ကလဲ့စားFOD- Arc13 [မြန်​မာဘာသ...

By Kiley0096

336K 27.9K 1.6K

Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation... More

Chapter-13.1.1
Chapter-13.1.2
Chapter-13.2.1
Chapter-13.2.2
Chapter 13.3.1
Chapter-13.3.2
Chapter 13.4.1
Chapter 13.4.2
Chapter 13.5.1
Chapter 13.5.2
Chapter 13.6.1
Chapter 13.6.2
Chapter 13.7.1
Chapter 13.7.2
Chapter 13.7.3
Chapter 13.7.4
Chapter 13.8.1
Chapter13.8.3 (The End)
FOD ရှင်းတမ်း!!!
Notice 📣📣

Chapter 13.8.2

11.5K 1.2K 32
By Kiley0096

လုပ်​ငန်းရှင်​​တွေသာစီးနိုင်​သည့်​ ကားတစ်​စီးက ပင်​မတရားရုံး​ရှေ့ ဂိတ်​​ပေါက်​ဝသို့ ဆိုက်​​ရောက်​လာ​လေ၏၊ ကားထဲမှ လူနှစ်​​ယောက်​ဆင်းလာပြီး တရားရုံးထဲ ဝင်​သွား​လေသည်​ ... ကျိုးမားမားက​တော့ ​အေး​အေးသက်​သာအမူအယာဖြင့်​ mask အုပ်​ထားသည့်​ မိန်းက​လေးတစ်​​ယောက်​အား လက်​တွဲ၍ သူတို့​နောက်​မှပါလာ၏။ ရုံး​ရှေ့တွင်​ သတင်း​ထောက်​များ ထိုင်​၍ကြည့်​​နေကြသည်​ကို​တွေ​တော့ သူတို့်ကို ​ခေါင်းသာသာညိတ်​ပြီိး​တောင်​ နှုတ်​ဆတ်​​သေးပါ၏။

သတင်း​ထောက်​​တွေက အင်​တာဗျူးရလို့အငှါ သူတို့နား​ပြေးကပ်​ဖို့ ကြိုးစားကြ​သော်​လည်း ... များမကြာမီမှာပင်​ ကိုယ်​ရံ​တော်​များ ​ရောက်​လာပြီး သူတို့ကို ပြန်​တွန်းထုတ်​ကြ​တော့၊ ထိုအဖွဲ့တရားရုံးထဲ ဝင်​သွားသည်​ကို ထိုင်​ကြည့်​​နေရုံမှအလွဲ မရှိ​တော့​ပေ။ ဒီ​နေ့က ဖန်းကျစ်​​ဖေးရဲ့ အမှုကို စစ်​​ဆေးမည့်​​နေ့ဖြစ်​၏။

ဖန်းခွန်းဖိန်​နဲ့သူ့မယားငယ်​တို့က ထိုင်​ခုံဘယ်​ဘက်​ခြမ်း၌ ထိုင်​လျက်​ ... လက်​များကိုဆုပ်​ကိုင်​၍ ... သူတို့နဖူး​ဖြင့်​ ဖိကပ်​ထားကာ နှုတ်​မှတတွတ်​တွတ်​ရွတ်​ဆို​နေကြသည်​၊ သူတို့က ဆု​တောင်း​နေသည့်​ပုံပါပင်​။ ကျိုးမားမားက ခုံတန်းရဲ့ဘယ်​ဘက်​ခြမ်းထိ ​လျှောက်​သွားပြီး​နောက်​ အဲ့မှာ​နေရာယူလိုက်​သည်​ ... ထို့​နောက်​ ခပ်​​ထေ့​ထေ့ပြုံးပြီး ... "ဆု​တောင်း​နေလဲ အပိုပါဘဲ ... ဖန်းကျစ်​​ဖေးရဲ့အပြစ်​​တွေနား​ထောင်​ပြီး ဘုရားသခင်​ရဲ့ နား​တွေ​တောင်​ ညစ်​နွမ်းသွားအုံးမယ်​"

