CANCER (Completed)

By kyallay

229K 18.5K 1.7K

TAEKOOK x VKOOK. (Yaoi ) Start - 22 February 2018 End - 31 January 2020 Cover by myanmar novel More

INTRO
one
two
three
four
five
six
seven
eight
nine
ten
eleven
twelve
thirteen
fourteen
fifteen
sixteen
Seventeen
eighteen
twenty
twenty one
twenty two
twenty three
twenty four
twenty five
twenty six
twenty seven
twenty eight
twenty nine
thirty (Final)
For My Lovely Readers

nineteen

4.8K 542 66
By kyallay

Zawgyi



အခ်စ္ဆိုတဲ့ အရာက

ကြၽန္ေတာ့္အတြက္ကေတာ့

စကားလံုးသက္သက္ မဟုတ္ခဲ့ဘူး ထင္ပါရဲ႕။

ကြၽန္ေတာ္ဆိုတဲ့ ေကာင္ကေတာ့

အခ်စ္ဆိုတာကို ခ်စ္မိသူသက္သက္ပင္။

အကယ္၍

အခ်စ္ဆိုတာ မွားယြင္းခဲ့ရင္ေတာင္

အမွန္တရားကို ကြၽန္ေတာ္ မလိုခ်င္ခဲ့မိဘူး။

Kyallay

---------------------------------------------------------

ျဖဴလြလြ ကုတင္က်ယ္ႀကီေပၚတြင္ ငုတ္တုတ္ေလးထိုင္လ်ွက္ Jung Kook တစ္ေယာက္ အခုထိ အိပ္မေပ်ာ္ႏိုင္ေသး။

တံခါေလးကို အသာလွပ္ၿပီး အခန္းအျပင္ဘက္ကို ေခ်ာင္းၾကည့္လိုက္ေတာ့ ဧည့္ခန္းမွာ Tae Hyung က Laptop တစ္လံုးႏွင့္ အလုပ္႐ႈပ္ေနတုန္းပင္။

"Hanbok အျဖဴေရာင္နဲ႔ သရဲမ....."

"အဲ့သရဲကေလ မ်က္ႏွာပ်က္စီးေနၿပီး ေၾကာက္စရာႀကီးတဲ့.......''

အိပ္ခါနီးတိုင္း ေဘးအိမ္က အမႊာေလးႏွစ္ေယာက္ရဲ႕ စကားက နားထဲေရာက္ေရာက္လာသည္။

ကိုယ့္ကိုယ္ကို ျပန္ၾကည့္မိေတာ့ ဝတ္ထားတာက ညအိပ္ဝတ္စံုအျဖဴႏွင့္။

အခန္းျပတင္းမွ တစ္ဆင့္ အျပင္ဘက္ကို ၾကည့္လိုက္ေတာ့ မဲေမွာင္ေနၿပီး ေလးတိုက္သံခပ္ျပင္းျပင္ကို ၾကားေနရသည္။

ခပ္ျပင္းျပင္းေလတိုက္သံေတြႏွင့္အတူ မိုးသံကပါ တစ္ဆက္ထဲ ပါလာသည္။

Jung Kook ဒူးေတြကို လက္ကေလးႏွစ္ဖက္ႏွင့္ ပိုက္ကာ ခႏၶာကိုယ္ေလးကို ၾကံဳ႕ထားလိုက္မိသည္။

ခုတင္ႀကီးကို ၾကည့္လိုက္ေတာ့လည္း အျဖဴးစြတ္စြတ္ အခန္းလယ္မွာ ထီးထီးႀကီးႏွင့္ Jung Kook ေတြးေနရင္းႏွင့္ပင္ ေၾကာက္စိတ္ေၾကာင့္ ၾကက္သီးေတြ ျဖန္းခနဲ ထလာခဲ့သည္။

"ဂ်ိန္း........''

"အေမ့!.......''

အခန္းထဲမွ Jung Kook ေအာ္သံေၾကာင့္ Tae Hyung စိုးရိမ္တႀကီး အခန္းထဲကို ေျပးဝင္လာခဲ့သည္။

"Jung Kook ဘာျဖစ္တာလဲ........''

Tae Hyung အခန္းထဲကို ေရာက္ေတာ့ Jung Kook က ကုတင္ေပၚမွခ်က္ခ်င္း ဆင္းကာ Tae Hyung ခါးကို ငိုယိုၿပီးေျပးဖက္ေလေတာ့သည္။

"Jung Kook ဘာျဖစ္လို႔လဲ.......ကိုယ့္ကိုေျပာ.......''

ခါးအေနာက္ဖက္ကေန ဖက္ထားတာေၾကာင့္ Tae Hyung မွာ လက္ကေလးေတြကို ဆြဲၿပီး အေ႐ွ႕ဘက္ကို ပို႔ေပမယ့္ မရ။

Jung Kook က သူ႔ခါးေတြကို တင္းေနေအာင္ဖက္ထားၿပီး အေနာက္ဘက္တြင္သာပုန္းေနသည္။

"ဂ်ိန္း!...."

"အား!!...."

"ဝုန္း!!...."

"အီး ဟီးဟီး......Tae Hyung ကြၽန္ေတာ္ ေၾကာက္တယ္.......''

မိုးေရာေလေရာ ပါလာတာေၾကာင့္ အျပင္ဘက္မွ သစ္ပင္ၿပိဳလဲသံေတြကိုပါ ၾကားလာရသည္။

ထို႔အျပင္ ခါကိုအတင္းဖက္ထားၿပီး ငိုယိုေနတဲ့ Jung Kook ေၾကာင့္ Tae Hyung မွာလည္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ။

အားျပင္းျပင္းႏွင့္ Jung Kook ရဲ႕ လက္ကေလးေတြကို ဆြဲၿပီး အေ႐ွ႕ဘက္ပို႔လိုက္ေတာ့ အိခနဲပါလာသည္။

ပုခံုးေလးႏွစ္ဖက္ကို ခပ္တင္းတင္းဆုပ္ကိုင္ၿပီး မ်က္ႏွာခ်င္းဆိုင္ေစလိုက္ကာ.......

"Jung Kook ဘာျဖစ္တာလဲ ကိုယ့္ကိုေျပာေလ......Jung Kook......ေဟ့ Jung Kook ကိုယ့္ကို ၾကည့္စမ္း.......''

