Schmaltz [Own Creation]

By AnnaLynn666

229K 26.6K 1.4K

Schmaltz means artistic works, such as music or writing, that are intended to cause strong sad or romantic fe... More

Disclaimer! ဖတ္ေစခ်င္ပါတယ္!
Prologue
Part - 1 : The Character who transmigrate...
Part - 2 : The Author and The Protagonist
Part - 3 : Because you are my son!
Part - 4 : Am I the wife or the son?
Part -5 : Skin Contact Problem...
Part - 6 : He is the sky and the world
Part - 7 : His Image
Part - 8 : He lives with someone?
Part - 9 : He is swinging both ways...
Part - 10 : His Job...
Part - 11 : Small Gestures...
Part - 12 : I got too many questions when it comes to you!
Part - 13 : Attachment...
Part - 14 : Transmigration Research
Part - 15 : He paints my world...
Part - 16 : Giving Encouragement...
Part - 17 : I don't want to go back
Part - 18 : Impossible! I encounter Blockage?
Part - 19 : The Reason of Blockage
Part - 20 : He who can't create...
Part - 21 : A stubborn confession...
Part - 22 : He always see through me...
Part - 23 : If you don't serious on me, I might get a taste you...
Part - 24 : He is just paranoid
Part - 25 : Write About Us
Part - 26 : Schmaltz is his last work!
Part - 27 : Emotions...
Part - 28 : He who had always left behind
Part - 29 : He who knows his little secret...
Part - 30 : I love you so much so can't you love me a little bit?
Part - 31 : Utopia
Part - 33 : I'll train your body so that you can only accept me.
Part - 34 : His Scheme
Part - 35 : I know he is not fully honest with me.
Part - 36 : I want to leave you because I don't want you to vanish forever
Part - 37 : I know everything but I don't mind.
Part - 38 : The end of his Schmaltz (Final)
Epilogue
Extra : Yes Your Higness, this servant of yours gladly accept the punishment.
Announcement
Novel Release
Comic Book Publishing
Comic V2 Ordering

Part - 32 : All I can do is say I love you...

3.3K 506 54
By AnnaLynn666

Zawgyi

နီေစြး ပါးစပ္တြင္ ေဘာပင္ကိုက္ကာ မ်က္ေမွာင္ၾကဳတ္သည္။ Utopia... ထိုေနရာတြင္ရိွသည့္ အရာရာတုိင္းက အျပစ္အနာအဆာမရိွ။ ပကတိၿငိမ္းခ်မ္းရာ ၿပီးျပည့္စံုျခင္းအတိၿပီးသည့္ေနရာ။ ထိုသို႔ပဲ စာအုပ္မ်ားက ေဖာ္ျပၾကသည္ေလ။ သူ႔ကို ေစ ေျပာခဲ့သည္ႏွင့္ပတ္သက္ၿပီး သူ တစ္ခုခုကို အဓိပၸာယ္ေဖာ္၍မရ။ သူပဲ ဥာဏ္တိမ္ေနလို႔လား။

"Vincent..."

သူ အျပင္ထြက္လာခ်ိန္တြင္ အိမ္တြင္ Vincent ရိွမေန။ နီေစြးေၾကာင္အသြားရသည္။ အမ္ ဒီေကာင္ေလးဟာ အျပင္ထြက္ေလ့ရိွတဲ့ ေကာင္ေလးတစ္ေယာက္လည္း မဟုတ္ပါဘူး ဘယ္လုိလုပ္ၿပီး သူက အခုလုိ ေပ်ာက္သြားရတာလဲ။

>>>>>Schmaltz<<<<<

"မင္း ဖုန္းမကိုင္ဘူးလား..."

ေစ မခိုးမခန္႔အျပံဳးႏွင့္ သူ႔ကို ရႈတည္တည္ၾကည့္ေနသည့္ ေကာင္ေလးကုိ ေမးေတာ့ ထိုေကာင္ေလးသည္ သူ႔ေရွ႕တြင္ ျမည္ေနသည့္ ဖုန္းကို ဥပကၡာျပဳကာ သူ႔ကုိ ၾကည့္၏။

"မင္းအေဖ... အာ မင္းေကာင္ေလး... မင္းမိန္းမ ငါ ဘယ္လုိေခၚရမွာလဲ..."

"အဲ့ဒါ ခင္ဗ်ားအလုပ္မဟုတ္ပါဘူး..."

ေစ သူ႔ေရွ႕တြင္ တည္တင္းေနသည့္ မ်က္ႏွာျဖင့္ ေကာင္ေလးကုိ ၾကည့္ၿပီး သူ ဟက္ခနဲရယ္ကာ အေရွ႕မွ ေကာ္ဖီခြက္ကိုသာ ေကာက္ကိုင္သည္။ ဘယ္သူက ထင္မွာလဲ ထိုေကာင္ေလးက အလ်င္သူ႔ကို ဆက္သြယ္လာလိမ့္မည္ဟု။ မထင္ထားသည့္ ဇာတ္ကြက္မ်ားကို သူ ႏွစ္သက္သည္။ Plot Twist ဆုိတာေတြက ဝတၳဳတစ္ပုဒ္မွာ အေကာင္းဆံုးအခန္းေတြေလေနာ္။

"ထားပါေတာ့ ငါတုိ႔ေတြ႔ရတဲ့ အေၾကာင္းကိုပဲ အရင္ေျပာရေအာင္..."

"ခင္ဗ်ားအလုပ္မဟုတ္တာေတြကို ဝင္မပါပါနဲ႔..."

"မင္းက ငါတုိ႔ေလာကသားမွ မဟုတ္တာ..."

ေစ့ စကားေၾကာင့္ ထိုေကာင္ေလး၏ မ်က္ႏွာသည္ ေဒါသေရာင္ျဖင့္ နီျမန္းလာသည္။ သူ ခပ္ျပံဳးျပံဳးေလးျဖင့္...

"နီေစြးက ဒါေတြသိၿပီးသားလား..."

Vincent ၏ မ်က္ႏွာထက္ရိွ အနီေရာင္သည္ အျဖဴေရာင္သို႔ ေျပာင္းလဲသြားေတာ့ ေစ ခပ္တိုးတုိးရယ္ကာ သူ႔ေရွ႕မွ ေကာ္ဖီခြက္အျဖဴေလးကို လက္ႏွစ္ဖက္ျဖင့္အသာအုပ္ကိုင္၏။ ထို႔ေနာက္မွ ျဖဴဆုတ္ေနသည့္ Vincent ၏ မ်က္ႏွာကို စိုက္ၾကည့္ၿပီး...

"မင္းက မင္းဘယ္လုိျပန္သြားလို႔ရတယ္ဆုိတာကို သိေနတဲ့အေၾကာင္းနဲ႔ မင္းကမၻာက မင္းမရိွေတာ့ရင္ ပ်က္ေတာ့မဲ့အေၾကာင္းကို..."

"ဒါ ခင္ဗ်ားကိစၥမဟုတ္ပါဘူး..."

"မင္းေသသြားမွာေလ..."

ထိုသူ၏ ေအးစက္သည့္ စကားက သူ႔ေပၚတည့္တည့္ မိုးႀကိဳးပစ္ခ်လုိက္သည့္အလား။ Vincent ေဝခြဲမရသည့္ မ်က္ႏွာျဖင့္ ေစ့ကို ၾကည့္သည္။ ေစက သူဘာေၾကာင့္မ်ား ထိုမွ်ထိ သိေနသည္လဲဆုိသည့္ မ်က္လံုးမ်ားျဖင့္ စူးစမ္းေနသည့္ Vincent ကုိၾကည့္ရင္း သူ႔ႏႈတ္ခမ္းပါးတို႔က ေကာ့ညႊတ္သြား၏။

"မင္းသိလား လူေတြက တထစ္ၿပီးတထစ္ ေလွကားထစ္ေတြတက္ေနၾကတာ..."

