ကြာပန်းဖြူကယ်တင်ရေး (Zaw+Uni)

By 4everSoyMilk

29.9K 2.8K 214

Unicode တစ်မိသားစုလုံး ကြာပန်းဖြူတစ်ယောက်ကြောင့် ဘဝပျက်သွားရပြီးနောက်မှာ လင်းဇီရှန်းဟာ နိုးလာပြီးတော့ သူ့ကိုယ... More

Description
Arc 1: Chapter (1)
Arc 1: Chapter (2)
Arc 1: Chapter (4)
Arc 1: Chapter (5)

Arc 1: Chapter (3)

3.1K 476 45
By 4everSoyMilk

Zawgyi
အနက္ေရာင္ၾကာပန္း အပိုင္း(၃)

စုေမာ့ ထိုသို႔ျပဳမူသည္ကိုျမင္ၿပီးသည္နက္ ေယာက်ာ္းငယ္ေလးဟာ ထိုလူရဲ႕မေကာင္းတဲ့စိတ္ဘက္ျခမ္းကို သြားဆြေနမိမွန္းေတာင္ မသိမထားမိေသး။ ေနာက္မွ ႐ုတ္တရက္ႀကီး ေခါင္းထဲကအခ်က္ေပးသံၾကီးကို ၾကားလိုက္ရသည္နက္ ေ႐ွာ့ရသြားၿပီး ဘာမွမလုပ္ရဲေတာ့ေပ။ လင္းဇီ႐ွန္းကိုလည္း သူ႔ရင္ဘတ္ထဲမွာ ေသခ်ာမွတ္ထားလိုက္ၿပီးျဖစ္သည္။ အခုလိုမ်ိဳး သခင္ေလးစု စကားေျပာေနတဲ့အခ်ိန္မွာ တခ်က္ေလးလႈပ္႐ွားမိလိုက္တဲ့ ဘယ္သူမဆို ကိုယ့္ေသလမ္းကို ကိုယ္တိုင္႐ွာေဖြေနသည္ႏွင့္ အတူတူပင္။ သူ(စုေမာ့) ကိုယ္တိုင္ ဒီအေၾကာင္းကို အားလံုးသိေအာင္ေျပာရျခင္းက အ့ဲဒီေကာင္ေလး(လင္းဇီ႐ွန္း) ရဲ႕မ်က္ႏွာက လူတိုင္းကို ႐ုန္းထြက္မႏိုင္ေအာင္ ဆြဲေဆာင္မႈ႐ွိေနေသာေၾကာင့္ျဖစ္သည္။

"မွတ္ထား။ သူ႔ကိုထိရဲတဲ့ ဘယ္သူမဆို ျဖစ္လာမယ့္အက်ိဳးဆက္ကို ကိုယ္တိုင္ခံစားၾကည့္ၾကည့္ေပါ့"

စုေမာ့က ၿခိမ္းေျခာက္စကား ဘာေသာညာေသာ အမ်ားႀကီးမေျပာေပမယ့္ 'ျဖစ္လာမယ့္အက်ိဳးဆက္ကို ကိုယ္တိုင္ခံစားၾကည့္' ဆိုတဲ့စကားတစ္ခြန္းနဲ႔တင္ လူတိုင္းေၾကာက္သြားေအာင္ လုပ္လိုက္ႏိုင္သည္။ စိတ္အေျပာင္းအလဲျမန္တဲ့သူ တင္မက။ စုေမာ့က သူ႔ရဲ႕ပင္ကိုယ္စရိုက္နဲ႔ အၾကင္နာကင္းမ့ဲတဲ့ ေနရာမွာလည္း နာမည္ႀကီးေသးသည္။ သင္ University A က ဘယ္သူ႔ကိုမဆိုအႏိုင္က်င့္ခ်င္ က်င့္လို႔ရမည္။ ဒါေပမဲ့ သခင္ေလးစုကေတာ့ ထိလို႔ေကာင္းသည့္အရာမဟုတ္ေပ။
သူတစ္ေခါက္ေလာက္ စိတ္လြတ္သြားသည္နက္ သိၾကားမင္းဆင္းတားရင္ေတာင္ ရပ္မည့္သူမဟုတ္ေပ။ ဟုတ္တာေပါ့... ဒီအေၾကာင္းေတြကို လင္းဇီ႐ွန္း ဘယ္သိပါ့မလဲ။ အခုသူက စာၾကည့္တိုက္ထဲမွာ စာအုပ္တစ္အုပ္ကို ေအးေအးေဆးေဆး ထိုင္ဖတ္ေနသည္ေလ။ ဖတ္ေနတဲ့စာအုပ္အမည္က 'ထိုကမာၻအတြက္ တိုက္ခိုက္ေရး ၫႊန္ၾကားခ်က္အဖံုဖံု'

"001 ဒီေန႔ဘာေတြျဖစ္ေနတာလဲ။ စုေမာ့က ေယာက်္ားေတြကို စိတ္မဝင္စားဘူးမဟုတ္လား"

ပြတ္လြန္းလို႔ အနီေရာင္ဘက္ေျပာင္းေနသည့္ လက္ကိုျပန္ၾကည့္လိုက္ၿပီး မႏွစ္ၿမိဳတဲ့အၾကည့္တစ္ခုက လင္းဇီ႐ွန္းရဲ႕မ်က္လံုးကေန ျဖတ္ခနဲလက္သြားသည္။ သူ ေယာက်္ားေတြကိုမမုန္းေပမယ့္ အက်င့္မေကာင္းတဲ့ ေယာက်ာ္းကိုေတာ့ နည္းနည္းေလးမွစိတ္မဝင္စားေခ်။

[တိုက္...တိုက္ခိုက္ရန္ ၫႊန္ၾကားခ်က္ မေပၚလာေသးပါ]

001 ေလးဟာ လင္းဇီ႐ွန္းကို သတိထားၿပီးၾကည့္ေနသည္။ အဓိကဇာတ္လိုက္ လုပ္ရပ္ေၾကာင့္ 001ေလးလည္း ေသမတတ္လန္႔သြားတာပါေနာ္။ ဇာတ္လိုက္ေကာင္ရဲ႕လုပ္ရပ္မွာ သိသိသာသာပဲ မေကာင္းတဲ့ရည္ရြယ္ခ်က္ေတြက က်ေနာ့္ရဲ႕မိသားစုေလး host အေပၚမွာ ႐ွိေနတာဟုတ္ဘူးလားလို႔!

( ̄^ ̄)ゞ တာ့ရမ္ host ကိုပိုင္ေနသ၍ ဇာတ္လိုက္ေကာင္  လာလုယူလို႔မရေအာင္ကာကြယ္ထားမွာ!

လင္းဇီ႐ွန္း စကားေျပာမလို႔ ျပင္လိုက္တဲ့အခ်ိန္မွာပဲ ေလထဲကေန ၾကာပန္းရနံ႔သင္းသင္းေလးကို ရလိုက္သည္။ ၾကာပန္းရနံ႔သင္းသင္းေလးနဲ႔အတူ အျဖဴေရာင္အရိပ္က တစ္ဆက္တည္းကပ္ပါလာသည္။

လင္းဇီ႐ွန္း : … အဟက္.. ၾကာပန္းရနံ႔သင္းသင္း

"အား႐ွန္း... ဒီမွာတစ္ေယာက္တည္း ဘာလုပ္ေနလဲ" ပိုင္ေဝ့ တစ္ေယာက္ေျပာရင္းဆိုရင္း လင္းဇီ႐ွန္းေဘးတြင္ ထိုင္လိုက္သည္။ ၾကည့္လ်ွင္ သူတို႔ႏွစ္ေယာက္က အရင္းႏွီးဆံုးသူငယ္ခ်င္းေတြလိုလို ဘာလိုလိုေပါ့။ "ဒီေန႔ အတန္းမ႐ွိဘူးလား"

"အတန္းေဖာ္... ငါတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးလို႔လား"

ဇာတ္လိုက္မဆီကေန အေကာင္းျမင္စိတ္မ်ားလာေအာင္ လုပ္ရမယ္ဆိုတာသိေပမယ့္လည္း သူမမ်က္ႏွာျမင္လိုက္တဲ့အခ်ိန္တိုင္း 'သူမကိုမေႂကြဆင္းပဲမေနရ' ဆိုတဲ့မ်က္ႏွာေပးေၾကာင့္ သြားကိုက္သလိုပင္ခံစားရ၏။

[System scan ဖတ္ေနသည္]
– ပစ္မွတ္ : ပိုင္ေဝ့ (ျပန္လည္ေမြးဖြားလာေသာ ၾကာပန္းျဖဴ)
– အေကာင္းျမင္စိတ္ : 70
– မွတ္ခ်က္ : တစ္ေယာက္ေယာက္က ငါ့ကိုခ်စ္ေနရင္ ဘာလို႔ ျပန္မခ်စ္ႏိုင္ရမွာလဲ။

ဟိဟိ... ဇာတ္လိုက္မရဲ႕ ဦးေႏွာက္ကေတာ့ အေပါက္အႀကီးႀကီးေပါက္ေနၿပီပဲ။ သူမရဲ႕ အေကာင္းျမင္စိတ္က 70 ႐ွိေနျခင္းက သူ႔ကိုေတာ္ေတာ္ေလးေက်နပ္ေစသည္။ အမွတ္မ်ားမ်ားျဖစ္ေအာင္လုပ္ၿပီးတာနဲ႔ ဒီမိန္းကေလးကို ေနာက္ထပ္ ထပ္ေတြ႔ေတာ့မည္ မဟုတ္ေပ။

"အား႐ွန္း... နင္ငါ့ကို မသိခ်င္ေယာင္ေဆာင္ေနတာ ငါသိပါတယ္။ ဒါေတြအားလံုးက ငါ့အျပစ္ပါ။ ငါ..."

