၂၀၁၉ ၊ ေမ ၊ သန္လ်င္
ႏွစ္ခ်ီကာ သိုဝွက္သိမ္းဆည္းထားခဲ့
ရေသာ အစိုင္
အခဲတို႕ကို ပုလဲသြယ္တန္းမ်ားအျဖစ္
အသြင္ေျပာင္းျပီးသည့္ေနာက္ သူသည္
လည္း ရင္ခြင္ထဲေပ်ာ့ေခြက်သည္။
ကြ်န္ေတာ့္၏ ျဖဴပါးလ်လ်အဝတ္ရုပ္ေပ်ာ့
ေလးကို သူ၏ တစ္ပင္တိုင္ အိပ္ေဆာင္
ဆီသို႕ ေပြ႕ခ်ီယူငင္ေပးရသည္။ ရုန္းကန္
ျငင္းဆိုျခင္း ဥႆံု။ ကြ်န္ေတာ့္ အက်ီ ၤကိုသာ လြတ္ထြက္သြားမည္စိုးသည့္အလား
တင္းတင္းဆုပ္ကိုင္လ်က္သာ လိုက္ပါရွာ
၏။
ေမြးလ်လ်ျဖစ္ေနေသာ အခန္းက်ဥ္းကို
ေနာင္တစ္ဖန္ ေျခခ်မိျခင္းသာ။
ခုခါတြင္ေတာ့ အရင္နဲ႔ မတူစြာေျပာင္း
လဲသြားခဲ့ေလျပီ။ ခုတင္မရွိ။
ပါေကးခင္းထားေသာ ကြပ္ပ်စ္သဏၭာန္ သည္ စင္နိမ့္ေလးတစ္ခုပမာ။ ကြ်န္း
ေရာင္ေျခနင္းတစ္ထစ္ကို ျဖတ္တက္မွသာလွ်င္အိပ္ရာခင္းထူထူဆီသို႕
ဆုိက္ေရာက္ေလသည္။ အျဖဴနဲ႔ အျပာ
ရင့္ေရာင္ေပါင္းစပ္ထားေသာ အိပ္ရာထူထူေလးထက္ ညင္သာစြာ ခ်ေပးသည့္
တိုင္ အက်ီ ၤစကိုဆုပ္ကိုင္ထားသည္ကား မလႊတ္ေသး။
အခန္းကိုက သူ၏ အထီးက်န္ျခင္းေတြကိုလ်စ္လ်ပ္သရုပ္ေဖာ္ေနသလိုပင္။
နံေဘးတြင္ ဝင္လွဲရင္း ရင္ခြင္ထဲထည့္
သိပ္ေပးထားမိသည္။ ကြ်န္ေတာ္သည္
လည္း ဒီလူသားကို ဆံုးရံႈးလုနီးနီးျဖစ္ခဲ့
ျပီးမို႕ အခုေနမ်က္စိေအာက္က ေပ်ာက္
သြားမည္ကို ေျကာက္တတ္ခဲ့ျပီ။
ရင္ခြင္ခိုမ်က္ႏွာနုစင္စင္မွ မေျခာက္တတ္
ေသးေသာ မ်က္ရည္လက္က်န္မ်ားကို
လက္ဖမိုးျဖင့္ပင္ ဖြဖြဖိကာ ဖယ္ရွားေပး
ေတာ့ အနည္းငယ္ လြန္႔လူးသည္။
"အိပ္ခ်င္အိပ္လိုက္။ ကြ်န္ေတာ္ ရွိတယ္"
ျကားေလေသြးမဝင္ရဲသည္ထိ တိုးကာ
ဖက္ထားမိသည္။ ဒီခႏၶာ၊ ဒီထြက္သက္ဝင္
သက္ နဲ႔ ဒီ ကိုယ္သင္းနံ႔ေလး။
ေျကာက္လိုက္တာ ။ ေနာက္တစ္ေခါက္
ေမ့သြားမည္ကို ေျကာက္သည္။ ႏြမ္းလ်
ေခြကာ အိပ္ေမာက်ေနသူ၏ မ်က္ႏွာကို
သာ တစိုက္မတ္မတ္မွတ္သားေနမိသည္
"ပင္ပန္းသြားျပီ..."
တိတ္ဆိတ္ေသာအခန္းထဲ အသက္ရႈသံ
ေလးကိုသာ တိုးညင္းညင္းဂီတသံပမာ
နားစိုက္ေထာင္ေနရင္း အခ်ိန္စက္ဝိုင္း
အျပင္ဖက္ လြန္ေျမာက္ေနမိသည္။ ထိုအခိုက္ ခ်စ္သူ႕ မ်က္ေတာင္လိပ္ျပာတို႕
လြန္႔လူးလာေလေတာ့မွ အခ်ိန္ယႏၱရား
ကိို သတိျပဳျကည့္ေတာ့ ခုႏွစ္စင္ျကယ္ပင္
သဘင္သိမ္းႏွင့္ျပီ။
"နိုးျပီလား အစ္ကို"
ငံု႔ကာမိုးေသာအခါ အလိုက္သင့္ျပန္ကာ
ေမာ္ျကည့္သူ။ စုိလဲ့လဲ့မ်က္ေတာင္ဖ်ား
မွိတ္ခတ္သြားျခင္းမရွိ။
"အိပ္မက္မဟုတ္ဘူးေပါ့ေနာ္"
တိုးတိမ္တိမ္အသံ။ ရင္ခြင္ထဲမွေန၍ ထပ္
ကာ ဖက္တြယ္မႈ။ လြတ္ထြက္သြားမည္
စိုးသည့္အလား။ ရွပ္အက်ီ ၤကိုေဖာက္၍
ခံစားရေသာ စိုစြတ္မႈေတြ။ ကြ်န္ေတာ္
သနားလိုက္တာေလ။
"အစ္ကုိ...ဒီကို ျကည့္ပါဦး"
မ်က္ရည္နစ္ေနေသာ မ်က္ႏွာနုနုငယ္
ကို လက္ႏွစ္ဖက္ျဖင့္ ယုယုယယပင့္
ကိုင္ထားရင္း မ်က္လံုးခ်င္းဆံုေအာင္
ျကည့္လိုက္သည္။ စိုလဲ့လဲ့မ်က္ဝန္းတို႕
ကို ေမႊးရႈိုက္ေပးေတာ့ မွိတ္က်သြားေသာ
မ်က္ခြံတို႕ေအာက္မွေန၍ ေရတံခြန္ႏွစ္
သြယ္ ထပ္မံစီးျပန္၏။
"နိုးလာမွာ အရမ္းေျကာက္ေနတာ။ ခါ
တိုင္း လိုစိတ္စြဲလြန္းလို႕ မက္တဲ့ အိပ္
မက္ျဖစ္ေနမွာ ေျကာက္ေနတာ"
"မဟုတ္ပါဘူး။ တကယ့္ ကြ်န္ေတာ္ပါ။
ဒီမွာေလ..."
