Zawgyi
"သူက ဘယ္လိုမ်ိဳး ကမ႓ာကူးေျပာင္းလာတာလဲ... ငါေလးရဲ႕ အရမ္းကို ထက္ျမက္တဲ့ ဦးေႏွာက္ေလးစဥ္းစားစမ္းပါ..."
ကြန္ပ်ဴတာေရွ႕ဒူးႏွစ္လံုးေထာင္။ ေဘာင္းဘီတိုဝတ္ထားသျဖင့္ တရုတ္စပ္ျမန္မာေကာင္ေလး ျဖစ္ေသာေၾကာင့္ သူ႔ဒူးလံုးလံုးတို႔က အသဲယားခ်င္စဖြယ္ျဖဴဝင္းလ်က္။ ဒူးေထာင္ထိုင္ထားမႈေၾကာင့္ ဒူးဖံုးေဘာင္းဘီအတိုသည္ လိပ္တက္ကာ ေပါင္ေဖြးေဖြးသြယ္သြယ္တို႔သည္ အခန္းတြင္းတြင္ အတူရိွေနသည့္ တစ္စံုတစ္ေယာက္၏ အၾကည့္တို႔ကို ဖမ္းစားထားေလ၏။
နဂိုတည္းက ပါးလ်သည့္ ခႏၶာကိုယ္ကိုပိုင္ဆိုင္သည့္ နီေစြး၏ ေပါင္လံုးသည္ တုတ္တစ္မေန။ တရုတ္ျမန္မာကျပားမို႔ အသားအရည္သည္ျဖဴဝင္းၿပီး တရုတ္မဆန္ေသာ မ်က္လံုးဝိုင္းဝိုင္းေလးမ်ားကိုလည္း ပိုင္ဆိုင္ထားေသးသည္။ ေယာက်ာ္းေလးျဖစ္ေသာ္လည္း က်ားေဟာ္မုန္းနည္း၍ပဲလားမသိ သူ႔ေျခသလံုးေမႊးတို႔သည္ နည္းနည္းႏွင့္က်ဲက်ဲသာ။
ဒူးဖံုးကာတြန္းေဘာင္းဘီဝတ္ကာ အေရာင္ညစ္ညစ္အက်ီ ၤျဖဴကိုဝတ္ထားသည့္ နီေစြး၏ အေပၚဝတ္သည္ စြပ္က်ယ္သားျဖစ္ေနသျဖင့္ ေရေလ်ွာ္ပါမ်ား၍ ေပါက္သည့္ေနရာက ေပါက္ေနၿပီ။ ပခံုးနားတြင္ အေပါက္က်ယ္က်ယ္ျဖစ္ေနသည့္ ေနရာကိုၾကည့္ၿပီး Vincent မီးပူတုိက္ၿပီးသား အဝတ္တုိ႔ကိုထည့္ရန္ အဝတ္ဘီရိုထံသို႔ ဦးတည္ေနရင္းမွ နီေစြးအနီးေလွ်ာက္၏။ လက္တစ္ဖက္တြင္ မီးပူတုိက္သည့္ အသင့္ေခါက္ၿပီး အက်ီ ၤမ်ားကို ကိုင္ထားကာ တစ္ဖက္လက္မွ အက်ီ ၤအေပါက္ထဲ လက္ေခ်ာင္းထည့္ရင္း...
"တကယ္ဆုိ ဒီအက်ီ ၤကေဟာင္းေနၿပီ မဝတ္သင့္ေတာ့ဘူးေလ... ဘာလုိ႔ ဝတ္ေနေသးတာလဲ..."
ပခံုးသားျဖဴျဖဴကို သူ အရာထင္ေအာင္ လုပ္ခ်င္စိတ္ကို ထိန္းခ်ဳပ္ကာ အက်ီ ၤေပါက္ကို သူ လက္ညိဳးျဖင့္ ကေလာ္ေနေတာ့...
"မင္း အက်ီ ၤေပါက္ေနတယ္ဆိုလည္း ပိုျပဲေအာင္မလုပ္နဲ႔ေလ..."
