Unknown Call (Completed)
By Bonnie_Shim
9.7K 171 11
ဟယ်လို.....ကျွန်တော် ပြောတာကြားလား။ကျွန်တော့်ရဲ့ တယ်လီပသီနဲ့ခေါ်ဆိုမှုကိုခင်ဗျားကြားရဲ့လား........ More
1st Unknow Call
2.6K 171 11
By Bonnie_Shim
Unicode
မင်္ဂလာပါ ဦးဦး ဟတ်ဒစ်စတန်.....။
ဒါက ကျွန်တော်ပြောမယ့် ခင်ဗျားအကြောင်းတွေပါ......။
ကျွန်တော် ခေါ်ဆိုလိုက်တ့ဲ
တယ်လီပသီ ကောလ် တစ်ခုဖြစ်ပြီး
ခင်ဗျားအတွက်ကတော့ unknow ကောလ် တစ်ခုပေါ့...။
ကျွန်တော် ခင်ဗျားကို နှောက်ယှက်တာ
မဟုတ်ပါဘူး။ နောက်ဆုံးဖြစ်ချင်ဖြစ်သွားနိုင်တ့ဲ ခင်ဗျားနဲ့ပတ်သတ်သော ကျွန်တော့်မှတ်ဉာဏ်တွေကို မျှ‌ေ၀ချင်တ့ဲ
စိတ်သက်သက်နဲ့ရယ်ပါ...။
ကျွန်တော် မူးရူးပြီး ခင်ဗျားကို နှောက်ယှက်နေတာ မဟုတ်ပါဘူး။
၀န်ခံရရင် နည်းနည်းမူးနေတယ်ဆိုပေမယ့် ခင်ဗျားကို လွမ်းဖို့တော့ ကျွန်တော် တတ်နိုင်ပါသေးတယ်....။
ခင်ဗျား တိမ်တွေကို ငေးကြည့်ဖူးပါသလား။
ဘယ်ဆီလွင့်ပြယ်သွားမှန်းမသိပဲ ဖမ်းဆုပ်ရခက်တ့ဲ တိမ်တွေလေ....။
ကျွန်တော်သေလောက်အောင်လိုချင်လို့
ဖမ်းဆုပ်ချင်ပေမယ့် လေထဲမှာ
လွင့်ပြယ်သွားတ့ဲ တိမ်တွေ......။
ဟုတ်တယ်.....ကျွန်တော် ဖမ်းဆုပ်ချင်တ့ဲ
တိမ်တွေက အတိအကျ ခင်ဗျားပဲ
ဦးဦးဟတ်ဒစ်စတန်....။
ကလေးကလား ရူးကြောင်ကြောင်စကားတွေလို့ ခင်ဗျားထင်နေတယ်မဟုတ်လား.....။
မတတ်နိုင်ဘူး ခင်ဗျားရယ်...။
ကျွန်တော့်စိတ်က
ခင်ဗျားကိုပြောချင်နေတာလေ......။
ခင်ဗျားသရုပ်ဆောင်ထားတ့ဲ စိတ်ကူးရင်သက်သက် ကာရိုက်တာနဲ့စိတ်ခံစားချက်ကိုတောင် တစ်ကယ်ဖြစ်တည်နေတာလို့
ကျွန်တော်က သတ်မှတ်ထားတ့ဲ သူလေ...။
ကျွန်တော်က ခင်ဗျားအစ်ကို သောလ်ကို
မြင်တိုင်း ခင်ဗျားအတွက် မခံမရပ်နိုင်စိတ်နဲ့
ခပ်တိုးတိုး ဆဲရေးမိနေတတ်တဲ သူကိုး...။
ကျွန်တော်ပြောတော့ ခင်ဗျားကရယ်တယ်။
" မင်းက သိပ်ကိုစိတ်ကူးရင်ဆန်တ့ဲ
ကလေးပဲ Bonnie" 
ကြွက်ကလေးကြောက်အောင်
ခြောက်လှန့်တ့ဲကြောင်လေသံနဲ့ ခင်ဗျား
ငေါက်ချင်ယောင်ဆောင်တယ. ..။
ဟုတ်တယ်....ကျွန်တော်က ကလေးပါပဲ။
ကျွန်တော်တို့ အသက်က ၁၇နှစ်တောင်
ကွာတယ်လေ...။
ခင်ဗျားသာ ကျွန်တော့်အနားမှာရှိရင် ကျွန်တော့်နှာခေါင်းလေး လိမ်ဆွဲပြီး ကျီစယ်မိချင်
ကျီစယ်ဦးမှာ.....။
ဒါမှမဟုတ် ကျွန်တော့်ကိုခင်ဗျားက
အနှီးလေးနဲ့ထွေးပွေ့ပြီး
ရင်ခွင်ထဲ ထည့်ထားချင်ထားဦးမှာလေ....။
ကျွန်တော် အဓိပ္ပာယ်မရှိတ့ဲ
စကားတွေချည်းလျှောက်ပြောနေမိပြီလား
ဦးဦးဟတ်ဒစ်စတန်.....။
