Zawgyi
"Camelot ျပည့္ရွင္ ဘာမ်ားအလိုရိွပါသလဲ..."
သူ႔ကို ေမးလာသည့္ ထိုသူကို သူ စူးရဲစြာၾကည့္သည္။ နီရဲေတာက္ေနသည့္ မ်က္လံုးမ်ားေၾကာင့္ ထိုသူက ေက်ာခ်မ္းသလို ဟန္မ်ိဳးျပကာ...
"ဘာမ်ား စိတ္အလိုမက်ျဖစ္ေနရတာလဲ အရွင္... ကြ်န္ေတာ္မ်ိဳး Trickster က အရွင့္ကို ဘာမ်ားကူညီေပးႏိုင္မလဲ..."
"Utopia ဆိုတာ ဘယ္လုိေနရာလဲ..."
သူ႔စကားေၾကာင့္ ေပါ့ေပါ့ပါးပါးျဖစ္ေနသည့္ Trickster ဆိုသည့္ အမ်ိဳးသား၏ မ်က္ႏွာသည္ တည္သြားကာ သူ႔ေခါင္းထက္မွ ႀကီးမားသည့္ ဦးထုတ္ကိုခြ်တ္၏။ ထို႔ေနာက္ မထူးဆန္းသည့္ အျပံဳးတစ္ခုျဖင့္...
"ကေလးေတြေျပာတဲ့ စိတ္ကူးယဥ္ဆန္တဲ့ ဒ႑ာရီေနရာတစ္ခုပါ... တကယ္ရိွမရိွ ဘယ္သူမွ မေျပာႏိုင္ပါဘူး..."
"Trickster! မင္း ငါ့ကိုမ်ား လွည့္စားဖို႔ႀကိဳးစားေနတာလား..."
သန္မာသည့္လက္တစ္ဖက္မွ လည္ပင္းဆီသို႔က်ေရာက္လာကာ သူ႔ေျခေထာက္တုိ႔သည္ ေျမျဖင့္ မထိေတာ့။
"ငါ့ကို ရွာခုိင္းတဲ့ တစ္စံုတစ္ခုက ငါ့အတြက္ မဟုတ္ဘဲ မင္းအတြက္မ်ားျဖစ္ေနမလား Trickster..."
သူ႔လက္ထဲမွ လူ၏ မ်က္ႏွာသည္ ေအာက္ဆီဂ်င္မဝမႈျဖင့္ ျပာႏွမ္းစျပဳလာေတာ့မွ သူ ေဆာင့္လႊတ္ကာ ထိုသူကို ပစ္ခ်လုိက္ေတာ့သည္။ အသံအခ်ိဳ႕ေၾကာင့္ နီေစြးႏိုးလာမည္ကို သူ စိတ္မပူ။ အိပ္ေငြ႔ခ်သည့္ အတတ္တခ်ိဳ႕ကို သူ နီေစြးအိပ္မေပ်ာ္ခင္က သံုးခဲ့သည္ပဲ။ သူ ထိုအတတ္တုိ႔ မသံုးလွ်င္ေတာင္မွနီေစြးသည္ ပင္ပန္းလြန္းအားႀကီး၍ ထႏုိင္မည္မဟုတ္။
သို႔ေသာ္လည္း Trickster ႏွင့္ စာရင္းရွင္းရမည္မုိ႔ သူ နီေစြး ႏိုးလာလွ်င္ဆုိသည့္ အခ်က္ကို ထည့္တြက္ထားရမည္။ နီေစြးကို သူ Trickster ဆုိသူႏွင့္ လံုးဝ ေတြ႔ခြင့္ျပဳမည္မဟုတ္။ ထိုသူက သူ႔ကမၻာသို႔သူျပန္ေရာက္သြားေစႏိုင္သည့္ နည္းလမ္းကို နီေစြးကို ေပးေကာင္းေပးလိမ့္မည္။ ထို႔အျပင္ သူ ေစ ဆုိသည့္သူကိုလည္း ဤေလာကမွ ဖယ္ရွားရေပလိမ့္မည္။
"Utopia နဲ႔ စာေရးဆရာေတြက ဘယ္လုိပတ္သက္ေနတာလဲ..."
သူ႔ေမးခြန္းေၾကာင့္ ၾကမ္းျပင္တြင္ ပံု႔ပံု႔ေလးလဲက်ေနသည့္ Trickster ၏ မ်က္ဝန္းတို႔ လက္ခနဲ ျဖစ္သြားသည္ကို ျမင္ရကာ သူ႔မ်က္လံုးတုိ႔ ေမွးက်ဥ္းသြားေလ၏။ သူ ထုိသူ၏ ေျခေထာက္ကို အားျဖင့္ဖိနင္းကာ...
"မင္း တစ္ခုခု မသိဘူးလို႔ ငါ့ကို ျငင္းမယ္ဆုိရင္ ငါ မင္းကို သတ္ပစ္ဖို႔ဝန္မေလးဘူး..."
ဘယ္လိုမွ ေျပး၍မလြတ္ႏိုင္သည့္ အေနအထားမို႔ Trickster သည္ မတတ္သာသျဖင့္ သူ႔ ႀကိတ္ၾကံစည္ေနမႈႀကီးကို ေျပာျပရေလေတာ့သည္။
"Utopia က တကယ္ေတာ့ လူေတြ အမ်ိဳးမ်ိဳးပံုေဖာ္ၾကတဲ့ စိတ္ကူးယဥ္ေနရာတစ္ခုပါ... အဲ့ဒီေနရာမွာ ၿပီးျပည့္စံုမႈသာ ရိွပါတယ္... ၿပီးျပည့္စံုမႈနဲ႔အျပစ္အနာအဆာ ကင္းမႈျခင္း Perfection သာရိွၿပီး ဘာ ေဘးဒဏ္မွမရိွတဲ့ ထာဝရၿငိမ္းခ်မ္းတဲ့ေနရာတစ္ခုပါ..."
သူ႔စကားကို ထိုေကာင္ေလး ယံုၾကည္မႈေရာရိွရဲ႕လား ဆိုၿပီး သူ စူးစမ္းေသာ္လည္း Vincent ၏ တည္ၿငိမ္စြာ နားေထာင္ေနမႈေၾကာင့္ သူ အားတက္သြားကာ ေသခ်ာဒူးတုတ္ထုိင္ၿပီး Vincent ကို ဆက္ေျပာျပ၏။ တကယ္တမ္း သူ႔အစြမ္းက Vincent ႏွင့္ယွဥ္လွ်င္ ကြာျခားလြန္းသည္မဟုတ္လား။ သူက ကမၻာႏွစ္ခုကို ေပါင္းကူးႏိုင္သည့္ တံခါးကို ဖြင့္ေပးႏိုင္သူမို႔သာ သူ႔ကိုယ္သူ သူတုိ႔ထက္သာလြန္သည့္ အင္အားရိွသည္ဟု ဟန္ေဆာင္၍ ရေသာ္လည္း တကယ္တမ္း ထိုသူတုိ႔ကို ယွဥ္၍မရသည္ကို သူသာလွ်င္သိသည္။
"Perfection သာရိွတဲ့ေနရာတစ္ခုက ျပည့္စံုျခင္းေတြပဲရိွတယ္လုိ႔ လူေတြထင္ၾကတယ္... မျပည့္စံုတဲ့တည္ရိွမႈေတြ ဘာေၾကာင့္ အဲ့ဒီ Utopia မွာ မရိွဘူးဆိုတာကို ဘယ္သူက ေတြးမိၾကမွာလဲ..."
