Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၁၁)
TRANSLATOR - SHARR
--------------------
စုယွဲ့ မနက်စောစောနိုးလာပြီး ကြည်လင်နေသောကောင်းကင်ကြည့်ကာ တကယ်သာယာတဲ့နေ့လေးပဲဟု တွေးနေမိသည်။
စုယွဲ့ အိပ်ရာပေါ်က အမြန်ထလိုက်၏။ ဖေ့ကျင်းက ရန်ရှီးနဉ်နဲ့ အချိန်တွေအများကြီးဖြုန်းနေမှာကို သူမ ကြည့်မနေနိုင်။ ဖေ့ကျင်းက ရန်ရှီးနဉ်ကိုနှစ်သက်လျှင်ကား အကြောင်းမဟုတ်။ ဖေ့ကျင်းက သေချာပေါက် သူမကိုသာ ပိုချစ်ခင်နှစ်သက်ပေလိမ့်မည်။ သူ့အိမ်တော်မှာ သူမတို့ သုံးနှစ်ကျော်တောင် အတူတူ အချိန်ဖြုန်းခဲ့ကြတာပဲ။ လွန်ခဲ့တဲ့ညက သူမ ရန်ရှီးနဉ်၏ကြက်စွပ်ပြုတ်ကို စားလိုက်တာကို ဖေ့ကျင်းကြားပေမယ့် သူမကို အပြစ်မပေးခဲ့ပေ။
စုယွဲ့ တက်ကြွကာ ပျော်ရွှင်နေ၏။ သူမနှုတ်ခမ်းများကို နီစွေးစွေးခြယ်သကာ ဖေ့ကျင်းအိပ်ဆောင်သို့ လမ်းလျှောက်သွား၏။
စုယွဲ့ မသိလိုက်သည်က ရန်ရှီးနဉ်က စုယွဲ့ရောက်လာတာကို စိတ်ရှည်ရှည်နှင့် စောင့်နေတာကိုပင်။
စုယွဲ့ အိပ်ဆောင်ကို ဝင်လိုက်ပြီး ဖေ့ကျင်းနားကို တိုးကပ်သွား၏။
"မင်းသားကိုး...အဝတ်လဲကူပါရစေ"
"မလိုဘူး၊ ဖူးရန်ကိုသာ ကူညီပေးလိုက်" ဖေ့ကျင်း ပြော၏။
"သူ့ကိုသွားကူညီရင် သူ စိတ်ဆိုးမှာ စိုးရိမ်မိတယ်" စုယွဲ့ ငြင်းဆန်လိုက်၏။
"ဒါဆိုလည်း ဖူးရန်နား ရပ်နေပြီး သူခိုင်းတာ လုပ်ပေးလိုက်" ဖေ့ကျင်း ပြောကာ အဝတ်လဲရန် လိပ်ကာနောက်ကို ဝင်သွားသည်။
စုယွဲ့ ချက်ချင်း ဖေ့ကျင်းနောက်ကို လိုက်သွား၏။
လိုက်ကာဘေးတွင် ဝင့်ဝင့်ကြွားကြွားနှင့် တောက်ပနေသောစားပွဲတစ်လုံးရှိနေသည်။ ရန်ရှီးနဉ်ကား သူမဆံပင်များကို ဖြီးနေ၏။
ရန်ရှီးနဉ်က စားပွဲရှေ့တွင် ရပ်နေသည်ကို စုယွဲ့ မြင်တော့ မျက်မှောင်ကြုတ်သွားသည်။
"ဘုရားရေ...ငါ ဗိုက်တွေနာလိုက်တာ" ရန်ရှီးနဉ်ပြောပြီး ခါးက အနည်းငယ် ကုန်းသွားသည်။ "စုယွဲ့....ငါ့ကို ရပ်နိုင်အောင် လာကူဦး"
ရန်ရှီးနဉ် လဲကျတော့မလို ဟန်ဆောင်ကာ စုယွဲ့ဂါဝန်ကို လှမ်းဆွဲထားသည်။
ရန်ရှီးနဉ်၏ ဖြူဖျော့နေသောမျက်နှာကို စုယွဲ့မြင်သော်လည်း ထိတ်လန့်ကာ ရန်ရှီးနဉ်အနားကပ်ရမည်ကို မုန်းသည်။ သူမ နောက်သို့ ခြေလှမ်းအနည်းငယ် အလျင်စလို ဆုတ်သွား၏။ သူမနောက်က ဘောင်အမြင့်နှင့်တိုက်မိကာ ဟန်ချက်ပျက်သွားသည်။ ထိုဘောင်အမြင့်ပေါ်တွင် အပြာရောင်ပန်းအိုးတစ်အိုး ဘယ်အချိန်က ရှိနေလဲ သူမ မသိလိုက်။
အပြာရောင်ပန်းအိုးက ယိမ်းယိုင်သွားသော်လည်း ကြမ်းပြင်ပေါ် ပြုတ်ကျမသွားသည်ကို ဖေ့ကျင်း မြင်လိုက်၏။ သူ ရန်ရှီးနဉ်အနား အပြေးအလွှား ရောက်သွားကာ သူ့တံတောင်ဆစ်က ရန်ရှီးနဉ်ဆီ သွားတဲ့လမ်းမှာ ရှိနေသော စုယွဲ့ကို သာသာလေး တိုက်လိုက်၏။
စုယွဲ့ အပြာရောင်ပန်းအိုးကို တိုက်မိကာ ကြမ်းပြင်ပေါ် အစိတ်စိတ်အမွှာမွှာ ကွဲသွားစေတော့သည်။
စုယွဲ့ ပန်းအိုးကွဲအပိုင်းအစများကို ရှောင်လိုက်သည်။ သူမမျက်နှာမှာ ဖြူဖျော့သွားသည်။ အပြာရောင်ပန်းအိုးသည်ကား အရှင်မင်းကြီးချီးမြှင့်ထားသော ပန်းအိုးဖြစ်သည်လေ။ သူမတိုက်မိသောပန်းအိုးမှာ ဖေ့ကျင်း အနှစ်သက်ဆုံးပန်းအိုးလည်း ဖြစ်နေသည်။
"အာ့!" ရန်ရှီးနဉ် သူမဗိုက်ကိုဖိကာ နာကျင်သည့်အသံမျိုးဖြင့် အော်ဟစ်လာသည်။ "စုယွဲ့ နင် ဘာလို့ ငါကို ကူမတွဲတာလဲ"
ရန်ရှီးနဉ်ကို စုယွဲ့ လှည့်ကြည့်မိလိုက်သည်။ ရန်ရှီးနဉ်က ကြမ်းပြင်ပေါ် လဲကျနေပြီး ဖေ့ကျင်းက ရန်ရှီးနဉ်ကို ဖက်ထားလေသည်။
"စုယွဲ့...ဖူးရန် နာကျင်နေတာကို မင်း ဘာလို့ ကူမတွဲတာလဲ" ဖေ့ကျင်းက အပြစ်တင်လိုက်၏။
ဖေ့ကျင်း ကွဲသွားသောအပြာရောင်ပန်းအိုးကို ကြည့်ပြီး သူ့မျက်နှာမှာ မဲမှောင်လာတော့သည်။ "ခမည်းတော် ချီးမြှင့်ထားတဲ့ ပန်းအိုးကို မင်းခွဲလိုက်တယ်"
စုယွဲ့ ကြမ်းပြင်ပေါ် ဒူးထောက်ကာ အသနားခံ တောင်းပန်လာသည်။ "မင်းသားကိုး...နူးဘီ တမင်ခွဲတာ မဟုတ်ပါဘူး၊ ဖူးရန်က နူးဘီကို လန့်အောင်လုပ်..."
