Zawgyi Ver:
ညေနခင္းတြင္ ေဖ့က်င္းသည္ ေတာင္ဘက္က်န္းက အႀကီးအကဲတို႔ထံ စာေရးေနေလသည္။
ေဖ့က်င္း စာေရးေနစဥ္ ရန္႐ွီးနဥ္က ငါးစြပ္ျပဳတ္ကိုစားရင္း စုယြဲ႕ကို ေအးစက္စက္ျပံဳးၾကည့္ေနသည္ကို သူ ျပန္အမွတ္ရမိသည္။
ေဖ့က်င္း စာကို ခ်ိပ္ပိတ္ၿပီးေတာ့ သူတို႔အေဆာင္က လက္ေရးလွက်င့္သည့္အခန္းထဲသို႔ အျမန္ျပန္လာ၏။ ရန္႐ွီးနဥ္က အိပ္ရာကို ေက်ာမီွၿပီးထိုင္ေနရာမွ သူျပန္လာတာျမင္ေတာ့ မတ္တတ္ထရပ္ေလသည္။
ေဖ့က်င္းက ႐ုတ္တရက္ အိပ္ရာေပၚ ခုန္တက္ကာ ရန္႐ွီးနဥ္ကို ဖက္၏။
"အား!" ရန္႐ွီးနဥ္ ေအာ္ဟစ္၏။
ေဖ့က်င္းက ရန္႐ွီးနဥ္၏အေပၚဝတ္ကို ခြၽတ္လိုက္သည္။ "ဘာေတြေတြးေနတာလဲ"
ရန္႐ွီးနဥ္ ေဖ့က်င္းကို သံသယျဖင့္ၾကည့္လာၿပီး အဝတ္မခြၽတ္ရန္ ႐ုန္းကန္ေနသည္။ "အစ္ကိုႀကီး...ၿပီးခဲ့တဲ့ညတုန္းက ကြၽန္မသာဆႏၵမ႐ွိရင္ အတင္းဖိအားမေပးဘူး ရွင္ မေျပာခဲ့ဘူးလား"
ေဖ့က်င္း အလြန္လ်င္ျမန္စြာပင္ ရန္႐ွီးနဥ္၏အေပၚဝတ္ေကာ၊ အတြင္းဝတ္ေတြေကာ ခြၽတ္ပစ္သည္။ သူမအတြင္းခံေတြကိုပါ သူခြၽတ္ပစ္ခ်င္ေသာ္လည္း သူ႔စိတ္သူမထိန္းႏိုင္မွာလည္း စိုးမိသည္။
ရန္႐ွီးနဥ္က အိပ္ရာေထာင့္တြင္ ထိုင္ေနၿပီး သူမရင္ဘတ္ကို ကြယ္ထားသည္။ ေဖ့က်င္းကေတာ့ သေဘာတက် ရယ္ေမာကာေနသည္။
"ဖူးရန္...မင္း စိုးရိမ္စရာမလိုဘူး" ေဖ့က်င္း ေျပာ၏။ "အဝတ္အစားေတြနဲ႔အိပ္ရင္ မင္း ပူေနမွာစိုးလို႔ ကိုယ္ ကူခြၽတ္ေပးတာပါ၊ မင္းအဝတ္ေတြကို ကိုယ္ မခြၽတ္ေစခ်င္ရင္ ေနာက္ဆို အိပ္ရာေပၚမွာ အဝတ္မဝတ္ေတာ့နဲ႔"
ေဖ့က်င္း သူ႔အဝတ္အစားေတြကို ခြၽတ္ၿပီး ရန္႐ွီးနဥ္ေဘး အိပ္ရာေပၚတြင္ လဲေလ်ာင္းလိုက္သည္။
ရန္႐ွီးနဥ္ အိပ္ရာေပၚတြင္ လွဲေနေသာေဖ့က်င္းကို ခဏၾကာသည္အထိ ေစာင့္ၾကည့္ေနသည္။ သူ႔ေျခေထာက္ေတြ၊ လက္ေတြက မလႈပ္တာျမင္မွ ရင္ဘတ္ကို မကြယ္ေတာ့ကာ အိပ္ရာေပၚမွာ သူနဲ႔ ေဝးေဝး သူမ လဲွဲလိုက္သည္။
ေဖ့က်င္း လွိမ့္လာၿပီး ရန္႐ွီးနဥ္ကို သူ႔ရင္ခြင္ထဲ ဆြဲသြင္းလိုက္၏။
ခဏၾကာေတာ့ ေဖ့က်င္း ရန္႐ွီးနဥ္ကို လႊတ္ေပးလိုက္သည္။ သူမကို ဖက္ရံုေလးဖက္တာကို သူ႔ညီေလးက ဘာလို႔ ထလာရတာလဲ၊ သူ႔ညီေလးကို အာရံုေျပာင္းေပးဖို႔ လိုလာၿပီ။
"ဖူးရန္...ေန႔လည္စာစားတုန္းက စုယြဲ႕ကို ဘာလို႔ စိုက္ၾကည့္ေနတာလဲ" ေဖ့က်င္း ေမး၏။
"ဘာလဲ" ရန္႐ွီးနဥ္လည္း ျပန္ေမး၏။ "မင္းသားကိုး....ကြၽန္မမွာ သူ႔ကို ၾကည့္ခြင့္ေတာင္ မ႐ွိဘူးလား၊ ႐ွင္ သူ႔ကို တကယ္ျမတ္ႏိုးတာပဲ ျဖစ္ရမယ္"
ေဖ့က်င္း ရန္႐ွီးနဥ္၏ပါးေလးကို ဆိတ္လိုက္၏။ "ဘာလို႔ အခန္းထဲမွာ ခ်ဥ္စုပ္စုပ္နံ႔ရေနတာလဲ"
[ Sharr: သူက ေ႐ွာင္နဥ္ေလးက သူ႔ကို သဝန္တိုေနတယ္ဆိုၿပီး ေျပာခ်င္တာပါ ]
ရန္႐ွီးနဥ္ ႏွာေခါင္း႐ႈံ႕ၿပီး ေခ်ာင္းဆိုးလိုက္၏။ "မင္းသားကိုး ေရမခ်ိဳးထားလို႔ ခ်ဥ္နံ႔ရေနတာေနမွာ"
"တကယ္ေျပာေနတာလား" ေဖ့က်င္း ေမး၏။ "မင္းေယာက္်ားက သန္႔ပါတယ္၊ မယံုရင္ နမ္းၾကည့္"
ေဖ့က်င္း ရန္႐ွီးနဥ္၏မ်က္ႏွာကို သူ႔ရင္ဘတ္နားသို႔ ဆြဲလိုက္သည္။
ရန္႐ွီးနဥ္ ေဖ့က်င္းရင္ဘတ္ကို တြန္းကာ သူမမ်က္ႏွာကို သူ႔ရင္ဘတ္ႏွင့္ ေဝးရာသို႔ ေ႐ွာင္လိုက္၏။ ထိုသို႔ေ႐ွာင္လိုက္မွ သူမ၏ႏွင္းပြင့္ေလးေတြလို ျဖဴေဖြးေနေသာ ပခံုးသားကို သူ ထင္ထင္႐ွား႐ွား ျမင္လိုက္ရသည္။ သူ႔ခႏၶာကိုယ္တစ္ခုလံုး ေတာင့္တင္းသြားကာ သူ႔ႏွလံုးသားကလည္း ေလာင္ၿမိဳက္သြားသည္။
