Zawgyi
"အရွင္!"
အေျပးအလႊားေရာက္လာၾကသည့္ အေစအပါးတုိ႔ကို Vincent ေအးစက္စြာၾကည့္သည္။ နံေဘးရွိ နီေစြးလက္ကို သူ ကိုင္၍။
"သူက အႏၱရာယ္မဟုတ္ဘူး ငါ့ မိတ္ေဆြ..."
ထို႔ထက္ပို မေျပာဘဲ သူ ဆြဲေခၚခ်သြား၏။ နီေစြးတစ္ေယာက္မ်က္ခံုးပင့္သည္။ ေခြးဝါေလး.. ဘယ္မွာလဲ မင္းရဲ႕ manner... မင္းရဲ႕ေကာင္းေကာင္းမြန္မြန္ဆက္ဆံတဲ့ သိပ္ကိုေႏြးေထြးႏူးညံ့တယ္ဆိုတဲ့ manner က ဘယ္မွာလဲ... မင္းအခု OOC (out of character) ျဖစ္ေနတယ္ဆုိတာကို မင္း သိရဲ႕လားဟမ္!
အခန္းထဲေရာက္သည္ႏွင့္တံခါးကို ပိတ္ခ်ကာ သူ႔ကို ခ်က္ခ်င္း အိပ္ရာထက္ ပစ္တင္လုိက္သည့္ Vincent ..။ အိခနဲျဖစ္သြားသည့္ ေမြ႔ယာထက္သို႔ သူ႔ခႏၶာက်ၿပီးၿပီးခ်င္း မေရွးမေႏွာင္းလုိက္မိုးက်လာသည့္ ခႏၶာတစ္ခု။ ႏွစ္ဦးသား တစ္ေယာက္မ်က္ႏွာတစ္ေယာက္ စိုက္ၾကည့္ေနၾကရင္းမွ နီေစြးတစ္ေယာက္ ထိုေကာင္ေလးကို မစဘဲမေနႏိုင္စြာျဖင့္...
"အရွင္မင္းႀကီးရဲ႕... အရွင္မင္းႀကီး ကိုယ္ အရွင္မင္းႀကီး မွန္ထဲမွာ ၾကည့္ၾကည့္ပါလား..."
အျမဲလုိလုိ စေနာက္တတ္သည့္ နီေစြး၏ အျပဳအမူတို႔ကို Vincent အေရးမထား။ သူ႔ရင္ဘတ္ဆီသို႔ ခပ္ဆိုးဆိုးေျပးလႊားေနသည့္ လက္ေခ်ာင္းမ်ားကို ဖမ္းဆုပ္သည္။
"ကြ်န္ေတာ့္ကို မေရြးခ်ယ္ခဲ့ဘူးေပါ့..."
"မင္း ကမၻာပ်က္စီးသြားမွာကို ငါ မလိုလားခဲ့ရံုတင္ပါ..."
"ကြ်န္ေတာ္ ဘာမွမျဖစ္ဘူးလို႔ နီေစြးကို ေျပာခဲ့တယ္ေလ..."
"အင္း... ဒါေပမဲ့ ငါ မင္းမရွိဘူးဆိုတဲ့ အသိႀကီးနဲ႔ မေနသြားခ်င္ဘူး... ငါတို႔ တစ္ေယာက္ကိုတစ္ေယာက္ မဆက္သြယ္ႏိုင္ေတာ့ရင္ေတာင္... မင္းရွိတယ္ဆုိတဲ့ အသိက ေတာ္ေသးတာေပါ့..."
"ကြ်န္ေတာ့္ ခံစားခ်က္ကို နီေစြးထည့္မတြက္ဘူးလား..."
"ငါက ဘယ္တုန္းက သူမ်ားခံစားခ်က္ကို ၾကည့္တတ္လို႔လဲ... ငါ့ခံစားခ်က္ကိုပဲ ဂရုစိုက္တာမဟုတ္ဘူးလား..."
ထိုအမ်ိဳးသားသည္ တကယ္ကိုပဲ သူ႔ကို ရူးေအာင္လုပ္ေနတာပဲ ျဖစ္သည္။
"ေစက... ေစ ဘာျဖစ္သြားႏုိင္လဲ..."
နီေစြးသည္ သူ႔ကို ျပံဳးၾကည့္ကာ...
"သူလား... သူ ထြက္သြားရမွာေပါ့... သူ႔ဘာသာ ကူညီဖို႔အတြက္ ငါ့ကို အရင္ဆက္သြယ္ခဲ့တာေနာ္... ငါ သူ႔ကိုဖိအားမေပးဘူး..."
အျပစ္မရွိပါဘူးေနာ္ ဆုိသည့္ ရုပ္ေလးျဖင့္ သူ႔ကို ပခံုးေလးတြန္႔ကာ ၾကည့္ေျပာေနသည့္ နီေစြးကို စူးစိုက္ၾကည့္သည္။ ေဒါင္လုိက္ျဖစ္ေနသည့္ သူငယ္အိမ္ႏွင့္မ်က္လံုးမ်ားသည္ ထိုသူကို ဝါးၿမိဳလုိက္ခ်င္သည့္ အၾကည့္မ်ိဳး။
တစ္ကိုယ္ေကာင္းဆန္သည္ပဲ ေျပာေျပာ သူတုိ႔၏ ပံုျပင္သည္ Happy Ending ျဖစ္သြားျခင္းကို သူ လုိလားသည္။ ယခုျဖစ္သြားၿပီဆုိေတာ့ ထုိသူကို သူ႔ ေခါင္းထဲမွ ထုတ္ပစ္ရံုသာ။ နီေစြးသည္ ေနာက္တစ္ႀကိမ္ သူ႔ကို ေမာငး္မထုတ္ႏိုင္ေအာင္ေတာ့ သူ ေသခ်ာေပါက္ အခန္းက်ဥ္းေလးတြင္ နီေစြးကို ေသာ့ခတ္သိမ္းထားရမည္။
"ဘာလဲ..."