ကျေးဇူးပြုပြီး ဖုန်းတော့ မချလိုက်ပါနဲ့နော်...။
ကျွန်တော့်အတွက် အချိန်သိပ်မကျန်တော့တာ မို့လို့ ကျွန်တော်ခင်ဗျားကို စကားတွေ
ပြောဖို့ လိုအပ်နေပါတယ်. ..။
ဒါမှမဟုတ်......ခင်ဗျား ကျွန်တော့်ကို
အခု လာကယ်ပေးနိုင်မလားဟင်.....။
ခင်ဗျား သရုပ်ဆောင်နေကြ ဇာတ်ကောင်
လိုကီလို အစွမ်းနဲ့ဖြစ်ဖြစ်လေ.....။
မကယ်ဘူးလား........မကယ်ရင်နေပေါ့.....။
နောက်ဘ၀အထိ ခင်ဗျားကိုချစ်ဖို့တော့
ကျွန်တော် အာမမခံဘူးနော်....။
ကြားလား......ကြားရဲ့လား
ကျွန်တော် ပြောနေတာကိုလေ....။
" ရူးတယ်...." ဟုတ်လား။
ရူးတယ်ဆိုလည်း ရူးတယ်ပေါ့ ထားလိုက်တော့။
ကျွန်တော့်ဦးနှောက်နဲ့ အသိဥာဏ်က
ခင်ဗျားနဲ့ပတ်သတ်ပြီး အလုပ်မလုပ်နိုင်တော့
တာကြာဘီ ခင်ဗျားသိရဲ့လား။
ကျွန်တော်က အဓိပ္ပာယ်မ့ဲပါတယ်။
ခင်ဗျားနဲ့ပတ်သတ်ရင် ပိုတောင် အဓိပ္ပာယ်မ့ဲ သေးတယ်။
တစ်ကယ့် Great အမျိုးသမီး ၈ဦးနဲ့ ဒိတ်လုပ်
ခ့ဲဖူးပေမယ့် အခုချိန်ထိလူပျိုကြီးလုပ်နေဆဲပါပဲတ့ဲ....
mediaတွေ ဖြန့်လိုက်တ့ဲ
ခင်ဗျားသတင်းတွေက ကျွန်တော့်အတွက် စောက်ချိုးမပြေမှုတွေလား
ဦးဦးဟတ်ဒစ်စတန်။
ခေါင်ရမ်းပန်းတွေ‌ေ၀နေတ့ဲ ဘူဒူးရုပ်လေးတွေ
အပေါ်မှာ အ့ဲဒီ့အမျိုးသမီး၈ယောက်နာမည်
ထွင်းပြီး အပ်နဲ့ထိုးထားတ့ဲ ပုံတွေ ပို့စကတ်
လုပ်ပြီး ခင်ဗျားစီ ပို့ပေးလိုက်မယ်နော်။
ကျွန်တော့်ကို စကားပြန်ပြောပါဦး။ဘာလို့
အသံတိတ်သွားတာလဲ.....။
ကျွန်တော့်ကို ခင်ဗျားကြောက်သွားတာလား။
မ‌ေကြာက်ပါနဲ့.....ကျွန်တော်သိပ်ချစ်တ့ဲ
ခင်ဗျားကိုတော့ အနီးကပ်ဓားနဲ့
ပွေ့ပွေ့ပြီးပဲ ထိုးချင်တာပါ....။
ခက်တော့ခက်နေပြီ ခင်ဗျားနဲ့တော့....
ကျွန်တော့်ကို တစ်ခုခုပြန်ပြောပါဦးလား...။
ကျွန်တော် တောင်းပန်ပါတယ်။
ခင်ဗျား အခုဘယ်မှာလဲ။
ကျွန်တော်တို့ဆီမှာတော့ မိုးတွေရွာနေတယ်။
နာကျင်သမျှ ရွာချတ့ဲမိုးပေါ့...။
ခင်ဗျားတို့ဆီမှာလည်း မိုးတွေရွာနေတ့ဲအခါ
ကျွန်တော့်ကို သတိရပေးပါ။
နိုင်ငံမတူပေမယ့် တိမ်တွေရှိတ့ဲ ကောင်းကင်ကတော့ အတူတူပဲမဟုတ်လား။
ကျွန်တော်ကတော့ မိုးရွာတိုင်း ခင်ဗျားအကြောင်းတွေးမယ်။
အေးဆေးပါ.....ကျွန်တော် အဆင်ပြေသွားမှာပါ။
ဟယ်လို.....ကျွန်တော် ပြောတာကြားရဲ့လား။
ခံစားနိုင်စွမ်းတွေထက်ပိုတ့ဲ ကျွန်တော့်ခံစားချက်တွေကို ‌ေဖာ်ပြချင်ယုံသက်သက်နဲ့
ဆက်သွယ်မိတာပါ။
ခင်ဗျားကို နှောက်ယှက်
တာမျိုးမဟုတ်ပါဘူး။
ကျွန်တော် ဖုန်းချလိုက်ပါတော့မယ်။
Good Byeပါ ဦးဦးဟတ်ဒစ်စတန်။
The end
16.7.21
1st call.
