Zawgyi
"မင္းလာသားပဲ..."
ဟိုတယ္၏ ေဟာခန္းတစ္ခုတြင္ ဝိုင္ခြက္ေလးကိုင္ရင္း ရပ္ေနသည့္ သူ႔အနားသို႔ တကူးတကလာရန္စေနသည့္ ေစ့ကို သူၾကည့္သည္။
"သူေဌးမင္းက အခုလုပ္ငန္းထပ္တုိးခ်ဲ႕မလို႔လား..."
"မသိဘူးေလ... မင္းကို မတုိင္ပင္ဘူးလား..."
"ငါအခုတေလာ မအားလုိ႔..."
အခုတေလာ သူ အလြန္အလုပ္ရႈပ္ေနသည္ေလ။ Vincent ႏွင့္ အလုပ္ေကာင္းေကာင္းရႈပ္ေနသည္ေလ။ သူ႔အလုပ္ရႈပ္ရာအေၾကာင္းကို ေတြးမိေတာ့ သူ႔ႏႈတ္ခမ္းတုိ႔က ေကာ့ညႊတ္သြား၏။
"ဒါနဲ႔ မင္း ဘယ္လုိျဖစ္ၿပီးေတာ့ သူက ဘယ္သူဆုိတာ သိသြားတာလဲ..."
ေစသည္ လက္ထဲမွ ရွန္ပိန္ခြက္ကို ကိုင္ကာ စင္ေပၚမွ စကားေျပာေနသူကို ၾကည့္ရင္း...
"ငါတုိ႔ Glory က Dark Horse အေတာ္မ်ားတာပဲ..."
ဆုတစ္ခုကို ကိုင္ကာေက်းဇူးတင္စကားေျပာေနသည့္သူကို ၾကည့္၏။
"အား သူက အသစ္ေလးမို႔လား..."
နီေစြးသည္ ေစ့ စကားလမ္းလႊဲမႈေနာက္သို႔ လုိက္လာရင္း ေမးေတာ့ ေစ ေခါင္းအသာညိတ္ကာ...
"အင္း ငါက သူ႔ကို သိပ္သေဘာမက်ပါဘူး..."
"အမယ္ စာေပဆုရတဲ့သူကို..."
နီေစြး၏ ရယ္ဟဟစကားေၾကာင့္ ေစ သည္ သူ႔ဆံပင္ကိုသူ တစ္ဖက္လက္ျဖင့္ ထိုးဖြရင္း...
"သူက..."
ေစသည္ တစ္ခုခုေျပာမည္ ျပဳၿပီးမွ ပါးစပ္ကုိ ျပန္ပိတ္ကာ ေျပာလည္း လူေတြနားလည္မယ္ မထင္ပါဘူးဆိုသည့္ ပံုစံမ်ိဳးျဖင့္...
"ထားပါေတာ့... မင္းရဲ႕ ဟိုေကာင္ေလးက..."
ေစ၏ ႏႈတ္ခမ္းေထာင့္စြန္းတုိ႔သည္ ကုတ္က်သြားရင္း...
"သူ႔မွာ လူတစ္ေယာက္ရဲ႕ အေငြ႔အသက္မွ မရိွတာ... လူေတြမွာ အေရာင္အေသြးေတြ ရိွၾကတယ္ေလ..."
ေစသည္ ဂမၻီရဆန္ဆန္ စကားလံုးကို ေရရြတ္လာေတာ့ နီေစြး ဘာေျပာရမွန္းမသိျဖစ္ကာသာ ၾကည့္၏။
"ဘာကို ဂမၻီရဆန္ဆန္လဲ... စိတ္ပ်က္စရာပဲ... မင္း အဲ့ေလာက္ပိန္းမယ္လုိ႔ ထားပါေတာ့ ငါဘယ္လုိသိလဲကလည္း အေရးမပါပါဘူး... တခ်ိဳ႕ကိစၥေတြက မေျပာတာပိုေကာင္းတယ္..."
"ျဖစ္မွျဖစ္ရေလ..."
"လွ်ိဳ႕ဝွက္ခ်က္ဆိုတာ အလကားမွ မဟုတ္တာ..."
ေစသည္ ခပ္ေအးေအးသာ ေျပာေလ၏။ နီေစြးမွာေတာ့ ဆိတ္ဆိတ္သာေနေနလုိက္၏။ လွ်ိဳ႕ဝွက္ခ်က္... ေစ့တြင္ လွ်ိဳ႕ဝွက္ခ်က္ေပါင္းမ်ားစြာရိွတာ သူ သိတာေပ့ါ။ သို႔ေသာ္လည္း ေစမေျပာဘူးဆိုလွ်င္ သူ ဘာတတ္ႏုိ္င္မွာလဲ။ သူ႔တြင္ေျပာမရသည့္ အေၾကာင္းေပါင္းစံု ရိွခ်င္လည္းရိွေနမွာေပါ့။
ေစသည္ အျမဲတမ္း သူတို႔မျမင္သည့္ ေလာကတစ္ခုကို ျမင္ႏိုင္သည္ေလ။ ထိုေလာကတြင္ ေနေနရင္း သူတုိ႔ေလာကကို အလည္လာျခင္းလည္း ျဖစ္ႏိုင္ပါေသးသည္။ Fantasy စာေရးဆရာတစ္ေယာက္ျဖစ္သည့္ အေလ်ာက္ နီေစြးဆိုသည့္ သူသည္ ထူးဆန္းမႈအားလံုးကို နားလည္လက္ခံႏိုင္စြမ္းရိွပါသည္ေလ။
"သူက ေကာင္းတဲ့ေကာင္မဟုတ္ဘူး... သူက မယံုၾကည္ရတဲ့ေကာင္မွန္းမင္းသိပါတယ္..."
