Unicode! !
"မင်းသာ မသန်မာခဲ့ရင် ငါတို့အဖွဲ့
အစည်းက ဒီလိုကြုံလာမှာမဟုတ်ဘူး Chuuya "
ဒီအသံကိုသူရင်းနှီးနေသော်လည်း
ဘယ်သူမှန်း စဉ်းစားမရ သို့သော်ငြား
ထိုအသံထဲတွင် သူ့အား ကြောက်ရွံ့ခြင်း
မုန်းတီးခြင်းများပြည့်နှက်နေတာ သူခံစားနေရသည်
ပြီးတော့
အသံပိုင်ရှင်မျက်နှာဟာလည်း
ကြည်လင်စွာမမြင်ရပဲ
ဝိုးတိုးဝါးတားဖြစ်နေလေသည်
"မင်းကငါတို့အဖွဲ့အစည်းကို
ပုန်ကန်ပြီးဆိပ်ကမ်းမာဖီးယားဆီပူးပေါင်း
မှာသိနေလို့ ငါဒီလိုဆုံးဖြတ်လိုက်ရတာပါ"
*မဟုတ်ဘူး ငါကမင်းတို့ကို ခေါင်းဆောင်
တစ်ယောက်အနေနဲ့ကာကွယ်ပေးခဲ့ချင်ရုံသက်သက်ပါ *
"ဆွေမျိုးအသိုင်းအဝန်း မရှိပဲ တစ်ကောင်ကြွက်မင်းကို လက်ခံခဲ့တာ
ငါတို့ပဲ Chuuya "
"မင်းက သစ္စာဖောက်ပဲ Arahabaki "
*မဟုတ်ဘူး *
Chuuya!!
Chuuya!!!!
"ငါမဟုတ်ဘူး !!! "
ကြောင်တိကြောင်ကျားမျက်ဝန်းတွေဖြတ်ခနဲဖွင့်လိုက်မိတဲ့အခါ အိပ်မက် မက်နေခြင်းသာ
ဖြစ်တာမလို့ စိတ်သက်သာရသွားတယ်
ပြီးတော့ ပထမဆုံး မြင်လိုက်ရတာကတော့သူ့အခန်းမျက်နှာကျက်နဲ့ စိုးရိမ်းတကြီးနဲ့သူ့ကိုအုပ်မိုးကြည့်နေသောအမုန်းရဆုံးလူ ။
"Chuuya အဆင်ပြေရဲ့လား "
သူထဖို့ကြိုးစားသော်လည်း မျက်လုံးထဲ ဘာမှမမြင်နိုင်တော့ပဲ
ပြာခနဲဖြစ်သွားစဉ် လက်မောင်းကိုဖမ်းဆွဲခြင်းခံလိုက်ရလေသည်
*Thanks god
ဒီအချိန်Dazai သာအနားမှာ မရှိခဲ့လျှင်
သူ့ခေါင်းက ကြမ်းပြင်နဲ့ညားနေလောက်
ပြီ ။ *
"Dazai ကျေးဇူးပဲ "
"အင်း...... နေပါဦး
မင်းအခုဘာပြောလိုက်တယ် "
တစ်သက်လုံးမကြားဖူးတဲ့ စကားကိုပီပီသသကြားလိုက်ရတော့
Dazai အယောင်ယောင်အမှားမှားနဲ့
Chuuyaလက်မောင်းကိုလွှတ်ပေးမိလိုက်သည်
အကျိုးဆက်အနေဖြင့် သနားစရာ
ကောင်လေးမှာ ကြမ်းပြင်နဲ့မိတ်ဆက်သွား
တော့သည်
"ခွေး ... ခွေးကောင် ငါ့ကို တမင်သက်သက် လုပ်တာမလား "
"ငါ အာ့လိုမရည်ရွယ်..."
စိတ်ရှိတိုင်းသာဆို Dazaiကို ပြေးကန်
ပစ်ချင်သော်လည်း သူ့ကိုယ်က
ခဲဆွဲထားသလို လေးလံနေတာကြောင့်
ကျိန်ဆဲဖို့ပဲ တတ်နိုင်တယ် ။
ကြမ်းပြင်နဲ့ဆောင့်မိသွား၍နာကျင်သွားသော နဖူးကို လက်ဖြင့်ပွတ်ပြီး အားယူထရန် ထပ်ကြိုးစားသော်လည်းမရ ။
*ဒီအချိန်မှာတော့ မချစ်သော်လည်း အောင့်ကာနမ်း ... မာနတွေ ရန်ငြိုးတွေကို
ခဏမေ့ထားမှဖြစ်တော့မယ်*
" Dazai ကြောင်ကြည့်မနေပဲ ငါ့ကို
ထူပေးစမ်းပါ "
Dazai မှာ အခုမှသတိဝင်လာပုံဖြင့်
သူ့အား ခုတင်ပေါ်သို့ဆွဲထူပေးလေသည်
ထို့နောက် သူ့နဖူးကိုစမ်းပြီး
"Chuuya မင်းကိုယ်တွေအရမ်းပူနေတယ် "
"တောက် အရေးကြီးတဲ့အချိန်ကျမှပဲ
Mori sanတော့ ငါ့ကိုစိတ်ပျက်နေတော့မှာပဲ
ဒါနဲ့ မင်းပြန်ရင်ကောင်းမယ်ထင်တယ်
ငါ့ကြောင့်နှစ်ယောက်လုံး နေမကောင်းဖြစ်
ခဲ့ရင် ..."