ပိုင္ေဝ့က 'ဒါေတြအားလံုးကငါ့အျပစ္။ နင့္ႏွလံုးသားထဲကေန ဘယ္ေလာက္ပဲ မေက်နပ္ျဖစ္ေနပါေစ... ငါ့ကို ရင္ဖြင့္ေျပာလို႔ရတယ္' ပံုစံသ႐ုပ္ေဆာင္ေတာ့ 001ခမ်ာ ၾကက္ေသေသသြားေတာ့သည္။ အရင္ကၾကားဖူးတာကေတာ့ ၾကာပန္းျဖဴေတြအကုန္လံုးက သဘာဝမိခင္လို သန္႔စင္တဲ႔ ေရာင္ျခည္ေတြပိုင္ဆိုင္ထားၾကတာပါဆို။ သူတို႔ကို ၾကည့္မိတဲ႔ ဘယ္သူမဆို သန္႔စင္တဲ့ေရာင္ျခည္ကို ခံစားမိမွာပါဆို။ 001 ကေတာ့ ဂ်င္းမိထားသမ်ွ ေဒါပြကာ ကန္းေနတဲ့ system ႀကီး ပ်က္စီးသြားမယ္ဆိုရင္ေတာင္ သူနည္းနည္းေလးမွ ႏွေျမာမိေတာ့မည္မဟုတ္ေခ်။

"လိုရင္းပဲေျပာ" လင္းဇီ႐ွန္း ေနာက္ထပ္ စာအုပ္တစ္အုပ္ကို ယူလိုက္ျပီး စာဖတ္ရင္း ပိုင္ေဝ့ကို ေအးေအးေဆးေဆး ျပန္ေျပာလိုက္သည္။

လင္းဇီ႐ွန္းရဲ႕ စကားကိုၾကားသည္နက္ ပိုင္ေဝ့ရဲ႕မ်က္လံုးအေရာင္က ေတာက္လာေတာ့သည္။ တက္တက္ႂကြႂကြပဲ သူမကေမးလိုက္သည္။ "အား႐ွန္း... မနက္ျဖန္ဆို အားေမာ့ေမြးေန႔ေလ။ နင္ေလ...အားေမာ့ ေမြးေန႔ပါတီသြားရင္ေလ ငါ့ကိုေခၚပါလား"

အရင္ဘဝတုန္းက သူမေကာ၊ လင္းဇီ႐ွန္းပါ စုေမာ့ရဲ႕ေမြးေန႔ပါတီ ဖိတ္ၾကားခ်က္ရခဲ့သည္။ အခုဘဝက်ေတာ့ သူ(စုေမာ့) မျမင္ေအာင္ ပုန္းေနရလို႔ ဖိတ္ၾကားခ်က္တစ္ခုေတာင္ မရခဲ့ေပ။ ဆိုေတာ့ သူမသာ ေမြးေန႔ပါတီကိုတက္ခ်င္ရင္ လင္းဇီ႐ွန္းနဲ႔အတူတူသြားဖို႔ပဲ ႐ွိေတာ့သည္။ လင္းဇီ႐ွန္း သူမနဲ႔အတူတူမသြားခ်င္ဘူးဆိုတဲ့ စိုးရိမ္စိတ္ နည္းနည္းေလးေတာင္မ႐ွိပါဘူး။ သူက သူမကိုအရမ္းခ်စ္သည္မို႔ သူမရဲ႕ ေတာင္းဆိုခ်က္ေသးေသးေလးကို ဘယ္လိုလုပ္ျငင္းရက္ပါ့မလဲေလ။

"ေကာင္းၿပီ"

တကယ္လို႔ သူသာ ပိုင္ေဝ့ကိုမေခၚဘူးဆိုရင္ေတာင္ တျခားနည္းနဲ႔ ပါတီတက္ဖို႔ နည္းလမ္း႐ွာလိမ့္မည္။ ဒီအခြင့္အေရးကို ဆုပ္ကိုင္ၿပီး သူမရဲ႕အေကာင္းျမင္စိတ္ မ်ားလာေအာင္လုပ္ဖို႔က အေကာင္းဆံုးနည္းပဲ။

[ဒင္းေဒါင္...ဇာတ္လိုက္မရဲ႕ အေကာင္းျမင္စိတ္ ၁၅ မွတ္တိုးလာပါၿပီ။ အခုလက္႐ွိ အေကာင္းျမင္စိတ္ကေတာ့ ၈၅ မွတ္႐ွိေနပါတယ္။ Host ေရ ... ဆက္ၿပီးၾကိဳးစားထားပါ]

လင္းဇီ႐ွန္း : ... သူမဘာေတြးေနလဲဆိုတာ တကယ္ပဲလိုက္မမွီေတာ့ဘူး။ ဟဟ

[Side mission 2 : ဇာတ္လိုက္မဆီမွ အေကာင္းျမင္စိတ္ 80%ႏွင့္ အထက္ ရ႐ွိရန္။ (လုပ္ေဆာင္ၿပီး)
ဆုေၾကး: EXP 50 ႏွင့္100 points .. Host လက္ခံမည္လား]

"အင္း"

[ဆုေၾကးကို လက္ခံျပီးပါၿပီ။ Host ရဲ႕လက္႐ွိအဆင့္က F ျဖစ္ပါတယ္။ လက္႐ွိ EXP : 50/1500... လက္႐ွိ points: 100... အဓိကမစ္႐ွင္ ျပီးသြားပါက Points shop ပြင့္လာပါလိမ့္မယ္။ ဆက္ၿပီးေတာ့ႀကိဳးစားထားပါခင္ည~]

"အား႐ွန္း"

လင္းဇီ႐ွန္း ခံစားခ်က္မဲ့ေနပံုကိုျမင္ၿပီး ပိုင္ေဝ့တစ္ေယာက္ စိတ္မသက္မသာျဖစ္မိသြားသည္။ ဒါေပမဲ့ အရင္ဘဝတုန္းက သူမက သူ႔ကိုမသန္မစြမ္းျဖစ္ေအာင္ လုပ္ခဲ့တဲ့တရားခံဆိုေတာ့ သူမေက်နပ္ျဖစ္ေနသမ်ွကို ႀကိတ္မိွတ္သည္းခံရမည္ေလ။

"ခုနက သေဘာတူလိုက္တယ္မလား"

"အမ္...ဟုတ္တယ္"

သူဒီလိုျပန္ေျဖလိုက္ေပမယ့္ ပိုင္ေဝ့ကို အျခားလူေတြကို လုပ္သလိုမ်ိဳး မိုင္ေထာင္ခ်ီေရာက္တဲ့အထိ တြန္းထုတ္ပစ္ခ်င္ေနပံုက အထင္းသားပင္။ သူ႔မ်က္လံုးထဲမွာ ပိုင္ေဝ့ကိုမထည့္ထားေလေတာ့ ဇာတ္လိုက္မတစ္ေယာက္ အံတႀကိတ္ႀကိတ္ျဖစ္ေနေတာ့၏။ တေန႔က်ရင္ ဒီေန႔သူမအေပၚလုပ္လိုက္တဲ့ အျပဳအမူေၾကာင့္ လင္းဇီ႐ွန္း  ေနာင္တျပန္ရေစရမည္ဟု သူမေတးထားလိုက္သည္။ သူမရဲ႕ႏွလံုးသားထဲမွာ လင္းဇီ႐ွန္း ႐ွိေနေပမယ့္လည္း သူမကို အခုလို႐ိုင္း႐ိုင္းစိုင္းစိုင္း ဆက္ဆံေနတာကိုေတာ့ လံုးဝခြင့္မျပဳႏိုင္ေပ။ အခုျပန္ေတြးၾကည့္ေတာ့ စုေမာ့လည္း ဒီလိုျပဳမူခဲ့ဖူးသည္။ သူမကသာ ခ်စ္လြန္းလို႔ ေအာက္က်ိဳ႕ခံၿပီးေနခဲ့ျခင္းသာ။ အခုဘဝမွာ တူညီတဲ့အမွားမ်ိဳး ထပ္မလုပ္ခဲ့လ်ွင္ ေယာက်္ားႏွစ္ေယာက္လံုးရဲ႕ ရင္ထဲက queen  ေသခ်ာေပါက္ျပန္ျဖစ္လာလိမ့္မည္။