Zawgyi
ကျွန်တော် ခေါ်ဆိုလိုက်တဲ့
မဟုတ်ပါဘူး။ နောက်ဆုံးဖြစ်ချင်ဖြစ်သွားနိုင်တဲ့ ခင်ဗျားနဲ့ပတ်သတ်သော ကျွန်တော့်မှတ်ဉာဏ်တွေကို မျှ‌ဝေချင်တဲ့
စိတ်သက်သက်နဲ့ရယ်ပါ...။
ဘယ်ဆီလွင့်ပြယ်သွားမှန်းမသိပဲ ဖမ်းဆုပ်ရခက်တဲ့ တိမ်တွေလေ....။
လွင့်ပြယ်သွားတဲ့ တိမ်တွေ......။
ဟုတ်တယ်.....ကျွန်တော် ဖမ်းဆုပ်ချင်တဲ့
ဦးဦးဟတ်ဒစ်စတန်....။
ကျွန်တော့်စိတ်က
ခင်ဗျားသရုပ်ဆောင်ထားတဲ့ စိတ်ကူးရင်သက်သက် ကာရိုက်တာနဲ့စိတ်ခံစားချက်ကိုတောင် တစ်ကယ်ဖြစ်တည်နေတာလို့
ကျွန်တော်က သတ်မှတ်ထားတဲ့ သူလေ...။
" မင်းက သိပ်ကိုစိတ်ကူးရင်ဆန်တဲ့
ကလေးပဲ Bonnie" 
ခြောက်လှန့်တဲ့ကြောင်လေသံနဲ့ ခင်ဗျား
ကွာတယ်လေ...။
ကျီစယ်ဦးမှာ.....။
ကျွန်တော် အဓိပ္ပာယ်မရှိတဲ့
ဦးဦးဟတ်ဒစ်စတန်.....။
ကြားလား......ကြားရဲ့လား
" ရူးတယ်...." ဟုတ်လား။
ကျွန်တော်က အဓိပ္ပာယ်မဲ့ပါတယ်။
ခင်ဗျားနဲ့ပတ်သတ်ရင် ပိုတောင် အဓိပ္ပာယ်မဲ့ သေးတယ်။
ခဲ့ဖူးပေမယ့် အခုချိန်ထိလူပျိုကြီးလုပ်နေဆဲပါပဲတဲ့....
mediaတွေ ဖြန့်လိုက်တဲ့
ဦးဦးဟတ်ဒစ်စတန်။
ခေါင်ရမ်းပန်းတွေ‌ဝေနေတဲ့ ဘူဒူးရုပ်လေးတွေ
အပေါ်မှာ အဲ့ဒီ့အမျိုးသမီး၈ယောက်နာမည်
ထွင်းပြီး အပ်နဲ့ထိုးထားတဲ့ ပုံတွေ ပို့စကတ်
အသံတိတ်သွားတာလဲ.....။
မ‌ကြောက်ပါနဲ့.....ကျွန်တော်သိပ်ချစ်တဲ့
ခင်ဗျား အခုဘယ်မှာလဲ။
နာကျင်သမျှ ရွာချတဲ့မိုးပေါ့...။
ခင်ဗျားတို့ဆီမှာလည်း မိုးတွေရွာနေတဲ့အခါ
နိုင်ငံမတူပေမယ့် တိမ်တွေရှိတဲ့ ကောင်းကင်ကတော့ အတူတူပဲမဟုတ်လား။
ခံစားနိုင်စွမ်းတွေထက်ပိုတဲ့ ကျွန်တော့်ခံစားချက်တွေကို ‌ဖော်ပြချင်ယုံသက်သက်နဲ့
ဆက်သွယ်မိတာပါ။
တာမျိုးမဟုတ်ပါဘူး။
The end
16.7.21
1st call.
Continue Reading
You'll Also Like
268K 40.4K 103
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
3.7K 242 12
အရှင့်ကိုချစ်နှစ်သက်မိတဲ့ ဒီငမိုက်သားကိုအပြစ်ပေးလို့ရပါတယ် အရှင်..... ငါအရှင် မင်းကိုအပြစ်ပေးမယ် ငါကိုယ်တော်ရဲ့ကြင်ယာတော်အဖြစ် အပြစ်ဒဏ်ကိုခံယူစေ.....
5.7K 1K 22
𝐖𝐚𝐭𝐚𝐧𝐚𝐛𝐞 𝐇𝐚𝐫𝐮𝐭𝐨 × 𝐊𝐢𝐦 𝐉𝐮𝐧 𝐊𝐲𝐮
574K 20.9K 28
"Matthew Preston? The kid who doesn't have any friends?" "Matt Preston? The kid who used to play on the football team?" "Matthew Preston? Don't even...