သူ႔အသံတြင္ ေဒါသႏွင့္အမုန္းတို႔ပါေနသည္ကို သူ သိေသာ္လည္း သူ႔ကို သံသယဝင္ေနသည့္ သူတစ္ေယာက္ေရွ႕တြင္ေတာ့ သူ လူေကာင္းတစ္ေယာက္အေနႏွင့္ ဟန္ေဆာင္မေနခ်င္ေတာ့။ Vincent အမုန္းတရားတို႔ျဖင့္ မည္းနက္ေနသည့္ Trickster ကို ခပ္တည္တည္သာ လက္ပိုက္ၾကည့္ေနလုိက္သည္။ ထိုသူကို သူ အသံုးခ်ရဦးမည္မုိ႔ သူ႔ကို သတ္၍မရေသး။ နီေစြးကို သူ ဤကမၻာမွ ေခၚသြားမည္။ သူ မေသခ်င္။
နီေစြးကို သူ ေသခ်င္ေသပါေစ သူ႔ကမၻာပ်က္ခ်င္ပ်က္ပါေစဟု ေျပာသည့္စကားသည္ မုသားသာ။ သူ မရိွေတာ့လွ်င္ နီေစြးေဘးတြင္ အျခားသူတစ္ေယာက္ ရိွေနလိမ့္မည္။ သူ ထိုကိစၥကို လံုးဝမလုိလား။ ထို႔အတြက္ သူေပ်ာက္ကြယ္လုိစိတ္မရိွ။ ထို႔အတြက္ သူ Trickster အေၾကာင္းေကာင္းေကာင္းသိဖို႔လုိသည္။ သူ Trickster ကို အသံုးခ်ရမည္။ နီေစြးက ဤကမၻာမွ မထြက္သြားခ်င္လွ်င္ေတာင္ သူ အတင္းအၾကပ္ေခၚသြားမည္။
"Utopia က ျပစ္ခ်က္ရိွသြားတဲ့ သူေတြကို အဲ့ဒီေနရာက ႏွင္ထုတ္လုိက္ၾကတယ္ေလ..."
အလြန္ပင္မုန္းတီးေနသည့္ အသံျဖင့္ေျပာေနသည့္ Trickster သည္ က်ိန္းေသေပါက္ Utopia ဆုိသည့္ ေနရာမွ လာေရာက္သည့္ သူတစ္ေယာက္ျဖစ္လိမ့္မည္။
"အရွင္သိလား... အရွင္တုိ႔ေနတဲ့ေနရာက Utopia နဲ႔ ကမၻာရဲ႕ ၾကားဘံုတစ္ခုဆုိတာ... အဲ့ဒီေနရာကို ေနာက္တစ္မ်ိဳးဘယ္လုိေခၚလဲေရာသိလား..."
ဒူးတုပ္ထုိင္ေနရာမွ Trickster သည္ သူ႔ကို ေမာ့ၾကည့္ရင္း ေမးလာေလ၏။ သူ Trickster ၏ မ်က္ႏွာကိုသာ မတုန္မလႈပ္စိုက္ၾကည့္ေနဆဲ။ Trickster သည္ သူ႔ကို နာက်ည္းသည္ အျပံဳးတစ္ခုေပးကာ...
"Graveyard of Utopia လို႔ေခၚတယ္... အရွင္တုိ႔ကို လူေတြက ဇာတ္ေကာင္ေတြလုိ႔ သတ္မွတ္ၾကတယ္... အရွင္တုိ႔ကို သူတုိ႔က အသက္သြင္းၾကတယ္ဆိုတာ တစ္ခ်ိဳ႕တစ္ဝက္ပဲမွန္တယ္... အရွင္တုိ႔က အသက္ရိွေနၿပီးသား... သူတုိ႔က အရွင္တုိ႔ရဲ႕ရွင္သန္မႈကို ရွာမေတြ႔ၾကေသးတာ... ဘာေၾကာင့္ ဇာတ္ေကာင္ေတြက အျမဲတမ္း ၿပီးျပည့္စံုေနလဲ... ဘာေၾကာင့္ ဇာတ္ေကာင္ေတြရဲ႕ကမၻာေတြက ၿပီးျပည့္စံုျခင္းေတြနဲ႔အဆံုးသတ္သြားတာလဲ အရွင္စဥ္းစားဖူးလား..."
ေမးခြန္းတုိ႔ကို တစ္ေယာက္တည္းအေမးအေျဖလုပ္ေနသည့္ Trickster ကိုသာ Vincent ၾကည့္ေနလုိက္သည္။
"အရွင္တုိ႔က တကယ္ေတာ့ Utopia ကေန ႏွင္လႊတ္ခံလုိက္ရတဲ့ အျပစ္သားေတြပါပဲ... ဒါေၾကာင့္ အရွင္တုိ႔က အစြမ္းမ်ိဳးစံုနဲ႔ ၿပီးျပည့္စံုျခင္းရိွေနတာ... လူေတြမွာ Perfection မရိွၾကဘူးေလ... လူေတြရဲ႕ ၿပီးျပည့္စံုမႈကို ေတာင့္တတဲ့ ျပင္းျပမႈဆႏၵက အရွင္တို႔ကို လူေတြနဲ႔ ေတြ႔ဆံုေစတာပဲ... နားမလည္တဲ့ လူေတြကေတာ့ အရွင္တုိ႔ကို သူတုိ႔ဖန္တီးတယ္လုိ႔ သံုးသပ္ၾကၿပီး... တခ်ိဳ႕ေတြကေတာ့ အရွင္တုိ႔က ပင္ကိုယ္အသက္ရိွေနၿပီးသားဆုိတာကို နားလည္ၾကတယ္..."
Trickster သည္ သူ႔စကားကို ေမးလည္းမေမး တားလည္းမတားသည့္ Vincent ကို ထပ္ၾကည့္ကာ...
"အရွင္ ကြ်န္ေတာ့္ကို ယံုၾကည္မယ္လို႔ ကြ်န္ေတာ္ ေမွ်ာ္လင့္ပါတယ္... အရွင့္ကို ကြ်န္ေတာ္ ဒီကမၻာကို လာေစတဲ့ တစ္ခုတည္းေသာ ရည္ရြယ္ခ်က္က စာေရးဆရာတစ္ေယာက္ကို ရွာေဖြဖို႔ပါ..."