"ငါမပြန်နိုင်ဘူး "
" Dazai မင်းရူးနေလား "
"အဟက် Chuuya ငါပြောဖူးတာမေ့သွားပြီလား ဒီအခန်းက
ငါ့အပိုင်ဖြစ်သွားပြီလေ "
ထုံးစံအတိုင်း Dazai ကတော့
အနိုင်ရသူ အပြုံးတစ်ပွင့်နဲ့ပေါ့ ။
ဒီအချိန်Dazai ဘာတွေတွေးနေတယ် ဘာလိုနေချင်
တယ်ဆိုတာ မည်သူမှ မခန့်မှန်းနိုင်ချေ
သူ့ရဲ့ တွဲဖက်ဖြစ်တဲ့ Nakahara Chuuyaတောင်မှပေါ့
ဘာပဲဖြစ်ဖြစ် သူ့ကို ဒုက္ခမပေးရင် ပြီးရော
လို့မှတ်ယူပြီး လေးလံနေတဲ့မျက်ခွံများ
ကို ပိတ်ကာ အိပ်ပျော်ရန်ကြိုးစားမည်
အကြံ
"ဟိုဘက်နည်းနည်းတိုး "
"ဟမ်? ငါကဘာလို့တိုးရမှာလဲ"
"ငါလည်း ဒီအတိုင်းနေရတာ ပျင်းလာလို့
အိပ်တော့မလားလို့ "
"Dazai ကျေးဇူးပြုပြီး ... ငါ့ကိုဆက်မကစားပါနဲ့တော့ အခုချိန် မင်းကို ငါအဖက်လုပ်ပြီး ရန်ဖြစ်နိုင်လောက်အာင် အားမရှိဘူး "
သူတကယ်ကို ပင်ပန်းနေတာမလို့
Dazaiကို အောက်ကျို့ခံပြီး ပြောနေသော်လည်း သူ့စကားကို
မကြားချင်ယောင်ဆောင်ကာ Chuuyaဘေးရှိ
အနည်းငယ်လွတ်နေသေးသည့် နေရာ၌
မရမက ဘေးစောင်းလှဲလိုက်လေသည်
"Fu Fu အခုလိုဆောင်းရာသီမှာ
Chuuyaဆိုတဲ့ အနွေးပေးစက်ကြီး
ရှိနေတော့ စောင်တောင်မလိုတော့ဘူး "
"အခုမှဆောင်းဦးဝင်စပဲရှိသေးတယ်
လဒရဲ့ ။ ပြီးတော့ ငါ့အနားမကပ်နဲ့ "
"ငါလည်းယောကျာ်းလေးအချင်းချင်း
မကပ်ချင်ပါဘူး
Chuuyaကမှ ဟိုဘက်မတိုး
ပေးတာ "
Chuuyaမည်သို့ပင်အထွန့်တက်စေကာမူ
တစ်ဖက်က ဘယ်တော့မှ သူစကား
နားထောင်မှာ မဟုတ်မှန်းသိနေတာ
တစ်ကြောင်း အခုချိန် ဖျားနေတာမလို့Dazaiနဲ့
ရန်ဖြစ်ချင်စိတ်မရှိတာလည်းတစ်ကြောင်း
မလို့ Dazaiစကားအတိုင်းပင် လိုက်နာ
လိုက်တယ်
"Chuuya ငါမေးစရာရှိတယ် "
"Dazai ...တိတ်တိတ်လေး နေပေးလို့မရဘူးလား ငါအရမ်းပင်ပန်းနေပြီ "
"Executive တစ်ယောက်ရဲ့စကားကို
မင်းမလွန်ဆန်သင့်ဘူးထင်တယ် Chibiko "
Dazai ရဲ့ အထက်စီးဆန်တဲ့လေသံကိုသုံးလာတဲ့အချိန်တိိုုင်းChuuyaအင်မတန်မုန်းသည်
အဘယ်ကြောင့်ဆိုသော် သူ့တွင်ရွေးချယ်စရာမရှိတော့ပဲ Dazai
ရဲ့ ဆန္ဒတိုင်းသာ ဖြည့်ဆည်းပေးလိုက်ရတာချည်းပင် ။
"ဒါဆိုလည်း မြန်မြန်မေး "
"မင်း မနေ့ညက ငါ့ဆီကနေ ထွက်သွားပြီး
နောက် ဘာတွေဖြစ်ခဲ့တာလဲ "
"ငါ မင်းနဲ့ကတောက်ကဆဖြစ်ပြီးနောက်
ကလပ်အပြင်မှာ လူတစ်ယောက်က
မိန်းကလေးတစ်ယောက်ကို စော်ကားတော့မှာမလို့ ငါကူညီခဲ့တယ် "
"မိန်းကလေး ?? Chuuyaလို ကောင်ကလေးက မိန်းကလေးတွေကို
ကူညီတတ်တယ်လား "
လေဟာနယ်ထဲကရုတ်တရက်ပေါ်လာသော
ခေါင်းအုံးက Dazai ရဲ့ မျက်နှာတည့်တည့်ဆီသို့.။
"မင်း ပေါက်ကရတွေဆက်ပြောရင်
ငါ ကိုယ်တိုင် ခုတင်ပေါ်ကနေ ကန်ချမယ်"
"......"
Dazai ဘာတစ်ခွန်းမှ မပြောတော့မှန်း
သေချာသွားမှ သူ ဆက်ပြောတယ်
"အဲ့ဒီနောက် အကယ်ခံရတဲ့ မိန်းကလေး
က ငါ့ကိုကျေးဇူးတင်စကားပြောတယ်
ပြီး ...ပြီးတော့ ငါ့ကို နမ်းသွားတယ် "
Chuuyaစကားအဆုံးမှာ ပုခုံးတစ်ဖက်ကိုအားနဲ့
ဆောင့်ဆွဲခြင်းခံရလိုက်ပြီး Dazaiက
သူ့ဘက်ကို Chuuyaအား မျက်နှာချင်း
ဆိုင်စေသည် ။
"အဲ့ဒီမိန်းကလေးက ဘယ်လိုပုံစံမျိုးလဲ "
Dazai ရဲ့လေသံက တိုးသော်လည်း
ပြတ်ပြတ်သားသားကြားရတယ်
ပြီးတော့ သူ့ကို ကြည့်နေသော မျက်ဝန်းညို တွေဟာအေးတိအေးစက်ဖြစ်နေသလိုခံစားရပြီး ဘာကြောင့်ရယ်မသိ မီးရောင်မှိန်မှိန်အောက်တွင် သွေးနီရောင်
သန်းနေလေသည်
"သူက ငါတို့အရွယ်လောက်ပဲရှိဦးမယ်
ပြီးတော့ ကီမိုနိုကိုဝတ်ထားတယ်
အဲ့ဒီနောက်..."
"အဲဒီနောက် ?? "
*ထူးဆန်းတယ် ငါ ဘယ်လိုမှ အဲ့ဒီမိန်းကလေးမျက်နှာ
ကို စဉ်းစားမရတော့ဘူး
မှတ်မိမယ် ကြံလိုက်တိုင်းမှာ စိတ်ထဲမှာ
ဗလာဖြစ်သွားတယ် *
"ဘာပဲဖြစ်ဖြစ်ကွာ ငါအိပ်တော့မှာ မလို့
မနှောင့်ယှက်နဲ့တော့ "
"ကျွတ် မနာလိုလိုက်တာ " ( ̄m ̄) "
"ဟမ် ?"
"Chuuyaလို ခွေးကလေးကို
မိန်းကလေးက နမ်းတယ်ဆိုတာ လုံးဝ
မဖြစ်နိုင်ဘူး ...အဲ့ဒီနေရာမှာ ငါဖြစ်ခဲ့ရမှာ
ဂါးးးး လုံးဝခွင့်မလွှတ်နိုင်ဘူး
ဟင်း အစ်မကြီး Kouyouကို တိုင်ပြောရမယ် Chuuyaက တာဝန်တွေပစ်ပြီးရည်းစား
ထားဖို့ကြံနေတယ်လို့ " (..•˘ ̯˘•..)
"Dazaiမင်းပေါက်ကရပြောရဲပြောကြည့်
မင်းနဲ့ပတ်သက်သမျှ မိန်းကလေးတွေ
အားလုံးကို ငါ blackmail ပြမယ် "
"ဒီမှာ Chuuya မင်းလို ကလေးတစ်ယောက်က မိန်းကလေးတစ်
ယောက်ကိုစိတ်ဝင်စားဖို့စောလွန်းတယ်
အဲ့ဒီအစား ဒီက အစ်ကိုကြီးဆီမှာ
အမြီးလေးနှံ့ပြီး
လိမ်လိမ်မာမာ နေစမ်းပါ "
"မင်းရဲ့ ခွေးလုပ်ဖို့ ငါကတိဘယ်တုန်းကမှ
မ...ပေး...ခဲ့...ဘူး..."
ထို့နောက် Chuuyaဆီက ဘာအသံမှ
မထွက်လာတော့ ချေ
အိပ်မောကျနေပြီ လို့သေချာတော့မှ သူ Chuuyaကို ရင်ခွင်ထဲတင်းကြပ်စွာ
ဖက်ထားမိသည်
ပထမဆုံးအကြိမ်ဖြင့် သူ့ရင်ထဲကဝန်ခံစကား
များကို တော့ တရှိုက်မက်မက်အိပ်ပျော်နေတဲ့ လူသေးသေးလေးကတော့
မကြားနိုင်တော့ချေ။
"Chuuya ငါမင်းကိုမနေ့ညက ဒုက္ခပေးမိ
တဲ့အတွက်တောင်းပန်ပါတယ်
မင်းသိလား ... ငါမင်းကို တစ်သက်လုံး ခွေးလုပ်ခိုင်းတာဟာ စိတ်မချလွန်းလို့
ဆိုတာ
ဒါ့ကြောင့်မလို့နောက်ကျရင် ငါ့ဘေးကနေ ဘယ်တော့မှ မထွက်သွား
ပါနဲ့တော့ Chibiလေး "
*****************************
လွန်ခဲ့သော နှစ်နှစ်ခန့်
..............................
