ကြင်ယာတော် "မို့ရန်"

By Iris-Lily

398K 42.7K 1.6K

အချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
:(
အပိုင်း (၁၃)
အခန်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
:D
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အသိပေးအကြောင်းကြားခြင်း
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၉)
အပိုင်း (၅၀)
အပိုင်း (၅၁)
အပိုင်း (၅၂)
အပိုင်း (၅၃)
အပိုင်း (၅၄)
အပိုင်း (၅၅)
အပိုင်း (၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉)
အပိုင်း (၆၀)
အပိုင်း (၆၁)
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း (၆၇)
အပိုင်း (၆၈)
အပိုင်း (၆၉)
အပိုင်း (၇၀)
အပိုင်း (၇၁)
အပိုင်း (၇၂)
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)

အပိုင်း (၄၈)

3.6K 468 29
By Iris-Lily






"ညီလေးရိန်း… ငါတို့မင်းအပေါ် ကျေးဇူးကြွေးတင်သွားပြီ…"

"ဟမ်… ဘာကိုဆိုလိုတာလဲ အကိုကြီးဖူ…"

"မင်းကြောင့် ငါတို့ကောင်းကောင်းမွန်မွန် နေရတယ်လေ…"

"အာ… ဒါက မပြောပလောက်တဲ့ဟာပါဗျာ… ဒီလူအချင်းချင်း… မလိုပါဘူး…"

"ငါတို့လွတ်ရင် မင်းကို အသေအချာပြုစုမယ်…"

"ငါ့ညီမလေးက အချက်အပြုတ်လည်းတော်တယ်… လှလည်း လှတယ်… မင်းလိုချင်လား ညီလေး…"

"ဟာ… တော်ကြပါဗျာ… ဒီအကြောင်းဆက်ပြောရင် ထွက်သွားတော့မယ်…"

အစ်ကိုငါးက ပြောလို့မရ။ အတည်တကျ လုပ်တတ်သည့်အတွက် သူမ ယောင်လို့ ခေါင်းမညိတ်ရဲ။ တကယ်ပေးစားမှဖြင့် မိန်းကလေးက နစ်နာနေဦးမည်။ ကိုယ်က ကိုယ့်အကြောင်းနဲ့ ကိုယ် မဟုတ်လား။ ဆွေးနွေးပွဲကို လမ်းကြောင်းပြောင်းလိုက်သည်။

"အစ်ကိုကြီးတို့… ကျနော် သိချင်တာတစ်ခုရှိလို့…"

"ဘာများတုန်းဟ…"

"ကျားခေါင်းပုံတံဆိပ်နဲ့ လက်နက်ပစ္စည်းတွေ တွေ့ဖူးကြလား… ဒီလိုမျိုးလေ…"

ရေနွေးခွက်မှ ရေကို လက်ဖြင့်တို့လိုက်ပြီး စားပွဲပေါ်တွင် ကျားခေါင်းရုပ်ပုံ ဆွဲပြသည်။ အားလုံးက သူမဆွဲပြသည်ကို အသေအချာကြည့်ပြီးနောက်

"ဒါ… ပါရှန်းပြည်နယ်ကနဲ့ တူတယ်… ငါ အမှတ်မမှားဘူးဆိုရင်… ကြေးစားဂိုဏ်းတစ်ဖွဲ့ရဲ့ တံဆိပ်ပဲ…"

"ကြေးစားအဖွဲ့… သူတို့က ဘယ်လိုမျိုးလဲ…"

"အဖွဲ့ကြီးလား…"

"အဖွဲ့ကြီးလား… ငယ်လားတော့ မသိဘူး… သူတို့အဖွဲ့ကို ငှားပြီး လူသတ်ခိုင်းရင်… အလုပ်မအောင်မခြင်း သတ်မှတ်ထားတဲ့ အဖိုးခကို မယူဘူးလို့ နာမည်ကြီးတယ်… အဖွဲ့နာမည်က အတည်တကျမရှိဘူး… ကျားခေါင်းတံဆိပ်ကိုပဲ စွဲပြီး ကျားခေါင်းအဖွဲ့လို့ ငါတို့ လွယ်လွယ်ပဲ ခေါ်ကြတယ်…"

