကုန္ၿပီလား၊ ဟိုအရင္တုန္းက ႏူးဘီက မင္းသားကို ခစားခ်င္ခဲ့တာေတာင္ မင္းသားက အၿမဲျငင္းဆန္ခဲ့တယ္၊ အဲ့တုန္းက ႏူးဘီက အရမ္းငယ္ေသးတဲ့အျပင္ မင္းသားကိုယ္တိုင္ကလည္း ၾကင္ယာေတာ္ေလာင္းလ်ာ ယဲ့ဝူဆုံးပါးသြားလို႔ အသည္းကြဲေၾကေနလို႔ပါဆိုၿပီး မင္းသားေျပာခဲ့တာေလ၊ ေနာက္ေတာ့ မင္းသားက တာဝန္ဝတၱရားေတြမ်ားလွတာမို႔ ႏူးဘီကို အခစားဝင္ခဲ့ခိုင္းတယ္ေလ၊ အခု ႏူးဘီ အသက္ဆယ့္ရွစ္ႏွစ္ေရာက္လာတဲ့အခါမွာေတာ့ မင္းသားဆီမွာ ဖူးရန္ရွိလာျပန္ၿပီ၊ အျခားလူေတြက ႏူးဘီကို မင္းသားရဲ႕အမ်ိဳးသမီးလို႔ပဲ ထင္ၾကတာ၊ ဒါေပမယ့္ အဲ့ဒါက အမွန္တရားမွမဟုတ္တာ၊ အဲ့ေတာ့ ေျပာပါအုံး မင္းသားကိုး... ႏူးဘီ အဆင့္က ဘာလဲ?"

ေဖ့က်င္းသည္ စုယြဲ႕၏ သနားစရာမ်က္ႏွာကို မျမင္ခ်င္တာမို႔ တဖက္သို႔လွည့္သြား၏။ သူက သနားဂ႐ုဏာသက္ခ်င္ေယာင္ေဆာင္ရမယ္ဆိုတာ သူသိေပမယ့္ ဒီအခိုက္အတန႔္မွာေတာ့ သနားဂ႐ုဏာသက္ဖို႔ဆိုတာ သူ႔အတြက္ ခက္ခဲေနသည္။ သူ႔ရဲ႕ စုယြဲ႕အေပၚ ခါးခါးသီးသီးျဖစ္မႈကို သူမမျမင္ေစဖို႔ သူ႔မွာ တဖက္သို႔လွည့္ထားဖို႔သာလွ်င္ ရွိေတာ့သည္။

ေဖ့က်င္း၏ ဆိတ္ဆိတ္ေနမႈက စုယြဲ႕အား အထိတ္တလန႔္ျဖစ္ေစသည္။ သူမမွာ သူ႔ကိုေျပာမယ့္စကားေတြကို တေန႔လုံး ေသေသခ်ာဂ႐ုစိုက္ စိစစ္ထားရ၏။ သူက အၿမဲတမ္းႏူးညံ့သိမ္ေမြ႕ေလ့ရွိသည္ကို သူမသိ၏။ သူက သူမကို သနားသြားလိမ့္မယ္ထင္ခဲ့တာ၊ ၿပီးေတာ့ သူမကို အဖိုးတန္ရတနာတစ္ခုလို ေပြ႕ဖက္ထားၿပီး ႏွစ္သိမ့္ေခ်ာ့ျမဴမယ္လို႔ေပါ့။ အတိတ္တုန္းက သူက အမ်ိဳးသမီးမ်ားနဲ႔ နီးကပ္ဆက္ႏႊယ္မႈမရွိေပ။ အခု သူ႔မွာ မိန္းမ ရွိလာၿပီဆိုေတာ့ သူက သူမကို စားခ်င္ေနေပမယ့္ စားလို႔မရျဖစ္ေနတယ္ေပါ့။ ဒါေပမယ့္ သူက ေအးတိေအးစက္ျဖင့္စြာ တုံ႔ျပန္လာလိမ့္မယ္လို႔ေတာ့ သူမ ထင္မထားေပ။ သူမ ဘယ္ေနမွာ မွားယြင္းသြားမွန္း သူမလည္း မသိေတာ့ပါ။