ေငါက္ငမ္းသည့္စကားျဖစ္ေသာ္လည္း အသံသာ မမာထန္ေန။ Vincent အက်ီ ၤေပါက္ကို ခပ္တည္တည္ပိုျပဲေအာင္လုပ္ေတာ့ ပခံုးေအာက္အနားအသားဝင္းဝင္းကို ထပ္ျမင္လာရသျဖင့္ သူျပံဳး၏။ အကယ္၍ သူ အရာထင္ေအာင္လုပ္လွ်င္... ျဖဴဝင္းသည့္ အသားအရည္ထက္တြင္ သူ႔ သေကၤတလုပ္မႈက ထင္းလင္းေနေပလိမ့္မည္။ သူ နီေစြး၏ ပခံုးသားဝင္းဝင္းကို ကိုက္ခ်င္သည္။
"ေတာ္ေတာ့ ငါ့ကို ကိုက္ခ်င္ေနတဲ့အၾကံကို ရပ္စမ္းပါ..."
စံုလည္ထိုင္ခံုကို လွည့္ၿပီး သူ႔မ်က္ႏွာကို တည့္တည့္ၾကည့္ေျပာလာသည့္ နီေစြးကို သူ အရည္ထူစြာၾကည့္၏။ မည္းေမွာင္ေနသည့္ ကြန္ပ်ဴတာ ဖန္သားျပင္ကို လက္ညိဳးျပန္လွည့္ထိုးျပရင္း သူ႔ဘက္ျပန္လွည့္လာသည့္ နီေစြး။ ဒီစံုလည္ကုလားထိုင္ေလးဟာ နီေစြးအတြက္ ေဆာ့စရာတစ္ခုအလား။ အပ်င္းႀကီးသည့္ နီေစြးႏွင့္လုိက္ဖက္လြန္းသည္။
"မင္းရဲ႕ စားခ်င္ဝါးခ်င္ေနတဲ့ ရုပ္ႀကီးက မျမင္ရဘူးဆိုေတာ့..."
ကြ်န္ေတာ္စားခ်င္ဝါးခ်င္ေနတာကို နီေစြးက ခြင့္ျပဳမွာလားဟု သူ ေမးခ်င္ေသာ္လည္း Vincent ဆုိသည့္ သူသည္ နီေစြး၏ သားေတာ္ေမာင္မို႔ ငလည္ေကာင္ေလးတစ္ေယာက္သာ။ အျငင္းခံရမည့္ ေမးခြန္းမ်ိဳးကို သူ ေမးလိမ့္မည္မဟုတ္။
"ေနာက္ၿပီး စုတ္ျပတ္ေနတဲ့ အိမ္ေနရင္းအက်ီ ၤေတြက အပူသက္သာတယ္..."
"ကြ်န္ေတာ္ ဒီတစ္ေခါက္ေလွ်ာ္ရင္ လႊင့္ပစ္လုိက္မွာ... ဒါမွမဟုတ္ မီးဖိုခန္း လက္ႏီွးစုတ္လုပ္လုိက္ေတာ့မယ္..."
"ဟာ ငါ့ရဲ႕အႀကိဳက္ဆံုး အက်ီ ၤအေဟာင္းေလးကို မလုပ္ရပါဘူး!"
ထေအာ္လာသည့္ နီေစြးကိုၾကည့္ၿပီး Vincent ရယ္၏။ မိႈပြင့္သ႑ာန္ဆံပင္လံုးလံုးေလးကို လက္ျဖင့္ဖြရင္း...
"ကြ်န္ေတာ္က အဝတ္ေလွ်ာ္မီးပူတိုက္တဲ့သူေလ... နီေစြးဘာသာ လုပ္တာမွမဟုတ္တာ..."
နီေစြး သူ႔ေခါင္းကို အငယ္ေကာင္မွ ကိုင္ျခင္းကိုပင္ အာရံုမရႏိုင္ရွာ။ သူ႔ အဝတ္ေဟာင္းေလး လက္ႏီွးစုတ္လုပ္ခံရမည့္အေရးကို ေတြးပူကာ...
"မလုပ္နဲ႔ေနာ္... ငါ့ အႀကိဳက္ဆံုးအက်ီ ၤေလးကို..."