ညတိုင်းလိုလို ချယ်ရီပင်ကြီးတစ်ပင်ရှေ့မှာ
ကလေးမလေးတစ်ယောက်ဟာ
ဓာတ်ပုံလေး တစ်ပုံကိုင်ကာ
အမြဲငိုကြွေးလေ့ရှိတယ်
ဂျပန်လူမျိုးလို့ပင် မထင်ရလောက်အောင်
ဖွေးစွတ်နေသော အသားအရည်ပိုင်ရှင်
အရာရာကိုထွင်းဖောက်မြင်နိုင်ဟန်
တူသော မျက်ဝန်းနီနဲ့လူတစ်ယောက်
ဟာ ကလေးမလေးကို ထူးဆန်းသော
စကားပြောခဲ့တယ်
"မင်းဘဝတစ်လျှောက်လုံးကို နောင်တ
တွေငိုကြွေးခြင်းတွေနဲ့ပဲ အဆုံးသတ်ချင်လို့လား ကလေးမလေး "
"………"
~~~~~~~~~~~~~~
"Yoka သခင်မလေး အစီအစဉ်တွေအကုန်ချပြီးပြီလား "
"ဆောရီး Shibuwasa san
ကျွန်မအတွေးလွန်သွားလို့ပါ "
"ကျွန်တော်တစ်ခုမေးလို့ရမလား"
"ဟုတ်ကဲ့ "
"သခင်မလေး က Nakahara ကိုဖမ်းခေါ်ခဲ့လို့ရရဲ့သားနဲ့ဘာကြောင့်
လွှတ်ပေးခဲ့ရတာလဲ "
Yoka Tawadaဟာ ဟာသတစ်ခုကို
ကြားလိုက်ရသလို ဟက်ဟက်ပက်ပက်
ရယ်မောလိုက်သည်
သူမရဲ့မျက်ဝန်းများမှာလွန်ခဲ့သောနှစ်နှစ်လို သေဆုံးခြင်း အလျင်းမရှိတော့ပဲ
မုန်းတီးခြင်း များနဲ့သာ တလက်လက်တောက်ပနေတော့သည်
"စိတ်မပူပါနဲ့ အခုချိန်ဆိုရင်တောင် ကျွန်မရဲ့ ability "The last children of Tokyo "ကြောင့်
Chuuyaဟာ ပြောင်းလဲစပြုနေပါပြီ "
"သခင်မလေးကိုယုံကြည်နေပါမယ် "
"အခုချိန်မှာ ဖြစ်နေမယ့် Dazai Osamu ရဲ့ မျက်နှာကိုမမြင်ရတာတော့ စိတ်မကောင်းစရာပဲ "
***********************
"အင်း Mori san စိတ်မပူပါနဲ့
မကြာမီ အကုန်အဆင်ပြေသွားမှာပါ "
"……"
နားထဲသို့ တစ်စွန်းတစ်စ နဲ့ တိုးဝင်လာသော အသံကြောင့် Chuuya
နိုးလာတယ် ဘေးဘီဝဲယာအကဲခတ်ကြည့်လိုက်တော့
မနက်တောင်ရောက်နေပြီ
Dazaiဟာသူ့ကိုကျောပေးပြီး ဖုန်းပြောနေတာကြောင့် သူနိုးနေတာ
သတိမထားမိသေးဘူး ။
ခိုးနားထောင်ဖို့မရည်ရွယ်သော်လည်း
အနှောင့်အယှက်မပေးချင်တာကြောင့်
ငြိမ်နေလိုက်တယ်
"စိတ်ချပါဗျာဆို Mori sanကလည်း ကျွန်တော်လည်းChuuya ကို မျက်ခြေမပျက် ကြည့်နေတာပဲကို "
"………………"
"ငါက ဘာဖြစ်လို့လဲ အရူး Dazai ? "
နောက်က ရုတ်တရက်ကြီးပေါ်လာသော
Chuuyaအသံကြောင့် သူ ယောင်ယမ်းပြီး
ဖုန်းကိုကြမ်းပြင်ပေါ်ပစ်ချလိုက်မိတယ်
"ဟိုင်း Chuu … Ya"
Dazaiအတတ်နိုင်ဆုံး မျက်နှာကို ပြန်ထိန်းရင်း
နှုတ်ဆက်လိုက်တယ်
သို့သော်လည်း Chuuyaဟာ အိပ်ရာပေါ်တွင်ခွေခွေလေး နေရာကနေ ထလာပြီး Dazaiရဲ့ အင်္ကျီ ကော်လံကို
တင်းကြပ်စွာ ဆွဲရင်း
"မင်းငါ့ကို ဘာတွေဖုံးကွယ်ထားတာလဲ
မဟုတ်သေးဘူး … Mori sanကပါ
ငါ့ကို တစ်ခုခုကိုမသိစေချင်သလို
ခံစားနေရတယ် "
"Chuuya မင်းထင်သလိုမဟုတ်ဘူး
ငါ ငါက …"
"မင်းရဲ့ ကလေးကလား လှည့်ကွက်တွေထဲငါဒီတစ်ခါတော့ မကျဆုံးတော့ဘူး ပတ်တီးဖြုန်းကောင်ရဲ့
မင်းဘာသာမင်း ငါ့ကို ဘယ်လိုပဲသဘောထားထား သောက်ဂရုမစိုက်ပေမယ့်
ခုတော့ Mori sanကပါ ငါ့ကို မယုံတော့သလို လုပ်နေတာတော့
ငါ ခံပြင်းတယ် "
သူ့ကော်လံကိုဆုပ်ကိုင်ထားသော Chuuyaရဲ့ လက်များဟာ ပိုမိုတင်းကြပ်လာတဲ့အပြင် အသံတွေပါ
တုန်ရီနေတာ သူသတိထားမိတယ်
ဖြစ်နိုင်ခဲ့ရင်အကုန်လုံး ကို သူဝန်ခံလိုက်ချင်ပေမယ့်လည်းတဇွတ်ထိုး
ပြုမူတတ်သော Chuuyaအကြောင်းကို
နောကျေနေတာမလို့ အတတ်နိုင်ဆုံး
စကားကိုလှအောင်ပြောရလေတော့သည်
"မင်းအထင်လွဲနေပြီ ညှက်စိလေး
Mori sanကမင်းနေမကောင်းမှန်းသိနေလို့
ငါ့ကို စောင့်ရှောက်ဖို့မှာနေတာပဲ
စကားမစပ် ငါ့ကော်လံကို ဆွဲထားတာလေးလွှတ်ပေးစမ်းပါ "
"ဟမ် တကယ်ပြောနေတာလား "
(ကော်လံကိုလွှတ်ပေးရင်းပြော )
"ငါက မင်းကိုလိမ်တော့ဘာရမှာမလို့လဲ
Mori san က မင်းကို ငါ့ထက်တောင်ယုံသေးတယ် ညှက်စိရ
ဒါနဲ့ငါက မင်းကို ချစ်လွန်းလို့ ပြုစုပေးနေတယ် မထင်နဲ့ Mori san
နားပူလွန်းလို့ မတတ်နိုင်လို့ မင်းအခန်း
ကိုရွှေ့ရတာ
ငါ့ဟာနဲ့ငါသာဆို တစ်နေ့က ကလပ်က
စကီလေးနဲ့ပဲ သာယာနေတာကြာပြီ