ဖေ့ကျင်း ဒီလောက်စိတ်ဆိုးနေတာကို စုယွဲ့ တစ်ခါမှမမြင်ဖူးခဲ့။ သူမကို သူ လျစ်လျူရှုကာ ရန်ရှီးနဉ်ကို အိပ်ရာပေါ် သယ်သွားသည်။
"တစ်ယောက်ယောက် မြန်မြန် လာစမ်း၊ ပေ့လူကြီးမင်းကို သွားခေါ်" ဖေ့ကျင်း အမိန့်ပေး၏။
အစေခံငယ်လေး ပေ့သိုဆီ အပြေးအလွှား ရောက်လာချိန်တွင် ပေ့သိုမှာ လေ့ကျင့်ခန်းလုပ်နေလေသည်။ ရန်ရှီးနဉ်၏ ခန္ဓာကိုယ်က အဆိပ်ကြောင့်များ တစ်ခုခုများဖြစ်နတာလားဆိုပြီး တွေးမိသွားကာ ဖေ့ကျင်း၏အိပ်ဆောင်ကို ပြေးရတော့သည်။
ရန်ရှီးနဉ်၏ ခန္ဓာကိုယ်ကို ပေ့သို စစ်ဆေးကြည့်တော့ အသက်ရှုနှုန်းနှင့် သွေးလည်ပတ်မှုမှာ ပုံမှန်ဖြစ်ကာ ဖြူဖျော့နေသော အသားအရေနှင့် တစ်ခြားစီ သူမခန္ဓာကိုယ်မှာ ကျန်းမာလှသည်။ သူ့ကို ဘာလို့ခေါ်ရလဲ သူနားမလည်ချေ။ သူ ဖေ့ကျင်းကို ကြည့်လိုက်တော့ ဖေ့ကျင်းက ဘာမှမမေးရန် မျက်လုံးဖြင့် အချက်ပြလာသည်။
"မင်းဇနီးရဲ့ ကျန်းမာရေးက အသက်အန္တရာယ်တော့ မရှိပေမယ့် သေချာထပ်စစ်ဆေးဖို့တော့ လိုသေးတယ်" ပေ့သို သတိထားပြောလိုက်၏။
စုယွဲ့ အသက်ရှုချောင်သွား၏။ ရန်ရှီးနဉ်သာ အပြင်းအထန် နေမကောင်းဖြစ်ရင် သူမ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပေလိမ့်မည်။ သို့သော်လည်း ရန်ရှီးနဉ်၏ကျန်းမာရေးက အသက်အန္တရာယ်ထိခိုက်လောက်အောင် ဖြစ်မနေတာ သိရတော့ သူမ စိတ်ပျက်သွားမိသည်။ သူမအတွက်တော့ ရန်ရှီးနဉ် သေသွားတာက ပိုကောင်းလေသည်။
ဖေ့ကျင်းမှာ စိတ်သက်သာရာရသွားပုံပေါ်သွားကာ ရန်ရှီးနဉ်၏လက်ကလေးကို ဖွဖွလေး ပုတ်လာသည်။
"ဖူးရန်...မင်း အဆင်ပြေတယ်ဆိုမှပဲ ကိုယ် စိတ်ချသွားတော့တယ်၊ စောစောတုန်းက ကိုယ် သေလောက်အောင် လန့်သွားတာပဲ"
"တောင်းပန်ပါတယ်၊ ရှင့်ကို စိုးရိမ်စေမိပြီ" ရန်ရှီးနဉ် အားနည်းချိနဲ့စွာ ပြန်ပြောလာ၏။
ဖေ့ကျင်းက ရန်ရှီးနဉ်ကို ခဏလောက် နှစ်သိမ့်နေသည်။ ထို့နောက် ခေါင်းကို လှည့်ကာ စုယွဲ့ကို စိုက်ကြည့်လိုက်သည်။
"ငါ အရင်တုန်းက အိမ်တော်မှာ ဘယ်သူ့ကိုမှ အပြစ်မပေးဖူးသလို မင်းကိုလည်း ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံခဲ့ဖူးဘူး၊ ဒါပေမယ့် ဒီနေ့တော့ မင်း တော်တော်လေးကို စည်းကျော်သွားပြီ၊ ကံကောင်းလို့ ဖူးရန်ရဲ့ကျန်းမာရေးက အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိ ဖြစ်မသွားလို့၊ အကယ်၍ သူ တစ်ခုခုများဖြစ်သွားခဲ့ရင် မင်း ဘယ်လိုပြန်ပေးဆပ်မလဲ၊ ငါ့ခမည်းတော် ချီးမြှင့်ထားတဲ့ ပန်းအိုးကိုလည်း ခွဲပစ်သေးတယ်၊ ငါ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ"
ဖေ့ကျင်းရှေ့တွင် စုယွဲ့ ဒူးထောက်ပြီး သူ့ဘောင်းဘီစကိုဆွဲကာ အသနားခံလာသည်။
"မင်းသားကိုး....နူးဘီ မှားမှန်းသိပါပြီ၊ မင်းသားကိုး နူးဘီကို ခွင့်လွှတ်ပါ"
စုယွဲ့၏အပြုအမူကြောင့် ပေ့သို စက်ဆုပ်ကာ တစ်ခြားနေရာကို ကြည့်မိသည်၊
ရန်ရှီးနဉ်ကတော့ သူမမျက်ဝန်းများကို မှိတ်ကာ ဘယ်အရာကိုမှမမြင်သလို ဟန်ဆောင်နေသည်။
ဖေ့ကျင်း သက်ပြင်းချကာ သနားကြင်နာဟန်ဆောင်လာသည်။
"နှစ်အတော်ကြာ ငါ့နောက်လိုက်ခဲ့တာကို စဉ်းစားပြီး ငါ မင်းကို ပြင်းပြင်းထန်ထန် အပြစ်မပေးရက်ဘူး၊ တစ်လလောက် မင်းအဆောင်မှာပဲနေပြီး ဘာမှားခဲ့လဲ ကိုယ့်ကိုယ်ကိုပြန်သုံးသပ်နေ"
စုယွဲ့မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်သွား၏။ သူမသာ တစ်လလုံး သူမအဆောင်မှာပဲ နေရရင် ဖေ့ကျင်းနဲ့ ရန်ရှီးနဉ်တို့ဆက်ဆံရေးက သူမအနှောက်အယှက်မရှိဘဲ ပိုပိုခိုင်မာလာတော့မှာပေါ့။
"မင်း ဘာမှထပ်ပြောစရာ မလိုတော့ဘူး၊ ကိုယ့်အဆောင် ကိုယ်ပြန်တော့" ဖေ့ကျင်း ပြော၏။
ပေ့သို၊ စုယွဲ့နှင့် အခြားအစေခံများ ထွက်သွားကြကုန်သည်။
ဖေ့ကျင်း ရယ်မောကာ ရန်ရှီးနဉ်ဘေးက အိပ်ရာပေါ် လဲလျောင်းလိုက်သည်။
"ဖူးရန်...ကိုယ့်ဖျော်ဖြေမှုကို စိတ်ကျေနပ်ရဲ့လား"
ဖေ့ကျင်းဖက်တာကို ရှောင်ရန် ရန်ရှီးနဉ် လူးလှိမ့်လိုက်ပြီး သူတို့ကြားထဲ ခေါင်းအုံးတစ်လုံးထားလိုက်သည်။