နီေစြးရဲ႕အႀကိဳက္ဆံုးမို႔ လုပ္ခ်င္တာဟု Vincent မေျပာ။ သူ ျပံဳးစိစိျဖင့္သာ နီေစြးကိုၾကည့္သည္။ သူလုပ္ရမည့္ စာရင္းတြင္ ထိုအက်ီ ၤသည္ လက္ႏီွးစုတ္အျဖစ္ပင္ ေနခြင့္မရႏိုင္ေတာ့။ အမိႈက္ပံုးထဲသို႔ ဝဲပစ္မည္ဟု သူ ေတးမွတ္လုိက္ေတာ့သည္။ ရုပ္ဝတၳဳေလးပင္ျဖစ္ေစကာမူ နီေစြး၏ အႏွစ္သက္ဆံုး ျဖစ္ေနျခင္းကို သူ ခြင့္မျပဳခ်င္။ သနားစရာ အက်ီ ၤစုတ္ေလး၏ ကံတရားကို စိတ္ထဲတြင္စီမံေနသည့္ Vincent အၾကံအစည္ကို နီေစြးသည္ မသိပါေခ်။
"လုပ္ရင္ ဘာျဖစ္လဲ..."
ျပံဳးစစမ်က္ႏွာျဖင့္ သူ စေနာက္စကားဆုိေတာ့ နီေစြးသည္ စိတ္ဆုိးသည္ဆိုသည့္ မ်က္ႏွာျဖင့္ သူ႔ကိုၾကည့္ကာ...
"ငါ စိတ္ဆိုးမွာ..."
"ဒါေပမဲ့ အဝတ္စုတ္ေတြက မဝတ္ေနသင့္ဘူး..."
"အဝတ္စုတ္ေတြက ေအးပါတယ္ဆိုေန..."
"ပူရင္ အဲကြန္းဖြင့္..."
"အဲကြန္းက မီတာတက္တယ္..."
တစ္ခြန္းမခံျပန္ေျပာေနသည့္ နီေစြးကိုၾကည့္ၿပီး Vincent စိတ္ထဲတြင္ အဝတ္ကို ယခုပင္ ျဖဲပစ္ခ်င္စိတ္ေပၚလာေတာ့သည္။ ဒီအဝတ္စုတ္ေလးကို နီေစြးက ဘာလုိ႔ ခုခံေပးေနရတာလဲ။ သူ က်ိန္းေသေပါက္ လႊင့္ပစ္မည္။
"ကြ်န္ေတာ္ အဝတ္သြားထည့္ေတာ့မယ္..."
"ပစ္ရင္ ငါ မင္းကို စကားမေျပာဘဲေနမွာေနာ္..."
ေက်ာခုိင္းကာ အဝတ္ဘီရိုထဲ အဝတ္ထည့္ေနသည့္ Vincent မ်က္ႏွာတည္ေနရင္းမွ ျပံဳးမိရသည္။ ဒါ ဘယ္လိုၿခိမ္းေျခာက္မႈႀကီးမ်ားလဲ။ အျပံဳးသည္ သူ႔မ်က္ႏွာထက္တြင္မၾကာရွည္။ ကြန္ပ်ဴတာဘက္ျပန္လွည့္ကာ တေတာက္ေတာက္လုပ္ေနသည့္ နီေစြးကို သူ အေနာက္မွ လွမ္းၾကည့္သည္။ ထို႔ေနာက္ ေန႔လည္စာျပင္ရန္ မီးဖိုခန္းသို႔ဝင္၏။
နီေစြးသည္ စားခါနီးပူပူေလာင္ေလာင္ေၾကာ္သည့္ အရြက္ေၾကာ္ကို ပိုႏွစ္သက္သည္မို႔ သူကန္စြန္းရြက္ သင္ေနရင္းမွ ေအးစက္စြာေရရြတ္သည္။
"သူ ငါ့ကို ျပန္ပို႔ဖို႔နည္းလမ္းရွာေနတယ္..."