သူ ေစ့ကို ၾကည့္၏။ ေစ့ ခႏၶာကိုယ္မွ ထုတ္လႊတ္သည့္ အေငြ႔အသက္တုိ႔က နီေစြးႏွင့္မတူ။ နီေစြးက သာမန္လူတစ္ေယာက္ထက္သာလြန္သည့္ အေငြ႔အသက္ရိွသည္ဆုိေသာ္လည္း ေၾကာက္မက္ဖြယ္အေငြ႔အသက္ေတာ့မဟုတ္။ ေစကက်ေတာ့ ထုိသို႔မဟုတ္ သူ႔အေငြ႔အသက္သည္ ထူးျခားသည္။ ႀကီးေလးသည့္ ဖိအားတစ္ခုပါၿပီး သူ႔ကို မည္သူတစ္ေယာက္ကမွ လြန္ဆန္ျခင္းမရိွႏိုင္သည့္ အေငြ႔အသက္မ်ားကို ပိုင္ဆုိင္သည္။ မသိလွ်င္ သူက နတ္ဘုရားတစ္ပါးလုိ သူ႔ကို မည္သူမွ လြန္ဆန္ႏုိင္ျခင္းမရိွ။

"သူတုိ႔ဘယ္ေတြသြားၾကတာလဲ..."

ေစက ခပ္ျပံဳးျပံဳးပင္ စကားဆုိ၏။ သူ႔ၾကည့္ရသည္မွ အရာအားလံုးကို ၾကံဳေတြ႔ဖူးၿပီးသည့္သူအလား။ လူတိုင္းရွာေဖြေနသည့္ ေနရာတစ္ခုကို ေရာက္သြားၿပီးသည့္ သူတစ္ေယာက္အလား။ ထို႔အတြက္ပဲ Trickster က ေစ့ကို ရွာေဖြေနခဲ့သည္လား။

"အဆံုးမွာ ဘာေတြရိွလဲ... အဆံုးဆုိတာက လူေတြထင္သလုိ ဟုတ္ရဲ႕လား..."

ပေဟဠိဆန္ဆန္ေရရြတ္ေနသည့္ ေစ့ကို သူ ၾကည့္ေနေတာ့ ေစက သူ႔စကားမ်ားကို နားမလည္ႏုိင္သည့္ သူတစ္ေယာက္ကို ၾကည့္သည့္ မ်က္လံုးမ်ားျဖင့္ ၾကည့္သည္။

"နီေစြးက ဒီေလာကမွာ ငါ့ကို နားလည္ႏုိင္တဲ့ တစ္ဦးတည္းေသာသူ..."

သူ႔ကို ၾကည့္ေနသည့္ အၾကည့္တုိ႔က စူးရဲသြားေတာ့ ေစသည္ အထင္လြဲမႈကို အျပံဳးျဖင့္ပဲ ေျဖရွင္းလာေလ၏။

"မင္းရဲ႕ တပ္မက္ျခင္းမ်ိဳးနဲ႔ ငါ သူ႔ကို ၾကည့္တာမဟုတ္ဘူး... ငါ့ကို နားလည္ေပးတဲ့ သူတစ္ေယာက္ကုိ ငါ ႏွေမ်ာရံုတင္ပါ... ဘာလို႔လဲဆိုေတာ့ ဒီေလာကထဲမွာ ငါက တစ္ေယာက္တည္းေလ..."

ေစ့အသံက အလြန္ကုိမွ အထီးက်န္ရသည့္ သူတစ္ေယာက္၏ အသံမ်ိဳး။

"ငါ သူ႔ကို ျပန္လုိခ်င္တယ္..."

"သူက ခင္ဗ်ားရဲ႕ အပ်င္းေျပ စကားေျပာေဖာ္တစ္ေယာက္မဟုတ္ဘူး သူ႔မွာ သူ႔ဘဝနဲ႔သူရိွတယ္..."

"သူ႔ဘဝကို မင္းအတင္းဝင္ထားတာမဟုတ္ဘူးလား... သူ႔ရဲ႕နာက်င္ျခင္းေတြကိုေတာင္ မသိဘဲနဲ႔..."

ေျပာစရာစကားမရိွေသာ Vincent ကိုၾကည့္ၿပီး ေစရယ္ျပန္၏။ ေစ့ ရယ္သံတုိင္းက Vincent အတြက္ ခါးသက္မႈကိုသာ ေဆာင္က်ဥ္းသည္။

"ဒါေတြကို သူ ငါ့ကိုေျပာျပစရာမလိုပါဘူး..."

ေစက မရိွေတာ့သည့္ ေကာ္ဖီမက်န္ေတာ့သည့္ ခြက္ကိုၾကည့္ၿပီး ေကာ္ဖီပန္းကန္ထဲမွ ဇြန္းကို ခပ္ဖြဖြေကာက္သည္။

"ဘဝက တကယ္ေတာ့ ႀကိဳတင္ေရးသားၿပီးသား ဝတၳဳတစ္ပုဒ္ပဲမဟုတ္လား... လူတုိင္းက ကိုယ့္ဝတၳဳမွာ Protag ေတြျဖစ္ၾကၿပီး တျခားလူေတြက သူတို႔ကုိ ဦးတည္ၿပီး လည္ပတ္ၾကတယ္... မင္းအဲ့ဒီ concept ကို နားလည္လုိက္ရင္ သူတုိ႔ဘဝဇာတ္ေၾကာင္းကို အကုန္မသိရင္ေတာင္မွ သူတုိ႔ရဲ႕ နာက်င္မႈေတြ စိုးထိတ္မႈေတြကို နားလည္ႏုိင္တယ္... အာ လူေတြက ဒါကို ဘယ္လုိေခၚပါလိမ့္..."

ဇြန္းေလးကို တေတာက္ေတာက္ျဖင့္ ေကာ္ခြက္အလြတ္ကို ေခါက္ေနရင္းမွ ေစသည္ စဥ္းစားဟန္ျပဳသည္။ ထိုသူက တကယ္ပဲ စဥ္းစားေနလား မစဥ္းစားေနလား သူ မသိ။ အခ်ိန္အတန္ၾကာမွ တေတာက္ေတာက္ေခါက္ေနသည့္ အသံေလးသည္ ရပ္သြားရင္း...

"ဟုတ္သားပဲ လူေတြက ဒါကို လူကဲခတ္တယ္ အရိပ္အကဲၾကည့္တယ္လုိ႔ ေခၚၾကတယ္..."

ေစ သူ႔စကားလံုးတုိင္းကို စူးစိုက္နားေထာင္ေနသည့္ ဆံပင္ေရႊဝါေရာင္ႏွင့္ေကာင္ေလးကို ၾကည့္ရင္း...

"Protag အခ်င္းခ်င္းေတြ႔ရင္းဘာျဖစ္လဲေရာ မင္းသိလား..."

သူ စိတ္ဝင္စားသည့္ ကိစၥမ်ားမဟုတ္ေသာ္လည္း သူ ထိုသူ၏ အေၾကာင္းကို သိရန္လိုအပ္သည္မို႔ ထိုသူေျပာသမွ် အေၾကာင္းအရာတုိ႔ကို သူ ေသခ်ာအာရံုစိုက္နားေထာင္ေနလုိက္သည္။ ထိုသူ၏ အားနည္းခ်က္ကိုသူ သိမွသာ သူ ထိုသူကို အႏိုင္ယူႏိုင္လိမ့္မည္။

"ပိုသာတဲ့ Protag က တျခား Protag ကို အဆင့္ေလွ်ာ့ခ်လုိက္တယ္... ဆိုပါေတာ့ အစြမ္းအစနည္းတဲ့ Protag က သာမန္ဇာတ္ပို႔ေလာက္ျဖစ္သြားတယ္... အင္း တခ်ိဳ႕ေတြက်ေတာ့လည္း protag ေတြအတြက္ cannon fodder ေတြျဖစ္သြားေရာ... ေနာက္ၿပီး... တခ်ိဳ႕ဇာတ္လမ္းေတြက်ေတာ့လည္း Protag ႏွစ္ေယာက္ညားၾကေလသတည္းလည္း ရိွတာေပါ့... ဒါေပမဲ့..."