ေဖ့က်င္း သူ႔ေခါင္းကို ငံု႔ကာ ရန္႐ွီးနဥ္၏လည္ပင္းကို ကိုက္ခဲလိုက္သည္။ အစတုန္းကေတာ့ သူမလည္ပင္းကို နမ္းရံုေလးပဲ နမ္းမလို႔၊ ေနာက္ေတာ့ သူ႔ႏႈတ္ခမ္းေတြက ႏူးညံ့လွေသာသူမလည္ပင္းသာထိမိတဲ့ အခိုက္အတန္ ့ သူ႔ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ေတာ့။
ရန္႐ွီးနဥ္၏လည္ပင္းမွာ နာက်င္ၿပီး ထူပူသြားသလို ခံစားရသည္။ ထူးဆန္းေသာခံစားခ်က္က သူမႏွလံုးသားထဲ ဝင္ေရာက္ေမႊေႏွာက္လာသည္။ သို႔ေသာ္ ေဖ့က်င္းလက္ေတြက သူမအတြင္းခံေအာက္ ေရာက္လာသည့္အခ်ိန္တြင္ေတာ့ ထိုထူဆန္းသည့္ခံစားခ်က္ေနရာတြင္ ထိတ္လန္႔ေၾကာက္ရြံ႕မႈမ်ားက အစားထိုးဝင္ေရာက္လာသည္။
ေဖ့က်င္းလက္ေတြကို ရပ္တန္႔ရန္ ရန္႐ွီးနဥ္၏ႀကိဳးပမ္းေနမႈက သိပ္အသံုးမဝင္ေခ်။ သူမခႏၶာကိုယ္က ခံစားလြယ္ေသာေနရာမ်ားကို သူ ရင္းႏွွီးေနသည္။ သူ႔လက္မ်ားက သူမ၏မာေက်ာေသာထိပ္ပိုင္းႏွစ္ခုကို ပြတ္သပ္ေနသည္။
ေဖ့က်င္း၏ပူျပင္းေနေသာလက္မ်ားက သူမခႏၶာကိုယ္က ခံစားအလြယ္ဆံုးေနရာမ်ားကို ပြတ္သပ္ေနေတာ့ သူမမ်က္ႏွာက ခ်က္ခ်င္း မီးထေတာက္ေတာ့မလို ခံစားလာရသည္။
ရန္႐ွီးနဥ္ကို ထိမိလိုက္တိုင္း သူ႔အသိစိတ္ေတြ လြတ္သြားသည့္အတြက္ သူ႔ကိုယ္သူ အျပစ္တင္မိေသာ္လည္း သူမကို သူလြတ္မေပးခ်င္ေသး။
ေဖ့က်င္း၏လက္တို႔က ရန္႐ွီးနဥ္ခႏၶာကိုယ္ကို က်ိဳးပဲ့လြယ္ေသာရတနာတစ္ပါးကို ကိုင္တြယ္ေနသလိုမ်ိဳး ျဖည္းျဖည္းခ်င္း ပြတ္သပ္ေနသည္။ သူ႔ႏႈတ္ခမ္းေတြက သူမလည္ပင္းသားေတြေပၚမွာ အတန္ၾကာရစ္ဝဲေနသည္။ ထို႔ေနာက္ သူ႔ႏႈတ္ခမ္းေတြက နားသန္သီးႏွင့္ ပါးျပင္ေပၚေရာက္လာၿပီး ေနာက္ဆံုး သူမႏႈတ္ခမ္းေပၚအထိ ေရာက္လာသည္။ သို႔ေသာ္ သူမႏႈတ္ခမ္းေတြကို သူ အၾကာႀကီး မျမည္းစမ္းရဲ၊ သူ႔ညီေလးက မာသထက္ မာလာၿပီေလ။ သူ ထပ္အခ်ိန္မဆြဲေတာ့ဖို႔ ဆံုးျဖတ္လိုက္ၿပီး သူမကို တစ္ခါေလာက္ထပ္နမ္းၿပီးရင္ လႊတ္ေပးေတာ့မယ္လို႔ သူ႔ညီေလးကို ကတိေပးလိုက္ေတာ့သည္။ ႐ုတ္တရက္ သူမႏႈတ္ခမ္းပါးကေန ညည္းသံအခ်ိဳ႕ ထြက္က်လာသည္ကို သူၾကားလိုက္ရသည္။ သူ႔ေခါင္းကို ေနာက္အနည္းငယ္ ဆုတ္လိုက္ေတာ့ သူမမ်က္ႏွာတစ္ခုလံုး နီရဲေတာက္ေနၿပီး ဖူးေယာင္ေနေသာႏႈတ္ခမ္းမ်ားကို တင္းတင္းေစ့ထားသည္ကို သူေတြ႕ရသည္။
ေဖ့က်င္း ျပံဳး၏။ "ဖူးရန္...ဘာေတြအိမ္မက္မက္ေနတာလဲ"
ရန္႐ွီးနဥ္ ေဖ့က်င္း၏ ေက်နပ္အားရေနေသာအျပံဳးႀကီးကို ၾကည့္မိေတာ့ သူမ ႐ွက္တာေရာ၊ ေဒါသထြက္တာေရာ တစ္ၿပိဳင္နက္တည္း ခံစားလိုက္ရသည္။ သူမ သူ႔လက္ကိုကိုက္ကာ အေဝးကို လွိမ့္သြားလိုက္ေသာ္လည္း သူမမ်က္ႏွာမွာ ပိုပိုပူလာသလိုပင္။ ထိုအခိုက္အတန္႔တြင္ သူမခႏၶာကိုယ္မွာ ေပါက္ကြဲထြက္ေတာ့မည္ဟု သူမေတြးမိသည္။
ေဖ့က်င္း ရန္႐ွီးနဥ္ကို ထပ္မထိရဲေတာ့။ သူ အိပ္ရာေထာင့္ကိုသာ စိုက္ၾကည့္ကာ အခ်ိန္အၾကာႀကီး တိတ္ဆိတ္သြားသည္။
ညေလကား ေအးလွ၏။ ေဖ့က်င္း ရန္႐ွီးနဥ္အေပၚ ေစာင္ကိုဆြဲျခံဳေပးလိုက္သည္။ သူမက ေၾကာင္ေလးတစ္ေကာင္လိုပင္ သူ႔ဘက္လွည့္ကာ "အစ္ကိုႀကီး ကြၽန္မနားကပ္လာရင္ ေသေအာင္ကိုက္ပစ္မယ္" ဟူေသာအၾကည့္မ်ိဳးျဖင့္ သူ႔ကို သတိေပးလာသည္။
ေဖ့က်င္း ရယ္လိုက္၏။ "ဖူးရန္...မစိုးရိမ္ပါနဲ႔၊ ကိုယ္ မင္းကို တကယ္မထိဝံ့ပါဘူး၊ ဒါေပမယ့္ မင္းရင္ဘတ္ေတြကို ပြတ္ရတာ တကယ္ေကာင္းတယ္၊ ရင္ဘတ္က ေသးေနေတာ့ ႀကီးလာေအာင္ မ်ားမ်ားပြတ္ေပးဖို႔လိုတယ္"
ရန္႐ွီးနဥ္ ျပန္ေျပာစရာစကားမ႐ွိေလာက္ေအာင္ကို ေဒါသထြက္သြားသည္။
"အစ္ကိုႀကီး ကိုယ့္ရင္ဘတ္ကိုယ္ ႀကီးလာေအာင္ အရင္ပြတ္ၾကည့္ပါလား" ရန္႐ွီးနဥ္ ေျပာ၏။