နီေစြးသည္ သူ႔မ်က္ႏွာကို ေလမႈတ္ထုတ္ေလ၏။
"အဟ အရွင္မင္းႀကီးက ဒီငယ္သားေလးကို ေသာ့ခတ္သိမ္းခ်င္ေနတာလား..."
နီေစြး၏ စေနာက္ေနမႈႀကီးက Vincent ၏ အစိတ္အပိုင္းတစ္ခုကို တင္းမာလာေစေတာ့သည္။ စကားျဖင့္ပင္ ထိုနီေစြးသည္ သူ႔ကို ထိုသို႔ျဖစ္ေအာင္စြမ္းေဆာင္ႏိုင္သည္။
"ဒါေပမဲ့ ဒီငယ္သားေလးက အရွင္မင္းႀကီးနဲ႔ နန္းေတာ္မွာပဲ မေနခ်င္ဘူးဆိုရင္ေရာ..."
ခႏၶာကိုယ္ကိုၾကြကာ မ်က္ႏွာခ်င္းပိုနီးေအာင္ေရႊ႕ အသက္ရွဴသည့္ ဝင္ေလထြက္ေလတုိ႔သည္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္က်ႏုိင္သည္အထိ နီးကပ္ခ်ိန္တြင္ လက္တုိ႔သည္ နဂါးေကာင္ေလး၏ လည္တုိင္ကို ခိုဖက္၏။ ထိုေကာင္ေလး၏ လက္တုိ႔သည္လည္း အလုိအေလ်ာက္ သူ႔ခါးဆီသို႔ လွ်ိဳဝင္သြားၾကသည္။
ခႏၶာခ်င္းရင္းႏီွးခဲ့သည္က အႀကိမ္ေပါင္းမ်ားစြာမုိ႔ သူတုိ႔သည္ တစ္ဦး၏ အမူအက်င့္ကို တစ္ဦးက ေကာင္းေကာင္းသိသည့္ အေနအထား။ နီေစြးသည္ မည္သို႔ေနရသည္ကို ႀကိဳက္သည္ဆုိသည္ကို Vincent ေကာင္းေကာင္းသိသည္ေလ။ နီေစြးက သူ႔ခါးကို သိမ္းၾကံဳးဖက္ထားျခင္းကို ႏွစ္သက္သည့္သူမ်ိဳး။ ထုိသို႔ဖက္ထားျခင္းက သူ႔စိတ္ကို လံုျခံဳမႈေပးႏုိင္သည္တဲ့ေလ။
"နီေစြး ဘယ္ကိုသြားခ်င္လဲ..."
ေျပာၿပီးသည္ႏွင့္ အေျဖကိုမေစာင့္ဘဲ သူ႔ေခါင္းသည္ နီေစြး၏ လည္တုိင္ဆီသို႔ တိုးဆင္းသြား၏။ ေခါင္းကိုေမာ့ကာ နီေစြးသည္ လည္တုိင္တြင္ Vincent ၏ ႏႈတ္ခမ္းတို႔ကို လြတ္လပ္စြာ ေျပးလႊားခြင့္ကိုေပးသည္။
"ဘယ္ကို... ငါ မင္းတုိ႔ကမၻာအေၾကာင္းမွ မသိတာ..."
သူ႔အသံက ခပ္ျဖည္းျဖည္း... မထိတထိေရြ႕ေနသည့္ ႏႈတ္ခမ္းတုိ႔၏ အေနအထားက သူ႔ကို ယားက်ိက်ိခံစားခ်က္ကို ေပးသည္ေလ။ ေခ်ာေမြ႔သည့္ လည္တုိင္၏ ေဘးဘက္တြင္သာ ရွိေနသည့္ ႏႈတ္ခမ္းတို႔သည္ အလည္သို႔ေရာက္သြားကာ လည္တုိင္အလယ္ရွိ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနသည့္ တစ္ေနရာကို အသာငံုခဲေတာ့ သူ႔အသက္ရွဴသံတုိ႔က ျပင္းသြားရ၏။ လက္ထဲမွ ေတာင့္တင္းသြားသည့္ ခႏၶာေၾကာင့္ Vincent ရယ္ကာ...
"ကြ်န္ေတာ္တုိ႔ အခ်ိန္ေတြအမ်ားႀကီးရွိပါေသးတယ္ မဟုတ္ဘူးလား..."
"အင္းေပါ့... ငါ ေနရာေတြအမ်ားႀကီး မင္းနဲ႔သြားခ်င္တယ္... ငါတုိ႔ႏွစ္ေယာက္ထဲေလ... Honey Moon ကို မင္းရဲ႕ကမၻာတစ္ခုလံုးကိုပတ္ရင္း ထြက္ၾကတာေပါ့..."
