Zawgyi
"အာ့!"
ကိုင္ေပါက္ခံရမလို ျဖစ္သြားသည့္ နီေစြး၏ အသံ။ သူ႔ကို သတ္ျဖတ္ေတာ့မည့္ အရိပ္အေယာင္မ်ားျဖင့္ၾကည့္သည့္မ်က္လံုး။
"ဟို ကြ်န္ေတာ္..."
"မင္းကို တစ္ေယာက္ေယာက္က ထိတာကို မႀကိဳက္တာ ငါေမ့သြားတယ္..."
(Schmaltz အပိုင္း-၃ မွ ေကာက္ႏႈတ္ခ်က္)
Comment - 1 : WTF ငါ ဘာကိုထင္လိုက္တာလဲ
Comment - 2 : Vincent ရဲ႕ဇာတ္သိမ္းက ဒီတိုင္းတစ္ေယာက္ထဲျဖစ္ရတာ အေၾကာင္းရင္းတစ္ခုခုရိွေနမယ္လို႔ ငါထင္ခဲ့တယ္!
Comment - 3 : *grab popcorn* ဖတ္ေနက် bro တို႔ရဲ႕ သီအိုေတြကို ေစာင့္ေနပါတယ္ေနာ္ ^^
Comment - 1 ကို reply : အျမဲတမ္း Vincent က တျခားဇာတ္ေဆာင္ေတြနဲ႔ ႏွစ္ေယာက္ထဲအတူမေနဘူး အေလာင္းျဖစ္မဲ့သူေတြကိုမွ မဟုတ္ရင္ မထိဘူူးဆိုတာကို သတိထားမိတာ ငါတစ္ေယာက္တည္းလား...
Comment - 1 ကို reply : အစကေန သြားျပန္ဖတ္ေနပါၿပီေနာ္...
နီေစြး၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားသည္ Comment မ်ားကိုၾကည့္ၿပီးျပံဳးလ်က္။ သူ႔ babe ေလးမ်ားဟာ သိပ္ကို ခ်စ္ဖို႔ေကာင္းၾကတာပဲ အရိပ္ျပ အေကာင္ျမင္ႏိုင္ၾကတယ္။ ဒီလိုခ်စ္စရာကေလးေတြကို သူ ဒီဟာၿပီးတာနဲ႔ ႏႈတ္ဆက္ရေတာ့မယ္ဆိုတာ စိတ္ေတာ့စိတ္မေကာင္းစရာ ဒါေပမဲ့လည္း ေလာကဟာ မၿမဲေသာနိယာမ တရားေတြနဲ႔တည္ရိွေနတာမဟုတ္လား။ အခုမဟုတ္လည္း တစ္ခ်ိန္ သူတို႔ေတြခြဲၾကရမွာပဲ။ နည္းနည္းေစာေစာ ခြဲရေတာ့ သူတို့အနည္ထိုင္တာ ပိုျမန္တာေပါ့။
"ဘာေတြသေဘာက်ေနတာလဲ..."
နီေစြး၏ မ်က္ႏွာရိပ္မ်ားသည္ ဘယ္ေသာအခါမွ သူ႔အၾကည့္ေရဒါေအာက္မွမလြတ္သည္မို႔ Vincent ေမး၏။ နီေစြးသူ႔ကို အရိပ္ၾကည့္လြန္းသည့္ ေခြးဝါေလးကို ၾကည့္ရင္း...
"Vincent..."
"အင္း..."
"မင္းကို မင္းအေမက တကယ္ပဲ အႀကိမ္ႀကိမ္သတ္ဖို႔ႀကိဳးစားဖူးတာလား..."
သူ ခုတင္ေပၚတြင္ ေမွာက္ခံုလွဲရင္း ဖုန္းကိုၾကည့္ေနရာမွ ေမးေတာ့ Vincent အခန္းသန္႔ရွင္းေရးလုပ္ေနရာမွ သူ႔ဘက္ၾကည့္ကာ...
"ဒါကို နီေစြးလည္းသိတာပဲကို..."
"မင္းနည္းနည္းေလးပဲ ေျပာျပခဲ့တာကို... ဟီးဟီး ၿပီးေတာ့ မင္းအေမကို နဂါးတစ္ေယာက္ေအာက္မွာ ျမင္ေယာင္ရတာ beastility ကိုျမင္ေနရသလို..."
Vincent မ်က္ႏွာေသေလးျဖင့္ နီေစြးကိုၾကည့္သည္။ ေတြးေတြးၿပီးရယ္ေနသည့္ နီေစြးတစ္ေယာက္ကို သူ ဘာလုပ္ရမွန္းမသိ။ နီေစြး သူမ်ားကံဆိုးျခင္းကို ရယ္ေနမိသည္ကို သတိထားမိကာ...
"အာ ေဆာရီး ဘာျဖစ္ျဖစ္ ဒါက မင္းအေမဆိုေတာ့..."
"သူတို႔ကို မေကာင္းျမင္လည္း ဘာမွမျဖစ္ပါဘူး ကြ်န္ေတာ္သူတို႔ကို စိတ္ထဲမွမရိွတာ..."
"အင္း မင္းကို သူတို႔က..."
Vincent တည္ၿငိမ္သည့္ မ်က္ႏွာျဖင့္သာ နီေစြးကိုၾကည့္သည္။ ဒီေကာင္ေလးက အၿမဲတမ္းတစ္ေယာက္တည္းျဖစ္ေနတာပဲ အေတြးျဖင့္ ၾကက္ေမႊးတစ္ေခ်ာင္းျဖင့္ ဖုန္သုတ္ေနသည့္ Vincent ကိုၾကည့္ကာ နီေစြး သက္ျပင္းေမာရိႈက္၏။
"မင္းတစ္ေယာက္တည္းမဟုတ္ပါဘူး... မင္းသိလား ငါ့အေမကလည္း ငါ့ကို မလိုခ်င္ဘူး..."
သူ႔ကိုၾကည့္လာသည့္ ျပာလဲ့ေနသည့္ မ်က္ဝန္းမ်ားတြင္ ဝမ္းသာရိပ္မ်ား။ ဘယ္လုိေတာင္ ဒီေကာင္ေလးဟာ သူ႔ကံဆိုးမႈကို လာေပ်ာ္ေနတာလဲ။ ထားပါေတာ့ သူေတာင္ ထိုေကာင္ေလးကံေခမႈကို ရယ္ေနေသးတာပဲ။ ေနာက္ၿပီး တစ္စံုတစ္ဦးကို သူ႔အေၾကာင္းေျပာျပျခင္းတဲ့။ သူ တကယ္ပဲဒီေကာင္ေလးကို တျဖည္းျဖည္းခ်င္းလက္ခံေနတာလား... ေနာက္ပိုင္း က်န္ခဲ့ရမည့္သူက သူမွန္းသိသိႀကီးႏွင့္ေတာင္မွ။ သူက တကယ္ကို အမွတ္မရိွတဲ့လူတစ္ေယာက္ပါပဲ။
"သူ႔အတြက္ေတာ့ ငါက သူ ငါ့အေဖကို ထားခဲ့ဖို႔အတြက္ အဟန္႔အတားတစ္ခုေလ... မင္းသိတဲ့အတုိင္း ကေလးနဲ႔ဆိုေတာ့..."
"ဘာပဲေျပာေျပာ နီေစြး အေမက နီေစြးကို အႀကိမ္ႀကိမ္သတ္ဖို႔မႀကိဳးစားခဲ့ပါဘူး..."
နီေစြး၏ စိတ္သက္သာေစရန္ သူ႔အေနအထားက ပိုဆိုးေၾကာင္းေျပာလာေတာ့ နီေစြးသည္ အင္း ဟုဆိုကာ ခပ္တိုးတိုးရယ္ေလ၏။ ထိုရယ္သံက သူတို႔ႏွစ္ဦး၏ ဘဝလံုးကို ပ်က္ရယ္ျပဳေနသလိုမ်ိဳး။
"သူသတ္ဖို႔ႀကိဳးစားၿပီး တကယ္ေသသြားခဲ့ရင္ေကာင္းမွာပဲ..."
"တကယ္လို႔နီေစြးေသသြားခဲ့ရင္ ကြ်န္ေတာ္ရိွလာမွာမဟုတ္ဘူး..."
Vincent ၏ အေလးအနက္ေျပာလာမႈေၾကာင့္ နီေစြး တစ္ခုခုကို အရြဲ႕တိုက္ေလွာင္ေျပာင္ေျပာခ်င္ေနရာမွ သူ႔စိတ္ကိုထိန္းခ်ဳပ္လိုက္၏။
"အင္း ငါတို႔ေတြ႔ၾကမွာမဟုတ္ဘူး..."
