“ သားလေး…ကစားရတာပျော်လား…”
ညနေသူ့အလုပ်ကနေရုံးဆင်းပြီးတာနဲ့ အိမ်တော်ကိုမပြန်သေးပဲ ရှေ့နေအသိသက်သေတွေနဲ့အတူ
စစ်မင်းလို့သူကိုယ်တိုင်နာမည်ပေးထားတဲ့ထိုကောင်
လေးကို သားအဖြစ်အပိုင်မွေးစားလိုက်တဲ့
ဦးခက်မင်းတစ်ယောက်…
ကစားကွင်းမှာ တစ်မျိုးပြီးတစ်မျိုးကစားလို့ပြီးသွား
တော့ သူ့အနားမှာရေခဲမုန့်ထိုင်စားနေတဲ့
ထိုကောင်လေးကိုမေးလိုက်တော့
“ အများကြီး…အများကြီးပျော်တယ်…”
“ ဖေဖေ…ရေခဲမုန့်စား…”
သူ့ကိုရေခဲမုန့် ခွံ့ကျွေးနေတဲ့ထိုကောင်လေးလက်ထဲက
ရေခဲမုန့်ကိုစားလိုက်ပြီးတော့
“ သားလေး…ရေခဲမုန့်စားပြီးရင်…”
“ ဖေဖေတို့အိမ်ပြန်ကြရအောင်နော်…”
သူပြောလိုက်တော့
“ ဟုတ်ကဲ့ပါဖေဖေ…”
“ သားသားမြန်မြန်စားမယ်လေနော်…”
ရေခဲမုန့်ဘူးထဲကရေခဲမုန့်တွေကိုခပ်မြန်မြန်စားနေတဲ့ကောင်လေးကို ဂရုဏာသက်တဲ့အကြည့်နဲ့ကြည့်
နေတဲ့ ဦးခက်မင်းကို…
ကစားကွင်းအကွယ်တစ်နေရာကနေ လူမိုက်ပုံစံလို
ရုပ်မျိုးနဲ့လူနှစ်ယောက်ကြည့်နေတာကိုတော့…
@@@@@@@@@@@@@@@@@
ဆူးခတ်ရံအိမ်တော်
“ ကိုကိုသောက်ဖို့အတွက်…အသီးဖျော်ရည်
အေးအေးလေးယူလာပေးတယ်…”
“ အမောပြေအောင်သောက်လိုက်နော်…”
အိမ်တော်ကိုပြန်ရောက်ပြီးတော့ အဝတ်အစားလဲကာ
အခန်းထဲမှာ ခဏထိုင်နေတဲ့
မုန်းမာန်ညှိုးတစ်ယောက်…
သူ့အတွက် အအေးဖျော်လာပေးတဲ့ သူ့ကလေးလေး
ကြောင့်
“ ကျေးဇူးပါကလေးလေး…”
“ ကိုကိုလည်း…အအေးသောက်ချင်နေတာနဲ့…အတော်ပဲ…”
သူ့လက်ထဲမှာ အသီးဖျော်ရည်ထည့်ထားတဲ့ခွက်ကို
ယူရင်း သောက်နေတဲ့ကိုကို့ကိုကြည့်ကာ
ရှိုင်းခတ်ဆစ်တစ်ယောက် မေးချင်စိတ်ကိုမထိန်းနိုင်
ဖြစ်ရကာ
“ ကိုကို…အဲ့မျက်နှာဖုံးကြီးနဲ့…နေရတာ…
စိတ်မကျဉ်းကျပ်ဘူးလားဟင်…”
“ အဲ့မျက်နှာဖုံးကြီးစွတ်ပြီးနေတာ…ကိုကို့မျက်နှာကဒဏ်ရာကိုဖုံးကွယ်ဖို့အတွက်လား…”
အပြင်သွားတဲ့အချိန်ရော၊အိမ်မှာနေတဲ့အချိန်ရော၊
အစားအသောက်စားတာတောင် မျက်နှာဖုံးမချွတ်
နေလာခဲ့တဲ့Mတစ်ယောက်…
သူတစ်ဖက်သတ်ချစ်နေရတဲ့ ကလေးလေးရဲ့အမေး
ကြောင့်…
“ ဒီမျက်နှာဖုံးတပ်ပြီးနေကာစတုန်းက…”
“ ကလေးပြောသလို…စိတ်ကျဉ်းကျပ်ခဲ့တာ
အမှန်ပဲ…”
