မျက်တော်ပြေ

Per NyaHmwePann

82.3K 3.4K 207

Wattpad Author ေတြရဲ႕ Collabration ျဖစ္တဲ့ Seven Petals ဆိုတဲ့ စာအုပ္ထဲမွာပါတဲ့ ညေမႊးရဲ႕ ဇာတ္လမ္းပါ ။ Wattpa... Més

Chapter ( 1 )
Chapter ( 2 )
Chapter ( 3 )

Chapter ( 4 )

21.2K 875 186
Per NyaHmwePann

Unicode

**********

'' ဘေးအခန်းက အစ်ကိုလေးက မနက်အစောကြီးဘဲ Check Out လုပ်သွားပါတယ် ခင်ဗျ.. မနက်လေယာဉ်လက်မှတ်တောင် ကျွန်တော်တို့ ဝယ်ပေးလိုက်ရပါတယ် ''

Reception မှ ဝန်ထမ်းပြောစကားကြောင့် မုတ်သုံ အံ့သြသွားမိသည်။ တစ်ဆက်တည်း တုန်လှုပ်သွားတယ်ဆိုတာကိုလည်း ဝန်ခံရမည် ။

ဧက ဘာကြောင့် ချက်ချင်းကြီး ပြန်သွားခဲ့ရသနည်း ။ လုပ်သင့်လုပ်ထိုက်သော အရာကို လုပ်သွားခဲ့သည်မှန်သော်လည်း မုတ်သုံ နားမလည်နိုင်ဖြစ်နေရသည်။

'' အစ်ကိုလေးကို စာတစ်စောင်ပေးခဲ့တယ် ခင်ဗျ''

ဘာကြောင့်ရယ် မသိ တုန်လှုပ်နေသဖြင့် မုတ်သုံ ဝန်ထမ်းပေးသော စာအိတ်အညိုလေးကို လှမ်းမယူရဲ ။ စာထဲတွင်ပါသော အကြောင်းအရာကို မဖတ်ရဲ ၊ မသိချင်ရဲ ဖြစ်နေသည်။

ဘာဖြစ်လို့လဲဆိုတော့ ထိုစာအိတ်ထဲက စာကို ဖတ်လိုက်မိပါက မုတ်သုံ ဧကထံတွင် ထပ်မံကျရှုံးဦးမည်ဆိုတာ မုတ်သုံသိနေသည်။ မည်သို့သော အကြောင်းအရာပါဝင်နေပါစေ မုတ်သုံ သေချာပေါက်ကို ကျရှုံး ဦးမှာဖြစ်သည်။

မုတ်သုံ၏ အနောက်တွင်ရပ်နေသော ဦးမာန်က မုတ်သုံအစား ထိုစာအိတ်ကို လှမ်းယူလိုက်ရသည်။ စာအိတ်တွင် မုတ်သုံ ဟူသော နာမည်သာ ရေးထားသည်။

ဦးမာန်က ထိုစာအိတ်ကို မုတ်သုံကို လှမ်းပေးရင်း

'' မဖတ်ဘူးလား ကလေး ''

'' ဟင်အင်း .. မဖတ်ဘူး ဦးမာန် လွှင့်ပစ်လိုက်တော့ ''

နီရဲနေပြီဖြစ်သော မျက်လုံးများကို ဦးမာန်မမြင်အောင် ဖုံးကွယ်ရင်း လှည့်ထွက်လာခဲ့သည်။ ဦးမာန်ကို အားနာသော်ငြား မုတ်သုံ ဧက မရှိတော့ဘူးဆိုသည်နှင့် တင်းထားသော စိတ်တွေ လွှတ်ချမိလိုက်မိသည်ထင်သည်။

ဖြစ်သင့်ဖြစ်ထိုက်တာကိုသာ ရွေးချယ်ဖို့ ကြိုးစားနေသည်မို့ ဦးမာန်နားလည်ပေးနိုင်မည် ထင်ပါသည်။

***************************************************************************

'' ကလေး ''

'' ဟင်''

ဧရာဝတီမြစ်ကမ်းကို ငေးကြည့်နေသည့် မုတ်သုံ ဦး မာန်ခေါ်သံကြောင့် သတိပြန်ဝင်သွားမိသည်။

တည်ခင်းထားသည့် Breakfast ကို ပန်းကန်ထဲ တွေ့ရာ ကောက်ထည့်ခဲ့သော်ငြား တစ်စက်ကလေးမှပင် မတို့မထိရသေး ။