ေစ၏ ျပံဳးေယာင္ေယာင္မ်က္လံုးတုိ႔က ခ်က္ခ်င္းေလးနက္သြား၏။ သူေျပာသည့္စကားတုိ႔ကို တစ္ဖက္သူသည္ ျငင္းပယ္ခြင့္မရိွဆုိသည့္ ေလးနက္တည္ၿငိမ္သည့္အသံျဖင့္...

"တခ်ိဳ႕ဇာတ္လမ္းေတြမွာ Protag ႏွစ္ေယာက္က အတူေနခြင့္မရိွဘူး... လူတစ္ေယာက္ရဲ႕ ဇာတ္လမ္းေၾကာင္းက မေမြးဖြားခင္ကတည္းက ေမြးဖြားျခင္းကစၿပီးေသဆုံးျခင္းအထိ တစ္ခါတည္း ေရးသားၿပီးသားျဖစ္ေနလုိ႔ လူေတြက သူ႔ Chapter အတိုင္းပဲသြားလုိ႔ရတယ္... ဘယ္ Ending ကိုမွ ျပင္ဆင္ပိုင္ခြင့္မရိွဘူး..."

"ေရးတဲ့သူကိုယ္တုိင္ေတာ့ ျပင္ဆင္ပိုင္ခြင့္ရိွတယ္မဟုတ္လား..."

ခြန္းတံု႔ျပန္လာသည့္ Vincent ေၾကာင့္ ေစ သည္နားလည္ရခက္ေသာ အျပံဳးတစ္ခုျပဳကာ...

"အဲ့ဒါက...ေျပာရရင္ေတာ့... ဘယ္စာေရးဆရာမွ သူတုိ႔ရဲ႕ဇာတ္သိမ္းကို ျပင္ဆင္ျခင္းမျပဳၾကဘူးေလ... ေသာက္သံုးမက်တဲ့ေကာင္ေတြကလြဲရင္ေပါ့... ဇာတ္သိမ္းေတြက ဇာတ္လမ္းစကတည္းက သတ္မွတ္ထားၿပီးသား... ျပင္ဆင္လုိ႔မရဘူး..."

ေစ သည္ ဇာတ္ေကာင္မ်ားကို မခ်စ္ေသာ စာေရးဆရာမ်ားကို မႏွစ္သက္ဟု ေျပာဖူးသည္ကို ျပန္ေတြးမိကာ Vincent ေတြးမိကာ...

"အင္း ခင္ဗ်ားက ဇာတ္ေကာင္ေတြကို မခ်စ္တဲ့ စာေရးဆရာေတြကို သေဘာမက်ဘူးလုိ႔ နီေစြးေျပာဖူးတယ္..."

"အင္း... ဟုတ္တယ္... တကယ္ေတာ့ စာေရးဆရာေတြဆိုတာလည္း ပံုေျပာသူေတြလုိပါပဲ... ဇာတ္ေကာင္ေတြေျပာျပတဲ့ ပံုျပင္ေတြကို ျပန္ေျပာျပရတာ အဲ့ဒါေၾကာင့္ သူတုိ႔ရဲ႕ တကယ္ျဖစ္ရမဲ့ ဇာတ္လမ္းကို ေသခ်ာမေျပာျပႏုိင္တဲ့ ပံုေျပာသူေတြက အသံုးမက်ၾကဘူးလုိ႔ ငါေျပာတာေပါ့"

ေစက မ်က္ႏွာကိုရံႈ႕မဲ့ကာ ေျပာၿပီးမွ သူ႔မ်က္ႏွာသည္ တစ္စံုတစ္ဦးကို သတိရသြားပံုျဖင့္ ျပန္ၾကည္လင္သြားသည္။

"ဒါေပမ့ဲ နီေစြးက သူတုိ႔နဲ႔မတူဘူး... သူက ဘယ္ေတာ့မွ အဲ့လုိမလုပ္တဲ့အျပင္ ဇာတ္ေကာင္ေတြရဲ႕ အသံကို ၾကားႏုိင္ေသးတယ္... တခ်ိဳ႕ေတြက ဇာတ္ေကာင္ေတြရဲ႕ ျဖစ္ရမ့ဲ ဇာတ္လမ္းကို ေသခ်ာေရးႏိုင္ၾကေပမဲ့ သူတုိ႔က သူတုိ႔ဇာတ္ေကာင္ရဲ႕ စကားသံေတြကုိ အကုန္အစင္မၾကားႏုိင္ၾကျပန္ဘူး သူတုိ႔က သူတုိ႔အတၱေတြနဲ႔ ဇာတ္ေကာင္ေတြရဲ႕ စကားသံကို ဖံုးကြယ္ၾကတယ္..."

ေစသည္ သူေျပာခ်င္သည္ကို ေျပာၿပီးေနာက္ Vincent ကိုျပန္ၾကည့္ကာ...

"အဲ့ဒါေတြက မင္းနဲ႔မဆုိင္ပါဘူး မင္းနဲ႔ဆုိင္တာက... ဇာတ္ေကာင္တစ္ေကာင္မရိွေတာ့တဲ့ ကမၻာက ၿပိဳပ်က္သြားလိမ့္မယ္... မင္းက ဒီေနရာနဲ႔ အပ္စပ္တဲ့သူ မဟုတ္ဘူး... မင္းတုိ႔ႏွစ္ေယာက္က မျဖစ္ႏုိင္ဘူး..."

"Utopia..."

သူ႔စကားေၾကာင့္ ေစသည္ သူ႔ကိုၾကည့္လာသည္။

"တစ္စံုတစ္ေယာက္က အဲ့ဒါနဲ႔ပတ္သက္ၿပီး ေျပာဖူးတယ္..."

"နီေစြးေတာ့ျဖစ္မယ္မထင္ဘူး..."

"အင္း... ေျပာျပတဲ့သူက သူ႔ေနရာသူ ျပန္ခ်င္ေနတာ..."

"အဲ့ဒီေနရာက... အျပစ္အနာအဆာရိွတဲ့သူေတြကို လက္ခံမွာ မဟုတ္ဘူး... သူက ညီမွ်ျခင္းနယ္ေျမျဖစ္လုိ႔ မညီမွ်တဲ့ႏွလံုးသားရိွတဲ့အရာေတြကို လက္ခံမွာမဟုတ္ဘူး... တစ္ႀကိမ္တစ္ခါ မညီမွ်မႈကို ခံစားၿပီးတာနဲ႔ အဲ့ဒီလူက ဘယ္ေတာ့မွ ျပန္လည္ၿငိမ္းခ်မ္းေတာ့မွမဟုတ္ဘူး..."

ေစသည္ ထိုသူအတြက္ ဝမ္းနည္းျခင္းအလ်ဥ္းမရိွသည့္ပံုစံျဖင့္သာ ခပ္ေအးေအးေျပာေနသည္။ လူတစ္ေယာက္၏ နာက်င္ျခင္း၊ ဝမ္းသာျခင္း၊ ေပ်ာ္ရႊင္ျခင္း၊ ဝမ္းနည္းျခင္း သည္ သူႏွင့္ မသက္ဆုိင္သည့္အလား။ သူ႔တြင္ ထုိသို႔ေသာ ခံစားခ်က္တစ္ခုမွမရိွသည့္အလား။ Vincent သူေခါင္းထဲဝင္လာသည့္ အေတြးေၾကာင့္ ေစ့ကို မ်က္ေမွာင္ၾကဳတ္ၾကည့္သည္။ သူ႔အၾကည့္မ်ားေၾကာင့္ ေစ့ႏႈတ္ခမ္းတုိ႔က ေကာ့ညႊတ္သြားရင္း...

"အင္း... ေျပာပါဦး... မင္းဘာေျပာခ်င္လို႔လဲ..."

"ခင္ဗ်ား ေရာက္ဖူးခဲ့တာလား..."

"ဒါက ဘယ္သူသိႏိုင္မွာလဲ..."