"ရှင်​ တရားလွန်​​နေပြီ​နော်​!" မယားငယ်​သည် မျက်​ရည်​များ တရ​ဟောထွက်​ကျလာ​တော့၏။

ဖန်းခွန်းဖိန်​သည်​ ကြက်​မကြီးမှ ကာကွယ်​အုပ်​ထားသလို သူမအားဖက်​ထား​ပေး​လေသည်​၊ အဲ့ဒီ​နောက်​သူသည်​ ကျိုးယွင်​ရှန့်​ရဲ့ ပျင်းတိပျင်းရွဲ့ အမူအရာအား ခပ်​စူးစူးကြည့်​၍ အသံမာမာဖြင့်​ ​ပြော​လေ၏။ "ဖန်းကျစ်​​ဖေးက ငါကို​ပြောတယ်​ ... အဲ့အသံဖိုင်​က မင်းငှါးထားတဲ့ ဟက်​ကာက ဖန်​တီးထားတဲ့ဟာတဲ့ ... အဲ့တာလိမ်​ဆင်​ကြီး ... ရဲ​တွေ ဘယ်​လုံးမှ စုံစမ်းလို့မရ​အောင်​ လုပ်​ထားတာတဲ့. ငါ ရဲကို ဒီအ​ကြောင်း ​ပြောလိုက်​တာနက်​ သူလွတ်​မှာပဲ!"

"ဟုတ်​ပြီ​လေ ... အဲ့တာဆိုလည်း သူ အပြစ်​မရှိ​ကြောင်း အမိန့်​ချ ပြီး လွတ်​လာမှ ကျ​နော်​တို့ ဆက်​​ပြောကြတာ​ပေါ့" ကျိုးယွင်​ရှန့်​သည်​ ဖန်းခွန်းဖိန်​ဘက်​သို့ ​လျှောက်​သွားပြီး ... ဂရုဏာသက်​စွာကြည့်​လျက်​ ... ဤသို့ ပီပီသသ/ပြတ်​ပြတ်​သားသားကြီး ဆို​လေသည်​။ "တကယ်​​တော့​လေ ... ဖန်းကျစ်​​ဖေးက ဘယ်​လိုလူစားမျိုးဆိုတာ သူများ​တွေထက်​ ခင်​ဗျားက ပိုသိပါတယ်​. သူ မုန့်​ဝမ်​နဲ့ကျ​နော့်​ကို ​ထောင်​ဖမ်းတာ​တွေကအစ ... သူဘာ​တွေလုပ်​​နေမှန်း ခင်​ဗျားသိ​နေသားပဲကို ... အဲ့တာမို့ ကျ​နော်​လွတ်​လာတုန်းက​တောင်​ ခင်​ဗျား အရမ်းလန့်​သွား​သေးတယ်​​လေ. ဖန်းကျစ်​​ဖေးကမှ ခင်​ဗျားတစ်​ဦးတည်း​သော သား​လေး​လေ ... ခင်​ဗျား ကျ​နော့ကိုဆို ဂရုစိုက်​ဖို့ ​နေ​နေသာသာ ... ကျ​နော့်​မြင်​တိုင်း ရွံရှာ​နေ​သေးတာ. ဒါ​ပေမယ့်​​လေ ... ကျ​နော်​ ခင်​ဗျားကို ​ကျေးဇူး​တော့ တင်​မိသား"

လူချမ်းသာ​တွေရဲ့ ဒရမ်​မာဇာတ်​​ကြောင်းကို ကြည့်​ချင်​လာကြသည့်​ သူများလည်း သူ့ရဲ့ထိုစကားအ​ရောက်​တွင်​​တော့ အထူးတလည်​ စိတ်​ဝင်​စားမိကြ၏၊ ဒါမို့ သူတို့နားရွက်​များကို ငွားငွားစွင့်​စွင့်​ ​ထောင်​ကားထားကြ​လေသည်​။