"ဒါပေါ့ ရှင်က လူလိမ်ကြီးပဲ"
သူမ ကြမ်းပြင်လဲချတုန်းက စိုးရိမ်ပူပန်သွားတဲ့မျက်နှာ၊ စုယွဲ့ကို ဆူပူနေတုန်းက ဒေါသမျက်နှာနဲ့ စုယွဲ့ကို အပြစ်ပေးချင်စိတ်မရှိဟန်ဆောင်သောမျက်နှာတို့ကို ရန်ရှီးနဉ် မှတ်မိနေသည်။ သူမ၏အစီအစဉ်အတိုင်း သူ လိုက်လုပ်ပေးနေတာကိုသာ ရန်ရှီးနဉ်မသိခဲ့ရင် သူက ရိုးသားဖြောင့်မတ်တဲ့သူတစ်ယောက်လို့ သူမ ယုံကြည်မိမှာပင်။
"လူလိမ်ကြီး" ရန်ရှီးနဉ် ချီးမွမ်းလိုက်၏။
"ငါတို့က အတူတူပါပဲ" ဖေ့ကျင်း ပြော၏။
ဤသည်ကား သူမ၏အကြံဖြစ်ပြီး ဖေ့ကျင်းက သူမအကြံကို လိုက်ပါကူညီပေးသည့်အတွက် မကျိန်ဆဲသင့်မှန်းကို ရန်ရှီးနဉ် သိသည်။
ရန်ရှီးနဉ် အတွေးများနေစဉ် ဖေ့ကျင်းက သူမပါးကို လက်နှင့်အသာပွတ်ကြည့်သည်။
"မျက်နှာပေါ်က အဖြူမှုန့်တွေကို သွားဆေးလိုက်ဦး၊ မျက်နှာပေါ်မှာ ထူထူလိမ်းထားတာ အသားအရေအတွက် မကောင်းဘူး"
ဖေ့ကျင်းသတိပေးမှ ရန်ရှီးနဉ် သူမမျက်နှာအကြောင်းကို ပြန်သတိရသည်။ သူမ အိပ်ရာပေါ်က အမြန်ထကာ မျက်နှာသစ်သည်။ သူမမျက်နှာပေါ်က အဖြူမှုန့်ထူထူကြောင့် သရဲလိုဖြူဖျော့နေသောမျက်နှာကို စုယွဲ့မြင်တော့ ကြောက်လန့်သွားသည်ကို သူမသတိရမိကာ ပြုံးမိသည်။
ရန်ရှီးနဉ် ဘောင်အမြင့်ကို တစ်ချက်စိုက်ကြည့်ပြီး အိပ်ရာပေါ် ပြန်တက်၏။
"အစ်ကိုကြီး သာမန်ပစ္စည်းတစ်ခုခုကို ခွဲဖို့ ကျွန်မပြောသားပဲ၊ ဘာလို့ အရှင်မင်းကြီး ချီးမြှင့်ထားတဲ့ ပန်းအိုးကို ခွဲလိုက်တာလဲ၊ ဈေးကြီးတဲ့ပန်းအိုးကို ခွဲရတာ နှမြောစရာကောင်းလိုက်တာ"
"သရုပ်ဆောင်တာရဲ့ အဓိကအရေးကြီးတဲ့အပိုင်းက ယုံကြည်လာအောင်လုပ်ဖို့လေ" ဖေ့ကျင်း ပြော၏။ "ဒီလိုအဖိုးတန်တာကိုမှ မရွေးရင် ခံစားချက်တွေက ဘယ်လိုလုပ်နက်ရှိုင်းပါတော့မလဲ"
ဖေ့ကျင်း၏သိပ်မထူးခြားသောအသံကို ရန်ရှီးနဉ် ကြားရတော့ မင်းကြီးချီးမြှင့်သည့်ပန်းအိုးကို သူ ဘာလို့ဂရုမစိုက်မှန်း သူမနားမလည်။ စုယွဲ့အမူအရာကို အကဲခတ်ကြည့်ရင် ဖေ့ကျင်းက ဂရုမစိုက်ပေမယ့် ပန်းအိုးက အရေးပါသည်မှာ ထင်ရှားသည်။
ရန်ရှီးနဉ် ဖေ့ကျင်းကို သံသယဖြစ်စွာ ကြည့်လိုက်၏။ သို့သော် သူ့လက်က နဖူးပေါ်တင်ထား၍ သူ့မျက်နှာအမူအရာကို သူမသေချာမမြင်ရ။
ရန်ရှီးနဉ် သူမအစီအစဉ်ကို ပြန်စဉ်းစားမိသည်။ သူမ ဗိုက်နာချင်ယောင်ဆောင်ကာ သူမကို တွဲကူရန် စုယွဲ့ကို ပြောခဲ့သည်။ စုယွဲ့သာ သူမကိုတွဲကူခဲ့လျှင် ဘာမှဖြစ်လာမည်မဟုတ်။ သို့သော် စုယွဲ့သာ သူမကို မကူညီဘဲ သူမကိုရှောင်ရန် နောက်ဆုတ်ခဲ့လျှင် ပန်းအိုးကိုတိုက်မိကာ အပြစ်ပေးခံရပေမည်။ စုယွဲ့၏ကြင်နာတတ်တဲ့အခြမ်းကို ပြရန် သူမက စုယွဲ့ကို အခွင့်အရေးပေးခဲ့သည်။ စုယွဲ့ တန်ဖိုးမထားခဲ့တာ ရှက်စရာပဲ။ သို့သော် စုယွဲ့၏တုံ့ပြန်မှုက သူမကို စိတ်မပျက်စေခဲ့၊ စုယွဲ့က သူမခန့်မှန်းထားသလိုပင် သူမကို ကူညီရန် မရွေးချယ်ခဲ့ချေ။
ဖေ့ကျင်း သူမအစီအစဉ်ထဲ ပါသွားရသည်ကို သူမ စိတ်မကောင်းလို ခံစားရသည်။ သရုပ်ဆောင်တာ ပီပြင်ရန် သူမနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်၊ အဖိုးတန်ပစ္စည်းတစ်ခု ဆုံးရှုံးခံရန် ထောက်ပံ့ပေးဖို့ သူ့ကို သူမလိုအပ်သည်။
အစကတော့ ဖေ့ကျင်းက စုယွဲ့ကို တကယ်ချစ်မြတ်နိုးကာ သူမရှေ့တွင် စုယွဲ့နှင့်ဝေးဝေးနေပြဟန်ဆောင်နေသည်ဟု ရန်ရှီးနဉ် သံသယဝင်ခဲ့သေးသည်။ စုယွဲ့တွင် နောက်ခံကောင်းကောင်းရှိသည်ဟု သူပြောတုန်းက သူမ စုယွဲ့ကိုပြဿနာရှာလျှင် သူ ဒုက္ခဖြစ်မည်စိုးကာ သေသေချာချာ စဉ်းစားပြီး အစီအစဉ်ဆွဲခဲ့ခြင်းဖြစ်သည်။ သို့သော် သူ သူမအစီအစဉ်ကို သဘောတူကာ ချီးကျူးလိမ့်မည်ဟု သူမ ထင်မထားခဲ့။
"ဖူးရန်...မင်းနဲ့ပူးပေါင်းပြီး ကိုယ် လုပ်နိုင်တာ အကုန်လုပ်ပေးမယ်"
တကယ့်ကိုပဲ ဖေ့ကျင်းက ရန်ရှီးနဉ်ကို ပေးခဲ့သော သူ့ကတိသူ စောင့်ထိန်းကာ အပြစ်ပေးခံရမည့်အဖြစ်မှ လွတ်မြောက်စေမည့် အခွင့်အရေး စုယွဲ့ကို မပေးဘဲ သူမနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ရန်ရှီးနဉ် အဝတ်သန့်သန့်တစ်ခုကိုကိုင်ပြီး သူမမျက်နှာကို ခြောက်အောင်သုတ်၏။