ေခါင္းငံုကာ တစ္႐ႈပ္႐ႈပ္ ငိုေနတဲ့ Jung Kook ပါးေလးႏွစ္ဖက္ကို သူ႔လက္ဝါးေတြႏွင့္ ဆုပ္ကိုင္ရင္း မ်က္လံုးခ်င္းဆံုေစလိုက္သည္။

ခႏၶာကိုယ္ေလးက တစ္သိမ့္သိမ့္ တုန္ယင္ေနလ်ွက္ ငိုထားတာေၾကာင့္ ႏွာထိပ္ဖ်ားေလးက နီးရဲကာ မ်က္ေတာင္ဖ်ားေလးေတြက မ်က္ရည္စေတြ ခိုတြဲလ်ွက္႐ွိသည္။

"Jung Kook ကိုယ့္ကိုေျပာ ဘာလို႔ငိုတာလဲ.......''

"ေၾကာက္......ေၾကာက္လို႔.........''

အတန္ၾကာေတာ့မွ ခပ္တိုးတိုးေလး ထြက္လာတာျဖစ္သည္။

"ဟမ္....ဘာကိုေၾကာက္တာလဲ.........''

"ေလတိုက္လို႔ အပင္ေတြ လဲတဲ့အသံကိုေရာ မိုးၿခိမ္းတာကိုေရာ.......ၿပီး....ၿပီးေရာ သရဲလဲ ေၾကာက္တယ္.......''

"သရဲ!......"

"ဟုတ္....ဟုတ္တယ္......''

"ဘယ္က သရဲမွမ႐ွိပါဘူးကြာ.......''

"႐ွိတယ္ ဆံပင္အ႐ွည္ႀကီနဲ႔ မ်က္ႏွာပ်က္စီးေနတဲ့ သရဲမ........''

"မ႐ွိပါဘူးကြာ........''

"႐ွိပါတယ္ဆို.....ခင္ဗ်ားေနာ္ ကြၽန္ေတာ္ ေၾကာက္လို႔ပါဆို အီး ဟီးဟီး....... ''

ေျပာလည္းေျပာ Tae Hyung ရင္ဘက္ကို လက္သီးဆုပ္ေလးေတြႏွင့္ တဘုန္းဘုန္းထုရင္း ဟီးခနဲ ငိုခ်ေလေတာ့သည္။

Tae Hyung က ထိုလက္ကေလးႏွစ္ဖက္ကို သူ႔လက္တစ္ဖက္ႏွင့္ ဖမ္းခ်ဳပ္လိုက္ၿပီး......

"Jung Kook.....ကိုယ့္ကိုၾကည့္စမ္း.....ေဟ့.....ကိုယ္႐ွိတယ္ မေၾကာက္နဲ႔ေတာ့ေနာ္......လာ အျပင္သြားရေအာင္.......''

အတင္း ေခ်ာ့ေခ်ာ့ေမာ့ေမာ့ ေျပာၿပီး ခါးေလးကဆြဲေပြ႔ကာ အျပင္သို႔ေခၚလာခဲ့ရသည္။

အျပင္ဘက္က ဆိုဖာေပၚေလးမွာ ခဏထိုင္ခိုင္းလိုက္ေတာ့ ျငိမ္ျငိမ္ေလး ထိုင္လိုက္ေပမယ့္လည္း သူ႔ အက်ႌစကို ဆြဲထားတာကိုေတာ့ အခုထိမလႊတ္ေသးေပ။

သူအသာေလး ဆြဲဖယ္လိုက္ေတာ့ မ်က္လံုးေလး ဝိုင္းၿပီး ျပန္ဆြဲထားျပန္သည္။

"Jung Kook ကိုယ့္ကို လႊတ္ေပးေလ.....မင္းအတြက္ ကိုယ္ေရခပ္ေပးမလို႔.......''

"ကြၽန္ေတာ္ပါလိုက္ခဲ့မယ္.......''

မ်က္ႏွာငယ္ေလးႏွင့္ သူ႔ အက်ႌစကို မလႊတ္ေသးဘဲ ေျပာလာတဲ့ ေကာင္ေလးကို သူသနားသြားမိသည္။

ေရေသာက္ၿပီး ျပန္လာေတာ့ နည္းနည္းအေၾကာက္ေျပသြားပံုရသည္။

သူ႔အခန္းထဲကိုေတာ့ မဝင္ေပမယ့္ ဆိုဖာေပၚတြင္ ၾကံဳ႕ၾကံဳ႕ကေလးထိုင္ေနသည္။

Tae Hyung လည္း တစ္ခ်က္လွမ္းၾကည့္ၿပီး အလုပ္စားပြဲေပၚတြင္ျပန္ထိုင္လိုက္သည္။

အျပင္ဘက္တြင္ေတာ့ မိုးကသဲသဲမဲမဲ ရြာေနဆဲပင္။

အလုပ္အားလံုးၿပီးစီးေတာ့ စားပြဲမွ ထလိုက္ကာ အေညာင္းဆန္႔ရင္း နာရီၾကည့္မိေတာ့ ဆယ့္ႏွစ္ႏွာရီကို ဆယ္မိနစ္ေလာက္ပင္စြန္းေနၿပီျဖစ္သည္။

Jung Kook ကိုၾကည့္လိုက္ေတာ့ ဆိုဖာေပၚမွာ ပုဇြန္ထုပ္ေလးလို ေကြးေကြးေလး အိပ္ေပ်ာ္ေနသည္။

အိပ္ေပ်ာ္ေနတဲ့ ေကာင္ေလးကို မႏႈိးရက္ေတာ့တာေၾကာင့္ မႏႈိးေအာင္ အသာေလးေပြ႔ကာ သူ႔အိပ္ခန္းကိုသာ ေခၚလာခဲ့လိုက္သည္။

အိပ္ယာေပၚအသာတင္ေပးလိုက္ၿပီး ေစာင္ကိုေသေသခ်ာခ်ာျခံဳေပးကာ သူ႔အခန္းထဲက Dream Bed ေပၚမွာပဲ အိပ္ရန္ ထထြက္ဖို႔လုပ္ေတာ့ သူ႔လက္ကို ဆုပ္ကိုင္ထားတဲ့ လက္ကေလးတစ္စံု.....

မ်က္လံုးေတြက မွိတ္ထားေပမယ့္ ႏႈတ္ခမ္းဖ်ားေလးက ခပ္တိုးတိုးေလးေျပာသံေလးကို နားပါးေသာသူက ႐ွင္း႐ွင္းလင္းလင္း ၾကားေနရသည္။

"မသြားပါနဲ႔......''