အေျဖစကားကို မေက်နပ္စြာျဖင့္ Vincent မ်က္ႏွာသုန္မႈန္သြားေသာ္လည္း ေစ၏ ႏႈတ္ခမ္းေထာင့္စြန္းတုိ႔က ဆြဲေဆာင္မႈရိွရိွ ေကာ့ညႊတ္ေနဆဲ။

"ထားပါေတာ့ မင္းလာညိွႏိႈင္းတဲ့ ကိစၥကို ငါ သေဘာမတူဘူးလို႔ပဲ ေျပာရမွာေပါ့... ငါ မင္းကို မကူညီႏုိင္ဘူး..."

မ်က္လံုးတုိ႔ေမွးက်ဥ္းသြားသည့္ ထိုေကာင္ေလးကို သူၾကည့္ကာ...

"မင္း ငါ့ကို သတ္လုိက္လို႔ေရာ... ငါ့လုိ လူေနာက္တစ္ေယာက္ မေပၚလာႏုိင္ဘူးလုိ႔ မင္းေျပာႏုိင္လုိ႔လား..."

ထိုသူသည္ သူ႔သတ္ျဖတ္လုိျခင္းတုိ႔ကို နည္းနည္းေလးမွ ေၾကာက္ရြံ႕ပံုမရ။ သက္ေတာင့္သက္သာ ရိွလြန္းသည့္ ပံုစံပင္ျဖစ္ေနေသးသည့္ ေစ့ကို သူ ၾကည့္သည္။ သူ႔တြင္ သူ မျမင္ပင္မျမင္လုိက္ရသည့္ ဖခင္၏ နဂါးတစ္ေကာင္အစြမ္းသာ မရိွပါက သူက ေစ့ကို လူသားတစ္ေယာက္ဟုပင္ ထင္မိေတာ့မည္မဟုတ္။

"ငါ ဝင္ေႏွာင့္ယွက္မွာမဟုတ္ဘူး..."

သူ႔ကိုသတ္ျဖတ္လိုသည့္ အရိပ္အေငြ႔မ်ားျဖင့္ ၾကည့္ေနသည့္ အေငြ႔အသက္ေအာက္တြင္ ေပါ့ေပါ့ပါးပါးသာ ေစသည္ စကားဆက္၏။

"သူကိုယ္တုိင္ မလာဘူးဆုိရင္ ငါ ဘယ္ေတာ့မွ သူ႔ကို ေျပာျပမွာမဟုတ္ဘူး... ငါ ဘာလုပ္ရမယ္ မလုပ္ရဘူးဆိုတာ ငါ သိတယ္..."

"ဒါဆုိ ခင္ဗ်ား ဘာလုိ႔သူ႔ကို Utopia နဲ႔ပတ္သက္ၿပီးေျပာခဲ့ေသးလဲ..."

"သူ မြန္းၾကပ္ေနတယ္ေလ..."

မယံုသလုိ ၾကည့္လာသည့္ Vincent ကို ေစက အနီးကပ္ေနၿပီး ဒါေလးေတာင္ မသိဘူးလားဆုိသည့္ မ်က္ႏွာထားျဖင့္ ၾကည့္ရင္း...

"သူ႔စာေတြမွာ သူ႔ရဲ႕ မြန္းၾကပ္ျခင္းေတြပါတယ္... ငါ သူ႔ကို ကူညီေပးလုိက္ရံုသက္သက္ပါပဲ... နည္းလမ္းရိွတယ္ဆုိတာကို သိၿပီး မင္းကို ျပန္ပို႔ဖို႔ လုပ္မလို႔ကေတာ့... မင္းအေပၚမူတည္သလို သူ႔အေပၚလည္း မူတည္တာေပါ့... ဒါနဲ႔..."

စကားတုိ႔မဲ့စြာ သူ ေစ့ကို ၾကည့္သည္။ ဒီလူက နီေစြးႏွင့္ အတူမရိွတာေတာင္မွ နီေစြးေရးသည့္ စာကိုဖတ္ရံုျဖင့္ နီေစြးတြင္ျဖစ္ပ်က္ေနသမွ်ကို ခန္႔မွန္းႏုိင္သည္။ နီေစြးေျပာသလုိ အရာအားလံုးက အသက္ရိွေနတာလား။ စကားလံုးမ်ားတြင္ အသက္ရိွေနသည္လား။

"လူတစ္ေယာက္ကို ခ်စ္တာက... သူ႔ကို ခ်စ္ေပးေနရံုနဲ႔ လံုေလာက္တယ္လုိ႔မင္းထင္လုိ႔လား..."

ထိုစကားသည္ သူတုိ႔ႏွစ္ေယာက္ၾကားရိွ စကားဝိုင္းေလး၏ အပိတ္စကား။

>>>>>Schmaltz<<<<<

"Vincent မင္းဘယ္သြားေနတာလဲ! ငါ မင္းကို ဖုန္းေတာက္ေလွ်ာက္ေခၚေနတာေလ!"

သူ အိမ္ျပန္ေရာက္သည္ႏွင့္ တံခါးဖြင့္သံၾကားၾကားခ်င္း ေျပးလာပံုရသည့္ နီေစြးကို သူၾကည့္သည္။ သူ႔မ်က္ႏွာထက္မွ အမည္မေဖာ္တတ္သည့္ ေလးနက္မႈေၾကာင့္ နီေစြး၏ သူ႔ကို ဆူပူျပစ္တင္လိုမႈသည္ ေလ်ာ့သြားပံုရ၏။

"ဘာျဖစ္လာတာလဲ... မင္းကို အျပင္မသြားရဘူးလို႔ ငါ မေျပာပါဘူး... ဒါေပမ့ဲ မင္း ငါ့ကို နည္းနည္းေတာ့ ေျပာသြားသင့္တာေလ..."

သူေျပာေနေသာ္လည္း Vincent သည္ သူ႔မ်က္ႏွာကို ၾကည့္ေနရာမွ သူ႔ခႏၶာကိုယ္ကို ေစြ႔ခနဲဆြဲကာ သူ႔ရင္ခြင္ထဲသိမ္းက်ံဳးထည့္ေလေတာ့သည္။ ရုတ္တရက္မို႔ သူ မည္သို႔ပင္ တံု႔ျပန္ရမွန္းမသိလုိက္။ သတိဝင္လာေတာ့ သူ႔ကို တင္းၾကပ္စြာေထြးဖက္ထားသည့္ ထိုေကာင္ေလး။ ရုန္းထြက္ခ်င္ေနေသာ္လည္း ထုိေကာင္ေလး၏ အသက္ရွဴသံျပင္းျပင္းေၾကာင့္ သူ အနည္းငယ္သာ လူးလြန္႔ကာ...

"Vince... ငါ့ကို နည္းနည္းေလးေတာ့ လႊတ္ေပး ဒီတုိင္းဆုိ ငါ ေသသြားေတာ့မယ္...မင္းအားႀကီးနဲ႔..."

"အင္း..."

လူသားတစ္ေယာက္မဟုတ္သည့္ Vincent သည္ သူ႔ဖခင္ မုဒိမ္းနဂါးေကာင္၏ ခြန္အားကိုပါ အေမြဆက္ခံရခဲ့ေသးသည္။ မိတ္ေဆြဒါက အလြန္ေတာ့ မဟုတ္ဘူးေလေနာ္... ဒီ Vincent က ဒါမ်ိဳး Cheat ေတြမရဘဲနဲ႔ သူက Camelot ျပည့္ရွင္ ဘယ္ကဘယ္လုိျဖစ္လာမွာလဲေလ။ Merlin ကအခ်ဥ္မွမဟုတ္တာ။

"ကြ်န္ေတာ္က ဘာလို႔ နီေစြးနဲ႔ပတ္သက္ရင္ တစ္ခုမွ မသိရတာလဲ..."

ထိုေကာင္ေလး၏ အသံတြင္ ဝမ္းနည္းေနျခင္းမ်ား။

"ကြ်န္ေတာ္က နီေစြးကို ခ်စ္တယ္ လက္မလႊတ္ပါဘူးဆုိတာပဲ ေျပာႏုိင္တာ... ကြ်န္ေတာ္က ဘာလုိ႔နီေစြးနဲ႔ပတ္သက္လာရင္ နီေစြးဘာျဖစ္ေနတယ္ဆုိတာကို ဘာမွမသိရတာလဲ..."