မ်က္ေမွာင္ၾကဳတ္သြားသည့္ Vincent ကုိၾကည့္သည္။
"Utopia ကို ေရာက္ႏိုင္တဲ့ သူေတြက နယ္ပယ္တုိင္းမွာ ရိွတယ္... သူတုိ႔က ၿပီးျပည့္စံုျခင္းကို နားလည္ၾကတဲ့သူေတြ... သူတုိ႔က Profession အမ်ိဳးမ်ိဳးလုပ္ေဆာင္ၾကတယ္... အခ်ိဳ႕ကေတာ့ လူေတြကို အဲ့ဒီေနရာကို လမ္းျပၾကသလုိ အခ်ိဳ႕က ကြ်န္ေတာ္တုိ႔လုိ အႏွင္ခံရတဲ့သူေတြကုိ ကမၻာသစ္ေတြဖန္တီးေပးၾကတယ္..."
ကမၻာသစ္ေတြဖန္တီးေပးသည္ဆုိသည့္ သူမ်ားက က်ိန္းေသေပါက္ စာေရးဆရာဆုိသည့္ သူမ်ားဆုိသည္ကို Trickster မေျပာဘဲ သူနားလည္ေလ၏။ Trickster သည္လည္း သူနားလည္သည္ကို သိစြာျဖင့္ အပိုစကားကိုမဆုိ သူေျပာလုိသည့္ အေၾကာင္းအရာကိုသာ ဆက္ေျပာလာ၏။
"စာေရးျခင္းဆုိတာက တကယ္ေတာ့ ေမွာ္ဝင္မႈတစ္မ်ဳိးပါပဲ... လူေတြက စာေရးျခင္းကို ႀကိဳးစားေလ့က်င့္ၾကတယ္... သူတုိ႔ကိုယ္သူတုိ႔ တိုးတက္ေအာင္ သူတုိ႔ျမင္ရတဲ့အရာေတြကို အျခားသူေတြပါ သိေအာင္ ႀကိဳးစားၾကတယ္... ဒါေပမဲ့ တခ်ိဳ႕ေတြကိုေတာ့ စာေရးျခင္းေမွာ္က ျပန္ေရြးခ်ယ္တယ္..."
"အဲ့ဒီသူက Utopia နဲ႔ဘယ္လုိသက္ဆုိင္လဲ..."
Vincent ၏ အေမးေၾကာင့္ Trickster ၏ မ်က္ႏွာသည္ ရႊင္ျပသြား၏။
"အရွင္ သူ႔ကို ေတြ႔ထားၿပီလား... နီေစြးကေတာ့ အဲ့ဒီအဆင့္ကို မေရာက္ေသးဘူး..."
"ငါေတြ႔ထားတယ္ ဒါေပမဲ့ မင္းရဲ႕ အေျဖေပၚမူတည္ၿပီး ငါ သူနဲ႔ပတ္သက္ၿပီး မင္းကို ေျပာျပသင့္ မေျပာျပသင့္ စဥ္းစားမယ္..."
သူ သံသယဝင္မိသူက ေစဆုိသည့္သူ။ ထိုသူက ေတာ္သည္ဟု ေျပာၾကသည္။ ထုိသူက သူ႔ထက္ပင္ ေတာ္သည္ဟု နီေစြးကိုယ္တုိင္လည္းေျပာဖူးသည္။ ထို႔အတြက္ Trickster ရွာေနသည့္ သူသည္ က်ိန္းေသေပါက္ ထိုသူ ျဖစ္ေနလိမ့္မည္။
"အဲ့ဒီသူက ကြ်န္ေတာ္တုိ႔ကို Utopia ကုိ ျပန္ပို႔ႏုိင္မဲ့ တစ္ဦးတည္းေသာ သူပဲ..."
"သူက မင္းကို ကူညီမယ္လုိ႔ မင္းထင္လုိ႔လား..."
သူ႔စကားေၾကာင့္ Trickster ၏ လြတ္လမ္းျမင္ေနသည့္ မ်က္ႏွာေလးသည္ ခ်က္ခ်င္း ျပန္ညိွဳးငယ္သြားရွာေလသည္။ Trickster ၏ အေပ်ာ္ေလးကို ဖ်က္ဆီးလုိက္ရသျဖင့္ Vincent ေက်နပ္သြားေလ၏။
"ကြ်န္ေတာ္ ႀကိဳးစားမွာေပါ့..."
"ငါ မင္းကို ကူညီဖို႔စိတ္မဝင္စားဘူး... ငါ့မွာ နီေစြးနဲ႔ပတ္သက္ၿပီး အလုပ္ရႈပ္ေနတယ္... နီေစြးကို ငါ့ကမၻာကို ျပန္ေခၚႏုိင္ဖို႔ ငါႀကိဳးစားရမယ္... အဲ့ဒီေတာ့ ငါ မင္းကို ကူညီဖို႔မအားဘူး... ေနာက္ၿပီး အဲ့ဒီလူက နီေစြးကို ငါ့ကို ႏွင္ထုတ္မဲ့နည္းလမ္းကို ေပးမွာမို႔ ငါ သူ႔ကို ဒီကမၻာက ဖယ္ရွားဖို႔ ႀကိဳးစားေနတယ္..."
သူ႔စကားေၾကာင့္ Trickster ျပဴးျပဴးပ်ာပ်ာျဖစ္သြားကာ...
"ကြ်န္ေတာ္ အရွင့္ကိစၥကို ကူညီမယ္ဆုိရင္ေရာ... ေနာက္ၿပီး အရွင္ သူ႔ကို အႏၱရာယ္မေပးသင့္ပါဘူး..."
"မင္းေျပာၾကည့္ေလ... ငါ သူ႔ကို အသက္ရွင္ခြင့္ေပးရမဲ့အေၾကာင္းရင္းကို..."
ငါခ်စ္တဲ့သူနဲ႔ငါ့ၾကားဝင္တဲ့သူေတြက ဘယ္သူမွ အသက္ရိွမေနသင့္ဘူးဆိုသည့္ မ်က္ႏွာမ်ိဳးေၾကာင့္ Trickster သူ မည္သည့္ကလိမ္က်သည့္ စကားမ်ိဳးကိုမွ မေျပာရဲဘဲ အမွန္ကိုသာ ေျပာရရွာျပန္၏။
"အဲ့ဒီသူက နီေစြးဆုိတဲ့သူကို အရွင့္ကမၻာကို ေခၚႏုိင္ေအာင္ ျပဳလုပ္ေပးႏိုင္တဲ့ တစ္ေယာက္တည္းေသာ သူလည္းျဖစ္ႏိုင္ပါတယ္... ကြ်န္ေတာ္က ဒီကမၻာသားမဟုတ္တာေၾကာင့္ ကြ်န္ေတာ္ ဖြင့္ေပးႏုိင္တဲ့ တံခါးက ဇာတ္ေကာင္ေတြလုိေခၚတဲ့ အရွင္တုိ႔ပဲ ဝင္ထြက္သြားလာႏုိင္တာပါ... ဒီဘက္ကမၻာက လူတစ္ေယာက္ကို ေခၚမယ္ဆုိရင္ေတာ့ အရွင့္အေနနဲ႔ အဲ့ဒီသူကို လိုအပ္ပါလိမ့္မယ္... ေသခ်ာစဥ္းစားပါ အရွင္... Graveyard of Utopia မွာက ကမၻာေပါင္းမ်ားစြာ ရွင္သန္တာမို႔ စိတ္ကူးယဥ္ကမၻာေတြက သူတုိ႔ကမၻာရဲ႕ အရွင္သခင္မရိွတာနဲ႔ လဲၿပိဳက်သြားႏိုင္ပါတယ္..."