ပြီးတော့ မင်းသာ ငါနဲ့လူမကွဲခဲ့ရင်
ငါ့အစီအစဉ်အတိုင်းဖြစ်ပြီ
ပြီးတော့ ငါရှာတွေ့တဲ့အချိန် သတိလစ်နေတဲ့
မင်းကို ငါတစ်ယောက်ထဲ မ လာရတာ
ကိုလည်း မင်းသိလား
တစ်ညလုံး ကိုယ်ပူရှိန်လုံးဝမကျလို့ အရူး
တစ်ယောက်လို်စိတ်ပူခဲ့ရတာကိုလည်း…"
စကားအရှိန်မလွန်ခင် သူအလျင်အမြန်
ဘရိတ်အုပ်လိုက်ပေမယ့်လည်း
ရှက်လွန်းသောကြောင့် Chuuyaကို
မျက်နှာချင်းမဆိုင်ရဲပဲ မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်သည်
အခုချိန်ဆို သူ့မျက်နှာက ခရမ်းချဉ်သီး
လိုဖြစ်နေမှာကို စိတ်ထဲအလိုလိုသိနေ
သည်
*ကျွတ် ငါကဘာလို့ အဲ့ဒီပုစိအတွက် ဒီလိုတွေ ဖြစ်ရမှာလဲ*
တစ်ဖက်ကလည်း ဘာအသံမှမထွက်လာသဖြင့်
Chuuyaကို မသိမသာ အကဲခတ်မိသောအခါတွင်လည်း မာနခဲ
ပုစိလေးဟာလည်း သူ့လိုပဲ မျက်နှာတွေ
ရဲနေတာ အံ့သြဖွယ်ပင် ။
အတန်ကြာအောင် သူတို့နှစ်ယောက်လုံး
ဘာတုန့်ပြန်မှုမရှိပဲ ငြိမ်သက်လျက်
အတွေးကိုယ်စီနဲ့ ဆိတ်ငြိမ်နေသော
ကောင်လေးနှစ်ယောက်ကြားတွင်
နံရံတွင်ချိတ်ထားသောနာရီလက်တံ
ကတော့စည်းချက်မှန်မှန် တချပ်ချပ်မြည်လျက် …
"Chuuya မင်းမျက်နှာတွေရဲနေတယ် "
မထင်မှတ်တဲ့စကားကြောင့် သနားစရာကောင်လေးရဲ့ မျက်နှာသေးသေးလေးဟာ ပိုမို၍
ရဲတက်လာပြီး
"ဟမ် မျက်နှာရဲနေတာငါကအဖျား လုံးလုံးမပျောက်သေးလို့ကွ
မင်းကြောင့် လုံးဝမဟုတ်ဘူး "
မကျေမနပ်နဲ့ကက်ကက်လန်နေအောင်ရန်တွေ့နေသော Chuuyaကို
သူအရမ်းအသည်းယားလာတာကြောင့်
ပိုပြီးသာ စချင်လာတယ်
"ဟင် ငါ့ကြောင့်လို့လည်းမပြောပါဘူး
မင်းဘာသာမင်း လိပ်ပြာမလုံတာမလား "
ူDazaiရဲ့စကားကိုတုံ့ပြန်မှုကတော့ထုံးစံအတိုင်း ခြေထောက်
ဖြင့်ကန််ခြင်းပင် သူခေါင်းငုံကာရှောင်တိမ်းလိုက်ပြီး
"မင်း ငါ့ကိုကန်လည်းအသုံးမဝင်ဘူး
ငါက မင်းရဲ့အကျင့်တွေ ကန်ချက်တွေ
အကုန်ကျင့်သားရနေပြီ "
"ငါနည်းနည်းညှာလို့ပေါ့ တကယ်သာ
လုပ်ရင် မင်းခေါင်းလောက်က အမှုန့်ခြေလို့ရတယ် ပတ်တီးဖြုန်းကောင်ရ"
"အားကြောက်ဖို့ကောင်းလိုက်တာ"
Dazai ဟာလက်နှစ်ဖက်ကိုပိုက်ရင်း
သူ့စကားကို ကြောက်ရွ့ံဟန်လုပ်ပြတယ်
*တစ်စက်မှှချစ်စရာမကောင်းတဲ့ကောင်*
သူတို့နှစ်ယောက်ရဲ့ အငြင်းပွားမှုဟာ
နောက်ဆုံးကျမှ Dazai ဖုန်းဆီဝင်လာတဲ့ringtoneကြောင့်ပြီးဆုံးသွားတယ် Dazaiဟာ ကြမ်းပြင်ပေါ်က
ဖုန်းကို အလျင်အမြန်ကောက်ယူရင်း
"ဟော OdasakuဆီကMessege ပဲ ဘာတဲ့ Curry ဆိုင်ကောင်းကောင်းတွေ့ထားတယ်
လာခဲ့ဆိုပဲ "
ကလေးပေါက်စလေးတစ်ယောက်လို ခုန်ပေါက်ရင်း Dazaiဟာ ပျော်နေလေရဲ့ Chuuyaရှေ့ဆိုရင့်ကျက်ချင်ယောင်အမြဲဟန်ဆောင်တတ်တဲ့
Dazai Osamu ဟာmessegeလေးတစ်ကြောင်းကြောင့်
ပြောင်းလဲသွားတာ မယုံနိုင်စရာပဲ
"Chuuyaလည်းလိုက်ခဲ့ ငါဟိုတစ်ခါပြောဖူးတဲ့ Odasakuနဲ့ မင်းကို မိတ်ဆက်ပေးမယ်"
Dazaiရဲ့အတိုင်းမသိပျော်ရွှင်မူဟာ Chuuyaဆီက မထင်မှတ်သော တုံ့ပြန်မှု
ကြောင့် ပျက်စီးသွားခဲ့တယ်
"Dazai ??."
"ဟင် "
"Odasaku ဆိုတာ ဘယ်သူလဲ ?? "
"Ends"
"မင္းသာ မသန္မာခဲ႔ရင္ ငါတို႔အဖြဲ႕
အစည္းက ဒီလိုႀကံဳလာမွာမဟုတ္ဘူး Chuuya "
ဒီအသံကိုသူရင္းနွီးေနေသာ္လည္း
ဘယ္သူမွန္း စဥ္းစားမရ သို႔ေသာ္ျငား
ထိုအသံထဲတြင္ သူ႔အား ေႀကာက္ရြံ႔ျခင္း
မုန္းတီးျခင္းမ်ားျပည့္နွက္ေနတာ သူခံစားေနရသည္
ျပီးေတာ့
အသံပိုင္ရွင္မ်က္နွာဟာလည္း
ႀကည္လင္စြာမျမင္ရပဲ
ဝိုးတိုးဝါးတားျဖစ္ေနေလသည္
"မင္းကငါတို႔အဖြဲ႔အစည္းကို
ပုန္ကန္ျပီးဆိပ္ကမ္းမာဖီးယားဆီပူးေပါင္း
မွာသိေနလို႔ ငါဒီလိုဆုံးျဖတ္လိုက္ရတာပါ"
*မဟုတ္ဘူး ငါကမင္းတို႔ကို ေခါင္းေဆာင္
တစ္ေယာက္အေနနဲ႔ကာကြယ္ေပးခဲ႔ခ်င္ရုံသက္သက္ပါ *
"ေဆြမ်ိဳးအသိုင္းအဝန္း မရွိပဲ တစ္ေကာင္ႀကြက္မင္းကို လက္ခံခဲ႔တာ
ငါတို့ပဲ Chuuya "
"မင္းက သစၥာေဖာက္ပဲ Arahabaki "
*မဟုတ္ဘူး *
Chuuya!!