ရန္႐ွီးနဥ္က လွိမ့္သြားတာေၾကာင့္ ေဖ့က်င္း သူမရင္ဘတ္ကို မပြတ္သပ္ႏိုင္ေတာ့။
"ဖူးရန္...စုယြဲ႕ကို ဘယ္လိုကိုင္တြယ္ရမလဲ စဥ္းစားေနတာလား" ေဖ့က်င္း ေမး၏။
"အစ္ကိုႀကီး ဝမ္းနည္းရမွာ မဟုတ္ဘူးလား" ရန္႐ွီးနဥ္ ေမးလာ၏။
"ဘယ္ကဝမ္းနည္းရမွာလဲ" ေဖ့က်င္း ျပန္ေျပာလာ၏။ "မင္းေပ်ာ္ေနသေရြ႕ ကိုယ္ အဆင္ေျပတယ္"
ရန္႐ွီးနဥ္ သူမမ်က္ႏွာကို ေဖ့က်င္းဘက္ လွည့္ၾကည့္ကာ သူ႔ၾကည့္ရတာ တကယ္ေျပာေနတဲ့ပံုပဲ ဟုေတြးမိသည္။
"ကြၽန္မ ဘာနည္းလမ္းမွ မစဥ္းစားရေသးဘူး" ရန္႐ွီးနဥ္ ေျပာ၏။
ေဖ့က်င္း ျပံဳး၏။ "ကိုယ့္အကူအညီလိုရင္ ေျပာသာေျပာလိုက္"
ေဖ့က်င္း သူ႔မ်က္လံုးမ်ားကို ပိတ္ကာ အိပ္ခ်င္ေယာင္ေဆာင္ေနသည္။ သို႔ေသာ္ ရန္႐ွီးနဥ္သည္ ႏိုးလ်က္ပဲ႐ွိေသးကာ ဟိုးအရင္တုန္းကႏွစ္ေတြကအေၾကာင္းကို ျပန္ေတြးမိသြားသည္။
သူမ အႏိုင္က်င့္ခံလာရသည့္ေန႔တုန္းက အိမ္ျပန္လမ္းတြင္ ေဖ့က်င္းကို ဝင္တိုက္မိခဲ့သည္ကို ရန္႐ွီးနဥ္ မွတ္မိေသးသည္။ ပံုမွန္ဆို သူမ သူ႔ကို ျမင္လ်ွင္ ထြက္ေျပးေနက်ျဖစ္သည္။ ထို႔ေၾကာင့္ သူမ သူ႔ကို မျမင္ခ်င္ေယာင္ကာ ေက်ာ္သြားေသာ္လည္း သူက သူမကို လမ္းပိတ္ထားခဲ့သည္။
"ျခေသၤ့ေလး...မင္း အႏိုင္က်င့္ခံလာရတာလား" ေဖ့က်င္း ေမးလာ၏။
"နင္နဲ႔ ဘာမွမဆိုင္ဘူး" ရန္႐ွီးနဥ္ ျပန္ေျဖ၏။
"လက္စားေခ်ဖို႔ ကူညီေပးရမလား" ေဖ့က်င္း ေမး၏။
ရန္႐ွီးနဥ္ ေဖ့က်င္း၏အရပ္အ႐ွည္ႀကီးကို ေမာ့ၾကည့္ကာ သူမကို အႏိုင္က်င့္ခဲ့ေသာေကာင္ေလးအေၾကာင္းအား ေျပာျပလာသည္။
ေနာက္တစ္ေန႔တြင္ ေဖ့က်င္းသည္ ရန္႐ွီးနဥ္ကို မနက္ေစာႀကီးလာႏႈိးကာ သူမကို ေထာင္ေခ်ာက္တစ္ခု ကူဆင္ေပးထားၿပီး သူမကို အႏိုင္က်င့္ခဲ့ေသာေကာင္ေလး ေက်ာင္းကေနအိမ္ျပန္လာသည္ကို ေစာင့္ၾကေလသည္။
ေကာင္ေလးက ေထာင္ေခ်ာက္ကို တက္နင္းမိသြားေတာ့ သစ္ကိုင္းတြင္ခ်ိတ္ထားေသာ ပုပ္သိုးေနေသာအသီးအရြက္ေတြနဲ႔ ညစ္ပတ္ေသာအိတ္က ေကာင္ေလးေပၚ က်လာသည္။ ပုပ္အဲ့အဲ့အနံ႔နဲ႔ေဂၚဖီရြက္ေတြ၊ ျမက္ပင္ေတြနဲ႔ ေက်ာက္စရစ္ခဲေတြက ေကာင္ေလး၏ေခါင္းေပၚ က်ကုန္သည္။
အတိတ္ကိုျပန္ေတြးမိျပီး ရန္႐ွီးနဥ္ မျပံဳးဘဲမေနႏိုင္။ ထိုအခ်ိန္တုန္းက သူေပ်ာ္ဖို႔ သူမကို စေနာက္ရတာသေဘာက်တဲ့ မင္းသားကိုးက ဒီလိုနည္းလမ္းနဲ႔ သူမကို လက္စားကူေခ်ေပးလိမ့္မယ္လို႔ သူမ မေတြးမိခဲ့။ သူမထင္ခဲ့တာက သူ႔လက္သီးကိုသံုးၿပီး ေကာင္ေလးကို အေသ႐ိုက္လိမ့္မည္ဟူ၍။
ေဖ့က်င္း သူမကို လက္စားကူေခ်ၿပီးေတာ့ ဘာေတြဆက္ျဖစ္ခဲ့တယ္ဆိုတာ ရန္႐ွီးနဥ္ ႐ုတ္တရက္ ျပန္မွတ္မိသြားၿပီး က်ိန္ဆဲမိ၏။ သူကူညီခဲ့တဲ့အတြက္ သူမကို အတင္းေငြေတာင္းေတာ့သည္။ သူမ ေခါင္းယမ္းကာ ေပးဖို႔ ျငင္းခဲ့သည္ကို မွတ္မိေသးသည္။ သူမကို မကူညီခင္တုန္းကေတာ့ ေငြေပးရမယ္လို႔ မေျပာခဲ့ဘဲနဲ႔။
"ဘယ္ေလာက္လိုခ်င္လို႔လဲ" ရန္႐ွီးနဥ္ ေမး၏။
ေဖ့က်င္း ျပံဳးကာ လက္သံုးေခ်ာင္း ေထာင္ျပလိုက္သည္။ "ေငြသံုးျပားဆို ရၿပီ"
ရန္႐ွီးနဥ္ သူမ၏အဖိုးတန္ပိုက္ဆံအိတ္ေလးကို ပြတ္သပ္ကာ သူမႏွလံုးသားေတြ ကြဲေၾကရေတာ့သည္။ အိတ္ထဲတြင္ကား သူမ က်စ္က်စ္ကုတ္ကုတ္စုထားသမ်ွ ေငြႏွစ္ျပားသာ႐ွိသည္။
"ေပးဖို႔ မေလာက္ဘူးလား" ေဖ့က်င္း ေမး၏။ "ရတယ္ေလ၊ ဆရာ့သင္ခန္းစာေတြထဲက ငါ အလြတ္ရြတ္ျပတဲ့စာလံုးေတြကို ငါ့စာအုပ္ထဲမွာ ေရးေပးၿပီး အေႂကြးဆပ္ေပါ့"