"မင္း ငါ့ကို ပို႔တုန္းကေတာ့ ဒီလုိမ်ိဳးေတြ မေျပာခဲ့ပါဘူး..."
မ်က္လံုးတို႔ကို ေမွးစင္းၿပီးေျပာလာသည့္ Vincent ေၾကာင့္ Trickster တစ္ကိုယ္လံုး ေၾကာက္ရြံ႕မႈတုိ႔ျဖင့္ တုန္ယင္သြားရွာသည္။
"ကြ်န္ေတာ္ေျပာတာလည္း မမွားခဲ့ပါဘူး အရွင္ ရွာလိုတဲ့အရာကို အရွင္ေတြ႔ခဲ့တယ္မဟုတ္လား... နီေစြးဆုိတာ အရွင္ရွာေနတဲ့ အရာမဟုတ္ဘူးလား..."
Vincent အခ်ိန္မေရြးသူ႔လက္ျဖင့္ သတ္ႏိုင္သည့္ သူတစ္ေယာက္ကို သူ ဆက္ေျပာမေနေတာ့။
"ငါ မင္းကို အခ်ိန္တန္ရင္ ထပ္ေခၚလိုက္မယ္... မင္းသြားလို႔ရၿပီ..."
Trickster သည္ သတင္းအခ်က္အလက္တုိ႔ကို ဆက္ေမးခ်င္ေသာ္လည္း သူက ဘယ္အခ်ိန္တြင္ဘာလုပ္သင့္သည္ ဆုိသည္ကို သိသူမုိ႔ သူ႔ကို Vincent မွ ႏွင္ထုတ္ခ်ိန္တြင္ သူ ျပန္ထြက္လာေလ၏။ ဘာပဲေျပာေျပာ သူ႔ေရြးခ်ယ္မႈက မွန္ကန္သည္။ Vincent သည္ သူ လိုအပ္သူကို ရွာေဖြေပးႏိုင္ခဲ့သည္။
အစပထမက နီေစြးျဖစ္မည္ဟု သူ ထင္ကာ Vincent ကုိေရြးလႊတ္ခဲ့ျခင္း။ လူတုိ႔က အခ်စ္ႏွင့္ပတ္သက္လာလွ်င္ ေပ်ာ့ညံ့တတ္သူမို႔ နီေစြးဆိုသည့္ စာေရးဆရာေကာင္ေလးႏွင့္ Vincent သာ အမွန္တကယ္ ခ်စ္ကြ်မ္းဝင္သြားပါက ထိုေကာင္ေလးသည္ သူတုိ႔ႏွစ္ဦးဆံုေတြ႔ေအာင္ ကူညီေပးသည့္ သူ႔ကိုလည္း ျပန္ကူညီမည္ဆုိသည့္ ရည္ရြယ္ခ်က္ျဖင့္ လုပ္ခဲ့ေသာ္လည္း ထိုေကာင္ေလးသည္ သူရွာေဖြေနသူ မဟုတ္ခဲ့။
သို႔ေသာ္လည္း ကံေကာင္းေထာက္မစြာ Vincent သည္ သူရွာေဖြေနသည့္ သူကို ေတြ႔သြားခဲ့ၿပီ။ သူ Vincent ကို ေရြးခ်ယ္ခဲ့ျခင္းက နည္းနည္းေလးမွ မမွား။ နီေစြးထံသို႔ ေယာက်ာ္းေလးျဖစ္သည့္ Vincent ကို သူဘာေၾကာင့္ လႊတ္လဲဆုိလွ်င္ေတာ့ ထိုသူႏွစ္ဦး၏ ေနာက္ေၾကာင္းအေျခအေနတုိ႔က တစ္ေယာက္ႏွင့္တစ္ေယာက္ ဆင္တူေနမႈေၾကာင့္ဟု ေျဖရလိမ့္မည္။ လူတုိ႔က အေျခအေနတူသည့္ သူအခ်င္းခ်င္းသာ သံေယာဇဥ္တြယ္ျမန္ၾကတာမဟုတ္လား။
>>>>>Schmaltz<<<<<
သူဘယ္ေလာက္ၾကာၾကာအိပ္ေပ်ာ္သြားမွန္းမသိ။ သူ ႏုိးလာခ်ိန္တြင္ ေန႔တစ္ဝက္ပင္က်ိဳးေနခဲ့ၿပီ။ မ်က္လံုးမ်ားဖြင့္ဖြင့္ခ်င္း သူႏွင့္အတူ အိပ္ရာဝင္ခဲ့သူက ရိွမေန။ တစ္ညအတူ ခႏၶာကိုယ္ခ်င္းရင္းႏီွးၿပီး ေပ်ာ္ပါး ေနာက္တစ္ေန႔တြင္ ထိုသူကို မျမင္ရ၍ ဝမ္းနည္းရေအာင္ သူက ဆယ္ေက်ာ္သက္လည္းမဟုတ္သလုိ အခုမွလည္း စၿပီး ထုိသို႔ေနဖူးသည့္ သူတစ္ေယာက္လည္းမဟုတ္။
သူထထိုင္ခ်င္ေသာ္လည္း လူမဆန္သည့္ တစ္ေယာက္ေသာသူ၏ ခြန္အားေၾကာင့္ သူ႔ေအာက္တစ္ပိုင္းလံုးက ေအာက္ပိုင္းေသေနသည့္အလား လႈပ္၍ပင္မရ။ ေအာက္ပုိင္းေသလွ်င္ကမွ ေတာ္ဦးမည္။ သူ႔မွာေတာ့ လႈပ္ဖုိ႔ႀကိဳးစားတုိင္း အသဲခုိက္ေအာင္ နာက်င္ရသည္။ နီေစြး စုတ္သတ္ညည္းတြားကာ ေအာက္ႏႈတ္ခမ္းကိုကိုက္သည္။
"မင္းက လူမဟုတ္ဘူး! ဘယ္ေလာက္ေတာင္ လုပ္ထားလို႔ငါ အခုလိုမ်ိဳး ျဖစ္ေနရတာလဲ! အား... အဲ့ကိစၥေတြက အဲ့အခ်ိန္ပဲေကာင္းတယ္... ေနာက္ပိုင္း side effect က ေသေအာင္နာတယ္! နဂါးေတြက အဲ့ေလာက္ေတာင္ပဲ ႀကီးထြားရလား! Morgana ေတာ့ ဘယ္လုိမ်ား... မဟုတ္ဘူး... သူက မိန္းမမို႔ေတာ္ေသးတယ္... ငါကမိန္းမ မွမဟုတ္တာ... အား... ေသမလုိပါပဲ... ငါ ဆက္ၿပီးသာ အိပ္ေနခ်င္ေတာ့တယ္... အိပ္ေနတာက နာတာကို ေမ့ႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းပဲ..."
