Back To You
By khara_xdenini
126K 7.2K 531
" ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa Both Zawgyi/Unicode " ဘ... More
Ep1
Ep2
Ep3
Ep4
Ep5
Ep6
Ep7
Ep9
Ep10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Final
Ep8
4.3K 308 14
By khara_xdenini
Unicode
နေ့ရက်တိုင်းမမအနားမှာအတူတူရှိနေရသည်ကိုပျော်ရွှင်သည်။
"မမလီလီတို့ခရီးထွက်ကြရအောင်"
"ဘယ်သွားချင်လို့လဲ"
"မမနဲ့သာဆိုဘယ်နေရာကိုဘဲဖြစ်ဖြစ်သွားနိုင်ပါတယ်"
မမကကျွန်မရဲ့အဖြေကိုသဘောကျစွာဖြင့် တစ်ခစ်ခစ်ရယ်သည်။
"အဲ့ဒါဆိုလဲဘယ်မှာမသွားနဲ့တော့။ အခုလဲကိုယ်နဲ့တူတူရှိနေတာဘဲ အိမ်မှာဘဲနေတော့"
မမကရုပ်တည်ကြီးနဲ့ကျွန်မကိုနောက်ပြန်သည်။
"ဟာမမနော် လီလီကအတည်ပြောနေတာ။ မမနဲ့တူတူခရီးတစ်ခုလောက်သွားချင်လို့"
"ဂျယ်ဂျူးကျွန်းသွားမလား"
"ဟုတ်ကောင်းသားဘဲ သွားမယ်လေ။ မနက်ဖြန်သွားဖို့အတွက်စီစဉ်လိုက်တော့မယ်"
"ချယ်လေးကိုရောခေါ်အုံးမလား"
"...."
မမကသူ့ညီမကိုတော့အတော်ချစ်သည်။ ချယ်ပြောလဲပြောချင်စရာ ကျွန်မကမမကျွန်မကိုဘယ်လောက်ချစ်ကြောင်းကြွားရင် ချယ်က 'ငါ့လောက်တော့နင့်ကိုပိုမချစ်ပါဘူး' ဟုအမြဲပြောကာစနောက်တတ်သည်။
ထိုသို့ပြောတိုင်းကျွန်မနဲ့ချယ်အမြဲရန်ဖြစ်ရသည်။ ချယ်နောက်သည်ဆိုတာသိသောလဲ ကျွန်မရင်ထဲမှာ မမကကျွန်မထက်သူများကိုပိုချစ်သည်ဆိုတာကို မခံစားနိုင်ပါ။
လွန့်ခဲ့သောနေ့ကလဲ ချယ်နဲ့ရန်ဖြစ်ပြီး မမအိမ်သို့ပြန်လာကာ မမအားငို၍တိုင်ပြောခဲ့သေးသည်။
မမကတော့ချယ်ကစတာပါ လီလီကို မမကချစ်ပါတယ်လို့ပြောကာပြန်ချော့ခဲ့သည်။ မမကိုမယုံဘူးဟုပြန်ပြောတော့ မမက ' ဒီကမ္ဘာပေါ်မှာ လာလီဆာဆိုတဲ့မိန်းကလေးကို Jennie Kim ကအချစ်ဆုံးပါ"ဟုပြန်ဖြေခဲ့သည်။
ကျွန်မငိုတိုင်းမမကကျွန်မကိုချစ်ကြောင်းအထပ်ထပ်ပြောကာချော့တတ်သည်။
ထို့ကြောင့် မမရှိက 'ချစ်တယ်'ဆိုသည့်စကားကိုကြားရဖို့အတွက် ကျွန်မမျက်ရည်တွေခမ်းခြောက်သည်အထိငိုမည် ဟုရူးမိုက်စွာတွေးမိခဲ့သေးသည်။