ေစ့မေက်မနပ္သံေၾကာင့္ နီေစြးရယ္သည္။
"မင္း ငါ ဘယ္ေတာ့မွ စာမေရးေတာ့မွာကို ေၾကာက္ေနတာလား..."
"ငါက ဘာလုိ႔ေၾကာက္ရမွာလဲ! မင္းလို အသံုးမက်တဲ့ေကာင္အတြက္..."
ေစ့ ေဘာက္ဆတ္ဆတ္အေျပာက တကယ္မဟုတ္မွန္း သူ သိသည္။ ထို႔အတြက္ သူ ခပ္တိုးတုိးရယ္ၿပီး...
"သူ ငါ့ေနာက္မွ လုပ္ေနတဲ့အရာေတြရိွတယ္... ဥပမာ သူ႔မွာ သူျပန္လို႔ရတဲ့ နည္းလမ္းရိွေနပါရဲ႕နဲ႔ မေျပာဘူးဆိုတာမ်ိဳးေပါ့..."
ေစသည္ သူ႔ကို မည္သည့္စကားမွ မဆိုဘဲ မ်က္လံုးတစ္ခ်က္သာ ေစြၾကည့္လာ၏။ ဆက္ေျပာလုိ႔ရသည္ ဆက္ေျပာပါေပါ့။
"အင္း ဒါေပမဲ့လည္း... မင္းသိလား... ငါ့ဘဝမွာ လူႏွစ္မ်ိဳးပဲ ေတြ႔ဖူးတယ္... တခ်ိဳ႕က ငါထိခိုက္မွာစိုးလို႔ ငါ့ဆီက ထြက္သြားၾကတယ္... တခ်ိဳ႕က ငါ့ကို ေဒါသျဖစ္ၿပီး ထြက္သြားၾကတယ္... သူတစ္ေယာက္တည္းက ငါ ထိခိုက္လည္း သူ႔နားမွာပဲ ေနဆိုတာမ်ိဳးစဥ္းစားတယ္..."
"မင္းက တကယ့္ကို ေသာက္ေရးမပါတဲ့ ဂြစားေကာင္ပဲ..."
ေစ့စကားေၾကာင့္ နီေစြးျပံဳးကာ ေခါင္းညိတ္သည္။
"အင္း... ငါက အဲ့လိုေကာင္စားပါပဲ... အျမဲတမ္း တစ္စံုတစ္ေယာက္က ငါ နာက်င္ပါေစ ငါ့နားမွာပဲ ေနမယ္ဆုိတာမ်ိဳးကို ငါ ေမွ်ာ္လင့္ခဲ့တယ္... ဒါေပမဲ့ တစ္ေယာက္မွ ငါ အဲ့လိုေျပာေနတာကို မၾကားခ့ဲဘူးထင္ပါတယ္... ငါ့အတြက္နဲ႔ ငါ့ကို ကာကြယ္ခ်င္လုိ႔ သူတုိ႔ထြက္သြားတာ ငါ သိတာေပါ့... ဒါေပမ့ဲ ဘယ္ေလာက္ပဲ ငါေၾကာက္ေနေၾကာက္ေန ငါ့နားမွာ တစ္စံုတစ္ေယာက္ကို ရိွေစခ်င္တာပဲ... ငါမေကာင္းမွန္း ငါသိပါတယ္..."
နီေစြးသည္ ခပ္တိုးတုိးေရရြတ္ေနရင္း သူ႔ ဝိုင္ခြက္ကိုေမာ့ေသာက္လုိက္သည္။ သူႏွင့္ ေစ့အၾကားတြင္ မည္သည့္ စကားမွ မရိွေတာ့။ အတန္ၾကာေတာ့မွ ေစသည္ သူ႔ကိုၾကည့္လာ၏။
"သူ႔ကို မင္းျပန္မပို႔ဘူးဆုိရင္..."
ေစ့ေနာက္ဆက္တြဲစကားက နီေစြးမ်က္လုံးတုိ႔ကို ဝိုင္းစက္သြားေစသည္။ ေျပာၿပီးသည္ႏွင့္ အျခားေသာ သူမ်ားႏွင့္ စကားသြားေျပာေနသည့္ ေစ့လက္ကို ဆြဲကာ သူ လုိက္ေမးခ်င္ေသာ္လည္း မေမးျဖစ္။ ႏႈတ္ခမ္းကို တင္းတင္းေစ့ကာသာ သူ လက္ထဲမွ ဝိုင္ခြက္အလြတ္ကိုသာ ၾကည့္ေနခဲ့သည္။
>>>>>Schmaltz<<<<<
"နီေစြး တစ္ခုခုျဖစ္လာတာလား..."
သူ လာႀကိဳသည့္လမ္းတစ္ေလွ်ာက္လံုး တိတ္ဆိတ္ေနသည့္အျပင္ အိမ္ျပန္ေရာက္သည့္တိုင္ စကားတစ္ခြန္းမွ မဆိုေသးသည့္ နီေစြးေၾကာင့္ Vincent မေနႏိုင္ေတာ့စြာ ေမးလာရ၏။ စိတ္ထဲတြင္လည္း နီေစြး၏ တိတ္ဆိတ္မႈက သူ႔ကို မသက္မသာခံစားရေစသည္။ နီေစြးသည္ ထိုသူထံက ဘာမ်ားသိလာရၿပီလဲ။
"Vince..."
နီေစြး၏ သူ႔အမည္ကို ခပ္တိုးတုိးေခၚသံႏွင့္ သူ႔ကိုၾကည့္လာသည့္ မ်က္ဝန္းမ်ား။ ထိုမ်က္ဝန္းမ်ားထဲတြင္ ေသြးပ်က္ေနမႈမ်ားကို သူ ျမင္ေနရသလို။ နီေစြးသည္ သူ မသိသင့္သည့္ အရာကို သိလာသည္လား။
"မင္း ငါ့ကို လိမ္ညာထားတာရိွလား..."