"နေပါဦး… ညီလေးရိန်း… မင်းက ဒါကို ဘယ်ကကြားလို့ မေးတာလဲ…"

"ကျနော်တို့အဖွဲ့ကို မှားဖမ်းလာတာ သူတို့ကြောင့်…"

"ဟင်… သူတို့က ဘယ်လိုလုပ်ပြီး…"

"ငါတို့အဖွဲ့သေးသေးလေးကို… ရန်ငြိုးမှ မရှိတာ…"

"ရန်ငြိုးမရှိပေမယ့်…. ကျနော်တို့က ထိုးကျွေးခံလိုက်ရတာလေ…"

"ငါတို့ လက်တုံ့ပြန်ဖို့တော့ မဖြစ်နိုင်ဘူးနော်…"

"အဲ့ဒီလို မလုပ်ပါဘူး… ကြည့်ရတာ ကျွဲနှစ်ကောင်ခတ်ကြတဲ့ကြားက မြေစာပင်ဖြစ်ခဲ့တာပဲ… ထားလိုက်ပါတော့… အချိန်လင့်နေပြီ… ကျနော်သွားတော့မယ်…"

မို့ရန် သူမတို့ တိတ်တဆိတ် ဆုံတွေ့ကြသည့် နေရာမှ ထွက်ခဲ့ပြီး အိပ်ဆောင်ဆီ ပြန်သွားသည်။ အခန်းရှေ့မရောက်ခင်မှာပင် မြင်ရသည့်မြင်ကွင်းကြောင့် သူမ မျက်လုံးကို မယုံနိုင်ဖြစ်သဖြင့် မျက်လုံးကို ပွတ်ပြီး ပြန်ကြည့်သည်။

အိုက်ယား… ဒုက္ခပဲ… စစ်သူကြီးက ဘယ်လိုလုပ်ပြီး င့ါအဆောင်ရှေ့ ရောက်နေတာလဲ… ဘယ်လိုလုပ်ရပါ့…!!!

သူမ တွေဝေနေဆဲမှာပင်

"မင်း… ဒီအချိန်ကြီး ဘယ်သွားနေတာလဲ…"

"စစ်သူကြီးကရော… ဘာအကြောင်းကြောင့်များ… ကျနော့်အိပ်ဆောင်ရှေ့ လာရပ်နေရတာလဲ… အကြောင်းရင်း သိပါရစေ…"

"မင်းကို ဘယ်သူက မေးခွင့်ပြုထားလဲ…"

မို့ရန် ပါးစပ်ပိတ်ကာပင် စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။

သြဇာသီးကောင်… ဘူးရှစ်ပဲ…!!

"ကျနော်က ရေအိမ်သွားပြီး ပြန်လာတာပါ… စစ်သူကြီးက ဘာများ အလိုရှိလို့ပါလဲ…"

"မင်း… င့ါနောက်လိုက်ခဲ့…"

မို့ရန် ဆက်မပြောတော့ဘဲ ဟွာရှန့်ခေါ်ရာနောက် လိုက်ခဲ့သည်။ မြင်းက ကဆုန်ဆိုင်း ပြေးလွှားနေသလို သူမစိတ်လည်း အတော်ရှုပ်ထွေးနေသည်။ သုံးနာရီ နီးပါးမျှကြာလာသည်အထိ တစ်ဦးကိုတစ်ဦး စကားတစ်ခွန်းမှ မပြောဘဲ နေတာကြာလာတော့ စိတ်ထဲတမျိုးတမည်ပင်။ လင်းကြက်တွန်သည့် အချိန်ရောက်မှ သူမတို့ အိမ်ဝန်းရှေ့တစ်ခုတွင် ရပ်နားသည်။ အစောင့်ကောင်လေးက အိမ်ထဲပြေးဝင်သွားပြီး တစ်အောင့်မျှအကြာတွင် ပိန်ပိန်ပါးပါးလူတစ်ဦး အမြန်ရောက်လာကာ