ခပ္တိုးတိုး သူညည္းၿပီး အိပ္ယာကို တဖုန္းဖုန္းလက္သီးျဖင့္ထုၿပီး Vincent ကို နည္းမ်ိဳးစံုျဖင့္ သူ က်ိန္ဆဲေနရာမွ တံခါးဖြင့္သံႏွင့္အတူ အခန္းထဲသို႔ ဝင္လာသည့္ ေျခသံ။ မည္သူဆုိသည္ကို သိေနသျဖင့္ သူ ခပ္တည္တည္ လွမ္းခုိင္းသည္။
"မ်က္ႏွာသစ္ဖို႔လုပ္ေပး... ၿပီးရင္ ငါ့ကို လာေခၚ..."
သူ႔အမိန္႔ေပးမႈကို တစ္ဖက္သူသည္ မျငင္း... သူ႔ေခါင္းေလးကိုပင္ အသာနမ္းသြားကာ သူခုိင္းေစသည့္ အတိုင္းလုပ္ေပးေလ၏။
"ကြ်န္ေတာ္ ခ်ီရမလား..."
"အင္းေပြ႔... ျဖည္းျဖည္းေနာ္... ငါ နာတယ္..."
"အင္းပါ... အင္းပါ..."
ေရခ်ိဳးခန္းထဲတြင္ မ်က္ႏွာသစ္ေနသည့္ နီေစြးကို ၾကည့္ၿပီး သူ ျပံဳးေနျဖစ္သည္။ နီေစြးကို သူ ဘယ္ေသာအခါထားသြားလိမ့္မည္မဟုတ္သည့္အျပင္ သူ႔အၾကံအစည္တုိ႔ကို သိလွ်င္ နီေစြးသည္ သူ႔ကို ယခုလို နည္းနည္းေလးပင္ ခ်စ္ႏိုင္ပါဦးမည္လား။ သူ စိုးရိမ္မိပါသည္ေလ။
~~~~~~~~~~
A
Zawgyi
"Camelot ပြည့်ရှင် ဘာများအလိုရှိပါသလဲ..."
သူ့ကို မေးလာသည့် ထိုသူကို သူ စူးရဲစွာကြည့်သည်။ နီရဲတောက်နေသည့် မျက်လုံးများကြောင့် ထိုသူက ကျောချမ်းသလို ဟန်မျိုးပြကာ...
"ဘာများ စိတ်အလိုမကျဖြစ်နေရတာလဲ အရှင်... ကျွန်တော်မျိုး Trickster က အရှင့်ကို ဘာများကူညီပေးနိုင်မလဲ..."
"Utopia ဆိုတာ ဘယ်လိုနေရာလဲ..."
သူ့စကားကြောင့် ပေါ့ပေါ့ပါးပါးဖြစ်နေသည့် Trickster ဆိုသည့် အမျိုးသား၏ မျက်နှာသည် တည်သွားကာ သူ့ခေါင်းထက်မှ ကြီးမားသည့် ဦးထုတ်ကိုချွတ်၏။ ထို့နောက် မထူးဆန်းသည့် အပြုံးတစ်ခုဖြင့်...
"ကလေးတွေပြောတဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဒဏ္ဍာရီနေရာတစ်ခုပါ... တကယ်ရှိမရှိ ဘယ်သူမှ မပြောနိုင်ပါဘူး..."
"Trickster! မင်း ငါ့ကိုများ လှည့်စားဖို့ကြိုးစားနေတာလား..."
သန်မာသည့်လက်တစ်ဖက်မှ လည်ပင်းဆီသို့ကျရောက်လာကာ သူ့ခြေထောက်တို့သည် မြေဖြင့် မထိတော့။
"ငါ့ကို ရှာခိုင်းတဲ့ တစ်စုံတစ်ခုက ငါ့အတွက် မဟုတ်ဘဲ မင်းအတွက်များဖြစ်နေမလား Trickster..."
သူ့လက်ထဲမှ လူ၏ မျက်နှာသည် အောက်ဆီဂျင်မဝမှုဖြင့် ပြာနှမ်းစပြုလာတော့မှ သူ ဆောင့်လွှတ်ကာ ထိုသူကို ပစ်ချလိုက်တော့သည်။ အသံအချို့ကြောင့် နီစွေးနိုးလာမည်ကို သူ စိတ်မပူ။ အိပ်ငွေ့ချသည့် အတတ်တချို့ကို သူ နီစွေးအိပ်မပျော်ခင်က သုံးခဲ့သည်ပဲ။ သူ ထိုအတတ်တို့ မသုံးလျှင်တောင်မှနီစွေးသည် ပင်ပန်းလွန်းအားကြီး၍ ထနိုင်မည်မဟုတ်။
သို့သော်လည်း Trickster နှင့် စာရင်းရှင်းရမည်မို့ သူ နီစွေး နိုးလာလျှင်ဆိုသည့် အချက်ကို ထည့်တွက်ထားရမည်။ နီစွေးကို သူ Trickster ဆိုသူနှင့် လုံးဝ တွေ့ခွင့်ပြုမည်မဟုတ်။ ထိုသူက သူ့ကမ္ဘာသို့သူပြန်ရောက်သွားစေနိုင်သည့် နည်းလမ်းကို နီစွေးကို ပေးကောင်းပေးလိမ့်မည်။ ထို့အပြင် သူ စေ ဆိုသည့်သူကိုလည်း ဤလောကမှ ဖယ်ရှားရပေလိမ့်မည်။
"Utopia နဲ့ စာရေးဆရာတွေက ဘယ်လိုပတ်သက်နေတာလဲ..."
သူ့မေးခွန်းကြောင့် ကြမ်းပြင်တွင် ပုံ့ပုံ့လေးလဲကျနေသည့် Trickster ၏ မျက်ဝန်းတို့ လက်ခနဲ ဖြစ်သွားသည်ကို မြင်ရကာ သူ့မျက်လုံးတို့ မှေးကျဉ်းသွားလေ၏။ သူ ထိုသူ၏ ခြေထောက်ကို အားဖြင့်ဖိနင်းကာ...
"မင်း တစ်ခုခု မသိဘူးလို့ ငါ့ကို ငြင်းမယ်ဆိုရင် ငါ မင်းကို သတ်ပစ်ဖို့ဝန်မလေးဘူး..."
ဘယ်လိုမှ ပြေး၍မလွတ်နိုင်သည့် အနေအထားမို့ Trickster သည် မတတ်သာသဖြင့် သူ့ ကြိတ်ကြံစည်နေမှုကြီးကို ပြောပြရလေတော့သည်။
"Utopia က တကယ်တော့ လူတွေ အမျိုးမျိုးပုံဖော်ကြတဲ့ စိတ်ကူးယဉ်နေရာတစ်ခုပါ... အဲ့ဒီနေရာမှာ ပြီးပြည့်စုံမှုသာ ရှိပါတယ်... ပြီးပြည့်စုံမှုနဲ့အပြစ်အနာအဆာ ကင်းမှုခြင်း Perfection သာရှိပြီး ဘာ ဘေးဒဏ်မှမရှိတဲ့ ထာဝရငြိမ်းချမ်းတဲ့နေရာတစ်ခုပါ..."