လက္ေခ်ာင္းသြယ္သြယ္မ်ားကို ဖမ္းဆုပ္
ျပီး သူသေဘာက်ေသာအစက္ငယ္ေပၚ
တင္ေပးလိုက္ေတာ့ မထိရက္သလို
တစမ္းစမ္း။ ထို႔ေနာက္တြင္မွ ဤက်ဥ္း
ေျမာင္းေသးသိမ္လွပါေသာ နယ္ေျမ
ေလးေပၚသို႕ အနမ္းပြင့္တို႕ လြင့္လွပ္ပ်ံ
က်ေတာ့သည္။ အသက္ရႈရပ္မတတ္ျဖစ္
လာေသာ ရင္ခုန္မႈတို႔ ျငိမ္က်ေအာင္ သူ႔
ကိုယ္ေလးကို ကြ်န္ေတာ့္ေပၚ ဖိပိုက္ထား
ရေတာ့သည့္အျဖစ္။
ေနာက္တစ္ေန႔မကူးနိုင္မွာ စိုးရ
သည္အထိ ကြ်န္ေတာ့္ ေသြးသားတို႕က ကေျပာင္းကျပန္။
ဒီလူသားသည္ သိပ္ကို ျပဳစားနိုင္စြမ္းပါ၏
"ကြ်န္ေတာ့္ကို အဲ့ေလာက္ေတာင္ခ်စ္
တာပဲလား"
ေခါင္းညိတ္သည္။ မဆံုးတမ္းတဆက္
ဆက္နဲ႔မို႕ အုပ္ကိုင္ကာ တားရသည္အထိ
"ဒါဆို အစ္ကို႕ ေကာင္မေလးနဲ႔
ျဖတ္လိုက္ေတာ့ေနာ္"
" ဟင္ "
ေခါင္းေထာင္ျကည့္လာေသာ သူသည္
မ်က္လံုးအဝိုင္းသားေလးနဲ႔။ ဘာလဲ။
မျပတ္ခ်င္တာလား။ ဒါဆို သူက ေလွနံ
ႏွစ္ဖက္ နင္းခ်င္ေနတာလား။
"ဘာလဲ အစ္ကိုက မျပတ္ခ်င္ဘူးလား။
အခုေလာေလာဆယ္ ျဖတ္ဖို႕ခက္ေန
လည္း ကြ်န္ေတာ့္ဖက္ကို ပိုသာေပး"
ထိုအထိ ေငးေျကာင္ေနဆဲ။
"ကြ်န္ေတာ္ တကယ္ေျပာတာ။ အစ္ကို႔
ကို အျကာျကီးပစ္ထားမိတဲ့ ကိုယ့္ကို
ကိုယ္ ဒဏ္ခတ္တယ္ပဲ သေဘာထား
ပါ့မယ္။ တျဖည္းျဖည္းနဲ႔ေတာ့ ကြ်န္ေတာ့္
ဆီျပန္လာေပး"
"ေသာ္ တကယ္...မမွတ္မိတာလားဟင္
ဒါမွမဟုတ္ ေဝ့ ကို ရြဲ႕ေနတာလား"
"ဘာကိုလဲ"
"ေငြျခဴး ကို မမွတ္မိဘူးလား"
"ကြ်န္ေတာ္နဲ႔ သိဖူးလို႕လား"
ပါးစပ္ေလးဟ ကာျဖင့္သာ ေငးေျကာင္
ျကည့္သည္။ အငိုတိတ္စ မ်က္လံုးေတြ
သည္ ျပန္လည္ စိုလဲ့လာ၍ အျမန္တား
ရေတာ့သည္။
"ကြ်န္...ကြ်န္ေတာ္ အစ္ကို႕ကိုပဲ သိေသး
တယ္"
ထိုအခါတြင္ေတာ့ ထထိုင္ေတာ့သည္။
ကြ်န္ေတာ္လည္း သူႏွင့္မ်က္ႏွာခ်င္းဆိုင္
ထိုင္ရင္း ႏွင့္မွ...
