SeKai KaiHun 🐻🧡🐣 one shot

By MyonewMinnie

36.4K 2.9K 180

Kai n Sehun one shots SeKai KaiHun 🐻🐥 More

Truly Madly Deeply
The World
HeartBeat
ချစ်ခြင်းမေတ္တာ
With You
Baby
The Boy who can't see me
Love Birds
Baby is My Eveything
သူ..... မင်းကို ဘယ်တော့မှ
မင်းစချော့ပါ
When Kai is dancing
Moonlight
သူ့ ထံပါး
Happy Birthday
My whole world is you
ကလေး နဲ့ ကိုကို
ကိုကြီးရဲ့ ကလေးငယ်
GoodNight
ချစ်တယ် ကိုကို
ကိုယ့်တိမ်တိုက်လေးအတွက်
ထပ်တူ
ကိုယ့်အပိုင်
Oh! Hot
ထာဝရ အတွက်
My Little Bear

Farewell my love

890 117 1
By MyonewMinnie

မိုးတွေရွာနေတာကို ငေးကြည့်နေရင်း တစ်စုံတစ်ယောက်ကို လွမ်းလာတယ်
ဝရံတာ က တံခါးပေါက်ကိုဖွင့်ချလိုက်တယ် မျက်နှာကို လာရောက်ထိမှန်နေတဲ့မိုးစက်တွေ မိုးရေတွေထဲမှာချစ်ဖူးတဲ့ နှလုံးသားတခု ကို ပြန်တွေးမိတော့ ကြည်နူးမိလာတယ်
"ကျွန်တော် မျက်ရည်တွေကျနေတယ် ခင်ဗျားရယ် လွမ်းတယ် "
ဘယ်ဖက်ပါးပြင်မှာ မျက်ရည်စီးကြောင်းတခုက
နှလုံးသားရှိရာ ဘယ်ဖက် ရင်အုံပေါ်ကို စီးကျသွားခဲ့တယ် နှလုံးသားလေးနေရာလေးလက်ဖဝါးလေးခပ်ဖွဖွလေး တင်လိုက်ရင်း
"လွမ်းတယ် ငယ် လွမ်းနေတာ ကိုကြီးသိတယ်မလား"
လက်ဖဝါးအောက်က
ခုန်လှုပ်နေတဲ့ နှလုံးသားက သက်သေပြလေရဲ့
"ချစ်တယ်"

မျက်ဝန်းတွေမှိတ်ချလိုက်တော့ ရှင်သန်လာတဲ့အတိတ်တွေ ခမ်းနားလွန်းတယ်
🐻❤️🐣

Seoul အထက်တန်းကျောင်း စာသင်ဆောင် 94

တခန်းလုံးဆူညံ့ပွက်လောရိုက်နေတဲ့အသံတွေ က ဆရာမနဲ့ အတူပါလာတဲ့ အသားအရေ ဖြူဖြူဖွေးဖွေး လုံးလုံးတုတ်တုတ် ချစ်စရာ ကောင်လေးတစ်ယောက်ကိုအမြင်မှာ ငြိမ်ကျသွားလိုက်ကြတာများ အပ်ကျသံတောင်ကြားရမယ်ထင်မိတယ်
"Annyeongsaeyo Sehun mutha" နုတ်ဆက်လိုက်သံလေးကြားလိုက်ရချိန် တတန်းလုံး အသည်းတွေယားသွားကြတယ်
"သား ဟို မှာတွေ့လား Jongin ဘေးမှာခုံအလွတ် သွားထိုင်နော် Jongin ဟဲ့ကောင်လေး အိပ်နေပြန်ပြီလား ဟဲ့ဒီကလေးတော့ သားသွားထိုင်လိုက်တော့"
"ဟုတ်ကဲ့ "
Sehun ထိုင်ရမယ့်နေရာကိုအရောက် သမ်းဝေရင်း ထလာတဲ့ အသားညိုညိုနဲ့ ကောင်လေး
"ကျွန်တော်ဒီမှာထိုင်မယ်နော် "လို့ပြောရင်း ထိုင်လိုက်တယ် သူကတော့ တဖက်လှည့်အိပ်သွားလေရဲ့
ဘယ်သူသိမှာလဲ တဖက်လှည့်သွားတဲ့ကောင်လေးက ချစ်ဖို့ကောင်းစွာပြုံးနေမယ်လို့
ညနေကျောင်းဆင်းချိန်တိုင်း အိမ်ကလာကြိုတဲ့ ကားလေးပေါ်ပါသွားတဲ့ဖြူဖြူစွပ်စွပ်ကောင်လေးကိုငေးကြည့်ကာ အဲဒီလာကြိုတဲ့ကားလေး ထွက်သွားမှသာ အိမ်ပြန်တဲ့ ညိုချောကောင်လေး