စားပွဲပေါ်တင်ထားသည့် မုတ်သုံ၏ လက်သီးဆုပ်ကို ဦးမာန်က အုပ်မိုးဆုပ်ကိုင်လိုက်သည်။ ထို့နောက်မုတ်သုံ၏ လက်သီးဆုပ်ကို ခပ်ဖွဖွ ဆွဲဖြည်ကာ ဧက ပေးသွားခဲ့သည့် စာအိတ်ကို မုတ်သုံ လက်ထဲထည့်ပေးသည်။

မျက်လုံးပြူးလျက် ကြည့်လာသည့် မုတ်သုံကို ဦးမာန်က နှစ်လိုစွာ ပြုံးပြကာ ပြောသည်။

'' မင်းကိုယ့်ကို အားနာလို့ ဒီလိုလုပ်နေတာဆိုရင် ကိုယ်တော်တော် စိတ်ဆိုးမိမယ်ထင်တယ် ကလေး''

စီးပွားရေးလုပ်ငန်းအများကြီးကို ဦးစီးအုပ်ချုပ်နေရတဲ့ ဦးမာန်ပြေဟာ မုတ်သုံနှင့် ဧက တို့၏ လက်ရှိအခြေအနေကို အသေအချာကို သိနေလောက်ပြီ။ ဒါကြောင့် မုတ်သုံ အံ့သြထိတ်လန့်တုန်လှုပ်ခြင်းတွေ ရှိမနေတော့ပါ ။

'' မင်း တစ်ခုခုကို ရွေးချယ်ရမှာ ကလေး .. မင်းကို ကိုယ်ချစ်တဲ့အတွက် မင်းဘယ်လိုဘဲ ဆုံးဖြတ်ဆုံးဖြတ် ဘာကိုဘဲ ရွေးချယ် ရွေးချယ် ကိုယ်လေးစားလိုက်နာပေးမှာ.. တစ်ခုဘဲ ''

ဦးမာန်ပြေက စကားကို ခဏရပ်ကာ မုတ်သုံကို ပြုံးပြီး စိုက်ကြည့်သည်။ ထို့နောက် စာအိတ်ကိုင်ထားသည့် မုတ်သုံရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီးတော့မှ ဆက်ပြောသည်။

'' ကိုယ့်က မင်းဦးနှောက်နဲ့ စဉ်းစားပြီး ဖြစ်သင့်လို့ ရွေးချယ်လိုက်တဲ့လူ မဖြစ်ချင်ဘူး .. ကိုယ်က မင်းနှလုံးသားနဲ့ ရွေးချယ်ခံရတဲ့လူဖြစ်ချင်တာ ''

ဦးမာန်ပြေရဲ့ နှစ်လိုဖွယ် အပြုံးတွေနဲ့ မုတ်သုံကို အမြဲကြည့်လေ့ရှိတဲ့ ချစ်မြတ်နိုးသည့် အရိပ်အယောင်များအပြည့်နှင့် မျက်ဝန်းများကို ရင်မဆိုင်ရဲတော့သဖြင့် ခေါင်းကိုသာ ငုံ့ချလိုက်မိသည်။

ဦးမာန်ပြေက အပြုံးတွေကို ဆင်မြန်းထားလျက်က ဆက်ပြောသည်။

'' မင်းအခု တွေဝေနေတယ်ဆိုတာ ကိုယ်သိတယ် .. မင်းက မင်းဖြစ်သင့်တာကို ဦးစားပေးပြီး ကိုယ့်ကိုရွေးချယ်နေတာ .. နှလုံးသားကတော့ မင်းတွေဝေနေသေးတယ်ကလေး ...''

တွေဝေနေသည့် နှလုံးသားက ဦးနှောက်၏ စေခိုင်းမှုဖြင့် ဦးမာန်ကို ဇွတ်မှိတ် ဆုံးဖြတ်ခဲ့သည်ကို ဦးမာန်သိနေသည်။

မုတ်သုံ ဧက ကိုချစ်နေသေးသည်။ ဦးမာန်ကိုလည်း တွယ်တာသည်။ သို့သော် နှစ်ယောက်စလုံးကို ခေါင်းစဉ်တစ်ခုတည်းအောက်တွင် ရွေးချယ်ခွင့်မရှိ။