"တကယ္ေျပာတာ။ အခု...ကြ်န္ေတာ္
အစ္ကို႕ကိုပဲ မွတ္မိတယ္။ အစ္ကို႔ကို
ဖြင့္ေျပာခဲ့တာ။ အစ္ကို႕ရဲ႕ ေန႕စဥ္ပံုရိပ္
တခ်ိဳ႕ ၊ ကြ်န္ေတာ္တို႕ ေနခဲ့ဖူးတဲ့ အိမ္
ေလး ဒါေတာင္ ဘယ္မွာရွိလဲ ကြ်န္ေတာ္
စဥ္းစားမရေသးဘူး။ ေနာက္ျပီး...အစ္ကို႔
အခန္းထဲ ပထမဆံုးေရာက္ဖူးတဲ့ ည။
အဲ့ေန႔က ျကားတဲ့ မိုးသံေတြ နဲ႔ အစ္ကို႔
အသံ..."
နီေစြးသြားေသာ နားရြက္ဖ်ားေလး။
ႏႈတ္ခမ္းပါးမွ ခပ္ဖြဖြအျပံဳးငယ္ ႏွင့္
ငံု႔သြားေသာ ေခါင္းေလး။ ဟာ ကြ်န္ေတာ္
ရူးမသြားတာ ကံေကာင္းေသးသည္ဟု
ေျပာရမည္။
"အဲ့ဒါေတြအကုန္လံုးကအိပ္မက္ေတြမ
ဟုတ္ဘဲ တကယ္ျဖစ္ေနတယ္လို႕ ယံု
ျကည္လို႕ အစ္ကို႕ဆီေျပးလာတာ။ ကြ်န္
ေတာ္ တို႔ တကယ္ ခ်စ္ခဲ့ႀကတယ္မလား"
ေခါင္းညိတ္သည္။ ခုထိ မ်က္ႏွာကိုဖြတ္
ထားဆဲ။ ရွက္တတ္ရန္ျပန္ေကာပါလား
အစ္ကိုရယ္။ ခပ္မိုက္မိုက္မ်က္ႏွာဖံုးေတြ
မရွိေတာ့တဲ့ အစ္ကိုသည္ကား တကယ့္
အရိုးခံေလး။ ကြ်န္ေတာ္ပဲ အေရာင္ဆိုး
ခ်င္တဲ့ ေလာဘျဖစ္ေလာက္ေအာင္ထိ
အစ္ကိုက ျဖဴကာလင္း၍ ရွင္းသန္႔သည္။
"အခု ကြ်န္ေတာ္ အစ္ကို႕နားမွာေနမယ္
အစ္ကိုကပဲ ကြ်န္ေတာ္တို႕ အေျကာင္း
ေတြျပန္ေျပာျပပါ။ ကြ်န္ေတာ္လည္း ျပန္
စဥ္းစားပါ့မယ္"
"ေဝ မေျပာျပခင္ ေသာ့္ အေျကာင္းအရင္
ေျပာျပလို႕ရမလား။ ဒီႏွစ္ပိုင္းေတြအတြင္း
ေသာ္ ဘယ္လိုေနထိုင္ခဲ့လဲ။ ျပီးေတာ့..."
စကားစခက္ေနဟန္ျဖင့္ ႏႈတ္ခမ္းႏွစ္ခု
ကို ဖိျကိတ္သည္။ သက္ျပင္းခ်သည္။
လက္ေခ်ာင္းမ်ားကို ဆုပ္နယ္ေနေသး၏။
"ရပါတယ္ ။ အစ္ကို စိတ္ထဲရွိတာေမး
လို႔ရတယ္။ ေမးေလ"
ထိုအခါမွ စိုးရိမ္ေျကာင့္ျကဟန္ျဖင့္ေမာ္
ကာျကည့္ရင္း
"ျပီးေတာ့...Ava နဲ႔ေသာ္" ဟူ၍သာ ခပ္
တိုးတိုးဆိုရင္း စကားစကိုျဖတ္ပစ္၏။
ဆက္ေျပာရန္ အင္အားမရွိဟန္ျဖင့္။
ဘယ္ေလာက္မ်ား စိုးရိမ္ခဲ့ရရွာလဲဗ်ာ...
အားေပးခ်င္စိတ္အျပည့္ျဖင့္ သူ႔ကိုယ္
ေလးကို ရင္ခြင္ထဲ ျပန္ဆြဲသြင္းရင္း ေထြး
ပိုက္ေပးလိုက္ျပီးမွ အမွန္အတိုင္းေျပာျပ
ျဖစ္သည္။
" အခု လက္ရွိ ရွိေနတဲ့ ေမေမ။ အဘြားနဲ႔အငယ္ ျပီးေတာ့ Ava တို႕ သားအမိ။အကုန္လံုးနဲ႔ ကြ်န္ေတာ္ဆက္ႏြယ္မႈရွိေန
လိမ့္မယ္။ ျမင္ျမင္ခ်င္း အားလံုးကို စိမ္း
မေနခဲ့ဘူး။ကြ်န္ေတာ္ အထူးကု ေဆးရံုတစ္ခုမွာ ျပန္သတိရလာလာခ်င္း အတူတူရွိေနတာ ေမေမ ပဲ။ ကြ်န္ေတာ္ ေခါင္းထိထားတယ္။
ဦးေႏွာက္ထဲမွာ ေသြးခဲတခ်ိဳ႕ရွိေနလို႕
ဖယ္ရမယ္ လို႕ ေဆးစစ္ခ်က္ထြက္ျပီးတာ
နဲ႔ ကြ်န္ေတာ့္ကို အေမရိကားကိုေခၚသြား
တာ။ အဲ့အထိ ေမေမ နဲ႔ ကြ်န္ေတာ္ႏွစ္
ေယာက္တည္း...ေနာက္ ကြ်န္ေတာ္ဟို
မွာ တက္လက္စျဖစ္ေနတယ္လို႕
ေျပာတဲ့ ေကာလိပ္ကို ဆက္တက္ရ
တယ္။ အဲ့အခ်ိန္ထိက Ava နဲ႔ က အတူတူမေနျဖစ္ဘူး။ ေမေမ နဲ႔
ကြ်န္ေတာ္က ကယ္ရီဖိုးနီးယားမွာ အခန္း
ေလးတစ္ခန္ငွားေနတယ္။ ေက်ာင္းဆက္
တက္ရင္း ခြဲစိတ္မႈကို အခ်ိန္ျခားလုပ္ခဲ့
ရတာ။ ေနာက္ဆံုးခြဲစိတ္မႈျပီး၊ ျမန္မာျပန္
လာေတာ့လို႕ အဘြားေျပာတဲ့ အခ်ိန္က်
မွ Ava တို႕ နဲ႔ ေတြ႔ရတာ။ ကြ်န္ေတာ္
ထင္တယ္။ စိတ္ထဲကလည္း သိေနတယ္
ကြ်န္ေတာ့္မွာ ညီ ဒါမွမဟုတ္ အစ္ကို
တစ္ေယာက္ရွိေနလိမ့္မယ္။ အခုအေန
အထားအရဆို ကြ်န္ေတာ္က အျကီး
ျဖစ္မယ္ထင္ပါရဲ႕..."