[တာ့ရမ္ Host... အခု ဇာတ္လိုက္မ ဘာေတြးေနလဲဆိုတာ မသိခ်င္ဘူးလား]

001 ဟာ ပိုင္ေဝ့ရဲ႕အေတြးက လြယ္လြယ္ကူကူပဲ ဖတ္လိုက္သည္။ ေနာက္ျပီးေတာ့ ေကာင္းေသာအရာကို အေရးႀကီးတဲ့လူဆီ ျပန္ၿပီးေျပာျပသင့္သည္ေလ။

"ငါ အကုန္လံုး မသိခ်င္ပါဘူး" အကယ္၍ 001 မေျပာျပရင္ေတာင္မွ လင္းဇီ႐ွန္း ဇာတ္လိုက္မဘာေတြးေနလဲဆိုတာ ေကာင္းေကာင္းခန္႔မွန္းႏိုင္သည္။ ဒါေၾကာင့္မို႔ ကိုယ့္ကိုယ္ကို စိတ္႐ႈပ္မခံေပ။

[…] က်ေနာ္ တာ့ရမ္ Host ေနာက္ေနတာကို ရီေပးရမွာလားဟင္။

……………

ညေနက်ေတာ့ လင္းဇီ႐ွန္း အေစာႀကီးကတည္းက ျပင္ဆင္ထားသည့္ အဝတ္အစားမ်ားကို ဝတ္ဆင္လိုက္သည္။ ထို႔ေနာက္ ကိုယ့္ကိုယ္ကို မွန္ထဲမွာျပန္ၾကည့္လိုက္သည္။ ဒီဇိုင္းကာလာအေနအထားက သူ႔ကိုစိတ္ေက်နပ္မႈျဖစ္ေစ၏။ 001 က လင္းဇီ႐ွန္းကို ေဘးကေနၾကည့္ေနၿပီး စိတ္လႈပ္႐ွားစြာျဖင့္ ေလထဲတြင္ တဖ်တ္ဖ်တ္ ပ်ံေနေတာ့သည္။ တာ့ရမ္ host က မနက္တုန္းကဆိုရင္ လံုးဝ နတ္ဘုရားတစ္ပါး!! အခုက်ေတာ့ စစ္မွန္တဲ့အတုမ႐ွိနတ္ဘုရား အဆင့္ပဲ!!!

အျဖဴေရာင္ဝတ္စံုျပည့္ဝတ္ထားသည္႕ လင္းဇီ႐ွန္းရဲ႕ ပံုစံက သူမ်ားႏွင့္မတူသည့္ ခံစားခ်က္တစ္ခုကိုေပးေနသည္။ သူ႔ရဲ႕ ေရခဲေအာ္ရာက အရမ္းေအးစိမ့္ေနၿပီး အနီးနားမွာ႐ွိတဲ့လူတိုင္း ခဲသြားမတတ္ပင္။ အခုတခါ ေငြမွင္ေရာင္suit ကိုထပ္ဝတ္လိုက္ေတာ့ ျမင္တဲ့သူတိုင္း ေၾကာက္ရြံ႕႐ိုေသေစ ဆိုသည့္အ႐ွိန္အဝါဘက္သို႔ ထပ္ေျပာင္းသြားသည္။ ထိုမ်ွတင္ မၿပီးေသး။ အနည္းငယ္႐ႈပ္ပြေနတဲ့ဆံပင္ပံုစံက လြတ္လပ္မႈ နဲ႔ ပြင့္လင္းမႈ အရသာကို ေဖာ္ျပေနျပန္သည္။ သတိ႐ွိျခင္းနဲ႔ ပြင့္လင္းျခင္းကို လူတစ္ေယာက္ရဲ႕ ကိုယ္ေပၚမွာ သဟဇာတျဖစ္သည္ဟု ခံစားမိျခင္းက ထိုသူက အမွန္တရားဘက္ေတာ္သားျဖစ္သည္ဟူေသာ အေတြးကိုထင္ဟပ္ေစသည္။

ကြက္တိက်တဲ့ဝတ္စံုက က်စ္လစ္သည့္ ခါးတစ္ေလ်ွာက္တြင္ ကပ္လ်က္႐ွိေနသည္။ တစ္ေယာက္ေယာက္ကသာ ထိုပံုအတိုင္းဝတ္ဆင္လိုက္ပါက ျမင္တဲ့သူတိုင္း ေအာ့အန္မိလိမ့္မည္။ ဒါေပမဲ့ လင္းဇီး႐ွန္းအတြက္ကေတာ့ ထိုသို႔ဝတ္စားျခင္းက အလြန္ပင္လိုက္ဖက္မႈ႐ွိလွသည္။ သူ႔ရဲ႕အနည္းငယ္ က်စ္လ်စ္သည့္ခါးက ရွိရင္းစြဲေရခဲေအာ္ရာေတြကို ပိုအားေကာင္းေအာင္ ကူညီေထာက္ပ့ံေပးေနသေယာင္။

"ဘယ္လိုေနလဲ"

ေလထဲ အခ်ိန္မေရြးပစ္လဲက်ေတာ့မည့္ 001 အား လင္းဇီ႐ွန္း မ်က္ခံုးပင့္ကာၾကည့္ရင္း ေမးလိုက္၏။

[နတ္...နတ္ဘုရားပဲဗ်ာ...]

"အား႐ွန္း —" လင္းဇီ႐ွန္းဟာ 001 ကိုဆက္ၿပီး စေနာက္ခ်င္ေနတုန္းမွာပဲ ေအာက္ထပ္ကလာတဲ့ ပိုင့္ေဝ့အသံကိုၾကားလိုက္ရသည္။ သူမက အသံျမင့္ၿပီးေအာ္ေခၚေနသည့္တိုင္ မိန္းကေလးဆန္ၿပီး ခ်စ္ဖို႔ေကာင္းေနတုန္းပင္။ သူမ ဘယ္လိုနည္းလမ္းနဲ႔ အသံကိုထိန္းထားလဲဆိုတာ တကယ္မသိေတာ့ေပ။ အကယ္၍ အခုသာေအာက္ထပ္ကို သူ မဆင္းသြားပါက  ပိုင္ေဝ့ကေအာက္ထပ္မွာ သူကပဲသူမကိုလမ္းခြဲလိုက္သလို မ်က္ႏွာေပးနဲ႔ မ်က္ရည္အရြဲသားျဖင့္ ထိုင္ေစာင့္ေနလိမ့္မည္။ စိတ္႐ႈပ္မခံႏိုင္သၫ္႔အဆံုး လင္းဇီ႐ွန္း ေအာက္ထပ္ကိုဆင္းလာလိုက္ၿပီး သူ႔အတြက္ သူ႔မိသားစုကေန ပို႔ေပးထားသည့္ ကားထဲသို႔ ပိုင္ေဝ့နဲ႔အတူတူဝင္ထိုင္လိုက္သည္။ ကားရဲ႕ဦးတည္ခ်က္ကေတာ့ စုေမာ့ေမြးေန႔ပါတီ က်င္းပရာေနရာသို႔။ ပါတီသို႔ေရာက္သည္ႏွင့္ ပိုင္ေဝ့က သူ႔ကိုေက်ာ္ၿပီး ေနရာတိုင္းမွာ စုေမာ့ကို ႐ွာပံုေတာ္ဖြင့္ေတာ့၏။

"001 ... အရင္လင္းဇီ႐ွန္းက ပိုင္ေဝ့ကို ဘာလို႔ခ်စ္ခဲ့တာလဲတဲ့။  သူမရဲ႕တစ္ခုတည္းေသာ focus ကစုေမာ့ဆိုတာ ဦးေႏွာက္႐ွိတဲ့လူတိုင္းသိတယ္"

အရင္ခႏၶာကိုယ္က စဥ္းစားတတ္ၿပီး ဥာဏ္ေကာင္းတဲ့သူပဲဟာ...
ဘာလို႔မ်ား ႐ူးေၾကာင္ေၾကာင္ အလုပ္ကိုလုပ္ခဲ့တာလဲမသိ။