သူ ထိုစကားကို ျပန္ေထာက္ခံကာ...
"ဒါနဲ႔ငါတို႔ ည ကလပ္သြားၾကမလား..."
"ဟမ္..."
နီေစြး၏ အေျပာင္းအလဲကို သူ ဘယ္ေတာ့မွ လုိက္မမီွ။ နီေစြးသည္ အျမဲတမ္း သူ႔ကို အျမင့္သို႔ဆြဲေခၚႏုိင္သလုိ ေအာက္သုိ႔လည္း ရိုက္ခ်ႏိုင္သည္။ ရယ္ေတာ့ရယ္စရာအေကာင္းသား သူက အရာအားလံုးကို ေအာင္ႏုိင္ၿပီးမွ ထိုသူ႔ေျခေတာ္ရင္းတြင္ ဒူးေထာက္ဦးညႊတ္ၿပီး သူ႔ကို ႏုိင္စားခြင့္ကို ေက်ေက်နပ္နပ္ႀကီး ေပးေနသည္တဲ့။ သို႔ေသာ္လည္း သူ ေက်နပ္သည္။ သူ႔ကို အႏိုင္ယူခြင့္ရရိွသည့္ သူက သူ႔ကို ဖန္တီးသူ မဟုတ္လား။
"လာပါ ငါတို႔သြားရေအာင္... အာ ငါ ထက္လင္းတို႔ကိုလည္း ေခၚရဦးမယ္... ဟိုေကာင္ ေစကိုလည္း ေခၚရမယ္ လူမ်ားေလေကာင္းေလပဲ ကလပ္က..."
ေျပာလည္းေျပာလက္ကလည္း တစ္ဆက္တည္း ဖုန္းဆက္တိုက္ေခၚေနသည့္ နီေစြးကို Vincent ၾကည့္သည္။ သူ မသြားခ်င္ေသာ္လည္း ယခုရက္ပိုင္းတြင္ နီေစြးသည္ တစ္စံုတစ္ခုကို စိတ္ထဲရိွေနပံုရၿပီး စိတ္ရႈပ္ေနသည့္ပံုေပါက္ေနသည္မို႔ သူ နီေစြးကို မတားေနေတာ့။ နီေစြးစိတ္ထဲဘာေတြရိွလဲဆိုသည္ကို သူ သိခ်င္ေသာ္လည္း သူ မေမး။ သူ စိတ္ရွည္ရွည္ေစာင့္ရမည္။ နီေစြးသည္ သူ႔ကို အတင္းတြန္းလႊတ္တာေတာင္မွ သူ စိတ္ရွည္ရွည္ေစာင့္ရမည္။ ျဖည္းျဖည္းခ်င္း သူ႔ကို နီေစြးလက္ခံလာေအာင္။ သူ မရိွဘဲမေနႏိုင္ေတာ့ေအာင္။ သူႏွင့္အတူ လိုက္လာေအာင္။
>>>>>Schmaltz<<<<<
သူတို႔ႏွစ္ေယာက္ Myanmar Plaza ရိွ Harry's Bar ေရာက္ေတာ့ ထက္လင္းႏွင့္သူရိန္က ေရာက္ႏွင့္ေနၿပီ။ နီေစြး မ်က္ခံုးပင့္သည္။ သူႏွင့္ Vincent ဝိုင္းရိွရာသို႔ လွမ္းလာေတာ့ ထိုႏွစ္ေယာက္သည္ သူတို႔ႏွစ္ဦးကို ျပံဳးျပလာ၏။ သူတုိ႔၏အျပံဳးမ်ားက မင္းက အခုေတာ့ ဒီေကာင္ေလးနဲ႔ စကၠန္႔ပိုင္းေတာင္ မခြဲႏုိင္တာမို႔ ဒီကို ေခၚလာတာမို႔လားဆိုသည့္ ေလွာင္ေျပာင္ျခင္းတုိ႔ပါေနသျဖင့္ နီေစြး Vincent ဘက္သို႔သာ မ်က္လံုးေဝ့ၾကည့္သည္။ ဘာေၾကာင့္မ်ား ဒီေကာင္ေတြဟာ ကေလးလာဆန္ေနရတာလဲ။
"ငါ ဒီေန႔ေစ့ကိုလည္း ေခၚထားတယ္ သူနဲ႔ေျပာစရာရိွလို႔..."
ေျပာလည္းေျပာ လက္ကလည္း သူရိန္႔ႏွင့္ထက္လင္း အေရွ႕တြင္ခ်ထားသည့္ မေသာက္ရေသးသည့္ ဘီယာႏွစ္ခြက္ကို သူ ခပ္တည္တည္ေကာက္ယူကာ သူႏွင့္ Vincent ဘက္ေရႊ႕၏။ သူ႔အျပဳအမူအတြက္ ထက္လင္းႏွင့္သူရိန္ကုိ မည္သို႔တံု႔ျပန္ရမွန္းမသိျဖစ္ေနသည့္ Vincent ကို သူရယ္ေတာ့ Vincent ခမ်ာ ထက္လင္းႏွင့္သူရိန္ကို အားနာသည့္အၾကည့္မ်ားျဖင့္သာ လွမ္းၾကည့္ရွာ၏။
"ဘာမွအားမနာနဲ႔ ညီေလး ဒီေကာင္က အစ္ကိုတို႔ကို အျမဲအႏိုင္က်င့္ေနၾကပဲ..."
ေျပာလည္းေျပာ ေနာက္ထပ္ဘီယာႏွစ္ခြက္ထပ္မွာသလို အျမည္းအခ်ိဳ႕မွာေနသည့္ သူရိန္ႏွင့္ထက္လင္းကို နီေစြးဘီယာခြက္ကို အရသာခံေသာက္ေနရင္းမွ ၾကည့္ေနေတာ့ သူ႔ကို ၾကည့္လာသည့္ ထက္လင္းႏွင့္အၾကည့္ခ်င္းဆံုျဖစ္၏။ နားလည္ျပံဳးတစ္ခု သူ႔ကို ျပံဳးျပလာသည့္ ထက္လင္းကို သူ ဥပကၡာျပဳကာ...
"ေသာက္ေလ..."
ေဘးမွ Vincent ကို သူလွည့္ေျပာေတာ့... သူေျပာမွ ခြက္ကိုလွမ္းကိုင္လာသည့္ Vincent... ထိုသို႔ သူ႔ေခြးဝါေလးက သူ႔အာဏာေအာက္တြင္ရိွေၾကာင္း ပိုင္ဆိုင္ေၾကာင္းျပ အျပဳအမူေၾကာင့္ သူရိန္႔ထံမွ...
"အာဏာျပလိုက္တာကြာ..." ဆိုသည့္စကားကို မလိုတမာစြာေျပာလာသံကို ၾကားလိုက္ရသလို ထက္လင္းကေတာ့ ခပ္ျပံဳးျပံဳးပင္ သူ႔ေရွ႕မွ အျမည္းဖတ္မ်ားကို ေကာက္ဝါးေန၏။
"ေစက မလာေသးဘူးလား မသိဘူး..."
သူ ဖုန္းမွနာရီကိုၾကည့္ၿပီးေရရြတ္ေနစဥ္ သက္ေတာ္ရွည္ဦးမည့္ ေမာင္မင္းႀကီးသား၏ အမည္သည္ သူ႔ Phone Screen တြင္ေပၚလာေလ၏။ Vincent ၏ မ်က္လံုးမ်ားသည္ ထိုအမည္ကို ျမင္ခ်ိန္တြင္ အနည္းငယ္ ေမွးက်ဥ္းသြားသည္ကို ျမင္လိုက္သည့္ ထက္လင္းသည္ သူတစ္ေယာက္သာ ၾကားႏိုင္ေလာက္ေသာ အသံျဖင့္
"တစ္ေယာက္ေယာက္ေတာ့ သဝန္တိုေနၿပီ" ဟုခပ္တိုးတိုးေရရြတ္ေနခဲ့သည္။ အၾကားအာရံုေကာင္းလွေသာ လူတစ္ပိုင္းနဂါးတစ္ပိုင္းေလးသည္ ထိုစကားကို အဘယ္မွာ မၾကားဘဲေနပါအံ့နည္း။ သို႔ေသာ္ ထက္လင္း၏ စကားကုိ သူ မသိခ်င္ေယာင္ေဆာင္ကာသာ ဘီယာကိုသာ လိွမ့္ေသာက္ေနလုိက္သည္။
"ခဏေလးေနာ္ ေစ့ကို သြားေခၚလိုက္ဦးမယ္ မလာတတ္တာလည္း မဟုတ္ဘဲနဲ႔... Vincent ခဏေနခဲ့ ဒီနားေလးတင္ပဲ..."