မုတ်သုံ၏ နှလုံးသား အနက်ရှိုင်းဆုံးအပိုင်းတွေအထိ ထွင်းဖောက် မြင်နိုင်သူ၊ ပြီးတော့ နားလည်ပေးနိုင်သူ ဦးမာန်ပါတကား ။

ခေါင်းကို ငုံ့ချထားသည့် မုတ်သုံကို ဦးမာန်က ဆံပင်တွေကို မြတ်နိုးစွာ ဆွဲဖွရင်း

'' မင်းရင်ထဲမှာရှိနေတဲ့ ဧက အပေါ်ထားတဲ့ အမျက်ဒေါသတွေကို ဖျောက်လိုက်.. ပြီးတော့ ခေါင်းအေးအေးထားပြီး သေချာ ဆုံးဖြတ်စေချင်တယ် ပြီးတော့ မင်းနှလုံးသားက အလေးသာတာကိုဘဲ ရွေးချယ်စေချင်တယ် .. သုံးပွင့်ဆိုင် နှလုံးသားရေးရာကိစ္စတွေမှာ ဦးနှောက်ကိုသုံးပြီး ဆုံးဖြတ်ရင် သုံးယောက်လုံး နာကျင်ရတတ်တယ် ကလေးရဲ့ .. ဟုတ်ပြီလား .. ''

ဦးမာန်ပြေက ထိုသို့ပြောပြီးနောက် ထရပ်သည်။ မုတ်သုံပါ ထရပ်မည် အလုပ်တွင် ဦးမာန်ပြေက တားသည်။

'' ကိုယ် အာနန္ဒာဘုရားနားက မန်ကျည်းရွက်သုတ်ကောင်းတဲ့ ထမင်းဆိုင်မှာ ရှိနေမယ် ကလေး .. ကလေး က ဒီမှာနေခဲ့ပါ .. ဧက ပေးခဲ့တဲ့ စာကိုဖတ်ပါ .. ပြီးတော့ သေချာ စဉ်းစားပါ .. စဉ်းစားတဲ့အခါ ကလေးက ကိုယ့်နှလုံးသားက အလေးသာတဲ့လူကို ရွေးချယ်နိုင်ဖို့ စဉ်းစားပါ .. ''

ဦးမာန်ပြေက ထိုသို့ပြောပြီးနောက် နှစ်လိုဖွယ်ရာအပြုံးကို ထပ်ပြုံးပြကာ နေရာကနေ ထွက်သွားသည်။

မုတ်သုံကို ကျောခိုင်းကာ တရွေ့ရွေ့ထွက်ခွာသွားနေသည့် ဦးမာန်ပြေကို ငေးကြည့်နေရင်း မုတ်သုံ၏ အတွေးတွေ ယောက်ယတ်ခတ်လို့နေပြီ ။

ဦးမာန်လက်ထဲတွင် ထည့်ထားခဲ့သော ဧက ပေးခဲ့သည့် စာအိတ်ကို ကြည့်လိုက်မိသည်။

ဖွင့်ဖတ်ကြည့်ပါ ၊ နှလုံးသားကို စေညွှန်းရာကို နာခံပါ ဆိုသည့် ဦးမာန် သေချာ မှာသွားခဲ့သည့်စကား။

မုတ်သုံ စာအိတ်အညိုလေးကို ဖွင့်ကြည့်လိုက်သည်။ မုတ်သုံ ထင်ထားခဲ့သလို ရှင်းပြထားသည့် စာအရှည်ကြီး မဟုတ်ခဲ့ ။

စာအိတ်ထဲတွင်ကား ဧက ရိုက်ထားခဲ့သော မုတ်သုံ၏ ဓာတ်ပုံများ ။ မုတ်သုံကို ရှူ့ထောင့် အမျိုးမျိုးကနေ ဧက ဓာတ်ပုံတွေအများကြီး ရိုက်ထားခဲ့တာ ။ ထို့နောက် ဧက၏ လက်ရေးဖြင့် ရေးထားသော လက်ရေးစာတစ်စောင်။