သူအသာေလး ျပန္လွဲလိုက္ၿပီး ေကြးေကြးေလးအိပ္ေနတဲ့ ေကာင္ေလးရဲ႕ ေခါင္းလံုးလံုးေလးကို သူ႔လက္ေမာင္းေပၚတင္လိုက္သည္။

အနည္းငယ္လူးလြန္႔သြားၿပီး စိတ္ခ်သြားသည့္ပံုစံေလးျဖင့္ မ်က္ႏွာေလးေမာ့ကာ ျပန္အိပ္ေပ်ာ္သြားတဲ့ေကာင္ေလး။

မ်က္ေတာင္႐ွည္ေတြဖံုးထားတဲ့ မ်က္ခြံႏုႏုေလးကို သူခပ္ဖြဖြေလးနမ္းလိုက္မိသည္။

ပန္းဆီေရာင္ ႏႈတ္ခမ္းပါးရဲရဲေလးကလည္း နီရဲစုေထြးကာ အသဲယားစဖြယ္။

ထိုႏႈတ္ခမ္းေလးကို အတန္ၾကာသည့္အထိ သူေငးၾကည့္ေနမိသည္။

ၿပီးေတာ့မွ တိတ္တိတ္ေလးသက္ျပင္ခ်ကာ မ်က္ဝန္းတို႔ကို မွိတ္ပစ္လိုက္သည္။

မ်က္လႊာဖြင့္ျခင္းပိတ္ျခင္းျဖင့္ အျမင္အာ႐ုံေတြကို ျဖတ္ေတာက္ႏိုင္စြမ္းမ႐ွိပါလား။

စိတ္အာရံုထဲမွာ နီရဲစုေထြးေနတဲ့ ႏႈတ္ခမ္းပါးေလးကို ျမင္ေနရသည္။

ထိုႏႈတ္ခမ္းပါးေလးကို တစ္မိနစ္ သို႔မဟုတ္ ႏွစ္စကၠန္႔ သံုးစကၠန္႔ စကၠန္႔ေလးေတြ ခဏေလာက္ ခိုး၍ နမ္း႐ိႈက္ရင္း ယစ္မူးခ်င္မိသည္။

ခ်ဳပ္ထိန္းမရတဲ့ စိတ္အစဥ္ေၾကာင့္ မ်က္ဝန္းေတြက အလိုလိုျပန္ပြင့္လာခဲ့သည္။

သူ႔မ်က္ဝန္းေတြက ညႇိဳ႕ခ်က္ျပင္းလွတဲ့ ႏႈတ္ခမ္းပါေလးဆီကို ေရာက္သြားၿပီး ထိုႏႈတ္ခမ္းပါးေလးကို သူ႔ႏႈတ္ခမ္းေတြႏွင့္ က်ဴးေက်ာ္ပစ္လိုက္သည္။

ခ်ိဳျမိန္ယစ္မူးဖြယ္အထိအေတြ႔ေၾကာင့္ ေလးဟာနယ္ထဲေရာက္သြားသလို။

တစ္ဖက္သက္အနမ္းတစ္ပြင့္ဆုိုေပမယ့္ အထိအေတြေၾကာင့္ မူးမူးေမ့ေမ့ျဖစ္ခဲ့ရသည္။

ၾကာလာရင္အသိစိတ္ေပ်ာက္သြားမည္ကို သိသည့္အတြက္ စိတ္ကို အတက္ႏိုင္ဆံုးျပန္လည္ထိန္းခ်ဳပ္ထားလိုက္သည္။

ဪ...ေစာင့္ထိန္ရတယ္ဆုိတာ မလြယ္ပါလား Jung Kook ရယ္......

သက္ျပင္းေလးေလးကို ခ်လိုက္ရင္းမွ ထိုမ်က္ႏွာႏုႏုကိုသာ ေငးၾကည့္ေနမိသည္။

မင္းၾကည္ျဖဴႏိုင္တဲ့အထိ ကိုယ္ေစာင့္ထိန္းပါ့မယ္ Jung Kook.....

ဒီညေတာ့ ဒီေကာင္ေလးေၾကာင့္ သူအိပ္ပ်က္အံုးမည္ ထင္ပါရဲ........

---------------------------------------------------------

မနက္ခင္းေနေရာင္ျခည္က မ်က္ႏွာေပၚ တုက္႐ိုက္က်လာတာေၾကာင့္ မဖြင့္ခ်င္ဖြင့္ခ်င္ျဖင့္ မ်က္လံုးေလးႏွစ္ဖက္ကို ဖြင့္လိုက္မိသည္။

အိပ္ခ်င္စိတ္မေပ်ာက္ေသးတာေၾကာင့္ အိပ္ခ်င္ေျပလိုေျပျငား မ်က္လံုးေတြကို လက္ေတြႏွင့္ ပြတ္ေနမိသည္။

အခန္းပတ္လည္ကို ၾကည့္လိုက္ေတာ့ အျပင္အဆင္က သူ႔အခန္းမဟုတ္။

ဘယ္အခန္းကိုမ်ားေရာက္ေနတာပါလိမ့္။

"ႏိုးၿပီလား.........''

ၾကားလိုက္ရတဲ့ အသံ ျသ႐ွ႐ွေၾကာင့္ မ်က္လံုးေတြကို ပြတ္ေနရင္းမွပင္ၾကည့္လိုက္မိျပန္သည္။

ျမင္လိုက္ရသည္က ေအာက္ပိုင္းကိုသာ Towel ပတ္ၿပီး ေရခ်ိဳးခန္းမွ ထြက္လာတဲ့ Kim Tae Hyung။

ေခါင္းေလ်ွာ္ထားပံုရကာ တစ္ျခား Towel တစ္ခုႏွင့္ ေခါင္းကိုသုတ္ရင္းမွ ထြက္လာတာျဖစ္သည္။

က်စ္လစ္ေတာင့္တင္းတဲ့ ခႏၶာကိုယ္ေၾကာင့္ အားကစားပံုမွန္လုပ္မွန္းသိသာလြန္းသည္။

ဒါဆိုအခု သူေရာက္ေနတဲ့အခန္းက Kim Tae Hyung ရဲ႕ အခန္းေပါ့။

Jung Kook မ်က္လံုးေလးေတြ ဝိုင္းစက္သြားသည္။

ခ်က္ခ်င္းဆုိသလိုပင္ ပါးျပင္ေလးႏွစ္ဖက္က ရဲတက္သြားၿပီး ေခါင္းေလးကိုပါ ငံု႔ခ်လိုက္မိသည္။

"ႏိုးေနရင္ ထေတာ့ေလ......ၿပီးရင္မင္းနဲ႔ကိုယ္ ကမ္းေျခဘက္သြားရေအာင္.......''