သူ့စကားကို ထိုကောင်လေး ယုံကြည်မှုရောရှိရဲ့လား ဆိုပြီး သူ စူးစမ်းသော်လည်း Vincent ၏ တည်ငြိမ်စွာ နားထောင်နေမှုကြောင့် သူ အားတက်သွားကာ သေချာဒူးတုတ်ထိုင်ပြီး Vincent ကို ဆက်ပြောပြ၏။ တကယ်တမ်း သူ့အစွမ်းက Vincent နှင့်ယှဉ်လျှင် ကွာခြားလွန်းသည်မဟုတ်လား။ သူက ကမ္ဘာနှစ်ခုကို ပေါင်းကူးနိုင်သည့် တံခါးကို ဖွင့်ပေးနိုင်သူမို့သာ သူ့ကိုယ်သူ သူတို့ထက်သာလွန်သည့် အင်အားရှိသည်ဟု ဟန်ဆောင်၍ ရသော်လည်း တကယ်တမ်း ထိုသူတို့ကို ယှဉ်၍မရသည်ကို သူသာလျှင်သိသည်။
"Perfection သာရှိတဲ့နေရာတစ်ခုက ပြည့်စုံခြင်းတွေပဲရှိတယ်လို့ လူတွေထင်ကြတယ်... မပြည့်စုံတဲ့တည်ရှိမှုတွေ ဘာကြောင့် အဲ့ဒီ Utopia မှာ မရှိဘူးဆိုတာကို ဘယ်သူက တွေးမိကြမှာလဲ..."
သူ့အသံတွင် ဒေါသနှင့်အမုန်းတို့ပါနေသည်ကို သူ သိသော်လည်း သူ့ကို သံသယဝင်နေသည့် သူတစ်ယောက်ရှေ့တွင်တော့ သူ လူကောင်းတစ်ယောက်အနေနှင့် ဟန်ဆောင်မနေချင်တော့။ Vincent အမုန်းတရားတို့ဖြင့် မည်းနက်နေသည့် Trickster ကို ခပ်တည်တည်သာ လက်ပိုက်ကြည့်နေလိုက်သည်။ ထိုသူကို သူ အသုံးချရဦးမည်မို့ သူ့ကို သတ်၍မရသေး။ နီစွေးကို သူ ဤကမ္ဘာမှ ခေါ်သွားမည်။ သူ မသေချင်။
နီစွေးကို သူ သေချင်သေပါစေ သူ့ကမ္ဘာပျက်ချင်ပျက်ပါစေဟု ပြောသည့်စကားသည် မုသားသာ။ သူ မရှိတော့လျှင် နီစွေးဘေးတွင် အခြားသူတစ်ယောက် ရှိနေလိမ့်မည်။ သူ ထိုကိစ္စကို လုံးဝမလိုလား။ ထို့အတွက် သူပျောက်ကွယ်လိုစိတ်မရှိ။ ထို့အတွက် သူ Trickster အကြောင်းကောင်းကောင်းသိဖို့လိုသည်။ သူ Trickster ကို အသုံးချရမည်။ နီစွေးက ဤကမ္ဘာမှ မထွက်သွားချင်လျှင်တောင် သူ အတင်းအကြပ်ခေါ်သွားမည်။
"Utopia က ပြစ်ချက်ရှိသွားတဲ့ သူတွေကို အဲ့ဒီနေရာက နှင်ထုတ်လိုက်ကြတယ်လေ..."
အလွန်ပင်မုန်းတီးနေသည့် အသံဖြင့်ပြောနေသည့် Trickster သည် ကျိန်းသေပေါက် Utopia ဆိုသည့် နေရာမှ လာရောက်သည့် သူတစ်ယောက်ဖြစ်လိမ့်မည်။
"အရှင်သိလား... အရှင်တို့နေတဲ့နေရာက Utopia နဲ့ ကမ္ဘာရဲ့ ကြားဘုံတစ်ခုဆိုတာ... အဲ့ဒီနေရာကို နောက်တစ်မျိုးဘယ်လိုခေါ်လဲရောသိလား..."
ဒူးတုပ်ထိုင်နေရာမှ Trickster သည် သူ့ကို မော့ကြည့်ရင်း မေးလာလေ၏။ သူ Trickster ၏ မျက်နှာကိုသာ မတုန်မလှုပ်စိုက်ကြည့်နေဆဲ။ Trickster သည် သူ့ကို နာကျည်းသည် အပြုံးတစ်ခုပေးကာ...
"Graveyard of Utopia လို့ခေါ်တယ်... အရှင်တို့ကို လူတွေက ဇာတ်ကောင်တွေလို့ သတ်မှတ်ကြတယ်... အရှင်တို့ကို သူတို့က အသက်သွင်းကြတယ်ဆိုတာ တစ်ချို့တစ်ဝက်ပဲမှန်တယ်... အရှင်တို့က အသက်ရှိနေပြီးသား... သူတို့က အရှင်တို့ရဲ့ရှင်သန်မှုကို ရှာမတွေ့ကြသေးတာ... ဘာကြောင့် ဇာတ်ကောင်တွေက အမြဲတမ်း ပြီးပြည့်စုံနေလဲ... ဘာကြောင့် ဇာတ်ကောင်တွေရဲ့ကမ္ဘာတွေက ပြီးပြည့်စုံခြင်းတွေနဲ့အဆုံးသတ်သွားတာလဲ အရှင်စဉ်းစားဖူးလား..."
မေးခွန်းတို့ကို တစ်ယောက်တည်းအမေးအဖြေလုပ်နေသည့် Trickster ကိုသာ Vincent ကြည့်နေလိုက်သည်။
"အရှင်တို့က တကယ်တော့ Utopia ကနေ နှင်လွှတ်ခံလိုက်ရတဲ့ အပြစ်သားတွေပါပဲ... ဒါကြောင့် အရှင်တို့က အစွမ်းမျိုးစုံနဲ့ ပြီးပြည့်စုံခြင်းရှိနေတာ... လူတွေမှာ Perfection မရှိကြဘူးလေ... လူတွေရဲ့ ပြီးပြည့်စုံမှုကို တောင့်တတဲ့ ပြင်းပြမှုဆန္ဒက အရှင်တို့ကို လူတွေနဲ့ တွေ့ဆုံစေတာပဲ... နားမလည်တဲ့ လူတွေကတော့ အရှင်တို့ကို သူတို့ဖန်တီးတယ်လို့ သုံးသပ်ကြပြီး... တချို့တွေကတော့ အရှင်တို့က ပင်ကိုယ်အသက်ရှိနေပြီးသားဆိုတာကို နားလည်ကြတယ်..."
Trickster သည် သူ့စကားကို မေးလည်းမမေး တားလည်းမတားသည့် Vincent ကို ထပ်ကြည့်ကာ...
"အရှင် ကျွန်တော့်ကို ယုံကြည်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်... အရှင့်ကို ကျွန်တော် ဒီကမ္ဘာကို လာစေတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က စာရေးဆရာတစ်ယောက်ကို ရှာဖွေဖို့ပါ..."