သူ လႊတ္ေပးေသာ္လည္း နီေစြးဆုိသည့္ နတ္ဆိုးကေလးသည္ ဘယ္ေသာအခါမွ သတိလစ္ရျခင္းကို အမွတ္မရွိစြာျဖင့္ သူ႔ကို ရန္စေနျပန္သည္။ နားရြက္တုိ႔ကို တတိတိကိုက္ေနသည့္ နီေစြးေၾကာင့္ Vincent ၏ တင္းမာေနသည့္ အစိတ္အပိုင္းသည္ ပိုပိုတင္းမာလာေတာ့၏။
"နီေစြး..."
သူ႔အသံက စိတ္ကိုခ်ဳပ္ထိန္းထားရသည့္ အသံမ်ိဳး။ နားရြက္အတြင္းပိုင္းကို လ်က္လုိက္ နားရြက္ဖ်ားကိုကိုက္လိုက္ႏွင့္ သူ႔ကို စ်ာန္ေလ်ာေအာင္ လုပ္ေနသည့္ နီေစြးသည္ နားထဲသို႔ ေလမႈတ္ထုတ္ကာ...
"အင္း ေျပာေလ..."
"နီေစြး အခုလို ကမၻာကူးေျပာင္းလာရတာ ခႏၶာကိုယ္ တစ္ခုခုမ်ား ျဖစ္ေနေသးလား..."
သူ ဘယ္ေလာက္ပဲ စိတ္ပါေနေန နီေစြးကို ထိခုိက္ျခင္းကိုေတာ့ မလုပ္လုိေသး။ သူ႔စကားေၾကာင့္ နီေစြး၏ လႈပ္ရွားမႈတုိ႔သည္ ရပ္တန္႔သြားေတာ့သည္။ ျပန္မေျဖဘဲ ရပ္တန္႔သြားမႈေၾကာင့္ သူ႔ကို ခိုဖက္ထားသည့္ နီေစြးကို ေအာက္ျပန္ခ်ေတာ့ ႏႈတ္ခမ္းကိုကိုက္ထားသည့္ နီေစြး၏ မ်က္ႏွာက ေျပာင္စပ္စပ္။ မ်က္ခံုးတုိ႔တြန္႔ခ်ိဳးကာ သူ ၾကည့္ေတာ့ နီေစြးသည္ ထိန္းမရစြာျဖင့္ တဟားဟား ရယ္ေလေတာ့သည္။
"ဘာလဲ..."
သူ႔ေမးခြန္းသံက ခပ္ဆတ္ဆတ္။ စိတ္အလိုမက်ျဖစ္ေနသည့္ သူ႔ကို နီေစြးသည္ ျပန္လည္ခုိဖက္လာကာ ညစ္က်ယ္က်ယ္မ်က္ႏွာေပးျဖင့္ ဒူးတစ္ဖက္သည္ ခႏၶာအလယ္ရွိ စေနာက္မႈမ်ားေၾကာင့္ အသက္ဝင္ေနသူကို အသာပြတ္တုိက္ကာ...
"ေမးဖုိ႔အသိေလးဘာေလးရွိေသးတယ္ေပါ့... ဒါေပမဲ့ ဒါေလးကက်ေတာ့ အခုလိုအသိေတြရွိမေနပါဘူးေနာ္..."
"တစ္ညလံုးအခ်ိန္ရွိတယ္လုိ႔ ကြ်န္ေတာ္ေျပာသားပဲ..."
ယခုလို ေျပာေနျခင္းသည္ မီးစိမ္းျပျခင္းဟု ကြ်မ္းက်င္စြာသိသူ Vincent သည္ သူ႔ေခါင္းကို စြဲေဆာင္မႈရွိလွေသာ Incubus မ်ားအလားသ႑ာန္ရွိေနသည့္ ေသးသြယ္သူ ခႏၶာပိုင္ရွင္၏ လည္တုိင္သို႔ တစ္ဖန္သက္ဆင္းျပန္ေလေတာ့သည္။ ယခင္လို ႏူးညံ့ခ်စ္ျခင္းတုိ႔ျဖင့္ ခပ္ရြရြထိခတ္ျခင္းမဟုတ္သည့္ သြားရာမ်ားျဖင့္ သူ ေျပာင္းလဲသည့္ ခ်စ္ျခင္းျပအမူအရာကို ေဖာ္ထုတ္ေလေတာ့ ဦးကိုေမာ့ကာ သူ႔ခ်စ္ရသူသည္ အသံတိုးတုိးကို ညည္းဆုိေလ၏။
လက္တုိ႔သည္ ခႏၶာထက္ရွိအဝတ္ၾကယ္သီးတုိ႔ကို ခပ္ျမန္ျမန္ဖယ္ထုတ္ကာ လွ်ိဳဝင္သြားၿပီး အေပၚခႏၶာတစ္ဝုိက္ကို နယ္ခ်ဲ႕သိမ္းပိုက္ေလျပန္သည္။ ညည္းသံေတးသြားတုိ႔ထုတ္ျပန္ရန္ကို နီေစြးသည္ ဘယ္ေသာအခါမွ မရွက္ရြံ႕။ သူသည္လည္း ထိုအမ်ိဳးသား၏ ထိုေတးသြားကို နားေထာင္ရျခင္းကို ဘယ္ေသာအခါမွ မၿငီးေငြ႔။ ပို၍ပို၍သာ တုိးနားေထာင္ခ်င္သည္။ ထိုသုိ႔ျဖင့္ အခန္းတြင္းရွိ အပူခ်ိန္သည္ကား သူတုိ႔ႏွစ္ဦးေၾကာင့္ လိႈက္ပူလာေတာ့၏။
အနီရိပ္ေရးေရးသမ္းေနသည့္ ထုိအမ်ိဳးသား၏ ခႏၶာကိုယ္ကို သူ ငံု႔ၾကည့္သည္။ သူ႔စူးစိုက္ၾကည့္မႈႏွင့္ ပတ္သက္လာလွ်င္ နီေစြးဆုိသည့္ ေကာင္ကေလးသည္ ဘယ္ေသာအခါမွ ဟင့္ မၾကည့္နဲ႔ဆုိသည္ကို မေျပာ။ ပို၍ၾကည့္လာေအာင္ ဆြဲေဆာင္ႏိုင္သည့္ မ်က္ႏွာႏွင့္ ခႏၶာအေနအထားကို ျပင္ကာျဖင့္...