"အစ်ကိုကြီး...ကျွန်မက သူ့ကို နည်းနည်းလောက် ကြောက်အောင် ခြောက်ရုံပါ၊ ဘာလို့ သူ့ကို အဆောင်ထဲမှာ တစ်လလောက် သီးခြားနေရတဲ့အထိ ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်တာလဲ"
"ဖူးရန်....မင်းက သူ့မျက်နှာကို မမြင်ချင်တာ မဟုတ်လား" ဖေ့ကျင်း မေး၏။ "ဒါပေါ့...မင့်ဖူကျွင်းက မင့်ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရမှာပေါ့"
ဖေ့ကျင်း သူ့လျှာသူသပ်လိုက်သည်ကို ရန်ရှီးနဉ် မြင်ကာ စက်ဆုပ်သလိုဟန်ဆောင်၍ တစ်ခြားဘက် လှည့်လိုက်၏။ သူ သူမမျက်နှာကို မမြင်တော့မှ သူမပြုံးလိုက်၏။
"အဲ့လိုလား၊ အစ်ကိုကြီး...သူ့ကို ပေါ့ပေါ့ပါးပါးလေးပဲ အပြစ်ပေးတာကို ကြည့်ရတာ ရှင်နှလုံးသားက သူနဲ့ ဝေးဝေးမှာ ကြာကြာမနေနိုင်ဘူးထင်တယ်"
ဖေ့ကျင်း မတ်မတ်ရပ်ပြီး အပေါ်ရုံကိုဝတ်ကာ နောင်တရနေသောအသံဖြင့် ဟန်ဆောင်ကာ ပြောလာသည်။
"လူတိုင်းက ကိုယ့်ကို နူးညံ့သိမ်မွေ့တဲ့မင်းသားကိုးအဖြစ် သိကြတာ၊ နူးညံ့သိမ်မွေ့တဲ့ မင်းသားက သေချာပေါက် သနားညှာတာဖို့ လိုတာပေါ့"
ရန်ရှီးနဉ် ဖေ့ကျင်းကို ခဏလောက် တည်တည်ငြိမ်ငြိမ် စိုက်ကြည့်နေ၏။ ထို့နောက် သူမယပ်တောင်ကို ကောက်ယူကာ အပြင်ဘက်သို့ လမ်းလျှောက်ထွက်သည်။ သူက တစ်ခြားသူများရှေ့တွင် သူ့မျက်နှာဖုံးကို ဝတ်ဆင်ထားဖို ဘယ်တော့မှ မေ့မည့်သူမဟုတ်ကြောင်းကို သူမ နားလည်သွားသည်။
သူ ရန်ရှီးနဉ်စားရာမှ ကျန်နေသော ဆီးသီးတစ်ဝက်ကို ကောက်ယူကာ ပါးစပ်ထဲထည့်ရင်း အပြင်ထွက်သွားသော သူမနောက်သို့ လိုက်သွားသည်။ သူ ပြုံးလိုက်၏။ သူ စုယွဲ့ကို သူအိမ်တော်ကနေ နှင်ထုတ်ရန် ကြံစည်နေသည်မှာ ကြာပြီဖြစ်ကြောင်းကိုတော့ သူမကို တမင်မပြောတာဖြစ်သည်။ သူမ သူ့ကို အကြွေးတင်နေသည်ဟု ယုံကြည်စေချင်သောကြောင့် ဖြစ်လေသည်။
"ခြင်္သေ့လေး...မင်းကို ကူညီတဲ့အတွက် မင်း ကိုယ့်ကို ဘာမှမပေးရသေးဘူးနော်" ဖေ့ကျင်းက စနောက်လေသည်။
ရန်ရှီးနဉ်၏ခန္ဓကိုယ်မှာ တောင့်ခနဲဖြစ်သွားပြီး ရပ်တန့်သွား၏။
"အစ်ကိုကြီး...ရှင် ဘာလိုချင်လို့လဲ"
ဖေ့ကျင်းက ရန်ရှီးနဉ်ဘေးတွင် ရပ်လိုက်ပြီး သူမပါးကိုနမ်းကာ နားနားလေးကို တိုးတိုးလေး ကပ်ပြောလာသည်။ "ကိုယ်က မင်းကို လိုချင်တာ"
ရန်ရှီးနဉ် ခဏလောက် ဆွံ့အသွား၏။ ထို့နောက် သူမ ထိုလူဆိုးကြီး၏ခြေထောက်ကို ကန်ရန် ပြင်တော့သည်။
ရုတ်တရက် လူငယ်လေးတစ်ယောက်က သူတို့ဆီ ပြေးလာသည်။
"မင်းသားကိုး၊ သခင်မ ....နန်းတော်ကနေ သေတ္တာကြီးတွေ ပို့လိုက်ပါတယ်"
ဖေ့ကျင်းနှင့် ရန်ရှီးနဉ်တို့ သူတို့အဆောင်ကို ပြန်ကာ သေတ္တာတွေကို ဖွင့်ကြည့်ကြသည်။ အရှင်မင်းကြီးက ဘာကြောင့် ပိုးထည်တွေ၊ ဈေးကြီးတဲ့ ကျောက်မျက်ရတနာတွေနဲ့ မျက်နှာချေတွေကို သေတ္တာလိုက်ပို့လာတာလဲ၊ သူမ အံ့ဩကာ သံသယလည်း ဖြစ်မိသည်။
သူ့ခမည်းတော်က ဒီလိုမျိုးလက်ဆောင်ပစ္စည်းတွေ ရန်ရှီးနဉ်ကို ပေးလာလိမ့်မည်ဆိုတာ ဖေ့ကျင်း ခန့်မှန်းမိပြီးသား။ တစ်စုံတစ်ယောက်က ရန်ရှီးနဉ်ဝတ်စားပုံကို စောင်းမြောင်းပြောခဲ့သဖြင့် သူ့ခမည်းတော် အရှက်ရခဲ့သည်ကို သူ မှတ်မိသည်။ တစ်ခြားလူတွေ တော်ဝင်မိသားစုကလူကို အပြစ်မပြောနိုင်စေရန် သူ့ခမည်းတော်က သေချာပေါက် ရန်ရှီးနဉ်ကို ဝတ်ကောင်းစားလှတွေနဲ့ ရွှေငွေကျောက်မျက်တို့ကို ပေးပေလိမ့်မည်။ သူ့ခမည်းတော်က သူ မျှမျှတတဆက်ဆံတတ်သည်ဟု တစ်ခြားသူများကို အရူးလုပ်ခြင်းဖြစ်သလို တစ်ခြားလူတွေကိုလည်း သူ့သားတော်တွေကို နှိမ်ချခွင့့်မရှိဟု သွယ်ဝိုက်သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
ဖေ့ကျင်း သူ့အလိုမကျမှုတို့ကို ဖုံးကွယ်လိုက်ပြီး ရန်ရှီးနဉ်ကို နွေးထွေးစွာ ပြုံးပြလာသည်။
"ခမည်းတော်က မင်းကို သဘောကျလို့ ပေးတာပဲ၊ သူ့လက်ဆောင်တွေကို မင်း လက်ခံလို့ရတယ်"
ရန်ရှီးနဉ်က ဖေ့ကျင်းမျက်နှာကို အနီးကပ် စိုက်ကြည့်၏။