ေျပာသမွ်ကို ျငိမ္သက္စြာသာနားေထာင္
ေနျပီးမွ ကြ်န္ေတာ့္ကို ပို၍ တိုးကာဖက္
သည္။
"ေသာ္ အမ်ားျကီး ပင္ပန္းခဲ့ျပီ။ ေတာင္း
ပန္ပါတယ္။ ေသာ့္အနားကို ေစာေစာမလာျဖစ္ခဲ့တာ"
"မဟုတ္တာ။ အခုလည္း ကြ်န္ေတာ္တို႕
ေနာက္မက်ေသးပါဘူး။ ကဲ အခု အစ္ကို႕
အလွည့္"
ပခံုးမွကိုင္ကာ ခႏၶာကိုယ္ခ်င္းဖယ္ခြာရင္း
သူ႔မ်က္လံုးတို႕ကို တည့္တည့္စိုက္ျကည့္
ျပီးမွ...
"ကြ်န္ေတာ္တို႕ ႏွစ္ေယာက္အေျကာင္း
ေတြ ျပန္ေျပာျပ။ အကုန္ေနာ္...တစ္ခု
မက်န္"
ဟု ေျပာေသာ ကြ်န္ေတာ့္ေလသံအရ
သူသည္ ေခါင္းမေဖာ္နိုင္ေအာင္ ထပ္မံ
ရွက္ေသြးျကြလာျပန္၏။
အရင္ကအေျကာင္းေတြ အကုန္သိစရာမလိုေလာက္ေအာင္ အခုခ်ိန္ သူ႔ကို ပို၍
ခ်စ္ပါ၏။
***
၂၀၁၉ ၊ ေမ ၊
"ေမေမ"
အခန္းတံခါးတြန္းဖြင့္ဝင္လာေသာ သား
ငယ္ ကို ျမင္ေတာ့ ခ်က္ခ်င္းမ်က္ရည္
ေတြသုတ္သည္။ ဟန္ေဆာင္မျပံဳးျပနိုင္
ခင္ သားအငယ္ဆံုးေလးသည္ သူမကို
ေထြးပိုက္ေပး၏။
"မငိုနဲ႔ေတာ့...ေမေမ ဒီႏွစ္ေတြအတြင္း
ေတာ္ေတာ္ ပင္ပန္းေနျပီ။ ေမေမ အနား
ယူလိုက္ေတာ့။ က်န္တာ အငယ္ရွင္းေပး
မယ္ေနာ္"
သားငယ္ကို ထိတ္လန္႕စြာေမာ့ျကည့္
ေသာ သူမကို သားငယ္ကေတာ့ အလန္း
ဆန္းဆံုး အျပံဳးျဖင့္ ျပန္လည္ တံု႔ျပန္
ေနသည္။
"အငယ္ အကုန္သိေနတယ္ ေမေမ။
တစ္ခုပဲ...ကိုကို႕ ကို ေမေမ ဘယ္မွာထား
ထားလဲပဲေျပာျပပါ"
"ဟင္!"
