ျမတ္နိုးေသာ္က အျကင္နာေဝ(မြတ်န...

By HsuChiKo365

3.4M 345K 16.9K

Colourful love Family Drama Unicode + Zawgyi More

About Story
အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပို္င္း ၇
A/N
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁၀
အပိုင္း၁၁
အပိုင္း ၁၂
အပိုင္း ၁၃
အပိုိင္း ၁၄
အပိုင္း ၁၅
အပုိင္း ၁၆
အပိုင္း ၁၇
အပိုင္း ၁၈
အပို္င္း ၁၉
အပို္င္း ၂၀-၁
အပိုင္း ၂၀-၂
အပိုင္း ၂၁
အပိုင္း ၂၂ - ၁
၂၂-၂
အပိုင္း ၂၃ - ၁
အပိုင္း ၂၃ - ၂
အပိုင္း ၂၄
အပိုင္း ၂၅
အပိုင္း ၂၆
အပိုင္း ၂၇
အပိုင္း ၂၈
အပိုင္း ၂၉
အပိုင္း ၃၀
အပိုင္း ၃၁
အပိုင္း ၃၂
အပိုင္း ၃၃
အပိုင္း ၃၄
အပိုင္း ၃၅
အပိုင္း ၃၆
အပိုင္း ၃၇
အပိုင္း ၃၈
အပိုင္း ၃၉
အပိုင္​း ၄၀
အပိုင္း ၄၀-၁
အပိုင္း ၄၁
အပိုင္း ၄၂
အပိုင္း ၄၃
အပိုင္း ၄၄
၄၄ -၂
အပိုင္း ၄၅
အပိုင္း ၄၆
အပိုင္း ၄၆ -၂
အပိုင္း ၄၇
အပိုင္​း ၄၈
အပိုင္း ၄၉
အပိုင္း ၅၀
အပိုင္း ၅၁
အပိုင္း ၅၂
A/N
အပိုင္​း ၅၄
အပိုင္း ၅၅
ဇာတ္သိမ္းပိုင္း
ဇာတ္သိမ္းပိုင္း(2nd version)
ေက်းဇူးတင္လႊာ
Bonus one
Bonus : Two
Bonus : Three
Bonus 4
Special

အပိုင္း ၅၃

39.3K 4.7K 154
By HsuChiKo365

၂၀၁၉ ၊ ေမ ၊ ရန္ကုန္

"အဆင္ေျပမွ ေျပပါ့မလား"

ေနာက္မွေန၍ ပခံုးႏွစ္ဖက္ကို ဆုပ္ကိုင္
အားေပးေတာ့ ေျကးမံုျပင္မွတစ္ဆင့္ ျပံဳး
ျပသည္။
လက္ေခ်ာင္းကေလးေတြသည္ သာမန္
ထက္ ပိုကာေအးစက္ေနရွာ၏။ ျကည္
ျကည္လင္လင္မ်က္ႏွာသည္ကား ပကတိ
မည္သည့္ အဖံုးအကာမွမရွိ။ ေအးခ်မ္း
သိမ္ေမြ႕လြန္းေနပါသည္။

"Ava က နားလည္မွာပါ။ သူ႔ကိို ကြ်န္
ေတာ္တို႔ ေမးႀကမယ္ေလ။ ကြ်န္ေတာ္
တို ႔ အေႀကာင္းလည္း သူ႔ကိုေသခ်ာေျပာ
ျပႀကတာေပါ့။ ေနာ္...အစ္ကုုိ ဘာေတြပဲ
ထပ္ျဖစ္လာလာ အစ္ကို႔ကို ကြ်န္ေတာ္
မထားခဲ့ဘူး။ တကယ္ အားလံုးနဲ႔လဲရ
မယ္ဆိုရင္ေတာင္..."

ေရခ်ိဳးျပီးစ ေမႊးပ်ံ႕ပ်ံ႕ကိုယ္ကုိ အေနာက္
မွေန၍ သိမ္းက်ံဳးဖက္ေပးျခင္းျဖင့္ အတူ
တူ အားတင္းရပါသည္။ ကြ်န္ေတာ့္လက္
ေမာင္းမ်ားကို ေနာက္ျပန္  ျပန္လည္ဖက္
တြယ္ ရင္းမွ ခပ္ဖြဖြႏွိပ္ေနပါေသး၏။
ဒီလို သိမ္သိမ့္ေမြ႔ေမြ႕အထိအေတြ႕ေလး
ေတြကပင္ သူ႔ကိုျမတ္နိုးမႈေရခ်ိန္မ်ားကို
တိုးေနေစျခင္းသာ။

ရွပ္အျဖဴကို ျကယ္သီးအျပည့္တပ္ဆင္
ကာ ဆင္ယင္လ်က္ စတိုင္ပင္အနက္
ေရာင္ႏွင့္သူသည္ ရိုးရွင္းစြာရွင္းသန္႔
သည္။ ဓာတ္ေလွကားမွ ဆိုက္
ေရာက္အသံထြက္လာေသာ အခါဆုပ္
ကိုင္ထားေသာ လက္တို႕ ပိုမိုယွက္ျဖာ
သြားျကသည္။ အမွန္ေတာ့...သူေရာ
ကြ်န္ေတာ္ပါ ေျကာက္ပါသည္။ ဘယ္လို
ပင္ ေတြးေတြး မအပ္မစက္ဟု ထင္ရေပ
မဲ့ ကြ်န္ေတာ့္ကို ကြ်န္ေတာ္လည္း အ
ျပည့္အဝ စိတ္ခ်၍မရ။ အခုခ်ိန္ကြ်န္ေတာ္
က သူနဲ႔ ပတ္သတ္ေသာ မွတ္ဥာဏ္မ်ား
သာ ျပန္ရေသးသူတစ္ေယာက္။ သူသည္
ကား ကြ်န္ေတာ့္၏ အေဖဆိုသည္ကိုပင္
မျမင္ဖူးလိုက္ရွာသူ။ ဒီေတာ့ ထုတ္မေျပာ
ေပမဲ့ ကြ်န္ေတာ္တို႔ႏွစ္ေယာက္လံုးစိုး
ေႀကာက္ပါသည္။ သနားစရာက သူက
ပိုေလ၏။ ဘာသာတရားကိုင္းရႈိင္းသည့္
သူသည္ သူတစ္ပါးမိသားစုကို ဖ်က္ဆီး
မိျပီလားဆိုသည့္ အေတြး၏ ေျခာက္လွန္႔
ျခင္း ကို တိတ္တဆိတ္ျငိမ္ခံေနရရွာ၏။