Tae Hyung တစ္ေယာက္ သူ႔ေ႐ွ႕မွာအ႐ွက္သည္းေနတဲ့ နီနီရဲရဲ စေတာ္ဘယ္ရီသီးေလးကိုၾကည့္ၿပီး အသဲယားေနမိသည္။

ညအိပ္ဝတ္စံုကပိုက႐ို ဆံပင္ေလးေတြ႐ႈပ္ဖြာလ်ွက္ အိမ္မႈံစံုဖြားပံုစံေလးက တကယ့္ကို ခ်စ္စဖြယ္အတိ။

အိပ္ထား၍ ေဖာင္းျပည့္ေနတဲ့ ထိုမို႔အစ္အစ္မ်က္ခြံေလးေတြကို နမ္းၾကည့္ခ်င္မိသည္။

ဒီရဲေနတဲ့ ပါးျပင္ႏုႏုေလးကိုေရာ ႏႈတ္ခမ္းပါးရဲရဲေလးကိုပါ အၾကင္နာေႁခြခ်င္ေနမိသည္။

သူတျဖည္းျဖည္း ကုတင္နား တိုးကပ္သြားေတာ့ ထိတ္လန္႔သြားတဲ့ပံုစံေလးက တကယ့္ကို ယုန္ေပါက္စေလး တစ္ေကာင္လို အသဲယားစဖြယ္။

Tae Hyung ထိုင္ခ်လိုက္တာေၾကာင့္ အိပ္ယာေလးကလည္း အိက်သြားသလို Jung Kook ကလည္း အထိတ္တလန္႔ေလးႏွင့္ သူ႔ကိုေမာ့ၾကည့္သည္။

ညက ျမည္းစမ္းဖူးတဲ့ ထိုႏႈတ္ခမ္းပါးကို သူေနာက္တစ္ႀကိမ္ေလာက္ေတာ့ အရသာခံၾကည့္ခ်င္မိသည္။

ခါးသိမ္သိမ္ေလးကို သိမ္းဖက္လိုက္ေတာ့ ခႏၶာကိုယ္ႏွစ္ခုက ကပ္သြားခဲ့သည္။

Jung Kook က အလန္႔တၾကား သူ႔ရင္ဘက္ကို လက္ကေလးေတြႏွင့္ တြန္းဖယ္ေနရင္းမွ......

"Kim Tae Hyung......ခင္....ခင္ဗ်ား ဘာလုပ္မလို႔လဲ........''

"ကိုယ္ဘာလုပ္မယ္ထင္လဲ.......''

"ဖယ္ေပး.....ခင္ဗ်ား အက်ႌလဲ မဝတ္ရေသးဘူး......ဖယ္....အု.......''

စကားမ်ားတဲ့ ထိုႏႈတ္ခမ္းပါးႏုႏုကို Tae Hyung က အနမ္းေတြျဖင့္ ပိတ္ပစ္လိုက္သည္။

သူ႔ရင္ဘက္ကို တြန္းကန္႐ုန္းဖယ္ေနတဲ့ လက္ကေလး ႏွစ္ဖက္ကို သူ႔လက္တစ္ဖက္ႏွင့္ ထိန္းခ်ဳပ္ထားလိုက္ၿပီး က်န္လက္တစ္ဖက္ႏွင့္ ေခါင္းေလးကို ထိန္းကာသူ႔အနမ္းေတြကို ေ႐ွ႕ဆက္သည္။

အိပ္ယာေပၚလဲက်သြားတဲ့ ခႏၶာကိုယ္ေလးကို အေပၚမွ အုပ္မိုးရင္း စိတ္ႀကိဳက္အနမ္းေတြ ေႁခြမိျပန္သည္။

ၾကာလာေတာ့ ႐ုန္းကန္ျခင္းမ႐ွိေတာ့ဘဲ သူ႔အနမ္းေတြေၾကာင့္ ေပ်ာ့ေခြလာတဲ့ Jung Kook ရဲ႕ လက္ကေလးႏွစ္ဖက္ကိုေတာ့ လႊတ္ေပးျပီး ခႏၶာကိုယ္ေလးကိုပါ ထိန္းလိုက္ရသည္။

ႏႈတ္ခမ္းေတြမွ တစ္ဆင့္ နားသယ္စပ္ေလးကို ခပ္ဖြဖြတစ္ခ်က္နမ္းလိုက္ေတာ့ တုန္တက္သြားတဲ့ ခႏၶာကိုယ္ေလးႏွင့္အတူ လႊတ္ေျမာက္သြားတဲ့ ႏႈတ္ခမ္းပါးေလးမွ စကားသံေလးထြက္ေပၚလာသည္။

"Tae.....Tae Hyung.......''

စကားသံကို အဆံုးသတ္ခြင့္ ထပ္မေပးဘဲ နီရဲၿပီး ဖူးဖူးေလးျဖစ္ေနတဲ့ ႏႈတ္ခမ္းေလးကို ထပ္မံက်ဴးေက်ာ္လိုက္ျပန္သည္။

ဒီတစ္ႀကိမ္တြင္ ႏႈတ္ခမ္းမ်ားႏွင့္သာမက Tae Hyung ရဲ႕ လ်ွာဖ်ားေတြႏွင့္ပါ Jung Kook ရဲ႕ ႏႈတ္ခမ္းေလးကိုေရာ ႏႈတ္ခမ္းအတြင္းသား လ်ွာဖ်ားေတြပါမက်န္ ခ်ယ္လွယ္ေဆာ့ကစားလာခဲ့သည္။

Jung Kook အတင္း႐ုန္းကန္ေနေပမယ့္ အသိစိတ္ေပ်ာက္ေနသူတစ္ေယာက္လို Tae Hyung ရဲ႕အနမ္းတို႔က မရပ္တန္႔ခဲ့။

အ႐ိုင္းဆန္ၿပီး ႐ုန္းေလ ပိုၾကမ္းေလပင္။

"အု....အင့္.....''

Tae Hyung ရဲ႕အနမ္းေတြေၾကာင့္လည္း Jung Kook ရဲ႕အသိစိတ္ေတြ လႊတ္ထြက္မတက္ျဖစ္လာခဲ့ရသည္။

တစ္သမ့္သိမ့္လိႈက္ခုန္လာတဲ့ ရင္ဘက္အစံုေၾကာင့္ လူတစ္ကိုယ္လံုး ေပ်ာ့ေခြၿပီး ထိုေနရာမွာပင္ မူးေမ့ခ်င္လာသည္။

အခ်စ္လို႔ေခါင္းစဥ္မတက္ခ်င္ေသးေပမယ့္ ထိုအခ်ိန္ ထိုေနရာမွာ ထိုအနမ္းေတြေၾကာင့္ သူႏွလံုးသားတစ္စံုကေတာ့ စည္းခ်က္ညီညီ ခုန္ေနခဲ့တာကိုေတာ့ ျငင္းဆန္၍မရခဲ့ေပ။

အတန္ၾကာေတာ့မွ Tae Hyung က ထိုႏႈတ္ခမ္းပါးေလးကို ႁပြတ္ခနဲမည္ေအာင္ နမ္း႐ႈိက္လိုက္ရင္းမွ လႊတ္ေပးလိုက္သည္။

Jung Kook ကေတာ့ ေမာဟိုက္လ်ွက္အသက္ကို လု႐ွဴကာ အိပ္ယာထက္မွာ ပက္လက္ကေလးပင္။

"ၾကာရင္ အသိစိတ္ေပ်ာက္ၿပီး ကိုယ္႐ူးသြားလိမ့္မယ္......''