သူ ထလိုက္သြားခ်င္ေသာ္လည္း နီေစြး၏ ထားခဲ့မႈေၾကာင့္ Vincent က်န္ခဲ့ရရွာသည္။ ေယာက်ာ္းေလးသံုးဦးက်န္ခဲ့ေသာ စကားဝိုင္းက အတန္ၾကာတိတ္ဆိတ္သြားၿပီးမွ သူရိန္သည္စကားစသည္။
"အဲ့ဒီေစက နီေစြးနဲ႔အတူတူအလုပ္လုပ္တဲ့ ေကာင္ေလးမလား..."
သူရိန္႔စကားကို ထက္လင္းသည္မေျဖဘဲ စကားလမ္းေၾကာင္းလႊဲကာ...
"ဘယ္ေတာ့ ကလပ္သြားမွာတဲ့လဲ..."
"Brave Bar ေျပာင္းမလားမသိဘူး သူ ငါ့ကို ဘယ္အခ်ိန္လုိ႔မေျပာဘူးေလ..."
အေမးအေျဖလုပ္ေနသည့္ သူရိန္ႏွင့္ထက္လင္းကို ၾကည့္ၿပီး သူရိန္ေမးခဲ့သည့္ စကားကို Vincent အစျပန္ေကာက္၏။
"အဲ့ဒီေစက..."
ထက္လင္း အလြန္သိခ်င္ေနသည့္ နီေစြး၏ ေကာင္ေလးေၾကာင့္ သူ ရယ္ျပံဳးျပံဳးျဖင့္...
"ေစကလား ေစက Mystery Best Seller ေလ နီေစြးနဲ႔သူက ရင္းႏွီးၾကတယ္..."
"ေၾသာ္..."
ခင္ၾကတယ္ဆိုသည့္စကားက ဘယ္ေလာက္လဲဆိုသည့္ အတိုင္းအတာကို သူ သိခ်င္ေသာ္လည္း မေမးျဖစ္။ ဘီယာေတာင္အတူလာေသာက္သည့္ ရင္းႏီွးမႈက အခုလက္ရိွဝိုင္းတြင္ရိွေနသူ မ်ားထက္ မပိုလ်ွင္ေတာင္ ေလ်ာ့မည္မထင္။ သူ႔အထင္လႊဲမွားမႈကို သိသည့္ ထက္လင္းသည္ နီေစြးကို အခြ်န္ႏွင့္ဆက္မေလေတာ့သည္။ သူ နည္းနည္းေလး နီေစြးကို ဒုကၡေပးေလးကို နီေစြးက ေဗြမယူဘူးမဟုတ္လား။ အဟမ္း ျပန္တည့္တဲ့အခ်ိန္က ဆက္ဆံေရးေတြက သိပ္ကို ရင္ခုန္စရာေကာင္းတာေလ။
"ေစက ဒီေန႔မွ အတူလာေသာက္တာ နီေစြးနဲ႔ေစက စာေရးတာကလြဲရင္ က်န္တဲ့ေနရာမွာ ပတ္သက္မႈမရိွဘူး... ဒီေန႔ သူ ေခၚတာက ေစ စိတ္ဆိုးသြားတာကို ျပန္ေခ်ာ့ဖို႔လို႔ေျပာတာပဲ..."
"သူက ဘာေခ်ာ့စရာလိုလို႔လဲ!"
သုန္မႈန္သည့္ မ်က္ႏွာျဖင့္ ဘီယာခြက္ကုိ ကိုင္ကာ ထပ္ေကာက္ေမာ့သည့္ ထိုေကာင္ေလးေၾကာင့္ ထက္လင္းျပံဳးသည္။ နီေစြးကို အခြ်န္ႏွင့္မသည္ဟု ဆိုႏိုင္ေသာ္လည္း သူ ေျပာသည္ကအမွန္တရား။ အင္း သူ အမွန္တရားကို နည္းနည္းေလးခ်န္ၿပီးပဲ ေျပာလိုက္တာပါ။ ထိုအမွန္တရားေသးေသးေလးက နီေစြးမွ ေစ့ကို ေခ်ာ့ေမာ့ရျခင္း၏ အေၾကာင္းရင္းေလးပါပဲ။ သနားစရာနီေစြးမွာေတာ့ သူ႔ရည္းစားေဟာင္းမွသူ႔ကို သဝန္ေၾကာင္တတ္လြန္းသည့္ ေခြးဝါေလးထံတြင္ ေရာင္းစားလိုက္မွန္းမသိရွာခဲ့။
သူရိန္ကေတာ့ နီေစြးကို သနားခ်င္ေသာ္လည္း သူကိုယ္တုိင္လည္း အားေန Single ဆိုၿပီး သူ႔ကို ႏိုမ္ႏိုမ္တတ္သည့္ နီေစြးတစ္ေယာက္ ေအာ္ဟစ္ငုိယိုရသည္ဆုိသည့္ သတင္းကိုသာ ျပန္ၾကားခ်င္သျဖင့္ မသိသလုိသာ ဟန္ေဆာင္ေနလုိက္သည္။ ဟြန္း ဘယ္သူမွ မင္းလုိ တစ္ေယာက္နဲ႔ျပတ္တာနဲ႔ ေနာက္တစ္ေယာက္မတြဲဘူး ငါတုိ႔ နည္းနည္းေလး အသဲေလးေတာ့ ကြဲခ်င္ေသးတယ္! အ့ဲလိုအခ်ိန္မွာ Single လို႔ လာမႏိုမ္သင့္ပါဘူးေနာ္!
>>>>>Schmaltz<<<<<
ေပကပ္ကပ္ ေစတစ္ေကာင္သည္ သူ႔ကို ခဏတာလာေတြ႔ၿပီးျပန္မည္လုပ္ေနသည္သျဖင့္ နီေစြးဘာလုပ္ရမွန္းမသိ။ စကားေတာင္ေကာင္းေကာင္း မေျပာရေသး သက္သက္ရစ္ေနသည့္ ေစ့ကို သူနားရင္းသာ ရိုက္ခ်င္ေနေတာ့သည္။ ထိုအခ်ိန္သူ႔အနီးေရာက္လာသည့္ သူတစ္ေယာက္ေၾကာင့္ ထက္လင္းမ်ား လိုက္လာတာလားဟူၿပီး သူဝမ္းသာအားရအလွည့္ သူ႔ကို ေပတိေပကန္ၾကည့္ေနသည့္ Vincent ။ နီေစြးေၾကာင္အသြားရသည္။ Vincent က လာတတ္လို႔လား။ ေနာက္ေတာ့မွ ထိုေကာင္ေလး၏ လူသားမဟုတ္သည့္ စြမ္းရည္တုိ႔ကို သတိရသြားကာ သူ Vincent ကုိၾကည့္သည္။
"ငါ လုိက္ခ့ဲမယ္... ဒါေပမဲ့ မင္းက ငါနဲ႔သက္သက္တစ္ဝိုင္းထိုင္ရမယ္... ငါ အၾကာႀကီးေနမွာမဟုတ္ဘူး..."
တစ္ခ်ိန္လုံးသူမသိသည့္ လူမ်ားႏွင့္ အတူမေသာက္ခ်င္ဘူးဟု ျငင္းေနသည့္ ေစ့ ပါးစပ္မွ ထြက္လာသည့္ စကားေၾကာင့္ နီေစြး ပါးစပ္အေဟာင္းသားျဖင့္ ေစ့ဘက္ျပန္ၾကည့္သည္။
"မင္း ခုနက ေျပာေတာ့..."
"ဘာလဲ မင္းက ျပန္ေစခ်င္တာလား..."
ေစသည္ နီေစြးနံေဘးတြင္ရပ္ေနသည့္ သူ႔ကိုျဖစ္ႏိုင္လွ်င္ သတ္ပစ္ခ်င္ေနသည့္ အရိပ္အေငြ႔မ်ားျဖင့္ ၾကည့္ေနသည့္ ျမန္မာရုပ္မေပါက္သည့္ ေကာင္ေလးကို ၾကည့္ကာ ျပံဳးသလုိမဲ့သလုိမ်က္ႏွာမ်ိဳးျဖင့္...
"ငါလည္း အားေနတာပဲ... ဘာလုိ႔မလုိက္လာရမွာလဲ..."