"အစ်ကိုကြီး ရှင် လူသေကိုပဲ သွားအရူးလုပ်လို့ရမယ်"
_
_
[Zawgyi]
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန္း (၁၁)
TRANSLATOR - SHARR
--------------------
စုယြဲ႕ မနက္ေစာေစာႏိုးလာၿပီး ၾကည္လင္ေနေသာေကာင္းကင္ၾကည့္ကာ တကယ္သာယာတဲ့ေန႔ေလးပဲဟု ေတြးေနမိသည္။
စုယြဲ႕ အိပ္ရာေပၚက အျမန္ထလိုက္၏။ ေဖ့က်င္းက ရန္ရွီးနဥ္နဲ႔ အခ်ိန္ေတြအမ်ားႀကီးျဖဳန္းေနမွာကို သူမ ၾကည့္မေနႏိုင္။ ေဖ့က်င္းက ရန္ရွီးနဥ္ကိုႏွစ္သက္လွ်င္ကား အေၾကာင္းမဟုတ္။ ေဖ့က်င္းက ေသခ်ာေပါက္ သူမကိုသာ ပိုခ်စ္ခင္ႏွစ္သက္ေပလိမ့္မည္။ သူ႔အိမ္ေတာ္မွာ သူမတို႔ သုံးႏွစ္ေက်ာ္ေတာင္ အတူတူ အခ်ိန္ျဖဳန္းခဲ့ၾကတာပဲ။ လြန္ခဲ့တဲ့ညက သူမ ရန္ရွီးနဥ္၏ၾကက္စြပ္ျပဳတ္ကို စားလိုက္တာကို ေဖ့က်င္းၾကားေပမယ့္ သူမကို အျပစ္မေပးခဲ့ေပ။
စုယြဲ႕ တက္ႂကြကာ ေပ်ာ္႐ႊင္ေန၏။ သူမႏႈတ္ခမ္းမ်ားကို နီေစြးေစြးျခယ္သကာ ေဖ့က်င္းအိပ္ေဆာင္သို႔ လမ္းေလွ်ာက္သြား၏။
စုယြဲ႕ မသိလိုက္သည္က ရန္ရွီးနဥ္က စုယြဲ႕ေရာက္လာတာကို စိတ္ရွည္ရွည္ႏွင့္ ေစာင့္ေနတာကိုပင္။
စုယြဲ႕ အိပ္ေဆာင္ကို ဝင္လိုက္ၿပီး ေဖ့က်င္းနားကို တိုးကပ္သြား၏။
"မင္းသားကိုး...အဝတ္လဲကူပါရေစ"
"မလိုဘူး၊ ဖူးရန္ကိုသာ ကူညီေပးလိုက္" ေဖ့က်င္း ေျပာ၏။
"သူ႔ကိုသြားကူညီရင္ သူ စိတ္ဆိုးမွာ စိုးရိမ္မိတယ္" စုယြဲ႕ ျငင္းဆန္လိုက္၏။
"ဒါဆိုလည္း ဖူးရန္နား ရပ္ေနၿပီး သူခိုင္းတာ လုပ္ေပးလိုက္" ေဖ့က်င္း ေျပာကာ အဝတ္လဲရန္ လိပ္ကာေနာက္ကို ဝင္သြားသည္။
စုယြဲ႕ ခ်က္ခ်င္း ေဖ့က်င္းေနာက္ကို လိုက္သြား၏။
လိုက္ကာေဘးတြင္ ဝင့္ဝင့္ႂကြားႂကြားႏွင့္ ေတာက္ပေနေသာစားပြဲတစ္လုံးရွိေနသည္။ ရန္ရွီးနဥ္ကား သူမဆံပင္မ်ားကို ၿဖီးေန၏။
ရန္ရွီးနဥ္က စားပြဲေရွ႕တြင္ ရပ္ေနသည္ကို စုယြဲ႕ ျမင္ေတာ့ မ်က္ေမွာင္ၾကဳတ္သြားသည္။
"ဘုရားေရ...ငါ ဗိုက္ေတြနာလိုက္တာ" ရန္ရွီးနဥ္ေျပာၿပီး ခါးက အနည္းငယ္ ကုန္းသြားသည္။ "စုယြဲ႕....ငါ့ကို ရပ္ႏိုင္ေအာင္ လာကူဦး"
ရန္ရွီးနဥ္ လဲက်ေတာ့မလို ဟန္ေဆာင္ကာ စုယြဲ႕ဂါဝန္ကို လွမ္းဆြဲထားသည္။
ရန္ရွီးနဥ္၏ ျဖဴေဖ်ာ့ေနေသာမ်က္ႏွာကို စုယြဲ႕ျမင္ေသာ္လည္း ထိတ္လန႔္ကာ ရန္ရွီးနဥ္အနားကပ္ရမည္ကို မုန္းသည္။ သူမ ေနာက္သို႔ ေျခလွမ္းအနည္းငယ္ အလ်င္စလို ဆုတ္သြား၏။ သူမေနာက္က ေဘာင္အျမင့္ႏွင့္တိုက္မိကာ ဟန္ခ်က္ပ်က္သြားသည္။ ထိုေဘာင္အျမင့္ေပၚတြင္ အျပာေရာင္ပန္းအိုးတစ္အိုး ဘယ္အခ်ိန္က ရွိေနလဲ သူမ မသိလိုက္။
အျပာေရာင္ပန္းအိုးက ယိမ္းယိုင္သြားေသာ္လည္း ၾကမ္းျပင္ေပၚ ျပဳတ္က်မသြားသည္ကို ေဖ့က်င္း ျမင္လိုက္၏။ သူ ရန္ရွီးနဥ္အနား အေျပးအလႊား ေရာက္သြားကာ သူ႔တံေတာင္ဆစ္က ရန္ရွီးနဥ္ဆီ သြားတဲ့လမ္းမွာ ရွိေနေသာ စုယြဲ႕ကို သာသာေလး တိုက္လိုက္၏။
စုယြဲ႕ အျပာေရာင္ပန္းအိုးကို တိုက္မိကာ ၾကမ္းျပင္ေပၚ အစိတ္စိတ္အမႊာမႊာ ကြဲသြားေစေတာ့သည္။
စုယြဲ႕ ပန္းအိုးကြဲအပိုင္းအစမ်ားကို ေရွာင္လိုက္သည္။ သူမမ်က္ႏွာမွာ ျဖဴေဖ်ာ့သြားသည္။ အျပာေရာင္ပန္းအိုးသည္ကား အရွင္မင္းႀကီးခ်ီးျမႇင့္ထားေသာ ပန္းအိုးျဖစ္သည္ေလ။ သူမတိုက္မိေသာပန္းအိုးမွာ ေဖ့က်င္း အႏွစ္သက္ဆုံးပန္းအိုးလည္း ျဖစ္ေနသည္။
"အာ့!" ရန္ရွီးနဥ္ သူမဗိုက္ကိုဖိကာ နာက်င္သည့္အသံမ်ိဳးျဖင့္ ေအာ္ဟစ္လာသည္။ "စုယြဲ႕ နင္ ဘာလို႔ ငါကို ကူမတြဲတာလဲ"
ရန္ရွီးနဥ္ကို စုယြဲ႕ လွည့္ၾကည့္မိလိုက္သည္။ ရန္ရွီးနဥ္က ၾကမ္းျပင္ေပၚ လဲက်ေနၿပီး ေဖ့က်င္းက ရန္ရွီးနဥ္ကို ဖက္ထားေလသည္။
"စုယြဲ႕...ဖူးရန္ နာက်င္ေနတာကို မင္း ဘာလို႔ ကူမတြဲတာလဲ" ေဖ့က်င္းက အျပစ္တင္လိုက္၏။
ေဖ့က်င္း ကြဲသြားေသာအျပာေရာင္ပန္းအိုးကို ၾကည့္ၿပီး သူ႔မ်က္ႏွာမွာ မဲေမွာင္လာေတာ့သည္။ "ခမည္းေတာ္ ခ်ီးျမႇင့္ထားတဲ့ ပန္းအိုးကို မင္းခြဲလိုက္တယ္"
စုယြဲ႕ ၾကမ္းျပင္ေပၚ ဒူးေထာက္ကာ အသနားခံ ေတာင္းပန္လာသည္။ "မင္းသားကိုး...ႏူးဘီ တမင္ခြဲတာ မဟုတ္ပါဘူး၊ ဖူးရန္က ႏူးဘီကို လန႔္ေအာင္လုပ္..."