Vincent ရင္ထဲထိတ္ခနဲ။ လိမ္ညာထားတာ... နီေစြးကို သူ လိမ္ညာထားသည့္ အရာက ေျမာက္ျမားစြာရိွသည္ကို နီေစြးက ဘယ္အရာကို ေျပာခ်င္တာလဲ။
"ဘာကိုလဲ..."
သူ မွားယြင္းစြာေျဖလိုက္မိပါက မိမိကိုယ္တိုင္ အိတ္သြန္ဖာေမွာက္အကုန္အစင္ ေဖာ္ျပေနသည့္အျဖစ္သို႔ ေရာက္သြားမည္ကို စိုးသျဖင့္ သူ ေျပာင္ေျပာင္တင္းတင္းသာေျပာသည္။ နီေစြးေျပာသည့္ အေၾကာင္းအရာေပၚမူတည္ၿပီး သူ အေၾကာင္းျပခ်က္ေပးတာက ပိုအဆင္ေျပလိမ့္မည္။
"ဒီတုိင္းဆက္သြားရင္ မင္းေသသြားမယ္ဆုိတာကို..."
နီေစြးစကားေၾကာင့္ Vincent ရင္ပူေနျခင္းက ေလ်ာ့သြားေတာ့သည္။ အာ ေတာ္ေသးတာေပါ့ သူက အျခားအေၾကာင္းအရာတုိ႔ျဖစ္ေနမယ္ထင္ေနတာ။ Vincent ၏ မ်က္ႏွာထက္မွ စိုးရိမ္မႈတို႔ေလ်ာ့ပါးသြားျခင္းေၾကာင့္ နီေစြး ေအာက္ႏႈတ္ခမ္းကို ဖိကိုက္သည္။
သူ သိတာေပါ့ Vincent က နည္းနည္းေလးမွ ယံု၍မရတာကို။ သူ႔ကို monopolize လုပ္ဖို႔ႀကိဳးစားသည္ကို သူ ခြင့္လႊတ္၍ရသည္။ သူ႔ကို သူ ျပန္သြားႏိုင္သည့္ နည္းလမ္းရိွေနသည္ကို သိသိႀကီးႏွင့္ ဖံုးကြယ္ထားသည္ကိုလည္း သူ ခြင့္လႊတ္၍ရသည္။
သို႔ေသာ္လည္း... အခုကိစၥက သူက ေလာကႏွစ္ခုလံုးမွ ေပ်ာက္ကြယ္သြားမွာေလ... အဲ့ဒါကို သူ ဘယ္လုိလက္ခံရမွာလဲ။
"ကြ်န္ေတာ္..."
ေအာက္ႏႈတ္ခမ္းကို ကိုက္ကာ ေခါင္းငံု႔ထားသည့္ နီေစြးကို သူ႔ရင္ခြဲထဲဆြဲသြင္းေတာ့ သူ႔ကို တြန္းလာသည့္ လက္ႏွစ္ဖက္။ သူ ထိုလက္ႏွစ္ဖက္ကို လက္တစ္ဖက္ျဖင့္ ခ်ဳပ္ကိုင္ကာ တစ္ဖက္လက္ျဖင့္ နီေစြးကို ခါးမွ ဆြဲ၍ သူ႔ရင္ခြင္သို႔ သြင္းသည္။
"ကြ်န္ေတာ္ နီေစြးကို ထားခဲ့မွာ မဟုတ္ပါဘူး..."
သူ႔ စကားက ရင္ခြင္ထဲေရာက္ေနသည့္တုိင္ မ်က္ႏွာလႊဲထားသည့္ နီေစြးကို လႈပ္ခတ္သြားပံုရ၏။ သူ႔ကို ေဒါသအမ်က္တို႔ ေမာ့ၾကည့္လာသည့္ နီေစြး။ သူ ျပံဳးသည္။
"ကြ်န္ေတာ္ နီေစြးကို ထားခဲ့မွာမဟုတ္ဘူး..."
"ဘာကို မထားခဲ့မွာလဲ! မင္းသာ ဒီမွာ ရိွေနရင္ မင္း ကမၻာက ပ်က္စီးသြားလိမ့္မယ္... မင္း ကမၻာပ်က္စီးသြားရင္ မင္း... မင္းလည္း..."
နီေစြး၏ အသံသည္ တိုးတိမ္ဝင္သြားခဲ့သည္။ အသံအစား မ်က္ရည္ၾကည္ဥတုိ႔က ပါးျပင္ထက္သို႔ လိမ့္ခနဲ။
"မင္းက လူညာတစ္ေယာက္ပဲ! မင္း ငါ့ကို မထားသြားဘူးလုိ႔ ေျပာတယ္! ငါ မင္းကို ယံုၾကည္ေတာ့မဲ့ အခ်ိန္မွာ! မင္းျပန္ဖို႔လမ္းသိေနေပမဲ့ ငါ့နားမွာ ေနေနတာကိုၾကည့္ၿပီး မင္းကေတာ့ ငါ့ကို မထားခဲ့ဘူးလုိ႔ ငါ ယံုၾကည္စျပဳလာတဲ့အခ်ိန္မွာ! မင္းလည္း... မင္းလည္း... ငါ့ကို..."