Tae Hyung က ထိုမ်ွသာေျပာၿပီး Jung Kook နဖူးေလးကို ႁပြတ္ခနဲမည္ေအာင္ နမ္းကာ အခန္းထဲမွ ထြက္သြားေလေတာ့သည္။

သူ႔အနမ္းေတြအတြက္မေတာင္းပန္ႏိုင္သလို Jung Kook မၾကည္ျဖဴဘဲႏွင့္လည္း သူအတင္းအၾကပ္ မယူခ်င္ပါ။

Jung Kook သူ႔အေပၚအရင္နဲ႔မတူ ေပ်ာ့ေပ်ာင္းလာသည့္ကိုက သူ႔အတြက္ဆုလဒ္တစ္ခုပင္။

ကိုယ့္ဘက္ကေသခ်ာတယ္ Jung Kook......

မင္းကိုယ့္ကို ခ်စ္မိေနၿပီဆိုတာ........

A/N - Cancer ကို မွတ္မိၾကေသးလားဗ်။

BlackBaby_99 Noona ေရ ကြၽန္ေတာ္ Up လိုက္ၿပီဗ်ေနာ္.....

Reader အားလံုးကို အျမဲတမ္းခ်စ္ေနမယ့္ Kyallay

Created by Kyallay

I love you all my lovely readers





---------------------------------------------------------



Unicode



အချစ်ဆိုတဲ့ အရာက

ကျွန်တော့်အတွက်ကတော့

စကားလုံးသက်သက် မဟုတ်ခဲ့ဘူး ထင်ပါရဲ့။

ကျွန်တော်ဆိုတဲ့ ကောင်ကတော့

အချစ်ဆိုတာကို ချစ်မိသူသက်သက်ပင်။

အကယ်၍

အချစ်ဆိုတာ မှားယွင်းခဲ့ရင်တောင်

အမှန်တရားကို ကျွန်တော် မလိုချင်ခဲ့မိဘူး။

Kyallay

---------------------------------------------------------

ဖြူလွလွ ကုတင်ကျယ်ကြီပေါ်တွင် ငုတ်တုတ်လေးထိုင်လျှက် Jung Kook တစ်ယောက် အခုထိ အိပ်မပျော်နိုင်သေး။

တံခါလေးကို အသာလှပ်ပြီး အခန်းအပြင်ဘက်ကို ချောင်းကြည့်လိုက်တော့ ဧည့်ခန်းမှာ Tae Hyung က Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေတုန်းပင်။

"Hanbok အဖြူရောင်နဲ့ သရဲမ....."

"အဲ့သရဲကလေ မျက်နှာပျက်စီးနေပြီး ကြောက်စရာကြီးတဲ့.......''

အိပ်ခါနီးတိုင်း ဘေးအိမ်က အမွှာလေးနှစ်ယောက်ရဲ့ စကားက နားထဲရောက်ရောက်လာသည်။

ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့ ဝတ်ထားတာက ညအိပ်ဝတ်စုံအဖြူနှင့်။

အခန်းပြတင်းမှ တစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်တော့ မဲမှောင်နေပြီး လေးတိုက်သံခပ်ပြင်းပြင်ကို ကြားနေရသည်။

ခပ်ပြင်းပြင်းလေတိုက်သံတွေနှင့်အတူ မိုးသံကပါ တစ်ဆက်ထဲ ပါလာသည်။

Jung Kook ဒူးတွေကို လက်ကလေးနှစ်ဖက်နှင့် ပိုက်ကာ ခန္ဓာကိုယ်လေးကို ကြုံ့ထားလိုက်မိသည်။

ခုတင်ကြီးကို ကြည့်လိုက်တော့လည်း အဖြူးစွတ်စွတ် အခန်းလယ်မှာ ထီးထီးကြီးနှင့် Jung Kook တွေးနေရင်းနှင့်ပင် ကြောက်စိတ်ကြောင့် ကြက်သီးတွေ ဖြန်းခနဲ ထလာခဲ့သည်။

"ဂျိန်း........''

"အမေ့!.......''

အခန်းထဲမှ Jung Kook အော်သံကြောင့် Tae Hyung စိုးရိမ်တကြီး အခန်းထဲကို ပြေးဝင်လာခဲ့သည်။

"Jung Kook ဘာဖြစ်တာလဲ........''

Tae Hyung အခန်းထဲကို ရောက်တော့ Jung Kook က ကုတင်ပေါ်မှချက်ချင်း ဆင်းကာ Tae Hyung ခါးကို ငိုယိုပြီးပြေးဖက်လေတော့သည်။

"Jung Kook ဘာဖြစ်လို့လဲ.......ကိုယ့်ကိုပြော.......''

ခါးအနောက်ဖက်ကနေ ဖက်ထားတာကြောင့် Tae Hyung မှာ လက်ကလေးတွေကို ဆွဲပြီး အရှေ့ဘက်ကို ပို့ပေမယ့် မရ။

Jung Kook က သူ့ခါးတွေကို တင်းနေအောင်ဖက်ထားပြီး အနောက်ဘက်တွင်သာပုန်းနေသည်။

"ဂျိန်း!...."

"အား!!...."

"ဝုန်း!!...."

"အီး ဟီးဟီး......Tae Hyung ကျွန်တော် ကြောက်တယ်.......''

မိုးရောလေရော ပါလာတာကြောင့် အပြင်ဘက်မှ သစ်ပင်ပြိုလဲသံတွေကိုပါ ကြားလာရသည်။

ထို့အပြင် ခါကိုအတင်းဖက်ထားပြီး ငိုယိုနေတဲ့ Jung Kook ကြောင့် Tae Hyung မှာလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။

အားပြင်းပြင်းနှင့် Jung Kook ရဲ့ လက်ကလေးတွေကို ဆွဲပြီး အရှေ့ဘက်ပို့လိုက်တော့ အိခနဲပါလာသည်။

ပုခုံးလေးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်စေလိုက်ကာ.......

"Jung Kook ဘာဖြစ်တာလဲ ကိုယ့်ကိုပြောလေ......Jung Kook......ဟေ့ Jung Kook ကိုယ့်ကို ကြည့်စမ်း.......''