မျက်မှောင်ကြုတ်သွားသည့် Vincent ကိုကြည့်သည်။
"Utopia ကို ရောက်နိုင်တဲ့ သူတွေက နယ်ပယ်တိုင်းမှာ ရှိတယ်... သူတို့က ပြီးပြည့်စုံခြင်းကို နားလည်ကြတဲ့သူတွေ... သူတို့က Profession အမျိုးမျိုးလုပ်ဆောင်ကြတယ်... အချို့ကတော့ လူတွေကို အဲ့ဒီနေရာကို လမ်းပြကြသလို အချို့က ကျွန်တော်တို့လို အနှင်ခံရတဲ့သူတွေကို ကမ္ဘာသစ်တွေဖန်တီးပေးကြတယ်..."
ကမ္ဘာသစ်တွေဖန်တီးပေးသည်ဆိုသည့် သူများက ကျိန်းသေပေါက် စာရေးဆရာဆိုသည့် သူများဆိုသည်ကို Trickster မပြောဘဲ သူနားလည်လေ၏။ Trickster သည်လည်း သူနားလည်သည်ကို သိစွာဖြင့် အပိုစကားကိုမဆို သူပြောလိုသည့် အကြောင်းအရာကိုသာ ဆက်ပြောလာ၏။
"စာရေးခြင်းဆိုတာက တကယ်တော့ မှော်ဝင်မှုတစ်မျိုးပါပဲ... လူတွေက စာရေးခြင်းကို ကြိုးစားလေ့ကျင့်ကြတယ်... သူတို့ကိုယ်သူတို့ တိုးတက်အောင် သူတို့မြင်ရတဲ့အရာတွေကို အခြားသူတွေပါ သိအောင် ကြိုးစားကြတယ်... ဒါပေမဲ့ တချို့တွေကိုတော့ စာရေးခြင်းမှော်က ပြန်ရွေးချယ်တယ်..."
"အဲ့ဒီသူက Utopia နဲ့ဘယ်လိုသက်ဆိုင်လဲ..."
Vincent ၏ အမေးကြောင့် Trickster ၏ မျက်နှာသည် ရွှင်ပြသွား၏။
"အရှင် သူ့ကို တွေ့ထားပြီလား... နီစွေးကတော့ အဲ့ဒီအဆင့်ကို မရောက်သေးဘူး..."
"ငါတွေ့ထားတယ် ဒါပေမဲ့ မင်းရဲ့ အဖြေပေါ်မူတည်ပြီး ငါ သူနဲ့ပတ်သက်ပြီး မင်းကို ပြောပြသင့် မပြောပြသင့် စဉ်းစားမယ်..."
သူ သံသယဝင်မိသူက စေဆိုသည့်သူ။ ထိုသူက တော်သည်ဟု ပြောကြသည်။ ထိုသူက သူ့ထက်ပင် တော်သည်ဟု နီစွေးကိုယ်တိုင်လည်းပြောဖူးသည်။ ထို့အတွက် Trickster ရှာနေသည့် သူသည် ကျိန်းသေပေါက် ထိုသူ ဖြစ်နေလိမ့်မည်။
"အဲ့ဒီသူက ကျွန်တော်တို့ကို Utopia ကို ပြန်ပို့နိုင်မဲ့ တစ်ဦးတည်းသော သူပဲ..."
"သူက မင်းကို ကူညီမယ်လို့ မင်းထင်လို့လား..."
သူ့စကားကြောင့် Trickster ၏ လွတ်လမ်းမြင်နေသည့် မျက်နှာလေးသည် ချက်ချင်း ပြန်ညှိုးငယ်သွားရှာလေသည်။ Trickster ၏ အပျော်လေးကို ဖျက်ဆီးလိုက်ရသဖြင့် Vincent ကျေနပ်သွားလေ၏။
"ကျွန်တော် ကြိုးစားမှာပေါ့..."
"ငါ မင်းကို ကူညီဖို့စိတ်မဝင်စားဘူး... ငါ့မှာ နီစွေးနဲ့ပတ်သက်ပြီး အလုပ်ရှုပ်နေတယ်... နီစွေးကို ငါ့ကမ္ဘာကို ပြန်ခေါ်နိုင်ဖို့ ငါကြိုးစားရမယ်... အဲ့ဒီတော့ ငါ မင်းကို ကူညီဖို့မအားဘူး... နောက်ပြီး အဲ့ဒီလူက နီစွေးကို ငါ့ကို နှင်ထုတ်မဲ့နည်းလမ်းကို ပေးမှာမို့ ငါ သူ့ကို ဒီကမ္ဘာက ဖယ်ရှားဖို့ ကြိုးစားနေတယ်..."
သူ့စကားကြောင့် Trickster ပြူးပြူးပျာပျာဖြစ်သွားကာ...
"ကျွန်တော် အရှင့်ကိစ္စကို ကူညီမယ်ဆိုရင်ရော... နောက်ပြီး အရှင် သူ့ကို အန္တရာယ်မပေးသင့်ပါဘူး..."
"မင်းပြောကြည့်လေ... ငါ သူ့ကို အသက်ရှင်ခွင့်ပေးရမဲ့အကြောင်းရင်းကို..."
ငါချစ်တဲ့သူနဲ့ငါ့ကြားဝင်တဲ့သူတွေက ဘယ်သူမှ အသက်ရှိမနေသင့်ဘူးဆိုသည့် မျက်နှာမျိုးကြောင့် Trickster သူ မည်သည့်ကလိမ်ကျသည့် စကားမျိုးကိုမှ မပြောရဲဘဲ အမှန်ကိုသာ ပြောရရှာပြန်၏။
"အဲ့ဒီသူက နီစွေးဆိုတဲ့သူကို အရှင့်ကမ္ဘာကို ခေါ်နိုင်အောင် ပြုလုပ်ပေးနိုင်တဲ့ တစ်ယောက်တည်းသော သူလည်းဖြစ်နိုင်ပါတယ်... ကျွန်တော်က ဒီကမ္ဘာသားမဟုတ်တာကြောင့် ကျွန်တော် ဖွင့်ပေးနိုင်တဲ့ တံခါးက ဇာတ်ကောင်တွေလိုခေါ်တဲ့ အရှင်တို့ပဲ ဝင်ထွက်သွားလာနိုင်တာပါ... ဒီဘက်ကမ္ဘာက လူတစ်ယောက်ကို ခေါ်မယ်ဆိုရင်တော့ အရှင့်အနေနဲ့ အဲ့ဒီသူကို လိုအပ်ပါလိမ့်မယ်... သေချာစဉ်းစားပါ အရှင်... Graveyard of Utopia မှာက ကမ္ဘာပေါင်းများစွာ ရှင်သန်တာမို့ စိတ်ကူးယဉ်ကမ္ဘာတွေက သူတို့ကမ္ဘာရဲ့ အရှင်သခင်မရှိတာနဲ့ လဲပြိုကျသွားနိုင်ပါတယ်..."
"မင်း ငါ့ကို ပို့တုန်းကတော့ ဒီလိုမျိုးတွေ မပြောခဲ့ပါဘူး..."
မျက်လုံးတို့ကို မှေးစင်းပြီးပြောလာသည့် Vincent ကြောင့် Trickster တစ်ကိုယ်လုံး ကြောက်ရွံ့မှုတို့ဖြင့် တုန်ယင်သွားရှာသည်။
"ကျွန်တော်ပြောတာလည်း မမှားခဲ့ပါဘူး အရှင် ရှာလိုတဲ့အရာကို အရှင်တွေ့ခဲ့တယ်မဟုတ်လား... နီစွေးဆိုတာ အရှင်ရှာနေတဲ့ အရာမဟုတ်ဘူးလား..."