"ေမေမ့ သားႏွစ္ေယာက္လံုးကို ကယ္
ခ်င္တယ္မလား။ အငယ္လည္း အစ္ကို
ႏွစ္ေယာက္လံုးကို ဒုကၡမေရာက္ေစခ်င္
ေတာ့ဘူး။ အခုတင္ တစ္ေယာက္ကို
အားနာဖို႕ေကာင္းေနျပီေလ...ေနာ္။"
ဆြံ႕အကာ ေျကာင္တက္ေနေသာ အေမ
ျဖစ္သူ၏ ပါးျပင္မွ မ်က္ရည္မ်ားကို သုတ္
ေပးသည္။ ကေလးတစ္ေယာက္လို
ယုယုယယ ႏွင့္ ေထြးပိုက္ထားေပးလ်က္
ျပံဳးျပေသးသည္။ ဤသည္ကား
ကြယ္လြန္သြားရွာေသာ ခင္ပြန္းျဖစ္သူ၏
လက္ဆင့္ကမ္းအေမြေတြပမာ ထပ္တူ
က်ကာျဖင့္ရွိေနသည္။
"အငယ့္ကို ယံုတယ္ မလား"
ထပ္ေမးလာေသာအခါ မျမင္ရေသာ
စြမ္းအားတစ္ခုမွ ေစစားလိုက္သကဲ့သို႕
အလိုလို ေခါင္းညိတ္ျပလိုက္မိသည္။
ထိုအခါ သားငယ္၏ အျပံဳးတို႕သည္ ပိုမို
ေတာက္ပသြားေလ၏။
"ဒါဆို က်န္တာ အငယ္စီစဥ္လိုက္ေတာ့
မွာမို႕ ေမေမက အငယ္ အကူအညီ
ေတာင္းတာေလးေတြပဲ လုပ္ေပးေတာ့
ေနာ္။ အငယ့္ ေမေမ အရမ္းပင္ပန္းေနျပီ"
ေျပာရင္း ေထြးပိုက္ကာႏွစ္သိမ့္ေနေသာ
သားငယ္ ရင္ခြင္ထဲ ျမိဳသိပ္သမွ် အရည္ပူ
ေတြအျဖစ္ သြန္ခ်လိုက္ရေတာ့သည္။
ဟုတ္ပါသည္။ ေခတ္တကယ္ ပင္ပန္း
ေနခဲ့ပါျပီ။ သားျကီး ကို မ်က္ႏွာခ်င္း
မဆိုင္ရဲေလာက္ေအာင္လည္း အားနာ
ေနမိပါျပီ။
Thank You All
(Unicode version)
/
/
/
၂၀၁၉ ၊ မေ ၊ သန်လျင်
နှစ်ချီကာ သိုဝှက်သိမ်းဆည်းထားခဲ့
ရသော အစိုင်
အခဲတို့ကို ပုလဲသွယ်တန်းများအဖြစ်
အသွင်ပြောင်းပြီးသည့်နောက် သူသည်
လည်း ရင်ခွင်ထဲပျော့ခွေကျသည်။
ကျွန်တော့်၏ ဖြူပါးလျလျအဝတ်ရုပ်ပျော့
လေးကို သူ၏ တစ်ပင်တိုင် အိပ်ဆောင်
ဆီသို့ ပွေ့ချီယူငင်ပေးရသည်။ ရုန်းကန်
ငြင်းဆိုခြင်း ဥဿုံ။ ကျွန်တော့် အကျီ ၤကိုသာ လွတ်ထွက်သွားမည်စိုးသည့်အလား
တင်းတင်းဆုပ်ကိုင်လျက်သာ လိုက်ပါရှာ
၏။
မွေးလျလျဖြစ်နေသော အခန်းကျဉ်းကို
နောင်တစ်ဖန် ခြေချမိခြင်းသာ။
ခုခါတွင်တော့ အရင်နဲ့ မတူစွာပြောင်း
လဲသွားခဲ့လေပြီ။ ခုတင်မရှိ။
ပါကေးခင်းထားသော ကွပ်ပျစ်သဏ္ဌာန် သည် စင်နိမ့်လေးတစ်ခုပမာ။ ကျွန်း
ရောင်ခြေနင်းတစ်ထစ်ကို ဖြတ်တက်မှသာလျှင်အိပ်ရာခင်းထူထူဆီသို့
ဆိုက်ရောက်လေသည်။ အဖြူနဲ့ အပြာ
ရင့်ရောင်ပေါင်းစပ်ထားသော အိပ်ရာထူထူလေးထက် ညင်သာစွာ ချပေးသည့်
တိုင် အကျီ ၤစကိုဆုပ်ကိုင်ထားသည်ကား မလွှတ်သေး။
အခန်းကိုက သူ၏ အထီးကျန်ခြင်းတွေကိုလျစ်လျပ်သရုပ်ဖော်နေသလိုပင်။
နံဘေးတွင် ဝင်လှဲရင်း ရင်ခွင်ထဲထည့်
သိပ်ပေးထားမိသည်။ ကျွန်တော်သည်
လည်း ဒီလူသားကို ဆုံးရှုံးလုနီးနီးဖြစ်ခဲ့
ပြီးမို့ အခုနေမျက်စိအောက်က ပျောက်
သွားမည်ကို ကြောက်တတ်ခဲ့ပြီ။
ရင်ခွင်ခိုမျက်နှာနုစင်စင်မှ မခြောက်တတ်
သေးသော မျက်ရည်လက်ကျန်များကို
လက်ဖမိုးဖြင့်ပင် ဖွဖွဖိကာ ဖယ်ရှားပေး
တော့ အနည်းငယ် လွန့်လူးသည်။
"အိပ်ချင်အိပ်လိုက်။ ကျွန်တော် ရှိတယ်"
ကြားလေသွေးမဝင်ရဲသည်ထိ တိုးကာ
ဖက်ထားမိသည်။ ဒီခန္ဓာ၊ ဒီထွက်သက်ဝင်
သက် နဲ့ ဒီ ကိုယ်သင်းနံ့လေး။
ကြောက်လိုက်တာ ။ နောက်တစ်ခေါက်
မေ့သွားမည်ကို ကြောက်သည်။ နွမ်းလျ
ခွေကာ အိပ်မောကျနေသူ၏ မျက်နှာကို
သာ တစိုက်မတ်မတ်မှတ်သားနေမိသည်
"ပင်ပန်းသွားပြီ..."