သူမ၏ သနားစရာအကြက္ေလးက အလုပ္မျဖစ္ေတာ့ စုယြဲ႕တစ္ေယာက္ ျမန္ျမန္ဆန္ဆန္ပင္ ဗ်ဴဟာေျပာင္းေတာ့သည္။

စုယြဲ႕မတ္တပ္ရပ္လိုက္ကာ၊ စြပ္ျပဳတ္ပန္းကန္အား ယူ၍ ေဖ့က်င္းကို ေပးေလသည္။

"မင္းသားကိုးက ႏူးဘီကို တစ္စက္ေလးေတာင္ လွည့္မၾကည့္လည္း ႏူးဘီ မေက်မနပ္မျဖစ္မိပါဘူး၊ မင္းသားကိုးေဘးမွာ ေနရရင္ကိုပဲ ႏူးဘီ ေပ်ာ္ရပါတယ္၊ အရင္က ႏူးဘီရဲ႕ အျပဳအမူေတြအတြက္ ခြင့္လႊတ္ပါေနာ္၊ ႏူးဘီ ကိုယ့္ကိုယ္ကို မထိန္းႏိုင္ျဖစ္သြားတယ္၊ မင္းသားကို တစ္လေလာက္ မျပဳစုရေတာ့ဘူးဆိုၿပီး ႏူးဘီ စိတ္ထဲ ေၾကာက္လန႔္သြားလို႔ပါ၊ မင္းသားအႀကိဳက္ဆုံး စြပ္ျပဳတ္ကို ႏူးဘီ လုပ္လာတယ္၊ မင္းသား အဲ့ဒါကို ေသာက္မယ္ဆိုရင္၊ ႏူးဘီကို ခြင့္လႊတ္တယ္လို႔ ယူဆလိုက္မယ္ေနာ္ ၿပီးသြားရင္ ႏူးဘီရဲ႕ အျပဳအမူေတြကို လိမ္လိမ္မာမာေလး ျပန္သုံးသပ္ပါ့မယ္ေနာ္၊ ႏူးဘီ ထပ္ၿပီး မဆိုးေတာ့ပါဘူးေနာ္"

ေဖ့က်င္း သူ႔အေရွ႕က စြပ္ျပဳတ္ပန္းကန္ကို ၾကည့္လိုက္သည္။ သူ တြန႔္ဆုတ္မိေပမယ့္လည္း အဲ့ဒါကို လက္ခံလိုက္ၿပီး တစ္ငုံေတာ့ ေသာက္လိုက္ေလသည္။ စုယြဲ႕ကို ဟြမ္းေကာ္ က ေပးခဲ့တာျဖစ္ေသာ္လည္း သူ႔အား စုယြဲ႕က အဆိပ္ေတာ့ ခတ္လိမ့္မည္မဟုတ္၊ ဒါေၾကာင့္မို႔ သူ႔အစီအစဥ္က စြပ္ျပဳတ္ေသာက္လိုက္ၿပီး သူမကို ထြက္သြားခိုင္းမည္။

ေဖ့က်င္းက စြပ္ျပဳတ္ကို အကုန္ေသာက္လိုက္မွ စုယြဲ႕ရင္ထဲ ေျပေလ်ာ့သြား၏။ သူမသည္ စားပြဲခုံကို ေျဖးေျဖးခ်င္း ရွင္းလင္းသိမ္းဆည္းလိုက္ၿပီး ေဖ့က်င္းအား မသိမသာအကဲခတ္ေလသည္။

ေဖ့က်င္းကေတာ့ စုယြဲ႕ကို လ်စ္လ်ဴ ရႈ၍ ထိုင္ခုံမွာ ဆက္ထိုင္ၿပီး စာအုပ္ဖတ္ေနလိုက္သည္။ ႐ုတ္ခ်ည္းဆို သူသည္ တစ္စုံတစ္ရာေသာ ထူးျခားမႈျဖစ္လာ၏။ စာအုပ္ထဲက စာလုံးေတြက ဘာလို႔ က,ခုန္ေနရတာပါလိမ့္။