“ ဒါပေမယ့်…နှစ်လတွေကြာလာတာနဲ့
အမျှ…”
“ ကိုယ့်အတွက်တော့…အခုလိုနေရတာ…
ပုံမှန်မျက်နှာမျိုးနဲ့…နေနေရသလိုပါပဲ…”
“ နေသားကျလာတယ်လို့ပဲ…ပြောရမှာ
ပေါ့လေ…”
“ ကိုကို့မျက်နှာမှာ…ဒဏ်ရာရှိတယ်ဆိုတာ
ထက်…ကိုကို့ရင်ထဲကနာကျင်နေတဲ့ဒဏ်ရာကိုဖုံး
ကွယ်ဖို့…”
“ မျက်နှာဖုံးစွတ်ပြီးနေတာလို့ဖြေရင်…ပိုမှန်
မယ်ထင်တယ်…”
သူ့အကြောင်းစပ်စုတာမကြိုက်တတ်တဲ့ Mတစ်
ယောက်…
သူ့မျက်နှာဖုံးကိုမေးလာတဲ့ ရှိုင်းဆိုတဲ့ ကလေးလေးကို
စိတ်ဆိုးဖို့ထက်
ရှင်းပြနေမိတဲ့ သူ့ကိုယ်သူသာအံ့သြနေမိလေသည်။
“ ဆောရီးကိုကို…”
“ ကျွန်တော်ကြောင့်…အတိတ်ကိုပြန်စဉ်းစား
မိစေသွားလို့…”
မုန်းမာန်ညှိုးတစ်ယောက် ခေါင်းငိုက်စိုက်ချကာ
ဝမ်းနည်းသံစွတ်ကာပြောလာ
တဲ့ သူ့အနားမှာရပ်နေတဲ့ကလေးလေးကြောင့်
သောက်လို့ကုန်သွားတဲ့ အအေးခွက်ကို
ကုတင်အနားရှိစားပွဲမှာတင်လိုက်ပြီးတော့မှ
“ ကလေး…ကိုကို့မျက်နှာကိုမော့ကြည့်ပါအုံး…”
ကုတင်မှာထိုင်နေရာကနေ ထရပ်လိုက်ရင်း သူ့မေး
ကိုလက်ဖြင့်ကိုင်ကာ မော့ကြည့်ဖို့ပြောလာတဲ့
ကိုကိုကြောင့် ရှိုင်းခက်ဆစ်လည်း မျက်နှာကိုမော့
ကာ ကိုကို့မျက်နှာကိုကြည့်လိုက်တော့
“ အကယ်၍…ကလေးဘက်ကအမှားလုပ်မိရင်
တောင်…”
“ ကိုကို့ကို…တောင်းပန်စရာမလိုဘူး…”
“ ဘာဖြစ်လို့လဲဆို…”
“ တကယ်တမ်းတောင်းပန်စကားပြောရမယ့်သူက…ကိုကိုဖြစ်နေလို့ပဲကလေး…”
“ အခု…ကိုကိုပြောတဲ့စကားအဓိပ္ပါယ်ကို…”
“ တစ်နေ့ကျရင်…ကလေးနားလည်လာမှာပါ…”
သူ့ကိုပြောရင်း ရုတ်တရက် သူ့ကိုအတင်းဖက်လိုက်တဲ့ကိုကိုကြောင့် သူ့မှာအနေခက်ကာလာရကာ
“ ကိုကို…ကျွန်တော့်ကို…”
သူ့စကားမဆုံးခင်မှာပင် သူ့ကိုယ်ကိုဖက်ထားသောလက်ကိုဖယ်ကာ…
သူ့နှုတ်ခမ်းကိုငုံ့ကာနမ်းလာတဲ့ ကိုကို့အနမ်းတွေ
ကြောင့်…
ရင်ခုန်မှုတွေကျော်လွန်ကာ အချစ်မှာသာယာရင်း
ကိုကို့အနမ်းကြမ်းတွေကို အသိအမှတ်ပြုကာ
သူ့ဘက်က ကိုကို့နှုတ်ခမ်းတွေကို တစ်လှည့်ပြန်ကာ
အနမ်းခြွေလိုက်တော့…
ဆယ်နှစ်တာကာလဝယ် အမုန်းတွေကြားမှာသာ
အသက်ရှင်ရင်း…
အချစ်ကိုမေ့လျော့နေခဲ့သူ Mတစ်ဖြစ် မုန်းမာန်ညှိုး
တစ်ယောက်…
သူ့လိုလူကို ချစ်တတ်အောင် မှော်ပညာမလို