အရင္ ဘဲလ္တီးျကည့္ေသာ္လည္းတုံ႕ျပန္
သံ မျကားရ၍ ကိုယ္တိုင္ အခန္းထဲခ်ည္းနင္းေျခခ်ရေတာ့သည္။ ရွင္းလင္းေန
ေသာ ဧည့္ခန္း ၊ တိတ္ဆိတ္ေနေသာ
ပတ္ဝန္းက်င္ ႏွင့္ ေအးစက္ေနေသာ ေလ
ထုျကား မေန႔ညက ဝရန္ဒါတြင္ခင္းက်င္း
ခဲ့ေသာ ညလယ္စာက မယိုမယြင္း။
ဝိုင္နွင့္ တည္ခင္းထားေသာ ညစာစား
ပြဲကို သူျမင္သြားေသာ အခါ...
ကြ်န္ေတာ္စိုးရိမ္သလို ခံစားမႈေတြအစား
နားလည္အျပံဳးဟု ဆိုအပ္ေသာ အျပံဳး
ေအးေအးေလး တစ္ခုျဖင့္သာ တံု႕ျပန္၏။

"အစ္ကုိ..."

ရွင္းျပခ်င္ေနေသာ ကြ်န္ေတာ့္ကို မေျပာ
နဲ႔ ဟုသာ ေခါင္းခါျပရင္း

"Aiden ကိုပါ ေခၚသြားတယ္ ထင္တယ္။
ဖုန္းဆက္ျကည့္ပါဦး ေသာ္။ သားအမိႏွစ္
ေယာက္တည္း Avaက ဒီကလမ္းေတြ
လည္းမသိဘဲနဲ႔..."

ဟုသာ တစ္ဖန္ျပန္၍ စိုးရိမ္ဗ်ာဆူေနရွာ
ေသးသည္။

"ေခၚလို႕မရဘူး" ဟု အေျဖရေသာအခါ
သူသည္ ပို၍ ဆူေဝသည္။

"အေမ့ အိမ္ကိုမ်ားေရာက္ေနတာလား။
အငယ္...အငယ့္ ကို ဖုန္းေခၚျကည့္ပါဦး"

တိုက္ဆိုင္စြာပင္ သူေခၚဆိုလိုသူထံမွ
ဖုန္းဝင္လာေလသည္။

"အငယ္...မင္းတို႕ဆီ Ava ေရာက္ေနတာ
လား"

"အင္း ၊ ညကပဲ ကြ်န္ေတာ္လာေခၚလိုက္
တာ။ ကိုကိုျကီး နဲ႔ ကိုကို႔ ကို ေမေမက
ေတြ႔ပါရေစတဲ့...အခု ကိုကိုရွိေနလား"

အျပည့္အဝမဟုတ္ေတာင္ အနည္းငယ္
ျကားေနရ၍ ငဲ့ျကည့္ေသာ ကြ်န္ေတာ့္ကို
ျပန္၍ ေမာ့ျကည့္ေနသည္။

"အင္း... အငယ္။ ကိုယ္တို႕ လာခဲ့မယ္"

"အိမ္ကို မလာနဲ႔ေတာ့ ။ အခု ကြ်န္ေတာ္
message ပို႕လိုက္မယ္။ အဲ့ လိပ္စာ
အတိုင္း လိုက္ခဲ့လိုက္ျကေနာ္"

ပေဟဠိေတြ၏ အေျဖသည္ ေဝးလာသည္
လား ။ နီးေနျပီလား မေသခ်ာ။ အငယ္
ပို႔ေပးေသာ လိပ္စာအရ သန္လ်င္ထဲမွာ
ပင္။ ျမိဳ႕ထဲေတာ့ မဟုတ္။အေတာ္လွမ္း
သည္။

ေဘးတြင္ ျငိမ္သက္စြာ လိုက္ပါလာေသာသူ၏ လက္ကို မျကာခဏ ဆုပ္ညွစ္အား
ေပးေနရသည္။ လိပ္စာအရ ခ်ိဳးေကြ႔
လိုက္ေသာ လမ္းသည္ တိတ္တိတ္ဆိတ္
ဆိတ္ ။ စိမ္းစိမ္းစိုစိုုရွိေနေသာ ဝါးရံုေတာ
အလြန္တြင္ေတာ့ တစ္လံုးတည္း ရွိေန
ေသာ တိုက္ခံအိမ္ငယ္ေလးသည္ ျငိမ္
သက္လ်က္။ မက်ယ္မက်ဥ္းေသာ ေရွ႕
ျခံဝင္းထဲတြင္ ရွိေနသည္ကရင္းႏွီး
ေနေသာ ကားတစ္စီး။ တိတိက်က်ဆို
လွ်င္ ေမေမစီးတတ္ေသာ MarkII
အျဖဴေလး။

ကားသံျကား၍ထင္ ဦးေလးျကီးတစ္
ေယာက္ေျပးထြက္လာကာ တံခါးလာဖြင့္
ေပးသည္။ ကြ်န္ေတာ့္ကို ျမင္သည္ႏွင့္
တအံ့တႀသ ႀကည့္ေနသည္သာ မက
ႏႈတ္မွလည္း

"တကယ္ကို...သားငယ္လိုပဲ" ဟုထုတ္

ေဖာ္ေျပာရသည္အထိ အံ့ႀသဝမ္းသာဟန္
အျပည့္။

"လာ လာ သားျကီး။ မင္း ညီေလးကို
ျကည့္ပါဦးကြာ"

အားကိုးတျကီးဆြဲေခၚမႈသည္ အစ္ကိုနဲ႔
တြဲဆက္ထားမႈ ျပဳတ္သည္အထိ။

"သားေရာက္လာျပီလား"

ရွင္းရွင္းလင္းလင္းရွိေနေသာ ဧည့္ခန္း
က်ဥ္းထဲတြင္ ရွိေနသည္က ေမေမ ။
အငယ္ ႏွင့္ Ava တို႕ သားအမိ။ ထို႕
ေနာက္ အန္တီတစ္ေယာက္တြန္းလာ
ေသာ ဝွီးခ်ဲေပၚတြင္ေတာ့...