တိတ်ဆိတ်သောအခန်းထဲ အသက်ရှုသံ
လေးကိုသာ တိုးညင်းညင်းဂီတသံပမာ
နားစိုက်ထောင်နေရင်း အချိန်စက်ဝိုင်း
အပြင်ဖက် လွန်မြောက်နေမိသည်။ ထိုအခိုက် ချစ်သူ့ မျက်တောင်လိပ်ပြာတို့
လွန့်လူးလာလေတော့မှ အချိန်ယန္တရား
ကို သတိပြုကြည့်တော့ ခုနှစ်စင်ကြယ်ပင်
သဘင်သိမ်းနှင့်ပြီ။
"နိုးပြီလား အစ်ကို"
ငုံ့ကာမိုးသောအခါ အလိုက်သင့်ပြန်ကာ
မော်ကြည့်သူ။ စိုလဲ့လဲ့မျက်တောင်ဖျား
မှိတ်ခတ်သွားခြင်းမရှိ။
"အိပ်မက်မဟုတ်ဘူးပေါ့နော်"
တိုးတိမ်တိမ်အသံ။ ရင်ခွင်ထဲမှနေ၍ ထပ်
ကာ ဖက်တွယ်မှု။ လွတ်ထွက်သွားမည်
စိုးသည့်အလား။ ရှပ်အကျီ ၤကိုဖောက်၍
ခံစားရသော စိုစွတ်မှုတွေ။ ကျွန်တော်
သနားလိုက်တာလေ။
"အစ်ကို...ဒီကို ကြည့်ပါဦး"
မျက်ရည်နစ်နေသော မျက်နှာနုနုငယ်
ကို လက်နှစ်ဖက်ဖြင့် ယုယုယယပင့်
ကိုင်ထားရင်း မျက်လုံးချင်းဆုံအောင်
ကြည့်လိုက်သည်။ စိုလဲ့လဲ့မျက်ဝန်းတို့
ကို မွှေးရှိုက်ပေးတော့ မှိတ်ကျသွားသော
မျက်ခွံတို့အောက်မှနေ၍ ရေတံခွန်နှစ်
သွယ် ထပ်မံစီးပြန်၏။
"နိုးလာမှာ အရမ်းကြောက်နေတာ။ ခါ
တိုင်း လိုစိတ်စွဲလွန်းလို့ မက်တဲ့ အိပ်
မက်ဖြစ်နေမှာ ကြောက်နေတာ"
"မဟုတ်ပါဘူး။ တကယ့် ကျွန်တော်ပါ။
ဒီမှာလေ..."
လက်ချောင်းသွယ်သွယ်များကို ဖမ်းဆုပ်
ပြီး သူသဘောကျသောအစက်ငယ်ပေါ်
တင်ပေးလိုက်တော့ မထိရက်သလို
တစမ်းစမ်း။ ထို့နောက်တွင်မှ ဤကျဉ်း
မြောင်းသေးသိမ်လှပါသော နယ်မြေ
လေးပေါ်သို့ အနမ်းပွင့်တို့ လွင့်လှပ်ပျံ
ကျတော့သည်။ အသက်ရှုရပ်မတတ်ဖြစ်
လာသော ရင်ခုန်မှုတို့ ငြိမ်ကျအောင် သူ့
ကိုယ်လေးကို ကျွန်တော့်ပေါ် ဖိပိုက်ထား
ရတော့သည့်အဖြစ်။
နောက်တစ်နေ့မကူးနိုင်မှာ စိုးရ
သည်အထိ ကျွန်တော့် သွေးသားတို့က ကပြောင်းကပြန်။
ဒီလူသားသည် သိပ်ကို ပြုစားနိုင်စွမ်းပါ၏
"ကျွန်တော့်ကို အဲ့လောက်တောင်ချစ်
တာပဲလား"
ခေါင်းညိတ်သည်။ မဆုံးတမ်းတဆက်
ဆက်နဲ့မို့ အုပ်ကိုင်ကာ တားရသည်အထိ
"ဒါဆို အစ်ကို့ ကောင်မလေးနဲ့
ဖြတ်လိုက်တော့နော်"
" ဟင် "
ခေါင်းထောင်ကြည့်လာသော သူသည်
မျက်လုံးအဝိုင်းသားလေးနဲ့။ ဘာလဲ။
မပြတ်ချင်တာလား။ ဒါဆို သူက လှေနံ
နှစ်ဖက် နင်းချင်နေတာလား။
"ဘာလဲ အစ်ကိုက မပြတ်ချင်ဘူးလား။
အခုလောလောဆယ် ဖြတ်ဖို့ခက်နေ
လည်း ကျွန်တော့်ဖက်ကို ပိုသာပေး"
ထိုအထိ ငေးကြောင်နေဆဲ။
"ကျွန်တော် တကယ်ပြောတာ။ အစ်ကို့
ကို အကြာကြီးပစ်ထားမိတဲ့ ကိုယ့်ကို
ကိုယ် ဒဏ်ခတ်တယ်ပဲ သဘောထား
ပါ့မယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်တော့်
ဆီပြန်လာပေး"
"သော် တကယ်...မမှတ်မိတာလားဟင်
ဒါမှမဟုတ် ဝေ့ ကို ရွဲ့နေတာလား"
"ဘာကိုလဲ"
"ငွေခြူး ကို မမှတ်မိဘူးလား"
"ကျွန်တော်နဲ့ သိဖူးလို့လား"
ပါးစပ်လေးဟ ကာဖြင့်သာ ငေးကြောင်
ကြည့်သည်။ အငိုတိတ်စ မျက်လုံးတွေ
သည် ပြန်လည် စိုလဲ့လာ၍ အမြန်တား
ရတော့သည်။
"ကျွန်...ကျွန်တော် အစ်ကို့ကိုပဲ သိသေး
တယ်"
ထိုအခါတွင်တော့ ထထိုင်တော့သည်။
ကျွန်တော်လည်း သူနှင့်မျက်နှာချင်းဆိုင်
ထိုင်ရင်း နှင့်မှ...