အက်ီ ၤျပဲကို သြားဆြေနျခင္းသည္ နီေစြးအာရံုပ်က္ေအာင္ရည္ရြယ္ေသာ္လည္း သူ တခဏသာ လုပ္လုိက္ႏိုင္၏။ သူ သက္ျပင္းေမာကိုရိႈက္ရင္း သူ႔ လည္တုိင္ထက္ရိွ ဆြဲျပားကို သတိရသြားသည္။ သူ ေျပာ၍မျဖစ္။ နီေစြးကို သူ႔အသက္ႏွင့္ပတ္သက္သည့္ အရာတစ္ခုကို ေျပာျပ၍မျဖစ္။ နီေစြးသိသြားလွ်င္ နည္းလမ္းတစ္ခုမရသြားဘူးဟု သူ မေျပာႏိုင္။
"လူေတြက ကိုယ္ခ်စ္တဲ့သူကို ကိုယ့္နားမွာပဲေနေစခ်င္ၾကတယ္..."
သူတုိ႔ စစ္အတူတုိက္တုန္းက သူယံုၾကည္ရသည့္ ေနာက္လုိက္ေကာင္ေလးတစ္ဦး၏ စကား။ ထိုေကာင္ေလးသည္ အေမွာင္ထုထဲက်ဆံုးသြားခဲ့သည္။ ထို႔ေနာက္ သူ ထိုေကာင္ေလးကို သတ္ပစ္လုိက္ရသည္။ ထိုေကာင္ေလး အေမွာင္ထုထဲက်ဆုံးသြားရျခင္း အေၾကာင္းတရားခံက ထိုေကာင္ေလး ခ်စ္ေသာသူသည္ သူ႔အနားတြင္မရိွေတာ့၍။
"သူေရာ... ငါ့ကိုခ်စ္သြားမယ္ဆုိရင္ အခုလိုမ်ိဳး မလုပ္ေလာက္ေတာ့ဘူးမဟုတ္လား..."
ထိုစကားကိုေရရြတ္လုိက္ခ်ိန္တြင္ သူ႔မ်က္စံသည္နီရဲကာ သူငယ္အိမ္သည္ မေကာင္းဆုိးဝါးတစ္ေကာင္၏ သူငယ္အိမ္အလား ေဒါင္လုိက္ျဖစ္ေနခဲ့သည္။
>>>>>Schmaltz<<<<<
နီေစြးမွာေတာ့ သူ႔ေခြးဝါေလး၏ မည္းေမွာင္ေနသည့္ စိတ္အေျခအေနကို မသိလုိက္ရွာ။ သူ႔မွာ Transmigration ျဖစ္ႏိုင္သည့္အေျခအေနတုိ႔ကို လုိက္ဖတ္ရင္းအလုပ္မ်ားေနရွာသည္။ မ်ားေသာအားျဖင့္ ဝတၳဳေတာ္ေတာ္မ်ားမ်ားတြင္ပါသည္က မေတာ္တဆမႈတစ္ခုျဖစ္ပြားျခင္းက သူတို႔ကို ကမၻာကူးေျပာင္းေစျခင္း။ Trickster တစ္ေယာက္မွ ျဗဳန္းဆုိ Portal လိုကမၻာကူးတံခါးဖြင့္ေပးလိုက္ျခင္းသည္ကို မေတာ္တဆမႈဟု သတ္မွတ္၍မရသျဖင့္ သူ ေခါင္းအေတာ္ကိုက္ေနရွာသည္။
ေနာက္ၿပီး Vincent ေရာက္လာသည္က ဇာတ္သိမ္းၿပီးမွဆုိ၍ ဇာတ္လမ္းကို ေျပာင္းရန္ ရည္ရြယ္ခ်က္ျဖင့္ Trickster ဆုိသည့္ ငနဲသားသည္ ပို႔လုိက္ျခင္းေတာ့ မျဖစ္တန္ရာ။ သူ ေခါင္းကို တဗ်င္းဗ်င္းကုတ္ကာ ေထာင္ထားသည့္ သူ႔ ဒူးေပၚကို ေမးတင္ေလ၏။
"အား ေခါင္းစားဖို႔ေကာင္းလုိက္တာ..."