ထားခဲ့ရက်မိ

အပြစ်ရှိသည်

မှားခဲ့သည်မို့

တောင်းပန်လိုသည်

ရွှေမျက်တော်ရယ်

ပြေပါစေတော့ ပြေစေတော့ ။

တစ်ဘဝစာ

အချစ်များဖြင့်

မွှမ်းထုံပေးမည်

ကတိပြုသည်

ရွှေမျက်တော်ရယ်

ပြေပါစေတော့ ပြေစေတော့ ။

ဧက၏ လက်ရေးကဗျာမှ ဧက ၏ စိတ်ကို ထွင်းဖောက်မြင်နေနိုင်သည်ဟု မုတ်သုံ ခံစားလိုက်ရသည်။

ဆုံးဖြတ်ရမည် ။ မုတ်သုံ တစ်ယောက်ယောက်ကို ရွေးချယ်ရမည် ။

မုတ်သုံကို အရမ်းချစ်ပြီး မုတ်သုံကလည်း အလေးထားကာ အားကိုးတွယ်တာရသည့် ဦးမာန်ပြေ ။

ငယ်စဉ်ကတည်းက မျှော်တလင့်လင့်ဖြင့် ချစ်ခဲ့ရသည့် ဧက ။ အခုအချိန်ထိလည်း ချစ်နေဆဲ ။

ချစ်ရသည့် လူသားနှစ်ယောက်အနက်မှ တစ်ယောက်ကို ရွေးချယ်ရတော့မည် ။

မုတ်သုံ မျက်လုံးတွေကို မှိတ်ပစ်လိုက်သည်။ ထို့နောက် စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် လျှော့ချကာ လေးနက်စွာဖြင့် စဉ်းစားသည်။

***********************************************************************

မျက်လုံးများကို မှိတ်ထားသည့် မုတ်သုံ၏ နှုတ်ခမ်းများ တဖြေးဖြေးပြုံးလာသည်။

မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီးနောက ်နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။

မုတ်သုံ မည်သူ့ကို ရွေးချယ်ရမလဲဆိုတာ ဆုံးဖြတ်ခဲ့ပြီးပြီ ။ ထိုဆုံးဖြတ်ချက်အတွက်လည်း မုတ်သုံ နောင်တရမည် မဟုတ်တော့ပါ ။

မှိုင်းညှို့နေသည့် မုတ်သုံ၏ မျက်နှာက အခုမူ ဝင်းပကြည်လင်လျက်ရှိနေပြီ။

မုတ်သုံ ထိုင်နေရာမှ ချက်ချင်းထသည်။ ထို့နောက် ဟိုတယ် Lobby ကို အပြေးသွားသည်။

Reception တွင်ရှိနေသော ဝန်ထမ်းကို အလောတကြီးဟန်ဖြင့် ပြောသည်။

'' ကျွန်တော့်ကို ကားတစ်စီးလောက် အမြန်ဆုံး ခေါ်ပေးပါ ''

'' ဘယ်ကို သွားမလို့လဲ ခင်ဗျ .. ပုဂံမြို့တွင်းလား လေယာဉ်ကွင်းလား ''

ဝန်ထမ်း၏ အမေးကို မုတ်သုံက ချက်ချင်းမဖြေသေးဘဲ တစ်စုံတစ်ယောက်ကို တွေးမိကာ မျက်နှာက ပြုံးသွားသည်။

'' ကျွန်တော်သွားချင်တဲ့ နေရာက ......................... ''

မုတ်သုံ၏ ရွေးချယ်မှု မှန်ကန်မည်ဆိုတာ မုတ်သုံ သေချာပေါက်သိပါသည်။

မုတ်သုံ မည်သူ့ကို ရွေးချယ်ခဲ့သည် ဆိုတာကတော့..............။

**************************************************************************

The End

စာဖတ်သူများအားလုံးကို အစဉ်အမြဲချစ်ခင်လေးစားလျက်

ညမွှေးပန်း

*********

Zawgyi

***********

'' ေဘးအခန္းက အစ္ကိုေလးက မနက္အေစာျကီးဘဲ Check Out လုပ္သြားပါတယ္ ခင္ဗ်.. မနက္ေလယာဥ္လက္မွတ္ေတာင္ ကၽြန္ေတာ္တို႔ ၀ယ္ေပးလိုက္ရပါတယ္ ''

Reception မွ ၀န္ထမ္းေျပာစကားေျကာင့္ မုတ္သံု အံ့ျသသြားမိသည္။ တစ္ဆက္တည္း တုန္လွဳပ္သြားတယ္ဆိုတာကိုလည္း ၀န္ခံရမည္ ။

ဧက ဘာေျကာင့္ ခ်က္ခ်င္းျကီး ျပန္သြားခဲ့ရသနည္း ။ လုပ္သင့္လုပ္ထိုက္ေသာ အရာကို လုပ္သြားခဲ့သည္မွန္ေသာ္လည္း မုတ္သံု နားမလည္နိုင္ျဖစ္ေနရသည္။