"တကယ်ပြောတာ။ အခု...ကျွန်တော်
အစ်ကို့ကိုပဲ မှတ်မိတယ်။ အစ်ကို့ကို
ဖွင့်ပြောခဲ့တာ။ အစ်ကို့ရဲ့ နေ့စဉ်ပုံရိပ်
တချို့ ၊ ကျွန်တော်တို့ နေခဲ့ဖူးတဲ့ အိမ်
လေး ဒါတောင် ဘယ်မှာရှိလဲ ကျွန်တော်
စဉ်းစားမရသေးဘူး။ နောက်ပြီး...အစ်ကို့
အခန်းထဲ ပထမဆုံးရောက်ဖူးတဲ့ ည။
အဲ့နေ့က ကြားတဲ့ မိုးသံတွေ နဲ့ အစ်ကို့
အသံ..."
နီစွေးသွားသော နားရွက်ဖျားလေး။
နှုတ်ခမ်းပါးမှ ခပ်ဖွဖွအပြုံးငယ် နှင့်
ငုံ့သွားသော ခေါင်းလေး။ ဟာ ကျွန်တော်
ရူးမသွားတာ ကံကောင်းသေးသည်ဟု
ပြောရမည်။
"အဲ့ဒါတွေအကုန်လုံးကအိပ်မက်တွေမ
ဟုတ်ဘဲ တကယ်ဖြစ်နေတယ်လို့ ယုံ
ကြည်လို့ အစ်ကို့ဆီပြေးလာတာ။ ကျွန်
တော် တို့ တကယ် ချစ်ခဲ့ကြတယ်မလား"
ခေါင်းညိတ်သည်။ ခုထိ မျက်နှာကိုဖွတ်
ထားဆဲ။ ရှက်တတ်ရန်ပြန်ကောပါလား
အစ်ကိုရယ်။ ခပ်မိုက်မိုက်မျက်နှာဖုံးတွေ
မရှိတော့တဲ့ အစ်ကိုသည်ကား တကယ့်
အရိုးခံလေး။ ကျွန်တော်ပဲ အရောင်ဆိုး
ချင်တဲ့ လောဘဖြစ်လောက်အောင်ထိ
အစ်ကိုက ဖြူကာလင်း၍ ရှင်းသန့်သည်။
"အခု ကျွန်တော် အစ်ကို့နားမှာနေမယ်
အစ်ကိုကပဲ ကျွန်တော်တို့ အကြောင်း
တွေပြန်ပြောပြပါ။ ကျွန်တော်လည်း ပြန်
စဉ်းစားပါ့မယ်"
"ဝေ မပြောပြခင် သော့် အကြောင်းအရင်
ပြောပြလို့ရမလား။ ဒီနှစ်ပိုင်းတွေအတွင်း
သော် ဘယ်လိုနေထိုင်ခဲ့လဲ။ ပြီးတော့..."
စကားစခက်နေဟန်ဖြင့် နှုတ်ခမ်းနှစ်ခု
ကို ဖိကြိတ်သည်။ သက်ပြင်းချသည်။
လက်ချောင်းများကို ဆုပ်နယ်နေသေး၏။
"ရပါတယ် ။ အစ်ကို စိတ်ထဲရှိတာမေး
လို့ရတယ်။ မေးလေ"
ထိုအခါမှ စိုးရိမ်ကြောင့်ကြဟန်ဖြင့်မော်
ကာကြည့်ရင်း
"ပြီးတော့...Ava နဲ့သော်" ဟူ၍သာ ခပ်
တိုးတိုးဆိုရင်း စကားစကိုဖြတ်ပစ်၏။
ဆက်ပြောရန် အင်အားမရှိဟန်ဖြင့်။
ဘယ်လောက်များ စိုးရိမ်ခဲ့ရရှာလဲဗျာ...
အားပေးချင်စိတ်အပြည့်ဖြင့် သူ့ကိုယ်
လေးကို ရင်ခွင်ထဲ ပြန်ဆွဲသွင်းရင်း ထွေး
ပိုက်ပေးလိုက်ပြီးမှ အမှန်အတိုင်းပြောပြ
ဖြစ်သည်။
" အခု လက်ရှိ ရှိနေတဲ့ မေမေ။ အဘွားနဲ့အငယ် ပြီးတော့ Ava တို့ သားအမိ။အကုန်လုံးနဲ့ ကျွန်တော်ဆက်နွယ်မှုရှိနေ
လိမ့်မယ်။ မြင်မြင်ချင်း အားလုံးကို စိမ်း
မနေခဲ့ဘူး။ကျွန်တော် အထူးကု ဆေးရုံတစ်ခုမှာ ပြန်သတိရလာလာချင်း အတူတူရှိနေတာ မေမေ ပဲ။ ကျွန်တော် ခေါင်းထိထားတယ်။
ဦးနှောက်ထဲမှာ သွေးခဲတချို့ရှိနေလို့
ဖယ်ရမယ် လို့ ဆေးစစ်ချက်ထွက်ပြီးတာ
နဲ့ ကျွန်တော့်ကို အမေရိကားကိုခေါ်သွား
တာ။ အဲ့အထိ မေမေ နဲ့ ကျွန်တော်နှစ်
ယောက်တည်း...နောက် ကျွန်တော်ဟို
မှာ တက်လက်စဖြစ်နေတယ်လို့
ပြောတဲ့ ကောလိပ်ကို ဆက်တက်ရ
တယ်။ အဲ့အချိန်ထိက Ava နဲ့ က အတူတူမနေဖြစ်ဘူး။ မေမေ နဲ့
ကျွန်တော်က ကယ်ရီဖိုးနီးယားမှာ အခန်း
လေးတစ်ခန်ငှားနေတယ်။ ကျောင်းဆက်
တက်ရင်း ခွဲစိတ်မှုကို အချိန်ခြားလုပ်ခဲ့
ရတာ။ နောက်ဆုံးခွဲစိတ်မှုပြီး၊ မြန်မာပြန်
လာတော့လို့ အဘွားပြောတဲ့ အချိန်ကျ
မှ Ava တို့ နဲ့ တွေ့ရတာ။ ကျွန်တော်
ထင်တယ်။ စိတ်ထဲကလည်း သိနေတယ်
ကျွန်တော့်မှာ ညီ ဒါမှမဟုတ် အစ်ကို
တစ်ယောက်ရှိနေလိမ့်မယ်။ အခုအနေ
အထားအရဆို ကျွန်တော်က အကြီး
ဖြစ်မယ်ထင်ပါရဲ့..."