Chuuya!!!!
"ငါမဟုတ္ဘူး !!! "
ေႀကာင္တိေႀကာင္က်ားမ်က္ဝန္းေတြျဖတ္ခနဲဖြင့္လိုက္မိတဲ႔အခါ အိပ္မက္ မက္ေနျခင္းသာ
ျဖစ္တာမလို႔ စိတ္သက္သာရသြားတယ္
ျပီးေတာ့ ပထမဆုံး ျမင္လိုက္ရတာကေတာ့သူ႔အခန္းမ်က္နွာက်က္နဲ႔ စိုးရိမ္းတႀကီးနဲ႔သူ႔ကိုအုပ္မိုးႀကည္႔ေနေသာအမုန္းရဆုံးလူ ။
"Chuuya အဆင္ေျပရဲ႕လား "
သူထဖို႔ႀကိဳးစားေသာ္လည္း မ်က္လုံးထဲ ဘာမွမျမင္နိုင္ေတာ့ပဲ
ျပာခနဲျဖစ္သြားစဥ္ လက္ေမာင္းကိုဖမ္းဆြဲျခင္းခံလိုက္ရေလသည္
*Thanks god
ဒီအခ်ိန္Dazai သာအနားမွာ မရွိခဲ႔လ်ွင္
သူ႔ေခါင္းက ႀကမ္းျပင္နဲ႔ညားေနေလာက္
ျပီ ။ *
"Dazai ေက်းဇူးပဲ "
"အင္း...... ေနပါဦး
မင္းအခုဘာေျပာလိုက္တယ္ "
တစ္သက္လုံးမႀကားဖူးတဲ႔ စကားကိုပီပီသသႀကားလိုက္ရေတာ့
Dazai အေယာင္ေယာင္အမွားမွားနဲ႔
Chuuyaလက္ေမာင္းကိုလႊတ္ေပးမိလိုက္သည္
အက်ိဳးဆက္အေနျဖင့္ သနားစရာ
ေကာင္ေလးမွာ ႀကမ္းျပင္နဲ႔မိတ္ဆက္သြား
ေတာ့သည္
"ေခြး ... ေခြးေကာင္ ငါ့ကို တမင္သက္သက္ လုပ္တာမလား "
"ငါ အာ့လိုမရည္ရြယ္..."
စိတ္ရွိတိုင္းသာဆို Dazaiကို ေျပးကန္
ပစ္ခ်င္ေသာ္လည္း သူ႕ကိုယ္က
ခဲဆြဲထားသလို ေလးလံေနတာေႀကာင့္
က်ိန္ဆဲဖို့ပဲ တတ္နိုင္တယ္ ။
ႀကမ္းျပင္နဲ႔ေဆာင့္မိသြား၍နာက်င္သြားေသာ နဖူးကို လက္ျဖင့္ပြတ္ျပီး အားယူထရန္ ထပ္ႀကိဳးစားေသာ္လည္းမရ ။
*ဒီအခ်ိန္မွာေတာ့ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္း ... မာနေတြ ရန္ျငိဳးေတြကို
ခဏေမ့ထားမွျဖစ္ေတာ့မယ္*
" Dazai ေႀကာင္ႀကည့္မေနပဲ ငါ့ကို
ထူေပးစမ္းပါ "
Dazai မွာ အခုမွသတိဝင္လာပုံျဖင့္
သူ႔အား ခုတင္ေပၚသို႔ဆြဲထူေပးေလသည္
ထို႔ေနာက္ သူ႔နဖူးကိုစမ္းျပီး
"Chuuya မင္းကိုယ္ေတြအရမ္းပူေနတယ္ "
"ေတာက္ အေရးႀကီးတဲ႔အခ်ိန္က်မွပဲ
Mori sanေတာ့ ငါ့ကိုစိတ္ပ်က္ေနေတာ့မွာပဲ
ဒါနဲ႔ မင္းျပန္ရင္ေကာင္းမယ္ထင္တယ္
ငါ႔ေႀကာင့္နွစ္ေယာက္လုံး ေနမေကာင္းျဖစ္
ခဲ႔ရင္ ..."
"ငါမျပန္နိုင္ဘူး "
" Dazai မင္းရူးေနလား "
"အဟက္ Chuuya ငါေျပာဖူးတာေမ့သြားျပီလား ဒီအခန္းက
ငါ့အပိုင္ျဖစ္သြားျပီေလ "
ထုံးစံအတိုင္း Dazai ကေတာ့
အနိုင္ရသူ အျပံဳးတစ္ပြင့္နဲ႔ေပါ့ ။
ဒီအခ်ိန္Dazai ဘာေတြေတြးေနတယ္ ဘာလိုေနခ်င္
တယ္ဆိုတာ မည္သူမွ မခန့္မွန္းနိုင္ေခ်
သူ႔ရဲ႕ တြဲဖက္ျဖစ္တဲ႔ Nakahara Chuuyaေတာင္မွေပါ့
ဘာပဲျဖစ္ျဖစ္ သူ႔ကို ဒုကၡမေပးရင္ ျပီးေရာ
လို႔မွတ္ယူျပီး ေလးလံေနတဲ႔မ်က္ခြံမ်ား
ကို ပိတ္ကာ အိပ္ေပ်ာ္ရန္ႀကိဳးစားမည္
အႀကံ
"ဟိုဘက္နည္းနည္းတိုး "
"ဟမ္? ငါကဘာလို႔တိုးရမွာလဲ"
"ငါလည္း ဒီအတိုင္းေနရတာ ပ်င္းလာလို႔
အိပ္ေတာ့မလားလို႔ "
"Dazai ေက်းဇူးျပဳျပီး ... ငါ့ကိုဆက္မကစားပါနဲ႔ေတာ့ အခုခ်ိန္ မင္းကို ငါအဖက္လုပ္ျပီး ရန္ျဖစ္နိုင္ေလာက္အာင္ အားမရွိဘူး "
သူတကယ္ကို ပင္ပန္းေနတာမလို႔
Dazaiကို ေအာက္က်ိဳ႕ခံျပီး ေျပာေနေသာ္လည္း သူ႔စကားကို
မႀကားခ်င္ေယာင္ေဆာင္ကာ Chuuyaေဘးရွိ
အနည္းငယ္လြတ္ေနေသးသည္႔ ေနရာ၌
မရမက ေဘးေစာင္းလွဲလိုက္ေလသည္
"Fu Fu အခုလိုေဆာင္းရာသီမွာ
Chuuyaဆိုတဲ႔ အေႏြးေပးစက္ႀကီး
ရွိေနေတာ့ ေစာင္ေတာင္မလိုေတာ့ဘူး "
"အခုမွေဆာင္းဦးဝင္စပဲရွိေသးတယ္
လဒရဲ႕ ။ ျပီးေတာ့ ငါ့အနားမကပ္နဲ႔ "
"ငါလည္းေယာက်ာ္းေလးအခ်င္းခ်င္း
မကပ္ခ်င္ပါဘူး
Chuuyaကမွ ဟိုဘက္မတိုး
ေပးတာ "
Chuuyaမည္သို႔ပင္အထြန္႔တက္ေစကာမူ
တစ္ဖက္က ဘယ္ေတာ့မွ သူစကား
နားေထာင္မွာ မဟုတ္မွန္းသိေနတာ
တစ္ေႀကာင္း အခုခ်ိန္ ဖ်ားေနတာမလို႔Dazaiနဲ႔
ရန္ျဖစ္ခ်င္စိတ္မရွိတာလည္းတစ္ေႀကာင္း