"ေသာ္..."

အေနာက္နားတြင္ ရပ္ေနေသာ အစ္ကို
သည္လည္းဝွီးခ်ဲေပၚမွ တစ္ေယာက္ကို
ျမင္သည္။ အာေမဋိတ္ဆန္ေသာ အသံလႈိင္းသည္ ထိတ္လန္႔မႈေျကာင့္
တုန္ယင္ယင္။
ကြ်န္ေတာ္သည္လည္း ရပ္ေနရာတြင္သာ
ေငးငိုင္လ်က္...
ဝွီးခ်ဲေပၚမွ တစ္ေယာက္သည္လည္း
ကြ်န္ေတာ့္ကို ေတြ႕ေသာအခါတြင္ေတာ့
ဝိုင္းစက္သြားေသာ မ်က္ဝန္းေတြနဲ႔အျပိဳင္
ႏႈတ္ခမ္းတို႕သည္လည္း လႈပ္ခတ္လာ၏။
သို႕ေသာ္ အသံသည္ကား မျဖစ္တည္နိုင္

"ဒါ ကိုကို႔ အမႊာညီေပါ့ ၊ ကြ်န္ေတာ့္အ
တြက္ဆို ကိုကိုေလး လို႕ ေျပာရမလား"

ဘုန္းတေခတ္ စကားကို ကြ်န္ေတာ္မတံု႕
ျပန္နိုင္။ ကြ်န္ေတာ့္၏ မွန္းဆခ်က္အတိုင္း
ျဖစ္ခဲ့တယ္ဆိုရင္ေတာင္ အခုအေျခအေန
က။ Ava ကို ျကည့္ေတာ့ Avaသည္
ဝွီးခ်ဲေအာက္တြင္ ထိုင္ရင္းမွ ထိုသူ၏
လက္ေခ်ာင္းမ်ားကို ဖ်စ္ညွစ္ဆုပ္ကိုင္
လ်က္မွ ေမာ့ျကည့္ျပံဳးျပေနသည္။

"သားျကီးကို ေတြ႔ရင္ေတာ့ သူ အေျခ
အေန ျပန္ေကာင္းမယ္လို႕ ေမေမေတြး
မိတယ္။ လာေလ သား"

အနားတိုးကပ္သြားေသာအခါ နီးကပ္လာ
ေလ ဝမ္းနည္းဆို႕နင့္မႈက ေနရာျပည့္
လာေလပင္။ ဝွီးခ်ဲေပၚမွေန၍ ကမ္းလင့္လာေသာ တုန္ယင္ယင္ လက္ေတြ။
ေနမထိေလမထိေနခဲ့ရသည္မွာ
ဘယ္ေလာက္ျကာေနျပီလဲ မသိ။သူသည္ ကြ်န္ေတာ့္ထက္ ျဖဴေလ်ာ့သည္။
ပို၍  နုနည္သည္။ ျပီးေနာက္ မ်ားစြာနူးညံ့သည္။
ေပြ႕ဖက္ျခင္းအတိျပီးေသာ အခါတြင္ကား
သူကစရသာအားကိုးတျကီးဖက္တြယ္
လ်က္ ရႈိက္ငိုရွာေလေတာ့၏။

ထိေတြ႔မႈျကားမွ ျဖစ္တည္လာေသာ ခ်ိတ္
ဆက္မႈေတြ။ သူသည္ ထုတ္ေဖာ္ေျပာ
နိုင္စြမ္း မရွိေသာ္လည္း သူ၏ ခံစားခ်က္၊
ပူပင္ေသာကႏွင့္ နာက်ဥ္းျခင္းေတြ
အကုန္ အကုန္ ကြ်န္ေတာ္ခံစားနားလည္
မိလိုက္သည္။ ဒီလိုဆက္ႏြယ္မႈမ်ိဳးေတြ
ႏွင့္ႏွစ္ေပါင္းမ်ားစြာ ရွင္သန္ခဲ့ရတာပါလား။ ကြ်န္ေတာ္ျမင္မက္ခဲ့ေသာ ထူးထူး
ဆန္းဆန္းအိပ္မက္ေတြ ။ အားစိုက္ထုတ္
စရာ သိပ္မလိုအပ္ဘဲ တတ္ေျမာက္လာ
ေသာ ပညာရပ္ေတြ ႏွင့္ လက္ရွိဘဝ
ထက္ မ်ားစြာျမင့္မားေသာ ရည္မွန္းခ်က္
ေတြ သည္ သူ႕ထံမွ ေရာက္လာျခင္းပင္။

"အင္း...အားလံုးအဆင္ေျပသြားမွာ ။
စိတ္မပူနဲ႔ေတာ့...ကိုယ္တို႕ရွိတယ္။ ငါ့ညီ
နားမွာ ကိုယ္တို႕ရွိေနျပီ"

ငိုရႈိက္သူ၏ ေက်ာျပင္ကို ျကင္နာစြာ
ပြတ္သပ္ေခ်ာ့ျမဴေနသူကို ျကည့္ရင္း
သက္ဆိုင္သူ ကိုယ္စီသည္လည္း ျကည္
ႏူးျခင္းမ်က္ရည္ေဝ့သီျကရွာေလသည္။