[ျဖစ္ႏိုင္ေခ်ကေတာ့ဗ်ာ...ဇာတ္လိုက္မရဲ႕ ၾကာပန္းျဖဴအ႐ွိန္အဝါထဲမွာ က်ဆံုးသြားတာေနမွာ။ အာ့ေၾကာင့္ ဘာမွမစဥ္းစားႏိုင္ေတာ့ပဲ ခ်စ္မိသြားတာေနမွာေပါ့]

ထိုအေျဖကို လင္းဇီ႐ွန္း ေတာ္ေတာ္ေလး သေဘာက်မိသည္။ အရင္ခႏၶာကိုယ္ပိုင္႐ွင္မွာ ဦးေႏွာက္နဲ႔ပတ္သက္ၿပီး ျပႆနာမ႐ွိေပမယ့္လည္း အျခားအရာေတြက သူ႔ကိုလႊမ္းမိုးလိုက္ႏိုင္ခဲ့တာပဲ။ လင္းဇီ႐ွန္း သူ႔ရဲ႕စမ္းသပ္ခ်က္ကို ဘယ္လိုၿပီးေအာင္လုပ္ရမလဲဆိုတာ ေတြးေနတုန္းမွာပဲ ႐ုတ္တရက္ ပတ္ဝန္းက်င္တစ္ခုလံုး ဆူဆူညံညံျဖစ္လာသည္။ သူေခါင္းေမာ့ၾကည့္လိုက္ေတာ့ စုေမာ့ဟာ ဒုတိယထပ္က ပင္မေလွကားႀကီးကေန ေျဖးေျဖးခ်င္းေလ်ွာက္ၿပီး ဆင္းလာသည္ကိုေတြ႔လိုက္ရသည္။

ျပင္သစ္ ဘာဂန္ဒီဝိုင္နီေရာင္ suitကို အျဖဴေရာင္႐ွပ္အက်ႌနဲ႔အတူ တြဲဝတ္ထား၏။ အျဖဴေရာင္႐ွပ္အက်ႌတြင္ ေကာ္လံထိေရာက္ေအာင္ ၾကယ္သီးမ်ားကို အေစ့တပ္ထားၿပီး အနက္ေရာင္လည္စည္းကိုလည္း ဝတ္ဆင္ထားသည္။ သူ႔ရဲ႕႐ႈပ္ပြေနက်ဆံပင္ကို အေနာက္လွန္ၿပီး အေသးစိတ္ၿဖီးခ်ထားသည္။ သူ႔ရဲ႕ ခိုင္မာတဲ့ေျခလွမ္းနဲ႔ ပံုပန္းသြင္ျပင္က လူတိုင္းကို စိတ္ခ်ဳပ္ထိန္းႏိုင္စြမ္း ကင္းမဲ့ေစ၏။ ထို႔အျပင္ သူ႔ရဲ႕ခႏၶာကိုယ္က သူ႔ရဲ႕တဏွာရာဂၾကီးမားတဲ့စိတ္ကို ဖံုးကြယ္မထားေပ။ ဘယ္လိုပံုနဲ႔သြားတူေနလဲဆိုေတာ့ ေဒါင္းထီးတစ္ေကာင္က သူ႔ရဲ႕အၿမီးကို ခပ္သြက္သြက္ျဖန္႔ၿပီး ဆန္႔က်င္ဘက္လိင္ေတြအားလံုး သူ႔ရဲ႕ခႏၶာကိုယ္အေပၚ ေႂကြဆင္းေအာင္လုပ္ေနသည္နဲ႔ တူေန၏။

ထိုအခိုက္အတန္႔မွာပဲ လင္းဇီ႐ွန္းဟာ စုေမာ့နဲ႔ အၾကည့္ခ်င္းဆံုသြားသည္။ ႐ုတ္ခ်ည္းဆိုသလိုပဲ စုေမာ့ရဲ႕ မ်က္ႏွာေသ႐ုပ္တြင္ ေကြးေနေအာင္ျပံဳးလိုက္သည့္ အျပံဳးတစ္ခုျဖစ္ေပၚလာသည္။ သူ႔လက္ထဲက ဖန္ခြက္ကိုေျမႇာက္ျပရင္း လက္ဟန္ျဖင့္ အတူတူေသာက္ဖို႔ဖိတ္ေခၚသည့္ အမူအယာျပဳလိုက္သည္က လူတိုင္းကို ထိတ္လန္႔ေစၿပီး ဆြံ႔အသြားေလ၏။ ဒီ သခင္ေလးစုက အျခားလူေတြနဲ႔ တရင္းတႏွီးမေနဘူးေလ။ အျခားလူတစ္ေယာက္ကို သူ႔ဘက္ကအရင္စၿပီး အတူတူေသာက္ဖို႔ေျပာဖို႔ဆိုေဝး။ တစ္ေယာက္ေယာက္က သူနဲ႔အတူတူေသာက္ေနခဲ့ရင္ေတာင္မွ ဒီလိုမ်က္ႏွာပံုလုပ္တာမ်ိဳးကို လံုးဝမျမင္ဘူးပါေနာ္။ ဒါေပမဲ့ ဒီေန႔က်ေတာ့... တစ္ေယာက္ေယာက္ကို သခင္ေလးစုက အရင္စေသာက္ဖို႔ေခၚလိုက္တယ္! ဒါႀကီးက.......

စုေမာ့အၾကည့္ေနာက္ကို ၾကည့္လိုက္ၾကေတာ့ လူတိုင္းက စုေမာ့ၾကည့္ေနသည့္လူက လင္းဇီ႐ွန္း ျဖစ္ေနသည္ကို ေတြ႔လိုက္ရသည္။ ဒီအခ်ိန္မွာ သူ႔မ်က္ႏွာကိုျမင္တဲ့သူတိုင္း အသိစိတ္မ်ား လြတ္ထြက္သြားေလေတာ့သည္။ လူငယ္ေလးက သိမ္ေမြ႔ႏူးညံ့သည့္ပံုေပၚသည္။ မိန္းကေလးတစ္ေယာက္နဲ႔ ယွဥ္ၾကည့္လိုက္ရင္ေတာင္ သူနဲ႔ ဟြာတိုင္းကစားဖို႔ ပိုၿပီးစိတ္လႈပ္႐ွားစရာေကာင္းေသးသည္။ တဆက္တည္းမွာပဲ စုေမာ့ရဲ႕ ခ်က္ခ်င္းပဲ အႏုတ္မွတ္ျပေနသည့္ မ်က္ႏွာကိုပါျမင္လိုက္ရျပန္သည္။ မျပီးမဆံုးနိုင္ေအာင္ ေျပာၿပီးရင္းေျပာေနၾကတဲ့ သတင္းေတြထဲမွာေတာ့ သခင္ေလးစုက ေယာက်္ားေတြနဲ႔လံုးဝ မကစားဘူးဆို။ ဒီေန႔ျပလိုက္တဲ့ သခင္ေလးစုရဲ႕သေဘာထားက ထိုမ်က္ႏွာေခ်ာေခ်ာေလးနဲ႔ေကာင္ေလးက သူတို႔လံုးဝကိုထိလို႔မရသည့္ အရာျဖစ္ေၾကာင္း ေခါင္းထဲ႐ိုက္သြင္းထားႏွင့္ၿပီး ျဖစ္ေလသည္။

႐ုတ္တရက္ႀကီး လူတိုင္းေၾကာက္သြားၾကသည္ကို ျမင္လိုက္ရေတာ့ စုေမာ့မ်က္လံုးထဲ ေက်နပ္သည့္အရိပ္အေယာင္ ေပၚလာေတာ့၏။ သူ ဒီေန႔ လင္းဇီ႐ွန္းကို လာခြင့္ျပဳလိုက္သည္ကလည္း လင္းဇီ႐ွန္းကို ဘယ္သူမွထိလို႔မရေၾကာင္း လူတိုင္းကိုေျပာထားၿပီးႏွင့္လို႔ပဲ ျဖစ္ေလသည္။ တစ္ေယာက္ေယာက္ကသာ သူေျပာတာကို ဆန္႔က်င္ရဲပါက သူကလည္း ထိုလူကိုလက္စသတ္ပစ္ရမည္ကို ဝန္မေလးေပ။

"သခင္ေလးလင္း... ကိုယ့္ကို မင္းနဲ႔အတူေသာက္ဖို႔ အခြင့္အေရးေပးနိုင္မလား"

သူေျဖးေျဖးေလးစေလ်ွာက္လာေတာ့ လူအုပ္ႀကီးဟာ လင္းဇီ႐ွန္းဆီသြားဖို႔အတြက္ လမ္းဖြင့္ေပးလိုက္ၾကသည္။ ေလ်ွာက္လာရင္း ဝိုင္နီတစ္ခြက္ကို လွမ္းယူလိုက္ၿပီး လင္းဇီ႐ွန္းဆီ ကမ္းေပးလိုက္သည္။ ဒီျမင္ကြင္းကိုလည္းျမင္ေရာ ... လူအုပ္ႀကီးဟာ ေနာက္တစ္ႀကိမ္ ေ႐ွာ့ရသြားျပန္ေလသည္။ သခင္ေလးစု ကိုယ္တိုင္ ဝိုင္ခြက္ကို ကမ္းေပးလိုက္တယ္ အား!!! ဝိုင္အတူတူေသာက္ရဖို႔ မေျပာနဲ႔ဦး။ လိုအပ္ရင္ဖန္ခြက္ကိုေတာင္ ကိုက္စားျပဦးမွာ!! ဘယ္သူကမ်ား အခုလို အေရးေပးဆက္ဆံခံရလဲတာလဲေနာ္?!