ေဖ့က်င္း ဒီေလာက္စိတ္ဆိုးေနတာကို စုယြဲ႕ တစ္ခါမွမျမင္ဖူးခဲ့။ သူမကို သူ လ်စ္လ်ဴရႈကာ ရန္ရွီးနဥ္ကို အိပ္ရာေပၚ သယ္သြားသည္။
"တစ္ေယာက္ေယာက္ ျမန္ျမန္ လာစမ္း၊ ေပ့လူႀကီးမင္းကို သြားေခၚ" ေဖ့က်င္း အမိန႔္ေပး၏။
အေစခံငယ္ေလး ေပ့သိုဆီ အေျပးအလႊား ေရာက္လာခ်ိန္တြင္ ေပ့သိုမွာ ေလ့က်င့္ခန္းလုပ္ေနေလသည္။ ရန္ရွီးနဥ္၏ ခႏၶာကိုယ္က အဆိပ္ေၾကာင့္မ်ား တစ္ခုခုမ်ားျဖစ္နတာလားဆိုၿပီး ေတြးမိသြားကာ ေဖ့က်င္း၏အိပ္ေဆာင္ကို ေျပးရေတာ့သည္။
ရန္ရွီးနဥ္၏ ခႏၶာကိုယ္ကို ေပ့သို စစ္ေဆးၾကည့္ေတာ့ အသက္ရႈႏႈန္းႏွင့္ ေသြးလည္ပတ္မႈမွာ ပုံမွန္ျဖစ္ကာ ျဖဴေဖ်ာ့ေနေသာ အသားအေရႏွင့္ တစ္ျခားစီ သူမခႏၶာကိုယ္မွာ က်န္းမာလွသည္။ သူ႔ကို ဘာလို႔ေခၚရလဲ သူနားမလည္ေခ်။ သူ ေဖ့က်င္းကို ၾကည့္လိုက္ေတာ့ ေဖ့က်င္းက ဘာမွမေမးရန္ မ်က္လုံးျဖင့္ အခ်က္ျပလာသည္။
"မင္းဇနီးရဲ႕ က်န္းမာေရးက အသက္အႏၲရာယ္ေတာ့ မရွိေပမယ့္ ေသခ်ာထပ္စစ္ေဆးဖို႔ေတာ့ လိုေသးတယ္" ေပ့သို သတိထားေျပာလိုက္၏။
စုယြဲ႕ အသက္ရႈေခ်ာင္သြား၏။ ရန္ရွီးနဥ္သာ အျပင္းအထန္ ေနမေကာင္းျဖစ္ရင္ သူမ ျပင္းျပင္းထန္ထန္ အျပစ္ေပးခံရေပလိမ့္မည္။ သို႔ေသာ္လည္း ရန္ရွီးနဥ္၏က်န္းမာေရးက အသက္အႏၲရာယ္ထိခိုက္ေလာက္ေအာင္ ျဖစ္မေနတာ သိရေတာ့ သူမ စိတ္ပ်က္သြားမိသည္။ သူမအတြက္ေတာ့ ရန္ရွီးနဥ္ ေသသြားတာက ပိုေကာင္းေလသည္။
ေဖ့က်င္းမွာ စိတ္သက္သာရာရသြားပုံေပၚသြားကာ ရန္ရွီးနဥ္၏လက္ကေလးကို ဖြဖြေလး ပုတ္လာသည္။
"ဖူးရန္...မင္း အဆင္ေျပတယ္ဆိုမွပဲ ကိုယ္ စိတ္ခ်သြားေတာ့တယ္၊ ေစာေစာတုန္းက ကိုယ္ ေသေလာက္ေအာင္ လန႔္သြားတာပဲ"
"ေတာင္းပန္ပါတယ္၊ ရွင့္ကို စိုးရိမ္ေစမိၿပီ" ရန္ရွီးနဥ္ အားနည္းခ်ိနဲ႔စြာ ျပန္ေျပာလာ၏။
ေဖ့က်င္းက ရန္ရွီးနဥ္ကို ခဏေလာက္ ႏွစ္သိမ့္ေနသည္။ ထို႔ေနာက္ ေခါင္းကို လွည့္ကာ စုယြဲ႕ကို စိုက္ၾကည့္လိုက္သည္။
"ငါ အရင္တုန္းက အိမ္ေတာ္မွာ ဘယ္သူ႔ကိုမွ အျပစ္မေပးဖူးသလို မင္းကိုလည္း ၾကမ္းၾကမ္းတမ္းတမ္း မဆက္ဆံခဲ့ဖူးဘူး၊ ဒါေပမယ့္ ဒီေန႔ေတာ့ မင္း ေတာ္ေတာ္ေလးကို စည္းေက်ာ္သြားၿပီ၊ ကံေကာင္းလို႔ ဖူးရန္ရဲ႕က်န္းမာေရးက အသက္အႏၲရာယ္ၿခိမ္းေျခာက္တဲ့အထိ ျဖစ္မသြားလို႔၊ အကယ္၍ သူ တစ္ခုခုမ်ားျဖစ္သြားခဲ့ရင္ မင္း ဘယ္လိုျပန္ေပးဆပ္မလဲ၊ ငါ့ခမည္းေတာ္ ခ်ီးျမႇင့္ထားတဲ့ ပန္းအိုးကိုလည္း ခြဲပစ္ေသးတယ္၊ ငါ ဘာလုပ္သင့္တယ္လို႔ မင္းထင္လဲ"
ေဖ့က်င္းေရွ႕တြင္ စုယြဲ႕ ဒူးေထာက္ၿပီး သူ႔ေဘာင္းဘီစကိုဆြဲကာ အသနားခံလာသည္။
"မင္းသားကိုး....ႏူးဘီ မွားမွန္းသိပါၿပီ၊ မင္းသားကိုး ႏူးဘီကို ခြင့္လႊတ္ပါ"
စုယြဲ႕၏အျပဳအမူေၾကာင့္ ေပ့သို စက္ဆုပ္ကာ တစ္ျခားေနရာကို ၾကည့္မိသည္၊
ရန္ရွီးနဥ္ကေတာ့ သူမမ်က္ဝန္းမ်ားကို မွိတ္ကာ ဘယ္အရာကိုမွမျမင္သလို ဟန္ေဆာင္ေနသည္။
ေဖ့က်င္း သက္ျပင္းခ်ကာ သနားၾကင္နာဟန္ေဆာင္လာသည္။
"ႏွစ္အေတာ္ၾကာ ငါ့ေနာက္လိုက္ခဲ့တာကို စဥ္းစားၿပီး ငါ မင္းကို ျပင္းျပင္းထန္ထန္ အျပစ္မေပးရက္ဘူး၊ တစ္လေလာက္ မင္းအေဆာင္မွာပဲေနၿပီး ဘာမွားခဲ့လဲ ကိုယ့္ကိုယ္ကိုျပန္သုံးသပ္ေန"
စုယြဲ႕မ်က္လုံးမ်ား ျပဴးက်ယ္သြားၿပီး ထိတ္လန႔္သြား၏။ သူမသာ တစ္လလုံး သူမအေဆာင္မွာပဲ ေနရရင္ ေဖ့က်င္းနဲ႔ ရန္ရွီးနဥ္တို႔ဆက္ဆံေရးက သူမအေႏွာက္အယွက္မရွိဘဲ ပိုပိုခိုင္မာလာေတာ့မွာေပါ့။
"မင္း ဘာမွထပ္ေျပာစရာ မလိုေတာ့ဘူး၊ ကိုယ့္အေဆာင္ ကိုယ္ျပန္ေတာ့" ေဖ့က်င္း ေျပာ၏။
ေပ့သို၊ စုယြဲ႕ႏွင့္ အျခားအေစခံမ်ား ထြက္သြားၾကကုန္သည္။
ေဖ့က်င္း ရယ္ေမာကာ ရန္ရွီးနဥ္ေဘးက အိပ္ရာေပၚ လဲေလ်ာင္းလိုက္သည္။
"ဖူးရန္...ကိုယ့္ေဖ်ာ္ေျဖမႈကို စိတ္ေက်နပ္ရဲ႕လား"
ေဖ့က်င္းဖက္တာကို ေရွာင္ရန္ ရန္ရွီးနဥ္ လူးလွိမ့္လိုက္ၿပီး သူတို႔ၾကားထဲ ေခါင္းအုံးတစ္လုံးထားလိုက္သည္။
"ဒါေပါ့ ရွင္က လူလိမ္ႀကီးပဲ"