နီေစြး မ်က္ခံုးပင့္ကာသာ ေခါင္းညိတ္သည္။ Vincent ကို ေစသည္ အေတာ္ေလး စိတ္ဝင္စားေနသည္ပဲ။ Vincent က ေစ ႀကိဳက္သည့္ Type မ်ိဳးလား။ ထိုသို႔ေတြးမိသည့္ သူ႔ကိုယ္သူရိုက္ခ်င္သြားသည္။ သူ႔အေတြးကို ေစသိပါက သူ႔ကို ယခုေနရာတြင္ပင္ လည္ပင္းညွစ္သတ္ေလာက္သည္။
"သြားမယ္ေလ... မင္းရဲ႕ရည္းစားေဟာင္းကိုလည္း ငါစိတ္ဝင္စားတယ္..."
ေစ့မ်က္ႏွာကို သူ မသက္မသာၾကည့္ခ်ိန္တြင္ Vincent မ်က္ႏွာတစ္ခုလံုးသည္ သုန္မႈန္သြားေတာ့သည္။ ရည္းစားေဟာင္းဆုိသည့္ အသံုးအႏႈန္းကို သူ မသိဘဲေနပါ့မလဲ။ နီေစြး၏ ရည္းစားေဟာင္းက ဘယ္သူလဲ။ ေနာက္ၿပီး နီေစြးက ေစႏွင့္သိပ္မရင္းႏီွးဘူးဆိုလွ်င္ ဘာေၾကာင့္မ်ား ေစက နီေစြး၏ ရည္းစားေဟာင္းကို သိေနရတာလဲ။ နီေစြးသူ႔လက္ကို ဆြဲကိုတင္းၾကပ္စြာဆုတ္ကိုင္လုိက္သည့္ Vincent ေၾကာင့္ သူ လန္႔သြားမိသည္။ သူ႔လက္ကို ညွစ္ကိုင္လိုက္မႈက သူ႔လက္မွ အရိုးမ်ားကို က်ိဳးေၾကသြားေစႏိုင္သည္အထိ အားသန္မာလြန္းလွသည္ေလ။
"Vince... လူ... လူေတြ..."
ေယာက်ာ္းေလးႏွစ္ေယာက္လက္တြဲျခင္းက လူၾကားထဲတြင္ သိပ္ေကာင္းသည့္ကိစၥမဟုတ္သျဖင့္ သူ ခပ္တိုးတိုးေျပာေတာ့ ေစသည္ မသိခ်င္ေယာင္ေဆာင္ကာ...
"မင္း... ေစရာ..."
လက္မလႊတ္သည့္ ေကာင္ေလးကို သူ တားမရေတာ့ လက္ဆြဲခံရျခင္းအျဖစ္ကို ေရာက္ေအာင္လုပ္သူကို သူ လွမ္းၾကည့္ကာေျပာေတာ့ ထိုအမႈျဖစ္ေအာင္လုပ္သည့္ေကာင္ေလးက ေရွ႕မွ ေကာ့ပက္ေကာ့ပက္ထြက္သြားေခ်ၿပီ။ သနားစရာနီေစြးခမ်ာ တစ္ညတည္းတြင္ပင္ ႏွစ္ခါတိတိအျခားသူမ်ားမွ သူ႔ကိုေသတြင္းတူးေပးတာကို ခံလုိက္ရေပသည္။ ဒါကို သူ မသိရွာေသး။ သူ႔နံေဘးမွ တစ္ေယာက္မွာေတာ့ ေဒါသေသြးတုိ႔ဆူေဝကာ မ်က္ႏွာက သိသိသာသာ ပ်က္ယြင္းေနခဲ့ၿပီ။
>>>>>Schmaltz<<<<<
"သူတုိ႔က ဟိုဘက္ဝိုင္းတင္ကို အဲ့ေလာက္လည္း စိတ္မပူပါနဲ႔..."
တစ္ဖက္ဝိုင္းတြင္ႏွစ္ဦးတည္း ထိုင္ကာ စကားေျပာေနသည့္ နီေစြးႏွင့္ေစ့ကို စူးရဲစြာၾကည့္ေနသည္ကို ၾကည့္ၿပီး ထက္လင္းမေနသာေတာ့စြာျဖင့္ ဝင္ေျပာရရွာသည္။ ဒီေကာင္ေလးဟာ အေတာ္ကို ပိုင္ဆုိင္လုိမႈႀကီးသည့္ ေကာင္ေလးပါလား။ သူသည္ နီေစြးကို အျခားသူတုိ႔ မျမင္ေအာင္ပင္ ဖြက္ထားခ်င္ပံုရသည္။ အစပိုင္းတြင္တစ္ဝိုင္းတည္းထိုင္ကာ အခ်င္းခ်င္းမိတ္ဆက္ေပးၿပီးေနာက္ ေစသည္ နီေစြးကို ေျပာစရာရိွသည္ဟု ဆုိကာ တစ္ဖက္ဝိုင္းေနရာလြတ္သည္ႏွင့္ ေျပာင္းထုိင္သျဖင့္ နီေစြးသည္ ပါသြားျခင္း။ စာေရးဆရာႏွစ္ဦးၾကားမွ စကားမ်ားမုိ႔ ထက္လင္းႏွင့္သူရိန္တုိ႔သည္ စပ္စုမေန။
"မင္းကလည္း စိတ္ဆိုးမေနစမ္းပါနဲ႔ကြာ ငါ အေစာကတည္းက ရည္မွန္းခ်က္ရိွခဲ့တာမွ မဟုတ္တာ..."
သူ ေခ်ာ့ျမဴေနေသာ္လည္း ေစ့ မ်က္ႏွာက တည္တင္းေနဆဲ။
"အဲ့ေကာင္ေလးေၾကာင့္လို႔ ဝန္ခံတယ္ေပါ့..."
ေစ့စကားေၾကာင့္ နီေစြး မသက္သာစြာေခါင္းညိတ္သည္။
"အင္း..."
"အသံုးမက်လိုက္တာ..."
ေစသည္ ေရရြတ္ၿပီးေနာက္ နီေစြးကိုၾကည့္သည္။ သူ႔လက္ထဲမွ ဘီယာခြက္အရွည္ကို သံုးပံုတစ္ပံုကုန္ေအာင္ အရင္ေကာက္ေမာ့ၿပီးမွ...
"မင္း... Utopia ရိွတယ္ဆုိတာ ယံုလား..."
အဆက္အစပ္မရိွေကာက္ေမးသည့္ ေစ့စကားေၾကာင့္ နီေစြးမ်က္ႏွာေလးတည္သြား၏။ ေရွ႕တြင္ရိွသည့္ ဘီယာခြက္ကို သူ ၾကည့္ၿပီး
"အရာအားလံုးၿပီးျပည့္စံုေနတဲ့ ေနရာ..."
သူ႔စကားကို ေခါင္းညိတ္ကာ...
"Utopia ဆိုတာ Fantasy တစ္ခုလို႔ မင္းထင္ေနတာလား..."
ဆက္ေျပာလာသည့္ စကားတုိ႔ေၾကာင့္ နီေစြးမ်က္ခံုးတုိ႔တြန္႔ခ်ိဳးသြားသည္။
"ငါတုိ႔ဆီကို အဲ့ဒီဇာတ္ေကာင္ေတြက ဘယ္ကလာတယ္ဆုိတာ မင္းေတြးဖူးလား..."
ေစသည္ သူ႔ကို ၾကည့္ေနသည့္ နီေစြးကိုၾကည့္ၿပီးျပံဳးသည္။
"နီေစြး... ငါ ဘာလို႔ အဲ့ဒီေနရာမွာ ရိွေနလဲ ဆုိတာေရာ မင္းသိလား..."
ေစသည္ သူဘာေၾကာင့္ အျခားစာေရးဆရာမ်ားႏွင့္မတူသည့္ ေနရာတြင္ ရိွေနေၾကာင္း ေမးလာသည္မို႔ သူ ေစ့ကို ၾကည့္ကာ...
"မင္း..."
"Utopia က တကယ္ရိွတယ္..."
အျခားသူတစ္ေယာက္ဆိုလွ်င္ေတာ့ ေစသည္ ရူးေနသည္ဟု ထင္ႏိုင္ေသာ္လည္း နီေစြးသည္ ေစ့အေၾကာင္းကို ေကာင္းေကာင္းသိသူမို႔ သူ အံ့အားသင့္စြာသာ ေစ့ကိုၾကည့္သည္။
"ထားပါ... Utopia အေၾကာင္း မင္းသိခ်င္ရင္ ငါ့ကို ဆက္သြယ္ႏိုင္တယ္... တစ္စံုတစ္ေယာက္က ငါတုိ႔ေျပာေနတာေတြကို ေကာင္းေကာင္းၾကားႏိုင္တယ္ေလ..."