မလို႔ Dazaiစကားအတိုင္းပင္ လိုက္နာ
လိုက္တယ္
"Chuuya ငါေမးစရာရွိတယ္ "
"Dazai ...တိတ္တိတ္ေလး ေနေပးလို႔မရဘူးလား ငါအရမ္းပင္ပန္းေနျပီ "
"Executive တစ္ေယာက္ရဲ႕စကားကို
မင္းမလြန္ဆန္သင့္ဘူးထင္တယ္ Chibiko "
Dazai ရဲ႕ အထက္စီးဆန္တဲ႔ေလသံကိုသုံးလာတဲ႔အခ်ိန္တိုိုင္းChuuyaအင္မတန္မုန္းသည္
အဘယ္ေႀကာင့္ဆိုေသာ္ သူ႔တြင္ေရြးခ်ယ္စရာမရွိေတာ့ပဲ Dazai
ရဲ႕ ဆႏၵတိုင္းသာ ျဖည့္ဆည္းေပးလိုက္ရတာခ်ည္းပင္ ။
"ဒါဆိုလည္း ျမန္ျမန္ေမး "
"မင္း မေန႔ညက ငါ့ဆီကေန ထြက္သြားျပီး
ေနာက္ ဘာေတြျဖစ္ခဲ႔တာလဲ "
"ငါ မင္းနဲ႔ကေတာက္ကဆျဖစ္ျပီးေနာက္
ကလပ္အျပင္မွာ လူတစ္ေယာက္က
မိန္းကေလးတစ္ေယာက္ကို ေစာ္ကားေတာ့မွာမလို႔ ငါကူညီခဲ႔တယ္ "
"မိန္းကေလး ?? Chuuyaလို ေကာင္ကေလးက မိန္းကေလးေတြကို
ကူညီတတ္တယ္လား "
ေလဟာနယ္ထဲကရုတ္တရက္ေပၚလာေသာ
ေခါင္းအုံးက Dazai ရဲ႕ မ်က္နွာတည့္တည္႔ဆီသို႔.။
"မင္း ေပါက္ကရေတြဆက္ေျပာရင္
ငါ ကိုယ္တိုင္ ခုတင္ေပၚကေန ကန္ခ်မယ္"
"......"
Dazai ဘာတစ္ခြန္းမွ မေျပာေတာ့မွန္း
ေသခ်ာသြားမွ သူ ဆက္ေျပာတယ္
"အဲ႔ဒီေနာက္ အကယ္ခံရတဲ႔ မိန္းကေလး
က ငါ့ကိုေက်းဇူးတင္စကားေျပာတယ္
ျပီး ...ျပီးေတာ့ ငါ့ကို နမ္းသြားတယ္ "
Chuuyaစကားအဆုံးမွာ ပုခုံးတစ္ဖက္ကိုအားနဲ႔
ေဆာင့္ဆြဲျခင္းခံရလိုက္ျပီး Dazaiက
သူ႔ဘက္ကို Chuuyaအား မ်က္နွာခ်င္း
ဆိုင္ေစသည္ ။
"အဲ့ဒီမိန္းကေလးက ဘယ္လိုပုံစံမ်ိဳးလဲ "
Dazai ရဲ႕ေလသံက တိုးေသာ္လည္း
ျပတ္ျပတ္သားသားႀကားရတယ္
ျပီးေတာ့ သူ႔ကို ႀကည့္ေနေသာ မ်က္ဝန္းညိဳ ေတြဟာေအးတိေအးစက္ျဖစ္ေနသလိုခံစားရျပီး ဘာေႀကာင့္ရယ္မသိ မီးေရာင္မွိန္မွိန္ေအာက္တြင္ ေသြးနီေရာင္
သန္းေနေလသည္
"သူက ငါတို႔အရြယ္ေလာက္ပဲရွိဦးမယ္
ျပီးေတာ့ ကီမိုနိုကိုဝတ္ထားတယ္
အဲ႔ဒီေနာက္..."
"အဲဒီေနာက္ ?? "
*ထူးဆန္းတယ္ ငါ ဘယ္လိုမွ အဲ႔ဒီမိန္းကေလးမ်က္နွာ
ကို စဥ္းစားမရေတာ့ဘူး
မွတ္မိမယ္ ႀကံလိုက္တိုင္းမွာ စိတ္ထဲမွာ
ဗလာျဖစ္သြားတယ္ *
"ဘာပဲျဖစ္ျဖစ္ကြာ ငါအိပ္ေတာ့မွာ မလို႔
မေနွာင့္ယွက္နဲ႔ေတာ့ "
"ကြ်တ္ မနာလိုလိုက္တာ " ( ̄m ̄) "
"ဟမ္ ?"
"Chuuyaလို ေခြးကေလးကို
မိန္းကေလးက နမ္းတယ္ဆိုတာ လုံးဝ
မျဖစ္နိုင္ဘူး ...အဲ႔ဒီေနရာမွာ ငါျဖစ္ခဲ႔ရမွာ
ဂါးးးး လုံးဝခြင့္မလႊတ္နိုင္ဘူး
ဟင္း အစ္မႀကီး Kouyouကို တိုင္ေျပာရမယ္ Chuuyaက တာဝန္ေတြပစ္ျပီးရည္းစား
ထားဖို႔ႀကံေနတယ္လို႔ " (..•˘ ̯˘•..)
"Dazaiမင္းေပါက္ကရေျပာရဲေျပာႀကည့္
မင္းနဲ႔ပတ္သက္သမ်ွ မိန္းကေလးေတြ
အားလုံးကို ငါ blackmail ျပမယ္ "
"ဒီမွာ Chuuya မင္းလို ကေလးတစ္ေယာက္က မိန္းကေလးတစ္
ေယာက္ကိုစိတ္ဝင္စားဖို႔ေစာလြန္းတယ္
အဲ႔ဒီအစား ဒီက အစ္ကိုႀကီးဆီမွာ
အျမီးေလးနွံ႔ျပီး
လိမ္လိမ္မာမာ ေနစမ္းပါ "
"မင္းရဲ႕ ေခြးလုပ္ဖို႔ ငါကတိဘယ္တုန္းကမွ
မ...ေပး...ခဲ႔...ဘူး..."
ထို႔ေနာက္ Chuuyaဆီက ဘာအသံမွ
မထြက္လာေတာ့ ေခ်
အိပ္ေမာက်ေနျပီ လို႔ေသခ်ာေတာ့မွ သူ Chuuyaကို ရင္ခြင္ထဲတင္းႀကပ္စြာ
ဖက္ထားမိသည္
ပထမဆုံးအႀကိမ္ျဖင့္ သူ႔ရင္ထဲကဝန္ခံစကား
မ်ားကို ေတာ့ တရႈိက္မက္မက္အိပ္ေပ်ာ္ေနတဲ႔ လူေသးေသးေလးကေတာ့
မႀကားနိုင္ေတာ့ေခ်။
"Chuuya ငါမင္းကိုမေန႔ညက ဒုကၡေပးမိ
တဲ႔အတြက္ေတာင္းပန္ပါတယ္
မင္းသိလား ... ငါမင္းကို တစ္သက္လုံး ေခြးလုပ္ခိုင္းတာဟာ စိတ္မခ်လြန္းလို႔
ဆိုတာ
ဒါ့ေႀကာင့္မလို႔ေနာက္က်ရင္ ငါ့ေဘးကေန ဘယ္ေတာ့မွ မထြက္သြား
ပါနဲ႔ေတာ့ Chibiေလး "
*****************************
လြန္ခဲ႔ေသာ နွစ္နွစ္ခန္႔
..............................