ျပႆနာရင္းျမစ္ကို သိသြားရကာ နီေစြးသက္ျပင္းေမာရိႈက္သည္။ သူကေတာ့ စိတ္ပူလိုက္ရတာ ဘာမ်ားျဖစ္တာလဲလုိ႔။ သူတို႔ႏွစ္ဦးထုိညကုန္လြန္ကတည္းက Vincent တြင္ အေတြးေပါင္းမ်ားစြာ ရိွေနသည္ကို သူ ရိပ္မိေသာ္လည္း ထိုအေၾကာင္းအရာေၾကာင့္ဟုေတာ့မထင္လုိက္။ ဒါေၾကာင့္နဲ႔မ်ား ထိုေကာင္ေလးက အိမ္ကေန ေခတၱထြက္ေျပးသြားသည္တဲ့လား။ ရယ္စရာေကာင္းလုိက္တဲ့ေခြးဝါေလး။

ၿငိမ္ေနသည့္ Vincent ၏ ေခါင္းကို သူလက္ေျမွာက္ကာ မမီမကမ္းပြတ္သပ္ေပးရင္း...

"မင္း ေမးမယ္ဆုိရင္ ငါ မေျပာျပစရာဘာရိွမွာလဲ..."

သူ လူတစ္ေယာက္ကို ခ်စ္မည္ဆုိသည့္ စိတ္ကူးမရိွခဲ့။ လူတစ္ေယာက္ကို အမွန္တကယ္ခ်စ္သြားမည္ကို သူေၾကာက္ရြံ႕ေနေသးဆဲ။ သို႔ေသာ္လည္း ... သူႏွင့္အတူ တစ္ဘဝလံုး အတူမရိွႏုိင္သည့္ လူတစ္ေယာက္ကိုေတာ့ သူ ခဏျဖစ္ျဖစ္ ခ်စ္ႏိုင္ေလာက္ပါသည္။ ထိုခ်စ္ျခင္းက သူ႔ကို ထပ္နာက်င္ေစဦးမည္ဆုိသည္ကို သူ သိသိႀကီးႏွင့္ေပါ့။

~~~~~~~~~~

Unicode

နီစွေး ပါးစပ်တွင် ဘောပင်ကိုက်ကာ မျက်မှောင်ကြုတ်သည်။ Utopia... ထိုနေရာတွင်ရှိသည့် အရာရာတိုင်းက အပြစ်အနာအဆာမရှိ။ ပကတိငြိမ်းချမ်းရာ ပြီးပြည့်စုံခြင်းအတိပြီးသည့်နေရာ။ ထိုသို့ပဲ စာအုပ်များက ဖော်ပြကြသည်လေ။ သူ့ကို စေ ပြောခဲ့သည်နှင့်ပတ်သက်ပြီး သူ တစ်ခုခုကို အဓိပ္ပာယ်ဖော်၍မရ။ သူပဲ ဉာဏ်တိမ်နေလို့လား။

"Vincent..."

သူ အပြင်ထွက်လာချိန်တွင် အိမ်တွင် Vincent ရှိမနေ။ နီစွေးကြောင်အသွားရသည်။ အမ် ဒီကောင်လေးဟာ အပြင်ထွက်လေ့ရှိတဲ့ ကောင်လေးတစ်ယောက်လည်း မဟုတ်ပါဘူး ဘယ်လိုလုပ်ပြီး သူက အခုလို ပျောက်သွားရတာလဲ။

>>>>>Schmaltz<<<<<

"မင်း ဖုန်းမကိုင်ဘူးလား..."

စေ မခိုးမခန့်အပြုံးနှင့် သူ့ကို ရှုတည်တည်ကြည့်နေသည့် ကောင်လေးကို မေးတော့ ထိုကောင်လေးသည် သူ့ရှေ့တွင် မြည်နေသည့် ဖုန်းကို ဥပက္ခာပြုကာ သူ့ကို ကြည့်၏။

"မင်းအဖေ... အာ မင်းကောင်လေး... မင်းမိန်းမ ငါ ဘယ်လိုခေါ်ရမှာလဲ..."

"အဲ့ဒါ ခင်ဗျားအလုပ်မဟုတ်ပါဘူး..."

စေ သူ့ရှေ့တွင် တည်တင်းနေသည့် မျက်နှာဖြင့် ကောင်လေးကို ကြည့်ပြီး သူ ဟက်ခနဲရယ်ကာ အရှေ့မှ ကော်ဖီခွက်ကိုသာ ကောက်ကိုင်သည်။ ဘယ်သူက ထင်မှာလဲ ထိုကောင်လေးက အလျင်သူ့ကို ဆက်သွယ်လာလိမ့်မည်ဟု။ မထင်ထားသည့် ဇာတ်ကွက်များကို သူ နှစ်သက်သည်။ Plot Twist ဆိုတာတွေက ဝတ္ထုတစ်ပုဒ်မှာ အကောင်းဆုံးအခန်းတွေလေနော်။

"ထားပါတော့ ငါတို့တွေ့ရတဲ့ အကြောင်းကိုပဲ အရင်ပြောရအောင်..."

"ခင်ဗျားအလုပ်မဟုတ်တာတွေကို ဝင်မပါပါနဲ့..."

"မင်းက ငါတို့လောကသားမှ မဟုတ်တာ..."

စေ့ စကားကြောင့် ထိုကောင်လေး၏ မျက်နှာသည် ဒေါသရောင်ဖြင့် နီမြန်းလာသည်။ သူ ခပ်ပြုံးပြုံးလေးဖြင့်...

"နီစွေးက ဒါတွေသိပြီးသားလား..."

Vincent ၏ မျက်နှာထက်ရှိ အနီရောင်သည် အဖြူရောင်သို့ ပြောင်းလဲသွားတော့ စေ ခပ်တိုးတိုးရယ်ကာ သူ့ရှေ့မှ ကော်ဖီခွက်အဖြူလေးကို လက်နှစ်ဖက်ဖြင့်အသာအုပ်ကိုင်၏။ ထို့နောက်မှ ဖြူဆုတ်နေသည့် Vincent ၏ မျက်နှာကို စိုက်ကြည့်ပြီး...

"မင်းက မင်းဘယ်လိုပြန်သွားလို့ရတယ်ဆိုတာကို သိနေတဲ့အကြောင်းနဲ့ မင်းကမ္ဘာက မင်းမရှိတော့ရင် ပျက်တော့မဲ့အကြောင်းကို..."

"ဒါ ခင်ဗျားကိစ္စမဟုတ်ပါဘူး..."

"မင်းသေသွားမှာလေ..."

ထိုသူ၏ အေးစက်သည့် စကားက သူ့ပေါ်တည့်တည့် မိုးကြိုးပစ်ချလိုက်သည့်အလား။ Vincent ဝေခွဲမရသည့် မျက်နှာဖြင့် စေ့ကို ကြည့်သည်။ စေက သူဘာကြောင့်များ ထိုမျှထိ သိနေသည်လဲဆိုသည့် မျက်လုံးများဖြင့် စူးစမ်းနေသည့် Vincent ကိုကြည့်ရင်း သူ့နှုတ်ခမ်းပါးတို့က ကော့ညွှတ်သွား၏။

"မင်းသိလား လူတွေက တထစ်ပြီးတထစ် လှေကားထစ်တွေတက်နေကြတာ..."

သူ စေ့ကို ကြည့်၏။ စေ့ ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့် အငွေ့အသက်တို့က နီစွေးနှင့်မတူ။ နီစွေးက သာမန်လူတစ်ယောက်ထက်သာလွန်သည့် အငွေ့အသက်ရှိသည်ဆိုသော်လည်း ကြောက်မက်ဖွယ်အငွေ့အသက်တော့မဟုတ်။ စေကကျတော့ ထိုသို့မဟုတ် သူ့အငွေ့အသက်သည် ထူးခြားသည်။ ကြီးလေးသည့် ဖိအားတစ်ခုပါပြီး သူ့ကို မည်သူတစ်ယောက်ကမှ လွန်ဆန်ခြင်းမရှိနိုင်သည့် အငွေ့အသက်များကို ပိုင်ဆိုင်သည်။ မသိလျှင် သူက နတ်ဘုရားတစ်ပါးလို သူ့ကို မည်သူမှ လွန်ဆန်နိုင်ခြင်းမရှိ။