သူ အေျဖရွာမရသည့္ ပုစၦာကို မည္သူ႔ကို မဲရမည္လဲဟု စဥ္းစားေနခ်ိန္တြင္ ေတာင္ခနဲ တက္လာသည့္ Notificaton တစ္ခု။
ယုယ : ကိုနီေစြး ညီမ စာမူအၾကမ္းကို ျပန္ျပင္ၿပီးတာကို Mail ပို႔ထားတယ္ေနာ္... ျပန္ဖတ္ၾကည့္ပါဦး...
သူမ၏ Message ေၾကာင့္ သူ Mail ျပန္ဖြင့္ကာ စာမူဖုိင္ကို Download ျပန္ဆြဲေလ၏။ Download ျပန္ဆြဲခ်ိန္တြင္ ထပ္တက္လာသည့္ Notification တစ္ခု။
ခ်ီးကား : ဒီမွာ မင္းကာဗာဒီဇိုင္း...
သူရိန္သည္ Graphic Designer တစ္ဦး။ သူ၏ ေခ်းမ်ားမႈကို သည္းခံႏုိင္သည့္ တစ္ေယာက္တည္းေသာ သူ။ သူ ကာဗာကိုၾကည့္ကာ...
ဘဝင္ရူး : အင္း... ဒါေပမဲ့ အေရာင္ႀကီးက... ငါတုိ႔ Element အသားေပး ကာဗာပဲလုပ္ရေအာင္... အားေန လူ Figure ႀကီးေတြက ဒိတ္ေအာက္ေနၿပီ...
ခ်ီးကား : Element က...
ဘဝင္ရူး : ဓားက်ိဳးေနတာ...
ခ်ီးကား : အေရာင္...
ဘဝင္ရူး : ဓားကို ေငြေရာင္ေတာက္ေတာက္ အေနာက္က မႈန္မိႈင္းေနတာမ်ိဳး...
ခ်ီးကား : အင္း ငါဆြဲၾကည့္လိုက္မယ္ ေသခ်င္းဆုိးေကာင္ ေခ်းကိုမ်ားတယ္...
ဟိုေခ်းမ်ား ဒီေခ်းမ်ားျဖင့္ သူရိန္ကို သူ ေစာဒကတက္ေတာ့ သူရိန္၏ ေသခ်င္းဆုိးဟု အဆဲခံရၿပီးေနာက္ သူ႔ဒီဇိုင္းကို ထပ္ျပင္ရန္ လစ္သြားသည္ကို ၾကည့္ၿပီး သူ စပ္ၿဖီးၿဖီးျဖစ္သြားသည္။ တကယ္ေတာ့ ခ်ီးကား၏ ဒီဇိုင္းက မလွ၍မဟုတ္ဘဲ သူ စိတ္မၾကည္သျဖင့္ ရစ္ခ်င္ေန၍။ သူ႔ရစ္မႈက မထင္မွတ္ဘဲ သူ႔ကာဗာဒီဇိုင္းပိုလွသြားေစခဲ့သည္။
ရင္လူးေဆး : GP Chat ကုိ သနားေသာ အားျဖင့္ မင္းတုိ႔ရဲ႕ အလုပ္ကိစၥေတြ မေျပာလုိ႔မရဘူးလား...
ဘဝင္ရူး : သူ႔ ကာဗာဒီဇိုင္းစေကးကို မင္းတို႔ကိုလည္း သူ ၾကြားခ်င္ေသးတာကိုး...
ရင္လူးေဆး : စိတ္ပိန္လုိက္တာ...
သူမ်ားကို ေျပာဆုိဒုကၡေပးၿပီးေနာက္ သူ႔စိတ္အေျခအေနေလးသည္ အေတာ္ေလး ေကာင္းသြားေလ၏။ အက်င့္မေကာင္းသည္ပဲဆုိဆုိ သူ႔သူငယ္ခ်င္းမ်ားကို စိတ္ဒုကၡအနည္းငယ္ေပးလုိက္ရျခင္းသည္ သူ႔ကို စိတ္လက္ၾကည္သာေစသည္။ နီေစြးအနည္းငယ္ စိတ္လက္ေပါ့ပါးသြားကာ အေၾကာင္းအရာတုိ႔ကို ဆက္လက္ရွာေဖြေနလုိက္၏။
"နီေစြး ေန႔လည္စာ စားလို႔ရၿပီ..."
