ကလဲ့စားFOD- Arc13 [မြန်​မာဘာသ...

By Kiley0096

336K 27.9K 1.6K

Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation... More

Chapter-13.1.1
Chapter-13.1.2
Chapter-13.2.1
Chapter-13.2.2
Chapter 13.3.1
Chapter-13.3.2
Chapter 13.4.1
Chapter 13.4.2
Chapter 13.5.1
Chapter 13.5.2
Chapter 13.6.1
Chapter 13.6.2
Chapter 13.7.1
Chapter 13.7.2
Chapter 13.7.3
Chapter 13.7.4
Chapter 13.8.2
Chapter13.8.3 (The End)
FOD ရှင်းတမ်း!!!
Notice 📣📣

Chapter 13.8.1

10.8K 1.2K 23
By Kiley0096

သိပ်​မကြာခင်​မှာပဲ ... Tengda စီအီးအို ဖန်းကျစ်​​ဖေး အဖမ်းခံရတဲ့ဆိုသည့်​သတင်းက နာမည်​ကြီး ဆိုရှယ်​မီဒီယာများနှင့်​ စီးပွား​ရေးသတင်းများတွင်​ ပျံ့နှံ့သွား​တော့သည်​။ 'Magic World'ရဲ့ အရင်​ကနာမည်​ကြီးမှုရယ်​ ... မုန့်​ဝမ်​ ဒီဇိုင်းဆုရ​တော့ လုထု​ရှေ့ချပြတဲ့ pink moment(ရိုပြသည်​)​တွေ​ကြောင့်​​ရော ... ပြီး​တော့ ထိုသူနှစ်​​ယောက်​ရဲ့ ​​အောက်​​ခြေမှ ဟိုးအမြင့်​ထိ​ရောက်​လာတဲ့ ရာထူးအဆင့်​အတန်း​တွေနဲ့ ရှုမငြီးဖွယ်​ရာရုပ်​ရည်​​တွေ​ကြောင့်​ ... ပြည်​သူအများက ဤလူနှစ်​​ယောက်​ရဲ့ ဖြစ်​လာမယ့်​အကျိုးဆက်​​တွေအ​ပေါ် အရမ်းကိုစိတ်​ဝင်​တစားရှိ​နေကြသည်​။

တစ်ခါက​တော့ ... ထိုအတွဲကို ပြည်​သူ​တွေမှ ပါရမီရှင်​စုံတွဲဆိုပြီး ချီးကျူးဂုဏ်​ပြု ကြ​သေး၏၊ ယခုမျက်​​မှောက်​တွင်​ ... ​ကောင်​မ​လေးက မုဒိမ်းမှု, လိမ်​လည်​မှု, အသ​ရေဖျက်​မှုနဲ့ အခြား​သောပြစ်​မှု​တွေ​ကြောင့်​ ​ထောင်​ကျပြီး ... သိပ်​မကြာ ​ကောင်​​လေးကပါ သူမလိုပဲ ဖြစ်​တယ်​ဆို​တော့ကာ၊ သူတို့အ​ပေါ် လူထုအမြင်​က ဒုစရိုက်​သမားအတွဲ ဖြစ်​သွား​တော့သည်​။

သို့​ပေမယ့်​ ... သူတို့နှစ်​​ယောက်​အ​ပေါ် အာရုံစိုက်​မှုက မ​လျော့သွားရုံသာမက၊ တ​နေ့ထက်​တ​နေ့ ထိုးတက်​လာ​ပေ၏။ လူများက ဖန်းကျစ်​​ဖေး အဖမ်းခံရခြင်းရဲ့ အ​ကြောင်းကို စတင်​​မေးခွန်းထုတ်​လာကြသည်​၊ ဒါ​ပေမယ့်​ ထိုကိစ္စက စစ်​​ဆေးဆဲကာလမှာပင်​ ရှိ​နေ​သေးတာ​ကြောင့်​ ... ရဲများသည်​ အ​ကြောင်းအချက်​အလက်​များအား လူသိရှင်​ကြားထုတ်​​ဖော်​ပြသဖို့ အဆင်​မ​ပြေ၍ ... သူတို့ဘက်​ တခွန်းမှတုန့်​ပြန်​ခြင်းမပြု ​ပေ။