လင္းဇီ႐ွန္း ဘာမွမေျပာေပ။ ဝိုင္ခြက္ကိုင္ထားသည့္ စုေမာ့လက္ကိုပဲ ၾကည့္ေနလိုက္သည္။ ထို႔ေနာက္ ခြက္ခ်င္းတိုက္လိုက္ၿပီးသည္နက္ တစ္ခြက္လံုး တစ္က်ိဳက္တည္း ေမာ့ေသာက္ပစ္လိုက္သည္။

ေဆးဆိုးပန္း႐ိုက္မ႐ွိတဲ့ ႏႈတ္ခမ္းသားေပၚ ဝိုင္နီရဲ႕ညိဳ႕ဓာတ္ျပင္း အနီေရာင္ကိုျခယ္လိုက္ေတာ့ ႐ုတ္တရက္ စုေမာ့တစ္ေယာက္ ေရဆာသြားသလိုျဖစ္သြား၏။ လင္းဇီ႐ွန္းရဲ႕ႏႈတ္ခမ္းကို ခုန္အုပ္ၿပီးကိုက္လိုက္ဖို႔ ေစာင့္မေနခ်င္ေတာ့ေပ။

[System scan ဖတ္ေနသည္]
– ပစ္မွတ္ : စုေမာ့ (အဓိကဇာတ္လိုက္)
– အေကာင္းျမင္စိတ္ : 45
– မွတ္ခ်က္ : အရသာ႐ွိမယ့္ပံုပဲ။ တကယ္ပဲစားလိုက္ခ်င္တယ္။

ခ်က္ခ်င္းဆိုသလို လင္းဇီ႐ွန္း မ်က္ႏွာႀကီး အေမွာင္ဖံုးသြားေတာ့သည္။ ေနပါဦး...စားခ်င္တယ္ဆိုတာကဘာႀကီးလဲ?!

…………….....

Unicode
အနက်ရောင်ကြာပန်း အပိုင်း(၃)

စုမော့ ထိုသို့ပြုမူသည်ကိုမြင်ပြီးသည်နက် ယောက်ျားငယ်လေးဟာ ထိုလူရဲ့မကောင်းတဲ့စိတ်ဘက်ခြမ်းကို သွားဆွနေမိမှန်းတောင် မသိမထားမိသေး။ နောက်မှ ရုတ်တရက်ကြီး ခေါင်းထဲကအချက်ပေးသံကြီးကို ကြားလိုက်ရသည်နက် ရှော့ရသွားပြီး ဘာမှမလုပ်ရဲတော့ပေ။ လင်းဇီရှန်းကိုလည်း သူ့ရင်ဘတ်ထဲမှာ သေချာမှတ်ထားလိုက်ပြီးဖြစ်သည်။ အခုလိုမျိုး သခင်လေးစု စကားပြောနေတဲ့အချိန်မှာ တချက်လေးလှုပ်ရှားမိလိုက်တဲ့ ဘယ်သူမဆို ကိုယ့်သေလမ်းကို ကိုယ်တိုင်ရှာဖွေနေသည်နှင့် အတူတူပင်။ သူ(စုမော့) ကိုယ်တိုင် ဒီအကြောင်းကို အားလုံးသိအောင်ပြောရခြင်းက အဲ့ဒီကောင်လေး(လင်းဇီရှန်း) ရဲ့မျက်နှာက လူတိုင်းကို ရုန်းထွက်မနိုင်အောင် ဆွဲဆောင်မှုရှိနေသောကြောင့်ဖြစ်သည်။

"မှတ်ထား။ သူ့ကိုထိရဲတဲ့ ဘယ်သူမဆို ဖြစ်လာမယ့်အကျိုးဆက်ကို ကိုယ်တိုင်ခံစားကြည့်ကြည့်ပေါ့"

စုမော့က ခြိမ်းခြောက်စကား ဘာသောညာသော အများကြီးမပြောပေမယ့် 'ဖြစ်လာမယ့်အကျိုးဆက်ကို ကိုယ်တိုင်ခံစားကြည့်' ဆိုတဲ့စကားတစ်ခွန်းနဲ့တင် လူတိုင်းကြောက်သွားအောင် လုပ်လိုက်နိုင်သည်။ စိတ်အပြောင်းအလဲမြန်တဲ့သူ တင်မက။ စုမော့က သူ့ရဲ့ပင်ကိုယ်စရိုက်နဲ့ အကြင်နာကင်းမဲ့တဲ့ နေရာမှာလည်း နာမည်ကြီးသေးသည်။ သင် University A က ဘယ်သူ့ကိုမဆိုအနိုင်ကျင့်ချင် ကျင့်လို့ရမည်။ ဒါပေမဲ့ သခင်လေးစုကတော့ ထိလို့ကောင်းသည့်အရာမဟုတ်ပေ။
သူတစ်ခေါက်လောက် စိတ်လွတ်သွားသည်နက် သိကြားမင်းဆင်းတားရင်တောင် ရပ်မည့်သူမဟုတ်ပေ။ ဟုတ်တာပေါ့... ဒီအကြောင်းတွေကို လင်းဇီရှန်း ဘယ်သိပါ့မလဲ။ အခုသူက စာကြည့်တိုက်ထဲမှာ စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး ထိုင်ဖတ်နေသည်လေ။ ဖတ်နေတဲ့စာအုပ်အမည်က 'ထိုကမာ္ဘအတွက် တိုက်ခိုက်ရေး ညွှန်ကြားချက်အဖုံဖုံ'

"001 ဒီနေ့ဘာတွေဖြစ်နေတာလဲ။ စုမော့က ယောက်ျားတွေကို စိတ်မဝင်စားဘူးမဟုတ်လား"

ပွတ်လွန်းလို့ အနီရောင်ဘက်ပြောင်းနေသည့် လက်ကိုပြန်ကြည့်လိုက်ပြီး မနှစ်မြိုတဲ့အကြည့်တစ်ခုက လင်းဇီရှန်းရဲ့မျက်လုံးကနေ ဖြတ်ခနဲလက်သွားသည်။ သူ ယောက်ျားတွေကိုမမုန်းပေမယ့် အကျင့်မကောင်းတဲ့ ယောက်ျားကိုတော့ နည်းနည်းလေးမှစိတ်မဝင်စားချေ။

[တိုက်...တိုက်ခိုက်ရန် ညွှန်ကြားချက် မပေါ်လာသေးပါ]

001 လေးဟာ လင်းဇီရှန်းကို သတိထားပြီးကြည့်နေသည်။ အဓိကဇာတ်လိုက် လုပ်ရပ်ကြောင့် 001လေးလည်း သေမတတ်လန့်သွားတာပါနော်။ ဇာတ်လိုက်ကောင်ရဲ့လုပ်ရပ်မှာ သိသိသာသာပဲ မကောင်းတဲ့ရည်ရွယ်ချက်တွေက ကျနော့်ရဲ့မိသားစုလေး host အပေါ်မှာ ရှိနေတာဟုတ်ဘူးလားလို့!

( ̄^ ̄)ゞ တာ့ရမ် host ကိုပိုင်နေသ၍ ဇာတ်လိုက်ကောင်  လာလုယူလို့မရအောင်ကာကွယ်ထားမှာ!