ရန္႐ွီးနဥ္ခမ်ာ ေဖ့က်င္းစာအုပ္ထဲတြင္ စာလံုးမ်ားကို ရက္ေပါင္းမ်ားစြာ ကူးေရးေပးရေလသည္။ ထိုအခ်ိန္တုန္းက လက္ေရးလွေရးရျခင္းကို အမုန္းဆံုးဆိုတာ ဘုရားပဲသိသည္။
ရန္႐ွီးနဥ္သည္ ေဖ့က်င္းကို အေႂကြးျပန္ဆပ္ဖို႔ စာလံုးမ်ားကို ႀကိဳးစားေရးရသည္။ သူ အလြတ္ရြတ္ျပေသာစာလံုးမ်ားကို ကူးေရးၿပီးသြားေသာအခါ သူမ ဒီမေကာင္းဆိုးဝါးေလးလက္မွ လြတ္ၿပီဟု ေတြးကာေပ်ာ္ေနသည္။ သို႔ေသာ္ ထိုမေကာင္းဆိုး၀ါးေလးမွာ အလြန္ေကာက္က်စ္လွသည္။
"ဆရာ...ေနာက္ဆို ႐ွီးနဥ္ကို ကြၽန္ေတာ္နဲ႔အတူ ေရးဖို႔၊ ဖတ္ဖို႔ ဒီမွာ ထိုင္ခိုင္းလို႔ရမလား" ေဖ့က်င္းက ေမး၏။ "ဒီညီမေလးက ဥာဏ္အရမ္းေကာင္းတယ္လို႔ ကြၽန္ေတာ္ထင္တယ္"
မေကာင္းဆိုး၀ါးေလး၏ ႐ိုးသားျဖဴစင္ဟန္အျပံဳးတုေလးေၾကာင့္ ေဖ့က်င္း၏ဆရာက ေခါင္းၿငိမ့္လိုက္တဲ့အခါ ရန္႐ွီးနဥ္မွာ အသံတိတ္ငိုမိေတာ့သည္။
တစ္ႏွစ္ပတ္လံုး ေဖ့က်င္း၏ဆရာမွာ အ႐ူးလုပ္ခံရၿပီး ရန္႐ွီးနဥ္မွာေတာ့ မနက္ခင္းတိုင္း အခန္းအျပင္ကေန မေကာင္းဆိုး၀ါးေလး၏လာႏႈိးျခင္းကို ခံရေလသည္။
"ေဒၚေဒၚတြမ္း ႐ွီးနဥ္ႏိုးၿပီလား" ေဖ့က်င္း ေမး၏။ "သူ စာဖတ္စရာ႐ွိလို႔ ေစာေစာထမွ ျဖစ္မယ္"
သနားစရာ႐ွီးနဥ္ေလးကို မနက္ခင္းတိုင္း သူ႔အေမက အိပ္ရာေပၚကေန ဆြဲခ်ၿပီး ေဖ့က်င္းလက္သို႔ အပ္ေလသည္။ သူမ ေဖ့က်င္းႏွင့္အတူ စာဖတ္ရ၊ ေရးရတိုင္း ဝမ္းတြင္းမည္းငညစ္ေကာင္ကို ေဒါသထြက္စြာ စိုက္ၾကည့္ေလ့႐ွိသည္။
ရန္႐ွီးနဥ္ က်ိတ္ၿပီး သက္ျပင္းခ်မိသည္။ သူမအတိတ္က ဆင္းရဲဒုကၡအျပည့္ႏွင့္ အလြန္ သနားစရာေကာင္းလွသည္။ သူမ ငိုခ်င္လာေသာ္လည္း ေခါင္းကိုလွည့္ကာ ေအးေအးခ်မ္းခ်မ္း အိပ္ေမာက်ေနေသာေဖ့က်င္းကို ၾကည့္ၿပီး အရင္တုန္းက သူမကို အႏိုင္က်င့္ခဲ့သည့္အတြက္ သူ႔ကို စိတ္ဆိုးလာသည္။
ရန္႐ွီးနဥ္ သူမေဒါသေတြကို ခဏေဘးခ်ိတ္ထားၿပီး စုယြဲ႕ကို ဘယ္လိုကိုင္တြယ္ရမလဲသာ စဥ္းစားေနလိုက္သည္။
ရန္႐ွီးနဥ္ အေတြးမ်ားေနစဥ္ ေဖ့က်င္းက သူမကို တိတ္တိတ္ေလး ေစာင့္ၾကည့္ေနေလသည္။ သူမကို ေစာင့္ၾကည့္ရင္းက သူ အတိတ္ကို ျပန္သတိရမိသည္။
ရန္႐ွီးနဥ္ စာေရးတတ္၊ ဖတ္တတ္ဖို႔ သူမကို ဘယ္လိုအ႐ူးလုပ္ခဲ့လဲဆိုတာ ေဖ့က်င္း မွတ္မိေသးသည္။ သူမက ေန႔တိုင္း ပိုက္ဆံအိတ္ကိုစစ္ေနမွေတာ့ သူမမွာ ေငြႏွစ္ျပားပဲ႐ွိတယ္ဆိုတာ သူ မသိဘဲေနမလား။ သူမထက္ႀကီးတဲ့ေကာင္ေလးနဲ႔ ရန္ျဖစ္ၿပီး ႐ႈံးတဲ့သူမအျပစ္ပဲေလ။ သူမကို ဘယ္လိုေရးရ၊ ဖတ္ရမယ္ သင္ေပးရတာ တကယ့္ကို ေကာင္းသည္။ သူမ၏လက္ေရးလွလွေတြက အတိတ္တုန္းက သူ႔အားထုတ္မႈရဲ႕ ရလဒ္ပဲ။ သူမကို သူ အႏိုင္က်င့္ေသာ္လည္း တစ္ျခားသူမ်ားက သူမအား အႏိုင္က်င့္ျခင္းကိုေတာ့ သူခြင့္မျပဳ။
ေနာက္တစ္ေန႔မနက္ခင္း ေဖ့က်င္းႏိုးလာေတာ့ သူ႔ေဘးမွာထိုင္ေနၿပီး သူ႔ကို အလြန္တရာေတာက္ပေသာမ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနေသာ ရန္႐ွီးနဥ္ကို ေတြ႕လိုက္ရသည္။
"ဖူးရန္...ဘာေတြၾကည့္ေနတာလဲ" ေဖ့က်င္း ေမးလိုက္၏။
"ေနာက္ဆံုးေတာ့ ကြၽန္မ နည္းလမ္း႐ွာေတြ႕သြားၿပီ၊ ဒါေပမယ့္ အစ္ကိုႀကီးရဲ႕ အကူအညီလိုတယ္" ရန္႐ွီးနဥ္ ေျပာလာ၏။
ေဖ့က်င္း က်ိတ္ရယ္လိုက္၏။ ရန္႐ွီးနဥ္ တစ္ညလံုး မအိပ္ဘဲ စဥ္းစားခဲ့တာပဲျဖစ္ရမည္။
________________________
Translator - @Sharr7
Sharr: ကိုယ္ကေတာ့ ဘာသာျပန္ရင္း ေဘးကဖက္လံုးကို ဆြဲကိုက္မိကုန္ 😅
---------------------------
Unicode Ver:
ညနေခင်းတွင် ဖေ့ကျင်းသည် တောင်ဘက်ကျန်းက အကြီးအကဲတို့ထံ စာရေးနေလေသည်။