ေစ့ ႏႈတ္ခမ္းပါးတို႔သည္ ေကာ့ညႊတ္လ်က္။ ခြက္ကို အကုန္ေကာက္ေမာ့ၿပီးေနာက္ ေစသည္ ထရပ္ကာ နီေစြး၏ ပခံုးကို အသာပုတ္သည္။
"ငါသြားေတာ့မယ္... ကလပ္က ဆူညံလြန္းတာမို႔ ငါ့အာရံုကို ပ်က္ျပားေစတယ္..."
ထြက္သြားသည့္ ေစ့စကားတုိ႔က သူ႔လွ်ိဳ႕ဝွက္ခ်က္ကို သိေနသလို ေျဖရွင္းရမည့္ နည္းလမ္းကိုလည္း သိေနသည္ဆုိသည့္ ခံစားခ်က္ေၾကာင့္ နီေစြး ေတြေဝစြာျဖင့္ ေစ့ေက်ာျပင္ကို ၾကည့္သည္။ ထို႔ေနာက္ သူ႔ကို ၾကည့္ေနသည့္ မ်က္လံုးျပာမ်ားထံအၾကည့္ေရာက္၏။ ထိုေကာင္ေလးသည္ သူတုိ႔ႏွစ္ဦး၏ စကားကို ေကာင္းစြာၾကားႏိုင္သည္ကို သူေကာင္းစြာသိသည္။ ထိုေကာင္ေလး၏ ျပာလဲ့ေသာ မ်က္ဝန္းတုိ႔က ေဖ်ာ့ေတာ့ေန၏။
~~~~~~~~~~
Unicode
"အာ့!"
ကိုင်ပေါက်ခံရမလို ဖြစ်သွားသည့် နီစွေး၏ အသံ။ သူ့ကို သတ်ဖြတ်တော့မည့် အရိပ်အယောင်များဖြင့်ကြည့်သည့်မျက်လုံး။
"ဟို ကျွန်တော်..."
"မင်းကို တစ်ယောက်ယောက်က ထိတာကို မကြိုက်တာ ငါမေ့သွားတယ်..."
(Schmaltz အပိုင်း-၃ မှ ကောက်နှုတ်ချက်)
Comment - 1 : WTF ငါ ဘာကိုထင်လိုက်တာလဲ
Comment - 2 : Vincent ရဲ့ဇာတ်သိမ်းက ဒီတိုင်းတစ်ယောက်ထဲဖြစ်ရတာ အကြောင်းရင်းတစ်ခုခုရှိနေမယ်လို့ ငါထင်ခဲ့တယ်!
Comment - 3 : *grab popcorn* ဖတ်နေကျ bro တို့ရဲ့ သီအိုတွေကို စောင့်နေပါတယ်နော် ^^
Comment - 1 ကို reply : အမြဲတမ်း Vincent က တခြားဇာတ်ဆောင်တွေနဲ့ နှစ်ယောက်ထဲအတူမနေဘူး အလောင်းဖြစ်မဲ့သူတွေကိုမှ မဟုတ်ရင် မထိဘူူးဆိုတာကို သတိထားမိတာ ငါတစ်ယောက်တည်းလား...
Comment - 1 ကို reply : အစကနေ သွားပြန်ဖတ်နေပါပြီနော်...
နီစွေး၏ နှုတ်ခမ်းထောင့်စွန်းများသည် Comment များကိုကြည့်ပြီးပြုံးလျက်။ သူ့ babe လေးများဟာ သိပ်ကို ချစ်ဖို့ကောင်းကြတာပဲ အရိပ်ပြ အကောင်မြင်နိုင်ကြတယ်။ ဒီလိုချစ်စရာကလေးတွေကို သူ ဒီဟာပြီးတာနဲ့ နှုတ်ဆက်ရတော့မယ်ဆိုတာ စိတ်တော့စိတ်မကောင်းစရာ ဒါပေမဲ့လည်း လောကဟာ မမြဲသောနိယာမ တရားတွေနဲ့တည်ရှိနေတာမဟုတ်လား။ အခုမဟုတ်လည်း တစ်ချိန် သူတို့တွေခွဲကြရမှာပဲ။ နည်းနည်းစောစော ခွဲရတော့ သူတို့အနည်ထိုင်တာ ပိုမြန်တာပေါ့။
"ဘာတွေသဘောကျနေတာလဲ..."
နီစွေး၏ မျက်နှာရိပ်များသည် ဘယ်သောအခါမှ သူ့အကြည့်ရေဒါအောက်မှမလွတ်သည်မို့ Vincent မေး၏။ နီစွေးသူ့ကို အရိပ်ကြည့်လွန်းသည့် ခွေးဝါလေးကို ကြည့်ရင်း...
"Vincent..."
"အင်း..."
"မင်းကို မင်းအမေက တကယ်ပဲ အကြိမ်ကြိမ်သတ်ဖို့ကြိုးစားဖူးတာလား..."
သူ ခုတင်ပေါ်တွင် မှောက်ခုံလှဲရင်း ဖုန်းကိုကြည့်နေရာမှ မေးတော့ Vincent အခန်းသန့်ရှင်းရေးလုပ်နေရာမှ သူ့ဘက်ကြည့်ကာ...
"ဒါကို နီစွေးလည်းသိတာပဲကို..."
"မင်းနည်းနည်းလေးပဲ ပြောပြခဲ့တာကို... ဟီးဟီး ပြီးတော့ မင်းအမေကို နဂါးတစ်ယောက်အောက်မှာ မြင်ယောင်ရတာ beastility ကိုမြင်နေရသလို..."
Vincent မျက်နှာသေလေးဖြင့် နီစွေးကိုကြည့်သည်။ တွေးတွေးပြီးရယ်နေသည့် နီစွေးတစ်ယောက်ကို သူ ဘာလုပ်ရမှန်းမသိ။ နီစွေး သူများကံဆိုးခြင်းကို ရယ်နေမိသည်ကို သတိထားမိကာ...
"အာ ဆောရီး ဘာဖြစ်ဖြစ် ဒါက မင်းအမေဆိုတော့..."
"သူတို့ကို မကောင်းမြင်လည်း ဘာမှမဖြစ်ပါဘူး ကျွန်တော်သူတို့ကို စိတ်ထဲမှမရှိတာ..."
"အင်း မင်းကို သူတို့က..."
Vincent တည်ငြိမ်သည့် မျက်နှာဖြင့်သာ နီစွေးကိုကြည့်သည်။ ဒီကောင်လေးက အမြဲတမ်းတစ်ယောက်တည်းဖြစ်နေတာပဲ အတွေးဖြင့် ကြက်မွှေးတစ်ချောင်းဖြင့် ဖုန်သုတ်နေသည့် Vincent ကိုကြည့်ကာ နီစွေး သက်ပြင်းမောရှိုက်၏။
"မင်းတစ်ယောက်တည်းမဟုတ်ပါဘူး... မင်းသိလား ငါ့အမေကလည်း ငါ့ကို မလိုချင်ဘူး..."
သူ့ကိုကြည့်လာသည့် ပြာလဲ့နေသည့် မျက်ဝန်းများတွင် ဝမ်းသာရိပ်များ။ ဘယ်လိုတောင် ဒီကောင်လေးဟာ သူ့ကံဆိုးမှုကို လာပျော်နေတာလဲ။ ထားပါတော့ သူတောင် ထိုကောင်လေးကံခေမှုကို ရယ်နေသေးတာပဲ။ နောက်ပြီး တစ်စုံတစ်ဦးကို သူ့အကြောင်းပြောပြခြင်းတဲ့။ သူ တကယ်ပဲဒီကောင်လေးကို တဖြည်းဖြည်းချင်းလက်ခံနေတာလား... နောက်ပိုင်း ကျန်ခဲ့ရမည့်သူက သူမှန်းသိသိကြီးနှင့်တောင်မှ။ သူက တကယ်ကို အမှတ်မရှိတဲ့လူတစ်ယောက်ပါပဲ။
"သူ့အတွက်တော့ ငါက သူ ငါ့အဖေကို ထားခဲ့ဖို့အတွက် အဟန့်အတားတစ်ခုလေ... မင်းသိတဲ့အတိုင်း ကလေးနဲ့ဆိုတော့..."
"ဘာပဲပြောပြော နီစွေး အမေက နီစွေးကို အကြိမ်ကြိမ်သတ်ဖို့မကြိုးစားခဲ့ပါဘူး..."