သူမ ၾကမ္းျပင္လဲခ်တုန္းက စိုးရိမ္ပူပန္သြားတဲ့မ်က္ႏွာ၊ စုယြဲ႕ကို ဆူပူေနတုန္းက ေဒါသမ်က္ႏွာနဲ႔ စုယြဲ႕ကို အျပစ္ေပးခ်င္စိတ္မရွိဟန္ေဆာင္ေသာမ်က္ႏွာတို႔ကို ရန္ရွီးနဥ္ မွတ္မိေနသည္။ သူမ၏အစီအစဥ္အတိုင္း သူ လိုက္လုပ္ေပးေနတာကိုသာ ရန္ရွီးနဥ္မသိခဲ့ရင္ သူက ႐ိုးသားေျဖာင့္မတ္တဲ့သူတစ္ေယာက္လို႔ သူမ ယုံၾကည္မိမွာပင္။
"လူလိမ္ႀကီး" ရန္ရွီးနဥ္ ခ်ီးမြမ္းလိုက္၏။
"ငါတို႔က အတူတူပါပဲ" ေဖ့က်င္း ေျပာ၏။
ဤသည္ကား သူမ၏အႀကံျဖစ္ၿပီး ေဖ့က်င္းက သူမအႀကံကို လိုက္ပါကူညီေပးသည့္အတြက္ မက်ိန္ဆဲသင့္မွန္းကို ရန္ရွီးနဥ္ သိသည္။
ရန္ရွီးနဥ္ အေတြးမ်ားေနစဥ္ ေဖ့က်င္းက သူမပါးကို လက္ႏွင့္အသာပြတ္ၾကည့္သည္။
"မ်က္ႏွာေပၚက အျဖဴမႈန႔္ေတြကို သြားေဆးလိုက္ဦး၊ မ်က္ႏွာေပၚမွာ ထူထူလိမ္းထားတာ အသားအေရအတြက္ မေကာင္းဘူး"
ေဖ့က်င္းသတိေပးမွ ရန္ရွီးနဥ္ သူမမ်က္ႏွာအေၾကာင္းကို ျပန္သတိရသည္။ သူမ အိပ္ရာေပၚက အျမန္ထကာ မ်က္ႏွာသစ္သည္။ သူမမ်က္ႏွာေပၚက အျဖဴမႈန႔္ထူထူေၾကာင့္ သရဲလိုျဖဴေဖ်ာ့ေနေသာမ်က္ႏွာကို စုယြဲ႕ျမင္ေတာ့ ေၾကာက္လန႔္သြားသည္ကို သူမသတိရမိကာ ၿပဳံးမိသည္။
ရန္ရွီးနဥ္ ေဘာင္အျမင့္ကို တစ္ခ်က္စိုက္ၾကည့္ၿပီး အိပ္ရာေပၚ ျပန္တက္၏။
"အစ္ကိုႀကီး သာမန္ပစၥည္းတစ္ခုခုကို ခြဲဖို႔ ကြၽန္မေျပာသားပဲ၊ ဘာလို႔ အရွင္မင္းႀကီး ခ်ီးျမႇင့္ထားတဲ့ ပန္းအိုးကို ခြဲလိုက္တာလဲ၊ ေဈးႀကီးတဲ့ပန္းအိုးကို ခြဲရတာ ႏွေျမာစရာေကာင္းလိုက္တာ"
"သ႐ုပ္ေဆာင္တာရဲ႕ အဓိကအေရးႀကီးတဲ့အပိုင္းက ယုံၾကည္လာေအာင္လုပ္ဖို႔ေလ" ေဖ့က်င္း ေျပာ၏။ "ဒီလိုအဖိုးတန္တာကိုမွ မေ႐ြးရင္ ခံစားခ်က္ေတြက ဘယ္လိုလုပ္နက္ရႈိင္းပါေတာ့မလဲ"
ေဖ့က်င္း၏သိပ္မထူးျခားေသာအသံကို ရန္ရွီးနဥ္ ၾကားရေတာ့ မင္းႀကီးခ်ီးျမႇင့္သည့္ပန္းအိုးကို သူ ဘာလို႔ဂ႐ုမစိုက္မွန္း သူမနားမလည္။ စုယြဲ႕အမူအရာကို အကဲခတ္ၾကည့္ရင္ ေဖ့က်င္းက ဂ႐ုမစိုက္ေပမယ့္ ပန္းအိုးက အေရးပါသည္မွာ ထင္ရွားသည္။
ရန္ရွီးနဥ္ ေဖ့က်င္းကို သံသယျဖစ္စြာ ၾကည့္လိုက္၏။ သို႔ေသာ္ သူ႔လက္က နဖူးေပၚတင္ထား၍ သူ႔မ်က္ႏွာအမူအရာကို သူမေသခ်ာမျမင္ရ။
ရန္ရွီးနဥ္ သူမအစီအစဥ္ကို ျပန္စဥ္းစားမိသည္။ သူမ ဗိုက္နာခ်င္ေယာင္ေဆာင္ကာ သူမကို တြဲကူရန္ စုယြဲ႕ကို ေျပာခဲ့သည္။ စုယြဲ႕သာ သူမကိုတြဲကူခဲ့လွ်င္ ဘာမွျဖစ္လာမည္မဟုတ္။ သို႔ေသာ္ စုယြဲ႕သာ သူမကို မကူညီဘဲ သူမကိုေရွာင္ရန္ ေနာက္ဆုတ္ခဲ့လွ်င္ ပန္းအိုးကိုတိုက္မိကာ အျပစ္ေပးခံရေပမည္။ စုယြဲ႕၏ၾကင္နာတတ္တဲ့အျခမ္းကို ျပရန္ သူမက စုယြဲ႕ကို အခြင့္အေရးေပးခဲ့သည္။ စုယြဲ႕ တန္ဖိုးမထားခဲ့တာ ရွက္စရာပဲ။ သို႔ေသာ္ စုယြဲ႕၏တုံ႔ျပန္မႈက သူမကို စိတ္မပ်က္ေစခဲ့၊ စုယြဲ႕က သူမခန႔္မွန္းထားသလိုပင္ သူမကို ကူညီရန္ မေ႐ြးခ်ယ္ခဲ့ေခ်။
ေဖ့က်င္း သူမအစီအစဥ္ထဲ ပါသြားရသည္ကို သူမ စိတ္မေကာင္းလို ခံစားရသည္။ သ႐ုပ္ေဆာင္တာ ပီျပင္ရန္ သူမႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္ရန္၊ အဖိုးတန္ပစၥည္းတစ္ခု ဆုံးရႈံးခံရန္ ေထာက္ပံ့ေပးဖို႔ သူ႔ကို သူမလိုအပ္သည္။
အစကေတာ့ ေဖ့က်င္းက စုယြဲ႕ကို တကယ္ခ်စ္ျမတ္ႏိုးကာ သူမေရွ႕တြင္ စုယြဲ႕ႏွင့္ေဝးေဝးေနျပဟန္ေဆာင္ေနသည္ဟု ရန္ရွီးနဥ္ သံသယဝင္ခဲ့ေသးသည္။ စုယြဲ႕တြင္ ေနာက္ခံေကာင္းေကာင္းရွိသည္ဟု သူေျပာတုန္းက သူမ စုယြဲ႕ကိုျပႆနာရွာလွ်င္ သူ ဒုကၡျဖစ္မည္စိုးကာ ေသေသခ်ာခ်ာ စဥ္းစားၿပီး အစီအစဥ္ဆြဲခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ သူ သူမအစီအစဥ္ကို သေဘာတူကာ ခ်ီးက်ဴးလိမ့္မည္ဟု သူမ ထင္မထားခဲ့။
"ဖူးရန္...မင္းနဲ႔ပူးေပါင္းၿပီး ကိုယ္ လုပ္ႏိုင္တာ အကုန္လုပ္ေပးမယ္"
တကယ့္ကိုပဲ ေဖ့က်င္းက ရန္ရွီးနဥ္ကို ေပးခဲ့ေသာ သူ႔ကတိသူ ေစာင့္ထိန္းကာ အျပစ္ေပးခံရမည့္အျဖစ္မွ လြတ္ေျမာက္ေစမည့္ အခြင့္အေရး စုယြဲ႕ကို မေပးဘဲ သူမႏွင့္ ပူးေပါင္းေဆာင္႐ြက္ခဲ့သည္။
ရန္ရွီးနဥ္ အဝတ္သန႔္သန႔္တစ္ခုကိုကိုင္ၿပီး သူမမ်က္ႏွာကို ေျခာက္ေအာင္သုတ္၏။