လင်းဇီရှန်း စကားပြောမလို့ ပြင်လိုက်တဲ့အချိန်မှာပဲ လေထဲကနေ ကြာပန်းရနံ့သင်းသင်းလေးကို ရလိုက်သည်။ ကြာပန်းရနံ့သင်းသင်းလေးနဲ့အတူ အဖြူရောင်အရိပ်က တစ်ဆက်တည်းကပ်ပါလာသည်။

လင်းဇီရှန်း : … အဟက်.. ကြာပန်းရနံ့သင်းသင်း

"အားရှန်း... ဒီမှာတစ်ယောက်တည်း ဘာလုပ်နေလဲ" ပိုင်ဝေ့ တစ်ယောက်ပြောရင်းဆိုရင်း လင်းဇီရှန်းဘေးတွင် ထိုင်လိုက်သည်။ ကြည့်လျှင် သူတို့နှစ်ယောက်က အရင်းနှီးဆုံးသူငယ်ချင်းတွေလိုလို ဘာလိုလိုပေါ့။ "ဒီနေ့ အတန်းမရှိဘူးလား"

"အတန်းဖော်... ငါတို့က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလို့လား"

ဇာတ်လိုက်မဆီကနေ အကောင်းမြင်စိတ်များလာအောင် လုပ်ရမယ်ဆိုတာသိပေမယ့်လည်း သူမမျက်နှာမြင်လိုက်တဲ့အချိန်တိုင်း 'သူမကိုမကြွေဆင်းပဲမနေရ' ဆိုတဲ့မျက်နှာပေးကြောင့် သွားကိုက်သလိုပင်ခံစားရ၏။

[System scan ဖတ်နေသည်]
– ပစ်မှတ် : ပိုင်ဝေ့ (ပြန်လည်မွေးဖွားလာသော ကြာပန်းဖြူ)
– အကောင်းမြင်စိတ် : 70
– မှတ်ချက် : တစ်ယောက်ယောက်က ငါ့ကိုချစ်နေရင် ဘာလို့ ပြန်မချစ်နိုင်ရမှာလဲ။

ဟိဟိ... ဇာတ်လိုက်မရဲ့ ဦးနှောက်ကတော့ အပေါက်အကြီးကြီးပေါက်နေပြီပဲ။ သူမရဲ့ အကောင်းမြင်စိတ်က 70 ရှိနေခြင်းက သူ့ကိုတော်တော်လေးကျေနပ်စေသည်။ အမှတ်များများဖြစ်အောင်လုပ်ပြီးတာနဲ့ ဒီမိန်းကလေးကို နောက်ထပ် ထပ်တွေ့တော့မည် မဟုတ်ပေ။

"အားရှန်း... နင်ငါ့ကို မသိချင်ယောင်ဆောင်နေတာ ငါသိပါတယ်။ ဒါတွေအားလုံးက ငါ့အပြစ်ပါ။ ငါ..."

ပိုင်ဝေ့က 'ဒါတွေအားလုံးကငါ့အပြစ်။ နင့်နှလုံးသားထဲကနေ ဘယ်လောက်ပဲ မကျေနပ်ဖြစ်နေပါစေ... ငါ့ကို ရင်ဖွင့်ပြောလို့ရတယ်' ပုံစံသရုပ်ဆောင်တော့ 001ခမျာ ကြက်သေသေသွားတော့သည်။ အရင်ကကြားဖူးတာကတော့ ကြာပန်းဖြူတွေအကုန်လုံးက သဘာဝမိခင်လို သန့်စင်တဲ့ ရောင်ခြည်တွေပိုင်ဆိုင်ထားကြတာပါဆို။ သူတို့ကို ကြည့်မိတဲ့ ဘယ်သူမဆို သန့်စင်တဲ့ရောင်ခြည်ကို ခံစားမိမှာပါဆို။ 001 ကတော့ ဂျင်းမိထားသမျှ ဒေါပွကာ ကန်းနေတဲ့ system ကြီး ပျက်စီးသွားမယ်ဆိုရင်တောင် သူနည်းနည်းလေးမှ နှမြောမိတော့မည်မဟုတ်ချေ။

"လိုရင်းပဲပြော" လင်းဇီရှန်း နောက်ထပ် စာအုပ်တစ်အုပ်ကို ယူလိုက်ပြီး စာဖတ်ရင်း ပိုင်ဝေ့ကို အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

လင်းဇီရှန်းရဲ့ စကားကိုကြားသည်နက် ပိုင်ဝေ့ရဲ့မျက်လုံးအရောင်က တောက်လာတော့သည်။ တက်တက်ကြွကြွပဲ သူမကမေးလိုက်သည်။ "အားရှန်း... မနက်ဖြန်ဆို အားမော့မွေးနေ့လေ။ နင်လေ...အားမော့ မွေးနေ့ပါတီသွားရင်လေ ငါ့ကိုခေါ်ပါလား"

အရင်ဘဝတုန်းက သူမကော၊ လင်းဇီရှန်းပါ စုမော့ရဲ့မွေးနေ့ပါတီ ဖိတ်ကြားချက်ရခဲ့သည်။ အခုဘဝကျတော့ သူ(စုမော့) မမြင်အောင် ပုန်းနေရလို့ ဖိတ်ကြားချက်တစ်ခုတောင် မရခဲ့ပေ။ ဆိုတော့ သူမသာ မွေးနေ့ပါတီကိုတက်ချင်ရင် လင်းဇီရှန်းနဲ့အတူတူသွားဖို့ပဲ ရှိတော့သည်။ လင်းဇီရှန်း သူမနဲ့အတူတူမသွားချင်ဘူးဆိုတဲ့ စိုးရိမ်စိတ် နည်းနည်းလေးတောင်မရှိပါဘူး။ သူက သူမကိုအရမ်းချစ်သည်မို့ သူမရဲ့ တောင်းဆိုချက်သေးသေးလေးကို ဘယ်လိုလုပ်ငြင်းရက်ပါ့မလဲလေ။

"ကောင်းပြီ"

တကယ်လို့ သူသာ ပိုင်ဝေ့ကိုမခေါ်ဘူးဆိုရင်တောင် တခြားနည်းနဲ့ ပါတီတက်ဖို့ နည်းလမ်းရှာလိမ့်မည်။ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး သူမရဲ့အကောင်းမြင်စိတ် များလာအောင်လုပ်ဖို့က အကောင်းဆုံးနည်းပဲ။

[ဒင်းဒေါင်...ဇာတ်လိုက်မရဲ့ အကောင်းမြင်စိတ် ၁၅ မှတ်တိုးလာပါပြီ။ အခုလက်ရှိ အကောင်းမြင်စိတ်ကတော့ ၈၅ မှတ်ရှိနေပါတယ်။ Host ရေ ... ဆက်ပြီးကြိုးစားထားပါ]

လင်းဇီရှန်း : ... သူမဘာတွေးနေလဲဆိုတာ တကယ်ပဲလိုက်မမှီတော့ဘူး။ ဟဟ

[Side mission 2 : ဇာတ်လိုက်မဆီမှ အကောင်းမြင်စိတ် 80%နှင့် အထက် ရရှိရန်။ (လုပ်ဆောင်ပြီး)
ဆုကြေး: EXP 50 နှင့်100 points .. Host လက်ခံမည်လား]

"အင်း"

[ဆုကြေးကို လက်ခံပြီးပါပြီ။ Host ရဲ့လက်ရှိအဆင့်က F ဖြစ်ပါတယ်။ လက်ရှိ EXP : 50/1500... လက်ရှိ points: 100... အဓိကမစ်ရှင် ပြီးသွားပါက Points shop ပွင့်လာပါလိမ့်မယ်။ ဆက်ပြီးတော့ကြိုးစားထားပါခင်ည~]

"အားရှန်း"

လင်းဇီရှန်း ခံစားချက်မဲ့နေပုံကိုမြင်ပြီး ပိုင်ဝေ့တစ်ယောက် စိတ်မသက်မသာဖြစ်မိသွားသည်။ ဒါပေမဲ့ အရင်ဘဝတုန်းက သူမက သူ့ကိုမသန်မစွမ်းဖြစ်အောင် လုပ်ခဲ့တဲ့တရားခံဆိုတော့ သူမကျေနပ်ဖြစ်နေသမျှကို ကြိတ်မှိတ်သည်းခံရမည်လေ။

"ခုနက သဘောတူလိုက်တယ်မလား"

"အမ်...ဟုတ်တယ်"

သူဒီလိုပြန်ဖြေလိုက်ပေမယ့် ပိုင်ဝေ့ကို အခြားလူတွေကို လုပ်သလိုမျိုး မိုင်ထောင်ချီရောက်တဲ့အထိ တွန်းထုတ်ပစ်ချင်နေပုံက အထင်းသားပင်။ သူ့မျက်လုံးထဲမှာ ပိုင်ဝေ့ကိုမထည့်ထားလေတော့ ဇာတ်လိုက်မတစ်ယောက် အံတကြိတ်ကြိတ်ဖြစ်နေတော့၏။ တနေ့ကျရင် ဒီနေ့သူမအပေါ်လုပ်လိုက်တဲ့ အပြုအမူကြောင့် လင်းဇီရှန်း  နောင်တပြန်ရစေရမည်ဟု သူမတေးထားလိုက်သည်။ သူမရဲ့နှလုံးသားထဲမှာ လင်းဇီရှန်း ရှိနေပေမယ့်လည်း သူမကို အခုလိုရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေတာကိုတော့ လုံးဝခွင့်မပြုနိုင်ပေ။ အခုပြန်တွေးကြည့်တော့ စုမော့လည်း ဒီလိုပြုမူခဲ့ဖူးသည်။ သူမကသာ ချစ်လွန်းလို့ အောက်ကျို့ခံပြီးနေခဲ့ခြင်းသာ။ အခုဘဝမှာ တူညီတဲ့အမှားမျိုး ထပ်မလုပ်ခဲ့လျှင် ယောက်ျားနှစ်ယောက်လုံးရဲ့ ရင်ထဲက queen  သေချာပေါက်ပြန်ဖြစ်လာလိမ့်မည်။