"Hunnie"
လှည့်ကြည့်လာတဲ့အံ့သြတကြီး မျက်ဝန်းလေးတွေ ကို ငေးကြည့်ရင်း
"သူငယ်ချင်းလုပ်ကြရအောင် hunnie"
တဖြေးဖြေး ပြုံးလာတဲ့ မျက်ဝန်းလေးတွေ ကမ်းပေးလိုက်တဲ့ နူးညံ့တဲ့ လက်ဖြူဖြူသွယ်သွယ်လေးကို ဆုပ်ကိုင်ရင်းပြောလိုက်တယ်
"ကိုကြီး က Jongin ပါ "
ပြုံးပြလာတဲ့ အပြုံးလေးတွေ ဖြူစင်လေရဲ့
အဲဒီနောက်တော့ အဖြူရောင် သံယောဇဉ်ကြိုးလေးစတင်သက်ဝင်ငြိတွယ်လာခဲ့လေရဲ့

"ကိုကြီး" ခပ်ချွဲချွဲလေးနဲ့ ခေါ်တဲ့ ကလေးငယ်
ကျောပြင်ကြီးကို တင်းနေအောင်ဖက်တွယ်ထားတဲ့ ကလေးငယ်
"ငယ် ပြောလေ ဘာလုပ်ချင်လို့လဲ"
"စကိတ် စီးချင်တယ်ဟင့်😢"
"ငယ်ရယ် ပြီးခဲ့တဲ့အပတ်ကပဲ ငယ် ဖျားပြီးပြီလေကွာလိမ်မာတယ် ကိုကြီးကလေးငယ်လေးကနော် စကားနားထောင်မယ်မလား"
"အင်း ကိုကြီး ကို ချစ်လို့နော်"
"ကိုကြီးကော "
Jongin သက်ပြင်းခိုးချလိုက်တယ် ကိုကြီးအချစ်တွေက ငယ် လို မဖြူစင်တော့ဖူးငယ်ရဲ့ ငယ် ကိုအရမ်းချစ်တယ် ရင်ထဲကကို မြတ်နိုးလွန်းလို့ပါငယ်
"ကိုကြီး ဒီဖက်လှည့်"
"အင်းငယ်"
သူရင်ခွင်ထဲတိုးဝင်လာတဲ့ငယ်ကို ခပ်ဖွဖွ ထွေးဖက်ထားရင်း ငယ့်ဆံပင်နုနုလေးတွေထက် မျက်နှာအပ်လို့
"ငယ် ကိုကြီး ငယ် ကိုချစ်တယ် ငယ်ထင်နေသလို အချစ်မဟုတ်ဖူး ကိုကြီး မဖြူစင်တော့ဖူး ငယ် ကို ချစ်သူတစ်ယောက်လို ချစ်တယ်"
ခုန်လှုပ်လာတဲ့နှလုံးသား ကြောင့်ကိုကြီး ရင်ခွင်ထဲက မော့ကြည့်လိုက်တယ် ငုံ့ လို့ကြည့်လာတဲ့ ကိုကြီး မျက်ဝန်းတွေစိုဆွတ်နေလေရဲ့
"ငယ်လဲ ကိုကြီးကိုချစ်တယ်"
မှိတ်ချသွားတဲ့ ကိုကြီး ရဲ့ မျက်ဝန်းလေးထဲက မျက်ရည်တွေက ငယ်ပါးပြင်ပေါ့ကို အလုအယက်ခုန်ဆင်းလာပြီး ငယ်မျက်ရည်တွေနဲ့ ပူးပေါင်းသွားခဲ့တယ်
ကိုကြီးကိုချစ်တယ်

🐻❤️🐣

ချစ်ခဲ့ကြတဲ့ အချိန်တွေမှာ အရာရာကလှပနေတယ် အဆုံးသတ်ကိုမေ့ထားပေမယ့်လဲ
မေ့ထားတဲ့အရာက တနေ့နေ့မှာရောက်လာမယ်ဆိုတာသိနေခဲ့ပါတယ်
သိပ်ချမ်းသာတဲ့ Mr.Oh ဟာ သူရဲ့တဦးတည်းသောသားကို Jongin လိုမိဘမဲ့တယောက်နဲ့ သဘောမတူပါဖူးတဲ့ လမ်းခွဲပေးပါတဲ့ စိတ်တောင်မကူးဖူးတဲ့ ပိုက်ဆံပမာဏာတွေနဲ့ တောင်းဆိုလို့လာခဲ့တယ်
ပြုံးနေတဲ့ မျက်ဝန်းလေး နဲ့ဝေးရာစီထွက်သွားဖို့ဆုံးဖြတ်လိုက်တဲ့နောက်