"ၾကည့္လုိ႔ေရာဝရဲ႕လား..."
ထိုသို႔ေသာေမးခြန္းကို ရဲတင္းစြာေမးသူ။ အစပထမတြင္ ၾကည့္ေနသည့္ သူကသာ ရွက္သြားတတ္ေသာ္လည္း ေနာက္ပိုင္းတြင္ေတာ့ သူ႔ရွက္တတ္မႈသည္ ထိုအမ်ိဳးသားေလး၏ အရွက္မဲ့မႈျဖင့္ သားရဲဆန္လာေတာ့သည္။ နဂိုတည္းက သူသည္ကား သားရဲဗီဇျဖင့္လာသူ မဟုတ္ပါလား။
သို႔ေသာ္လည္း မေျပာင္းလဲျခင္းသည္ ထိုအမ်ိဳးသား၏ ေခါင္းကိုအသာေစာင္း မိမိလက္ေခ်ာင္းမ်ားကိုေကြးညႊတ္ကာ ခပ္ဖြဖြကိုက္ရင္း သူ႔ကို မ်က္လံုးေလးေစြၾကည့္ ထုိ႔ေနာက္ မထိတထိျပံဳး... ထိုအစီအစဥ္တစ္ေလွ်ာက္တြင္ သူသည္ အျမဲတမ္း နီေစြးကို အညွာအတာမဲ့စြာ ျပဳမူတတ္ျမဲ။
ယခုလည္း ရုတ္တရက္ဆန္စြာျဖင့္ အျခားသူ၏ ခႏၶာကိုယ္အစိတ္အပိုင္းကို မိမိခႏၶာထဲလက္ခံလုိက္ရမႈျဖင့္ နီေစြး၏ ခႏၶာကိုယ္သည္ ေကာ့တက္သြားေတာ့သည္။ တစ္ဖက္သူသည္ သူ႔ကိုအသားက်ခြင့္မေပး။ ထိုကေလးကိုရန္စတုိင္း သူပဲျပန္ခံရမည္ကို သိေသာ္လည္း နီေစြးတစ္ေယာက္ ဘယ္ေသာအခါမွ ထိုအက်င့္ကို မျပင္ေပ။
"အ! ေခြးစုတ္ေလး တအားမကိုက္နဲ႔..." သူ႔ ရင္ဘတ္ကိုျပႆနာရွာေနသူကို ေငါက္ငမ္းေသာ္လည္း တစ္ေယာက္ႏွင့္တစ္ေယာက္ဆက္သြယ္မႈရွိေနသည့္ေနရာက သူ႔စိတ္ေက်နပ္မႈကိုသာ ေဖာ္ညႊန္း၏။
"ဟုတ္လား... နီေစြးက ကိုက္တာမႀကိဳက္ဘူးေပါ့..."
ထုိေျပာင္းလဲမႈျဖစ္စဥ္ကို သိသိျဖင့္ ထိုေကာင္ေလးသည္ သူ႔ကို ျပန္စေနာက္လာေတာ့ နီေစြးတစ္ေယာက္ မ်က္ေစာင္းလွလွသာ ထိုးလိုက္ႏိုင္သည္။ ႏွစ္ေယာက္မွတစ္ေယာက္တည္းအျဖစ္ ေပါင္းသြားေလေတာ့မည့္အလား သူတုိ႔၏ ခႏၶာကိုယ္တုိ႔သည္ စည္းခ်က္ညီညာစြာျဖင့္ လႈပ္ရွားသမႈျပဳေန၏။ Vincent ၏ လႈပ္ရွားမႈအဝဝသည္ သူ႔ကို နာက်င္မႈႏွင့္သာယာမႈ ႏွစ္မ်ိဳးလံုးကိုေပးစြမ္းႏုိင္သည္။
ၿငိမ္ေနရာမွ သူ႔ကို ေကာက္မလုိက္သည့္ Vincent ေၾကာင့္ သူတုိ႔သည္ ထိုင္လ်က္သားအေနအထားသို႔ မေျပာင္းမလဲ ေျပာင္းေရႊ႕သြားေလ၏။ Vincent ၏ မ်က္ႏွာက မခ်ိဳမခ်ဥ္။ နီေစြး မ်က္ခံုးမ်ားတြန္႔ခ်ိဳးကာသာ ထုိေကာင္ေလး၏ အၾကံကိုသိစြာျဖင့္ သူ႔ခႏၶာကိုလႈပ္ရွားရေလသည္။ ၿငိမ္သက္စြာျဖင့္ သူ႔ကို ၾကည့္ေနသည့္ ကေလးစုတ္ေလး၏ မ်က္ႏွာသည္ နီျမန္းလာေတာ့မွ သူ ကိုယ္ကိုကိုင္းညႊတ္ကာ ထုိေကာင္ေလးကို ခိုဖက္ၿပီး...