ကျွန်မကသာ မနက်နေထွက်သည်မှစ၍ ညနေ နေဝင်ပြီးမိုးချုပ်သွားသည်အထိ မမကို ချစ်ကြောင်းအမြဲဆိုသော်လည်း မမကတစ်နေ့လုံးနေမှ ကျွန်မကို 'ချစ်တယ့်' အကြောင်း တစ်ခါလောက်သာပြောသည်။
ကျွန်မထို့သို့မေးတိုင်းမမပြန်ဖြေတတ်သည်က
နေ့တိုင်းအချိန်တိုင်းချစ်တယ်လို့ပြောနေမှ တကယ်ချစ်တယ်လို့ဆိုလိုတာမှမဟုတ်တာ။
ကိုယ်ရင်ထဲမှာ တကယ့်ကိုနက်နက်ရှိုင်းရှိုင်းအချစ်စစ်နဲ့ချစ်နေရင်ပြီးတာဘဲ။
ချစ်တယ်ဆိုတဲ့စကားကို အမြဲအလွယ်ခဏခဏပြောနေရင် မလေးနက်ဘူးတဲ့။ သူ့ရဲ့အပြုအမူ မျက်ဝန်းတွေကတစ်ဆင့် တကယ်ချစ်တယ် မချစ်ဘူးဆိုတာပေါ်တယ်တဲ့လေ။
ဟုတ်ပါသည်။ ကျွန်မကိုကရူးတာပါ။ မမလို လူဂွစာလူမျိုးကိုချစ်သူတော်ထားမိတာကျွန်မမေ့သွားခဲ့တာပါ။ တစ်ခါတစ်လေမမအတွေးတွေကလိုက်လို့ကိုမမှီတာ။
ကိုယ့်ချစ်သူကိုယ်ချစ်တယ်ပြောရတာတောင် ကလေးဆန်လို့မပြောချင်ဘူးတဲ့လေ။
မမကလေတစ်ခြားနေရာတွေမှာ ရက်ရောသလောက် ချစ်တယ်ပြောတဲ့နေရာမှာတော့ ကပ်စီးတော်တော်နဲသည်။
~~~~
ကျွန်မအတွေးလွန်နေတာဘယ်လောက်ကြာသွားသည်မသိ မမကျွန်မပုခုံးကိုလာလှုပ်မှသတိဝင်တော့သည်။
"လီလီဘာတွေ တွေးနေတာလဲ။ ကိုယ်ပြောနေတာကိုရောကြားရဲ့လား"
"အော်အင်း"
"ချယ်ကိုဘာလို့ခေါ်မှာလဲ။ လီလီကမမနဲ့တူတူသွားချင်လို့ပါဆို။ နောက်ပြီးအားနာစရာကြီးမခေါ်ပါနဲ့ ချယ်လေးက third wheel ဖြစ်နေမယ် ဟီးဟီး"
"ဟုတ်ပါပြီ လီလီ့သဘော"
ကျွန်မ မမရင်ခွင်ထဲသို့ခေါင်းလေးတိုးဝင်က ကြောင်လေးတစ်ကောင်ကသူ့သခင်ကိုပွတ်သီးပွတ်သတ်လုပ်၍ချွဲသလိုမျိုးလုပ်လိုက်သည်။ ကျွန်မအဲ့လိုလုပ်တိုင်း မမကကျွန်မဆံပင်တွေကိုပွတ်သတ်ပေးတာလေးကိုသဘောကြသည်။
မမရဲ့အထိအတွေ့တွေကိုကျွန်မမက်မောခုံမင်ရသည်။
မမကခေါင်းကိုငုံက ကျွန်မနှုတ်ခမ်းကိုမထိတထိလာနမ်းကာစနေသည်။ ကျွန်မအတင်းတိုးဖယ်ကာရှုန်းတော့
"ဟာလီလီငြိမ်ငြိမ်နေလေကွာ"
"ဘေးဖယ်ထတော့မယ်"
"ဘာလို့တုန်း။ ဘာဖြစ်သွားပြန်တာလဲ"
"မမကိုကြောက်လို့"
"ဟင်ကိုယ့်ကိုကြောက်ရအောင်ကိုယ်ကဘာလုပ်နေလို့လဲ"
"ဟုတ်တယ်လေ မမနမ်းရင်ကြောက်စရာကြီး"
"ဘုရားရေကိုယ်က!"