စကားမဆံုးခဲ့။ သူ႔ႏႈတ္ခမ္းတို႔က အျခားေသာ ႏႈတ္ခမ္းတစ္စံု၏ ပိတ္ဆို႔ျခင္းခံလုိက္ရ၏။ သူ႔စကားတို႔ကို တားျမစ္လာသူကို သူ ထုရိုက္လိုက္ေသာ္လည္း သူ႔လက္တုိ႔က ထိုသူ၏ ခ်ဳပ္ေႏွာင္ထားျခင္းကို ခံထားရသည့္အတြက္ သူ မလုပ္ႏိုင္။ သူ႔အလိုမတူမႈကို ေဖာ္ျပသည့္ အေနျဖင့္ သူ ထိုသူ၏ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ေသာ္လည္း ထိုေကာင္ေလးသည္ သူ႔ ႏႈတ္ခမ္းတုိ႔ကို မလႊတ္။
မည္မွ်ပင္ လူတစ္ပိုင္း နဂါးတစ္ပိုင္းဟု ဆုိေစကာမူ ႏႈတ္ခမ္းလႊာသည့္ ႏူးညံ့သည့္ ေနရာျဖစ္သျဖင့္ သူ႔ခံတြင္းသို႔ ေသြးန႔ံႏွင့္အတူ သံဓာတ္အရသာသည္ စိမ့္ဝင္လာ၏။ ဆူၾကြေနသည့္ ေဒါသတုိ႔ အနည္းငယ္ေလ်ာ့လာေတာ့မွ ထိုေကာင္ေလးသည္ သူ႔ကို လႊတ္ေပးလာခဲ့သည္။
"ကြ်န္ေတာ္ မသြားဘူးဆုိတာ နီေစြးသိေနတယ္ဆိုရင္ အခု ကြ်န္ေတာ္ ေျပာတာလည္း အမွန္ပဲဆိုတာကို နီေစြး ယံုၾကည္လုိ႔ရတယ္မဟုတ္လား..."
"မင္း မသြားရင္... မင္းကမၻာက..."
နီေစြးကို သူ ေစ့အေၾကာင္းေျပာျပလွ်င္ေကာင္းမလား စဥ္းစားၿပီးမွ Vincent ထိုအၾကံကို လက္ေလွ်ာ့လုိက္သည္။ ဟင့္အင္း ေစာေနေသးတယ္။ နီေစြးသည္ သူ႔အေပၚ ထိုထက္ပို ၿပိဳဆင္းလာဖို႔လိုသည္။ ယခုက သာမန္လူတစ္ေယာက္အတြက္ေတာ့ ဟုတ္ေနႏိုင္ေပမဲ့ သူ ခ်စ္သည္က နီေစြးေလ။
ထုိအရာေလာက္ႏွင့္ သူတုိ႔ အတူတကြ ဤကမၻာမွ ထြက္သြားႏိုင္ေလာက္မည့္ အေၾကာင္းရင္းကို နီေစြးသိလွ်င္ သူ နီေစြးကို ခ်ည္ေႏွာင္ထားႏုိင္ဦးမည္မဟုတ္။ သူ စိတ္ရွည္ရွည္ေစာင့္ရမည္။ နီေစြးကိုယ္တုိင္က သူ႔ကို ခ်ည္ေႏွာင္ရမည့္ ႀကိဳးကို ကမ္းေပးေအာင္ သူ ေစာင့္ရမည္။
"ကြ်န္ေတာ့္ ကမၻာမွာ ကြ်န္ေတာ္ တစ္ေယာက္ထဲ ရွင္သန္ေနရမဲ့အစား ကြ်န္ေတာ္ မရိွေတာ့တာက ပိုမေကာင္းဘူးလား..."
သူ႔မ်က္လံုးမ်ားထဲ စိုက္ၾကည့္ေျပာလာသည့္ Vincent ကို နီေစြးၾကည့္သည္။ ကြ်န္ေတာ္ နီေစြးမရိွဘဲ အသက္မရွင္ခ်င္ဘူးဟု ထိုေကာင္ေလး၏ မ်က္လံုးျပာမ်ားက ေျပာေနသေယာင္... သူ႔ႏႈတ္မွလည္း ထိုအဓိပၸာယ္ႏွင့္ ဆင္တူသည့္ စကားကို ေျပာခဲ့သည္မဟုတ္လား။ နီေစြးမ်က္လံုးမ်ားကို မိွတ္၏။
"တျခားသူေတြကေရာ... မင္းကမၻာမွာ မင္းတစ္ေယာက္တည္း အသက္ရွင္ေနတာမဟုတ္ဘူး တျခားသူေတြကေရာ..."
နီေစြးသည္ တစ္ခ်က္တစ္ခ်က္တြင္ လူသားဆန္စြာ တံုးလြန္းသည္ဟု သူ ထင္သည္။ သို႔ေသာ္လည္း ထိုသို႔ တံုးအသည့္ နီေစြးကိုလည္း သူ ခ်စ္သည္။
"ကြ်န္ေတာ္ နီေစြးကိုပဲ ေရြးခ်ယ္တယ္..."
'နီေစြးလက္ထဲကို အဲ့ကမၻာကလူေတြရဲ႕ အသက္ကို ထည့္ထားတယ္... နီေစြး ကြ်န္ေတာ့္ဆီက နီေစြး ထြက္သြားလုိ႔မရဘူး... ကြ်န္ေတာ္ နီေစြးကို အားလံုးေပးထားတာမို႔လို႔... အခ်စ္ဆုိတာ ကြ်န္ေတာ့္အတြက္ေတာ့ ကြ်န္ေတာ္ ခ်စ္တ့ဲသူကို ဘယ္ေတာ့မွ လက္မလႊတ္တဲ့အရာမို႔လို႔...'
"မင္း..."
နီေစြးသည္ သူ႔လႈပ္ရွားေနလြန္းသည့္ စိတ္ကိုထိန္းခ်ဳပ္ၿပီးေနာက္ သူ႔ကိုၾကည့္ရင္း...
"ငါ တုိ႔ေနာက္မွ စကားေျပာရေအာင္... အခုေတာ့ ငါ နားခ်င္ၿပီ..."
