~Next Door Husband ~

By GiChanNoDi_Castle612

7.1K 588 49

မင်း ခိုးယူသွားတာ ကိုယ့်ခြံထဲက ကံ့ကော်ပန်းခိုင်မဟုတ်ဘဲ ကိုယ်ပိုင်ဆိုင်တဲ့ နှလုံးသားတစ်စုံပဲ ကလေး! ! ! အဲဒီ အ... More

ပန်းသူခိုးလေး!
Introduction ~~
ချစ်တယ်!!!

ဆာကူရာတွေ ကြွေစေသား!

1.6K 148 15
By GiChanNoDi_Castle612


ကားထဲက အခြေအနေသည် မျက်တောင်တခတ်စာမျှတိတ်ဆိတ်သွားသည်။
ကားရဲ့ အပူရှိန်သည်လည်း ယခုမှပိုမြင့်တက်လာသည်လားမပြောတတ်။ သူ့တစ်ကိုယ်လုံး ပူရှိန်းရှိန်းခံစားလာရသည်။

ကျွန်တော် ဒိုဂယောင်ဆူးဆိုတာက တက္ကသိုလ်ရှိ  လူငယ် ၊ လူလတ် ၊ သက်တူရွယ်တူ ၊ ဂျူနီယာ ၊ စီနီယာ ကျားမ မရွေး တို့ရဲ့ ချစ်ခွင့်ပန်ခြင်း မြောက်မြားစွာကို ခံရဖူးပါသည်။ ဒါပေမယ့် သူ့ဘက်က ဘာတုန့်ပြန်မှု ၊ ဘာခံစားချက်မှ မလာသောကြောင့် အားလုံးကို ပညာရှိရှိနဲ့ ငြင်းပယ်ခဲ့သည်ပင်။  

ယခု ဘေးအိမ်က ဘဲကြီးရဲ့ ရိုမဆန်တဲ့ ချစ်တယ် ဟု ပြောသည့် စကားတစ်ခွန်းအောက်တွင် သူ ချွေးစေးတို့စို့လာရသည်။ ဒါ ဘာလက္ခဏာလဲ ။

" ချာတိတ်!  ကိုယ်ပြောတာကြားလား...  ချစ်တယ် လို့ "

သူ အတွေးလွန်နေစဉ် ဂယောင်ဆူး ဘယ်လက်ကို အသာဆွဲယူကာ သူ့ရဲ့ လက်ဖဝါးကြီးထဲ ဆုပ်ကိုင်သာကြောင့် အေးစက်နေတဲ့ သူ့လက် နွေးသွားသလို ။ ထူးဆန်းသည် ။ဂယောင်ဆူး တစ်ကိုယ်လုံး ပူရှိန်းနေပေယ့် လက်ဖျားခြေဖျားတွေ အေးစက်နေသည်။ သူက ဂယောင်ဆူး ဝတ်ထားတဲ့ ငွေလက်ကောက်သေးသေးလေးတွေကိုပါ ယုယုယယ ကိုင်ထားသေးသည်။

ဘဲကြီး မျက်နှာကို အရဲစွန့်ကာ သေချာစိုက်ကြည့်လိုက်သည်။

" ဟာဗျာ!  အဲတော့ ဘာလုပ်ရမှာလဲ "

ဂယောင်ဆူးရဲ့ ဘောက်ဆတ်ဆတ်စကားကြောင့် ချန်းယောလ် ပြုံးနေရာမှ အသံထွက်ရယ်လိုက်သည်။ ဒီကလေးနှယ့်... ဘာကိုဖုံးကွယ်ချင်နေသည်မသိ ။

"ဘာရယ်တာလဲ လက်လွှတ်တော့... နောက်ကျနေပြီ ပြန်မယ် "

လူကြီးဖြစ်ပြီး စပ်ဖြဲဖြဲနဲ့...။ သူငယ်နာမစင်တာလား  0_0

"ကိုယ့်ကို အဖြေပြန်ပေးဦးလေကွာ "