[တာ့ရမ် Host... အခု ဇာတ်လိုက်မ ဘာတွေးနေလဲဆိုတာ မသိချင်ဘူးလား]

001 ဟာ ပိုင်ဝေ့ရဲ့အတွေးက လွယ်လွယ်ကူကူပဲ ဖတ်လိုက်သည်။ နောက်ပြီးတော့ ကောင်းသောအရာကို အရေးကြီးတဲ့လူဆီ ပြန်ပြီးပြောပြသင့်သည်လေ။

"ငါ အကုန်လုံး မသိချင်ပါဘူး" အကယ်၍ 001 မပြောပြရင်တောင်မှ လင်းဇီရှန်း ဇာတ်လိုက်မဘာတွေးနေလဲဆိုတာ ကောင်းကောင်းခန့်မှန်းနိုင်သည်။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို စိတ်ရှုပ်မခံပေ။

[…] ကျနော် တာ့ရမ် Host နောက်နေတာကို ရီပေးရမှာလားဟင်။

……………

ညနေကျတော့ လင်းဇီရှန်း အစောကြီးကတည်းက ပြင်ဆင်ထားသည့် အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။ ထို့နောက် ကိုယ့်ကိုယ်ကို မှန်ထဲမှာပြန်ကြည့်လိုက်သည်။ ဒီဇိုင်းကာလာအနေအထားက သူ့ကိုစိတ်ကျေနပ်မှုဖြစ်စေ၏။ 001 က လင်းဇီရှန်းကို ဘေးကနေကြည့်နေပြီး စိတ်လှုပ်ရှားစွာဖြင့် လေထဲတွင် တဖျတ်ဖျတ် ပျံနေတော့သည်။ တာ့ရမ် host က မနက်တုန်းကဆိုရင် လုံးဝ နတ်ဘုရားတစ်ပါး!! အခုကျတော့ စစ်မှန်တဲ့အတုမရှိနတ်ဘုရား အဆင့်ပဲ!!!

အဖြူရောင်ဝတ်စုံပြည့်ဝတ်ထားသည့် လင်းဇီရှန်းရဲ့ ပုံစံက သူများနှင့်မတူသည့် ခံစားချက်တစ်ခုကိုပေးနေသည်။ သူ့ရဲ့ ရေခဲအော်ရာက အရမ်းအေးစိမ့်နေပြီး အနီးနားမှာရှိတဲ့လူတိုင်း ခဲသွားမတတ်ပင်။ အခုတခါ ငွေမှင်ရောင်suit ကိုထပ်ဝတ်လိုက်တော့ မြင်တဲ့သူတိုင်း ကြောက်ရွံ့ရိုသေစေ ဆိုသည့်အရှိန်အဝါဘက်သို့ ထပ်ပြောင်းသွားသည်။ ထိုမျှတင် မပြီးသေး။ အနည်းငယ်ရှုပ်ပွနေတဲ့ဆံပင်ပုံစံက လွတ်လပ်မှု နဲ့ ပွင့်လင်းမှု အရသာကို ဖော်ပြနေပြန်သည်။ သတိရှိခြင်းနဲ့ ပွင့်လင်းခြင်းကို လူတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ သဟဇာတဖြစ်သည်ဟု ခံစားမိခြင်းက ထိုသူက အမှန်တရားဘက်တော်သားဖြစ်သည်ဟူသော အတွေးကိုထင်ဟပ်စေသည်။

ကွက်တိကျတဲ့ဝတ်စုံက ကျစ်လစ်သည့် ခါးတစ်လျှောက်တွင် ကပ်လျက်ရှိနေသည်။ တစ်ယောက်ယောက်ကသာ ထိုပုံအတိုင်းဝတ်ဆင်လိုက်ပါက မြင်တဲ့သူတိုင်း အော့အန်မိလိမ့်မည်။ ဒါပေမဲ့ လင်းဇီးရှန်းအတွက်ကတော့ ထိုသို့ဝတ်စားခြင်းက အလွန်ပင်လိုက်ဖက်မှုရှိလှသည်။ သူ့ရဲ့အနည်းငယ် ကျစ်လျစ်သည့်ခါးက ရှိရင်းစွဲရေခဲအော်ရာတွေကို ပိုအားကောင်းအောင် ကူညီထောက်ပံ့ပေးနေသယောင်။

"ဘယ်လိုနေလဲ"

လေထဲ အချိန်မရွေးပစ်လဲကျတော့မည့် 001 အား လင်းဇီရှန်း မျက်ခုံးပင့်ကာကြည့်ရင်း မေးလိုက်၏။

[နတ်...နတ်ဘုရားပဲဗျာ...]

"အားရှန်း —" လင်းဇီရှန်းဟာ 001 ကိုဆက်ပြီး စနောက်ချင်နေတုန်းမှာပဲ အောက်ထပ်ကလာတဲ့ ပိုင့်ဝေ့အသံကိုကြားလိုက်ရသည်။ သူမက အသံမြင့်ပြီးအော်ခေါ်နေသည့်တိုင် မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေတုန်းပင်။ သူမ ဘယ်လိုနည်းလမ်းနဲ့ အသံကိုထိန်းထားလဲဆိုတာ တကယ်မသိတော့ပေ။ အကယ်၍ အခုသာအောက်ထပ်ကို သူ မဆင်းသွားပါက  ပိုင်ဝေ့ကအောက်ထပ်မှာ သူကပဲသူမကိုလမ်းခွဲလိုက်သလို မျက်နှာပေးနဲ့ မျက်ရည်အရွဲသားဖြင့် ထိုင်စောင့်နေလိမ့်မည်။ စိတ်ရှုပ်မခံနိုင်သည့်အဆုံး လင်းဇီရှန်း အောက်ထပ်ကိုဆင်းလာလိုက်ပြီး သူ့အတွက် သူ့မိသားစုကနေ ပို့ပေးထားသည့် ကားထဲသို့ ပိုင်ဝေ့နဲ့အတူတူဝင်ထိုင်လိုက်သည်။ ကားရဲ့ဦးတည်ချက်ကတော့ စုမော့မွေးနေ့ပါတီ ကျင်းပရာနေရာသို့။ ပါတီသို့ရောက်သည်နှင့် ပိုင်ဝေ့က သူ့ကိုကျော်ပြီး နေရာတိုင်းမှာ စုမော့ကို ရှာပုံတော်ဖွင့်တော့၏။

"001 ... အရင်လင်းဇီရှန်းက ပိုင်ဝေ့ကို ဘာလို့ချစ်ခဲ့တာလဲတဲ့။  သူမရဲ့တစ်ခုတည်းသော focus ကစုမော့ဆိုတာ ဦးနှောက်ရှိတဲ့လူတိုင်းသိတယ်"

အရင်ခန္ဓာကိုယ်က စဉ်းစားတတ်ပြီး ဉာဏ်ကောင်းတဲ့သူပဲဟာ...
ဘာလို့များ ရူးကြောင်ကြောင် အလုပ်ကိုလုပ်ခဲ့တာလဲမသိ။

[ဖြစ်နိုင်ချေကတော့ဗျာ...ဇာတ်လိုက်မရဲ့ ကြာပန်းဖြူအရှိန်အဝါထဲမှာ ကျဆုံးသွားတာနေမှာ။ အာ့ကြောင့် ဘာမှမစဉ်းစားနိုင်တော့ပဲ ချစ်မိသွားတာနေမှာပေါ့]

ထိုအဖြေကို လင်းဇီရှန်း တော်တော်လေး သဘောကျမိသည်။ အရင်ခန္ဓာကိုယ်ပိုင်ရှင်မှာ ဦးနှောက်နဲ့ပတ်သက်ပြီး ပြဿနာမရှိပေမယ့်လည်း အခြားအရာတွေက သူ့ကိုလွှမ်းမိုးလိုက်နိုင်ခဲ့တာပဲ။ လင်းဇီရှန်း သူ့ရဲ့စမ်းသပ်ချက်ကို ဘယ်လိုပြီးအောင်လုပ်ရမလဲဆိုတာ တွေးနေတုန်းမှာပဲ ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ဆူဆူညံညံဖြစ်လာသည်။ သူခေါင်းမော့ကြည့်လိုက်တော့ စုမော့ဟာ ဒုတိယထပ်က ပင်မလှေကားကြီးကနေ ဖြေးဖြေးချင်းလျှောက်ပြီး ဆင်းလာသည်ကိုတွေ့လိုက်ရသည်။