ခေါင်းငုံကာ တစ်ရှုပ်ရှုပ် ငိုနေတဲ့ Jung Kook ပါးလေးနှစ်ဖက်ကို သူ့လက်ဝါးတွေနှင့် ဆုပ်ကိုင်ရင်း မျက်လုံးချင်းဆုံစေလိုက်သည်။

ခန္ဓာကိုယ်လေးက တစ်သိမ့်သိမ့် တုန်ယင်နေလျှက် ငိုထားတာကြောင့် နှာထိပ်ဖျားလေးက နီးရဲကာ မျက်တောင်ဖျားလေးတွေက မျက်ရည်စတွေ ခိုတွဲလျှက်ရှိသည်။

"Jung Kook ကိုယ့်ကိုပြော ဘာလို့ငိုတာလဲ.......''

"ကြောက်......ကြောက်လို့.........''

အတန်ကြာတော့မှ ခပ်တိုးတိုးလေး ထွက်လာတာဖြစ်သည်။

"ဟမ်....ဘာကိုကြောက်တာလဲ.........''

"လေတိုက်လို့ အပင်တွေ လဲတဲ့အသံကိုရော မိုးခြိမ်းတာကိုရော.......ပြီး....ပြီးရော သရဲလဲ ကြောက်တယ်.......''

"သရဲ!......"

"ဟုတ်....ဟုတ်တယ်......''

"ဘယ်က သရဲမှမရှိပါဘူးကွာ.......''

"ရှိတယ် ဆံပင်အရှည်ကြီနဲ့ မျက်နှာပျက်စီးနေတဲ့ သရဲမ........''

"မရှိပါဘူးကွာ........''

"ရှိပါတယ်ဆို.....ခင်ဗျားနော် ကျွန်တော် ကြောက်လို့ပါဆို အီး ဟီးဟီး....... ''

ပြောလည်းပြော Tae Hyung ရင်ဘက်ကို လက်သီးဆုပ်လေးတွေနှင့် တဘုန်းဘုန်းထုရင်း ဟီးခနဲ ငိုချလေတော့သည်။

Tae Hyung က ထိုလက်ကလေးနှစ်ဖက်ကို သူ့လက်တစ်ဖက်နှင့် ဖမ်းချုပ်လိုက်ပြီး......

"Jung Kook.....ကိုယ့်ကိုကြည့်စမ်း.....ဟေ့.....ကိုယ်ရှိတယ် မကြောက်နဲ့တော့နော်......လာ အပြင်သွားရအောင်.......''

အတင်း ချော့ချော့မော့မော့ ပြောပြီး ခါးလေးကဆွဲပွေ့ကာ အပြင်သို့ခေါ်လာခဲ့ရသည်။

အပြင်ဘက်က ဆိုဖာပေါ်လေးမှာ ခဏထိုင်ခိုင်းလိုက်တော့ ငြိမ်ငြိမ်လေး ထိုင်လိုက်ပေမယ့်လည်း သူ့ အကျႌစကို ဆွဲထားတာကိုတော့ အခုထိမလွှတ်သေးပေ။

သူအသာလေး ဆွဲဖယ်လိုက်တော့ မျက်လုံးလေး ဝိုင်းပြီး ပြန်ဆွဲထားပြန်သည်။

"Jung Kook ကိုယ့်ကို လွှတ်ပေးလေ.....မင်းအတွက် ကိုယ်ရေခပ်ပေးမလို့.......''

"ကျွန်တော်ပါလိုက်ခဲ့မယ်.......''

မျက်နှာငယ်လေးနှင့် သူ့ အကျႌစကို မလွှတ်သေးဘဲ ပြောလာတဲ့ ကောင်လေးကို သူသနားသွားမိသည်။

ရေသောက်ပြီး ပြန်လာတော့ နည်းနည်းအကြောက်ပြေသွားပုံရသည်။

သူ့အခန်းထဲကိုတော့ မဝင်ပေမယ့် ဆိုဖာပေါ်တွင် ကြုံ့ကြုံ့ကလေးထိုင်နေသည်။

Tae Hyung လည်း တစ်ချက်လှမ်းကြည့်ပြီး အလုပ်စားပွဲပေါ်တွင်ပြန်ထိုင်လိုက်သည်။

အပြင်ဘက်တွင်တော့ မိုးကသဲသဲမဲမဲ ရွာနေဆဲပင်။

အလုပ်အားလုံးပြီးစီးတော့ စားပွဲမှ ထလိုက်ကာ အညောင်းဆန့်ရင်း နာရီကြည့်မိတော့ ဆယ့်နှစ်နှာရီကို ဆယ်မိနစ်လောက်ပင်စွန်းနေပြီဖြစ်သည်။

Jung Kook ကိုကြည့်လိုက်တော့ ဆိုဖာပေါ်မှာ ပုဇွန်ထုပ်လေးလို ကွေးကွေးလေး အိပ်ပျော်နေသည်။

အိပ်ပျော်နေတဲ့ ကောင်လေးကို မနှိုးရက်တော့တာကြောင့် မနှိုးအောင် အသာလေးပွေ့ကာ သူ့အိပ်ခန်းကိုသာ ခေါ်လာခဲ့လိုက်သည်။

အိပ်ယာပေါ်အသာတင်ပေးလိုက်ပြီး စောင်ကိုသေသေချာချာခြုံပေးကာ သူ့အခန်းထဲက Dream Bed ပေါ်မှာပဲ အိပ်ရန် ထထွက်ဖို့လုပ်တော့ သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ လက်ကလေးတစ်စုံ.....

မျက်လုံးတွေက မှိတ်ထားပေမယ့် နှုတ်ခမ်းဖျားလေးက ခပ်တိုးတိုးလေးပြောသံလေးကို နားပါးသောသူက ရှင်းရှင်းလင်းလင်း ကြားနေရသည်။

"မသွားပါနဲ့......''