ကိုင်ထားတဲ့ လက်ကို မလွှတ်ပေးဘဲ သူ့ရဲ့ ချယ်ရီရောင်သန်းနေတဲ့  နှုတ်ခမ်းဖူးဖူးလေးနဲ့ အသာဖိကပ်လိုက်တော့ ဂယောင်ဆူး တစ်ကိုယ်လုံး တုန်တက်သွားရသည်နှင့်သူ့လက်ဆီမှ ချွင် ခနဲ အသံစူးစူးက ပေါ်ထွက်လာလေသည်။
ဒီလူကြီး တော်တော် အသားယူတာ များနေပြီ။

ဂယောင်ဆူး သူ့လက်ကို ဆတ်ခနဲ ဆွဲယူလိုက်သည်။

"ခင်ဗျား....!!! "

သူ တကယ် ရှက်၍ ဒေါသထွက်သွားမိသည်။

သူ့ ဘေးက ဘဲကြီးကတော့ မပြုံးမပျက်သေး ။ သူ့ကို မထိရက် မကိုင်ရက်သလို စူးစူးနစ်နစ်ကြည့်နေတာကြောင့် ပိုပြီး ငိုချင်လာရသည်။ ဒါ ဒိုဂယောင်ဆူး အစစ်အမှန်မှ မဟုတ်တာ ။ ပုံမှန်သူ့ပုံစံက ယဉ်ကျေးတဲ့လူငယ်လေးပေမယ့် ခပ်စွာစွာပင်။ မိန်းကလေးအများစုရဲ့ အိမ်မက်မင်းသားလေး ၊ ပုရိသယောက်ျားသားတို့ရဲ့ အချစ်ခံ ခပ်စွာစွာကောင်လေးတစ်ယောက်ပင်။

ဘဲကြီးကို နည်းနည်း မဆိုစလောက် ပိစိညှောင့်တောင့် ၊ သေးသေးလေး စိတ်ဝင်စားသည်ဆိုပေမယ့် ချက်ချင်းကြီးတော့
သူ့ဘက်က မတုန့်ပြန်ချင်။
ဒါပေမယ့် မူတယ် ဆိုတာက မိန်းမတွေရဲ့ အလုပ်ဆိုတော့ မမူသင့်ဟုထင်သည်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမည်ဆိုတော့ မမူသင့် ဆိုတဲ့ ဖြစ်သင့်တာကို လက်ခံရမည်လော :(

လက်ခံလိုက်ရင်လည်း သူ့ဘက်က အရှုံးမရှိဘူးဟုထင်သည်။ ချစ်သူလို မချစ်နိုင်ရင်တောင် မနည်းဆုံးတော့ အစ်ကိုကြီးတစ်ယောက်လို ၊ ဦးလေးတစ်ယောက်လို ဆိုးလို့ရနိုင်သည်မလား ။

" Okie! ကျွန်တော် မမူတတ်ဘူး ၊ မူတယ်ဆိုတာ မိန်းမတွေပဲ မူတာ ၊ ခင်ဗျားပြောတာကို လက်ခံတယ် တွဲကြည့်ရအောင်..."

သူ့ စကားတောင်အဆုံး သူ့ကို ဆွဲဖက်လိုက်တဲ့ ဘဲကြီးကြောင့် ပြုံးမိသွားရသည် ။ တကယ်ပဲ ဒီလူကြီး သူ့ကို ချစ်တာ ဟုတ်ရဲ့လားဆိုသည့် သံသယလေးကတော့ ရှိနေဆဲ ။

" ချစ်တယ်...ကိုယ် မင်းကို ချစ်တယ် "

"........."

"မင်းလေး မယုံမှာကိုသိပေမယ့် ကိုယ့်စိတ်ကို ကိုယ်ယုံတယ် ၊ အသက်အရွယ်ကြောင့် မင်းလေး အနေရခက်နေမှာတော့ ကိုယ် နည်းနည်းစိုးရိမ်တယ် "

သူ့ပခုံးသေးသေးနှစ်ဖက်အား အသာကိုင်တာ တကယ်စိုးရိမ်နေပုံနဲ့ ပြောလာသော ဘဲကြီးသည် သူ့ မျက်လုံးထဲ ဆွဲဆောင်မှုရှိစွာ ကြည့်ကောင်းနေပြန်ရော...။
အခု ကိုယ့်ချစ်သူကို ကိုယ် ပြန်ကြွေနေတာလား ။ ဟိဟိ...။