"ငါ ပင္ပန္းလာၿပီ..."
ညစ္ပတ္မႈတစ္ခုျဖစ္သည္ကို သိခ်ိန္တြင္ Vincent တစ္ေယာက္ နီေစြးကို အျပစ္ေပးရန္သာ ဆံုးျဖတ္လုိက္ေတာ့သည္။
"ကြ်န္ေတာ္ေတာ့ နီေစြးကို အျပစ္ေပးမိေတာ့မွာပဲ..."
"ဒီငယ္သားေလးက ေက်ေက်နပ္နပ္ႀကီး အျပစ္ဒဏ္ကို ခံယူေၾကာင္းပါ အရွင္မင္းျမတ္..."
ေသတြင္းကိုတူးသည့္ စကားကို နီေစြး ခပ္တည္တည္ေျပာၿပီး ဝင္ေရာက္နယ္ခ်ဲ႕မႈက သူ႔အတြင္းပိုင္းကို ပိုတုိးခ်ဲ႕လာေတာ့မွ သူ႔ကိုယ္သူ က်ိန္ဆဲေတာ့သည္။ ေသခ်ာသည္က သူ ဒီညေတာ့ သတိလစ္သည္အထိ အျပစ္ေပးခံရေလာက္သည္။
----------
Unicode
"အရှင်!"
အပြေးအလွှားရောက်လာကြသည့် အစေအပါးတို့ကို Vincent အေးစက်စွာကြည့်သည်။ နံဘေးရှိ နီစွေးလက်ကို သူ ကိုင်၍။
"သူက အန္တရာယ်မဟုတ်ဘူး ငါ့ မိတ်ဆွေ..."
ထို့ထက်ပို မပြောဘဲ သူ ဆွဲခေါ်ချသွား၏။ နီစွေးတစ်ယောက်မျက်ခုံးပင့်သည်။ ခွေးဝါလေး.. ဘယ်မှာလဲ မင်းရဲ့ manner... မင်းရဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့ သိပ်ကိုနွေးထွေးနူးညံ့တယ်ဆိုတဲ့ manner က ဘယ်မှာလဲ... မင်းအခု OOC (out of character) ဖြစ်နေတယ်ဆိုတာကို မင်း သိရဲ့လားဟမ်!
အခန်းထဲရောက်သည်နှင့်တံခါးကို ပိတ်ချကာ သူ့ကို ချက်ချင်း အိပ်ရာထက် ပစ်တင်လိုက်သည့် Vincent ..။ အိခနဲဖြစ်သွားသည့် မွေ့ယာထက်သို့ သူ့ခန္ဓာကျပြီးပြီးချင်း မရှေးမနှောင်းလိုက်မိုးကျလာသည့် ခန္ဓာတစ်ခု။ နှစ်ဦးသား တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်နေကြရင်းမှ နီစွေးတစ်ယောက် ထိုကောင်လေးကို မစဘဲမနေနိုင်စွာဖြင့်...
"အရှင်မင်းကြီးရဲ့... အရှင်မင်းကြီး ကိုယ် အရှင်မင်းကြီး မှန်ထဲမှာ ကြည့်ကြည့်ပါလား..."
အမြဲလိုလို စနောက်တတ်သည့် နီစွေး၏ အပြုအမူတို့ကို Vincent အရေးမထား။ သူ့ရင်ဘတ်ဆီသို့ ခပ်ဆိုးဆိုးပြေးလွှားနေသည့် လက်ချောင်းများကို ဖမ်းဆုပ်သည်။
"ကျွန်တော့်ကို မရွေးချယ်ခဲ့ဘူးပေါ့..."
"မင်း ကမ္ဘာပျက်စီးသွားမှာကို ငါ မလိုလားခဲ့ရုံတင်ပါ..."
"ကျွန်တော် ဘာမှမဖြစ်ဘူးလို့ နီစွေးကို ပြောခဲ့တယ်လေ..."
"အင်း... ဒါပေမဲ့ ငါ မင်းမရှိဘူးဆိုတဲ့ အသိကြီးနဲ့ မနေသွားချင်ဘူး... ငါတို့ တစ်ယောက်ကိုတစ်ယောက် မဆက်သွယ်နိုင်တော့ရင်တောင်... မင်းရှိတယ်ဆိုတဲ့ အသိက တော်သေးတာပေါ့..."
"ကျွန်တော့် ခံစားချက်ကို နီစွေးထည့်မတွက်ဘူးလား..."
"ငါက ဘယ်တုန်းက သူများခံစားချက်ကို ကြည့်တတ်လို့လဲ... ငါ့ခံစားချက်ကိုပဲ ဂရုစိုက်တာမဟုတ်ဘူးလား..."
ထိုအမျိုးသားသည် တကယ်ကိုပဲ သူ့ကို ရူးအောင်လုပ်နေတာပဲ ဖြစ်သည်။
"စေက... စေ ဘာဖြစ်သွားနိုင်လဲ..."
နီစွေးသည် သူ့ကို ပြုံးကြည့်ကာ...
"သူလား... သူ ထွက်သွားရမှာပေါ့... သူ့ဘာသာ ကူညီဖို့အတွက် ငါ့ကို အရင်ဆက်သွယ်ခဲ့တာနော်... ငါ သူ့ကိုဖိအားမပေးဘူး..."