အခန္းဝမွ လွမ္းေျပာသည့္ Vincent ကုိၾကည့္ၿပီး သူေခါင္းညိတ္၏။
"လာၿပီ..."
ကြန္ပ်ဴတာကို ထားကာ သူ ထြက္လာေတာ့ Vincent သည္ သူ႔ကို မ်က္လံုးျပာျပာမ်ားျဖင့္ ႏွစ္လုိစြာၾကည့္လာ၏။ တစ္ခုခုကို ေမွ်ာ္လင့္ေနသည့္ မ်က္ဝန္းမ်ားေၾကာင့္ သူ ေၾကာင္အကာ Vincent ကို ၾကည့္သည္။ ဒီေကာင္ေလးက သူ႔ဆီက ဘာမ်ားလိုခ်င္လို႔လဲဟု စဥ္းစားၿပီးမွ သူ႔ ဟင္းခ်က္ထားမႈကို ခ်ီးက်ဴးခံခ်င္ေနသည္ဟု သူ ယူဆလုိက္ကာ Vincent ေခါင္းကို ေျခဖ်ားေထာက္ရင္း မမီွမကမ္း ပြတ္ေပးကာ...
"ေတာ္တယ္... ေတာ္တယ္..."
သခင္၏ မိမိေခြးကို ေခ်ာ့ျမဴျခင္းျဖင့္ ေခ်ာ့ျမဴၿပီးေနာက္ သူ ထမင္းစား စားပြဲသို႔ ေရွ႕မွ ထြက္သြားေလ၏။ ဦးေႏွာက္ကို အလုပ္ေပးရျခင္းသည္ သင့္ဗိုက္ကို ဆာေလာင္ေစသည္ေလ။ သူ႔ေက်ာျပင္ကို ၾကည့္ေနသည့္ မ်က္ဝန္းျပာမ်ားသည္ အနီေရာင္အျဖစ္သို႔ ျပန္ေျပာင္းသြားသည္ကုိေတာ့ သူ မသိလုိက္ပါေလ။
ထို႔အျပင္ နီေစြးကိုယ္ေပၚရိွ အဝတ္ႏြမ္းကေလးသည္လည္း ေရခ်ိဳးရန္သူ အဝတ္ေလွ်ာ္ရန္ပံုးထဲ ပစ္ထည့္ၿပီးသည္ႏွင့္ အမိႈက္ပံုးထဲသို႔ တန္းေရာက္သြားခဲ့သည္ကိုလည္း သူ မသိလုိက္။ သူဟူသည္က ေျပာတုန္းကသာေျပာတာ ၿပီးလွ်င္ မ်က္လံုးထဲျမင္သည့္ဟာကိုသာ ေကာက္ဝတ္သည့္သူမို႔ သူ႔ အမိႈက္ပံုေရာက္ အက်ီ ၤေလးကို အခ်ိန္အေတာ္ၾကာ ေမ့ေပ်ာက္ထားေပသည္။
=================================
Unicode
"သူက ဘယ်လိုမျိုး ကမ္ဘာကူးပြောင်းလာတာလဲ... ငါလေးရဲ့ အရမ်းကို ထက်မြက်တဲ့ ဦးနှောက်လေးစဉ်းစားစမ်းပါ..."