"စစ်သူကြီး… အထဲကြွပါ… ကျနော် နားနေဆောင်လိုက်ပြပါ့မယ်…"

ဟွာရှန့် ခေါင်းသာ ညိတ်ပြပြီး ထိုသူနေရာချပေးသည့် အခန်းတွင် အနားယူသည်။ မို့ရန်လည်း သူမအတွက် နေရာရသည့် အခန်းတွင် ခဏမျှ အနားယူပြီးနောက် မနက်မိုးစင်စင်လင်းသည်နှင့် ဟွာရှန့်နှင့် သူဌေးဝမ်ဆိုသောသူတို့၏ စကားဝိုင်းဘေးတွင်ထိုင်ကာ လာချပေးသည့် စားစရာတို့ကိုသာ မဲပြီး စားသောက်နေ၏။ ခဏနေတော့ သူတို့နှစ်ဦး ဥယျာဉ်ဘက်သို့ လမ်းလျှောက်ထွက်သွားကြသည်။ သူမလိုက်စရာ မလိုသောကြောင့် နားနေဆောင်တွင်သာ ပြန်နားနေတော့သည်။

"စစ်သူကြီး… ဒီမှာပါ.."

သူဌေးဝမ် ကမ်းပေးလာသည့် စာရွက်အပိုင်းအစကို ယူကြည့်ရင်း

"နဂါးလက်စွပ်အပြင် မီးငှက်လက်စွပ်ပါ ရှိတာလား…"

"ဟုတ်ပါတယ် စစ်သူကြီး… ဒီလက်စွပ်တွေဟာ မောင်နှံလက်စွပ်ပါ… ပိုင်ရှင်မဟုတ်တဲ့သူ ဝတ်လို့ မရပါဘူး… စစ်သူကြီး ရှာလို့ရအောင်ပါ…"

"မောင်နှံလက်စွပ်… ဟန့်…"

မခိုးမခန့်ရယ်သံက လှောင်နေသလိုလိုပင်။ သူဌေးဝမ်က ဟွာရှန့် ဘာကြောင့် လှောင်သလဲဆိုတာ သိသည်။ မီးငှက်ရွေးချယ်ထားသည့်သူက စစ်သူကြီးရဲ့ ချစ်လှစွာသော သေဆုံးသွားသည့် မိန်းကလေးဖန်းယဲ့ မဟုတ်ပါလား။ စစ်သူကြီးမျက်လုံးကနေတဆင့် စက္ကန့်ပိုင်းမျှသာ မြင်ရသည့် မဖော်ပြနိုင်သည့် နက်ရှိုင်းလွန်းသော သံယောဇဉ်တို့က ထိုမိန်းကလေးနေရာကို ဘယ်အရာမှ အစားထိုးနိုင်မည့်ပုံ မပေါ်။

"ပြီးတော့ လျှောက်တင်စရာ ရှိပါသေးတယ်…"

"ပြောပါ… သူဌေးဝမ်…"

သူဌေးဝမ်က ဟွာရှန့်နား ကပ်သွားပြီး လေသံကိုနှိမ့်ကာ

"နဂါးလက်စွပ်က… စစ်သူကြီးရဲ့ မွေးမယ်တော်အုတ်ဂူနားမှာလို့ သတင်းစုံစမ်းရပါတယ်…"

"ဒါဆို…. မြို့တော်ကို ပြန်ရဖို့ အကြောင်းဖန်လာတာပဲ… ကျနော်တော့ ကျေးဇူးကြွေးတင်သွားပြီ…"

"မခံယူဝံ့ပါဘူး… စစ်သူကြီး…"