သူ့မျက်လုံးထဲ ဆွဲဆောင်မှုရှိစွာ ငုံထားချင်စရာကောင်းနေသော လူကြီးရဲ့ နီရဲရဲ နှုတ်ခမ်းဖူးဖူးအား သူ့ရဲ့ အသည်းပုံနှုတ်ခမ်းတို့နဲ့ ခပ်ဖွဖွ ဖိကပ်လိုက်မိသည်။ နွေးထွေးသည်။ သူ့ဘက်မှ စတင်ကာ ဘဲကြီးရဲ့ အောက်နှုတ်ခမ်းတစ်ဖက်ကို ငုံလိုက်တော့ အလိုက်သင့် သူ့အပေါ်နှုတ်ခမ်းသားကို စုပ်ယူလာလေသည် ။
နွေးထွေးမှုကနေတစ်ဆင့် ချိုမြိန်မှုကို ခံစားလာရသည်။

သူ့ရဲ့ ပထမဆုံးအနမ်းပေမယ့် ဘဲကြီးရဲ့ ကျွမ်းကျင်မှုထဲမှာ သူ အနေရမခက်ဘဲ လိုက်လျောညီထွေစွာ စီးမျောရင်း စွဲမက်စရာအနမ်းချိုချိုတစ်ခုကို ဖန်တီးလိုက်ကြသည်။

"ကျွန်တော် ဘဲကြီးကို ချစ်မိတော့မယ် ထင်တယ် "

သူ ခပ်တိုးတိုးပြောလိုက်မသည်။ ကားလေးကတော့ အခုထိ မရွေ့လျားသေး ။

"ကလေး... ဒီ ငွေလက်ကောက်တွေ ဘာလို့ဝတ်ထားတာလဲ "

သူ့ လက်နှစ်ဖက်လုံးကို ကိုင်ကာ ငွေလက်ကောက်လေးတွေကို အသာထိကိုင်ကာ မေးလာသော ဘဲကြီး!

ဘဲကြီး ကြည့်ရတာ အရမ်း သိချင်တဲ့ပုံပေါက်နေသည်မို့ သူ ရယ်ချင်သွားရသည်။

"ဘာလို့လဲ...သဘောကျလို့လား "

သူ မသိချင်ယောင်ဆောင်လျက် ခပတည်တည်မေးလိုက်သည်။ ခုနားက အကြင်နာမိုး ရွာသွန်းထားတာကိုပင် သူ မရှက်တော့ ။ ယောကျာ်းလေးပဲ ဘာရှက်ရာရှိလဲ ။

"ကိုယ် ကလေးကို စပြီး သတိထားမိတာ ဟောဒီ လက်ကောက်လေးတွေကြောင့်လေ... အဲ့ဒါကြောင့် ကိုယ် ပိုပြီး သိချင်မိတာ "

ဂယောင်ဆူးလက်ကို  ကိုင်ကာ ဂယောင်ဆူးမျက်နှာရှေ့ လှုပ်ပြလိုက်သောကြောင့် တချွင်ချွင် အသံလေးများ ပေါ်ထွက်လာလေသည်။

"ကျွန်တော် ငယ်ငယ်တည်းက ဒါတွေကို ဝတ်လာတာ ၊ အရွယ်အလိုက်ပုံစံကွဲသွားတာပဲရှိတယ် ၊ အကုန်လုံးက ငွေလက်ကောက်တွေချည်းပဲ... "

"အင်း...ပြော "

သူက ရပ်သွားသော ဂယောင်ဆူးစကားကို လှမ်းထောက်ပေးကာ ...။

"ဒါတွေ ချွတ်ထားရင် ကျွန်တော် အမြဲ နေမကောင်းဖြစ်တယ် ၊ ပြန်ဝတ်လိုက်တာနဲ့ နေမကောင်းဖြစ်နေတာတွေ ပျောက်သွားရော ၊ ဒါကြောင့် ဘယ်လ်ုမှ ချွတ်လို့မရဘူးလေ...ကဲ သိပြီလား"

သူ့စကားကို အံ့သြတကြီးနားထောင်နေသော ဘဲကြီးပုံစံမှာ အရမ်းချစ်ဖို့ကောင်းနေတယ်ဟု  သူပြောမိရင် ရယ်စရာကောင်းနေမည်ရော့လား ။ သူ့လို အသက် ၃၇ နှစ်အရွယ် ယောကျာ်းရင့်မာကြီးတစ်ယောက်ကိုလေ...။