"အစ္ကိုႀကီး...ကြၽန္မက သူ႔ကို နည္းနည္းေလာက္ ေၾကာက္ေအာင္ ေျခာက္႐ုံပါ၊ ဘာလို႔ သူ႔ကို အေဆာင္ထဲမွာ တစ္လေလာက္ သီးျခားေနရတဲ့အထိ ျပင္းျပင္းထန္ထန္ အျပစ္ေပးလိုက္တာလဲ"
"ဖူးရန္....မင္းက သူ႔မ်က္ႏွာကို မျမင္ခ်င္တာ မဟုတ္လား" ေဖ့က်င္း ေမး၏။ "ဒါေပါ့...မင့္ဖူကြၽင္းက မင့္ရဲ႕ေတာင္းဆိုခ်က္ကို ျဖည့္ဆည္းေပးရမွာေပါ့"
ေဖ့က်င္း သူ႔လွ်ာသူသပ္လိုက္သည္ကို ရန္ရွီးနဥ္ ျမင္ကာ စက္ဆုပ္သလိုဟန္ေဆာင္၍ တစ္ျခားဘက္ လွည့္လိုက္၏။ သူ သူမမ်က္ႏွာကို မျမင္ေတာ့မွ သူမၿပဳံးလိုက္၏။
"အဲ့လိုလား၊ အစ္ကိုႀကီး...သူ႔ကို ေပါ့ေပါ့ပါးပါးေလးပဲ အျပစ္ေပးတာကို ၾကည့္ရတာ ရွင္ႏွလုံးသားက သူနဲ႔ ေဝးေဝးမွာ ၾကာၾကာမေနႏိုင္ဘူးထင္တယ္"
ေဖ့က်င္း မတ္မတ္ရပ္ၿပီး အေပၚ႐ုံကိုဝတ္ကာ ေနာင္တရေနေသာအသံျဖင့္ ဟန္ေဆာင္ကာ ေျပာလာသည္။
"လူတိုင္းက ကိုယ့္ကို ႏူးညံ့သိမ္ေမြ႕တဲ့မင္းသားကိုးအျဖစ္ သိၾကတာ၊ ႏူးညံ့သိမ္ေမြ႕တဲ့ မင္းသားက ေသခ်ာေပါက္ သနားညႇာတာဖို႔ လိုတာေပါ့"
ရန္ရွီးနဥ္ ေဖ့က်င္းကို ခဏေလာက္ တည္တည္ၿငိမ္ၿငိမ္ စိုက္ၾကည့္ေန၏။ ထို႔ေနာက္ သူမယပ္ေတာင္ကို ေကာက္ယူကာ အျပင္ဘက္သို႔ လမ္းေလွ်ာက္ထြက္သည္။ သူက တစ္ျခားသူမ်ားေရွ႕တြင္ သူ႔မ်က္ႏွာဖုံးကို ဝတ္ဆင္ထားဖို ဘယ္ေတာ့မွ ေမ့မည့္သူမဟုတ္ေၾကာင္းကို သူမ နားလည္သြားသည္။
သူ ရန္ရွီးနဥ္စားရာမွ က်န္ေနေသာ ဆီးသီးတစ္ဝက္ကို ေကာက္ယူကာ ပါးစပ္ထဲထည့္ရင္း အျပင္ထြက္သြားေသာ သူမေနာက္သို႔ လိုက္သြားသည္။ သူ ၿပဳံးလိုက္၏။ သူ စုယြဲ႕ကို သူအိမ္ေတာ္ကေန ႏွင္ထုတ္ရန္ ႀကံစည္ေနသည္မွာ ၾကာၿပီျဖစ္ေၾကာင္းကိုေတာ့ သူမကို တမင္မေျပာတာျဖစ္သည္။ သူမ သူ႔ကို အေႂကြးတင္ေနသည္ဟု ယုံၾကည္ေစခ်င္ေသာေၾကာင့္ ျဖစ္ေလသည္။
"ျခေသၤ့ေလး...မင္းကို ကူညီတဲ့အတြက္ မင္း ကိုယ့္ကို ဘာမွမေပးရေသးဘူးေနာ္" ေဖ့က်င္းက စေနာက္ေလသည္။
ရန္ရွီးနဥ္၏ခႏၶကိုယ္မွာ ေတာင့္ခနဲျဖစ္သြားၿပီး ရပ္တန႔္သြား၏။
"အစ္ကိုႀကီး...ရွင္ ဘာလိုခ်င္လို႔လဲ"
ေဖ့က်င္းက ရန္ရွီးနဥ္ေဘးတြင္ ရပ္လိုက္ၿပီး သူမပါးကိုနမ္းကာ နားနားေလးကို တိုးတိုးေလး ကပ္ေျပာလာသည္။ "ကိုယ္က မင္းကို လိုခ်င္တာ"
ရန္ရွီးနဥ္ ခဏေလာက္ ဆြံ႕အသြား၏။ ထို႔ေနာက္ သူမ ထိုလူဆိုးႀကီး၏ေျခေထာက္ကို ကန္ရန္ ျပင္ေတာ့သည္။
႐ုတ္တရက္ လူငယ္ေလးတစ္ေယာက္က သူတို႔ဆီ ေျပးလာသည္။
"မင္းသားကိုး၊ သခင္မ ....နန္းေတာ္ကေန ေသတၱာႀကီးေတြ ပို႔လိုက္ပါတယ္"
ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္တို႔ သူတို႔အေဆာင္ကို ျပန္ကာ ေသတၱာေတြကို ဖြင့္ၾကည့္ၾကသည္။ အရွင္မင္းႀကီးက ဘာေၾကာင့္ ပိုးထည္ေတြ၊ ေဈးႀကီးတဲ့ ေက်ာက္မ်က္ရတနာေတြနဲ႔ မ်က္ႏွာေခ်ေတြကို ေသတၱာလိုက္ပို႔လာတာလဲ၊ သူမ အံ့ဩကာ သံသယလည္း ျဖစ္မိသည္။
သူ႔ခမည္းေတာ္က ဒီလိုမ်ိဳးလက္ေဆာင္ပစၥည္းေတြ ရန္ရွီးနဥ္ကို ေပးလာလိမ့္မည္ဆိုတာ ေဖ့က်င္း ခန႔္မွန္းမိၿပီးသား။ တစ္စုံတစ္ေယာက္က ရန္ရွီးနဥ္ဝတ္စားပုံကို ေစာင္းေျမာင္းေျပာခဲ့သျဖင့္ သူ႔ခမည္းေတာ္ အရွက္ရခဲ့သည္ကို သူ မွတ္မိသည္။ တစ္ျခားလူေတြ ေတာ္ဝင္မိသားစုကလူကို အျပစ္မေျပာႏိုင္ေစရန္ သူ႔ခမည္းေတာ္က ေသခ်ာေပါက္ ရန္ရွီးနဥ္ကို ဝတ္ေကာင္းစားလွေတြနဲ႔ ေ႐ႊေငြေက်ာက္မ်က္တို႔ကို ေပးေပလိမ့္မည္။ သူ႔ခမည္းေတာ္က သူ မွ်မွ်တတဆက္ဆံတတ္သည္ဟု တစ္ျခားသူမ်ားကို အ႐ူးလုပ္ျခင္းျဖစ္သလို တစ္ျခားလူေတြကိုလည္း သူ႔သားေတာ္ေတြကို ႏွိမ္ခ်ခြင့့္မရွိဟု သြယ္ဝိုက္သတိေပးလိုက္ျခင္းလည္း ျဖစ္သည္။
ေဖ့က်င္း သူ႔အလိုမက်မႈတို႔ကို ဖုံးကြယ္လိုက္ၿပီး ရန္ရွီးနဥ္ကို ေႏြးေထြးစြာ ၿပဳံးျပလာသည္။
"ခမည္းေတာ္က မင္းကို သေဘာက်လို႔ ေပးတာပဲ၊ သူ႔လက္ေဆာင္ေတြကို မင္း လက္ခံလို႔ရတယ္"
ရန္ရွီးနဥ္က ေဖ့က်င္းမ်က္ႏွာကို အနီးကပ္ စိုက္ၾကည့္၏။
"အစ္ကိုႀကီး ရွင္ လူေသကိုပဲ သြားအ႐ူးလုပ္လို႔ရမယ္"