ထိုညက နီေစြးသည္ သူ႔ကို ဖက္ထားခြင့္မျပဳ။ ေက်ာခိုင္းအိပ္ေနသည့္ နီေစြးကို သူ တစ္ညလံုး မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေနခဲ့သည္။
'နီေစြး... နီေစြးက ကြ်န္ေတာ့္ကို ဖန္တီးတဲ့သူမုိ႔ ကြ်န္ေတာ္ လူတစ္ေယာက္ကို ခ်စ္သြားခဲ့ရင္ အခုလိုမ်ိဳး ျဖစ္မယ္ဆုိတာကို လက္ခံႏုိင္တယ္မဟုတ္လား... ကြ်န္ေတာ္ နီေစြးကို အရမ္းခ်စ္တာမို႔လို႔ ကြ်န္ေတာ္ကလြဲၿပီး ဘယ္သူမွ မျမင္ႏုိင္တဲ့ေနရာမွ ေသာ့ခတ္သိမ္းထားခ်င္တာမို႔လို႔... အဲ့လိုအေတြးေတြနဲ႔ ကြ်န္ေတာ့္ကို နီေစြး လက္ခံႏိုင္တယ္မဟုတ္လား...' သူ ရင္ထဲတြင္ ထုိစကားကိုသာ ေရရြတ္ေနျဖစ္ခဲ့သည္။
~~~~~~~~~~
Unicode
"မင်းလာသားပဲ..."
ဟိုတယ်၏ ဟောခန်းတစ်ခုတွင် ဝိုင်ခွက်လေးကိုင်ရင်း ရပ်နေသည့် သူ့အနားသို့ တကူးတကလာရန်စနေသည့် စေ့ကို သူကြည့်သည်။
"သူဌေးမင်းက အခုလုပ်ငန်းထပ်တိုးချဲ့မလို့လား..."
"မသိဘူးလေ... မင်းကို မတိုင်ပင်ဘူးလား..."
"ငါအခုတလော မအားလို့..."
အခုတလော သူ အလွန်အလုပ်ရှုပ်နေသည်လေ။ Vincent နှင့် အလုပ်ကောင်းကောင်းရှုပ်နေသည်လေ။ သူ့အလုပ်ရှုပ်ရာအကြောင်းကို တွေးမိတော့ သူ့နှုတ်ခမ်းတို့က ကော့ညွှတ်သွား၏။
"ဒါနဲ့ မင်း ဘယ်လိုဖြစ်ပြီးတော့ သူက ဘယ်သူဆိုတာ သိသွားတာလဲ..."
စေသည် လက်ထဲမှ ရှန်ပိန်ခွက်ကို ကိုင်ကာ စင်ပေါ်မှ စကားပြောနေသူကို ကြည့်ရင်း...
"ငါတို့ Glory က Dark Horse အတော်များတာပဲ..."
ဆုတစ်ခုကို ကိုင်ကာကျေးဇူးတင်စကားပြောနေသည့်သူကို ကြည့်၏။
"အား သူက အသစ်လေးမို့လား..."
နီစွေးသည် စေ့ စကားလမ်းလွှဲမှုနောက်သို့ လိုက်လာရင်း မေးတော့ စေ ခေါင်းအသာညိတ်ကာ...
"အင်း ငါက သူ့ကို သိပ်သဘောမကျပါဘူး..."
"အမယ် စာပေဆုရတဲ့သူကို..."
နီစွေး၏ ရယ်ဟဟစကားကြောင့် စေ သည် သူ့ဆံပင်ကိုသူ တစ်ဖက်လက်ဖြင့် ထိုးဖွရင်း...
"သူက..."
စေသည် တစ်ခုခုပြောမည် ပြုပြီးမှ ပါးစပ်ကို ပြန်ပိတ်ကာ ပြောလည်း လူတွေနားလည်မယ် မထင်ပါဘူးဆိုသည့် ပုံစံမျိုးဖြင့်...
"ထားပါတော့... မင်းရဲ့ ဟိုကောင်လေးက..."
စေ၏ နှုတ်ခမ်းထောင့်စွန်းတို့သည် ကုတ်ကျသွားရင်း...
"သူ့မှာ လူတစ်ယောက်ရဲ့ အငွေ့အသက်မှ မရှိတာ... လူတွေမှာ အရောင်အသွေးတွေ ရှိကြတယ်လေ..."
စေသည် ဂမ္ဘီရဆန်ဆန် စကားလုံးကို ရေရွတ်လာတော့ နီစွေး ဘာပြောရမှန်းမသိဖြစ်ကာသာ ကြည့်၏။
"ဘာကို ဂမ္ဘီရဆန်ဆန်လဲ... စိတ်ပျက်စရာပဲ... မင်း အဲ့လောက်ပိန်းမယ်လို့ ထားပါတော့ ငါဘယ်လိုသိလဲကလည်း အရေးမပါပါဘူး... တချို့ကိစ္စတွေက မပြောတာပိုကောင်းတယ်..."
"ဖြစ်မှဖြစ်ရလေ..."
"လျှို့ဝှက်ချက်ဆိုတာ အလကားမှ မဟုတ်တာ..."
စေသည် ခပ်အေးအေးသာ ပြောလေ၏။ နီစွေးမှာတော့ ဆိတ်ဆိတ်သာနေနေလိုက်၏။ လျှို့ဝှက်ချက်... စေ့တွင် လျှို့ဝှက်ချက်ပေါင်းများစွာရှိတာ သူ သိတာပေ့ါ။ သို့သော်လည်း စေမပြောဘူးဆိုလျှင် သူ ဘာတတ်နိုင်မှာလဲ။ သူ့တွင်ပြောမရသည့် အကြောင်းပေါင်းစုံ ရှိချင်လည်းရှိနေမှာပေါ့။
စေသည် အမြဲတမ်း သူတို့မမြင်သည့် လောကတစ်ခုကို မြင်နိုင်သည်လေ။ ထိုလောကတွင် နေနေရင်း သူတို့လောကကို အလည်လာခြင်းလည်း ဖြစ်နိုင်ပါသေးသည်။ Fantasy စာရေးဆရာတစ်ယောက်ဖြစ်သည့် အလျောက် နီစွေးဆိုသည့် သူသည် ထူးဆန်းမှုအားလုံးကို နားလည်လက်ခံနိုင်စွမ်းရှိပါသည်လေ။
"သူက ကောင်းတဲ့ကောင်မဟုတ်ဘူး... သူက မယုံကြည်ရတဲ့ကောင်မှန်းမင်းသိပါတယ်..."