ကွန်ပျူတာရှေ့ဒူးနှစ်လုံးထောင်။ ဘောင်းဘီတိုဝတ်ထားသဖြင့် တရုတ်စပ်မြန်မာကောင်လေး ဖြစ်သောကြောင့် သူ့ဒူးလုံးလုံးတို့က အသဲယားချင်စဖွယ်ဖြူဝင်းလျက်။ ဒူးထောင်ထိုင်ထားမှုကြောင့် ဒူးဖုံးဘောင်းဘီအတိုသည် လိပ်တက်ကာ ပေါင်ဖွေးဖွေးသွယ်သွယ်တို့သည် အခန်းတွင်းတွင် အတူရှိနေသည့် တစ်စုံတစ်ယောက်၏ အကြည့်တို့ကို ဖမ်းစားထားလေ၏။
နဂိုတည်းက ပါးလျသည့် ခန္ဓာကိုယ်ကိုပိုင်ဆိုင်သည့် နီစွေး၏ ပေါင်လုံးသည် တုတ်တစ်မနေ။ တရုတ်မြန်မာကပြားမို့ အသားအရည်သည်ဖြူဝင်းပြီး တရုတ်မဆန်သော မျက်လုံးဝိုင်းဝိုင်းလေးများကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ယောကျာ်းလေးဖြစ်သော်လည်း ကျားဟော်မုန်းနည်း၍ပဲလားမသိ သူ့ခြေသလုံးမွှေးတို့သည် နည်းနည်းနှင့်ကျဲကျဲသာ။
ဒူးဖုံးကာတွန်းဘောင်းဘီဝတ်ကာ အရောင်ညစ်ညစ်အကျီ ၤဖြူကိုဝတ်ထားသည့် နီစွေး၏ အပေါ်ဝတ်သည် စွပ်ကျယ်သားဖြစ်နေသဖြင့် ရေလျှော်ပါများ၍ ပေါက်သည့်နေရာက ပေါက်နေပြီ။ ပခုံးနားတွင် အပေါက်ကျယ်ကျယ်ဖြစ်နေသည့် နေရာကိုကြည့်ပြီး Vincent မီးပူတိုက်ပြီးသား အဝတ်တို့ကိုထည့်ရန် အဝတ်ဘီရိုထံသို့ ဦးတည်နေရင်းမှ နီစွေးအနီးလျှောက်၏။ လက်တစ်ဖက်တွင် မီးပူတိုက်သည့် အသင့်ခေါက်ပြီး အကျီ ၤများကို ကိုင်ထားကာ တစ်ဖက်လက်မှ အကျီ ၤအပေါက်ထဲ လက်ချောင်းထည့်ရင်း...
"တကယ်ဆို ဒီအကျီ ၤကဟောင်းနေပြီ မဝတ်သင့်တော့ဘူးလေ... ဘာလို့ ဝတ်နေသေးတာလဲ..."
ပခုံးသားဖြူဖြူကို သူ အရာထင်အောင် လုပ်ချင်စိတ်ကို ထိန်းချုပ်ကာ အကျီ ၤပေါက်ကို သူ လက်ညိုးဖြင့် ကလော်နေတော့...
"မင်း အကျီ ၤပေါက်နေတယ်ဆိုလည်း ပိုပြဲအောင်မလုပ်နဲ့လေ..."
ငေါက်ငမ်းသည့်စကားဖြစ်သော်လည်း အသံသာ မမာထန်နေ။ Vincent အကျီ ၤပေါက်ကို ခပ်တည်တည်ပိုပြဲအောင်လုပ်တော့ ပခုံးအောက်အနားအသားဝင်းဝင်းကို ထပ်မြင်လာရသဖြင့် သူပြုံး၏။ အကယ်၍ သူ အရာထင်အောင်လုပ်လျှင်... ဖြူဝင်းသည့် အသားအရည်ထက်တွင် သူ့ သင်္ကေတလုပ်မှုက ထင်းလင်းနေပေလိမ့်မည်။ သူ နီစွေး၏ ပခုံးသားဝင်းဝင်းကို ကိုက်ချင်သည်။
"တော်တော့ ငါ့ကို ကိုက်ချင်နေတဲ့အကြံကို ရပ်စမ်းပါ..."
စုံလည်ထိုင်ခုံကို လှည့်ပြီး သူ့မျက်နှာကို တည့်တည့်ကြည့်ပြောလာသည့် နီစွေးကို သူ အရည်ထူစွာကြည့်၏။ မည်းမှောင်နေသည့် ကွန်ပျူတာ ဖန်သားပြင်ကို လက်ညိုးပြန်လှည့်ထိုးပြရင်း သူ့ဘက်ပြန်လှည့်လာသည့် နီစွေး။ ဒီစုံလည်ကုလားထိုင်လေးဟာ နီစွေးအတွက် ဆော့စရာတစ်ခုအလား။ အပျင်းကြီးသည့် နီစွေးနှင့်လိုက်ဖက်လွန်းသည်။
"မင်းရဲ့ စားချင်ဝါးချင်နေတဲ့ ရုပ်ကြီးက မမြင်ရဘူးဆိုတော့..."