"သူတို့ဘယ်တွေသွားကြတာလဲ..."

စေက ခပ်ပြုံးပြုံးပင် စကားဆို၏။ သူ့ကြည့်ရသည်မှ အရာအားလုံးကို ကြုံတွေ့ဖူးပြီးသည့်သူအလား။ လူတိုင်းရှာဖွေနေသည့် နေရာတစ်ခုကို ရောက်သွားပြီးသည့် သူတစ်ယောက်အလား။ ထို့အတွက်ပဲ Trickster က စေ့ကို ရှာဖွေနေခဲ့သည်လား။

"အဆုံးမှာ ဘာတွေရှိလဲ... အဆုံးဆိုတာက လူတွေထင်သလို ဟုတ်ရဲ့လား..."

ပဟေဠိဆန်ဆန်ရေရွတ်နေသည့် စေ့ကို သူ ကြည့်နေတော့ စေက သူ့စကားများကို နားမလည်နိုင်သည့် သူတစ်ယောက်ကို ကြည့်သည့် မျက်လုံးများဖြင့် ကြည့်သည်။

"နီစွေးက ဒီလောကမှာ ငါ့ကို နားလည်နိုင်တဲ့ တစ်ဦးတည်းသောသူ..."

သူ့ကို ကြည့်နေသည့် အကြည့်တို့က စူးရဲသွားတော့ စေသည် အထင်လွဲမှုကို အပြုံးဖြင့်ပဲ ဖြေရှင်းလာလေ၏။

"မင်းရဲ့ တပ်မက်ခြင်းမျိုးနဲ့ ငါ သူ့ကို ကြည့်တာမဟုတ်ဘူး... ငါ့ကို နားလည်ပေးတဲ့ သူတစ်ယောက်ကို ငါ နှမျောရုံတင်ပါ... ဘာလို့လဲဆိုတော့ ဒီလောကထဲမှာ ငါက တစ်ယောက်တည်းလေ..."

စေ့အသံက အလွန်ကိုမှ အထီးကျန်ရသည့် သူတစ်ယောက်၏ အသံမျိုး။

"ငါ သူ့ကို ပြန်လိုချင်တယ်..."

"သူက ခင်ဗျားရဲ့ အပျင်းပြေ စကားပြောဖော်တစ်ယောက်မဟုတ်ဘူး သူ့မှာ သူ့ဘဝနဲ့သူရှိတယ်..."

"သူ့ဘဝကို မင်းအတင်းဝင်ထားတာမဟုတ်ဘူးလား... သူ့ရဲ့နာကျင်ခြင်းတွေကိုတောင် မသိဘဲနဲ့..."

ပြောစရာစကားမရှိသော Vincent ကိုကြည့်ပြီး စေရယ်ပြန်၏။ စေ့ ရယ်သံတိုင်းက Vincent အတွက် ခါးသက်မှုကိုသာ ဆောင်ကျဉ်းသည်။

"ဒါတွေကို သူ ငါ့ကိုပြောပြစရာမလိုပါဘူး..."

စေက မရှိတော့သည့် ကော်ဖီမကျန်တော့သည့် ခွက်ကိုကြည့်ပြီး ကော်ဖီပန်းကန်ထဲမှ ဇွန်းကို ခပ်ဖွဖွကောက်သည်။

"ဘဝက တကယ်တော့ ကြိုတင်ရေးသားပြီးသား ဝတ္ထုတစ်ပုဒ်ပဲမဟုတ်လား... လူတိုင်းက ကိုယ့်ဝတ္ထုမှာ Protag တွေဖြစ်ကြပြီး တခြားလူတွေက သူတို့ကို ဦးတည်ပြီး လည်ပတ်ကြတယ်... မင်းအဲ့ဒီ concept ကို နားလည်လိုက်ရင် သူတို့ဘဝဇာတ်ကြောင်းကို အကုန်မသိရင်တောင်မှ သူတို့ရဲ့ နာကျင်မှုတွေ စိုးထိတ်မှုတွေကို နားလည်နိုင်တယ်... အာ လူတွေက ဒါကို ဘယ်လိုခေါ်ပါလိမ့်..."

ဇွန်းလေးကို တတောက်တောက်ဖြင့် ကော်ခွက်အလွတ်ကို ခေါက်နေရင်းမှ စေသည် စဉ်းစားဟန်ပြုသည်။ ထိုသူက တကယ်ပဲ စဉ်းစားနေလား မစဉ်းစားနေလား သူ မသိ။ အချိန်အတန်ကြာမှ တတောက်တောက်ခေါက်နေသည့် အသံလေးသည် ရပ်သွားရင်း...

"ဟုတ်သားပဲ လူတွေက ဒါကို လူကဲခတ်တယ် အရိပ်အကဲကြည့်တယ်လို့ ခေါ်ကြတယ်..."

စေ သူ့စကားလုံးတိုင်းကို စူးစိုက်နားထောင်နေသည့် ဆံပင်ရွှေဝါရောင်နှင့်ကောင်လေးကို ကြည့်ရင်း...

"Protag အချင်းချင်းတွေ့ရင်းဘာဖြစ်လဲရော မင်းသိလား..."

သူ စိတ်ဝင်စားသည့် ကိစ္စများမဟုတ်သော်လည်း သူ ထိုသူ၏ အကြောင်းကို သိရန်လိုအပ်သည်မို့ ထိုသူပြောသမျှ အကြောင်းအရာတို့ကို သူ သေချာအာရုံစိုက်နားထောင်နေလိုက်သည်။ ထိုသူ၏ အားနည်းချက်ကိုသူ သိမှသာ သူ ထိုသူကို အနိုင်ယူနိုင်လိမ့်မည်။

"ပိုသာတဲ့ Protag က တခြား Protag ကို အဆင့်လျှော့ချလိုက်တယ်... ဆိုပါတော့ အစွမ်းအစနည်းတဲ့ Protag က သာမန်ဇာတ်ပို့လောက်ဖြစ်သွားတယ်... အင်း တချို့တွေကျတော့လည်း protag တွေအတွက် cannon fodder တွေဖြစ်သွားရော... နောက်ပြီး... တချို့ဇာတ်လမ်းတွေကျတော့လည်း Protag နှစ်ယောက်ညားကြလေသတည်းလည်း ရှိတာပေါ့... ဒါပေမဲ့..."

စေ၏ ပြုံးယောင်ယောင်မျက်လုံးတို့က ချက်ချင်းလေးနက်သွား၏။ သူပြောသည့်စကားတို့ကို တစ်ဖက်သူသည် ငြင်းပယ်ခွင့်မရှိဆိုသည့် လေးနက်တည်ငြိမ်သည့်အသံဖြင့်...

"တချို့ဇာတ်လမ်းတွေမှာ Protag နှစ်ယောက်က အတူနေခွင့်မရှိဘူး... လူတစ်ယောက်ရဲ့ ဇာတ်လမ်းကြောင်းက မမွေးဖွားခင်ကတည်းက မွေးဖွားခြင်းကစပြီးသေဆုံးခြင်းအထိ တစ်ခါတည်း ရေးသားပြီးသားဖြစ်နေလို့ လူတွေက သူ့ Chapter အတိုင်းပဲသွားလို့ရတယ်... ဘယ် Ending ကိုမှ ပြင်ဆင်ပိုင်ခွင့်မရှိဘူး..."

"ရေးတဲ့သူကိုယ်တိုင်တော့ ပြင်ဆင်ပိုင်ခွင့်ရှိတယ်မဟုတ်လား..."

ခွန်းတုံ့ပြန်လာသည့် Vincent ကြောင့် စေ သည်နားလည်ရခက်သော အပြုံးတစ်ခုပြုကာ...