မမကမျက်လုံးလေးပြူကာသူ့ကိုယ်သူလက်ညိုထိုးပြ၍ ကျွန်မကိုတစ်အံ့တစ်သြကြည့်နေသည်။
"မမကနမ်းရင်ရိုးရိုးနမ်းတာမှမဟုတ်တာ။ လီလီ့နှုတ်ခမ်းကိုကိုက်လဲကိုက်သေးတယ်။ နာတယ်မမရ။ မယုံရင်ကြည့်ကြည့်ပါလား။ ဒီမှာမမကိုက်ထားလို့ပေါက်သွားတာကို"
ကျွန်မနှုတ်ခမ်းလေးဆူကာ မမအရှေ့ကိုထိုးပြလိုက်သည်။
"မမနမ်းပြီးရင်နောက်နေ့ အစားစာရင်တောင်ဖြေဖြေစားရတယ်။ နှုတ်ခမ်းပေါက်သွားတဲ့နေရာကစပ်လို့"
ကျွန်မမကျေမနပ်ပုံစံလေးဖြင့် မမကိုရန်တွေ့သလိုဆိုတော့-
"အဲ့တော့ကိုယ့်ကိုပေးမနမ်းတော့ဘူးပေါ့"
"ပါးကိုတော့နမ်းခွင့်ပေးတယ်" ကျွန်မပါးလေးကိုဖောင်းကာမမဘက်သို့ထိုးပေးလိုက်သည်။
မမကကျွန်မကိုအတင်းဖက်ကာ သူ့နှာခေါင်းလုံးလုံးလေးပါးထဲနစ်ဝင်သွားသည်အထိဖိကပ်ကာနမ်းလိုက်သည်။ ပြီးမှ_
"ကိုယ့်ကြောင့်ပေါက်သွားတဲ့နှုတ်ခမ်းလေးကိုမနာအောင်ပြန်လုပ်ပေးမယ်လာ"
ကျွန်မပါးနှစ်ဖက်ကိုသူ့လက်ဝါးနုနုဖြင့်ကိုင်က နှုတ်ခမ်းလေးကိုနူးညံ့စွာ အပေါ်အောက်တစ်လှည့်စီစုပ်ကာအနမ်းပေးနေသည်။ မမနှုတ်ခမ်းပါးတွေက နူးညံ့တယ်၊ချိုမြတယ်၊ တစ်သက်လုံးမလွတ်ချင်တော့လောက်အောင်အထိစွဲလမ်းစေနိုင်သည်။
"ကယ်မနာတော့ဘူးမလား"
ကျွန်မပါးနှစ်ဖက်ရဲတက်လာကာ ရှက်ရှက်ဖြင့် မမပုံခုံးကြားအတင်းတိုးဝင်ကာမျက်နှာကိုကွယ်ထားလိုက်သည်။ အခုချိန်ကျွန်မမျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးလိုနီးရဲနေမည်မှာအသေအချာပင်ဖြစ်သည်။
~~~~
"ရာသီဥတုကအေးတော့ အနွေးထည်တွေထည့်ရမယ်။ လေယာဉ်ပေါ်မှာစားဖို့မုန့်တွေလဲယူသွားရမယ်"
"အာ! camera အဲ့ဒါအရေးကြီးဆုံးဘဲမေ့တော့မလို့"
ကျွန်မတစ်ယောက်ထဲ ခရီးသွားရန်ထည့်ရမည့်ပစ္စည်းပုံတွေကြားထိုင်ကာ ဗျာများနေရသည်။
မမကတော့ အင်္ကျီ လေး၊ ငါးစုံလောက်ထည့် လိုအပ်တာတွေထည့်ပြီး ပြင်ဆင်လို့ပြီးပြီဆိုကာ အိမ်ယာပေါ်မှာအိပ်တောင်နေပြီ။
"လီလီသွားမှာ ၃ရက်ထဲလေ။ ဘာတွေအများကြီးထည့်နေတာလဲ"
"နောက်မှလိုတာရှိရင် ဟိုမှာထပ်ဝယ်လို့ရတာဘဲ"