နီစွေး၏ စိတ်သက်သာစေရန် သူ့အနေအထားက ပိုဆိုးကြောင်းပြောလာတော့ နီစွေးသည် အင်း ဟုဆိုကာ ခပ်တိုးတိုးရယ်လေ၏။ ထိုရယ်သံက သူတို့နှစ်ဦး၏ ဘဝလုံးကို ပျက်ရယ်ပြုနေသလိုမျိုး။
"သူသတ်ဖို့ကြိုးစားပြီး တကယ်သေသွားခဲ့ရင်ကောင်းမှာပဲ..."
"တကယ်လို့နီစွေးသေသွားခဲ့ရင် ကျွန်တော်ရှိလာမှာမဟုတ်ဘူး..."
Vincent ၏ အလေးအနက်ပြောလာမှုကြောင့် နီစွေး တစ်ခုခုကို အရွဲ့တိုက်လှောင်ပြောင်ပြောချင်နေရာမှ သူ့စိတ်ကိုထိန်းချုပ်လိုက်၏။
"အင်း ငါတို့တွေ့ကြမှာမဟုတ်ဘူး..."
သူ ထိုစကားကို ပြန်ထောက်ခံကာ...
"ဒါနဲ့ငါတို့ ည ကလပ်သွားကြမလား..."
"ဟမ်..."
နီစွေး၏ အပြောင်းအလဲကို သူ ဘယ်တော့မှ လိုက်မမှီ။ နီစွေးသည် အမြဲတမ်း သူ့ကို အမြင့်သို့ဆွဲခေါ်နိုင်သလို အောက်သို့လည်း ရိုက်ချနိုင်သည်။ ရယ်တော့ရယ်စရာအကောင်းသား သူက အရာအားလုံးကို အောင်နိုင်ပြီးမှ ထိုသူ့ခြေတော်ရင်းတွင် ဒူးထောက်ဦးညွှတ်ပြီး သူ့ကို နိုင်စားခွင့်ကို ကျေကျေနပ်နပ်ကြီး ပေးနေသည်တဲ့။ သို့သော်လည်း သူ ကျေနပ်သည်။ သူ့ကို အနိုင်ယူခွင့်ရရှိသည့် သူက သူ့ကို ဖန်တီးသူ မဟုတ်လား။
"လာပါ ငါတို့သွားရအောင်... အာ ငါ ထက်လင်းတို့ကိုလည်း ခေါ်ရဦးမယ်... ဟိုကောင် စေကိုလည်း ခေါ်ရမယ် လူများလေကောင်းလေပဲ ကလပ်က..."
ပြောလည်းပြောလက်ကလည်း တစ်ဆက်တည်း ဖုန်းဆက်တိုက်ခေါ်နေသည့် နီစွေးကို Vincent ကြည့်သည်။ သူ မသွားချင်သော်လည်း ယခုရက်ပိုင်းတွင် နီစွေးသည် တစ်စုံတစ်ခုကို စိတ်ထဲရှိနေပုံရပြီး စိတ်ရှုပ်နေသည့်ပုံပေါက်နေသည်မို့ သူ နီစွေးကို မတားနေတော့။ နီစွေးစိတ်ထဲဘာတွေရှိလဲဆိုသည်ကို သူ သိချင်သော်လည်း သူ မမေး။ သူ စိတ်ရှည်ရှည်စောင့်ရမည်။ နီစွေးသည် သူ့ကို အတင်းတွန်းလွှတ်တာတောင်မှ သူ စိတ်ရှည်ရှည်စောင့်ရမည်။ ဖြည်းဖြည်းချင်း သူ့ကို နီစွေးလက်ခံလာအောင်။ သူ မရှိဘဲမနေနိုင်တော့အောင်။ သူနှင့်အတူ လိုက်လာအောင်။
>>>>>Schmaltz<<<<<
သူတို့နှစ်ယောက် Myanmar Plaza ရှိ Harry's Bar ရောက်တော့ ထက်လင်းနှင့်သူရိန်က ရောက်နှင့်နေပြီ။ နီစွေး မျက်ခုံးပင့်သည်။ သူနှင့် Vincent ဝိုင်းရှိရာသို့ လှမ်းလာတော့ ထိုနှစ်ယောက်သည် သူတို့နှစ်ဦးကို ပြုံးပြလာ၏။ သူတို့၏အပြုံးများက မင်းက အခုတော့ ဒီကောင်လေးနဲ့ စက္ကန့်ပိုင်းတောင် မခွဲနိုင်တာမို့ ဒီကို ခေါ်လာတာမို့လားဆိုသည့် လှောင်ပြောင်ခြင်းတို့ပါနေသဖြင့် နီစွေး Vincent ဘက်သို့သာ မျက်လုံးဝေ့ကြည့်သည်။ ဘာကြောင့်များ ဒီကောင်တွေဟာ ကလေးလာဆန်နေရတာလဲ။
"ငါ ဒီနေ့စေ့ကိုလည်း ခေါ်ထားတယ် သူနဲ့ပြောစရာရှိလို့..."
ပြောလည်းပြော လက်ကလည်း သူရိန့်နှင့်ထက်လင်း အရှေ့တွင်ချထားသည့် မသောက်ရသေးသည့် ဘီယာနှစ်ခွက်ကို သူ ခပ်တည်တည်ကောက်ယူကာ သူနှင့် Vincent ဘက်ရွှေ့၏။ သူ့အပြုအမူအတွက် ထက်လင်းနှင့်သူရိန်ကို မည်သို့တုံ့ပြန်ရမှန်းမသိဖြစ်နေသည့် Vincent ကို သူရယ်တော့ Vincent ခမျာ ထက်လင်းနှင့်သူရိန်ကို အားနာသည့်အကြည့်များဖြင့်သာ လှမ်းကြည့်ရှာ၏။
"ဘာမှအားမနာနဲ့ ညီလေး ဒီကောင်က အစ်ကိုတို့ကို အမြဲအနိုင်ကျင့်နေကြပဲ..."
ပြောလည်းပြော နောက်ထပ်ဘီယာနှစ်ခွက်ထပ်မှာသလို အမြည်းအချို့မှာနေသည့် သူရိန်နှင့်ထက်လင်းကို နီစွေးဘီယာခွက်ကို အရသာခံသောက်နေရင်းမှ ကြည့်နေတော့ သူ့ကို ကြည့်လာသည့် ထက်လင်းနှင့်အကြည့်ချင်းဆုံဖြစ်၏။ နားလည်ပြုံးတစ်ခု သူ့ကို ပြုံးပြလာသည့် ထက်လင်းကို သူ ဥပက္ခာပြုကာ...
"သောက်လေ..."
ဘေးမှ Vincent ကို သူလှည့်ပြောတော့... သူပြောမှ ခွက်ကိုလှမ်းကိုင်လာသည့် Vincent... ထိုသို့ သူ့ခွေးဝါလေးက သူ့အာဏာအောက်တွင်ရှိကြောင်း ပိုင်ဆိုင်ကြောင်းပြ အပြုအမူကြောင့် သူရိန့်ထံမှ...
"အာဏာပြလိုက်တာကွာ..." ဆိုသည့်စကားကို မလိုတမာစွာပြောလာသံကို ကြားလိုက်ရသလို ထက်လင်းကတော့ ခပ်ပြုံးပြုံးပင် သူ့ရှေ့မှ အမြည်းဖတ်များကို ကောက်ဝါးနေ၏။
"စေက မလာသေးဘူးလား မသိဘူး..."
သူ ဖုန်းမှနာရီကိုကြည့်ပြီးရေရွတ်နေစဉ် သက်တော်ရှည်ဦးမည့် မောင်မင်းကြီးသား၏ အမည်သည် သူ့ Phone Screen တွင်ပေါ်လာလေ၏။ Vincent ၏ မျက်လုံးများသည် ထိုအမည်ကို မြင်ချိန်တွင် အနည်းငယ် မှေးကျဉ်းသွားသည်ကို မြင်လိုက်သည့် ထက်လင်းသည် သူတစ်ယောက်သာ ကြားနိုင်လောက်သော အသံဖြင့်
"တစ်ယောက်ယောက်တော့ သဝန်တိုနေပြီ" ဟုခပ်တိုးတိုးရေရွတ်နေခဲ့သည်။ အကြားအာရုံကောင်းလှသော လူတစ်ပိုင်းနဂါးတစ်ပိုင်းလေးသည် ထိုစကားကို အဘယ်မှာ မကြားဘဲနေပါအံ့နည်း။ သို့သော် ထက်လင်း၏ စကားကို သူ မသိချင်ယောင်ဆောင်ကာသာ ဘီယာကိုသာ လှိမ့်သောက်နေလိုက်သည်။
"ခဏလေးနော် စေ့ကို သွားခေါ်လိုက်ဦးမယ် မလာတတ်တာလည်း မဟုတ်ဘဲနဲ့... Vincent ခဏနေခဲ့ ဒီနားလေးတင်ပဲ..."