            ~Next Door Husband ~

"မေမေ စိတ်ချမယ်နော် သား ၊ လူကြီးတွေ မပါဘူးဆိုပြီးတော့ စိတ်ထင်ရာမလုပ်ရဘူးနော်... ကြားလား"

"ဟုတ်ပါပြီ မေမေရာ! အဲ့ဒါတွေပဲ ထပ်တလဲလဲမှာနေတာ သားလည်းအလွတ်ရတော့မယ် ၊ သား အခု ဘွဲ့တောင်ရပြီးပြီ ကိုယ့်ပါကိုယ် ထိန်းနိုင်တယ်ဗျာ ၊ ပြီးတော့ မရောက်ဖူးတဲ့နေရာလည်းမဟုတ်ဘဲနဲ့ ၊ အကြာကြီးသွားမှာလည်းမဟုတ် တစ်ပတ်တည်းကို "

သူ မကျေမနပ်ပြောမိသည် ။
လော်စပီကာကနေ အော်နေတဲ့ လေယာဉ်မယ်ရဲ့ အသံကို မကြားသည့်အလား လေယာဉ်ပေါ်တက်ခါနီးတောင် မှာလို့ပြီးနိုင်သေးတဲ့ မေမေ ။

ပြင်သစ် မဟုတ်ရင် ရောမ ကို သွားရမည်ဟု ထင်ထားသော်လည်း ယခုတော့ သူ ငယ်ငယ်တည်းက ချောင်းပေါက်အောင်သွားနေကျ ဂျပန်ပါတဲ့ ။
ဟူး...ဂျပန်ဆိုလည်း ဂျပန်ပေါ့ ။ ဘယ်တတ်နိုင်မလဲ ။ တစ်ယောက်တည်း သွားရမှာဆိုတော့ မဆိုးပါဘူးလေ ။ ဘဲကြီးကိုပါ သူနဲ့အတူ လိုက်စေချင်ပေမယ့် သူက အလုပ်များတဲ့သူမို့ သူ့မှာ မခေါ်ရဲ ။ ရှိပါစေတော့လေ... နောက်တစ်ခါ အတူတူသွားလို့ရတာပဲကို ။
.
.
.
အရင်ဆုံး ဟိုတယ် check in ဝင်လိုက်သည်။ ဟိုတယ်ရောက်နေပြီဖြစ်ကြောင်း မေမေ့ဆီဖုန်းဆက်ပြီးရင်
ကိုကို့ ဆီကိုပါ ဆက်ရဦးမည် ။

သူကတော့ ၁၅ နှစ်ဆိုတဲ့ အသက်အရွယ်ကွာခြားမှုကြောင့် ကိုကို ဟု ခေါ်ရန် မကြာခဏ ပြောတတ်ပေမယ့် ဂျောင်ဆူး ယခုထိ နှုတ်တစ်ခွန်းမှပင် မဆိုသေး။ ကိုကို  အတင်းမတိုက်တွန်းတာလည်းပါမည်ထင်သည်။ ဒါပေမယ့် သူ့ စိတ်ထဲတော့ ဘဲကြီး သင်ပေးတဲ့အတိုင်း ကိုကို ဟုခေါ်ဖြစ်နေတာကြာပြီ။

အရင်ဆုံး လန်းသွားအောင် ရေမိုးချိုးပြီး တစ်ဖက်လမ်းက သူ ကြိုက်တဲ့စားသောက်ဆိုင်မွှာသွားစားရန်စိတ်ကူးလိုက်သည်။ ဒီ ဟိုတယ်က သူ မေမေတို့နဲ့ လာတိုင်း တည်းနေကျမို့ ဒီနားတဝိုက် သူ အတော်လေးကျွမ်းကျင်နေပြီ။
.
.
.