စေ့မကျေမနပ်သံကြောင့် နီစွေးရယ်သည်။
"မင်း ငါ ဘယ်တော့မှ စာမရေးတော့မှာကို ကြောက်နေတာလား..."
"ငါက ဘာလို့ကြောက်ရမှာလဲ! မင်းလို အသုံးမကျတဲ့ကောင်အတွက်..."
စေ့ ဘောက်ဆတ်ဆတ်အပြောက တကယ်မဟုတ်မှန်း သူ သိသည်။ ထို့အတွက် သူ ခပ်တိုးတိုးရယ်ပြီး...
"သူ ငါ့နောက်မှ လုပ်နေတဲ့အရာတွေရှိတယ်... ဥပမာ သူ့မှာ သူပြန်လို့ရတဲ့ နည်းလမ်းရှိနေပါရဲ့နဲ့ မပြောဘူးဆိုတာမျိုးပေါ့..."
စေသည် သူ့ကို မည်သည့်စကားမှ မဆိုဘဲ မျက်လုံးတစ်ချက်သာ စွေကြည့်လာ၏။ ဆက်ပြောလို့ရသည် ဆက်ပြောပါပေါ့။
"အင်း ဒါပေမဲ့လည်း... မင်းသိလား... ငါ့ဘဝမှာ လူနှစ်မျိုးပဲ တွေ့ဖူးတယ်... တချို့က ငါထိခိုက်မှာစိုးလို့ ငါ့ဆီက ထွက်သွားကြတယ်... တချို့က ငါ့ကို ဒေါသဖြစ်ပြီး ထွက်သွားကြတယ်... သူတစ်ယောက်တည်းက ငါ ထိခိုက်လည်း သူ့နားမှာပဲ နေဆိုတာမျိုးစဉ်းစားတယ်..."
"မင်းက တကယ့်ကို သောက်ရေးမပါတဲ့ ဂွစားကောင်ပဲ..."
စေ့စကားကြောင့် နီစွေးပြုံးကာ ခေါင်းညိတ်သည်။
"အင်း... ငါက အဲ့လိုကောင်စားပါပဲ... အမြဲတမ်း တစ်စုံတစ်ယောက်က ငါ နာကျင်ပါစေ ငါ့နားမှာပဲ နေမယ်ဆိုတာမျိုးကို ငါ မျှော်လင့်ခဲ့တယ်... ဒါပေမဲ့ တစ်ယောက်မှ ငါ အဲ့လိုပြောနေတာကို မကြားခဲ့ဘူးထင်ပါတယ်... ငါ့အတွက်နဲ့ ငါ့ကို ကာကွယ်ချင်လို့ သူတို့ထွက်သွားတာ ငါ သိတာပေါ့... ဒါပေမဲ့ ဘယ်လောက်ပဲ ငါကြောက်နေကြောက်နေ ငါ့နားမှာ တစ်စုံတစ်ယောက်ကို ရှိစေချင်တာပဲ... ငါမကောင်းမှန်း ငါသိပါတယ်..."
နီစွေးသည် ခပ်တိုးတိုးရေရွတ်နေရင်း သူ့ ဝိုင်ခွက်ကိုမော့သောက်လိုက်သည်။ သူနှင့် စေ့အကြားတွင် မည်သည့် စကားမှ မရှိတော့။ အတန်ကြာတော့မှ စေသည် သူ့ကိုကြည့်လာ၏။
"သူ့ကို မင်းပြန်မပို့ဘူးဆိုရင်..."
စေ့နောက်ဆက်တွဲစကားက နီစွေးမျက်လုံးတို့ကို ဝိုင်းစက်သွားစေသည်။ ပြောပြီးသည်နှင့် အခြားသော သူများနှင့် စကားသွားပြောနေသည့် စေ့လက်ကို ဆွဲကာ သူ လိုက်မေးချင်သော်လည်း မမေးဖြစ်။ နှုတ်ခမ်းကို တင်းတင်းစေ့ကာသာ သူ လက်ထဲမှ ဝိုင်ခွက်အလွတ်ကိုသာ ကြည့်နေခဲ့သည်။
>>>>>Schmaltz<<<<<
"နီစွေး တစ်ခုခုဖြစ်လာတာလား..."
သူ လာကြိုသည့်လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသည့်အပြင် အိမ်ပြန်ရောက်သည့်တိုင် စကားတစ်ခွန်းမှ မဆိုသေးသည့် နီစွေးကြောင့် Vincent မနေနိုင်တော့စွာ မေးလာရ၏။ စိတ်ထဲတွင်လည်း နီစွေး၏ တိတ်ဆိတ်မှုက သူ့ကို မသက်မသာခံစားရစေသည်။ နီစွေးသည် ထိုသူထံက ဘာများသိလာရပြီလဲ။
"Vince..."
နီစွေး၏ သူ့အမည်ကို ခပ်တိုးတိုးခေါ်သံနှင့် သူ့ကိုကြည့်လာသည့် မျက်ဝန်းများ။ ထိုမျက်ဝန်းများထဲတွင် သွေးပျက်နေမှုများကို သူ မြင်နေရသလို။ နီစွေးသည် သူ မသိသင့်သည့် အရာကို သိလာသည်လား။
"မင်း ငါ့ကို လိမ်ညာထားတာရှိလား..."