ကလေးဆန်ဆန်အပြုအမူလေးနဲ့သာ
သူ့နှလုံးသားကိုသိမ်းပိုက်သွားတဲ့ ကလေးလေးရဲ့
အနမ်းတွေကြောင့်…
အနမ်းနဲ့တင်မရောင့်ရဲနိုင်ကာလေတော့…
“ အရမ်းချစ်တယ်ကလေးလေး…”
မထင်မှတ်စွာ ချစ်ခွန်းခြွေလာတဲ့ ကိုကို့ကြောင့်
ရှိုင်းခက်ဆစ်တစ်ယောက်ကိုယ့်နားကိုယ်ပင်မယုံ
နိုင်ဖြစ်ရကာ
“ ကိုကို…ရှိုင်းနားကြားမှားတာမဟုတ်ပါဘူး
နော်…”
သူ့ဘက်ကပြန်လည်ကာမေးလိုက်တော့
“ နားကြားမှားတာမဟုတ်ရပါဘူး…
ကလေးရယ်…”
“ ကိုကိုကလေ…”
“ ဟောဒီက…ချစ်စရာကောင်းလွန်းနေတဲ့
ကလေးလေးကို…”
“ အရမ်းအရမ်းကိုချစ်နေမိတာပါဗျာ…”
“ ကလေးက…ကိုယ့်ဘဝမှာပထမ
ဆုံးချစ်ရတဲ့ချစ်သူဖြစ်သလို…နောက်ဆုံး
ထွက်သက်ထိလက်တွဲမဖြုတ်ပဲဆက်ချစ်သွားမယ့်သူပါ…”
သူ့ကိုပြောရင်း သူ့နဖူးကိုအနမ်းခြွေကာ သူ့ကိုယ်ကို
ရင်ခွင်ထဲဆွဲဖက်လိုက်တဲ့ ကိုကို့နှလုံးခုန်သံတွေက
သူ့ကိုတကယ်ချစ်တယ်ဆိုတာ သက်သေပြနေ
သယောင်ပင်…
@@@@@@@@@@@@@@@@@
မိုးမြင့်စံ အိမ်တော်
“ သမီးလေးပန်ပန်…”
“ ဘာဖြစ်လို့…ညစာမစားပဲအိပ်နေရတာလဲ…”
“ နေများမကောင်းလို့လား…”
ညနေအလုပ်ကနေပြန်လာကတည်းက ဟန်လေးကို
လွမ်းသထက်ပိုလွမ်းလာမိတော့…
အစာစားချင်စိတ်ပင်ပျောက်ကာ ကုတင်အထက်မှာ
သာအိပ်ရင်း…
ဟန်လေးနဲ့နှစ်ရက်တာဆုံဆည်းခဲ့ရချိန်လေးကိုသာ
ပြန်လည်တွေးနေမိတဲ့ ပန်မြင့်မိုရ်တစ်ယောက်…
သူ့နဖူးကိုလက်တင်ကာ စိုးရိမ်စိတ်နဲ့မေးလာတဲ့
ဖခင်ဖြစ်သူ၏အမေးကြောင့်
“ ပန်…နေကောင်းပါတယ်ဒယ်ဒီ…”
“ ဒီနေ့တစ်နေ့လုံး…အလုပ်ထဲအာရုံစိုက်ထား
မိလို့…မျက်ရိုးကိုက်သလိုဖြစ်နေတာ…”
“ အဲ့ဒါကြောင့်…မျက်စိကိုခဏအနားပေး
ချင်လို့…အိပ်နေတာပါဒယ်ဒီ…”
သူ့ကိုပြန်ဖြေရင်း ကုတင်အထက်မှာ ထထိုင်လိုက်တဲ့
သမီးဖြစ်သူ၏ ညှိုးငယ်နေသောမျက်နှာအမူအယာ
ကြောင့်…
သမီးဖြစ်သူကို အမြဲတစ်စေပြုံးပျော်ရွှင်တာကို
သာမြင်တွေ့ချင်သူ ဦးမြင့်စံအဖို့
စိတ်အလိုမကျဖြစ်ကာ ထပ်မေးချင်သေးပေမယ့်…
“ အခုရော…သက်သာသွားပြီလားသမီး…”
သူမေးလိုက်တော့
“ ဟုတ်ကဲ့…သက်သာသွားပါပြီဒယ်ဒီ…”
သူ့ကို ပြုံးရွှင်တဲ့ မျက်နှာလေးနဲ့ပြန်ဖြေလာတဲ့
သမီးလေးပန်ပန်ကိုကြည့်ကာ