ဖေ့ကျင်း စာရေးနေစဉ် ရန်ရှီးနဉ်က ငါးစွပ်ပြုတ်ကိုစားရင်း စုယွဲ့ကို အေးစက်စက်ပြုံးကြည့်နေသည်ကို သူ ပြန်အမှတ်ရမိသည်။
ဖေ့ကျင်း စာကို ချိပ်ပိတ်ပြီးတော့ သူတို့အဆောင်က လက်ရေးလှကျင့်သည့်အခန်းထဲသို့ အမြန်ပြန်လာ၏။ ရန်ရှီးနဉ်က အိပ်ရာကို ကျောမှီပြီးထိုင်နေရာမှ သူပြန်လာတာမြင်တော့ မတ်တတ်ထရပ်လေသည်။
ဖေ့ကျင်းက ရုတ်တရက် အိပ်ရာပေါ် ခုန်တက်ကာ ရန်ရှီးနဉ်ကို ဖက်၏။
"အား!" ရန်ရှီးနဉ် အော်ဟစ်၏။
ဖေ့ကျင်းက ရန်ရှီးနဉ်၏အပေါ်ဝတ်ကို ချွတ်လိုက်သည်။ "ဘာတွေတွေးနေတာလဲ"
ရန်ရှီးနဉ် ဖေ့ကျင်းကို သံသယဖြင့်ကြည့်လာပြီး အဝတ်မချွတ်ရန် ရုန်းကန်နေသည်။ "အစ်ကိုကြီး...ပြီးခဲ့တဲ့ညတုန်းက ကျွန်မသာဆန္ဒမရှိရင် အတင်းဖိအားမပေးဘူး ရှင် မပြောခဲ့ဘူးလား"
ဖေ့ကျင်း အလွန်လျင်မြန်စွာပင် ရန်ရှီးနဉ်၏အပေါ်ဝတ်ကော၊ အတွင်းဝတ်တွေကော ချွတ်ပစ်သည်။ သူမအတွင်းခံတွေကိုပါ သူချွတ်ပစ်ချင်သော်လည်း သူ့စိတ်သူမထိန်းနိုင်မှာလည်း စိုးမိသည်။
ရန်ရှီးနဉ်က အိပ်ရာထောင့်တွင် ထိုင်နေပြီး သူမရင်ဘတ်ကို ကွယ်ထားသည်။ ဖေ့ကျင်းကတော့ သဘောတကျ ရယ်မောကာနေသည်။
"ဖူးရန်...မင်း စိုးရိမ်စရာမလိုဘူး" ဖေ့ကျင်း ပြော၏။ "အဝတ်အစားတွေနဲ့အိပ်ရင် မင်း ပူနေမှာစိုးလို့ ကိုယ် ကူချွတ်ပေးတာပါ၊ မင်းအဝတ်တွေကို ကိုယ် မချွတ်စေချင်ရင် နောက်ဆို အိပ်ရာပေါ်မှာ အဝတ်မဝတ်တော့နဲ့"
ဖေ့ကျင်း သူ့အဝတ်အစားတွေကို ချွတ်ပြီး ရန်ရှီးနဉ်ဘေး အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သည်။
ရန်ရှီးနဉ် အိပ်ရာပေါ်တွင် လှဲနေသောဖေ့ကျင်းကို ခဏကြာသည်အထိ စောင့်ကြည့်နေသည်။ သူ့ခြေထောက်တွေ၊ လက်တွေက မလှုပ်တာမြင်မှ ရင်ဘတ်ကို မကွယ်တော့ကာ အိပ်ရာပေါ်မှာ သူနဲ့ ဝေးဝေး သူမ လဲှဲလိုက်သည်။
ဖေ့ကျင်း လှိမ့်လာပြီး ရန်ရှီးနဉ်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။
ခဏကြာတော့ ဖေ့ကျင်း ရန်ရှီးနဉ်ကို လွှတ်ပေးလိုက်သည်။ သူမကို ဖက်ရုံလေးဖက်တာကို သူ့ညီလေးက ဘာလို့ ထလာရတာလဲ၊ သူ့ညီလေးကို အာရုံပြောင်းပေးဖို့ လိုလာပြီ။
"ဖူးရန်...နေ့လည်စာစားတုန်းက စုယွဲ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ" ဖေ့ကျင်း မေး၏။
"ဘာလဲ" ရန်ရှီးနဉ်လည်း ပြန်မေး၏။ "မင်းသားကိုး....ကျွန်မမှာ သူ့ကို ကြည့်ခွင့်တောင် မရှိဘူးလား၊ ရှင် သူ့ကို တကယ်မြတ်နိုးတာပဲ ဖြစ်ရမယ်"
ဖေ့ကျင်း ရန်ရှီးနဉ်၏ပါးလေးကို ဆိတ်လိုက်၏။ "ဘာလို့ အခန်းထဲမှာ ချဉ်စုပ်စုပ်နံ့ရနေတာလဲ"
[ Sharr: ရှောင်နဉ်လေးက သူ့ကို သဝန်တိုနေတယ်ဆိုပြီး သူက ပြောချင်တာပါ ]
ရန်ရှီးနဉ် နှာခေါင်းရှုံ့ပြီး ချောင်းဆိုးလိုက်၏။ "မင်းသားကိုး ရေမချိုးထားလို့ ချဉ်နံ့ရနေတာနေမှာ"
"တကယ်ပြောနေတာလား" ဖေ့ကျင်း မေး၏။ "မင်းယောက်ျားက သန့်ပါတယ်၊ မယုံရင် နမ်းကြည့်"
ဖေ့ကျင်း ရန်ရှီးနဉ်၏မျက်နှာကို သူ့ရင်ဘတ်နားသို့ ဆွဲလိုက်သည်။
ရန်ရှီးနဉ် ဖေ့ကျင်းရင်ဘတ်ကို တွန်းကာ သူမမျက်နှာကို သူ့ရင်ဘတ်နှင့် ဝေးရာသို့ ရှောင်လိုက်၏။ ထိုသို့ရှောင်လိုက်မှ သူမ၏နှင်းပွင့်လေးတွေလို ဖြူဖွေးနေသော ပခုံးသားကို သူ ထင်ထင်ရှားရှား မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ သူ့နှလုံးသားကလည်း လောင်မြိုက်သွားသည်။