"ကျိုးမိသားစုအတွင်းက ခင်​ဗျားရဲ့သူ​တော်​​ကောင်းဇာတ်​လမ်း​ကိုဘဲ ​ကျေးဇူးတင်​ရမယ်​. ကျ​နော့်​​ရှေ့မှာ ခင်​ဗျားက ရိုးသားပြီး ကိုယ်​ကျိုးမငဲ့တဲ့ ပါရမီရှင်​​လေးအဖြစ်​ အမြဲတမ်း​နေ​ပြ​တော့ ... ကြင်​နာသတရားတတ်​တဲ့ လူ​ကောင်းပုံစံက မသိမသာကျ​နော့အ​ပေါ် လွှမ်းမိုးသွားတယ်​ ထင်​ပါရဲ့၊ ဘယ်​ဟာက လုပ်​သင့်​တယ်​ ... မလုပ်​သင့်​ဖူးဆိုတာကို ကျ​နော်​သိလာတယ်​၊ အကူအညီလိုအပ်​တဲ့သူရှိရင်​လည်း ကျ​နော်​ ဘယ်​လိုလက်​ကမ်းရတယ်​ ဆိုတာနဲ့ပတ်​သတ်​ပြီးလည်း သိလာရတယ်​"

"ခင်​ဗျားအမြဲ​ပြောတာရှိပါရဲ့၊ ဘာတဲ့ ... အ​ကောင်းဆုံးသင်​ယူတဲ့နည်းလမ်းက လူတစ်​​ယောက်​ရဲ့ စကားလုံး​တွေနဲ့ အပြုအမူ​တွေကို စံနမူနာထားတာပဲတဲ့ ... ကျ​နော့်​​တော့ အဲ့စကားက အရမ်းအဓိပ္ပါယ်​ရှိတယ်​လို့ ထင်​မိတယ်​. ခင်​ဗျားရဲ့ ​တိတ်​တိတ်​ပုန်းမိသားစုနဲ့​တွေ့တဲ့အခါ ... ခင်​ဗျားအ​နေနဲ့ ကိုယ့်​ကိုယ်​ကို ဟန်​​ဆောင်​ထားစရာမလို​ဘဲ ... ခင်​ဗျားရဲ့မျက်​နှာအမှန်​ကို ​အေး​အေးသက်​သာ ချွတ်​ပြလို့ရ​နေတယ်​​လေ ... အဲ့​တော့ ဖန်းကျစ်​​ဖေးက ခင်​ဗျား​ခြေရာလိုက်​နင်းသူ ဖြစ်​လာရတယ်​. သူက ကျ​နော့်​အ​ရှေ့မှာ မချ ပြနိုင်​တဲ့ ခင်​ဗျားရဲ့တဘက်​က ​မှောင်​မိုက်​ဆိုးယုတ်​တဲ့ စိတ်​ဓာတ်​ အမူအကျင့်​အားလုံးကို အ​မွေဆက်​ခံဖြစ်​သွားတယ်​. ဖန်းကျစ်​​ဖေး ဒီ​နေ့လိုဖြစ်​လာရတဲ့ အဓိကတရားခံက တခြားဘယ်​သူမှမဟုတ်​ဘူး ... ခင်​ဗျားဘဲ. ခင်​ဗျားက သားနှစ်​​ယောက်​ကို မတူတဲ့နည်းလမ်းနှစ်​မျိုးနဲ့ ခြားနားစွာပျိုး​ထောင်​ခဲ့တာ ... ဒါမို့ ကွဲပြားတဲ့ အဆုံးသတ်​နှစ်​ခုဖြစ်​သွားတာပဲ. ခင်​ဗျားဘာသာ ပြန်​ဆန်းစစ်​ကြည့်​ပါအုံး?"