သူ ထလိုက်သွားချင်သော်လည်း နီစွေး၏ ထားခဲ့မှုကြောင့် Vincent ကျန်ခဲ့ရရှာသည်။ ယောကျာ်းလေးသုံးဦးကျန်ခဲ့သော စကားဝိုင်းက အတန်ကြာတိတ်ဆိတ်သွားပြီးမှ သူရိန်သည်စကားစသည်။
"အဲ့ဒီစေက နီစွေးနဲ့အတူတူအလုပ်လုပ်တဲ့ ကောင်လေးမလား..."
သူရိန့်စကားကို ထက်လင်းသည်မဖြေဘဲ စကားလမ်းကြောင်းလွှဲကာ...
"ဘယ်တော့ ကလပ်သွားမှာတဲ့လဲ..."
"Brave Bar ပြောင်းမလားမသိဘူး သူ ငါ့ကို ဘယ်အချိန်လို့မပြောဘူးလေ..."
အမေးအဖြေလုပ်နေသည့် သူရိန်နှင့်ထက်လင်းကို ကြည့်ပြီး သူရိန်မေးခဲ့သည့် စကားကို Vincent အစပြန်ကောက်၏။
"အဲ့ဒီစေက..."
ထက်လင်း အလွန်သိချင်နေသည့် နီစွေး၏ ကောင်လေးကြောင့် သူ ရယ်ပြုံးပြုံးဖြင့်...
"စေကလား စေက Mystery Best Seller လေ နီစွေးနဲ့သူက ရင်းနှီးကြတယ်..."
"သြော်..."
ခင်ကြတယ်ဆိုသည့်စကားက ဘယ်လောက်လဲဆိုသည့် အတိုင်းအတာကို သူ သိချင်သော်လည်း မမေးဖြစ်။ ဘီယာတောင်အတူလာသောက်သည့် ရင်းနှီးမှုက အခုလက်ရှိဝိုင်းတွင်ရှိနေသူ များထက် မပိုလျှင်တောင် လျော့မည်မထင်။ သူ့အထင်လွှဲမှားမှုကို သိသည့် ထက်လင်းသည် နီစွေးကို အချွန်နှင့်ဆက်မလေတော့သည်။ သူ နည်းနည်းလေး နီစွေးကို ဒုက္ခပေးလေးကို နီစွေးက ဗွေမယူဘူးမဟုတ်လား။ အဟမ်း ပြန်တည့်တဲ့အချိန်က ဆက်ဆံရေးတွေက သိပ်ကို ရင်ခုန်စရာကောင်းတာလေ။
"စေက ဒီနေ့မှ အတူလာသောက်တာ နီစွေးနဲ့စေက စာရေးတာကလွဲရင် ကျန်တဲ့နေရာမှာ ပတ်သက်မှုမရှိဘူး... ဒီနေ့ သူ ခေါ်တာက စေ စိတ်ဆိုးသွားတာကို ပြန်ချော့ဖို့လို့ပြောတာပဲ..."
"သူက ဘာချော့စရာလိုလို့လဲ!"
သုန်မှုန်သည့် မျက်နှာဖြင့် ဘီယာခွက်ကို ကိုင်ကာ ထပ်ကောက်မော့သည့် ထိုကောင်လေးကြောင့် ထက်လင်းပြုံးသည်။ နီစွေးကို အချွန်နှင့်မသည်ဟု ဆိုနိုင်သော်လည်း သူ ပြောသည်ကအမှန်တရား။ အင်း သူ အမှန်တရားကို နည်းနည်းလေးချန်ပြီးပဲ ပြောလိုက်တာပါ။ ထိုအမှန်တရားသေးသေးလေးက နီစွေးမှ စေ့ကို ချော့မော့ရခြင်း၏ အကြောင်းရင်းလေးပါပဲ။ သနားစရာနီစွေးမှာတော့ သူ့ရည်းစားဟောင်းမှသူ့ကို သဝန်ကြောင်တတ်လွန်းသည့် ခွေးဝါလေးထံတွင် ရောင်းစားလိုက်မှန်းမသိရှာခဲ့။
သူရိန်ကတော့ နီစွေးကို သနားချင်သော်လည်း သူကိုယ်တိုင်လည်း အားနေ Single ဆိုပြီး သူ့ကို နိုမ်နိုမ်တတ်သည့် နီစွေးတစ်ယောက် အော်ဟစ်ငိုယိုရသည်ဆိုသည့် သတင်းကိုသာ ပြန်ကြားချင်သဖြင့် မသိသလိုသာ ဟန်ဆောင်နေလိုက်သည်။ ဟွန်း ဘယ်သူမှ မင်းလို တစ်ယောက်နဲ့ပြတ်တာနဲ့ နောက်တစ်ယောက်မတွဲဘူး ငါတို့ နည်းနည်းလေး အသဲလေးတော့ ကွဲချင်သေးတယ်! အဲ့လိုအချိန်မှာ Single လို့ လာမနိုမ်သင့်ပါဘူးနော်!
>>>>>Schmaltz<<<<<
ပေကပ်ကပ် စေတစ်ကောင်သည် သူ့ကို ခဏတာလာတွေ့ပြီးပြန်မည်လုပ်နေသည်သဖြင့် နီစွေးဘာလုပ်ရမှန်းမသိ။ စကားတောင်ကောင်းကောင်း မပြောရသေး သက်သက်ရစ်နေသည့် စေ့ကို သူနားရင်းသာ ရိုက်ချင်နေတော့သည်။ ထိုအချိန်သူ့အနီးရောက်လာသည့် သူတစ်ယောက်ကြောင့် ထက်လင်းများ လိုက်လာတာလားဟူပြီး သူဝမ်းသာအားရအလှည့် သူ့ကို ပေတိပေကန်ကြည့်နေသည့် Vincent ။ နီစွေးကြောင်အသွားရသည်။ Vincent က လာတတ်လို့လား။ နောက်တော့မှ ထိုကောင်လေး၏ လူသားမဟုတ်သည့် စွမ်းရည်တို့ကို သတိရသွားကာ သူ Vincent ကိုကြည့်သည်။
"ငါ လိုက်ခဲ့မယ်... ဒါပေမဲ့ မင်းက ငါနဲ့သက်သက်တစ်ဝိုင်းထိုင်ရမယ်... ငါ အကြာကြီးနေမှာမဟုတ်ဘူး..."
တစ်ချိန်လုံးသူမသိသည့် လူများနှင့် အတူမသောက်ချင်ဘူးဟု ငြင်းနေသည့် စေ့ ပါးစပ်မှ ထွက်လာသည့် စကားကြောင့် နီစွေး ပါးစပ်အဟောင်းသားဖြင့် စေ့ဘက်ပြန်ကြည့်သည်။
"မင်း ခုနက ပြောတော့..."
"ဘာလဲ မင်းက ပြန်စေချင်တာလား..."
စေသည် နီစွေးနံဘေးတွင်ရပ်နေသည့် သူ့ကိုဖြစ်နိုင်လျှင် သတ်ပစ်ချင်နေသည့် အရိပ်အငွေ့များဖြင့် ကြည့်နေသည့် မြန်မာရုပ်မပေါက်သည့် ကောင်လေးကို ကြည့်ကာ ပြုံးသလိုမဲ့သလိုမျက်နှာမျိုးဖြင့်...
"ငါလည်း အားနေတာပဲ... ဘာလို့မလိုက်လာရမှာလဲ..."
နီစွေး မျက်ခုံးပင့်ကာသာ ခေါင်းညိတ်သည်။ Vincent ကို စေသည် အတော်လေး စိတ်ဝင်စားနေသည်ပဲ။ Vincent က စေ ကြိုက်သည့် Type မျိုးလား။ ထိုသို့တွေးမိသည့် သူ့ကိုယ်သူရိုက်ချင်သွားသည်။ သူ့အတွေးကို စေသိပါက သူ့ကို ယခုနေရာတွင်ပင် လည်ပင်းညှစ်သတ်လောက်သည်။
"သွားမယ်လေ... မင်းရဲ့ရည်းစားဟောင်းကိုလည်း ငါစိတ်ဝင်စားတယ်..."