ကျိုးယွင်​ရှန့်​က ဖန်းကျစ်​​ဖေးတည်​​ဆောက်​ထားတဲ့ Tengdaရဲ့ ဘဏ္ဍ​ငွေစာရင်းတမ်း၏ လျို့ဝှက်​ကုတ်​အား အ​ကောက်​ခွန်​အရာရှိများ ​ဖော်​ထုတ်​သည့်​အခါတွင်​ ​နောက်​ကွယ်​က တိတ်​တဆိတ်​ ကူညီ​၍ ... Tengda အား ​ချောက်​ကမ်းပါးထိ​ရောက်​​အောင်​ အစွန်းဆုံတွန်းပို့်​​​ပေးသည်​ ... ပြီး​တော့ သူသည်​ တစ်​ဖက်​လှည့်​ကာ စုံစမ်း​ရေးထဲက တစ်​​ယောက်​ရဲ့ ကွန်​ပျူ တာထဲကိုဝင်​၍ ဘ​လော့တွင်​ videoနဲ့ အသံဖိုင်တို့ကို တင်​​လေ၏ ... Caption ​တောင်​ ဤလို​ရေးလိုက်​​သေးသည်​ - အားလုံးပဲ လူ့အ​ရေခွံခြုံထားတဲ့ တိရစ္ဆာန်​​တွေကို တချက်​​လောက်​ ဝင်​ကြည့်​သွားပါအုံး

မိနစ်​ပိုင်းတင်​ပင်​ ... ၎င်းဟာ share သူ​ပေါင်း 10K ​ကျော်​သွား​လေသည်​။ လူအုပ်​ကြီးက အလွန်​အမင်း ​ဒေါသတကြီးပြုမူလာ၏။ မတိုင်​တုန်းက​တော့ ... သူတို့ရင်​ထဲဝယ်​ ဖန်းကျစ်​​ဖေးသည်​ သူ့မိသားစုသုံး​ယောက်​အတွင်း အရှက်​မဲ့သူအဖြစ်​ ကိုယ်​စားပြုသတ်​မှတ်​ထားကြပြီိးသားပါ၊ သို့​ပေမယ့်​ ... အခု​တော့ ... ရက်​စက်​ယုတ်​မာတဲ့ တိရစ္ဆာန်​တစ်​​ကောင်​ဖြစ်​သွားသည်​၊ ပို့စ်​ပိုင်​ရှင်​ရဲ့ caption က အိုဗာဖြစ်​လွန်းတယ်​လို့ ​ပြောမရပါ​ပေ။

ဒီဖန်းသားအဖဟာ တကယ့်​ကို ​သွေးချင်းတူ​ကြောင်းကို သူတို့ကိုယ်​တိုင်​သက်​​သေပြပြီးခဲ့ပြီ၊ အ​ဖေက အိမ်​​ထောင်​​ရေး​ဖောက်​ပြားတဲ့အပြင်​ သိုက်​တူးသမားလည်းဖြစ်​ပြန်​ ... သားက​တော့ ဒီထက်​ပို​တောင်​ ဆိုးပါ​သေး၏၊ ကျိုးမိသားစုပိုင်​ ကုမ္ပဏီကို ပိတ်​သိမ်း​အောင်​လုပ်​တဲ့အပြင်​ ... အိမ်​​ခြေယာမဲ့သွား​အောင်​လည်း လုပ်​လိုက်​​သေးသည်​။ သူတို့​တွေ ကျိုးမိသားစုရဲ့ပိုက်​ဆံ​တွေကိုယူပြီး ညဘက်​အိပ်​လို့​ပျော်​ကြရဲ့လားပဲ? သူတို့​တွေ ကျိုးယွင်​ရှန့်​ကို ​ချောက်​ချဖို့ ဘယ်​လို​တောင်​ ကွန်​ဖီးဒန့်​ရှိ​နေရသည်​လဲ? ကျိုးမိသားစုက သူတို့အ​ပေါ် အ​ကြွေးတင်​မိခဲ့လို့လား? သူတို့က လူကျင့်​ဝတ်​ကို မျက်​စိထဲမထည့်​တာလား ... ဒါမှမဟုတ်​ ဥပ​ဒေကို မျက်​ကွယ်​ပြုတာလားပင်​!