အပြစ်မရှိပါဘူးနော် ဆိုသည့် ရုပ်လေးဖြင့် သူ့ကို ပခုံးလေးတွန့်ကာ ကြည့်ပြောနေသည့် နီစွေးကို စူးစိုက်ကြည့်သည်။ ဒေါင်လိုက်ဖြစ်နေသည့် သူငယ်အိမ်နှင့်မျက်လုံးများသည် ထိုသူကို ဝါးမြိုလိုက်ချင်သည့် အကြည့်မျိုး။
တစ်ကိုယ်ကောင်းဆန်သည်ပဲ ပြောပြော သူတို့၏ ပုံပြင်သည် Happy Ending ဖြစ်သွားခြင်းကို သူ လိုလားသည်။ ယခုဖြစ်သွားပြီဆိုတော့ ထိုသူကို သူ့ ခေါင်းထဲမှ ထုတ်ပစ်ရုံသာ။ နီစွေးသည် နောက်တစ်ကြိမ် သူ့ကို မောင်းမထုတ်နိုင်အောင်တော့ သူ သေချာပေါက် အခန်းကျဉ်းလေးတွင် နီစွေးကို သော့ခတ်သိမ်းထားရမည်။
"ဘာလဲ..."
နီစွေးသည် သူ့မျက်နှာကို လေမှုတ်ထုတ်လေ၏။
"အဟ အရှင်မင်းကြီးက ဒီငယ်သားလေးကို သော့ခတ်သိမ်းချင်နေတာလား..."
နီစွေး၏ စနောက်နေမှုကြီးက Vincent ၏ အစိတ်အပိုင်းတစ်ခုကို တင်းမာလာစေတော့သည်။ စကားဖြင့်ပင် ထိုနီစွေးသည် သူ့ကို ထိုသို့ဖြစ်အောင်စွမ်းဆောင်နိုင်သည်။
"ဒါပေမဲ့ ဒီငယ်သားလေးက အရှင်မင်းကြီးနဲ့ နန်းတော်မှာပဲ မနေချင်ဘူးဆိုရင်ရော..."
ခန္ဓာကိုယ်ကိုကြွကာ မျက်နှာချင်းပိုနီးအောင်ရွှေ့ အသက်ရှူသည့် ဝင်လေထွက်လေတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကျနိုင်သည်အထိ နီးကပ်ချိန်တွင် လက်တို့သည် နဂါးကောင်လေး၏ လည်တိုင်ကို ခိုဖက်၏။ ထိုကောင်လေး၏ လက်တို့သည်လည်း အလိုအလျောက် သူ့ခါးဆီသို့ လျှိုဝင်သွားကြသည်။
ခန္ဓာချင်းရင်းနှီးခဲ့သည်က အကြိမ်ပေါင်းများစွာမို့ သူတို့သည် တစ်ဦး၏ အမူအကျင့်ကို တစ်ဦးက ကောင်းကောင်းသိသည့် အနေအထား။ နီစွေးသည် မည်သို့နေရသည်ကို ကြိုက်သည်ဆိုသည်ကို Vincent ကောင်းကောင်းသိသည်လေ။ နီစွေးက သူ့ခါးကို သိမ်းကြုံးဖက်ထားခြင်းကို နှစ်သက်သည့်သူမျိုး။ ထိုသို့ဖက်ထားခြင်းက သူ့စိတ်ကို လုံခြုံမှုပေးနိုင်သည်တဲ့လေ။
"နီစွေး ဘယ်ကိုသွားချင်လဲ..."
ပြောပြီးသည်နှင့် အဖြေကိုမစောင့်ဘဲ သူ့ခေါင်းသည် နီစွေး၏ လည်တိုင်ဆီသို့ တိုးဆင်းသွား၏။ ခေါင်းကိုမော့ကာ နီစွေးသည် လည်တိုင်တွင် Vincent ၏ နှုတ်ခမ်းတို့ကို လွတ်လပ်စွာ ပြေးလွှားခွင့်ကိုပေးသည်။
"ဘယ်ကို... ငါ မင်းတို့ကမ္ဘာအကြောင်းမှ မသိတာ..."
သူ့အသံက ခပ်ဖြည်းဖြည်း... မထိတထိရွေ့နေသည့် နှုတ်ခမ်းတို့၏ အနေအထားက သူ့ကို ယားကျိကျိခံစားချက်ကို ပေးသည်လေ။ ချောမွေ့သည့် လည်တိုင်၏ ဘေးဘက်တွင်သာ ရှိနေသည့် နှုတ်ခမ်းတို့သည် အလည်သို့ရောက်သွားကာ လည်တိုင်အလယ်ရှိ နိမ့်ချည်မြင့်ချည်ဖြစ်နေသည့် တစ်နေရာကို အသာငုံခဲတော့ သူ့အသက်ရှူသံတို့က ပြင်းသွားရ၏။ လက်ထဲမှ တောင့်တင်းသွားသည့် ခန္ဓာကြောင့် Vincent ရယ်ကာ...
"ကျွန်တော်တို့ အချိန်တွေအများကြီးရှိပါသေးတယ် မဟုတ်ဘူးလား..."
"အင်းပေါ့... ငါ နေရာတွေအများကြီး မင်းနဲ့သွားချင်တယ်... ငါတို့နှစ်ယောက်ထဲလေ... Honey Moon ကို မင်းရဲ့ကမ္ဘာတစ်ခုလုံးကိုပတ်ရင်း ထွက်ကြတာပေါ့..."