စေ့မျက်နှာကို သူ မသက်မသာကြည့်ချိန်တွင် Vincent မျက်နှာတစ်ခုလုံးသည် သုန်မှုန်သွားတော့သည်။ ရည်းစားဟောင်းဆိုသည့် အသုံးအနှုန်းကို သူ မသိဘဲနေပါ့မလဲ။ နီစွေး၏ ရည်းစားဟောင်းက ဘယ်သူလဲ။ နောက်ပြီး နီစွေးက စေနှင့်သိပ်မရင်းနှီးဘူးဆိုလျှင် ဘာကြောင့်များ စေက နီစွေး၏ ရည်းစားဟောင်းကို သိနေရတာလဲ။ နီစွေးသူ့လက်ကို ဆွဲကိုတင်းကြပ်စွာဆုတ်ကိုင်လိုက်သည့် Vincent ကြောင့် သူ လန့်သွားမိသည်။ သူ့လက်ကို ညှစ်ကိုင်လိုက်မှုက သူ့လက်မှ အရိုးများကို ကျိုးကြေသွားစေနိုင်သည်အထိ အားသန်မာလွန်းလှသည်လေ။
"Vince... လူ... လူတွေ..."
ယောကျာ်းလေးနှစ်ယောက်လက်တွဲခြင်းက လူကြားထဲတွင် သိပ်ကောင်းသည့်ကိစ္စမဟုတ်သဖြင့် သူ ခပ်တိုးတိုးပြောတော့ စေသည် မသိချင်ယောင်ဆောင်ကာ...
"မင်း... စေရာ..."
လက်မလွှတ်သည့် ကောင်လေးကို သူ တားမရတော့ လက်ဆွဲခံရခြင်းအဖြစ်ကို ရောက်အောင်လုပ်သူကို သူ လှမ်းကြည့်ကာပြောတော့ ထိုအမှုဖြစ်အောင်လုပ်သည့်ကောင်လေးက ရှေ့မှ ကော့ပက်ကော့ပက်ထွက်သွားချေပြီ။ သနားစရာနီစွေးခမျာ တစ်ညတည်းတွင်ပင် နှစ်ခါတိတိအခြားသူများမှ သူ့ကိုသေတွင်းတူးပေးတာကို ခံလိုက်ရပေသည်။ ဒါကို သူ မသိရှာသေး။ သူ့နံဘေးမှ တစ်ယောက်မှာတော့ ဒေါသသွေးတို့ဆူဝေကာ မျက်နှာက သိသိသာသာ ပျက်ယွင်းနေခဲ့ပြီ။
>>>>>Schmaltz<<<<<
"သူတို့က ဟိုဘက်ဝိုင်းတင်ကို အဲ့လောက်လည်း စိတ်မပူပါနဲ့..."
တစ်ဖက်ဝိုင်းတွင်နှစ်ဦးတည်း ထိုင်ကာ စကားပြောနေသည့် နီစွေးနှင့်စေ့ကို စူးရဲစွာကြည့်နေသည်ကို ကြည့်ပြီး ထက်လင်းမနေသာတော့စွာဖြင့် ဝင်ပြောရရှာသည်။ ဒီကောင်လေးဟာ အတော်ကို ပိုင်ဆိုင်လိုမှုကြီးသည့် ကောင်လေးပါလား။ သူသည် နီစွေးကို အခြားသူတို့ မမြင်အောင်ပင် ဖွက်ထားချင်ပုံရသည်။ အစပိုင်းတွင်တစ်ဝိုင်းတည်းထိုင်ကာ အချင်းချင်းမိတ်ဆက်ပေးပြီးနောက် စေသည် နီစွေးကို ပြောစရာရှိသည်ဟု ဆိုကာ တစ်ဖက်ဝိုင်းနေရာလွတ်သည်နှင့် ပြောင်းထိုင်သဖြင့် နီစွေးသည် ပါသွားခြင်း။ စာရေးဆရာနှစ်ဦးကြားမှ စကားများမို့ ထက်လင်းနှင့်သူရိန်တို့သည် စပ်စုမနေ။
"မင်းကလည်း စိတ်ဆိုးမနေစမ်းပါနဲ့ကွာ ငါ အစောကတည်းက ရည်မှန်းချက်ရှိခဲ့တာမှ မဟုတ်တာ..."
သူ ချော့မြူနေသော်လည်း စေ့ မျက်နှာက တည်တင်းနေဆဲ။
"အဲ့ကောင်လေးကြောင့်လို့ ဝန်ခံတယ်ပေါ့..."
စေ့စကားကြောင့် နီစွေး မသက်သာစွာခေါင်းညိတ်သည်။
"အင်း..."
"အသုံးမကျလိုက်တာ..."
စေသည် ရေရွတ်ပြီးနောက် နီစွေးကိုကြည့်သည်။ သူ့လက်ထဲမှ ဘီယာခွက်အရှည်ကို သုံးပုံတစ်ပုံကုန်အောင် အရင်ကောက်မော့ပြီးမှ...
"မင်း... Utopia ရှိတယ်ဆိုတာ ယုံလား..."
အဆက်အစပ်မရှိကောက်မေးသည့် စေ့စကားကြောင့် နီစွေးမျက်နှာလေးတည်သွား၏။ ရှေ့တွင်ရှိသည့် ဘီယာခွက်ကို သူ ကြည့်ပြီး
"အရာအားလုံးပြီးပြည့်စုံနေတဲ့ နေရာ..."
သူ့စကားကို ခေါင်းညိတ်ကာ...
"Utopia ဆိုတာ Fantasy တစ်ခုလို့ မင်းထင်နေတာလား..."
ဆက်ပြောလာသည့် စကားတို့ကြောင့် နီစွေးမျက်ခုံးတို့တွန့်ချိုးသွားသည်။
"ငါတို့ဆီကို အဲ့ဒီဇာတ်ကောင်တွေက ဘယ်ကလာတယ်ဆိုတာ မင်းတွေးဖူးလား..."
စေသည် သူ့ကို ကြည့်နေသည့် နီစွေးကိုကြည့်ပြီးပြုံးသည်။
"နီစွေး... ငါ ဘာလို့ အဲ့ဒီနေရာမှာ ရှိနေလဲ ဆိုတာရော မင်းသိလား..."
စေသည် သူဘာကြောင့် အခြားစာရေးဆရာများနှင့်မတူသည့် နေရာတွင် ရှိနေကြောင်း မေးလာသည်မို့ သူ စေ့ကို ကြည့်ကာ...
"မင်း..."
"Utopia က တကယ်ရှိတယ်..."
အခြားသူတစ်ယောက်ဆိုလျှင်တော့ စေသည် ရူးနေသည်ဟု ထင်နိုင်သော်လည်း နီစွေးသည် စေ့အကြောင်းကို ကောင်းကောင်းသိသူမို့ သူ အံ့အားသင့်စွာသာ စေ့ကိုကြည့်သည်။
"ထားပါ... Utopia အကြောင်း မင်းသိချင်ရင် ငါ့ကို ဆက်သွယ်နိုင်တယ်... တစ်စုံတစ်ယောက်က ငါတို့ပြောနေတာတွေကို ကောင်းကောင်းကြားနိုင်တယ်လေ..."
စေ့ နှုတ်ခမ်းပါးတို့သည် ကော့ညွှတ်လျက်။ ခွက်ကို အကုန်ကောက်မော့ပြီးနောက် စေသည် ထရပ်ကာ နီစွေး၏ ပခုံးကို အသာပုတ်သည်။
"ငါသွားတော့မယ်... ကလပ်က ဆူညံလွန်းတာမို့ ငါ့အာရုံကို ပျက်ပြားစေတယ်..."
ထွက်သွားသည့် စေ့စကားတို့က သူ့လျှို့ဝှက်ချက်ကို သိနေသလို ဖြေရှင်းရမည့် နည်းလမ်းကိုလည်း သိနေသည်ဆိုသည့် ခံစားချက်ကြောင့် နီစွေး တွေဝေစွာဖြင့် စေ့ကျောပြင်ကို ကြည့်သည်။ ထို့နောက် သူ့ကို ကြည့်နေသည့် မျက်လုံးပြာများထံအကြည့်ရောက်၏။ ထိုကောင်လေးသည် သူတို့နှစ်ဦး၏ စကားကို ကောင်းစွာကြားနိုင်သည်ကို သူကောင်းစွာသိသည်။ ထိုကောင်လေး၏ ပြာလဲ့သော မျက်ဝန်းတို့က ဖျော့တော့နေ၏။
~~~~~~~~~~