ဒုတိယမြောက်နေ့တွင်
နာဆာကူယီ ဟိုတယ် အမည်ရ Three Stars Hotel ကြီးကို သွားလိုက်ဟု ဖုန်းဆက်လာသော ကိုကို့ ကြောင့် သူ လာခဲ့လိုက်သည်။ အဲ့ဒီမှာ သူ့ အစ်ကိုဝမ်းကွဲ ဂင်မ်ဂျွန်မြောင်ရှိတယ် ဟုသာပြောသွားသည် ။ နောက်ထပ် ဘာမျှ ပြောမသွားတော့...။

ကိုကို ဒီကို လိုက်လာသည်လော ဟု တွေးမိပေမယ့် သူ ဆီဆက်တဲ့ဖုန်းနံပါတ်က ကိုးရီးယားက ကိုကို့ နံပါတ်ပဲဆိုတော့ မဖြစ်နိုင် ။

ဘာပဲဖြစ်ဖြစ် အခု ဟိုတယ်ရှေ့ကိုရောက်နေပြီပဲ ။ ဝင်သွားရုံပေါ့ ။ သူ ဝင်သွားတော့ နွေးထွေးပြီး ဆာကူရာနံ့သင်းပျံ့နေတဲ့ လေကို စတင်ရှူရှိုက်မိသည်။ အဆင့်မြင့်ကြယ်သုံးပွင့်ဟိုတယ်မို့ အစစအရာရာ မြင်မြင်သမျှတို့သည် မျက်စိပဒေသဖြစ်လှသည်။ ဝန်ထမ်းတွေကအစ အနီရောင်ယူနီဖောင်းနှင့် တင့်တယ်စွာ ကြည့်ကောင်းကြပြီး တကယ့်လက်ရွေးစင်များဖြစ်ကြသောကြောင့် အရာရာဟာ ပြီးပြည့်စုံနေသည်။

Reception ကို သွားမေးဖို့လုပ်ပေမယ့် ဝန်ထမ်းတစ်ယောက် သူ့ဘေးနားရောက်လာကာ ဒိုဂျောင်ဆူးစံ လားဟု မေးလာသောကြောင့် ဂျပန်လိုပင် ဟုတ်ကဲ့ပါ ဟု ဖြေလိုက်သည် ။ ထို လူငယ်ဝန်ထမ်းကောင်လေးက ဖော်ရွေစွာ ပြုံးပြကာ ဒီဘက်ကိုကြွခဲ့ပါဟုပြောလာသောကြောင့် သူ အသာတကြည်ပင် လိုက်သွားသည်။

အခန်းပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် ထောင့်ဆုံးအခန်းရှေ့တွင် ထိုဝန်ထမ်းက ရပ်လိုက်ကာ သူ့အတွက် အလိုက်သင့်တံခါးဖွင့်ပေးလေသည်။

~ဘုရား... ဒါ ဘာတွေလဲ! ~

ကိုယ့်မျက်လုံး ကိုယ်မယုံနို်င်အောင်ရှိလှသည်။

သူ့အရှေ့တွင် စားဖိုမှူးဝတ်စုံနှင့် သူ အရမ်း အားကျလေးစားရတဲ့ Chef Gorden Ramsay နဲ့ ကိုကို့ အစ်ကိုဟု ထင်ရသော ကိုးရီးယားလူမျိုးတစ်ယောက်ရှိနေသည်။

"ဂျောင်ဆူး... အစ်ကိုက ပတ်ခ်ချန်းယောလ် အစ်ကို ဂင်မ်ဂျွန်မြောင်ပါ "

ကိုကို့ ထက်ပင် ပိုနုနေသလားဟုရသည်။

"ဟုတ်ကဲ့...Hyung ဒါတွေ...ဒါတွေက ကိုကို စီစဉ်ပေးထားတာလားဟင် "

သူ အရမ်းသိချင်နေမိသည် ။ ဟင့်အင်း တကယ်တော့ ဒီလိုလုပ်ပေးသူက ကိုကို ဆိုတာ သေချာအောင်သိနေပေမယ့် သူ မေးလိုက်မိပြန်သည်။

"Hello~ Mr.Doh Kyungsoo sshi! "

သူ့နာမည်ကိုခေါ်ကာ နှုတ်ဆက်တဲ့သဘောနဲ့ လက်ကမ်းပေးလာသော Chef Gorden ကြောင့် သူလည်း ကမန်းကတမ်း လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ချန်းယောလ်က Hyung ကို အကူညီတောင်းထာတာ ၊ ဂျောင်ဆူးက ဟင်းချက်ရတာလည်း ဝါသနာပါတယ်ဆိုပြီး..."