သူ လွှတ်ပေးသော်လည်း နီစွေးဆိုသည့် နတ်ဆိုးကလေးသည် ဘယ်သောအခါမှ သတိလစ်ရခြင်းကို အမှတ်မရှိစွာဖြင့် သူ့ကို ရန်စနေပြန်သည်။ နားရွက်တို့ကို တတိတိကိုက်နေသည့် နီစွေးကြောင့် Vincent ၏ တင်းမာနေသည့် အစိတ်အပိုင်းသည် ပိုပိုတင်းမာလာတော့၏။
"နီစွေး..."
သူ့အသံက စိတ်ကိုချုပ်ထိန်းထားရသည့် အသံမျိုး။ နားရွက်အတွင်းပိုင်းကို လျက်လိုက် နားရွက်ဖျားကိုကိုက်လိုက်နှင့် သူ့ကို ဈာန်လျောအောင် လုပ်နေသည့် နီစွေးသည် နားထဲသို့ လေမှုတ်ထုတ်ကာ...
"အင်း ပြောလေ..."
"နီစွေး အခုလို ကမ္ဘာကူးပြောင်းလာရတာ ခန္ဓာကိုယ် တစ်ခုခုများ ဖြစ်နေသေးလား..."
သူ ဘယ်လောက်ပဲ စိတ်ပါနေနေ နီစွေးကို ထိခိုက်ခြင်းကိုတော့ မလုပ်လိုသေး။ သူ့စကားကြောင့် နီစွေး၏ လှုပ်ရှားမှုတို့သည် ရပ်တန့်သွားတော့သည်။ ပြန်မဖြေဘဲ ရပ်တန့်သွားမှုကြောင့် သူ့ကို ခိုဖက်ထားသည့် နီစွေးကို အောက်ပြန်ချတော့ နှုတ်ခမ်းကိုကိုက်ထားသည့် နီစွေး၏ မျက်နှာက ပြောင်စပ်စပ်။ မျက်ခုံးတို့တွန့်ချိုးကာ သူ ကြည့်တော့ နီစွေးသည် ထိန်းမရစွာဖြင့် တဟားဟား ရယ်လေတော့သည်။
"ဘာလဲ..."
သူ့မေးခွန်းသံက ခပ်ဆတ်ဆတ်။ စိတ်အလိုမကျဖြစ်နေသည့် သူ့ကို နီစွေးသည် ပြန်လည်ခိုဖက်လာကာ ညစ်ကျယ်ကျယ်မျက်နှာပေးဖြင့် ဒူးတစ်ဖက်သည် ခန္ဓာအလယ်ရှိ စနောက်မှုများကြောင့် အသက်ဝင်နေသူကို အသာပွတ်တိုက်ကာ...
"မေးဖို့အသိလေးဘာလေးရှိသေးတယ်ပေါ့... ဒါပေမဲ့ ဒါလေးကကျတော့ အခုလိုအသိတွေရှိမနေပါဘူးနော်..."
"တစ်ညလုံးအချိန်ရှိတယ်လို့ ကျွန်တော်ပြောသားပဲ..."
ယခုလို ပြောနေခြင်းသည် မီးစိမ်းပြခြင်းဟု ကျွမ်းကျင်စွာသိသူ Vincent သည် သူ့ခေါင်းကို စွဲဆောင်မှုရှိလှသော Incubus များအလားသဏ္ဍာန်ရှိနေသည့် သေးသွယ်သူ ခန္ဓာပိုင်ရှင်၏ လည်တိုင်သို့ တစ်ဖန်သက်ဆင်းပြန်လေတော့သည်။ ယခင်လို နူးညံ့ချစ်ခြင်းတို့ဖြင့် ခပ်ရွရွထိခတ်ခြင်းမဟုတ်သည့် သွားရာများဖြင့် သူ ပြောင်းလဲသည့် ချစ်ခြင်းပြအမူအရာကို ဖော်ထုတ်လေတော့ ဦးကိုမော့ကာ သူ့ချစ်ရသူသည် အသံတိုးတိုးကို ညည်းဆိုလေ၏။
လက်တို့သည် ခန္ဓာထက်ရှိအဝတ်ကြယ်သီးတို့ကို ခပ်မြန်မြန်ဖယ်ထုတ်ကာ လျှိုဝင်သွားပြီး အပေါ်ခန္ဓာတစ်ဝိုက်ကို နယ်ချဲ့သိမ်းပိုက်လေပြန်သည်။ ညည်းသံတေးသွားတို့ထုတ်ပြန်ရန်ကို နီစွေးသည် ဘယ်သောအခါမှ မရှက်ရွံ့။ သူသည်လည်း ထိုအမျိုးသား၏ ထိုတေးသွားကို နားထောင်ရခြင်းကို ဘယ်သောအခါမှ မငြီးငွေ့။ ပို၍ပို၍သာ တိုးနားထောင်ချင်သည်။ ထိုသို့ဖြင့် အခန်းတွင်းရှိ အပူချိန်သည်ကား သူတို့နှစ်ဦးကြောင့် လှိုက်ပူလာတော့၏။
အနီရိပ်ရေးရေးသမ်းနေသည့် ထိုအမျိုးသား၏ ခန္ဓာကိုယ်ကို သူ ငုံ့ကြည့်သည်။ သူ့စူးစိုက်ကြည့်မှုနှင့် ပတ်သက်လာလျှင် နီစွေးဆိုသည့် ကောင်ကလေးသည် ဘယ်သောအခါမှ ဟင့် မကြည့်နဲ့ဆိုသည်ကို မပြော။ ပို၍ကြည့်လာအောင် ဆွဲဆောင်နိုင်သည့် မျက်နှာနှင့် ခန္ဓာအနေအထားကို ပြင်ကာဖြင့်...