'' အစ္ကိုေလးကို စာတစ္ေစာင္ေပးခဲ့တယ္ ခင္ဗ်''

ဘာေျကာင့္ရယ္ မသိ တုန္လွဳပ္ေနသျဖင့္ မုတ္သံု ၀န္ထမ္းေပးေသာ စာအိတ္အညိဳေလးကို လွမ္းမယူရဲ ။ စာထဲတြင္ပါေသာ အေျကာင္းအရာကို မဖတ္ရဲ ၊ မသိခ်င္ရဲ ျဖစ္ေနသည္။

ဘာျဖစ္လို႔လဲဆိုေတာ့ ထိုစာအိတ္ထဲက စာကို ဖတ္လိုက္မိပါက မုတ္သံု ဧကထံတြင္ ထပ္မံက်ရွံဳးဦးမည္ဆိုတာ မုတ္သံုသိေနသည္။ မည္သို႔ေသာ အေျကာင္းအရာပါ၀င္ေနပါေစ မုတ္သံု ေသခ်ာေပါက္ကို က်ရွံဳး ဦးမွာျဖစ္သည္။

မုတ္သံု၏ အေနာက္တြင္ရပ္ေနေသာ ဦးမာန္က မုတ္သံုအစား ထိုစာအိတ္ကို လွမ္းယူလုိက္ရသည္။ စာအိတ္တြင္ မုတ္သံု ဟူေသာ နာမည္သာ ေရးထားသည္။

ဦးမာန္က ထိုစာအိတ္ကို မုတ္သံုကို လွမ္းေပးရင္း

'' မဖတ္ဘူးလား ကေလး ''

'' ဟင္အင္း .. မဖတ္ဘူး ဦးမာန္ လႊင့္ပစ္လုိက္ေတာ့ ''

နီရဲေနျပီျဖစ္ေသာ မ်က္လံုးမ်ားကို ဦးမာန္မျမင္ေအာင္ ဖံုးကြယ္ရင္း လွည့္ထြက္လာခဲ့သည္။ ဦးမာန္ကို အားနာေသာ္ျငား မုတ္သံု ဧက မရွိေတာ့ဘူးဆိုသည္နွင့္ တင္းထားေသာ စိတ္ေတြ လႊတ္ခ်မိလိုက္မိသည္ထင္သည္။

ျဖစ္သင့္ျဖစ္ထိုက္တာကိုသာ ေရြးခ်ယ္ဖို႔ ျကိဳးစားေနသည္မို႔ ဦးမာန္နားလည္ေပးနုိင္မည္ ထင္ပါသည္။

***************************************************************************

'' ကေလး ''

'' ဟင္''

ဧရာ၀တီျမစ္ကမ္းကို ေငးျကည့္ေနသည့္ မုတ္သံု ဦး မာန္ေခၚသံေျကာင့္ သတိျပန္၀င္သြားမိသည္။

တည္ခင္းထားသည့္ Breakfast ကို ပန္းကန္ထဲ ေတြ႔ရာ ေကာက္ထည့္ခဲ့ေသာ္ျငား တစ္စက္ကေလးမွပင္ မတို႔မထိရေသး ။

စားပြဲေပၚတင္ထားသည့္ မုတ္သံု၏ လက္သီးဆုပ္ကို ဦးမာန္က အုပ္မိုးဆုပ္ကိုင္လုိက္သည္။ ထုိ႔ေနာက္မုတ္သံု၏ လက္သီးဆုပ္ကို ခပ္ဖြဖြ ဆြဲျဖည္ကာ ဧက ေပးသြားခဲ့သည့္ စာအိတ္ကို မုတ္သံု လက္ထဲထည့္ေပးသည္။

မ်က္လံုးျပဴးလ်က္ ျကည့္လာသည့္ မုတ္သံုကို ဦးမာန္က နွစ္လိုစြာ ျပံဳးျပကာ ေျပာသည္။

'' မင္းကိုယ့္ကို အားနာလို႔ ဒီလိုလုပ္ေနတာဆိုရင္ ကိုယ္ေတာ္ေတာ္ စိတ္ဆိုးမိမယ္ထင္တယ္ ကေလး''