"အဲ့ဒါက...ပြောရရင်တော့... ဘယ်စာရေးဆရာမှ သူတို့ရဲ့ဇာတ်သိမ်းကို ပြင်ဆင်ခြင်းမပြုကြဘူးလေ... သောက်သုံးမကျတဲ့ကောင်တွေကလွဲရင်ပေါ့... ဇာတ်သိမ်းတွေက ဇာတ်လမ်းစကတည်းက သတ်မှတ်ထားပြီးသား... ပြင်ဆင်လို့မရဘူး..."

စေ သည် ဇာတ်ကောင်များကို မချစ်သော စာရေးဆရာများကို မနှစ်သက်ဟု ပြောဖူးသည်ကို ပြန်တွေးမိကာ Vincent တွေးမိကာ...

"အင်း ခင်ဗျားက ဇာတ်ကောင်တွေကို မချစ်တဲ့ စာရေးဆရာတွေကို သဘောမကျဘူးလို့ နီစွေးပြောဖူးတယ်..."

"အင်း... ဟုတ်တယ်... တကယ်တော့ စာရေးဆရာတွေဆိုတာလည်း ပုံပြောသူတွေလိုပါပဲ... ဇာတ်ကောင်တွေပြောပြတဲ့ ပုံပြင်တွေကို ပြန်ပြောပြရတာ အဲ့ဒါကြောင့် သူတို့ရဲ့ တကယ်ဖြစ်ရမဲ့ ဇာတ်လမ်းကို သေချာမပြောပြနိုင်တဲ့ ပုံပြောသူတွေက အသုံးမကျကြဘူးလို့ ငါပြောတာပေါ့"

စေက မျက်နှာကိုရှုံ့မဲ့ကာ ပြောပြီးမှ သူ့မျက်နှာသည် တစ်စုံတစ်ဦးကို သတိရသွားပုံဖြင့် ပြန်ကြည်လင်သွားသည်။

"ဒါပေမဲ့ နီစွေးက သူတို့နဲ့မတူဘူး... သူက ဘယ်တော့မှ အဲ့လိုမလုပ်တဲ့အပြင် ဇာတ်ကောင်တွေရဲ့ အသံကို ကြားနိုင်သေးတယ်... တချို့တွေက ဇာတ်ကောင်တွေရဲ့ ဖြစ်ရမဲ့ ဇာတ်လမ်းကို သေချာရေးနိုင်ကြပေမဲ့ သူတို့က သူတို့ဇာတ်ကောင်ရဲ့ စကားသံတွေကို အကုန်အစင်မကြားနိုင်ကြပြန်ဘူး သူတို့က သူတို့အတ္တတွေနဲ့ ဇာတ်ကောင်တွေရဲ့ စကားသံကို ဖုံးကွယ်ကြတယ်..."

စေသည် သူပြောချင်သည်ကို ပြောပြီးနောက် Vincent ကိုပြန်ကြည့်ကာ...

"အဲ့ဒါတွေက မင်းနဲ့မဆိုင်ပါဘူး မင်းနဲ့ဆိုင်တာက... ဇာတ်ကောင်တစ်ကောင်မရှိတော့တဲ့ ကမ္ဘာက ပြိုပျက်သွားလိမ့်မယ်... မင်းက ဒီနေရာနဲ့ အပ်စပ်တဲ့သူ မဟုတ်ဘူး... မင်းတို့နှစ်ယောက်က မဖြစ်နိုင်ဘူး..."

"Utopia..."

သူ့စကားကြောင့် စေသည် သူ့ကိုကြည့်လာသည်။

"တစ်စုံတစ်ယောက်က အဲ့ဒါနဲ့ပတ်သက်ပြီး ပြောဖူးတယ်..."

"နီစွေးတော့ဖြစ်မယ်မထင်ဘူး..."

"အင်း... ပြောပြတဲ့သူက သူ့နေရာသူ ပြန်ချင်နေတာ..."

"အဲ့ဒီနေရာက... အပြစ်အနာအဆာရှိတဲ့သူတွေကို လက်ခံမှာ မဟုတ်ဘူး... သူက ညီမျှခြင်းနယ်မြေဖြစ်လို့ မညီမျှတဲ့နှလုံးသားရှိတဲ့အရာတွေကို လက်ခံမှာမဟုတ်ဘူး... တစ်ကြိမ်တစ်ခါ မညီမျှမှုကို ခံစားပြီးတာနဲ့ အဲ့ဒီလူက ဘယ်တော့မှ ပြန်လည်ငြိမ်းချမ်းတော့မှမဟုတ်ဘူး..."

စေသည် ထိုသူအတွက် ဝမ်းနည်းခြင်းအလျဉ်းမရှိသည့်ပုံစံဖြင့်သာ ခပ်အေးအေးပြောနေသည်။ လူတစ်ယောက်၏ နာကျင်ခြင်း၊ ဝမ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း သည် သူနှင့် မသက်ဆိုင်သည့်အလား။ သူ့တွင် ထိုသို့သော ခံစားချက်တစ်ခုမှမရှိသည့်အလား။ Vincent သူခေါင်းထဲဝင်လာသည့် အတွေးကြောင့် စေ့ကို မျက်မှောင်ကြုတ်ကြည့်သည်။ သူ့အကြည့်များကြောင့် စေ့နှုတ်ခမ်းတို့က ကော့ညွှတ်သွားရင်း...

"အင်း... ပြောပါဦး... မင်းဘာပြောချင်လို့လဲ..."

"ခင်ဗျား ရောက်ဖူးခဲ့တာလား..."

"ဒါက ဘယ်သူသိနိုင်မှာလဲ..."

အဖြေစကားကို မကျေနပ်စွာဖြင့် Vincent မျက်နှာသုန်မှုန်သွားသော်လည်း စေ၏ နှုတ်ခမ်းထောင့်စွန်းတို့က ဆွဲဆောင်မှုရှိရှိ ကော့ညွှတ်နေဆဲ။

"ထားပါတော့ မင်းလာညှိနှိုင်းတဲ့ ကိစ္စကို ငါ သဘောမတူဘူးလို့ပဲ ပြောရမှာပေါ့... ငါ မင်းကို မကူညီနိုင်ဘူး..."

မျက်လုံးတို့မှေးကျဉ်းသွားသည့် ထိုကောင်လေးကို သူကြည့်ကာ...

"မင်း ငါ့ကို သတ်လိုက်လို့ရော... ငါ့လို လူနောက်တစ်ယောက် မပေါ်လာနိုင်ဘူးလို့ မင်းပြောနိုင်လို့လား..."

ထိုသူသည် သူ့သတ်ဖြတ်လိုခြင်းတို့ကို နည်းနည်းလေးမှ ကြောက်ရွံ့ပုံမရ။ သက်တောင့်သက်သာ ရှိလွန်းသည့် ပုံစံပင်ဖြစ်နေသေးသည့် စေ့ကို သူ ကြည့်သည်။ သူ့တွင် သူ မမြင်ပင်မမြင်လိုက်ရသည့် ဖခင်၏ နဂါးတစ်ကောင်အစွမ်းသာ မရှိပါက သူက စေ့ကို လူသားတစ်ယောက်ဟုပင် ထင်မိတော့မည်မဟုတ်။

"ငါ ဝင်နှောင့်ယှက်မှာမဟုတ်ဘူး..."

သူ့ကိုသတ်ဖြတ်လိုသည့် အရိပ်အငွေ့များဖြင့် ကြည့်နေသည့် အငွေ့အသက်အောက်တွင် ပေါ့ပေါ့ပါးပါးသာ စေသည် စကားဆက်၏။

"သူကိုယ်တိုင် မလာဘူးဆိုရင် ငါ ဘယ်တော့မှ သူ့ကို ပြောပြမှာမဟုတ်ဘူး... ငါ ဘာလုပ်ရမယ် မလုပ်ရဘူးဆိုတာ ငါ သိတယ်..."

"ဒါဆို ခင်ဗျား ဘာလို့သူ့ကို Utopia နဲ့ပတ်သက်ပြီးပြောခဲ့သေးလဲ..."

"သူ မွန်းကြပ်နေတယ်လေ..."