တညလုံးအိပ်မပျော်တဲ့ညတွေကျော်ဖြတ်ခဲ့ပြီးတဲ့နောက်
မနက်ခင်းနေရောင်ခြည်တွေ လင်းလက်လာတဲ့အချိန်မှာ Jongin အိမ်ခန်းလေး ရွှေရောင်နဲ့လင်းချင်းနေအောင် ရောက်လာတဲ့ နတ်သားပျို ကို ရင်ခွင်ထဲ တင်းကျပ်နေအောင်ပွေ့ဖက်လို့
"ကိုကြီး ကိုလွမ်းနေတာ "ပါးပြင်ပေါ် ကျလာတဲ့အနမ်းလေး  ရင်ခွင်ထဲတင်းကျပ်နေအောင်ဖက်ပွေ့လို့
"Hunnie ပြန်မသွားတော့ဖူး ကိုကြီး သွားကြရအောင် ထွက်ပြေးကြမယ်နော်"ပါးလပ်လပ်ကိုယ်လုံးလေး က သူရင်ခွင်ထဲတိုးဝင်လာတယ်
"Hunnie ရယ်" မော့လာတဲ့ မျက်နှာလေး ကို ပွေ့ယူလို့  နဖူးလေးပေါ် အနမ်းတပွင့်
"ကိုကြီးကိုယုံတယ်မလား"
မျက်ရည်တွေနဲ့မျက်ဝန်းလေးမှိတ်ချလို့ ခေါင်းညိတ်ပြလာတယ်
ရင်ခွင်ထဲက ကောင်ငယ်လေးကို ပွေ့ဖက်လို့ ကျချင်နေတဲ့မျက်ရည်တွေကို သိမ်းဆည်းရတယ်
ကိုယ်ပေးတဲ့ အချစ်တွေက မင်းအတွက်သီးသန့်ပါ ကလေး

တနေ့ကုန် ရင်ခွင်ထဲ ဖက်ပွေ့ထားတဲ့ ကိုယ်လုံးနုနုလေး

အနောက်ဖက်ကောင်းကင်စီမှာ တိမ်တွေ ပုဇွန်ဆီရောင်သန်းနေခဲ့ပြီ

ခြံပြင်မှာ ကားနက်ကြီးတစီးစောင့်နေတာကို မသိချင်ယောင်ဆောင်ရင်း တယောက်အနမ်းထဲ တစ်ယောက်ပျော်ဝင်လို့
"ကိုကြီး ငယ်လေ"
ပါးလျလျ နုတ်ခမ်းနုနု စီ အနမ်းလေးတွေ ချပျိုးတော့ မျက်ရည်စီးကြောင်းနှစ်ခု ပူးပေါင်းသွားတယ်
"ငယ် ကို ကိုကြီး ချစ်တယ် ဆိုတာ သိတယ်နော်"
ခေါင်းလေးဆတ်ဆတ် ညိတ်ပြလာတဲ့ ကောင်လေး လက်လေးဆွဲလို့ခြံထဲကိုခေါ်လာတယ်
"ကိုကြီး တို့ ဘယ်တော့မှမဝေးဖူးနော် သိလား  ကိုကြီးကို နမ်းပါငယ်"
နုတ်ခမ်းသေးသေးလေးစီကအနမ်းလေးတွေ တဘဝလုံးစာ အတွက်

"သွားတော့နော် ငယ်"
သူ့ စကားနားထောင်တဲ့ငယ် က ကားပေါ်ကို တက်သွားချိန် ကားက ထွက်ခွာသွားတယ်
"ကိုကြီး တို့ ဘယ်တော့မှမဝေးဖူးငယ်"

ဖုန်းကိုဖွင့်လို့
"Jongdae အဆင်သင့်ပဲလား "

💔

အခုတလော အိပ်မက်တွေမကောင်းဖူး
ကိုကြီး နဲ့လဲအဆက်အသွယ်မရဖူး
"လွမ်းတယ် ကိုကြီးရယ် ရင်ဘတ်တွေအောင့်တာလဲ ဒီရက်ပိုင်း ပိုဆိုးလာတယ် နှလုံးအစားထိုးဖို့ လိုအပ်တယ်လို့ ဆရာဝန်ကြီးကပြောနေတယ်ကိုကြီး  ငယ်လေ ကိုကြီးကို သိပ်လွမ်းတာပဲ"
မျက်ရည်တွေက အတိုင်းအဆမဲ့စီးဆင်းလာတယ်
"သား အတွက် နှလုံးသား ရပြီ "