သူအသာလေး ပြန်လှဲလိုက်ပြီး ကွေးကွေးလေးအိပ်နေတဲ့ ကောင်လေးရဲ့ ခေါင်းလုံးလုံးလေးကို သူ့လက်မောင်းပေါ်တင်လိုက်သည်။

အနည်းငယ်လူးလွန့်သွားပြီး စိတ်ချသွားသည့်ပုံစံလေးဖြင့် မျက်နှာလေးမော့ကာ ပြန်အိပ်ပျော်သွားတဲ့ကောင်လေး။

မျက်တောင်ရှည်တွေဖုံးထားတဲ့ မျက်ခွံနုနုလေးကို သူခပ်ဖွဖွလေးနမ်းလိုက်မိသည်။

ပန်းဆီရောင် နှုတ်ခမ်းပါးရဲရဲလေးကလည်း နီရဲစုထွေးကာ အသဲယားစဖွယ်။

ထိုနှုတ်ခမ်းလေးကို အတန်ကြာသည့်အထိ သူငေးကြည့်နေမိသည်။

ပြီးတော့မှ တိတ်တိတ်လေးသက်ပြင်ချကာ မျက်ဝန်းတို့ကို မှိတ်ပစ်လိုက်သည်။

မျက်လွှာဖွင့်ခြင်းပိတ်ခြင်းဖြင့် အမြင်အာရုံတွေကို ဖြတ်တောက်နိုင်စွမ်းမရှိပါလား။

စိတ်အာရုံထဲမှာ နီရဲစုထွေးနေတဲ့ နှုတ်ခမ်းပါးလေးကို မြင်နေရသည်။

ထိုနှုတ်ခမ်းပါးလေးကို တစ်မိနစ် သို့မဟုတ် နှစ်စက္ကန့် သုံးစက္ကန့် စက္ကန့်လေးတွေ ခဏလောက် ခိုး၍ နမ်းရှိုက်ရင်း ယစ်မူးချင်မိသည်။

ချုပ်ထိန်းမရတဲ့ စိတ်အစဉ်ကြောင့် မျက်ဝန်းတွေက အလိုလိုပြန်ပွင့်လာခဲ့သည်။

သူ့မျက်ဝန်းတွေက ညှို့ချက်ပြင်းလှတဲ့ နှုတ်ခမ်းပါလေးဆီကို ရောက်သွားပြီး ထိုနှုတ်ခမ်းပါးလေးကို သူ့နှုတ်ခမ်းတွေနှင့် ကျူးကျော်ပစ်လိုက်သည်။

ချိုမြိန်ယစ်မူးဖွယ်အထိအတွေ့ကြောင့် လေးဟာနယ်ထဲရောက်သွားသလို။

တစ်ဖက်သက်အနမ်းတစ်ပွင့်ဆိုပေမယ့် အထိအတွေကြောင့် မူးမူးမေ့မေ့ဖြစ်ခဲ့ရသည်။

ကြာလာရင်အသိစိတ်ပျောက်သွားမည်ကို သိသည့်အတွက် စိတ်ကို အတက်နိုင်ဆုံးပြန်လည်ထိန်းချုပ်ထားလိုက်သည်။

ဪ...စောင့်ထိန်ရတယ်ဆိုတာ မလွယ်ပါလား Jung Kook ရယ်......

သက်ပြင်းလေးလေးကို ချလိုက်ရင်းမှ ထိုမျက်နှာနုနုကိုသာ ငေးကြည့်နေမိသည်။

မင်းကြည်ဖြူနိုင်တဲ့အထိ ကိုယ်စောင့်ထိန်းပါ့မယ် Jung Kook.....

ဒီညတော့ ဒီကောင်လေးကြောင့် သူအိပ်ပျက်အုံးမည် ထင်ပါရဲ........

---------------------------------------------------------

မနက်ခင်းနေရောင်ခြည်က မျက်နှာပေါ် တုက်ရိုက်ကျလာတာကြောင့် မဖွင့်ချင်ဖွင့်ချင်ဖြင့် မျက်လုံးလေးနှစ်ဖက်ကို ဖွင့်လိုက်မိသည်။

အိပ်ချင်စိတ်မပျောက်သေးတာကြောင့် အိပ်ချင်ပြေလိုပြေငြား မျက်လုံးတွေကို လက်တွေနှင့် ပွတ်နေမိသည်။

အခန်းပတ်လည်ကို ကြည့်လိုက်တော့ အပြင်အဆင်က သူ့အခန်းမဟုတ်။

ဘယ်အခန်းကိုများရောက်နေတာပါလိမ့်။

"နိုးပြီလား.........''

ကြားလိုက်ရတဲ့ အသံ သြရှရှကြောင့် မျက်လုံးတွေကို ပွတ်နေရင်းမှပင်ကြည့်လိုက်မိပြန်သည်။

မြင်လိုက်ရသည်က အောက်ပိုင်းကိုသာ Towel ပတ်ပြီး ရေချိုးခန်းမှ ထွက်လာတဲ့ Kim Tae Hyung။

ခေါင်းလျှော်ထားပုံရကာ တစ်ခြား Towel တစ်ခုနှင့် ခေါင်းကိုသုတ်ရင်းမှ ထွက်လာတာဖြစ်သည်။

ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် အားကစားပုံမှန်လုပ်မှန်းသိသာလွန်းသည်။

ဒါဆိုအခု သူရောက်နေတဲ့အခန်းက Kim Tae Hyung ရဲ့ အခန်းပေါ့။

Jung Kook မျက်လုံးလေးတွေ ဝိုင်းစက်သွားသည်။

ချက်ချင်းဆိုသလိုပင် ပါးပြင်လေးနှစ်ဖက်က ရဲတက်သွားပြီး ခေါင်းလေးကိုပါ ငုံ့ချလိုက်မိသည်။

"နိုးနေရင် ထတော့လေ......ပြီးရင်မင်းနဲ့ကိုယ် ကမ်းခြေဘက်သွားရအောင်.......''

Tae Hyung တစ်ယောက် သူ့ရှေ့မှာအရှက်သည်းနေတဲ့ နီနီရဲရဲ စတော်ဘယ်ရီသီးလေးကိုကြည့်ပြီး အသဲယားနေမိသည်။

ညအိပ်ဝတ်စုံကပိုကရို ဆံပင်လေးတွေရှုပ်ဖွာလျှက် အိမ်မှုံစုံဖွားပုံစံလေးက တကယ့်ကို ချစ်စဖွယ်အတိ။

အိပ်ထား၍ ဖောင်းပြည့်နေတဲ့ ထိုမို့အစ်အစ်မျက်ခွံလေးတွေကို နမ်းကြည့်ချင်မိသည်။

ဒီရဲနေတဲ့ ပါးပြင်နုနုလေးကိုရော နှုတ်ခမ်းပါးရဲရဲလေးကိုပါ အကြင်နာခြွေချင်နေမိသည်။

သူတဖြည်းဖြည်း ကုတင်နား တိုးကပ်သွားတော့ ထိတ်လန့်သွားတဲ့ပုံစံလေးက တကယ့်ကို ယုန်ပေါက်စလေး တစ်ကောင်လို အသဲယားစဖွယ်။

Tae Hyung ထိုင်ချလိုက်တာကြောင့် အိပ်ယာလေးကလည်း အိကျသွားသလို Jung Kook ကလည်း အထိတ်တလန့်လေးနှင့် သူ့ကိုမော့ကြည့်သည်။

ညက မြည်းစမ်းဖူးတဲ့ ထိုနှုတ်ခမ်းပါးကို သူနောက်တစ်ကြိမ်လောက်တော့ အရသာခံကြည့်ချင်မိသည်။

ခါးသိမ်သိမ်လေးကို သိမ်းဖက်လိုက်တော့ ခန္ဓာကိုယ်နှစ်ခုက ကပ်သွားခဲ့သည်။

Jung Kook က အလန့်တကြား သူ့ရင်ဘက်ကို လက်ကလေးတွေနှင့် တွန်းဖယ်နေရင်းမှ......