Vincent အချိန်မရွေးသူ့လက်ဖြင့် သတ်နိုင်သည့် သူတစ်ယောက်ကို သူ ဆက်ပြောမနေတော့။
"ငါ မင်းကို အချိန်တန်ရင် ထပ်ခေါ်လိုက်မယ်... မင်းသွားလို့ရပြီ..."
Trickster သည် သတင်းအချက်အလက်တို့ကို ဆက်မေးချင်သော်လည်း သူက ဘယ်အချိန်တွင်ဘာလုပ်သင့်သည် ဆိုသည်ကို သိသူမို့ သူ့ကို Vincent မှ နှင်ထုတ်ချိန်တွင် သူ ပြန်ထွက်လာလေ၏။ ဘာပဲပြောပြော သူ့ရွေးချယ်မှုက မှန်ကန်သည်။ Vincent သည် သူ လိုအပ်သူကို ရှာဖွေပေးနိုင်ခဲ့သည်။
အစပထမက နီစွေးဖြစ်မည်ဟု သူ ထင်ကာ Vincent ကိုရွေးလွှတ်ခဲ့ခြင်း။ လူတို့က အချစ်နှင့်ပတ်သက်လာလျှင် ပျော့ညံ့တတ်သူမို့ နီစွေးဆိုသည့် စာရေးဆရာကောင်လေးနှင့် Vincent သာ အမှန်တကယ် ချစ်ကျွမ်းဝင်သွားပါက ထိုကောင်လေးသည် သူတို့နှစ်ဦးဆုံတွေ့အောင် ကူညီပေးသည့် သူ့ကိုလည်း ပြန်ကူညီမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့သော်လည်း ထိုကောင်လေးသည် သူရှာဖွေနေသူ မဟုတ်ခဲ့။
သို့သော်လည်း ကံကောင်းထောက်မစွာ Vincent သည် သူရှာဖွေနေသည့် သူကို တွေ့သွားခဲ့ပြီ။ သူ Vincent ကို ရွေးချယ်ခဲ့ခြင်းက နည်းနည်းလေးမှ မမှား။ နီစွေးထံသို့ ယောကျာ်းလေးဖြစ်သည့် Vincent ကို သူဘာကြောင့် လွှတ်လဲဆိုလျှင်တော့ ထိုသူနှစ်ဦး၏ နောက်ကြောင်းအခြေအနေတို့က တစ်ယောက်နှင့်တစ်ယောက် ဆင်တူနေမှုကြောင့်ဟု ဖြေရလိမ့်မည်။ လူတို့က အခြေအနေတူသည့် သူအချင်းချင်းသာ သံယောဇဉ်တွယ်မြန်ကြတာမဟုတ်လား။
>>>>>Schmaltz<<<<<
သူဘယ်လောက်ကြာကြာအိပ်ပျော်သွားမှန်းမသိ။ သူ နိုးလာချိန်တွင် နေ့တစ်ဝက်ပင်ကျိုးနေခဲ့ပြီ။ မျက်လုံးများဖွင့်ဖွင့်ချင်း သူနှင့်အတူ အိပ်ရာဝင်ခဲ့သူက ရှိမနေ။ တစ်ညအတူ ခန္ဓာကိုယ်ချင်းရင်းနှီးပြီး ပျော်ပါး နောက်တစ်နေ့တွင် ထိုသူကို မမြင်ရ၍ ဝမ်းနည်းရအောင် သူက ဆယ်ကျော်သက်လည်းမဟုတ်သလို အခုမှလည်း စပြီး ထိုသို့နေဖူးသည့် သူတစ်ယောက်လည်းမဟုတ်။
သူထထိုင်ချင်သော်လည်း လူမဆန်သည့် တစ်ယောက်သောသူ၏ ခွန်အားကြောင့် သူ့အောက်တစ်ပိုင်းလုံးက အောက်ပိုင်းသေနေသည့်အလား လှုပ်၍ပင်မရ။ အောက်ပိုင်းသေလျှင်ကမှ တော်ဦးမည်။ သူ့မှာတော့ လှုပ်ဖို့ကြိုးစားတိုင်း အသဲခိုက်အောင် နာကျင်ရသည်။ နီစွေး စုတ်သတ်ညည်းတွားကာ အောက်နှုတ်ခမ်းကိုကိုက်သည်။
"မင်းက လူမဟုတ်ဘူး! ဘယ်လောက်တောင် လုပ်ထားလို့ငါ အခုလိုမျိုး ဖြစ်နေရတာလဲ! အား... အဲ့ကိစ္စတွေက အဲ့အချိန်ပဲကောင်းတယ်... နောက်ပိုင်း side effect က သေအောင်နာတယ်! နဂါးတွေက အဲ့လောက်တောင်ပဲ ကြီးထွားရလား! Morgana တော့ ဘယ်လိုများ... မဟုတ်ဘူး... သူက မိန်းမမို့တော်သေးတယ်... ငါကမိန်းမ မှမဟုတ်တာ... အား... သေမလိုပါပဲ... ငါ ဆက်ပြီးသာ အိပ်နေချင်တော့တယ်... အိပ်နေတာက နာတာကို မေ့နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ..."
ခပ်တိုးတိုး သူညည်းပြီး အိပ်ယာကို တဖုန်းဖုန်းလက်သီးဖြင့်ထုပြီး Vincent ကို နည်းမျိုးစုံဖြင့် သူ ကျိန်ဆဲနေရာမှ တံခါးဖွင့်သံနှင့်အတူ အခန်းထဲသို့ ဝင်လာသည့် ခြေသံ။ မည်သူဆိုသည်ကို သိနေသဖြင့် သူ ခပ်တည်တည် လှမ်းခိုင်းသည်။
"မျက်နှာသစ်ဖို့လုပ်ပေး... ပြီးရင် ငါ့ကို လာခေါ်..."
သူ့အမိန့်ပေးမှုကို တစ်ဖက်သူသည် မငြင်း... သူ့ခေါင်းလေးကိုပင် အသာနမ်းသွားကာ သူခိုင်းစေသည့် အတိုင်းလုပ်ပေးလေ၏။
"ကျွန်တော် ချီရမလား..."
"အင်းပွေ့... ဖြည်းဖြည်းနော်... ငါ နာတယ်..."
"အင်းပါ... အင်းပါ..."
ရေချိုးခန်းထဲတွင် မျက်နှာသစ်နေသည့် နီစွေးကို ကြည့်ပြီး သူ ပြုံးနေဖြစ်သည်။ နီစွေးကို သူ ဘယ်သောအခါထားသွားလိမ့်မည်မဟုတ်သည့်အပြင် သူ့အကြံအစည်တို့ကို သိလျှင် နီစွေးသည် သူ့ကို ယခုလို နည်းနည်းလေးပင် ချစ်နိုင်ပါဦးမည်လား။ သူ စိုးရိမ်မိပါသည်လေ။
~~~~~~~~~~