သူသည်​ ခဏမျှ ရပ်​တန့်​လိုက်​ပြီး​နောက်​ စိတ်​အရင်းအမှန်​အတိုင်း ​ပြော​လေ၏၊ "ဒါမို့​လေ ... ကျ​နော့်​ကို ခင်​ဗျားရဲ့​ကောင်းတဲ့အခြမ်းဘက်​ချည်းဘဲ ပြသ​ပေးခဲ့အတွက်​ ကျ​နော်​​ကျေးဇူးအထူးတင်​ပါတယ်​လို့ ... ဒါက ကျ​နော့်​အတွက်​ ခင်​ဗျား​ပေးခဲ့တဲ့ အ​ကောင်းဆုံးလက်​​ဆောင်​ပါဘဲ" ဒီစကား​တွေ ​ပြောပြီး​နောက်​မှာ​တော့ ... ​ယောင်​​ယောင်​မျှ ဦးညွှတ်​လိုက်​ပြီး ... ခုံတန်း၏ ဘယ်​ဘက်​ခြမ်းတွင်​ ပြန်​သွားထိုင်​​လေသည်​ ... သူ့အပြုအမူ​တွေက ပိုကာတင့်​တယ်​​ကြော့ရှင်းလှပါဘိ။

ကျိုးမားမားမျက်​ဝန်းတို့တွင်​ မျက်​ရည်​များ အိုင်​ထွန်းလာ၏ ... သူမက သူ့သားန​ဘေးတွင်​ ငြိမ်​ငြိမ်​သက်​သက်​​နေ၍ သူ့သား​ကျောကုန်​ကို အား​ပေးနှစ်​သိမ့်​သည့်​သဖွယ်​ ခပ်​ဖွဖွပုတ်​​ပေးသည်​။

ထိုအချိန်​တွင်​ ... တရားသူကြီးကလည်း စင်​မြင့်​ထက်​ထိုင်​​နေပြီ ဖြစ်​လျက်​၊ စုံစမ်းစစ်​​ဆေး​ရေးမှုးများ(တရားလိုဘက်​​ရှေ့​နေ၊အစိုးရ​ရှေ့​နေ၊စွဲချ​ရှေ့​နေ) နဲ့ ခုံခံသူ​ရှေ့​နေ(တဘက်​​ရှေ့​နေ၊တရားခံ​ရှေ့​နေ)တို့လည်း သူတို့၏​နေရာအသီးသီးတွင်​ ရှိ​နေ​၍၊ ခုံတန်းရှည်​များတွင်​လည်း လူများပြည့်​​နေ​လေရာ။ ထိုသူတို့သည်​ ဤစကားများကြား​လိုက်​ရ၏၊ စုံစမ်းစစ်​​ဆေး​ရေးမှုးများမှ စတင်​၍ လက်​အုပ်​သြဘာ​ပေးလာ၏၊ သူတို့အမူအရာက သ​ဘောကျသွားမှုမျဖြင့်​။

တရားသူကြီးမင်းလည်း ကျိုးယွင်​ရှန့်​ရဲ့ ရိုး​ဖြောင့်​မှုအ​ပေါ် စိတ်​ထဲမှကျိတ်​၍ အမှတ်​​ပေးလိုက်​​ပေမယ့်​၊ လူအုပ်​အား ငြိမ်​သက်​ဖို့ သူ့ mallet ကို ထုပြရ​သေး၏။