                        *

"Ava က Aidenေလးကို ကိုယ္ဝန္
ေဆာင္ထားရခ်ိန္ သားငယ္က
ေဆာက္လုပ္ေရးတစ္ခုမွာ အခ်ိန္ပိုင္းသြားလုပ္ခဲ့တဲ့ ဆိုက္မွာ ပစၥည္းတင္
တဲ့ lift ျပတ္က်တာ။ Liftေတြက
က်တာတယ္ဆိုတာမ်ိဳး မရွိသေလာက္
ရာခိုင္ႏႈန္းနည္းေပမဲ့...သားငယ္လုပ္တဲ့
ေဆာက္လုပ္ေရးထဲမွာ သူတို႕ ျပိဳင္ဖက္
ခ်င္း အတိုက္အခံကိစၥေတြရွိတယ္တဲ့။
အဲ့ ျကားထဲ ေမ့ သားငယ္ကဓားစာခံ
ျဖစ္သြားရွာတာ။ ၁၈မီတာ ေလာက္ကေနဆိုေတာ့ Halmetေဆာင္းထားလို႕သာ အသက္အႏၱရာယ္မရွိခဲ့တာ။ ဒါေပမဲ့ အခုလို အာရံုေႀကာေတြ ဆိုင္းသြားရွာတယ္
ဆရာဝန္ေတြေျပာပံုအရေတာ့...အရင္
ကတည္းက စိတ္ဖိစီးမႈေတြရွိေနတဲ့အခ်ိန္
မို႕..."

ေမေမသည္ ရွင္းျပရင္း ဆက္မေျပာနိုင္
ေတာ့ဟန္ျဖင့္ ပင့္သက္ရႈိက္ကာ ပူေဆြး
မႈကို ျဖိဳခ်သည္။ တေခတ္သည္ ေမ့အနားတြင္ကပ္ထိုင္ရင္း လက္ေမာင္းမ်ားကို
ဆုပ္ညွစ္လိုက္ ေက်ာျပင္ကို ပြတ္သပ္ေပး
လိုက္ျဖင့္ အားေပးသည္။

"သားျကီးကို မေတြ႔ခင္အထိ သားငယ္
အတြက္ ေမ ရင္ဆိုင္ေနရတာေတြအမ်ား
ျကီးပဲ။  အကယ္၍ အဲ့ႏွစ္အတြင္း သား
ငယ္သာ ျပန္ေကာင္းမလာခဲ့ရင္ သူ႔အေဖက သားငယ္အတြက္ထားခဲ့တဲ့ ရွယ္
ယာေတြကို သားအဘြားက သိမ္း
ပစ္မယ္ေျပာတာနဲ႔...
ဒီကေလးဒီလိုအေျခအေနျဖစ္ေနခ်ိန္
မွာ  ဘာမွမရွိလို႔မျဖစ္ဘူးေလ။
ေမ ေရွ႕တိုးမရ ေနာက္ဆုတ္မရျဖစ္ေန
ခ်ိန္ သားျကီးကို ေတြ႔တာ။
အဲ့ဒါနဲ႔  သားငယ္ကို ေဆးရံုကေန
ဆင္းခိုင္းျပီး ဒီကိုတိတ္တိတ္ေလးေခၚလာခဲ့ျပီးမွ သားငယ္ေနရာမွာ သားျကီးကို အစားထိုးလိုက္ရတာ။
ေမေလ...သားကို ေျပာျပမလို႕ပါပဲ။ ဒါ
ေပမဲ့...ေမ ေျပာဖို႕က...ဘယ္လိုမွ...
ေတာင္းပန္ပါတယ္။
ေမ ေျပာျပလိုက္ရင္ သား ေမ့နားက
ထြက္သြားမွာလည္းေျကာက္သလို မင္း
ညီေလးအတြက္ေရာ...ေမ...ေမေလ..."

ဒါက ကြ်န္ေတာ့္အတြက္ မတရားဘူးလား။ တရားလား။ ကြ်န္ေတာ္မစဥ္းစား
ခ်င္ေတာ့ပါ။
ကိုယ့္အေမပဲေလ။ ကိုယ္ေသသြား
ျပီ အထင္နဲ႔ တစ္သက္လံုးပူေဆြးေသာက
ေရာက္ေပးခဲ့တယ္လို႕ ျမင္တဲ့လူေတြ
က ေျပာျပခဲ့တာပဲ။

"ေမေမ သားျကီးကို ေတာင္းပန္ပါတယ္
ေမေမ့ ကိုခြင့္လႊတ္"

"မ ဟုတ္တာ ေမေမရာ...ရပါတယ္။ ကြ်န္
ေတာ္ အဆင္ေျပပါတယ္။ အခု ကြ်န္
ေတာ္ အဆင္ေျပေနတာပဲ"

ေဘးနားတြင္ တစ္ခြန္းတပါဒ ဝင္မေျပာ
ဘဲ ျငိမ္သိမ္စြာ ထိုင္ေနသူ၏ လက္ကို
တင္းတင္းဆုပ္ကိုင္ရင္းမွ ထိုစကားတို႕
ကို ဆိုေသာအခါ...ေမေမသည္ အစ္ကို႕
ကို ေငးပါ၏။  ထိုအခါတြင္ေတာ့
အစ္ကို သည္  ေမြးမိခင္ကို အားနာ
သည္ထင္။ ေခါင္းကို ပိုတိုး၍ငံု႕ေတာ့
သည္။ ဘာငံု႔စရာလိုပါသလဲေလ။

"ကြ်န္ေတာ္ အခုျဖစ္လာတာေတြအတြက္
ေမေမ့ ကိုလည္း အျပစ္မျမင္ပါဘူး။
တစ္ခုပဲ စိုးရိမ္တာ ကြ်န္ေတာ့္ေႀကာင့္
သူနာက်င္ရမွာကိုပဲ။ သူက ကြ်န္ေတာ့္
အတြက္ အေရးျကီးလို႕ အခု ေမေမတို႔
ေရွ႕ဆက္ျပီး ဘာေတြပဲ လုပ္လုပ္...ဒီ
အစ္ကို႔ကိုေတာ့ မထိခိုက္ေအာင္..."

"ေသာ္..."