ဖေ့ကျင်း သူ့ခေါင်းကို ငုံ့ကာ ရန်ရှီးနဉ်၏လည်ပင်းကို ကိုက်ခဲလိုက်သည်။ အစတုန်းကတော့ သူမလည်ပင်းကို နမ်းရုံလေးပဲ နမ်းမလို့၊ နောက်တော့ သူ့နှုတ်ခမ်းတွေက နူးညံ့လှသောသူမလည်ပင်းသာထိမိတဲ့ အခိုက်အတန့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့။
ရန်ရှီးနဉ်၏လည်ပင်းမှာ နာကျင်ပြီး ထူပူသွားသလို ခံစားရသည်။ ထူးဆန်းသောခံစားချက်က သူမနှလုံးသားထဲ ဝင်ရောက်မွှေနှောက်လာသည်။ သို့သော် ဖေ့ကျင်းလက်တွေက သူမအတွင်းခံအောက် ရောက်လာသည့်အချိန်တွင်တော့ ထိုထူဆန်းသည့်ခံစားချက်နေရာတွင် ထိတ်လန့်ကြောက်ရွံ့မှုများက အစားထိုးဝင်ရောက်လာသည်။
ဖေ့ကျင်းလက်တွေကို ရပ်တန့်ရန် ရန်ရှီးနဉ်၏ကြိုးပမ်းနေမှုက သိပ်အသုံးမဝင်ချေ။ သူမခန္ဓာကိုယ်က ခံစားလွယ်သောနေရာများကို သူ ရင်းနှှီးနေသည်။ သူ့လက်များက သူမ၏မာကျောသောထိပ်ပိုင်းနှစ်ခုကို ပွတ်သပ်နေသည်။
ဖေ့ကျင်း၏ပူပြင်းနေသောလက်များက သူမခန္ဓာကိုယ်က ခံစားအလွယ်ဆုံးနေရာများကို ပွတ်သပ်နေတော့ သူမမျက်နှာက ချက်ချင်း မီးထတောက်တော့မလို ခံစားလာရသည်။
ရန်ရှီးနဉ်ကို ထိမိလိုက်တိုင်း သူ့အသိစိတ်တွေ လွတ်သွားသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်မိသော်လည်း သူမကို သူလွတ်မပေးချင်သေး။
ဖေ့ကျင်း၏လက်တို့က ရန်ရှီးနဉ်ခန္ဓာကိုယ်ကို ကျိုးပဲ့လွယ်သောရတနာတစ်ပါးကို ကိုင်တွယ်နေသလိုမျိုး ဖြည်းဖြည်းချင်း ပွတ်သပ်နေသည်။ သူ့နှုတ်ခမ်းတွေက သူမလည်ပင်းသားတွေပေါ်မှာ အတန်ကြာရစ်ဝဲနေသည်။ ထို့နောက် သူ့နှုတ်ခမ်းတွေက နားသန်သီးနှင့် ပါးပြင်ပေါ်ရောက်လာပြီး နောက်ဆုံး သူမနှုတ်ခမ်းပေါ်အထိ ရောက်လာသည်။ သို့သော် သူမနှုတ်ခမ်းတွေကို သူ အကြာကြီး မမြည်းစမ်းရဲ၊ သူ့ညီလေးက မာသထက် မာလာပြီလေ။ သူ ထပ်အချိန်မဆွဲတော့ဖို့ ဆုံးဖြတ်လိုက်ပြီး သူမကို တစ်ခါလောက်ထပ်နမ်းပြီးရင် လွှတ်ပေးတော့မယ်လို့ သူ့ညီလေးကို ကတိပေးလိုက်တော့သည်။ ရုတ်တရက် သူမနှုတ်ခမ်းပါးကနေ ညည်းသံအချို့ ထွက်ကျလာသည်ကို သူကြားလိုက်ရသည်။ သူ့ခေါင်းကို နောက်အနည်းငယ် ဆုတ်လိုက်တော့ သူမမျက်နှာတစ်ခုလုံး နီရဲတောက်နေပြီး ဖူးယောင်နေသောနှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်ကို သူတွေ့ရသည်။
ဖေ့ကျင်း ပြုံး၏။ "ဖူးရန်...ဘာတွေအိမ်မက်မက်နေတာလဲ"
ရန်ရှီးနဉ် ဖေ့ကျင်း၏ ကျေနပ်အားရနေသောအပြုံးကြီးကို ကြည့်မိတော့ သူမ ရှက်တာရော၊ ဒေါသထွက်တာရော တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။ သူမ သူ့လက်ကိုကိုက်ကာ အဝေးကို လှိမ့်သွားလိုက်သော်လည်း သူမမျက်နှာမှာ ပိုပိုပူလာသလိုပင်။ ထိုအခိုက်အတန့်တွင် သူမခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်တော့မည်ဟု သူမတွေးမိသည်။
ဖေ့ကျင်း ရန်ရှီးနဉ်ကို ထပ်မထိရဲတော့။ သူ အိပ်ရာထောင့်ကိုသာ စိုက်ကြည့်ကာ အချိန်အကြာကြီး တိတ်ဆိတ်သွားသည်။
ညလေကား အေးလှ၏။ ဖေ့ကျင်း ရန်ရှီးနဉ်အပေါ် စောင်ကိုဆွဲခြုံပေးလိုက်သည်။ သူမက ကြောင်လေးတစ်ကောင်လိုပင် သူ့ဘက်လှည့်ကာ "အစ်ကိုကြီး ကျွန်မနားကပ်လာရင် သေအောင်ကိုက်ပစ်မယ်" ဟူသောအကြည့်မျိုးဖြင့် သူ့ကို သတိပေးလာသည်။
ဖေ့ကျင်း ရယ်လိုက်၏။ "ဖူးရန်...မစိုးရိမ်ပါနဲ့၊ ကိုယ် မင်းကို တကယ်မထိဝံ့ပါဘူး၊ ဒါပေမယ့် မင်းရင်ဘတ်တွေကို ပွတ်ရတာ တကယ်ကောင်းတယ်၊ ရင်ဘတ်က သေးနေတော့ ကြီးလာအောင် များများပွတ်ပေးဖို့လိုတယ်"