သုံးနာရီနီးပါးလောက် မမောနိုင်မပမ်းနိုင် သူ သင်ယူနေမိသည်။ အိမ်ပြန်ရောက်ရင်တော့ ဆူးမီကို ပြန်ကြွားရဦးမည် ။ ဆူးမီလည်း Mr.Gorden ပရိတ်သတ်မို့ သူ့ကို အကြီးအကျယ်မနာလိုဖြစ်တော့မှာ အသေအချာပင် ။ 
ဟင်းချက်နည်းတွေ လေ့လာနေရင်းနဲ့
သူ မသိအောင် တိတ်တိတ်လေးစီစဉ်ပေးထားတဲ့ လူကြီးကို ပြေးတွေ့ကာ သူ့နှုတ်ခမ်းကို ခပ်ဆတ်ဆတ်ကိုက်ပြီး ဆိုးချင်မိလာပြန်သည်။
.
.
ညနေ သုံးချက်တီးတော့ အစ်ကိုဂျွန်မြောင်က Shinjuku Gyeon ကိုသွားရအောင်ဟု ခေါ်လာသောကြောင့် သူလည်း တစ်ခါမှ မရောက်ဖူးသေးတာနဲ့ လိုက်သွားလိုက်သည်။

Shinjuku Gyeon ဆိုတာ ဂျပန်ရဲ့ အထင်ကရနေရာများထဲက တစ်ခုထဲတွင် အပါအဝင် ။
သူ့ရဲ့ လှပတဲ့ ဆာကူရာ(ဝါ) ပန်းချယ်ရီတွေကြောင့် နာမည်ကြီးကာ ဈေးကြီးပေးဝင်ရသော နေရာတစ်ခုလည်းဖြစ်သည်။
သုံးလပိုင်း ကနေ လေးလပိုင်း အချိန်ဆို ချယ်ရီတွေ ပွင့်နေကြပြီဖြစ်သည်။ ယခု သူလာတဲ့အချိန်ဟာ လေးလပိုင်းမို့ ချယ်ရီပန်းတွေကို ကြည့်ခွင့်ကြုံရပြီ ။

ချယ်ရီပင်တန်းကြီးဘက်ကိုရောက်တော့ အစ်ကိုဂျွန်မြောင်လည်း သူ့မှာပါလာသော ကင်မရာလေးနှင့် သဘာဝအလှတရားတွေကို မှတ်တမ်းတင်နေသည်။ သူက ကင်မရာမေ့လာသည်မို့ ဖုန်းထုတ်ကာသာ ပန်းတွေနဲ့အတူ selca ဆွဲနေလိုက်သည်။

ဆူးမီကို ကြွားမည်ဟု စိတ်ကူးကာ မခူးရဟု အသေအချာစာရေးထားပေမယ့် ဘေးဘီကို တစ်ချက်ရှိုးကာ လူသူမတွေ့တော့မှ ချယ်ရီပန်းခိုင်ကို ခူးဖို့ လက်အလှမ်း...

သူ့လက်ကို လှမ်းဆွဲလိုက်သော လက်တစ်ဖက်ကြောင့် လူမိသွားပြီဟုထင်ကာ ထွက်ပြေးဖို့ ခြေလှမ်းပြင်လိုက်သည်။ သို့ပေမယ့် ထိုလက်က သူ့လက်ကို သေချာမြဲမြံစွာ ဆုပ်ကိုင်ထားသောကြောင့် သူ့မှာ အခွင့်မသာ ။

~ အား! ရှက်ဖို့ကောင်းလိုက်တာ ၊ သူများနိုင်ငံမှာ ငါက စည်းကမ်းလာဖောက်တယ် >< ~

"ကောင်လေး...ဒါ ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

ကိုးရီးယားသံ ပီပီသသနဲ့ ပြောလိုက်သော စကားသံ ။ ပြီးတော့ ထိုအသံကို သူ သိသည်။ အနောက်ကို အသာလှည့်လိုက်တော့ သူ့ကိုပြုံးကြည့်နေသော ဘဲကြီး ။

"ဟာဗျာ! လန့်သွားတာပဲ ကိုကို ရာ  ၊ ကျွန်တော်တော့ လူမိသွားပြီထင်တာ "