စီးပြားေရးလုပ္ငန္းအမ်ားျကီးကို ဦးစီးအုပ္ခ်ဳပ္ေနရတဲ့ ဦးမာန္ေျပဟာ မုတ္သံုနွင့္ ဧက တို႔၏ လက္ရွိအေျခအေနကို အေသအခ်ာကို သိေနေလာက္ျပီ။ ဒါေျကာင့္ မုတ္သံု အံ့ျသထိတ္လန္႔တုန္လွဳပ္ျခင္းေတြ ရွိမေနေတာ့ပါ ။

'' မင္း တစ္ခုခုကို ေရြးခ်ယ္ရမွာ ကေလး .. မင္းကို ကိုယ္ခ်စ္တဲ့အတြက္ မင္းဘယ္လိုဘဲ ဆံုးျဖတ္ဆံုးျဖတ္ ဘာကိုဘဲ ေရြးခ်ယ္ ေရြးခ်ယ္ ကိုယ္ေလးစားလိုက္နာေပးမွာ.. တစ္ခုဘဲ ''

ဦးမာန္ေျပက စကားကို ခဏရပ္ကာ မုတ္သံုကို ျပံဳးျပီး စိုက္ျကည့္သည္။ ထုိ႔ေနာက္ စာအိတ္ကိုင္ထားသည့္ မုတ္သံုရဲ႕ လက္ကို ဆုပ္ကိုင္လုိက္ျပီးေတာ့မွ ဆက္ေျပာသည္။

'' ကိုယ့္က မင္းဦးေနွာက္နဲ႔ စဥ္းစားျပီး ျဖစ္သင့္လို႔ ေရြးခ်ယ္လိုက္တဲ့လူ မျဖစ္ခ်င္ဘူး .. ကိုယ္က မင္းနွလံုးသားနဲ႔ ေရြးခ်ယ္ခံရတဲ့လူျဖစ္ခ်င္တာ ''

ဦးမာန္ေျပရဲ႕ နွစ္လိုဖြယ္ အျပံဳးေတြနဲ႔ မုတ္သံုကို အျမဲျကည့္ေလ့ရွိတဲ့ ခ်စ္ျမတ္နိုးသည့္ အရိပ္အေယာင္မ်ားအျပည့္နွင့္ မ်က္၀န္းမ်ားကို ရင္မဆိုင္ရဲေတာ့သျဖင့္ ေခါင္းကိုသာ ငံု႔ခ်လိုက္မိသည္။

ဦးမာန္ေျပက အျပံဳးေတြကို ဆင္ျမန္းထားလ်က္က ဆက္ေျပာသည္။

'' မင္းအခု ေတြေ၀ေနတယ္ဆိုတာ ကိုယ္သိတယ္ .. မင္းက မင္းျဖစ္သင့္တာကို ဦးစားေပးျပီး ကိုယ့္ကိုေရြးခ်ယ္ေနတာ .. နွလံုးသားကေတာ့ မင္းေတြေ၀ေနေသးတယ္ကေလး ...''

ေတြေ၀ေနသည့္ နွလံုးသားက ဦးေနွာက္၏ ေစခုိင္းမွဳျဖင့္ ဦးမာန္ကို ဇြတ္မွိတ္ ဆံုးျဖတ္ခဲ့သည္ကို ဦးမာန္သိေနသည္။

မုတ္သံု ဧက ကိုခ်စ္ေနေသးသည္။ ဦးမာန္ကိုလည္း တြယ္တာသည္။ သို႔ေသာ္ နွစ္ေယာက္စလံုးကို ေခါင္းစဥ္တစ္ခုတည္းေအာက္တြင္ ေရြးခ်ယ္ခြင့္မရွိ။

မုတ္သံု၏ နွလံုးသား အနက္ရိႈင္းဆံုးအပိုင္းေတြအထိ ထြင္းေဖာက္ ျမင္နိုင္သူ၊ ျပီးေတာ့ နားလည္ေပးနိုင္သူ ဦးမာန္ပါတကား ။

ေခါင္းကို ငံု႔ခ်ထားသည့္ မုတ္သံုကို ဦးမာန္က ဆံပင္ေတြကို ျမတ္နိုးစြာ ဆြဲဖြရင္း

'' မင္းရင္ထဲမွာရွိေနတဲ့ ဧက အေပၚထားတဲ့ အမ်က္ေဒါသေတြကို ေဖ်ာက္လိုက္.. ျပီးေတာ့ ေခါင္းေအးေအးထားျပီး ေသခ်ာ ဆံုးျဖတ္ေစခ်င္တယ္ ျပီးေတာ့ မင္းနွလံုးသားက အေလးသာတာကိုဘဲ ေရြးခ်ယ္ေစခ်င္တယ္ .. သံုးပြင့္ဆိုင္ နွလံုးသားေရးရာကိစၥေတြမွာ ဦးေနွာက္ကိုသံုးျပီး ဆံုးျဖတ္ရင္ သံုးေယာက္လံုး နာက်င္ရတတ္တယ္ ကေလးရဲ႕ .. ဟုတ္ျပီလား .. ''