ညတိုင္းလိုလို ခ်ယ္ရီပင္ႀကီးတစ္ပင္ေရွ႕မွာ
ကေလးမေလးတစ္ေယာက္ဟာ
ဓာတ္ပုံေလး တစ္ပုံကိုင္ကာ
အျမဲငိုေႀကြးေလ့ရွိတယ္
ဂ်ပန္လူမ်ိဳးလို႔ပင္ မထင္ရေလာက္ေအာင္
ေဖြးစြတ္ေနေသာ အသားအရည္ပိုင္ရွင္
အရာရာကိုထြင္းေဖာက္ျမင္နိုင္ဟန္
တူေသာ မ်က္ဝန္းနီနဲ႔လူတစ္ေယာက္
ဟာ ကေလးမေလးကို ထူးဆန္းေသာ
စကားေျပာခဲ႔တယ္
"မင္းဘဝတစ္ေလ်ွာက္လုံးကို ေနာင္တ
ေတြငိုေႀကြးျခင္းေတြနဲ႔ပဲ အဆုံးသတ္ခ်င္လို႔လား ကေလးမေလး "
"………"
~~~~~~~~~~~~~~
"Yoka သခင္မေလး အစီအစဥ္ေတြအကုန္ခ်ျပီးျပီလား "
"ေဆာရီး Shibuwasa san
ကြ်န္မအေတြးလြန္သြားလို႔ပါ "
"ကြ်န္ေတာ္တစ္ခုေမးလို႔ရမလား"
"ဟုတ္ကဲ႔ "
"သခင္မေလး က Nakahara ကိုဖမ္းေခၚခဲ႔လို႔ရရဲ႕သားနဲ႔ဘာေႀကာင့္
လႊတ္ေပးခဲ႔ရတာလဲ "
Yoka Tawadaဟာ ဟာသတစ္ခုကို
ႀကားလိုက္ရသလို ဟက္ဟက္ပက္ပက္
ရယ္ေမာလိုက္သည္
သူမရဲ႕မ်က္ဝန္းမ်ားမွာလြန္ခဲ႔ေသာနွစ္နွစ္လို ေသဆုံးျခင္း အလ်င္းမရွိေတာ့ပဲ
မုန္းတီးျခင္း မ်ားနဲ႔သာ တလက္လက္ေတာက္ပေနေတာ့သည္
"စိတ္မပူပါနဲ႔ အခုခ်ိန္ဆိုရင္ေတာင္ ကြ်န္မရဲ႔ ability "The last children of Tokyo "ေႀကာင့္
Chuuyaဟာ ေျပာင္းလဲစျပဳေနပါျပီ "
"သခင္မေလးကိုယုံႀကည္ေနပါမယ္ "
"အခုခ်ိန္မွာ ျဖစ္ေနမယ့္ Dazai Osamu ရဲ႕ မ်က္နွာကိုမျမင္ရတာေတာ့ စိတ္မေကာင္းစရာပဲ "
***********************
"အင္း Mori san စိတ္မပူပါနဲ႔
မႀကာမီ အကုန္အဆင္ေျပသြားမွာပါ "
"……"
နားထဲသို႔ တစ္စြန္းတစ္စ နဲ႔ တိုးဝင္လာေသာ အသံေႀကာင့္ Chuuya
နိုးလာတယ္ ေဘးဘီဝဲယာအကဲခတ္ႀကည့္လိုက္ေတာ့
မနက္ေတာင္ေရာက္ေနျပီ
Dazaiဟာသူ႔ကိုေက်ာေပးျပီး ဖုန္းေျပာေနတာေႀကာင့္ သူနိုးေနတာ
သတိမထားမိေသးဘူး ။
ခိုးနားေထာင္ဖို႔မရည္ရြယ္ေသာ္လည္း
အေနွာင့္အယွက္မေပးခ်င္တာေႀကာင့္
ျငိမ္ေနလိုက္တယ္
"စိတ္ခ်ပါဗ်ာဆို Mori sanကလည္း ကြ်န္ေတာ္လည္းChuuya ကို မ်က္ေျခမပ်က္ ႀကည့္ေနတာပဲကို "
"………………"
"ငါက ဘာျဖစ္လို႔လဲ အရူး Dazai ? "
ေနာက္က ရုတ္တရက္ႀကီးေပၚလာေသာ
Chuuyaအသံေႀကာင့္ သူ ေယာင္ယမ္းျပီး
ဖုန္းကိုႀကမ္းျပင္ေပၚပစ္ခ်လိုက္မိတယ္
"ဟိုင္း Chuu … Ya"
Dazaiအတတ္နိုင္ဆုံး မ်က္နွာကို ျပန္ထိန္းရင္း
နႈတ္ဆက္လိုက္တယ္
သို႔ေသာ္လည္း Chuuyaဟာ အိပ္ရာေပၚတြင္ေခြေခြေလး ေနရာကေန ထလာျပီး Dazaiရဲ႕ အကၤ်ီ ေကာ္လံကို
တင္းႀကပ္စြာ ဆြဲရင္း
"မင္းငါ့ကို ဘာေတြဖုံးကြယ္ထားတာလဲ
မဟုတ္ေသးဘူး … Mori sanကပါ
ငါ့ကို တစ္ခုခုကိုမသိေစခ်င္သလို
ခံစားေနရတယ္ "
"Chuuya မင္းထင္သလိုမဟုတ္ဘူး
ငါ ငါက …"
"မင္းရဲ႕ ကေလးကလား လွည့္ကြက္ေတြထဲငါဒီတစ္ခါေတာ့ မက်ဆုံးေတာ့ဘူး ပတ္တီးျဖဳန္းေကာင္ရဲ႕
မင္းဘာသာမင္း ငါ့ကို ဘယ္လိုပဲသေဘာထားထား ေသာက္ဂရုမစိုက္ေပမယ့္
ခုေတာ့ Mori sanကပါ ငါ့ကို မယုံေတာ့သလို လုပ္ေနတာေတာ့
ငါ ခံျပင္းတယ္ "
သူ႔ေကာ္လံကိုဆုပ္ကိုင္ထားေသာ Chuuyaရဲ႕ လက္မ်ားဟာ ပိုမိုတင္းႀကပ္လာတဲ႔အျပင္ အသံေတြပါ
တုန္ရီေနတာ သူသတိထားမိတယ္
ျဖစ္နိုင္ခဲ႔ရင္အကုန္လုံး ကို သူဝန္ခံလိုက္ခ်င္ေပမယ့္လည္းတဇြတ္ထိုး
ျပဳမူတတ္ေသာ Chuuyaအေႀကာင္းကို
ေနာေက်ေနတာမလို႔ အတတ္နိုင္ဆုံး
စကားကိုလွေအာင္ေျပာရေလေတာ့သည္
"မင္းအထင္လြဲေနျပီ ညွက္စိေလး
Mori sanကမင္းေနမေကာင္းမွန္းသိေနလို႔
ငါ့ကို ေစာင့္ေရွာက္ဖို႔မွာေနတာပဲ
စကားမစပ္ ငါ့ေကာ္လံကို ဆြဲထားတာေလးလႊတ္ေပးစမ္းပါ "