"အရေးကြီးတာတွေထည့်ပြီးရင် အိတ်ပိတ်လိုက်တော့။ လာအိပ်ရအောင် မနက်လဲအစောကြီးထရမှာ။ အိပ်ရာထနောက်ကျလို့ လေယာဉ်ချိန်မမှီဘဲနေအုံးမယ်"
ကျွန်မလဲမမပြောစကားနားထောင်ကာ ပြင်ဆင်ခြင်းကိုအဆုံးသတ်လိုက်တော့သည်။
~~~~~~~~~~~~~ Back To You ~~~~~~~~~~~
ကျွန်မတို့ဂျယ်ဂျူးသို့သွားသောလေယာဉ်ပေါ်သို့ရောက်သောအခါ နေရာစနစ်တကျယူပြီး မမကတော့လေယာဉ်ပေါ်ရောက်တာနှင့်စအိပ်တော့သည်။
ကျွန်မကတော့ပါလာသည့်မုန်တွေတစ်မျိုးပြီးတစ်မျိုးစား၍ဂိမ်းဆော့ကာလေယာဉ်ပေါ်မှာ လိုက်ပါလာခဲ့သည်။
၁နာရီကျော်ကျော် လေယာဉ်စီးပြီးသည့်နောက် ဂျယ်ဂျူးကျွန်းသို့ရောက်ခဲ့ပါပြီ။ ကျွန်မလေဆိပ်ပေါက်ဝရောက်တော့ ဂျယ်ဂျူးရဲ့လေကိုတစ်ဝကြီးရှုထုတ်လိုက်သည်။
ဦးဆုံးတည်မည့်ဟိုတယ်ကိုသာအရင်သွားကြသည်။ ဟိုတယ်ရောက်တော့ ဟိုတည်ဝန်ထမ်းမှ ကျွန်မတို့အထုပ်တွေကိုယူကာ အခန်းစီသို့သယ်သွားပေးသည်။
အခန်းထဲရောက်တော့ပစ္စည်းတွေကိုနေရာချပြီး မမကရေအရင်ချိုးမည်ဟုဆိုကာ ရေချိုးခန်းထဲသို့ဝင်သွားသည်။
"မမ အခုပြီးရင်ဘယ်သွားကြမလဲ"
"အင်းအရင်ဆုံး မြင်းသွားစီးကြမလား"
ဟင့်ရောက်ရောက်ချင်းမြင်စီးမယ်တဲ့လား။
"လီလီမှမစီးတတ်တာ။ ဘယ်လိုလုပ်မလဲ"
"မမသင်ပေးမှာပေါ့"
"ဟုတ်ဒါဆိုလဲသွားကြမယ်လေနော်"
~~~~
မြင်းစီးကွင်းရောက်တော့ မမကသူနှင့်အဆင်ပြေမည်ဟုထင်သောမြင်းတစ်ကောင်အားရွေးလိုက်သည်။
ကျွန်မကမစီးတတ်သဖြင့် မမနှင့်တူတူလိုက်စီးရန်သာဆုံးဖြတ်လိုက်သည်။ ကျွန်မကိုအရှေ့မှာထိုင်ခိုင်းကာ မမကအနောက်မှနေ၍ မြင်းဇက်ကြိုးကိုထိန်းပေးသည်။
"မမကမြင်းစီးသင်ထားတာလား"
"ကိုယ်အရင် New Zealand မှာနေတုန်းကစီးဖူးတယ်လေ"
လမ်းတစ်လျှောက်ဖြည်းဖြည်းချင်းစီးလာရာမှ မမကသူ့ခြေထောက်ဖြင့်ကန်လိုက်ရာ မြင်းကတစ်ဟုန်ထိုးပြေးပါလေရော။ ကျွန်မမှာကြောက်အားလန့်အားဖြင့်အသက်တောင်ဖြောင့်အောင်မရှုနိုင် မျက်စိစုံမှိတ်ကာ ဘုရားတနေရသည်။
"မမလီလီကြောက်တယ် အရှိန်လျော့လို့မရဘူးလား"
"မကြောက်ပါနဲ့ ကိုယ်ဖက်ထားတယ်။ ပြုတ်မကျဘူးစိတ်မပူနဲ့"