ဦးမာန္ေျပက ထိုသုိ႔ေျပာျပီးေနာက္ ထရပ္သည္။ မုတ္သံုပါ ထရပ္မည္ အလုပ္တြင္ ဦးမာန္ေျပက တားသည္။

'' ကိုယ္ အာနႏၵာဘုရားနားက မန္က်ည္းရြက္သုတ္ေကာင္းတဲ့ ထမင္းဆိုင္မွာ ရွိေနမယ္ ကေလး .. ကေလး က ဒီမွာေနခဲ့ပါ .. ဧက ေပးခဲ့တဲ့ စာကိုဖတ္ပါ .. ျပီးေတာ့ ေသခ်ာ စဥ္းစားပါ .. စဥ္းစားတဲ့အခါ ကေလးက ကိုယ့္နွလံုးသားက အေလးသာတဲ့လူကို ေရြးခ်ယ္နိုင္ဖို႔ စဥ္းစားပါ .. ''

ဦးမာန္ေျပက ထုိသုိ႔ေျပာျပီးေနာက္ နွစ္လိုဖြယ္ရာအျပံဳးကို ထပ္ျပံဳးျပကာ ေနရာကေန ထြက္သြားသည္။

မုတ္သံုကို ေက်ာခိုင္းကာ တေရြ႔ေရြ႔ထြက္ခြာသြားေနသည့္ ဦးမာန္ေျပကို ေငးျကည့္ေနရင္း မုတ္သံု၏ အေတြးေတြ ေယာက္ယတ္ခတ္လို႔ေနျပီ ။

ဦးမာန္လက္ထဲတြင္ ထည့္ထားခဲ့ေသာ ဧက ေပးခဲ့သည့္ စာအိတ္ကို ျကည့္လိုက္မိသည္။

ဖြင့္ဖတ္ျကည့္ပါ ၊ နွလံုးသားကို ေစညႊန္းရာကို နာခံပါ ဆိုသည့္ ဦးမာန္ ေသခ်ာ မွာသြားခဲ့သည့္စကား။

မုတ္သံု စာအိတ္အညိဳေလးကို ဖြင့္ျကည့္လိုက္သည္။ မုတ္သံု ထင္ထားခဲ့သလို ရွင္းျပထားသည့္ စာအရွည္ျကီး မဟုတ္ခဲ့ ။

စာအိတ္ထဲတြင္ကား ဧက ရိုက္ထားခဲ့ေသာ မုတ္သံု၏ ဓာတ္ပံုမ်ား ။ မုတ္သံုကို ရွဴ႕ေထာင့္ အမ်ိဳးမ်ိဳးကေန ဧက ဓာတ္ပံုေတြအမ်ားျကီး ရိုက္ထားခဲ့တာ ။ ထို႔ေနာက္ ဧက၏ လက္ေရးျဖင့္ ေရးထားေသာ လက္ေရးစာတစ္ေစာင္။