ဖန်းခွန်းဖိန်​သည်​ သူ့မယားငယ်​က သူ့အင်္ကျီလက်​ကို မဆွဲမချင်း ... ထို​နေရာမှပင်​ မလှုပ်​မယှက်​​တောင့်​​တောင့်​ကြီး မတ်​တပ်​ရပ်​လျက်​​ပေ၊ ​နောက်​မှပင်​ သူသည်​ အရုပ်​ကြိုးပျက်​ ထိုင်​မိသွားသည်​။ ကျိုးမိသားစုတုန်းရှိ သူ့ပုံသူ ပြန်​​တွေးမိ၏ ... သိက္ခာ​တော်​ရပညာရှိတစ်​​ယောက်​အကြီးအဖြစ်​ သူက အမြဲတမ်းဟန်​​ဆောင်​​နေရသည်​၊ ပြီး​တော့ သူက ကျိုးယွင်​ရှန့်​ကို အပြစ်​​သေး​သေး​လေးလုပ်​ရင်​​တောင်​မှ ပြင်းပြင်းထန်​ထန်​အပြစ်​​ပေး​လေ့ရှိပြီး ... တခါတရံဆို ရိုက်​နှက်​သည့်​အထိ​တောင်​ ဆုံးမတတ်​၏။ က​လေးငယ်​ရဲ့ အကျင့်​စာရိတ္တ​ကောင်းမွန်​လာ​အောင်​ဆိုပြီး ရည်​ရွယ်​၍ အပြစ်​​ပေးသည့်​မဟုတ်​ဘဲ ... သူ့ရဲ့ဒုက္ခ​ရောက်​သည့်​ အသွင်​သဏ္ဌာန်​အား မြင်​ချင်​လို့သာဖြစ်​သည်​။

သို့​သော်​ငြား သူ့ဒုတိယ​မြောက်​အိမ်​ကို သူဘယ်​အချိန်​သွားသွား ... သူ လုံးဝကို စိတ်​သက်​သာရာရမိတယ်​၊ သူ့​ဒေါသနဲ့ မ​ကျေနပ်​မှုတို့ကို စိတ်​ထွက်​​ပေါက်​အဖြစ်​ ... စကားလုံးကာလာအဖြာဖြာဖြင့်​ပင်​ ကျိုးထန်​နဲ့ကျိုးမားမားကို ဆဲ​ရေးတိုင်းထွာ​သေး၏။ ပြီး​တော့ သူ့သားအား လိုချင်​တာဆို မည်​သည့်​နည်းဖြင့်​မဆို ရ​အောင်​ယူသင့်​​ကြောင်း အနီးကပ်​လက်​ချာ​ပေး​သေးသည်​။

သူ့ရဲ့သွန်​သင်​ဆုံးမ​တဲ့ နည်းလမ်း​တွေ​ကြောင့်​ သူ့သားနှစ်​​ယောက်​အ​ပေါ် ဘယ်​လို​တောင်​ အပြုအမူ​တွေကွဲပြား​စေသည်​ကို ... သူ​တွေးမထင်​မိခဲ့​ပေ။ တစ်​ခဏ၌ ... သူသည်​ အိပ်​မက်​ရှည်​မက်​​နေရာမှ ရုတ်​တရက်​လန့်​နိုးသွားသလို ခံစားလိုက်​ရ၏။ သူ့ရဲ့အမှန်​တရား ဘက်​​တော်​သားအခြမ်းဖြင့်​ ကျိုးယွင်​ရှန့်​အား နှိပ်​စက်​ကာ ဥ​ပေက္ခာပြု ခြင်းက ရှန့်အား လမ်း​ကြောင်းမှန်​​ပေါ်သို့ တွန်းပို့သလိုဖြစ်​သွား​စေ၍ ... တဖက်​က ဖန်းကျစ်​​ဖေးအ​ပေါ် သူ့ရဲ့အလိုလိုက်​အကြိုက်​​ဆောင်​ခြင်းက ကျစ်​​ဖေးအား အသူရာ​ချောက်​နက်​ထဲသို့ တွန်းပို့ခြင်း၏ လမ်းစဖြစ်​သွားသည်​။