မ်က္ရည္မ်ားႏွင့္ ေငးေျကာင္ျကည့္ေန
ေသာ ေမေမ့ထံ လွမ္းျကည့္ျပီး ကြ်န္
ေတာ္စကားမဆက္ရန္ လွမ္းဟန္႔သည္။
သူကတစ္ဖန္ အေမ့ကို အားနာျကီးေန
ဟန္။ ဘာကို အားနာေနတာလဲ။
သူက သူမ်ားသားကို လုယုထား
တာမွ မဟုတ္ဘဲ။ သူဆီကမွ ကြ်န္ေတာ့္ကို လုယူခံထားရတာေလ။ ဒီအျဖစ္မွန္ကို သူ ေမ့ေနတာလား။

ကြ်န္ေတာ့္ကို တစ္ခ်က္လွမ္းျကည့္ရံုနဲ႔
တင္ ကြ်န္ေတာ့္စိတ္ကို သေဘာေပါက္
နားလည္သည္က ဘုန္းတေခတ္ပင္။

"ရပါတယ္။ ေနာက္ပိုင္းကိစၥ အငယ္
ရွင္းေပးပါ့မယ္။ အငယ္ ရွင္းေနခ်ိန္
မွာသာ...အဓိက က ေမေမေပါ့။ ေမေမ့
သားေတြ အတြက္ ေမေမ ေတြးေပးဖို႕
ပဲ...ဒါေလးပဲ ေမေမ။ အငယ္တို႔အ
တြက္ပဲ ေတြးေပးျပီး လုပ္ေပးနုိင္မလား
ဟြန္ ေမေမ အဲ့လို လုပ္ေပးမွာမလား"

ဘုန္းတေခတ္သည္ အေမျဖစ္သူ နားသို႕တိုးကပ္ကာ  ယံုျကည္မႈကို စိတ္၏
ျပတင္းေပါက္မွတစ္ဆင့္ တည္ေဆာက္
ယူသည္။ တစ္အိမ္လံုးမွ ကေလးဟုသတ္
မွတ္လ်က္ သူကိုယ္တိုင္လည္းကေလး
တစ္ေယာက္လို ေနခဲ့သူထံတြင္
အေမျဖစ္သူကိုယ္တိုင္ မျမင္ေတြ႔ဖူးခဲ့
ေသာ အျပံဳးႏွင့္ အျကည့္တို႕ တည္မီွ
လ်က္ရွိေနေတာ့သည္။

Thank You All

(Unicode version)

/

/

/

၂၀၁၉ ၊ မေ ၊ ရန်ကုန်

"အဆင်ပြေမှ ပြေပါ့မလား"

နောက်မှနေ၍ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်
အားပေးတော့ ကြေးမုံပြင်မှတစ်ဆင့် ပြုံး
ပြသည်။
လက်ချောင်းကလေးတွေသည် သာမန်
ထက် ပိုကာအေးစက်နေရှာ၏။ ကြည်
ကြည်လင်လင်မျက်နှာသည်ကား ပကတိ
မည်သည့် အဖုံးအကာမှမရှိ။ အေးချမ်း
သိမ်မွေ့လွန်းနေပါသည်။

"Ava က နားလည်မှာပါ။ သူ့ကို ကျွန်
တော်တို့ မေးကြမယ်လေ။ ကျွန်တော်
တို့ အကြောင်းလည်း သူ့ကိုသေချာပြော
ပြကြတာပေါ့။ နော်...အစ်ကို ဘာတွေပဲ
ထပ်ဖြစ်လာလာ အစ်ကို့ကို ကျွန်တော်
မထားခဲ့ဘူး။ တကယ် အားလုံးနဲ့လဲရ
မယ်ဆိုရင်တောင်..."

ရေချိုးပြီးစ မွှေးပျံ့ပျံ့ကိုယ်ကို အနောက်
မှနေ၍ သိမ်းကျုံးဖက်ပေးခြင်းဖြင့် အတူ
တူ အားတင်းရပါသည်။ ကျွန်တော့်လက်
မောင်းများကို နောက်ပြန် ပြန်လည်ဖက်
တွယ် ရင်းမှ ခပ်ဖွဖွနှိပ်နေပါသေး၏။
ဒီလို သိမ်သိမ့်မွေ့မွေ့အထိအတွေ့လေး
တွေကပင် သူ့ကိုမြတ်နိုးမှုရေချိန်များကို
တိုးနေစေခြင်းသာ။

ရှပ်အဖြူကို ကြယ်သီးအပြည့်တပ်ဆင်
ကာ ဆင်ယင်လျက် စတိုင်ပင်အနက်
ရောင်နှင့်သူသည် ရိုးရှင်းစွာရှင်းသန့်
သည်။ ဓာတ်လှေကားမှ ဆိုက်
ရောက်အသံထွက်လာသော အခါဆုပ်
ကိုင်ထားသော လက်တို့ ပိုမိုယှက်ဖြာ
သွားကြသည်။ အမှန်တော့...သူရော
ကျွန်တော်ပါ ကြောက်ပါသည်။ ဘယ်လို
ပင် တွေးတွေး မအပ်မစက်ဟု ထင်ရပေ
မဲ့ ကျွန်တော့်ကို ကျွန်တော်လည်း အ
ပြည့်အဝ စိတ်ချ၍မရ။ အခုချိန်ကျွန်တော်
က သူနဲ့ ပတ်သတ်သော မှတ်ဉာဏ်များ
သာ ပြန်ရသေးသူတစ်ယောက်။ သူသည်
ကား ကျွန်တော့်၏ အဖေဆိုသည်ကိုပင်
မမြင်ဖူးလိုက်ရှာသူ။ ဒီတော့ ထုတ်မပြော
ပေမဲ့ ကျွန်တော်တို့နှစ်ယောက်လုံးစိုး
ကြောက်ပါသည်။ သနားစရာက သူက
ပိုလေ၏။ ဘာသာတရားကိုင်းရှိုင်းသည့်
သူသည် သူတစ်ပါးမိသားစုကို ဖျက်ဆီး
မိပြီလားဆိုသည့် အတွေး၏ ခြောက်လှန့်
ခြင်း ကို တိတ်တဆိတ်ငြိမ်ခံနေရရှာ၏။