ပြင်သစ် ဘာဂန်ဒီဝိုင်နီရောင် suitကို အဖြူရောင်ရှပ်အင်္ကျီနဲ့အတူ တွဲဝတ်ထား၏။ အဖြူရောင်ရှပ်အင်္ကျီတွင် ကော်လံထိရောက်အောင် ကြယ်သီးများကို အစေ့တပ်ထားပြီး အနက်ရောင်လည်စည်းကိုလည်း ဝတ်ဆင်ထားသည်။ သူ့ရဲ့ရှုပ်ပွနေကျဆံပင်ကို အနောက်လှန်ပြီး အသေးစိတ်ဖြီးချထားသည်။ သူ့ရဲ့ ခိုင်မာတဲ့ခြေလှမ်းနဲ့ ပုံပန်းသွင်ပြင်က လူတိုင်းကို စိတ်ချုပ်ထိန်းနိုင်စွမ်း ကင်းမဲ့စေ၏။ ထို့အပြင် သူ့ရဲ့ခန္ဓာကိုယ်က သူ့ရဲ့တဏှာရာဂကြီးမားတဲ့စိတ်ကို ဖုံးကွယ်မထားပေ။ ဘယ်လိုပုံနဲ့သွားတူနေလဲဆိုတော့ ဒေါင်းထီးတစ်ကောင်က သူ့ရဲ့အမြီးကို ခပ်သွက်သွက်ဖြန့်ပြီး ဆန့်ကျင်ဘက်လိင်တွေအားလုံး သူ့ရဲ့ခန္ဓာကိုယ်အပေါ် ကြွေဆင်းအောင်လုပ်နေသည်နဲ့ တူနေ၏။

ထိုအခိုက်အတန့်မှာပဲ လင်းဇီရှန်းဟာ စုမော့နဲ့ အကြည့်ချင်းဆုံသွားသည်။ ရုတ်ချည်းဆိုသလိုပဲ စုမော့ရဲ့ မျက်နှာသေရုပ်တွင် ကွေးနေအောင်ပြုံးလိုက်သည့် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူ့လက်ထဲက ဖန်ခွက်ကိုမြှောက်ပြရင်း လက်ဟန်ဖြင့် အတူတူသောက်ဖို့ဖိတ်ခေါ်သည့် အမူအယာပြုလိုက်သည်က လူတိုင်းကို ထိတ်လန့်စေပြီး ဆွံ့အသွားလေ၏။ ဒီ သခင်လေးစုက အခြားလူတွေနဲ့ တရင်းတနှီးမနေဘူးလေ။ အခြားလူတစ်ယောက်ကို သူ့ဘက်ကအရင်စပြီး အတူတူသောက်ဖို့ပြောဖို့ဆိုဝေး။ တစ်ယောက်ယောက်က သူနဲ့အတူတူသောက်နေခဲ့ရင်တောင်မှ ဒီလိုမျက်နှာပုံလုပ်တာမျိုးကို လုံးဝမမြင်ဘူးပါနော်။ ဒါပေမဲ့ ဒီနေ့ကျတော့... တစ်ယောက်ယောက်ကို သခင်လေးစုက အရင်စသောက်ဖို့ခေါ်လိုက်တယ်! ဒါကြီးက.......

စုမော့အကြည့်နောက်ကို ကြည့်လိုက်ကြတော့ လူတိုင်းက စုမော့ကြည့်နေသည့်လူက လင်းဇီရှန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဒီအချိန်မှာ သူ့မျက်နှာကိုမြင်တဲ့သူတိုင်း အသိစိတ်များ လွတ်ထွက်သွားလေတော့သည်။ လူငယ်လေးက သိမ်မွေ့နူးညံ့သည့်ပုံပေါ်သည်။ မိန်းကလေးတစ်ယောက်နဲ့ ယှဉ်ကြည့်လိုက်ရင်တောင် သူနဲ့ ဟွာတိုင်းကစားဖို့ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းသေးသည်။ တဆက်တည်းမှာပဲ စုမော့ရဲ့ ချက်ချင်းပဲ အနုတ်မှတ်ပြနေသည့် မျက်နှာကိုပါမြင်လိုက်ရပြန်သည်။ မပြီးမဆုံးနိုင်အောင် ပြောပြီးရင်းပြောနေကြတဲ့ သတင်းတွေထဲမှာတော့ သခင်လေးစုက ယောက်ျားတွေနဲ့လုံးဝ မကစားဘူးဆို။ ဒီနေ့ပြလိုက်တဲ့ သခင်လေးစုရဲ့သဘောထားက ထိုမျက်နှာချောချောလေးနဲ့ကောင်လေးက သူတို့လုံးဝကိုထိလို့မရသည့် အရာဖြစ်ကြောင်း ခေါင်းထဲရိုက်သွင်းထားနှင့်ပြီး ဖြစ်လေသည်။

ရုတ်တရက်ကြီး လူတိုင်းကြောက်သွားကြသည်ကို မြင်လိုက်ရတော့ စုမော့မျက်လုံးထဲ ကျေနပ်သည့်အရိပ်အယောင် ပေါ်လာတော့၏။ သူ ဒီနေ့ လင်းဇီရှန်းကို လာခွင့်ပြုလိုက်သည်ကလည်း လင်းဇီရှန်းကို ဘယ်သူမှထိလို့မရကြောင်း လူတိုင်းကိုပြောထားပြီးနှင့်လို့ပဲ ဖြစ်လေသည်။ တစ်ယောက်ယောက်ကသာ သူပြောတာကို ဆန့်ကျင်ရဲပါက သူကလည်း ထိုလူကိုလက်စသတ်ပစ်ရမည်ကို ဝန်မလေးပေ။

"သခင်လေးလင်း... ကိုယ့်ကို မင်းနဲ့အတူသောက်ဖို့ အခွင့်အရေးပေးနိုင်မလား"

သူဖြေးဖြေးလေးစလျှောက်လာတော့ လူအုပ်ကြီးဟာ လင်းဇီရှန်းဆီသွားဖို့အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။ လျှောက်လာရင်း ဝိုင်နီတစ်ခွက်ကို လှမ်းယူလိုက်ပြီး လင်းဇီရှန်းဆီ ကမ်းပေးလိုက်သည်။ ဒီမြင်ကွင်းကိုလည်းမြင်ရော ... လူအုပ်ကြီးဟာ နောက်တစ်ကြိမ် ရှော့ရသွားပြန်လေသည်။ သခင်လေးစု ကိုယ်တိုင် ဝိုင်ခွက်ကို ကမ်းပေးလိုက်တယ် အား!!! ဝိုင်အတူတူသောက်ရဖို့ မပြောနဲ့ဦး။ လိုအပ်ရင်ဖန်ခွက်ကိုတောင် ကိုက်စားပြဦးမှာ!! ဘယ်သူကများ အခုလို အရေးပေးဆက်ဆံခံရလဲတာလဲနော်?!

လင်းဇီရှန်း ဘာမှမပြောပေ။ ဝိုင်ခွက်ကိုင်ထားသည့် စုမော့လက်ကိုပဲ ကြည့်နေလိုက်သည်။ ထို့နောက် ခွက်ချင်းတိုက်လိုက်ပြီးသည်နက် တစ်ခွက်လုံး တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။

ဆေးဆိုးပန်းရိုက်မရှိတဲ့ နှုတ်ခမ်းသားပေါ် ဝိုင်နီရဲ့ညို့ဓာတ်ပြင်း အနီရောင်ကိုခြယ်လိုက်တော့ ရုတ်တရက် စုမော့တစ်ယောက် ရေဆာသွားသလိုဖြစ်သွား၏။ လင်းဇီရှန်းရဲ့နှုတ်ခမ်းကို ခုန်အုပ်ပြီးကိုက်လိုက်ဖို့ စောင့်မနေချင်တော့ပေ။

[System scan ဖတ်နေသည်]
– ပစ်မှတ် : စုမော့ (အဓိကဇာတ်လိုက်)
– အကောင်းမြင်စိတ် : 45
– မှတ်ချက် : အရသာရှိမယ့်ပုံပဲ။ တကယ်ပဲစားလိုက်ချင်တယ်။

ချက်ချင်းဆိုသလို လင်းဇီရှန်း မျက်နှာကြီး အမှောင်ဖုံးသွားတော့သည်။ နေပါဦး...စားချင်တယ်ဆိုတာကဘာကြီးလဲ?!

Continue Reading

You'll Also Like

1.4M 33.6K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
189K 11.5K 13
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
832K 69.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.3M 119K 43
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...