ဖန်းကျစ်​​ဖေးရဲ့ 'အဖမ်းမခံရရင်​ ပြစ်​မှုမ​မြောက်​ဖူး' ဆိုတဲ့စကား အင်​တာနက်​တွင်​ လူကြိုက်​အများဆုံး စာသားဖြစ်​လာ၏။ လက်​ရှိအချိန်​ ... နိုင်​ငံတစ်​ခုလုံး ထိထိ​ရောက်​​ရောက်​ အထိန်းသိမ်းခံ​နေရသည်​ဖြစ်​​တော့ ... ဆို​တော့ကား ... မကြာ​သေခင်​ကမှ အင်​တာနက်​တခွင်​ ပျံ့လွင့်​​နေသည့်​ ဤစကားက ... အရမ်းကိုလွှမ်းမိုးမှုရှိလာ၏၊ ထို​တော့ ... ပြည်​သူ့လုံခြုံ​ရေးဗျူ ရိုကို အထိတ်​တလန့်ဖြစ်​​စေ​လေသည်​။ ဒါမို့ ပြည်​သူ့လုံခြုံ​ရေးဗျူ ရိုမှ ဤအမှုကို ကြပ်​ကြပ်​မတ်​မတ်​ကိုင်​တွယ်​ပေးဖို့ ​ခေါ်ယူ​ပြောဆိုလာသည်​။

ပြီး​တော့လည်း သက်​​သေခံဗီဒီယိုနဲ့ အသံဖိုင်​ကို ​ပေါက်​ကြား​စေသည့်​ စုံစမ်း​ရေးအရာရှိကိုလည်း ရာထူးမှဖယ်​ရှား​စေသည်​။ ထိုစုံစမ်း​ရေးက သူအပြစ်​ကင်း​ကြောင်း ထပ်​ကာထပ်​ကာ ​တောင်းဆို​သည့်​အပြင်​ ... ထိုဗီဒီယိုဖိုင်​တို့ကို သူ့acc မှာတင်​တာ သူမဟုတ်​​ကြောင်း ​ပြောဆိုလာ၏၊ ဌာနမှလူများကိုလည်း ဒီကိစ္စအတွက်​ စုံစမ်း​ပေးသင့်​​ကြောင်း ​​တောင်းဆို​သေးသည်​။ ထို့အတွက်​ ဆိုက်​ဘာရဲများက ဤကိစ္စအား စုံစမ်း​သောအခါ ဟက်​ထားသည့်​ ​ခြေရာလက်​ရာအစအနများကို မ​တွေ့ရှိခဲ့​လေဘူး ... အဲ့ဒါ​ကြောင့်​ ​နောက်​ဆုံးတွင်​ ထိုအရာရှိ အလုပ်​ထုတ်ခံရဖို့က ​သေချာသွား​တော့သည်​။

ရဲဌာနရဲ့ တရားဝင်​ဆိုက်​တွင်​ ထိုပို့စ်​တင်​သူ အရာရှိအား ရာထူးမှဆိုင်​ငံ့​ကြောင်းကို ​တွေ့လိုက်​ရ​တော့ ... ကျိုးယွင်​ရှန့်​ မျက်​ခုံးပင့်​သွား၍ ပြုံး​လေသည်။

"သူနဲ့ ရန်​စရှိလို့လား?" ရီကျန့်​က သူ့ချစ်​သူရဲ့ လက်​ပ်​​တော့ကို လှမ်းကြည့်​သည်​။

"ဘဝ​ဟောင်းတုန်းက ကျ​နော်​တို့မှာ ရန်​သူ​တွေ အများကြီးပဲ​လေ"