"မင္း စြပ္ျပဳတ္ထဲ ဘာထည့္ထားလဲ?" ေဖ့က်င္းက ေရခဲ႐ိုက္သံျဖင့္ ေမးလာသည္။

ေဖ့က်င္း သူ႔ညီငယ္ေလး၏ လႈပ္ရွားမႈကို ခံစားလိုက္မိ၏၊ သူ႔လက္သီးကို တင္းတင္းဆုပ္ကိုင္ထားရသည္။

ေဖ့က်င္းတစ္ေယာက္ သူ႔ဖြားဖက္ေတာ္၏ ပူေလာင္မႈမွ လြဲ၍ က်န္တဲ့သူ႔တစ္ကိုယ္လုံး ေပ်ာ့ေခြႏုံးခ်ိသြားသလို ခံစားလာရသည္။ သူ႔ကို အိပ္ရာဆီ ဆြဲေခၚေနတဲ့ စုယြဲ႕ကို သူ႔စိန္းစိန္းဝါးဝါး ၾကည့္လိုက္၏။ သူမက သူ႔အေပၚဝတ္႐ုံကိုေတာင္ ခြၽတ္လာေန၏၊ သူ သူမကို တားခ်င္ေပမယ့္လည္း အားအင္တို႔ကမရွိ။ မျဖစ္ရဘူး...! သူ႔ကို ထိန္းခ်ဳပ္ခြင့္ သူမကို မေပးႏိုင္ဘူး။

ေဖ့က်င္း အသက္ျပင္းျပင္းရႈ၍ ႐ုန္းကန္လိုက္၏၊ သူ႔လွ်ာကို ကိုက္လိုက္ေတာ့မွ သူ႔ေခါင္းအနည္းငယ္မွ် ၾကည္လာသည္။ သူ႔အင္အား ခဏတျဖဳတ္ ျပန္ရလာတုန္းမွာ စုယြဲ႕ကို တြန္းထုတ္ၿပီး အျပင္သို႔ သူေျပးထြက္လိုက္သည္။

ရန္ရွီးနဥ္ကေတာ့ သူမမ်က္ႏွာကို ေဆးေၾကာၿပီး၊ သူမဆံႏြယ္တို႔အား ၿဖီးသင္ၿပီး အိပ္ယာဝင္ဖို႔ေတာင္ ျပင္ေနေလၿပီ။ ႐ုတ္တရတ္ ဘန္းကနဲျမည္၍ သူမ အခန္းတံခါး ပြင့္လာေလသည္။ ထိုအသံေၾကာင့္ သူမ လန႔္ဖ်ပ္သြားေပမယ့္ ေဖ့က်င္းရဲ႕ ကပိုက႐ိုဖ႐ိုဖရဲႏိုင္လွတဲ့ပုံစံက သူမကို ပိုၿပီး အလန႔္တၾကားျဖစ္ေစသည္။ "အစ္ကိုႀကီး... ဘာျဖစ္လာတာလဲ" ဟု ရန္ရွီးနဥ္ ေမးခြန္းထုတ္ပါေလေတာ့သည္။

Continue Reading

You'll Also Like

557K 58.1K 190
Author(s) - Zǐ Qīng Yōu 紫青悠 Mm translator - Dora_lucy Start date - 25.9.2021 End date - 2.12.2023 I don't own this novel, cred...
506K 54.6K 42
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
331K 42.8K 40
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရ...
16.3K 1.8K 13
သမိုင္​းေၾကာင္​းတစ္​ေလ်ွာက္​ အေလးစား အၾကည္​ညိဳခံရမည္​့ ေတာ္​ဝင္​ေသြးဆိုတာ ဘယ္​လိုမ်ိဳးလဲ။ ယြီးေရွာင္​ေရွာင္​ကေတာ့ ခင္​ပြန္​းလင္​ကို အလိုလိုက္​ ဖူးဖူ...