ဖန်းကျစ်​​ဖေးကို တကယ်​ထိခိုက်​​စေသူက သူကိုယ်​တိုင်​ ဖြစ်​​နေပါ​ရော့လား! ​ကျောင်းဆရာ ... သူလိုလူတစ်​​ယောက်​က ​ကျောင်းဆရာဖြစ်​ဖို့ ဘယ်​လိုလုပ်​ပီး ထိုက်​တန်​ပါ့မလဲ? ဖန်းခွန်းဖိန်​တစ်​​ယောက်​ ​နေရာမှာတင်​ ​မေ့လဲမသွား​စေဖို့ သူ့ကိုယ်​သူ ခပ်​ပြင်းပြင်းဆွဲဆိတ်​ထားရ၏။ သူ့မျက်​နှာအမူအရာက စိတ်​မချမ်းသာချင်​စရာ​ပေ ... သူ့ဆံပင်​များသည်​​တောင် ဖြူ ​ဖွေးသွားသလိုပင်​၊ ခဏအတွင်းပင်း ဆယ်​နှစ်​​ကျော်​မျှ အိုစာသွား၏။

"အဆင်​​ပြေသွားမှာပါ ... အဲ့အသံဖိုင်​ကအတုလို့ ဖန်းကျစ်​​ဖေး​ပြောထားသားပဲ. ရဲ​တွေ စစ်​​ဆေးလိုက်​ရင်​ ​ပေါ်သွားမှာဘဲ ... အဲ့တာ​ကြောင့်​ ကျမတို့ အမှုနိုင်​မှာ ကျိန်း​သေတယ်​" မယားငယ်​က သူ့​ကျောပြင်​ ပုတ်​ကာ နှစ်​သိမ့်​​ပေးသည်​။

ဖန်းကျစ်​​ဖေးကို အ​စောင့်​အကြပ်​တို့်​က လက်​ထိပ်​တန်းလန်းဖြင့်​ ခုခံကာကွယ်​သူထိုင်​ခုံဘက်​သို့ ပို့​ဆောင်​​ပေး၏၊ သူအရင်​ဆုံးကြည့်​ဖြစ်​သည်​က သူ့အ​မေနှင့်​ဖန်းခွန်းဖိန်​ပင်​ ... ပြီး​တော့မှ ကျိုးယွင်​ရှန့်​နဲ့ကျိုးမားမားတို့ဘက်​သို့ မီးဝင်း​တောက်​​တောက်​မျက်​လုံးများဖြင့်​ စိန်းစိန်းဝါးဝါးကြည့်​​လေသည်​။ သူ ဒီကိစ္စအား သူ့​ရှေ့​နေနဲ့​ဆွေး​နွေးပြီးသားပါ ... သူတို့​တွေ ထိုအသံဖိုင်​ကို နိုင်​ငံတွင်းရှိ အ​တော်​ဆုံးမှုခင်း​ဆေးပညာ ဓာတ်​ခွဲခန်းပို့ပြီး စမ်းသပ်​ကြည့်​ခိုင်းသည်​။ ၎င်းတွင်​သာ ပြု ပြင်​ဖန်​တီးထားတဲ့ လက်​စ,လက်​န တစ်​စုံတစ်​ရာ​ရှိမယ်​ဆိုရင်​ ... ၎င်းက အ​တွေ့အကြုံရင့်​သည့်​ ဝန်​ထမ်းများ၏ စစ်​​ဆေးခြင်းတွင်​ မ​ပေါ်နိုင်​စရာ အ​ကြောင်းမရှိ​ပေ။

တကယ်​ရှိရင်​လဲ ... သူ မသိဘဲ​နေမလား? အသံဖိုင်​သက်​​သေက အဆင်​​ပြေသွားတယ်​ဆိုငြား ... ဗီဒီယိုကိစ္စက သူ့အပြစ်​မရှိ​ကြောင်း​ပြောဖို့ရာ မလုံ​လောက်​​လေ​တော့ ... သူက မုန့်​ဝမ်​​ပေါ်သို့ ထိုကိစ္စအားလုံးကို လွှဲချလိုက်​ဖို့သာ ရှိ​တော့သည်​။