--------------------------------------------------------


အပြန်လမ်းတစ်လျှောက်လုံး သူ မတင်မကျဖြစ်နေသော ကိစ္စသည် မို့ရန် စမ်းချောင်းဘေးနားတွင် လက်အိတ်ချွတ်ပြီး ခြေလက်ဆေးနေသည်ကို အမှတ်မထင် ကြည့်မိရာမှ အဖြေပေါ်သွားသည်။ မီးငှက်လက်စွပ်ကို သူ မြင်ဖူးသယောင်ယောင်ရှိနေသည်မှာ ဒါ့ကြောင့်ကိုး။ ရိန်းက လက်ဆစ်တစ်ဆစ်ခန့်ဖုံးသော လက်အိတ်ကို အမြဲလိုလို ဝတ်ဆင်ထားသည့်အတွက် လက်စွပ်ရှိနေမှန်း သူ သတိမထားမိခြင်း ဖြစ်လိမ့်မည်။ ထိုလက်ကို ဖြတ်ကနဲ ဖမ်းဆွဲပြီး လက်စွပ်ကို သေချာကြည့်သည်။

"ခင်ဗျား ဘာလုပ်တာလဲ…"

မို့ရန် အတင်းရုန်းနေသော်လည်း လက်က ပြုတ်တူဖြင့် ညှပ်ထားသည့်အလား။ နည်းနည်းမှ မရွေ့လာဘဲ ပိုပြီးသာ နာလာသည်။ ဟွာရှန့် လက်စွပ်ကို ကြည့်လို့ပြီးမှ လွှတ်ပေးလိုက်သည်။ မို့ရန် နာကျင်သွားသည့် လက်ကောက်ဝတ်ကို အသာပွတ်ကာ

"စစ်သူကြီး.. လက်စွပ်ကို ကြည့်ချင်တယ်ပြောလည်း ရတာပဲကို…"

"မင်း.. ဒီလက်စွပ်ကို ဘယ်ကရလာတာလဲ…"

"ဟမ်… ကောက်ရထားတာ…"

သူမကို မယုံသင်္ကာကြည့်နေသော အကြည့်တို့ကြောင့်

"တကယ်ပြောတာပါ စစ်သူကြီး… ကျနော် ဒီလက်စွပ်ကို ကောက်ရတာ… ဝတ်ပြီးကတည်းက ပြန်ချွတ်လို့ မရတော့လို့ ဒီအတိုင်း ထားလိုက်တော့တာ.. တကယ်.. တကယ်.."

လက်စွပ်ကို ဆွဲချွတ်ပြသည်။ ဘယ်ဘက်လက်သူကြွယ်တစ်ချောင်းလုံး နီရဲလာသည်။

"တွေ့လား…"

ဟွာရှန့်က မပြောမဆိုပင် သူ့ရှေ့ ထိုးပြနေသော လက်ချောင်းလေးအား ဆွဲယူပြီး လက်စွပ်ကို ချွတ်ကြည့်သည်။ ထူးဆန်းစွာပဲ လက်စွပ်က လျောလျောရှူရှူ ကျွတ်သွားလေသည်။ အသေအချာ လှည့်ပတ်ကြည့်နေရင်းကနေ အမျိုးအမည်မသိသော အားအင်တစ်ခုက သူ့ကို ခံစားချက်တစ်ခု တွန်းအားပေးနေသည်။ မီးငှက်လက်စွပ် အစစ်အမှန်ပင်တည်း။ မီးငှက်၏ အပူစွမ်းအင်အချို့ကို သူ ခံစားလို့ရနေသည်။ ရိန်းက လက်စွပ်ပိုင်ရှင် အစစ်ပဲလား။  ဒါဆို သူတွေ့ခဲ့သည့် ကျောတွင်မီးငှက်ရုပ်ရှိသည့် အမျိုးသမီးကရော.. ဘယ်သူလဲ။ အတွေးပေါင်း မြောက်များစွာ ဖြစ်ပေါ်လာပြီး ရိန်းကို ကြည့်မိသည်။ သူထိုင်နေသည့် ကျောက်တုံးနားတွင် မျက်လုံးအပြူးသားနှင့် လက်စွပ်ကိုတလှည့် သူ့ကိုတလှည့် ကြည့်နေသော မို့ရန်က

အဲ့.. ဘယ်လိုလုပ်ပြီး… ဒီလက်စွပ်က သူချွတ်တော့ ရတယ်… င့ါကျတော့… မရဘူး… ဘာလားပဲ…!!















Continue Reading

You'll Also Like

76.9K 6.9K 60
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
1.5M 183K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
84.8K 6.8K 144
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
95.4K 12K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...