မယုံသလို ကြည့်လာသည့် Vincent ကို စေက အနီးကပ်နေပြီး ဒါလေးတောင် မသိဘူးလားဆိုသည့် မျက်နှာထားဖြင့် ကြည့်ရင်း...

"သူ့စာတွေမှာ သူ့ရဲ့ မွန်းကြပ်ခြင်းတွေပါတယ်... ငါ သူ့ကို ကူညီပေးလိုက်ရုံသက်သက်ပါပဲ... နည်းလမ်းရှိတယ်ဆိုတာကို သိပြီး မင်းကို ပြန်ပို့ဖို့ လုပ်မလို့ကတော့... မင်းအပေါ်မူတည်သလို သူ့အပေါ်လည်း မူတည်တာပေါ့... ဒါနဲ့..."

စကားတို့မဲ့စွာ သူ စေ့ကို ကြည့်သည်။ ဒီလူက နီစွေးနှင့် အတူမရှိတာတောင်မှ နီစွေးရေးသည့် စာကိုဖတ်ရုံဖြင့် နီစွေးတွင်ဖြစ်ပျက်နေသမျှကို ခန့်မှန်းနိုင်သည်။ နီစွေးပြောသလို အရာအားလုံးက အသက်ရှိနေတာလား။ စကားလုံးများတွင် အသက်ရှိနေသည်လား။

"လူတစ်ယောက်ကို ချစ်တာက... သူ့ကို ချစ်ပေးနေရုံနဲ့ လုံလောက်တယ်လို့မင်းထင်လို့လား..."

ထိုစကားသည် သူတို့နှစ်ယောက်ကြားရှိ စကားဝိုင်းလေး၏ အပိတ်စကား။

>>>>>Schmaltz<<<<<

"Vincent မင်းဘယ်သွားနေတာလဲ! ငါ မင်းကို ဖုန်းတောက်လျှောက်ခေါ်နေတာလေ!"

သူ အိမ်ပြန်ရောက်သည်နှင့် တံခါးဖွင့်သံကြားကြားချင်း ပြေးလာပုံရသည့် နီစွေးကို သူကြည့်သည်။ သူ့မျက်နှာထက်မှ အမည်မဖော်တတ်သည့် လေးနက်မှုကြောင့် နီစွေး၏ သူ့ကို ဆူပူပြစ်တင်လိုမှုသည် လျော့သွားပုံရ၏။

"ဘာဖြစ်လာတာလဲ... မင်းကို အပြင်မသွားရဘူးလို့ ငါ မပြောပါဘူး... ဒါပေမဲ့ မင်း ငါ့ကို နည်းနည်းတော့ ပြောသွားသင့်တာလေ..."

သူပြောနေသော်လည်း Vincent သည် သူ့မျက်နှာကို ကြည့်နေရာမှ သူ့ခန္ဓာကိုယ်ကို စွေ့ခနဲဆွဲကာ သူ့ရင်ခွင်ထဲသိမ်းကျုံးထည့်လေတော့သည်။ ရုတ်တရက်မို့ သူ မည်သို့ပင် တုံ့ပြန်ရမှန်းမသိလိုက်။ သတိဝင်လာတော့ သူ့ကို တင်းကြပ်စွာထွေးဖက်ထားသည့် ထိုကောင်လေး။ ရုန်းထွက်ချင်နေသော်လည်း ထိုကောင်လေး၏ အသက်ရှူသံပြင်းပြင်းကြောင့် သူ အနည်းငယ်သာ လူးလွန့်ကာ...

"Vince... ငါ့ကို နည်းနည်းလေးတော့ လွှတ်ပေး ဒီတိုင်းဆို ငါ သေသွားတော့မယ်...မင်းအားကြီးနဲ့..."

"အင်း..."

လူသားတစ်ယောက်မဟုတ်သည့် Vincent သည် သူ့ဖခင် မုဒိမ်းနဂါးကောင်၏ ခွန်အားကိုပါ အမွေဆက်ခံရခဲ့သေးသည်။ မိတ်ဆွေဒါက အလွန်တော့ မဟုတ်ဘူးလေနော်... ဒီ Vincent က ဒါမျိုး Cheat တွေမရဘဲနဲ့ သူက Camelot ပြည့်ရှင် ဘယ်ကဘယ်လိုဖြစ်လာမှာလဲလေ။ Merlin ကအချဉ်မှမဟုတ်တာ။

"ကျွန်တော်က ဘာလို့ နီစွေးနဲ့ပတ်သက်ရင် တစ်ခုမှ မသိရတာလဲ..."

ထိုကောင်လေး၏ အသံတွင် ဝမ်းနည်းနေခြင်းများ။

"ကျွန်တော်က နီစွေးကို ချစ်တယ် လက်မလွှတ်ပါဘူးဆိုတာပဲ ပြောနိုင်တာ... ကျွန်တော်က ဘာလို့နီစွေးနဲ့ပတ်သက်လာရင် နီစွေးဘာဖြစ်နေတယ်ဆိုတာကို ဘာမှမသိရတာလဲ..."

ပြဿနာရင်းမြစ်ကို သိသွားရကာ နီစွေးသက်ပြင်းမောရှိုက်သည်။ သူကတော့ စိတ်ပူလိုက်ရတာ ဘာများဖြစ်တာလဲလို့။ သူတို့နှစ်ဦးထိုညကုန်လွန်ကတည်းက Vincent တွင် အတွေးပေါင်းများစွာ ရှိနေသည်ကို သူ ရိပ်မိသော်လည်း ထိုအကြောင်းအရာကြောင့်ဟုတော့မထင်လိုက်။ ဒါကြောင့်နဲ့များ ထိုကောင်လေးက အိမ်ကနေ ခေတ္တထွက်ပြေးသွားသည်တဲ့လား။ ရယ်စရာကောင်းလိုက်တဲ့ခွေးဝါလေး။

ငြိမ်နေသည့် Vincent ၏ ခေါင်းကို သူလက်မြှောက်ကာ မမီမကမ်းပွတ်သပ်ပေးရင်း...

"မင်း မေးမယ်ဆိုရင် ငါ မပြောပြစရာဘာရှိမှာလဲ..."

သူ လူတစ်ယောက်ကို ချစ်မည်ဆိုသည့် စိတ်ကူးမရှိခဲ့။ လူတစ်ယောက်ကို အမှန်တကယ်ချစ်သွားမည်ကို သူကြောက်ရွံ့နေသေးဆဲ။ သို့သော်လည်း ... သူနှင့်အတူ တစ်ဘဝလုံး အတူမရှိနိုင်သည့် လူတစ်ယောက်ကိုတော့ သူ ခဏဖြစ်ဖြစ် ချစ်နိုင်လောက်ပါသည်။ ထိုချစ်ခြင်းက သူ့ကို ထပ်နာကျင်စေဦးမည်ဆိုသည်ကို သူ သိသိကြီးနှင့်ပေါ့။

~~~~~~~~~~

Continue Reading

You'll Also Like

28.2K 4.5K 22
လူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချ...
56.5K 6.7K 38
နှုတ်ဖျားက တစ်ခွန်းမှ မဟပါပဲ.. မင်းကို ပြောခဲ့တယ်..။ ရာချီသော နည်းလမ်းပေါင်းများစွာနဲ့..။ ႏႈတ္ဖ်ားက တစ္ခြန္းမွ မဟပါပဲ.. မင္းကို ေျပာခဲ့တယ္..။ ရာခ်ီေသ...
41.5K 3.8K 12
HunHan yaoi fanfiction Romance
570K 54.4K 44
ဝတ္ထုတစ်ပုဒ်ကြောင့် ၂၁ရာစုကနေ တျန်းမင်းဆက်ခတ်ကို ရောက်ရှိသွားတဲ့ တျန်းရန် တစ်ယောက်၊ ၂၁ ရာစုကို ပြန်ရောက်လာနိုင်ပါမလား?? I'm The Protagonist's Villain...