"လီလီမျက်လုံးကြီးမမှိတ်ထားနဲ့လေ။ ဖွင့်ကြည့်ပါအုံးရှု့ခင်းတွေဘယ်လောက်လှလဲဆိုတာ"
မမပြုတ်မကျအောင်ထိန်းပေးမယ်ဆိုသည့်အသိနှင့်စိတ်ကိုအတတ်နိုင်ဆုံးလျော့ကာ မျက်လုံးကိုဖွင့်၍ ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာလိုက်သည်။
ကျွန်မတွေးမိသည်တစ်ခုက ယခုကျွန်မတို့ပုံစံက နန်းတွင်းကားတွေထဲကလို မင်းသားကမင်းသမီးကိုမြင်းပေါ်ခေါ်တင်ကာတစ်နေရာရာကိုစီးသွားသလိုမျိုး။ ကျွန်မတို့ပုံစံကရုပ်ရှင်ဆန်ဆန်ပါဘဲ။
အရှိန်နှင့်သွားနေသည်ဖြစ်၍လေတစ်ချက်တိုက်လိုက်တိုင်းလွင့်ပြန်လာသော ကျွန်မရဲ့ဆံပင်တွေကို မမကအနောက်ကနေခိုးနမ်းကာ တစ်ချက်ချက်ဆို ကျွန်မပုခုံးသားတွေပေါ်မမရဲ့နှုတ်ခမ်းကကျရောက်လာတတ်သေးသည်။
ကျွန်မကတော့ပြုတ်မကျအောင် မြင်းဇက်ကြိုးဆွဲထားသည့်မမလက်ကိုသာ အားကိုးတစ်ကြီးဆုတ်ကိုင်ထားမိသည်။
~~~~
မြင်းစီးကွင်းမှအပြန် ကျွန်မတို့ အနီးအနားမှာရှိတဲ့ကမ်းခြေစီသို့ထွက်ခဲ့ကြသည်။
ကမ်းခြေရောက်တော့မမက ကလေးတစ်ယောက်လိုလွတ်လပ်ပေါ့ပါးစွာပြေးလွှားဆော့ကစားနေသည်။ ကျွန်မလဲမမရဲ့ချစ်စဖွယ်ပုံလေးတွေကို မလွတ်တမ်းရိုက်ကာ အမှတ်တရအဖြစ် မှတ်တမ်းတင်ထားလိုက်သည်။
ကျွန်မကိုလဲသူနှင့်အတူတူဆော့ရန် လက်ယက်ကာလှမ်းခေါ်နေသည်။ ကျွန်မလဲမမနောက်သို့ပြေးကာလိုက်သွားလိုက်တော့သည်။
သဲသောင်ပြင်ပေါ်ထိုင်ကာ နေဝင်ဆည်းဆာကိုချစ်ရသူနဲ့အတူတူကြည့်ချင်သည်မှာ ကျွန်မရဲ့ဆန္ဒတစ်ခုဖြစ်သည်။
ကျွန်မမမရဲ့ပါးဖောင်းဖောင်းလေးအားအသဲယားစွာဖြင့်နမ်းလိုက်သည်။
"မမရဲ့ပါးလေးတွေကိုနမ်းပြီးသွားရင် ဖက်ထုပ်တို့ပေါက်စီတို့တောင်စားရတာအရသာမရှိတော့ဘူး"
"မမရဲ့ပါးကိုဘဲထပ်ခါထပ်ခါနမ်းချင်တယ်" ကျွန်မအဲ့လိုပြောလိုက်တော့မမက
"ကိုယ့်ပါးကအစားအသောက်တွေထပ်တောင်ပိုကောင်းနေတယ်ပေါ့"
"မမ"
"လီလီကိုဘာလို့လက်ခံခဲ့တာလဲ။ မမထက် ၅ နှစ်တောင်ငယ်တယ်။ နောက်ပြီး မမသာရွေးချယ်မယ်ဆိုလီလီထက်အများကြီးသာတဲ့လူကိုတွဲနိုင်တာကိုလေ"
"ဘာလို့လီလီကိုမှလဲဆိုတာကိုသိချင်တာလား" ကျွန်မခေါင်းလေးငြိမ့်ပြတော့
"ချစ်လို့"
"......"