ကျိုးယွင်​ရှန့်​ မျက်​လုံးတို့မှိတ်​ချလိုက်​၏၊ အရင်​ဘဝက ဖြစ်​ရပ်​များကို တဖန်​​တွေး​တောမိသည်​။ ဒီရဲအရာရှိက ကျိုးမားမားဆီမှ ​ငွေ2သန်းယူဖို့ ဖန်းကျစ်​​ဖေး​စေခိုင်းသည့်​ လူပါ​ပေ့။ ကျိုးမားမားဆီမှ လာဘ်​သိပ်​ထိုးတဲ့​ငွေကို ယူပြီး​နောက်​မှ​တော့ ... သူက ချက်​ချင်းပဲ ပုံစံ​ပြောင်းသွားလျက်​ ... ရလဒ်​အ​နေဖြင့်​ ကျိုးမားမားအား အဖမ်းခံရ​စေ​တော့သည်​။ ထိုအချင်းအရာ​တွေ ဖြစ်​ပျက်​ပြီး​နောက်​မှာ​တော့ ... သူက ဖန်းကျစ်​​ဖေးဆီမှ မျိုးမျိုးမြတ်​မြတ်​ရလိုက်​ရုံမက၊ သူ့ရဲ့ရဲကျင့်​ဝတ်​သိက္ခာ ​ဖြောင့်​မတ်​မှု​ကြောင့်​ဆိုပြီး ... သူ့အထက်​အရာရှိဆီမှ အသိအမှတ်​ပြုမှုခံရ​လေ၏၊ အဲ့​နောက်​ပိုင်း ... သူ့အလုပ်​အကိုင်​ တိုးတက်​မှုက ​ချောမွတ်​လာ​တော့သည်​။

ကျိုးယွင်​ရှန့်​ သူ့ကိုယ်​သူတိုင်​တည်​ သစ္စာဆိုထား၏၊ကျိုးမိသားစုနဲ့ သူ့အ​ပေါ် ဒုက္ခ​ရောက်​​စေခဲ့သူတို့အား နဲနဲမှ​တောင်​ ညှာတာခြင်းမပြုဟူ၍။ ​သေချာတာက​တော့ ... ဒီအရာရှိသည်​လည်း ထိုသူများထဲမှ တစ်​​ယောက်​ဖြစ်​၏။

ရီကျန်​က​တော့ သူ့ချစ်​သူတစ်​​ယောက်​ ဘာ​တွေ​တွေး​နေမှန်း မသိပါ​​ပေမယ့်​ ... သူ အရမ်းစိတ်​ဆိုး​နေမှန်းကို​တော့ ခံစားမိ၏၊ ဒါမို့ သူနားလည်းအ​ကြောင်းအ​နေဖြင့်​ ​ကောင်​​လေးရဲ့ဦး​ရေထက်​က ဆံပင်​တို့အား ပွတ်​သပ်​​ပေးလိုက်​သည်​။

________________^_^________________

Burmese translation of Quickly wear the face of the devil (快穿之打脸狂魔) Arc-13

translator by Kiley0096





Notes
*​နောက်​တခန်းက​တော့ ဖန်းကျစ်​​ဖေးနဲ့ ရှန့်​တို့ရဲ့ အမှုအခန်း​လေးပါ ... တရားရုံးမှာ ပြစ်​ဒဏ်​ချ​တော့မယ်​... အာ ... တရား​ရေးရာအ​ကြောင်း နားလည်​သလို​ရေး​ပေးပါမယ်​​နော်​ ... တခုခု​ထောက်​​နေတာ ရှိရင်​လည်း ညွှန်​ပြ​ပေးကြပါလို့ ... chu >3

Continue Reading

You'll Also Like

109K 18.3K 89
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
766K 124K 61
Type - Web Novel Title - Wife, Children and Warm Bed (老婆孩子热炕头/ 灰大叔与混血王子) Author - Shui Qian Cheng (水千丞) Genre - Adult, Drama, Romance, Mature,Yaoi St...
14.1K 1.2K 6
ဖုန်းရှင့်နှင့် မုချင်ကို မြတ်နိုးမိ၍ ဘာသာပြန်ခြင်း [!! spoiler alert!!] Original Author : heartbeatangel (on ao3) (I've got the permission to transl...
8.7K 666 4
BOOK 2 Chinese story written in English by Original Author -skies- English Name - Stealing The Heart of A God မူရင်းစာ​ရေးသူ၏ ခွင့်​ပြုချက်​ဖြင့်​ ဘ...