"ကြည့်လို့ရောဝရဲ့လား..."
ထိုသို့သောမေးခွန်းကို ရဲတင်းစွာမေးသူ။ အစပထမတွင် ကြည့်နေသည့် သူကသာ ရှက်သွားတတ်သော်လည်း နောက်ပိုင်းတွင်တော့ သူ့ရှက်တတ်မှုသည် ထိုအမျိုးသားလေး၏ အရှက်မဲ့မှုဖြင့် သားရဲဆန်လာတော့သည်။ နဂိုတည်းက သူသည်ကား သားရဲဗီဇဖြင့်လာသူ မဟုတ်ပါလား။
သို့သော်လည်း မပြောင်းလဲခြင်းသည် ထိုအမျိုးသား၏ ခေါင်းကိုအသာစောင်း မိမိလက်ချောင်းများကိုကွေးညွှတ်ကာ ခပ်ဖွဖွကိုက်ရင်း သူ့ကို မျက်လုံးလေးစွေကြည့် ထို့နောက် မထိတထိပြုံး... ထိုအစီအစဉ်တစ်လျှောက်တွင် သူသည် အမြဲတမ်း နီစွေးကို အညှာအတာမဲ့စွာ ပြုမူတတ်မြဲ။
ယခုလည်း ရုတ်တရက်ဆန်စွာဖြင့် အခြားသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို မိမိခန္ဓာထဲလက်ခံလိုက်ရမှုဖြင့် နီစွေး၏ ခန္ဓာကိုယ်သည် ကော့တက်သွားတော့သည်။ တစ်ဖက်သူသည် သူ့ကိုအသားကျခွင့်မပေး။ ထိုကလေးကိုရန်စတိုင်း သူပဲပြန်ခံရမည်ကို သိသော်လည်း နီစွေးတစ်ယောက် ဘယ်သောအခါမှ ထိုအကျင့်ကို မပြင်ပေ။
"အ! ခွေးစုတ်လေး တအားမကိုက်နဲ့..." သူ့ ရင်ဘတ်ကိုပြဿနာရှာနေသူကို ငေါက်ငမ်းသော်လည်း တစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်မှုရှိနေသည့်နေရာက သူ့စိတ်ကျေနပ်မှုကိုသာ ဖော်ညွှန်း၏။
"ဟုတ်လား... နီစွေးက ကိုက်တာမကြိုက်ဘူးပေါ့..."
ထိုပြောင်းလဲမှုဖြစ်စဉ်ကို သိသိဖြင့် ထိုကောင်လေးသည် သူ့ကို ပြန်စနောက်လာတော့ နီစွေးတစ်ယောက် မျက်စောင်းလှလှသာ ထိုးလိုက်နိုင်သည်။ နှစ်ယောက်မှတစ်ယောက်တည်းအဖြစ် ပေါင်းသွားလေတော့မည့်အလား သူတို့၏ ခန္ဓာကိုယ်တို့သည် စည်းချက်ညီညာစွာဖြင့် လှုပ်ရှားသမှုပြုနေ၏။ Vincent ၏ လှုပ်ရှားမှုအဝဝသည် သူ့ကို နာကျင်မှုနှင့်သာယာမှု နှစ်မျိုးလုံးကိုပေးစွမ်းနိုင်သည်။
ငြိမ်နေရာမှ သူ့ကို ကောက်မလိုက်သည့် Vincent ကြောင့် သူတို့သည် ထိုင်လျက်သားအနေအထားသို့ မပြောင်းမလဲ ပြောင်းရွှေ့သွားလေ၏။ Vincent ၏ မျက်နှာက မချိုမချဉ်။ နီစွေး မျက်ခုံးများတွန့်ချိုးကာသာ ထိုကောင်လေး၏ အကြံကိုသိစွာဖြင့် သူ့ခန္ဓာကိုလှုပ်ရှားရလေသည်။ ငြိမ်သက်စွာဖြင့် သူ့ကို ကြည့်နေသည့် ကလေးစုတ်လေး၏ မျက်နှာသည် နီမြန်းလာတော့မှ သူ ကိုယ်ကိုကိုင်းညွှတ်ကာ ထိုကောင်လေးကို ခိုဖက်ပြီး...
"ငါ ပင်ပန်းလာပြီ..."
ညစ်ပတ်မှုတစ်ခုဖြစ်သည်ကို သိချိန်တွင် Vincent တစ်ယောက် နီစွေးကို အပြစ်ပေးရန်သာ ဆုံးဖြတ်လိုက်တော့သည်။
"ကျွန်တော်တော့ နီစွေးကို အပြစ်ပေးမိတော့မှာပဲ..."
"ဒီငယ်သားလေးက ကျေကျေနပ်နပ်ကြီး အပြစ်ဒဏ်ကို ခံယူကြောင်းပါ အရှင်မင်းမြတ်..."
သေတွင်းကိုတူးသည့် စကားကို နီစွေး ခပ်တည်တည်ပြောပြီး ဝင်ရောက်နယ်ချဲ့မှုက သူ့အတွင်းပိုင်းကို ပိုတိုးချဲ့လာတော့မှ သူ့ကိုယ်သူ ကျိန်ဆဲတော့သည်။ သေချာသည်က သူ ဒီညတော့ သတိလစ်သည်အထိ အပြစ်ပေးခံရလောက်သည်။
----------