"ကိုယ့်က ကလေးကိုချစ်လို့ပေါ့"
"......"
မမကကျွန်မကိုချစ်တယ်လို့ပြောပြီး ကျွန်မကိုယ်လုံးလေးကိုဆွဲလိုက်ကာ လှပသောအနမ်းတစ်ခုကိုပုံဖော်လိုက်သည်။
သဲသောင်းပြင်ပေါ်မှာအနမ်းချင်းဖလှယ်နေကြတဲ့ကောင်မလေးနှစ်ယောက်ကိုကြည့်ကာ နေမင်းကြီးကလဲ ရှက်လို့ထင်ပါရဲ့ တစ်ဖြည်းဖြည်းအောက်သို့ဆင်းကာပျောက်ကွယ်သွားသည်။
သေချာပါသည် လာလီဆာဆိုတဲ့ကောင်မလေးရဲ့ကမ္ဘာကို Jennie Kim ဆိုသည့်မိန်းကလေးတစ်ဦးသာပိုင်ဆိုင်ပါသည်။
" မမရဲ့အနမ်းတွေနဲ့ကျွန်မကိုရှုန်းမထွက်နိုင်အောင်ပြုစားပါ။"
~~~~~~~~~~~~ Back To You ~~~~~~~~~~
10.04.2019
Zawgyi
"ဘယ်သွားချင်လို့လဲ"
"...."
~~~~
"အော်အင်း"
"ဟုတ်ပါပြီ လီလီ့သဘော"
"ဘေးဖယ်ထတော့မယ်"
"ဘာလို့တုန်း။ ဘာဖြစ်သွားပြန်တာလဲ"
"မမကိုကြောက်လို့"
"ဘုရားရေကိုယ်က!"
"ကယ်မနာတော့ဘူးမလား"
~~~~
~~~~~~~~~~~~~ Back To You ~~~~~~~~~~~
"လီလီမှမစီးတတ်တာ။ ဘယ်လိုလုပ်မလဲ"
"မမသင်ပေးမှာပေါ့"
~~~~
~~~~
"မမ"
"ချစ်လို့"
"......"
"......"
~~~~~~~~~~~~ Back To You ~~~~~~~~~~
10.04.2019
.
.
.
.
.
.
.
.
.
.
.
. အခုဆိုရေးတာ အပိုင်း ထိရောက်နေပြီဆိုတော့ဇာတ်လမ်းအပေါ် readers တို့ရဲ့အမြင်ကိုလဲသိချင်ပါတယ်။ သဘောကျကြရဲ့လား။ ကိုယ်ကရေးတော့ရေးလိုက်ပင်မဲ့စာဖတ်သူတို့ အမြင်လေးတွေ သဘောထားလေးတွေကိုလဲသိချင်ပါသေးတယ်။ comments တွေပါတွေဝင်ရေးလို့ရပါတယ်။ စိတ်မဆိုးတတ်ပါဘူးလို့😂
Continue Reading
You'll Also Like
609K 53.5K 199
ဇာတ်လမ်းကတော့ စာကလွဲပြီးဘာမှစိတ်မ၀င်စားတဲ့ Class (A) က ကောင်မလေးနဲ့ အထီးကျန်ဆန်ပြီး အမှတ်အောက်ဆုံးရောက်နေတဲ့ Class (G)က ကောင်မလေးတို့ ၂ယောက်ရဲ့ R...
235K 38.5K 100
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
396K 15.2K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
8.9K 811 8
ဝိဥာဥ်တွေဟာ သူတို့သိပ်ချစ်ရတဲ့သူတွေကို တွေ့ဆုံစကားပြောဆိုနိုင်ဖို့အတွက် အိပ်မက်တွေထဲထိ ဆွဲခေါ်ဆောင်နိုင်တယ်ဆိုတာကို ယုံလား Jane ? ဝိဥာဥ္ေတြဟာ သူတို...