အရင် ဘဲလ်တီးကြည့်သော်လည်းတုံ့ပြန်
သံ မကြားရ၍ ကိုယ်တိုင် အခန်းထဲချည်းနင်းခြေချရတော့သည်။ ရှင်းလင်းနေ
သော ဧည့်ခန်း ၊ တိတ်ဆိတ်နေသော
ပတ်ဝန်းကျင် နှင့် အေးစက်နေသော လေ
ထုကြား မနေ့ညက ဝရန်ဒါတွင်ခင်းကျင်း
ခဲ့သော ညလယ်စာက မယိုမယွင်း။
ဝိုင်နှင့် တည်ခင်းထားသော ညစာစား
ပွဲကို သူမြင်သွားသော အခါ...
ကျွန်တော်စိုးရိမ်သလို ခံစားမှုတွေအစား
နားလည်အပြုံးဟု ဆိုအပ်သော အပြုံး
အေးအေးလေး တစ်ခုဖြင့်သာ တုံ့ပြန်၏။

"အစ်ကို..."

ရှင်းပြချင်နေသော ကျွန်တော့်ကို မပြော
နဲ့ ဟုသာ ခေါင်းခါပြရင်း

"Aiden ကိုပါ ခေါ်သွားတယ် ထင်တယ်။
ဖုန်းဆက်ကြည့်ပါဦး သော်။ သားအမိနှစ်
ယောက်တည်း Avaက ဒီကလမ်းတွေ
လည်းမသိဘဲနဲ့..."

ဟုသာ တစ်ဖန်ပြန်၍ စိုးရိမ်ဗျာဆူနေရှာ
သေးသည်။

"ခေါ်လို့မရဘူး" ဟု အဖြေရသောအခါ
သူသည် ပို၍ ဆူဝေသည်။

"အမေ့ အိမ်ကိုများရောက်နေတာလား။
အငယ်...အငယ့် ကို ဖုန်းခေါ်ကြည့်ပါဦး"

တိုက်ဆိုင်စွာပင် သူခေါ်ဆိုလိုသူထံမှ
ဖုန်းဝင်လာလေသည်။

"အငယ်...မင်းတို့ဆီ Ava ရောက်နေတာ
လား"

"အင်း ၊ ညကပဲ ကျွန်တော်လာခေါ်လိုက်
တာ။ ကိုကိုကြီး နဲ့ ကိုကို့ ကို မေမေက
တွေ့ပါရစေတဲ့...အခု ကိုကိုရှိနေလား"

အပြည့်အဝမဟုတ်တောင် အနည်းငယ်
ကြားနေရ၍ ငဲ့ကြည့်သော ကျွန်တော့်ကို
ပြန်၍ မော့ကြည့်နေသည်။

"အင်း... အငယ်။ ကိုယ်တို့ လာခဲ့မယ်"

"အိမ်ကို မလာနဲ့တော့ ။ အခု ကျွန်တော်
message ပို့လိုက်မယ်။ အဲ့ လိပ်စာ
အတိုင်း လိုက်ခဲ့လိုက်ကြနော်"

ပဟေဠိတွေ၏ အဖြေသည် ဝေးလာသည်
လား ။ နီးနေပြီလား မသေချာ။ အငယ်
ပို့ပေးသော လိပ်စာအရ သန်လျင်ထဲမှာ
ပင်။ မြို့ထဲတော့ မဟုတ်။အတော်လှမ်း
သည်။

ဘေးတွင် ငြိမ်သက်စွာ လိုက်ပါလာသောသူ၏ လက်ကို မကြာခဏ ဆုပ်ညှစ်အား
ပေးနေရသည်။ လိပ်စာအရ ချိုးကွေ့
လိုက်သော လမ်းသည် တိတ်တိတ်ဆိတ်
ဆိတ် ။ စိမ်းစိမ်းစိုစိုရှိနေသော ဝါးရုံတော
အလွန်တွင်တော့ တစ်လုံးတည်း ရှိနေ
သော တိုက်ခံအိမ်ငယ်လေးသည် ငြိမ်
သက်လျက်။ မကျယ်မကျဉ်းသော ရှေ့
ခြံဝင်းထဲတွင် ရှိနေသည်ကရင်းနှီး
နေသော ကားတစ်စီး။ တိတိကျကျဆို
လျှင် မေမေစီးတတ်သော MarkII
အဖြူလေး။

ကားသံကြား၍ထင် ဦးလေးကြီးတစ်
ယောက်ပြေးထွက်လာကာ တံခါးလာဖွင့်
ပေးသည်။ ကျွန်တော့်ကို မြင်သည်နှင့်
တအံ့တသြ ကြည့်နေသည်သာ မက
နှုတ်မှလည်း

"တကယ်ကို...သားငယ်လိုပဲ" ဟုထုတ်

ဖော်ပြောရသည်အထိ အံ့သြဝမ်းသာဟန်
အပြည့်။

"လာ လာ သားကြီး။ မင်း ညီလေးကို
ကြည့်ပါဦးကွာ"

အားကိုးတကြီးဆွဲခေါ်မှုသည် အစ်ကိုနဲ့
တွဲဆက်ထားမှု ပြုတ်သည်အထိ။

"သားရောက်လာပြီလား"

ရှင်းရှင်းလင်းလင်းရှိနေသော ဧည့်ခန်း
ကျဉ်းထဲတွင် ရှိနေသည်က မေမေ ။
အငယ် နှင့် Ava တို့ သားအမိ။ ထို့
နောက် အန်တီတစ်ယောက်တွန်းလာ
သော ဝှီးချဲပေါ်တွင်တော့...

"သော်..."