ပြောသမျှကို ငြိမ်သက်စွာသာနားထောင်
နေပြီးမှ ကျွန်တော့်ကို ပို၍ တိုးကာဖက်
သည်။
"သော် အများကြီး ပင်ပန်းခဲ့ပြီ။ တောင်း
ပန်ပါတယ်။ သော့်အနားကို စောစောမလာဖြစ်ခဲ့တာ"
"မဟုတ်တာ။ အခုလည်း ကျွန်တော်တို့
နောက်မကျသေးပါဘူး။ ကဲ အခု အစ်ကို့
အလှည့်"
ပခုံးမှကိုင်ကာ ခန္ဓာကိုယ်ချင်းဖယ်ခွာရင်း
သူ့မျက်လုံးတို့ကို တည့်တည့်စိုက်ကြည့်
ပြီးမှ...
"ကျွန်တော်တို့ နှစ်ယောက်အကြောင်း
တွေ ပြန်ပြောပြ။ အကုန်နော်...တစ်ခု
မကျန်"
ဟု ပြောသော ကျွန်တော့်လေသံအရ
သူသည် ခေါင်းမဖော်နိုင်အောင် ထပ်မံ
ရှက်သွေးကြွလာပြန်၏။
အရင်ကအကြောင်းတွေ အကုန်သိစရာမလိုလောက်အောင် အခုချိန် သူ့ကို ပို၍
ချစ်ပါ၏။
***
၂၀၁၉ ၊ မေ ၊
"မေမေ"
အခန်းတံခါးတွန်းဖွင့်ဝင်လာသော သား
ငယ် ကို မြင်တော့ ချက်ချင်းမျက်ရည်
တွေသုတ်သည်။ ဟန်ဆောင်မပြုံးပြနိုင်
ခင် သားအငယ်ဆုံးလေးသည် သူမကို
ထွေးပိုက်ပေး၏။
"မငိုနဲ့တော့...မေမေ ဒီနှစ်တွေအတွင်း
တော်တော် ပင်ပန်းနေပြီ။ မေမေ အနား
ယူလိုက်တော့။ ကျန်တာ အငယ်ရှင်းပေး
မယ်နော်"
သားငယ်ကို ထိတ်လန့်စွာမော့ကြည့်
သော သူမကို သားငယ်ကတော့ အလန်း
ဆန်းဆုံး အပြုံးဖြင့် ပြန်လည် တုံ့ပြန်
နေသည်။
"အငယ် အကုန်သိနေတယ် မေမေ။
တစ်ခုပဲ...ကိုကို့ ကို မေမေ ဘယ်မှာထား
ထားလဲပဲပြောပြပါ"
"ဟင်!"
"မေမေ့ သားနှစ်ယောက်လုံးကို ကယ်
ချင်တယ်မလား။ အငယ်လည်း အစ်ကို
နှစ်ယောက်လုံးကို ဒုက္ခမရောက်စေချင်
တော့ဘူး။ အခုတင် တစ်ယောက်ကို
အားနာဖို့ကောင်းနေပြီလေ...နော်။"
ဆွံ့အကာ ကြောင်တက်နေသော အမေ
ဖြစ်သူ၏ ပါးပြင်မှ မျက်ရည်များကို သုတ်
ပေးသည်။ ကလေးတစ်ယောက်လို
ယုယုယယ နှင့် ထွေးပိုက်ထားပေးလျက်
ပြုံးပြသေးသည်။ ဤသည်ကား
ကွယ်လွန်သွားရှာသော ခင်ပွန်းဖြစ်သူ၏
လက်ဆင့်ကမ်းအမွေတွေပမာ ထပ်တူ
ကျကာဖြင့်ရှိနေသည်။
"အငယ့်ကို ယုံတယ် မလား"
ထပ်မေးလာသောအခါ မမြင်ရသော
စွမ်းအားတစ်ခုမှ စေစားလိုက်သကဲ့သို့
အလိုလို ခေါင်းညိတ်ပြလိုက်မိသည်။
ထိုအခါ သားငယ်၏ အပြုံးတို့သည် ပိုမို
တောက်ပသွားလေ၏။
"ဒါဆို ကျန်တာ အငယ်စီစဉ်လိုက်တော့
မှာမို့ မေမေက အငယ် အကူအညီ
တောင်းတာလေးတွေပဲ လုပ်ပေးတော့
နော်။ အငယ့် မေမေ အရမ်းပင်ပန်းနေပြီ"
ပြောရင်း ထွေးပိုက်ကာနှစ်သိမ့်နေသော
သားငယ် ရင်ခွင်ထဲ မြိုသိပ်သမျှ အရည်ပူ
တွေအဖြစ် သွန်ချလိုက်ရတော့သည်။
ဟုတ်ပါသည်။ ခေတ်တကယ် ပင်ပန်း
နေခဲ့ပါပြီ။ သားကြီး ကို မျက်နှာချင်း
မဆိုင်ရဲလောက်အောင်လည်း အားနာ
နေမိပါပြီ။
Thank You All