"ဟမ္ တကယ္ေျပာေနတာလား "
(ေကာ္လံကိုလႊတ္ေပးရင္းေျပာ )
"ငါက မင္းကိုလိမ္ေတာ့ဘာရမွာမလို႔လဲ
Mori san က မင္းကို ငါ့ထက္ေတာင္ယုံေသးတယ္ ညွက္စိရ
ဒါနဲ႔ငါက မင္းကို ခ်စ္လြန္းလို႔ ျပဳစုေပးေနတယ္ မထင္နဲ႔ Mori san
နားပူလြန္းလို႔ မတတ္နိုင္လို႔ မင္းအခန္း
ကိုေရႊ႕ရတာ
ငါ့ဟာနဲ႔ငါသာဆို တစ္ေန႔က ကလပ္က
စကီေလးနဲ႔ပဲ သာယာေနတာႀကာျပီ
ျပီးေတာ့ မင္းသာ ငါနဲ႔လူမကြဲခဲ႔ရင္
ငါ့အစီအစဥ္အတိုင္းျဖစ္ျပီ
ျပီးေတာ့ ငါရွာေတြ႔တဲ႔အခ်ိန္ သတိလစ္ေနတဲ႔
မင္းကို ငါတစ္ေယာက္ထဲ မ လာရတာ
ကိုလည္း မင္းသိလား
တစ္ညလုံး ကိုယ္ပူရွိန္လုံးဝမက်လို႔ အရူး
တစ္ေယာက္လို္စိတ္ပူခဲ႔ရတာကိုလည္း…"
စကားအရွိန္မလြန္ခင္ သူအလ်င္အျမန္
ဘရိတ္အုပ္လိုက္ေပမယ့္လည္း
ရွက္လြန္းေသာေႀကာင့္ Chuuyaကို
မ်က္နွာခ်င္းမဆိုင္ရဲပဲ မ်က္နွာကိုတစ္ဖက္သို႔လဲႊလိုက္သည္
အခုခ်ိန္ဆို သူ႔မ်က္နွာက ခရမ္းခ်ဥ္သီး
လိုျဖစ္ေနမွာကို စိတ္ထဲအလိုလိုသိေန
သည္
*ကြ်တ္ ငါကဘာလို႔ အဲ႔ဒီပုစိအတြက္ ဒီလိုေတြ ျဖစ္ရမွာလဲ*
တစ္ဖက္ကလည္း ဘာအသံမွမထြက္လာသျဖင့္
Chuuyaကို မသိမသာ အကဲခတ္မိေသာအခါတြင္လည္း မာနခဲ
ပုစိေလးဟာလည္း သူ႔လိုပဲ မ်က္နွာေတြ
ရဲေနတာ အံ႔ႀသဖြယ္ပင္ ။
အတန္ႀကာေအာင္ သူတို႔နွစ္ေယာက္လုံး
ဘာတုန္႔ျပန္မႈမရွိပဲ ျငိမ္သက္လ်က္
အေတြးကိုယ္စီနဲ႔ ဆိတ္ျငိမ္ေနေသာ
ေကာင္ေလးနွစ္ေယာက္ႀကားတြင္
နံရံတြင္ခ်ိတ္ထားေသာနာရီလက္တံ
ကေတာ့စည္းခ်က္မွန္မွန္ တခ်ပ္ခ်ပ္ျမည္လ်က္ …
"Chuuya မင္းမ်က္နွာေတြရဲေနတယ္ "
မထင္မွတ္တဲ႔စကားေႀကာင့္ သနားစရာေကာင္ေလးရဲ႕ မ်က္နွာေသးေသးေလးဟာ ပိုမို၍
ရဲတက္လာျပီး
"ဟမ္ မ်က္နွာရဲေနတာငါကအဖ်ား လုံးလုံးမေပ်ာက္ေသးလို႔ကြ
မင္းေႀကာင့္ လုံးဝမဟုတ္ဘူး "
မေက်မနပ္နဲ႔ကက္ကက္လန္ေနေအာင္ရန္ေတြ႔ေနေသာ Chuuyaကို
သူအရမ္းအသည္းယားလာတာေႀကာင့္
ပိုျပီးသာ စခ်င္လာတယ္
"ဟင္ ငါ့ေႀကာင့္လို႔လည္းမေျပာပါဘူး
မင္းဘာသာမင္း လိပ္ျပာမလုံတာမလား "
ူDazaiရဲ႕စကားကိုတုံ႔ျပန္မႈကေတာ့ထုံးစံအတိုင္း ေျခေထာက္
ျဖင့္ကန္္ျခင္းပင္ သူေခါင္းငုံကာေရွာင္တိမ္းလိုက္ျပီး
"မင္း ငါ့ကိုကန္လည္းအသုံးမဝင္ဘူး
ငါက မင္းရဲ႕အက်င့္ေတြ ကန္ခ်က္ေတြ
အကုန္က်င့္သားရေနျပီ "
"ငါနည္းနည္းညွာလို႔ေပါ့ တကယ္သာ
လုပ္ရင္ မင္းေခါင္းေလာက္က အမႈန္႔ေျခလို႔ရတယ္ ပတ္တီးျဖဳန္းေကာင္ရ"
"အားေႀကာက္ဖို႔ေကာင္းလိုက္တာ"
Dazai ဟာလက္နွစ္ဖက္ကိုပိုက္ရင္း
သူ႔စကားကို ေႀကာက္ရြ႕ံဟန္လုပ္ျပတယ္
*တစ္စက္မွွခ်စ္စရာမေကာင္းတဲ႔ေကာင္*
သူတို႔နွစ္ေယာက္ရဲ႕ အျငင္းပြားမႈဟာ
ေနာက္ဆုံးက်မွ Dazai ဖုန္းဆီဝင္လာတဲ႔ringtoneေႀကာင့္ျပီးဆုံးသြားတယ္ Dazaiဟာ ႀကမ္းျပင္ေပၚက
ဖုန္းကို အလ်င္အျမန္ေကာက္ယူရင္း
"ေဟာ OdasakuဆီကMessege ပဲ ဘာတဲ႔ Curry ဆိုင္ေကာင္းေကာင္းေတြ႔ထားတယ္
လာခဲ႔ဆိုပဲ "
ကေလးေပါက္စေလးတစ္ေယာက္လို ခုန္ေပါက္ရင္း Dazaiဟာ ေပ်ာ္ေနေလရဲ႕ Chuuyaေရွ႕ဆိုရင့္က်က္ခ်င္ေယာင္အျမဲဟန္ေဆာင္တတ္တဲ႔
Dazai Osamu ဟာmessegeေလးတစ္ေႀကာင္းေႀကာင့္
ေျပာင္းလဲသြားတာ မယုံနိုင္စရာပဲ
"Chuuyaလည္းလိုက္ခဲ႔ ငါဟိုတစ္ခါေျပာဖူးတဲ႔ Odasakuနဲ႔ မင္းကို မိတ္ဆက္ေပးမယ္"
Dazaiရဲ႕အတိုင္းမသိေပ်ာ္ရႊင္မူဟာ Chuuyaဆီက မထင္မွတ္ေသာ တုံ႔ျပန္မႈ
ေႀကာင့္ ပ်က္စီးသြားခဲ႔တယ္
"Dazai ??."
"ဟင္ "
"Odasaku ဆိုတာ ဘယ္သူလဲ ?? "
"Ends"