သူ့ညာလက်ကို အခုထိ လွှတ်မပေးသေးသော ဘဲကြီးကြောင့် ဘယ်လက်နှင့်သာ ဘဲကြီးလက်မောင်းကို တစ်ချက် ထိုးလိုက်သည်။

"အခုနားက ဘယ်လိုခေါ်လိုက်တယ် "

သူ့ ကိုယ်ကို ဆွဲဖက်ကာ မေးဖျားလေးကို အသာမော့ယူရင်း မျက်နှာချင်းဆိုင်လိုက်သော ဘဲကြီးကြောင့် သူ ဘာပြောသည်ကို မကြားတော့ဘဲဒီအခြေအနေကို ဘဝင်ခွေ့နေမိသည်။
တကယ်တော့ သူ့ကို မော့ကြည့်ရတာပါ... ။

"ဘာပြောလိုက်လို့လဲ...နေဦး ခင်ဗျား ဒီကို ဘယ်လိုရောက်လာတာလဲ? "

သူ မနေနိုင်စွာ ဘဲကြီးရဲ့ မေးဖျားလေးကို ခြေဖျားထောက်ကာ ခပ်ဖွဖွနမ်းလိုက်မိတော့ စူရှရှအထိအတွေ့က သူ့ နှာခေါင်းထိပ်မှာ ခံစားလိုက်ရသည်။

"ဟာကွာ ! ဒီကောင်လေး ကိုယ့်ကို အူယားအောင် လာလုပ်နေတယ် "

သူ့ နှာခေါင်းထိပ်လုံးလုံးလေးကို မနာအောင် ခပ်ဖွဖွ ကိုက်လာသော ကိုကို ။

"ကျွန်တော် ခင်ဗျားကို အရမ်းချစ်တယ်... ကိုကို~~"

ဆာကူရာပင်တွေအောက်မှာ အရပ်ရှည်ရှည်နဲ့တစ်ယောက်က သူ့ထက် အနည်းငယ်အရပ်ပုတဲ့ ကောင်လေးရဲ့ ခါးကိုဖက်ကာ ထိုကောင်လေးရဲ့ ချယ်ရီတွေထက်ပိုလှတဲ့ နှုတ်ခမ်းကို စားသုံးလျက်...။ ကောင်လေးရဲ့ လက်နှစ်ဖက်က ထိုလူရဲ့ ကုတ်အင်္ကျီကော်လံကို အားမလိုအားမရစွာ ဆွဲဆုပ်ကာ အနမ်းတို့ကို ခံနေယူသည်။

ဆာကူရာတွေရယ်... ထိုကောင်လေးနှစ်ယောက်ရဲ့ အနမ်းကို ပိုမိုပြည့်စုံလှပသွားအောင် သူတို့အပေါ်ကို ဆာကူရာတွေက ကြွေကျပေးပါလို့ အတ္တကြီးစွာ ပြောချင်ပါတယ်...။








The End#

2019.04.10

#Babbycotton 🐰
..........

မချိုရင်လည်း သကြားလုံးသာ စားပြီး ဖတ်ကြပါတော့  :(

သင်္ကြန်လျှောက်လည်ကြမယ့် သူတွေ အစစ အရာရာ သတိထားကြပါနော် ။ နေလည်း တအားပူတာနဲ့ ရေပက်ခံထွက်မှာနဲ့ဆို အတော်လေး အဆင်မပြေဖြစ်စေတဲ့ အနေအထားပါ ။

CIMARRON လေးကိုတော့ သင်္ကြန်ပြီးရင် update ပေးပါ့မယ် ။ Chansoo ကို အမြင်ကပ်လို့ တရားစခန်းဝင်ပါတော့မယ် 🤦‍♀️

Happy Myanmar New Year 🎉🌾

Continue Reading

You'll Also Like

3.6K 224 8
Taishoခေတ်ကလွယ်ကူမနေဘူး~
1.2M 48.4K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
Luna By anya jayvyn

Teen Fiction

7.4M 327K 47
A bullied girl meets the popular new student. ***** "Still saying that you're perfectly okay?" Max whispers. I'm surprised to hear that his voice is...
379K 11.5K 91
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...