Vincent ရင်ထဲထိတ်ခနဲ။ လိမ်ညာထားတာ... နီစွေးကို သူ လိမ်ညာထားသည့် အရာက မြောက်မြားစွာရှိသည်ကို နီစွေးက ဘယ်အရာကို ပြောချင်တာလဲ။
"ဘာကိုလဲ..."
သူ မှားယွင်းစွာဖြေလိုက်မိပါက မိမိကိုယ်တိုင် အိတ်သွန်ဖာမှောက်အကုန်အစင် ဖော်ပြနေသည့်အဖြစ်သို့ ရောက်သွားမည်ကို စိုးသဖြင့် သူ ပြောင်ပြောင်တင်းတင်းသာပြောသည်။ နီစွေးပြောသည့် အကြောင်းအရာပေါ်မူတည်ပြီး သူ အကြောင်းပြချက်ပေးတာက ပိုအဆင်ပြေလိမ့်မည်။
"ဒီတိုင်းဆက်သွားရင် မင်းသေသွားမယ်ဆိုတာကို..."
နီစွေးစကားကြောင့် Vincent ရင်ပူနေခြင်းက လျော့သွားတော့သည်။ အာ တော်သေးတာပေါ့ သူက အခြားအကြောင်းအရာတို့ဖြစ်နေမယ်ထင်နေတာ။ Vincent ၏ မျက်နှာထက်မှ စိုးရိမ်မှုတို့လျော့ပါးသွားခြင်းကြောင့် နီစွေး အောက်နှုတ်ခမ်းကို ဖိကိုက်သည်။
သူ သိတာပေါ့ Vincent က နည်းနည်းလေးမှ ယုံ၍မရတာကို။ သူ့ကို monopolize လုပ်ဖို့ကြိုးစားသည်ကို သူ ခွင့်လွှတ်၍ရသည်။ သူ့ကို သူ ပြန်သွားနိုင်သည့် နည်းလမ်းရှိနေသည်ကို သိသိကြီးနှင့် ဖုံးကွယ်ထားသည်ကိုလည်း သူ ခွင့်လွှတ်၍ရသည်။
သို့သော်လည်း... အခုကိစ္စက သူက လောကနှစ်ခုလုံးမှ ပျောက်ကွယ်သွားမှာလေ... အဲ့ဒါကို သူ ဘယ်လိုလက်ခံရမှာလဲ။
"ကျွန်တော်..."
အောက်နှုတ်ခမ်းကို ကိုက်ကာ ခေါင်းငုံ့ထားသည့် နီစွေးကို သူ့ရင်ခွဲထဲဆွဲသွင်းတော့ သူ့ကို တွန်းလာသည့် လက်နှစ်ဖက်။ သူ ထိုလက်နှစ်ဖက်ကို လက်တစ်ဖက်ဖြင့် ချုပ်ကိုင်ကာ တစ်ဖက်လက်ဖြင့် နီစွေးကို ခါးမှ ဆွဲ၍ သူ့ရင်ခွင်သို့ သွင်းသည်။
"ကျွန်တော် နီစွေးကို ထားခဲ့မှာ မဟုတ်ပါဘူး..."
သူ့ စကားက ရင်ခွင်ထဲရောက်နေသည့်တိုင် မျက်နှာလွှဲထားသည့် နီစွေးကို လှုပ်ခတ်သွားပုံရ၏။ သူ့ကို ဒေါသအမျက်တို့ မော့ကြည့်လာသည့် နီစွေး။ သူ ပြုံးသည်။
"ကျွန်တော် နီစွေးကို ထားခဲ့မှာမဟုတ်ဘူး..."
"ဘာကို မထားခဲ့မှာလဲ! မင်းသာ ဒီမှာ ရှိနေရင် မင်း ကမ္ဘာက ပျက်စီးသွားလိမ့်မယ်... မင်း ကမ္ဘာပျက်စီးသွားရင် မင်း... မင်းလည်း..."
နီစွေး၏ အသံသည် တိုးတိမ်ဝင်သွားခဲ့သည်။ အသံအစား မျက်ရည်ကြည်ဥတို့က ပါးပြင်ထက်သို့ လိမ့်ခနဲ။
"မင်းက လူညာတစ်ယောက်ပဲ! မင်း ငါ့ကို မထားသွားဘူးလို့ ပြောတယ်! ငါ မင်းကို ယုံကြည်တော့မဲ့ အချိန်မှာ! မင်းပြန်ဖို့လမ်းသိနေပေမဲ့ ငါ့နားမှာ နေနေတာကိုကြည့်ပြီး မင်းကတော့ ငါ့ကို မထားခဲ့ဘူးလို့ ငါ ယုံကြည်စပြုလာတဲ့အချိန်မှာ! မင်းလည်း... မင်းလည်း... ငါ့ကို..."
စကားမဆုံးခဲ့။ သူ့နှုတ်ခမ်းတို့က အခြားသော နှုတ်ခမ်းတစ်စုံ၏ ပိတ်ဆို့ခြင်းခံလိုက်ရ၏။ သူ့စကားတို့ကို တားမြစ်လာသူကို သူ ထုရိုက်လိုက်သော်လည်း သူ့လက်တို့က ထိုသူ၏ ချုပ်နှောင်ထားခြင်းကို ခံထားရသည့်အတွက် သူ မလုပ်နိုင်။ သူ့အလိုမတူမှုကို ဖော်ပြသည့် အနေဖြင့် သူ ထိုသူ၏ အောက်နှုတ်ခမ်းကို ဖိကိုက်သော်လည်း ထိုကောင်လေးသည် သူ့ နှုတ်ခမ်းတို့ကို မလွှတ်။
မည်မျှပင် လူတစ်ပိုင်း နဂါးတစ်ပိုင်းဟု ဆိုစေကာမူ နှုတ်ခမ်းလွှာသည့် နူးညံ့သည့် နေရာဖြစ်သဖြင့် သူ့ခံတွင်းသို့ သွေးနံ့နှင့်အတူ သံဓာတ်အရသာသည် စိမ့်ဝင်လာ၏။ ဆူကြွနေသည့် ဒေါသတို့ အနည်းငယ်လျော့လာတော့မှ ထိုကောင်လေးသည် သူ့ကို လွှတ်ပေးလာခဲ့သည်။
"ကျွန်တော် မသွားဘူးဆိုတာ နီစွေးသိနေတယ်ဆိုရင် အခု ကျွန်တော် ပြောတာလည်း အမှန်ပဲဆိုတာကို နီစွေး ယုံကြည်လို့ရတယ်မဟုတ်လား..."