ထားခဲ့ရက္မိ

အျပစ္ရွိသည္

မွားခဲ့သည္မို႔

ေတာင္းပန္လိုသည္

ေရႊမ်က္ေတာ္ရယ္

ေျပပါေစေတာ့ ေျပေစေတာ့ ။

တစ္ဘ၀စာ

အခ်စ္မ်ားျဖင့္

မႊမ္းထံုေပးမည္

ကတိျပဳသည္

ေရႊမ်က္ေတာ္ရယ္

ေျပပါေစေတာ့ ေျပေစေတာ့ ။

ဧက၏ လက္ေရးကဗ်ာမွ ဧက ၏ စိတ္ကို ထြင္းေဖာက္ျမင္ေနနိုင္သည္ဟု မုတ္သံု ခံစားလုိက္ရသည္။

ဆံုးျဖတ္ရမည္ ။ မုတ္သံု တစ္ေယာက္ေယာက္ကို ေရြးခ်ယ္ရမည္ ။

မုတ္သံုကို အရမ္းခ်စ္ျပီး မုတ္သံုကလည္း အေလးထားကာ အားကိုးတြယ္တာရသည့္ ဦးမာန္ေျပ ။

ငယ္စဥ္ကတည္းက ေမွ်ာ္တလင့္လင့္ျဖင့္ ခ်စ္ခဲ့ရသည့္ ဧက ။ အခုအခ်ိန္ထိလည္း ခ်စ္ေနဆဲ ။

ခ်စ္ရသည့္ လူသားနွစ္ေယာက္အနက္မွ တစ္ေယာက္ကို ေရြးခ်ယ္ရေတာ့မည္ ။

မုတ္သံု မ်က္လံုးေတြကို မွိတ္ပစ္လုိက္သည္။ ထို႔ေနာက္ စိတ္ကို အတည္ျငိမ္ဆံုးျဖစ္ေအာင္ ေလွ်ာ့ခ်ကာ ေလးနက္စြာျဖင့္ စဥ္းစားသည္။

***********************************************************************

မ်က္လံုးမ်ားကို မွိတ္ထားသည့္ မုတ္သံု၏ ႏႈတ္ခမ္းမ်ား တေျဖးေျဖးျပံဳးလာသည္။

မ်က္လံုးမ်ားကို ျပန္ဖြင့္လိုက္ျပီးေနာက ္နွစ္နွစ္ျခိဳက္ျခိဳက္ျပံဳးလိုက္သည္။

မုတ္သံု မည္သူ႔ကို ေရြးခ်ယ္ရမလဲဆိုတာ ဆံုးျဖတ္ခဲ့ျပီးျပီ ။ ထိုဆံုးျဖတ္ခ်က္အတြက္လည္း မုတ္သံု ေနာင္တရမည္ မဟုတ္ေတာ့ပါ ။

မိႈင္းညွိဳ႕ေနသည့္ မုတ္သံု၏ မ်က္နွာက အခုမူ ၀င္းပျကည္လင္လ်က္ရွိေနျပီ။

မုတ္သံု ထိုင္ေနရာမွ ခ်က္ခ်င္းထသည္။ ထို႔ေနာက္ ဟိုတယ္ Lobby ကို အေျပးသြားသည္။

Reception တြင္ရွိေနေသာ ၀န္ထမ္းကို အေလာတျကီးဟန္ျဖင့္ ေျပာသည္။

'' ကၽြန္ေတာ့္ကို ကားတစ္စီးေလာက္ အျမန္ဆံုး ေခၚေပးပါ ''

'' ဘယ္ကို သြားမလို႔လဲ ခင္ဗ် .. ပုဂံျမိဳ႕တြင္းလား ေလယာဥ္ကြင္းလား ''

၀န္ထမ္း၏ အေမးကို မုတ္သံုက ခ်က္ခ်င္းမေျဖေသးဘဲ တစ္စံုတစ္ေယာက္ကို ေတြးမိကာ မ်က္နွာက ျပံဳးသြားသည္။

'' ကၽြန္ေတာ္သြားခ်င္တဲ့ ေနရာက ......................... ''

မုတ္သံု၏ ေရြးခ်ယ္မွဳ မွန္ကန္မည္ဆိုတာ မုတ္သံု ေသခ်ာေပါက္သိပါသည္။

မုတ္သံု မည္သူ႔ကို ေရြးခ်ယ္ခဲ့သည္ ဆိုတာကေတာ့..............။

**************************************************************************

The End

စာဖတ္သူမ်ားအားလံုးကို အစဥ္အျမဲခ်စ္ခင္ေလးစားလ်က္

ညေမႊးပန္း

Continua llegint

You'll Also Like

59.7K 2.4K 45
လူေတြက အခ်စ္ကိုအမ်ိဳးမ်ိဳး အဓိပၸာယ္ဖြင့္ဆိုၾကတယ္ ကြ်န္ေတာ္ကေတာ့ ခင္ဗ်ားကို ေသေလာက္ေအာင္ခ်စ္မိေနတာပဲသိတယ္ ဟန္စစ္မင္း ကိုယ္ေၾကာင့္ ကိုယ္ခ်စ္ရသူ ဝမ္းနည...
56.6K 1.7K 17
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
45.1K 2.9K 15
Part 2 of " Yes, Let's Just Be Friends" After almost losing the only thing good in his life, Can dives in with both feet. Sanem is the love of his li...
3.3M 163K 47
The world as we know it ended 209 years ago. From a desert wasteland springs a single kingdom, ruled by a tyrannical King and trapped in an endless...