“ အဲ့ဒါဆို…ဒယ်ဒီနဲ့အတူတူ…ညစာအတူတူ
စားဖို့လိုက်ခဲ့နော်…”
ငယ်စဉ်ကလေးဘဝကတည်းက ဒယ်ဒီ့စကားကို
မြေဝယ်မကျ နားထောင်တတ်ခဲ့သူ ပန်မြင့်မိုရ်အဖို့…
ဒယ်ဒီ့စကားကို ခေါင်းအသာအယာငြိမ့်ပြလိုက်ပြီး
တော့…
ဒယ်ဒီ့လက်ကိုတွဲကာ ထမင်းစားခန်းရှိရာ
အိမ်တော်အောက်ထပ်သို့သာ လိုက်သွားလိုက်ကာ…
ဒယ်ဒီနဲ့အတူ ညစာစားရင်း…
သူ့စိတ်ကနေ ဟန်လေးပြင်ဆင်ပေးခဲ့တဲ့ ထမင်းဝိုင်း
လေးကိုသာ တမ်းတနေမိလေသည်။
@@@@@@@@@@@@@@@@@
ဆူးခက်ရံ အိမ်တော်
“ ဂွတ်နိုက်နော်…ကလေးလေး…”
ညစာစားပြီးသွားတော့ အိမ်တော်အပေါ်ထပ်ရှိ
သူနေရမယ့်အိမ်ခန်းရှေ့ထိ သူ့ကိုလိုက်ပို့ကာ
သူ့နှလုံးသားကိုဖမ်းစားထားတဲ့အပြုံးဖြင့်ပြုံးကာ
ပြောလာတဲ့ ကိုကို့ကို ရှိုင်းခက်ဆစ်ပြုံးပြလိုက်ကာ
“ Good Night Kissပါ ကိုကို…”
သူ့ကိုပြောရင်း သူ့နှုတ်ခမ်းကို နမ်းပြီးတော့ အခန်းထဲပြေးဝင်ကာတံခါးပိတ်လိုက်တဲ့ လူဆိုးလေးကြောင့်
“ ဒီကောင်လေးတော့နော်…”
“ သူ့ကိုချစ်လွန်းလို့…အလျော့ပေးထားတာကို…”
“ အပိုင်သိမ်းမိအောင်…လာပြုစားနေတယ်…”
“ မုန်းမာန်ညှိုး…စိတ်ထိန်း…စိတ်ထိန်း…”
မုန်းမာန်ညှိုးတစ်ယောက် သူ့အနေနဲ့ အခန်းရှေ့မှာသာဆက်နေမိရင်သူ့စိတ်ကိုမထိန်းနိုင်ဖြစ်သွားမှာ
စိုးသောကြောင့်သာ…
သူ့နှုတ်ခမ်းအထက်မှာကျန်ခဲ့တဲ့ ကလေးရဲ့ပူပူနွေးနွေး
အနမ်းလက်ဆောင်လေးနဲ့သာ သူ့စိတ်ကို
ကျေနပ်နှစ်သိမ့်ရင်း သူ့စာကြည့်ခန်း
ရှိရာဆီသို့သာ လျှောက်ကာသွားလိုက်ရလေသည်။
@@@@@@@@@@@@@@@@
“ ဟူး…”
“ ပြုစားလွန်းသူ…ကိုကိုရယ်…”
“ ကြာရင်…ကိုကို့အပြုံးတွေနဲ့တင်…”
“ ရှိုင်း…ရူးရတော့မယ်ဆိုတာ…သိရဲ့လား…”
အခုန်မြန်နေတဲ့သူ့ရင်ဘတ်ကိုသာကိုင်ရင်း ကုတင်
ပေါ်မှာထိုင်နေမိတဲ့ကောင်လေးလိုပင်…
စာကြည့်ခန်းက အလုပ်စားပွဲပေါ်က အလုပ်တွေကို
မလုပ်နိုင်အောင်ဖြစ်ကာ ချစ်ရသူကလေးလေး၏
ညမအိပ်ခင်နမ်းသွားတဲ့ နှုတ်ဆက်အနမ်းလေးကို
သာ သာယာရင်း သူတို့နှစ်ယောက်၏အနာဂတ်
အချစ်ခရီးကို စိတ်ကူးပုံဖော်ကာ အပျော်ကြီးပျော်နေတဲ့ကောင်လေးတစ်ယောက်လည်းရှိနေလေပေသည်။
@@@@@@@@@@@@@@@@@
ဆက်ရန်…မျှော်