"မင်း မသွားရင်... မင်းကမ္ဘာက..."
နီစွေးကို သူ စေ့အကြောင်းပြောပြလျှင်ကောင်းမလား စဉ်းစားပြီးမှ Vincent ထိုအကြံကို လက်လျှော့လိုက်သည်။ ဟင့်အင်း စောနေသေးတယ်။ နီစွေးသည် သူ့အပေါ် ထိုထက်ပို ပြိုဆင်းလာဖို့လိုသည်။ ယခုက သာမန်လူတစ်ယောက်အတွက်တော့ ဟုတ်နေနိုင်ပေမဲ့ သူ ချစ်သည်က နီစွေးလေ။
ထိုအရာလောက်နှင့် သူတို့ အတူတကွ ဤကမ္ဘာမှ ထွက်သွားနိုင်လောက်မည့် အကြောင်းရင်းကို နီစွေးသိလျှင် သူ နီစွေးကို ချည်နှောင်ထားနိုင်ဦးမည်မဟုတ်။ သူ စိတ်ရှည်ရှည်စောင့်ရမည်။ နီစွေးကိုယ်တိုင်က သူ့ကို ချည်နှောင်ရမည့် ကြိုးကို ကမ်းပေးအောင် သူ စောင့်ရမည်။
"ကျွန်တော့် ကမ္ဘာမှာ ကျွန်တော် တစ်ယောက်ထဲ ရှင်သန်နေရမဲ့အစား ကျွန်တော် မရှိတော့တာက ပိုမကောင်းဘူးလား..."
သူ့မျက်လုံးများထဲ စိုက်ကြည့်ပြောလာသည့် Vincent ကို နီစွေးကြည့်သည်။ ကျွန်တော် နီစွေးမရှိဘဲ အသက်မရှင်ချင်ဘူးဟု ထိုကောင်လေး၏ မျက်လုံးပြာများက ပြောနေသယောင်... သူ့နှုတ်မှလည်း ထိုအဓိပ္ပာယ်နှင့် ဆင်တူသည့် စကားကို ပြောခဲ့သည်မဟုတ်လား။ နီစွေးမျက်လုံးများကို မှိတ်၏။
"တခြားသူတွေကရော... မင်းကမ္ဘာမှာ မင်းတစ်ယောက်တည်း အသက်ရှင်နေတာမဟုတ်ဘူး တခြားသူတွေကရော..."
နီစွေးသည် တစ်ချက်တစ်ချက်တွင် လူသားဆန်စွာ တုံးလွန်းသည်ဟု သူ ထင်သည်။ သို့သော်လည်း ထိုသို့ တုံးအသည့် နီစွေးကိုလည်း သူ ချစ်သည်။
"ကျွန်တော် နီစွေးကိုပဲ ရွေးချယ်တယ်..."
'နီစွေးလက်ထဲကို အဲ့ကမ္ဘာကလူတွေရဲ့ အသက်ကို ထည့်ထားတယ်... နီစွေး ကျွန်တော့်ဆီက နီစွေး ထွက်သွားလို့မရဘူး... ကျွန်တော် နီစွေးကို အားလုံးပေးထားတာမို့လို့... အချစ်ဆိုတာ ကျွန်တော့်အတွက်တော့ ကျွန်တော် ချစ်တဲ့သူကို ဘယ်တော့မှ လက်မလွှတ်တဲ့အရာမို့လို့...'
"မင်း..."
နီစွေးသည် သူ့လှုပ်ရှားနေလွန်းသည့် စိတ်ကိုထိန်းချုပ်ပြီးနောက် သူ့ကိုကြည့်ရင်း...
"ငါ တို့နောက်မှ စကားပြောရအောင်... အခုတော့ ငါ နားချင်ပြီ..."
ထိုညက နီစွေးသည် သူ့ကို ဖက်ထားခွင့်မပြု။ ကျောခိုင်းအိပ်နေသည့် နီစွေးကို သူ တစ်ညလုံး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
'နီစွေး... နီစွေးက ကျွန်တော့်ကို ဖန်တီးတဲ့သူမို့ ကျွန်တော် လူတစ်ယောက်ကို ချစ်သွားခဲ့ရင် အခုလိုမျိုး ဖြစ်မယ်ဆိုတာကို လက်ခံနိုင်တယ်မဟုတ်လား... ကျွန်တော် နီစွေးကို အရမ်းချစ်တာမို့လို့ ကျွန်တော်ကလွဲပြီး ဘယ်သူမှ မမြင်နိုင်တဲ့နေရာမှ သော့ခတ်သိမ်းထားချင်တာမို့လို့... အဲ့လိုအတွေးတွေနဲ့ ကျွန်တော့်ကို နီစွေး လက်ခံနိုင်တယ်မဟုတ်လား...' သူ ရင်ထဲတွင် ထိုစကားကိုသာ ရေရွတ်နေဖြစ်ခဲ့သည်။
~~~~~~~~~~