ရန်ရှီးနဉ် ပြန်ပြောစရာစကားမရှိလောက်အောင်ကို ဒေါသထွက်သွားသည်။
"အစ်ကိုကြီး ကိုယ့်ရင်ဘတ်ကိုယ် ကြီးလာအောင် အရင်ပွတ်ကြည့်ပါလား" ရန်ရှီးနဉ် ပြော၏။
ရန်ရှီးနဉ်က လှိမ့်သွားတာကြောင့် ဖေ့ကျင်း သူမရင်ဘတ်ကို မပွတ်သပ်နိုင်တော့။
"ဖူးရန်...စုယွဲ့ကို ဘယ်လိုကိုင်တွယ်ရမလဲ စဉ်းစားနေတာလား" ဖေ့ကျင်း မေး၏။
"အစ်ကိုကြီး ဝမ်းနည်းရမှာ မဟုတ်ဘူးလား" ရန်ရှီးနဉ် မေးလာ၏။
"ဘယ်ကဝမ်းနည်းရမှာလဲ" ဖေ့ကျင်း ပြန်ပြောလာ၏။ "မင်းပျော်နေသရွေ့ ကိုယ် အဆင်ပြေတယ်"
ရန်ရှီးနဉ် သူမမျက်နှာကို ဖေ့ကျင်းဘက် လှည့်ကြည့်ကာ သူ့ကြည့်ရတာ တကယ်ပြောနေတဲ့ပုံပဲ ဟုတွေးမိသည်။
"ကျွန်မ ဘာနည်းလမ်းမှ မစဉ်းစားရသေးဘူး" ရန်ရှီးနဉ် ပြော၏။
ဖေ့ကျင်း ပြုံး၏။ "ကိုယ့်အကူအညီလိုရင် ပြောသာပြောလိုက်"
ဖေ့ကျင်း သူ့မျက်လုံးများကို ပိတ်ကာ အိပ်ချင်ယောင်ဆောင်နေသည်။ သို့သော် ရန်ရှီးနဉ်သည် နိုးလျက်ပဲရှိသေးကာ ဟိုးအရင်တုန်းကနှစ်တွေကအကြောင်းကို ပြန်တွေးမိသွားသည်။
သူမ အနိုင်ကျင့်ခံလာရသည့်နေ့တုန်းက အိမ်ပြန်လမ်းတွင် ဖေ့ကျင်းကို ဝင်တိုက်မိခဲ့သည်ကို ရန်ရှီးနဉ် မှတ်မိသေးသည်။ ပုံမှန်ဆို သူမ သူ့ကို မြင်လျှင် ထွက်ပြေးနေကျဖြစ်သည်။ ထို့ကြောင့် သူမ သူ့ကို မမြင်ချင်ယောင်ကာ ကျော်သွားသော်လည်း သူက သူမကို လမ်းပိတ်ထားခဲ့သည်။
"ခြင်္သေ့လေး...မင်း အနိုင်ကျင့်ခံလာရတာလား" ဖေ့ကျင်း မေးလာ၏။
"နင်နဲ့ ဘာမှမဆိုင်ဘူး" ရန်ရှီးနဉ် ပြန်ဖြေ၏။
"လက်စားချေဖို့ ကူညီပေးရမလား" ဖေ့ကျင်း မေး၏။
ရန်ရှီးနဉ် ဖေ့ကျင်း၏အရပ်အရှည်ကြီးကို မော့ကြည့်ကာ သူမကို အနိုင်ကျင့်ခဲ့သောကောင်လေးအကြောင်းအား ပြောပြလာသည်။
နောက်တစ်နေ့တွင် ဖေ့ကျင်းသည် ရန်ရှီးနဉ်ကို မနက်စောကြီးလာနှိုးကာ သူမကို ထောင်ချောက်တစ်ခု ကူဆင်ပေးထားပြီး သူမကို အနိုင်ကျင့်ခဲ့သောကောင်လေး ကျောင်းကနေအိမ်ပြန်လာသည်ကို စောင့်ကြလေသည်။
ကောင်လေးက ထောင်ချောက်ကို တက်နင်းမိသွားတော့ သစ်ကိုင်းတွင်ချိတ်ထားသော ပုပ်သိုးနေသောအသီးအရွက်တွေနဲ့ ညစ်ပတ်သောအိတ်က ကောင်လေးပေါ် ကျလာသည်။ ပုပ်အဲ့အဲ့အနံ့နဲ့ဂေါ်ဖီရွက်တွေ၊ မြက်ပင်တွေနဲ့ ကျောက်စရစ်ခဲတွေက ကောင်လေး၏ခေါင်းပေါ် ကျကုန်သည်။
အတိတ်ကိုပြန်တွေးမိပြီး ရန်ရှီးနဉ် မပြုံးဘဲမနေနိုင်။ ထိုအချိန်တုန်းက သူပျော်ဖို့ သူမကို စနောက်ရတာသဘောကျတဲ့ မင်းသားကိုးက ဒီလိုနည်းလမ်းနဲ့ သူမကို လက်စားကူချေပေးလိမ့်မယ်လို့ သူမ မတွေးမိခဲ့။ သူမထင်ခဲ့တာက သူ့လက်သီးကိုသုံးပြီး ကောင်လေးကို အသေရိုက်လိမ့်မည်ဟူ၍။
ဖေ့ကျင်း သူမကို လက်စားကူချေပြီးတော့ ဘာတွေဆက်ဖြစ်ခဲ့တယ်ဆိုတာ ရန်ရှီးနဉ် ရုတ်တရက် ပြန်မှတ်မိသွားပြီး ကျိန်ဆဲမိ၏။ သူကူညီခဲ့တဲ့အတွက် သူမကို အတင်းငွေတောင်းတော့သည်။ သူမ ခေါင်းယမ်းကာ ပေးဖို့ ငြင်းခဲ့သည်ကို မှတ်မိသေးသည်။ သူမကို မကူညီခင်တုန်းကတော့ ငွေပေးရမယ်လို့ မပြောခဲ့ဘဲနဲ့။
"ဘယ်လောက်လိုချင်လို့လဲ" ရန်ရှီးနဉ် မေး၏။
ဖေ့ကျင်း ပြုံးကာ လက်သုံးချောင်း ထောင်ပြလိုက်သည်။ "ငွေသုံးပြားဆို ရပြီ"
ရန်ရှီးနဉ် သူမ၏အဖိုးတန်ပိုက်ဆံအိတ်လေးကို ပွတ်သပ်ကာ သူမနှလုံးသားတွေ ကွဲကြေရတော့သည်။ အိတ်ထဲတွင်ကား သူမ ကျစ်ကျစ်ကုတ်ကုတ်စုထားသမျှ ငွေနှစ်ပြားသာရှိသည်။
"ပေးဖို့ မလောက်ဘူးလား" ဖေ့ကျင်း မေး၏။ "ရတယ်လေ၊ ဆရာ့သင်ခန်းစာတွေထဲက ငါ အလွတ်ရွတ်ပြတဲ့စာလုံးတွေကို ငါ့စာအုပ်ထဲမှာ ရေးပေးပြီး အကြွေးဆပ်ပေါ့"