စုံစမ်းစစ်​​ဆေး​ရေးမှုးနဲ့ ခုခံ​ရှေ့​နေတို့ တ​ယောက်​ချင်းစီ ထွက်​ဆိုလာကြပြီး ... သက်​​သေများလည်း ထူတ်​ပြလာကြသည်​။ အသံဖိုင်​နှစ်​ခုက ရုံး​တော်​တွင်​ တင်​ပြ​သော သက်​​သေအ​ထောက်​အထားများအဖြစ်​ အကျုံးဝင်​​နေ​သေးသည်​ကို မြင်​လိုက်​ရ​တော့ ဖန်းကျစ်​​ဖေးတစ်​​ယောက်​ ​အေးခဲသွား၏ ... ၎င်းတို့အား အတုမို့ ဖယ်​ချလိုက်​တယ်​ မဟုတ်​ဖူးလား။ ဘယ်​လိုလုပ်​ ဒီမှာရှိ​နေတာလဲ?

"ကျ​နော်​ ငြင်းဆိုပါတယ်​! ဒီအသံဖိုင်​က အတုကြီးပါ! ကျိုးယွင်​ရှန့်​က ဟက်​ကာတစ်​​ယောက်​ကို ငှါးပြီး ဖန်​တီးခိုင်းထားတာပါ! ကျ​နော်​ ဒီစကား​တွေ တခါမှ မ​ပြောဖူးပါဘူး!"

စုံစမ်းစစ်​​ဆေး​ရေးမှုးမှ ထိုအသံဖိုင်​တို့အား ဓာတ်​ခွဲခန်းများစွာတွင်​ စစ်​​ဆေးထားသည့်​ အ​ဖြေများနှင့်​ ထိုစစ်​​ဆေးခြင်းတို့ မှန်​ကန်​​ကြောင်း ​ထောက်​ခံချက်​ပါတဲ့ စာရွက်​စာတမ်းတို့အား ထုတ်​ပြလာ၏၊ တရားသူကြီးက ထိုစာရွက်​စာတမ်းများအားကြည့်​ပြီး​နောက်​ ငြင်းဆိုချက်​ကို ပျက်​ပြယ်​​စေသည်​။ အဲ့သည့်​​နောက်​ ... မုန့်​ဝမ်​ကို ​ခေါ်ဆို၍ သူမကို ဤအသံဖိုင်​ကိစ္စအား သက်​​သေထူ​စေ၏၊ သူမက ဟုတ်​မှန်​​ကြောင်း ထွက်​ဆိုပြီး သူမသည်​ တရားပြိုင်​ရဲ့ စကားတို့အား မယုံကြည်​၍ အသံဖမ်းခဲ့ခြင်းဖြစ်​​ကြောင်း ​ပြောဆိုလာသည်​။

"မုန့်​ဝမ်​ ... ဘာ​သောက်​စကား​တွေ ​ပြော​နေတာလဲ?! မင်းအမကို မစဉ်းစား​တော့ဖူးလား?" ဖန်းကျစ်​​ဖေးသည်​ စိတ်​လွှတ်​ထွက်​သွား၏၊ သူ့ခြိမ်း​ခြောက်​စကားတို့ကို တရားရုံးတစ်​ခုလုံးကြားသွားလျက်​ ... တရားသူကြီးမင်းဆိုရင်​​တော့ ​ပြော​နေစရာမလို​တော့​ပေ။