"Kim Tae Hyung......ခင်....ခင်ဗျား ဘာလုပ်မလို့လဲ........''

"ကိုယ်ဘာလုပ်မယ်ထင်လဲ.......''

"ဖယ်ပေး.....ခင်ဗျား အကျႌလဲ မဝတ်ရသေးဘူး......ဖယ်....အု.......''

စကားများတဲ့ ထိုနှုတ်ခမ်းပါးနုနုကို Tae Hyung က အနမ်းတွေဖြင့် ပိတ်ပစ်လိုက်သည်။

သူ့ရင်ဘက်ကို တွန်းကန်ရုန်းဖယ်နေတဲ့ လက်ကလေး နှစ်ဖက်ကို သူ့လက်တစ်ဖက်နှင့် ထိန်းချုပ်ထားလိုက်ပြီး ကျန်လက်တစ်ဖက်နှင့် ခေါင်းလေးကို ထိန်းကာသူ့အနမ်းတွေကို ရှေ့ဆက်သည်။

အိပ်ယာပေါ်လဲကျသွားတဲ့ ခန္ဓာကိုယ်လေးကို အပေါ်မှ အုပ်မိုးရင်း စိတ်ကြိုက်အနမ်းတွေ ခြွေမိပြန်သည်။

ကြာလာတော့ ရုန်းကန်ခြင်းမရှိတော့ဘဲ သူ့အနမ်းတွေကြောင့် ပျော့ခွေလာတဲ့ Jung Kook ရဲ့ လက်ကလေးနှစ်ဖက်ကိုတော့ လွှတ်ပေးပြီး ခန္ဓာကိုယ်လေးကိုပါ ထိန်းလိုက်ရသည်။

နှုတ်ခမ်းတွေမှ တစ်ဆင့် နားသယ်စပ်လေးကို ခပ်ဖွဖွတစ်ချက်နမ်းလိုက်တော့ တုန်တက်သွားတဲ့ ခန္ဓာကိုယ်လေးနှင့်အတူ လွှတ်မြောက်သွားတဲ့ နှုတ်ခမ်းပါးလေးမှ စကားသံလေးထွက်ပေါ်လာသည်။

"Tae.....Tae Hyung.......''

စကားသံကို အဆုံးသတ်ခွင့် ထပ်မပေးဘဲ နီရဲပြီး ဖူးဖူးလေးဖြစ်နေတဲ့ နှုတ်ခမ်းလေးကို ထပ်မံကျူးကျော်လိုက်ပြန်သည်။

ဒီတစ်ကြိမ်တွင် နှုတ်ခမ်းများနှင့်သာမက Tae Hyung ရဲ့ လျှာဖျားတွေနှင့်ပါ Jung Kook ရဲ့ နှုတ်ခမ်းလေးကိုရော နှုတ်ခမ်းအတွင်းသား လျှာဖျားတွေပါမကျန် ချယ်လှယ်ဆော့ကစားလာခဲ့သည်။

Jung Kook အတင်းရုန်းကန်နေပေမယ့် အသိစိတ်ပျောက်နေသူတစ်ယောက်လို Tae Hyung ရဲ့အနမ်းတို့က မရပ်တန့်ခဲ့။

အရိုင်းဆန်ပြီး ရုန်းလေ ပိုကြမ်းလေပင်။

"အု....အင့်.....''

Tae Hyung ရဲ့အနမ်းတွေကြောင့်လည်း Jung Kook ရဲ့အသိစိတ်တွေ လွှတ်ထွက်မတက်ဖြစ်လာခဲ့ရသည်။

တစ်သမ့်သိမ့်လှိုက်ခုန်လာတဲ့ ရင်ဘက်အစုံကြောင့် လူတစ်ကိုယ်လုံး ပျော့ခွေပြီး ထိုနေရာမှာပင် မူးမေ့ချင်လာသည်။

အချစ်လို့ခေါင်းစဉ်မတက်ချင်သေးပေမယ့် ထိုအချိန် ထိုနေရာမှာ ထိုအနမ်းတွေကြောင့် သူနှလုံးသားတစ်စုံကတော့ စည်းချက်ညီညီ ခုန်နေခဲ့တာကိုတော့ ငြင်းဆန်၍မရခဲ့ပေ။

အတန်ကြာတော့မှ Tae Hyung က ထိုနှုတ်ခမ်းပါးလေးကို ပြွတ်ခနဲမည်အောင် နမ်းရှိုက်လိုက်ရင်းမှ လွှတ်ပေးလိုက်သည်။

Jung Kook ကတော့ မောဟိုက်လျှက်အသက်ကို လုရှူကာ အိပ်ယာထက်မှာ ပက်လက်ကလေးပင်။

"ကြာရင် အသိစိတ်ပျောက်ပြီး ကိုယ်ရူးသွားလိမ့်မယ်......''

Tae Hyung က ထိုမျှသာပြောပြီး Jung Kook နဖူးလေးကို ပြွတ်ခနဲမည်အောင် နမ်းကာ အခန်းထဲမှ ထွက်သွားလေတော့သည်။

သူ့အနမ်းတွေအတွက်မတောင်းပန်နိုင်သလို Jung Kook မကြည်ဖြူဘဲနှင့်လည်း သူအတင်းအကြပ် မယူချင်ပါ။

Jung Kook သူ့အပေါ်အရင်နဲ့မတူ ပျော့ပျောင်းလာသည့်ကိုက သူ့အတွက်ဆုလဒ်တစ်ခုပင်။

ကိုယ့်ဘက်ကသေချာတယ် Jung Kook......

မင်းကိုယ့်ကို ချစ်မိနေပြီဆိုတာ........

A/N - Cancer ကို မှတ်မိကြသေးလားဗျ။

BlackBaby_99 Noona ရေ ကျွန်တော် Up လိုက်ပြီဗျနော်.....

Reader အားလုံးကို အမြဲတမ်းချစ်နေမယ့် Kyallay

Created by Kyallay

I love you all my lovely readers

Continue Reading

You'll Also Like

203K 15.2K 23
vkook x taekook (yaoi) Kim Tae Hyung Jeon Jung Kook Created by kyallay Please enjoy my vkook fic. Start- 6/October /2017 End 13/May/2019
166K 25.8K 20
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
564K 34.7K 69
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
66.2K 17.2K 59
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