အနောက်နားတွင် ရပ်နေသော အစ်ကို
သည်လည်းဝှီးချဲပေါ်မှ တစ်ယောက်ကို
မြင်သည်။ အာမေဋိတ်ဆန်သော အသံလှိုင်းသည် ထိတ်လန့်မှုကြောင့်
တုန်ယင်ယင်။
ကျွန်တော်သည်လည်း ရပ်နေရာတွင်သာ
ငေးငိုင်လျက်...
ဝှီးချဲပေါ်မှ တစ်ယောက်သည်လည်း
ကျွန်တော့်ကို တွေ့သောအခါတွင်တော့
ဝိုင်းစက်သွားသော မျက်ဝန်းတွေနဲ့အပြိုင်
နှုတ်ခမ်းတို့သည်လည်း လှုပ်ခတ်လာ၏။
သို့သော် အသံသည်ကား မဖြစ်တည်နိုင်

"ဒါ ကိုကို့ အမွှာညီပေါ့ ၊ ကျွန်တော့်အ
တွက်ဆို ကိုကိုလေး လို့ ပြောရမလား"

ဘုန်းတခေတ် စကားကို ကျွန်တော်မတုံ့
ပြန်နိုင်။ ကျွန်တော့်၏ မှန်းဆချက်အတိုင်း
ဖြစ်ခဲ့တယ်ဆိုရင်တောင် အခုအခြေအနေ
က။ Ava ကို ကြည့်တော့ Avaသည်
ဝှီးချဲအောက်တွင် ထိုင်ရင်းမှ ထိုသူ၏
လက်ချောင်းများကို ဖျစ်ညှစ်ဆုပ်ကိုင်
လျက်မှ မော့ကြည့်ပြုံးပြနေသည်။

"သားကြီးကို တွေ့ရင်တော့ သူ အခြေ
အနေ ပြန်ကောင်းမယ်လို့ မေမေတွေး
မိတယ်။ လာလေ သား"

အနားတိုးကပ်သွားသောအခါ နီးကပ်လာ
လေ ဝမ်းနည်းဆို့နင့်မှုက နေရာပြည့်
လာလေပင်။ ဝှီးချဲပေါ်မှနေ၍ ကမ်းလင့်လာသော တုန်ယင်ယင် လက်တွေ။
နေမထိလေမထိနေခဲ့ရသည်မှာ
ဘယ်လောက်ကြာနေပြီလဲ မသိ။သူသည် ကျွန်တော့်ထက် ဖြူလျော့သည်။
ပို၍ နုနည်သည်။ ပြီးနောက် များစွာနူးညံ့သည်။
ပွေ့ဖက်ခြင်းအတိပြီးသော အခါတွင်ကား
သူကစရသာအားကိုးတကြီးဖက်တွယ်
လျက် ရှိုက်ငိုရှာလေတော့၏။

ထိတွေ့မှုကြားမှ ဖြစ်တည်လာသော ချိတ်
ဆက်မှုတွေ။ သူသည် ထုတ်ဖော်ပြော
နိုင်စွမ်း မရှိသော်လည်း သူ၏ ခံစားချက်၊
ပူပင်သောကနှင့် နာကျဉ်းခြင်းတွေ
အကုန် အကုန် ကျွန်တော်ခံစားနားလည်
မိလိုက်သည်။ ဒီလိုဆက်နွယ်မှုမျိုးတွေ
နှင့်နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ရတာပါလား။ ကျွန်တော်မြင်မက်ခဲ့သော ထူးထူး
ဆန်းဆန်းအိပ်မက်တွေ ။ အားစိုက်ထုတ်
စရာ သိပ်မလိုအပ်ဘဲ တတ်မြောက်လာ
သော ပညာရပ်တွေ နှင့် လက်ရှိဘဝ
ထက် များစွာမြင့်မားသော ရည်မှန်းချက်
တွေ သည် သူ့ထံမှ ရောက်လာခြင်းပင်။

"အင်း...အားလုံးအဆင်ပြေသွားမှာ ။
စိတ်မပူနဲ့တော့...ကိုယ်တို့ရှိတယ်။ ငါ့ညီ
နားမှာ ကိုယ်တို့ရှိနေပြီ"

ငိုရှိုက်သူ၏ ကျောပြင်ကို ကြင်နာစွာ
ပွတ်သပ်ချော့မြူနေသူကို ကြည့်ရင်း
သက်ဆိုင်သူ ကိုယ်စီသည်လည်း ကြည်
နူးခြင်းမျက်ရည်ဝေ့သီကြရှာလေသည်။

*

"Ava က Aidenလေးကို ကိုယ်ဝန်
ဆောင်ထားရချိန် သားငယ်က
ဆောက်လုပ်ရေးတစ်ခုမှာ အချိန်ပိုင်းသွားလုပ်ခဲ့တဲ့ ဆိုက်မှာ ပစ္စည်းတင်
တဲ့ lift ပြတ်ကျတာ။ Liftတွေက
ကျတာတယ်ဆိုတာမျိုး မရှိသလောက်
ရာခိုင်နှုန်းနည်းပေမဲ့...သားငယ်လုပ်တဲ့
ဆောက်လုပ်ရေးထဲမှာ သူတို့ ပြိုင်ဖက်
ချင်း အတိုက်အခံကိစ္စတွေရှိတယ်တဲ့။
အဲ့ ကြားထဲ မေ့ သားငယ်ကဓားစာခံ
ဖြစ်သွားရှာတာ။ ၁၈မီတာ လောက်ကနေဆိုတော့ Halmetဆောင်းထားလို့သာ အသက်အန္တရာယ်မရှိခဲ့တာ။ ဒါပေမဲ့ အခုလို အာရုံကြောတွေ ဆိုင်းသွားရှာတယ်
ဆရာဝန်တွေပြောပုံအရတော့...အရင်
ကတည်းက စိတ်ဖိစီးမှုတွေရှိနေတဲ့အချိန်
မို့..."