ပျော်နေတဲ့ Appa ကို ကြည့်ပြီး ကိုယ်ပါပျော်မိတယ်
"Appa ကိုကြီးနဲ့တွေ့ချင်တယ် သားကို တခါလောက် တွေ့ပါရစေ"
"သား နေကောင်းရင် သား နဲ့ သူကို Appa ကိုယ်တိုင်လက်ထပ်ပေးပါမယ်"
ပျော်သွားတဲ့ သားမျက်နှာလေး

🐻❤️🐣

နှလုံးအစားထိုးပြီးတဲ့နောက် ထင်ထားတာထက် ပို ကျန်းမာရေးကောင်းလာတဲ့ သားကို ကြည့်ရင်း mr.oh ပျော်နေမိတယ်
မနက်ဖြန် ဆေးရုံကဆင်းရတော့မယ့်သားက တစ်ယောက်ယောက်ကိုမျှော်နေတာကိုသိနေရင်း
"သား Appa ဆရာဝန်ကြီးစီ ခဏသွားအုန်းမယ်"
ခေါင်းညိတ်ပြတဲ့သားကိုကြည့်ရင်း ထွက်လာလိုက်တယ်

🐻❤️🐣

ရှေ့က ကက်ပြားလေးကို မယုံနိုင်စွာ ငေးကြည့်မိတယ်
"Appa"
"Appa ဒါက ဒါက "စီးကျလာတဲ့ မျက်ရည်တွေ
မျက်ရည်တွေကြားဝိုးတဝါးနာမည်လေး
နှလုံးအလှူရှင်
Kim Jongin

အား
မိုးကောင်းကင်ကြီးတခုလုံးပြိုကြလာသလို ရင်ထဲမှာလှိုက်တက်လာတဲ့ ငိုကြွေးခြင်းတွေ

အမှောင်တွေထဲ တစစီတိုးဝင်ရင်း
ကိုကြီးဘယ်မှာလဲ ကျွန်တော် ကိုစောင့်နေပါ

💔

ကလေးရေ
ဒီစာကိုဖတ်နေတဲ့အချိန်မှာ ကိုကြီးက ကလေးကို မိုးကောင်းကင်ပေါ်က ကြည့်နေမှာနော် မငိုပါနဲ့ကလေး အခုလိုထားခဲ့ရတဲ့အတွက်တောင်းပန်ပါတယ်ကလေးရယ်
ဒါပေမယ့် ကိုကြီးက ကလေးအနားမှာ ကလေးနှလုံးသားထဲမှာအမြဲရှင်သန်နေမှာမို့ ကလေးရဲ့ နှလုံးသားလေးကို ဂရုစိုက်ပါကလေး
ကျန်းမာရေးကိုဂရုစိုက်ပါ ကလေးငယ်
ချစ်တယ် အရမ်းချစ်ခဲ့ပါတယ်

မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်စီးကျလာတယ်
နှလုံးသားကို လက်ဖဝါးလေး ဖိကပ်ရင်း ခုန်နေတဲ့ အထိအတွေ့လေး
"ကိုကြီး ကိုချစ်တယ်"
ခပ်ဖွဖွ ရေရွတ်လို့ နေရင်း
လက်ဖဝါးအောက်က နှလုံးသားလေး ခုန်နေတာကိုခံစားမိရင်း

ကျွန်တော် တို့အချစ်က ဘယ်တော့မှမသေဆုံးသွားဖူး ကိုကြီးရဲ့ နှလုံးသားလေးကျွန်တော်စောင့်ရှောက်ပါမယ်

ချစ်တယ် Jongin cci

💔

SHINee Farewell my love သီချင်းလေးနဲ့ feelပါ

Words 3k ကျော်တာမို့ အရှည်ကြီးဖတ်လိုက်ရသလို
ရေးနေတာလဲ တပတ်လောက်ရှိပါပြီ
ခုပြီးပြီးချင်းတင်ပေးလိုက်ပါတယ်

SURPRISE 😱

Continue Reading

You'll Also Like

1.7M 123K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
67.8K 7K 11
ကြည်နူးဆွတ်ပျံ့စရာတွေအားလုံးဟာ ပုံပြင်ဆန်တယ်... Happy Ever After ဆိုတဲ့ အဆုံးသတ်မျိုးဟာ နတ်သမီးပုံပြင်တွေထဲမှာပဲ ရှိတတ်တာမျိုး...။
26.6K 2.4K 6
စျေးဗန်းခင်းခြင်းအနုပညာ ဈေးဗန်းခင်းခြင်းအနုပညာ