ရန်ရှီးနဉ်ခမျာ ဖေ့ကျင်းစာအုပ်ထဲတွင် စာလုံးများကို ရက်ပေါင်းများစွာ ကူးရေးပေးရလေသည်။ ထိုအချိန်တုန်းက လက်ရေးလှရေးရခြင်းကို အမုန်းဆုံးဆိုတာ ဘုရားပဲသိသည်။
ရန်ရှီးနဉ်သည် ဖေ့ကျင်းကို အကြွေးပြန်ဆပ်ဖို့ စာလုံးများကို ကြိုးစားရေးရသည်။ သူ အလွတ်ရွတ်ပြသောစာလုံးများကို ကူးရေးပြီးသွားသောအခါ သူမ ဒီမကောင်းဆိုးဝါးလေးလက်မှ လွတ်ပြီဟု တွေးကာပျော်နေသည်။ သို့သော် ထိုမကောင်းဆိုးဝါးလေးမှာ အလွန်ကောက်ကျစ်လှသည်။
"ဆရာ...နောက်ဆို ရှီးနဉ်ကို ကျွန်တော်နဲ့အတူ ရေးဖို့၊ ဖတ်ဖို့ ဒီမှာ ထိုင်ခိုင်းလို့ရမလား" ဖေ့ကျင်းက မေး၏။ "ဒီညီမလေးက ဉာဏ်အရမ်းကောင်းတယ်လို့ ကျွန်တော်ထင်တယ်"
မကောင်းဆိုးဝါးလေး၏ ရိုးသားဖြူစင်ဟန်အပြုံးတုလေးကြောင့် ဖေ့ကျင်း၏ဆရာက ခေါင်းငြိမ့်လိုက်တဲ့အခါ ရန်ရှီးနဉ်မှာ အသံတိတ်ငိုမိတော့သည်။
တစ်နှစ်ပတ်လုံး ဖေ့ကျင်း၏ဆရာမှာ အရူးလုပ်ခံရပြီး ရန်ရှီးနဉ်မှာတော့ မနက်ခင်းတိုင်း အခန်းအပြင်ကနေ မကောင်းဆိုးဝါးလေး၏လာနှိုးခြင်းကို ခံရလေသည်။
"ဒေါ်ဒေါ်တွမ်း ရှီးနဉ်နိုးပြီလား" ဖေ့ကျင်း မေး၏။ "သူ စာဖတ်စရာရှိလို့ စောစောထမှ ဖြစ်မယ်"
သနားစရာရှီးနဉ်လေးကို မနက်ခင်းတိုင်း သူ့အမေက အိပ်ရာပေါ်ကနေ ဆွဲချပြီး ဖေ့ကျင်းလက်သို့ အပ်လေသည်။ သူမ ဖေ့ကျင်းနှင့်အတူ စာဖတ်ရ၊ ရေးရတိုင်း ဝမ်းတွင်းမည်းငညစ်ကောင်ကို ဒေါသထွက်စွာ စိုက်ကြည့်လေ့ရှိသည်။
ရန်ရှီးနဉ် ကျိတ်ပြီး သက်ပြင်းချမိသည်။ သူမအတိတ်က ဆင်းရဲဒုက္ခအပြည့်နှင့် အလွန် သနားစရာကောင်းလှသည်။ သူမ ငိုချင်လာသော်လည်း ခေါင်းကိုလှည့်ကာ အေးအေးချမ်းချမ်း အိပ်မောကျနေသောဖေ့ကျင်းကို ကြည့်ပြီး အရင်တုန်းက သူမကို အနိုင်ကျင့်ခဲ့သည့်အတွက် သူ့ကို စိတ်ဆိုးလာသည်။
ရန်ရှီးနဉ် သူမဒေါသတွေကို ခဏဘေးချိတ်ထားပြီး စုယွဲ့ကို ဘယ်လိုကိုင်တွယ်ရမလဲသာ စဉ်းစားနေလိုက်သည်။
ရန်ရှီးနဉ် အတွေးများနေစဉ် ဖေ့ကျင်းက သူမကို တိတ်တိတ်လေး စောင့်ကြည့်နေလေသည်။ သူမကို စောင့်ကြည့်ရင်းက သူ အတိတ်ကို ပြန်သတိရမိသည်။
ရန်ရှီးနဉ် စာရေးတတ်၊ ဖတ်တတ်ဖို့ သူမကို ဘယ်လိုအရူးလုပ်ခဲ့လဲဆိုတာ ဖေ့ကျင်း မှတ်မိသေးသည်။ သူမက နေ့တိုင်း ပိုက်ဆံအိတ်ကိုစစ်နေမှတော့ သူမမှာ ငွေနှစ်ပြားပဲရှိတယ်ဆိုတာ သူ မသိဘဲနေမလား။ သူမထက်ကြီးတဲ့ကောင်လေးနဲ့ ရန်ဖြစ်ပြီး ရှုံးတဲ့သူမအပြစ်ပဲလေ။ သူမကို ဘယ်လိုရေးရ၊ ဖတ်ရမယ် သင်ပေးရတာ တကယ့်ကို ကောင်းသည်။ သူမ၏လက်ရေးလှလှတွေက အတိတ်တုန်းက သူ့အားထုတ်မှုရဲ့ ရလဒ်ပဲ။ သူမကို သူ အနိုင်ကျင့်သော်လည်း တစ်ခြားသူများက သူမအား အနိုင်ကျင့်ခြင်းကိုတော့ သူခွင့်မပြု။
နောက်တစ်နေ့မနက်ခင်း ဖေ့ကျင်းနိုးလာတော့ သူ့ဘေးမှာထိုင်နေပြီး သူ့ကို အလွန်တရာတောက်ပသောမျက်ဝန်းများဖြင့် ကြည့်နေသော ရန်ရှီးနဉ်ကို တွေ့လိုက်ရသည်။
"ဖူးရန်...ဘာတွေကြည့်နေတာလဲ" ဖေ့ကျင်း မေးလိုက်၏။
"နောက်ဆုံးတော့ ကျွန်မ နည်းလမ်းရှာတွေ့သွားပြီ၊ ဒါပေမယ့် အစ်ကိုကြီးရဲ့ အကူအညီလိုတယ်" ရန်ရှီးနဉ် ပြောလာ၏။
ဖေ့ကျင်း ကျိတ်ရယ်လိုက်၏။ ရန်ရှီးနဉ် တစ်ညလုံး မအိပ်ဘဲ စဉ်းစားခဲ့တာပဲဖြစ်ရမည်။
________________________
Translator - @Sharr7
Sharr: ကိုယ်ကတော့ ဘာသာပြန်ရင်း ဘေးကဖက်လုံးကို ဆွဲကိုက်မိကုန် 😅