မေမေသည် ရှင်းပြရင်း ဆက်မပြောနိုင်
တော့ဟန်ဖြင့် ပင့်သက်ရှိုက်ကာ ပူဆွေး
မှုကို ဖြိုချသည်။ တခေတ်သည် မေ့အနားတွင်ကပ်ထိုင်ရင်း လက်မောင်းများကို
ဆုပ်ညှစ်လိုက် ကျောပြင်ကို ပွတ်သပ်ပေး
လိုက်ဖြင့် အားပေးသည်။

"သားကြီးကို မတွေ့ခင်အထိ သားငယ်
အတွက် မေ ရင်ဆိုင်နေရတာတွေအများ
ကြီးပဲ။ အကယ်၍ အဲ့နှစ်အတွင်း သား
ငယ်သာ ပြန်ကောင်းမလာခဲ့ရင် သူ့အဖေက သားငယ်အတွက်ထားခဲ့တဲ့ ရှယ်
ယာတွေကို သားအဘွားက သိမ်း
ပစ်မယ်ပြောတာနဲ့...
ဒီကလေးဒီလိုအခြေအနေဖြစ်နေချိန်
မှာ ဘာမှမရှိလို့မဖြစ်ဘူးလေ။
မေ ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေ
ချိန် သားကြီးကို တွေ့တာ။
အဲ့ဒါနဲ့ သားငယ်ကို ဆေးရုံကနေ
ဆင်းခိုင်းပြီး ဒီကိုတိတ်တိတ်လေးခေါ်လာခဲ့ပြီးမှ သားငယ်နေရာမှာ သားကြီးကို အစားထိုးလိုက်ရတာ။
မေလေ...သားကို ပြောပြမလို့ပါပဲ။ ဒါ
ပေမဲ့...မေ ပြောဖို့က...ဘယ်လိုမှ...
တောင်းပန်ပါတယ်။
မေ ပြောပြလိုက်ရင် သား မေ့နားက
ထွက်သွားမှာလည်းကြောက်သလို မင်း
ညီလေးအတွက်ရော...မေ...မေလေ..."

ဒါက ကျွန်တော့်အတွက် မတရားဘူးလား။ တရားလား။ ကျွန်တော်မစဉ်းစား
ချင်တော့ပါ။
ကိုယ့်အမေပဲလေ။ ကိုယ်သေသွား
ပြီ အထင်နဲ့ တစ်သက်လုံးပူဆွေးသောက
ရောက်ပေးခဲ့တယ်လို့ မြင်တဲ့လူတွေ
က ပြောပြခဲ့တာပဲ။

"မေမေ သားကြီးကို တောင်းပန်ပါတယ်
မေမေ့ ကိုခွင့်လွှတ်"

"မ ဟုတ်တာ မေမေရာ...ရပါတယ်။ ကျွန်
တော် အဆင်ပြေပါတယ်။ အခု ကျွန်
တော် အဆင်ပြေနေတာပဲ"

ဘေးနားတွင် တစ်ခွန်းတပါဒ ဝင်မပြော
ဘဲ ငြိမ်သိမ်စွာ ထိုင်နေသူ၏ လက်ကို
တင်းတင်းဆုပ်ကိုင်ရင်းမှ ထိုစကားတို့
ကို ဆိုသောအခါ...မေမေသည် အစ်ကို့
ကို ငေးပါ၏။ ထိုအခါတွင်တော့
အစ်ကို သည် မွေးမိခင်ကို အားနာ
သည်ထင်။ ခေါင်းကို ပိုတိုး၍ငုံ့တော့
သည်။ ဘာငုံ့စရာလိုပါသလဲလေ။

"ကျွန်တော် အခုဖြစ်လာတာတွေအတွက်
မေမေ့ ကိုလည်း အပြစ်မမြင်ပါဘူး။
တစ်ခုပဲ စိုးရိမ်တာ ကျွန်တော့်ကြောင့်
သူနာကျင်ရမှာကိုပဲ။ သူက ကျွန်တော့်
အတွက် အရေးကြီးလို့ အခု မေမေတို့
ရှေ့ဆက်ပြီး ဘာတွေပဲ လုပ်လုပ်...ဒီ
အစ်ကို့ကိုတော့ မထိခိုက်အောင်..."

"သော်..."

မျက်ရည်များနှင့် ငေးကြောင်ကြည့်နေ
သော မေမေ့ထံ လှမ်းကြည့်ပြီး ကျွန်
တော်စကားမဆက်ရန် လှမ်းဟန့်သည်။
သူကတစ်ဖန် အမေ့ကို အားနာကြီးနေ
ဟန်။ ဘာကို အားနာနေတာလဲ။
သူက သူများသားကို လုယုထား
တာမှ မဟုတ်ဘဲ။ သူဆီကမှ ကျွန်တော့်ကို လုယူခံထားရတာလေ။ ဒီအဖြစ်မှန်ကို သူ မေ့နေတာလား။

ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ရုံနဲ့
တင် ကျွန်တော့်စိတ်ကို သဘောပေါက်
နားလည်သည်က ဘုန်းတခေတ်ပင်။

"ရပါတယ်။ နောက်ပိုင်းကိစ္စ အငယ်
ရှင်းပေးပါ့မယ်။ အငယ် ရှင်းနေချိန်
မှာသာ...အဓိက က မေမေပေါ့။ မေမေ့
သားတွေ အတွက် မေမေ တွေးပေးဖို့
ပဲ...ဒါလေးပဲ မေမေ။ အငယ်တို့အ
တွက်ပဲ တွေးပေးပြီး လုပ်ပေးနိုင်မလား
ဟွန် မေမေ အဲ့လို လုပ်ပေးမှာမလား"

ဘုန်းတခေတ်သည် အမေဖြစ်သူ နားသို့တိုးကပ်ကာ ယုံကြည်မှုကို စိတ်၏
ပြတင်းပေါက်မှတစ်ဆင့် တည်ဆောက်
ယူသည်။ တစ်အိမ်လုံးမှ ကလေးဟုသတ်
မှတ်လျက် သူကိုယ်တိုင်လည်းကလေး
တစ်ယောက်လို နေခဲ့သူထံတွင်
အမေဖြစ်သူကိုယ်တိုင် မမြင်တွေ့ဖူးခဲ့
သော အပြုံးနှင့် အကြည့်တို့ တည်မှီ
လျက်ရှိနေတော့သည်။

Thank You All

Continue Reading

You'll Also Like

398K 38.5K 117
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...