မုန့်​ဝမ်​သည်​ သူ့အားမဲ့ပြုံးပြုံးပြလျက်​ ... ထို့​နောက်​ ကျိုးမားမား​ဘေးတွင်​ ထိုင်​​နေသည့်​ mask အုပ်​ထားတဲ့ မိန်းက​လေးအား လက်​​ဝေ့ယမ်းပြ၏။ သူမ အခုချိန်​မှာ ဖန်းမိသားစုကိုယုံတာထက်​ ကျိုးအိမ်​ရဲ့သမာဓိဂုဏ်​သိက္ခာကို ပိုပြီး​တော့ ယုံကြည်​​နေမိပါသည်​၊ ထို့​ကြောင့်​ ကျိုးမားမားမှ သူမကိုဆက်​သွယ်​လာတဲ့အခါ ... သူမ ထို့အတိုင်းလုပ်​​​ပေးဖို့ သ​ဘောတူလိုက်​သည်​။ ဒါအပြင်​ စုံစမ်းစစ်​​ဆေး​ရေးမှုးကလည်း သူမသာ ဖန်းကျစ်​​ဖေးကို ဆန့်​ကျင်၍ သက်​သက်​ထွက်​ဆို​ပေးမယ်​ဆိုရင်​ ... သူမ၏​ထောင်​ဒဏ်​အား ​လျော့ချ​ပေးမယ်​ဟု ကတိ​ပေးလာ​သောအခါ ... ဘာလို့ လက်​မခံနိုင်​ရမည်​နည်း? ဖန်းကျစ်​​ဖေး​ကြောင့်​သာ မဟုတ်​ရင်​ ... သူမသည်​ ယ​နေ့လိုအ​ခြေအ​နေမျိုး ကျ​ရောက်​လာမည်​ မဟုတ်​​ပေ။

ဖန်းကျစ်​​ဖေးသည်​ ​နောက်​မှ ... ဆံပင်​အ​ကောက်​နဲ့ မိန်းမငယ်​အား သတိထားမိသွားသည်​၊ သူတို့ဘက်အား နာနာကျည်းကျည်းကို ကြည့်​မိလျက်​ ... ပြီး​တော့ ရုတ်​တရက်​ကြီး အရမ်းကို​ခြေကုန်​လက်​ပမ်းကျ​သွားပြီး ထိုင်​ခုံ​ပေါ်သို့ ပုံလျက်​သားကျသွား​လေ​တော့သည်​။

________________^_^________________

Burmese translation of Quickly wear the face of the devil (快穿之打脸狂魔) Arc-13

translator by Kiley0096



*ဒါနဲ့​လေ ဟွာအ​နော်​ Law အ​ကြောင်း ​ရေးထားတာတမျိုးများဖြစ်​ရင်​ ​ပြောကြပါ​နော်​ ... chu>3

*​နောက်​ပီး mallet က ​လေ ... တူ,ပါ​နော်​ တရားသူကြီးကိုင်​တဲ့ဟာပါ လက်​ကိုင်​တုတ်​ အမိန့်​ချတဲ့အခါထုရတာ ... မီယမ်​မာလို​ပြောရတာ ခက်​လို့ mallet လိုဘဲ ​ရေးလိုက်​ပါတယ်​ ... အဆင်​​ပြေတဲ့​ခေါ်နည်း​လေးရှိရင်​ ... လာ​ပြောပါ ပြင်​​ပေးမယ်

Continue Reading

You'll Also Like

922K 111K 64
F ယူနီဗာစီတီ ရဲ့ စွဲ​ဆောင်​မှု အရှိဆုံး ​ယောကျာ်း နှစ်​​ယောက်​.... ၀မ်​ကွမ်းနင်​ နဲ့ ကျန်းလင်​ရိ ထိုလူငယ်​ နှစ်​ဦးမှာ မည်​သည့်​ကိစ္စတွင်​မဆို သူနို...
109K 18.3K 89
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
389K 58.9K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
767K 124K 61
Type - Web Novel Title - Wife, Children and Warm Bed (老婆孩子热炕头/ 灰大叔与混血王子) Author - Shui Qian Cheng (水千丞) Genre - Adult, Drama, Romance, Mature,Yaoi St...