ကျွန်တော်စားချင်ဝါးချင်နေတာကို နီစွေးက ခွင့်ပြုမှာလားဟု သူ မေးချင်သော်လည်း Vincent ဆိုသည့် သူသည် နီစွေး၏ သားတော်မောင်မို့ ငလည်ကောင်လေးတစ်ယောက်သာ။ အငြင်းခံရမည့် မေးခွန်းမျိုးကို သူ မေးလိမ့်မည်မဟုတ်။
"နောက်ပြီး စုတ်ပြတ်နေတဲ့ အိမ်နေရင်းအကျီ ၤတွေက အပူသက်သာတယ်..."
"ကျွန်တော် ဒီတစ်ခေါက်လျှော်ရင် လွှင့်ပစ်လိုက်မှာ... ဒါမှမဟုတ် မီးဖိုခန်း လက်နှီးစုတ်လုပ်လိုက်တော့မယ်..."
"ဟာ ငါ့ရဲ့အကြိုက်ဆုံး အကျီ ၤအဟောင်းလေးကို မလုပ်ရပါဘူး!"
ထအော်လာသည့် နီစွေးကိုကြည့်ပြီး Vincent ရယ်၏။ မှိုပွင့်သဏ္ဍာန်ဆံပင်လုံးလုံးလေးကို လက်ဖြင့်ဖွရင်း...
"ကျွန်တော်က အဝတ်လျှော်မီးပူတိုက်တဲ့သူလေ... နီစွေးဘာသာ လုပ်တာမှမဟုတ်တာ..."
နီစွေး သူ့ခေါင်းကို အငယ်ကောင်မှ ကိုင်ခြင်းကိုပင် အာရုံမရနိုင်ရှာ။ သူ့ အဝတ်ဟောင်းလေး လက်နှီးစုတ်လုပ်ခံရမည့်အရေးကို တွေးပူကာ...
"မလုပ်နဲ့နော်... ငါ့ အကြိုက်ဆုံးအကျီ ၤလေးကို..."
နီစွေးရဲ့အကြိုက်ဆုံးမို့ လုပ်ချင်တာဟု Vincent မပြော။ သူ ပြုံးစိစိဖြင့်သာ နီစွေးကိုကြည့်သည်။ သူလုပ်ရမည့် စာရင်းတွင် ထိုအကျီ ၤသည် လက်နှီးစုတ်အဖြစ်ပင် နေခွင့်မရနိုင်တော့။ အမှိုက်ပုံးထဲသို့ ဝဲပစ်မည်ဟု သူ တေးမှတ်လိုက်တော့သည်။ ရုပ်ဝတ္ထုလေးပင်ဖြစ်စေကာမူ နီစွေး၏ အနှစ်သက်ဆုံး ဖြစ်နေခြင်းကို သူ ခွင့်မပြုချင်။ သနားစရာ အကျီ ၤစုတ်လေး၏ ကံတရားကို စိတ်ထဲတွင်စီမံနေသည့် Vincent အကြံအစည်ကို နီစွေးသည် မသိပါချေ။
"လုပ်ရင် ဘာဖြစ်လဲ..."
ပြုံးစစမျက်နှာဖြင့် သူ စနောက်စကားဆိုတော့ နီစွေးသည် စိတ်ဆိုးသည်ဆိုသည့် မျက်နှာဖြင့် သူ့ကိုကြည့်ကာ...
"ငါ စိတ်ဆိုးမှာ..."
"ဒါပေမဲ့ အဝတ်စုတ်တွေက မဝတ်နေသင့်ဘူး..."
"အဝတ်စုတ်တွေက အေးပါတယ်ဆိုနေ..."
"ပူရင် အဲကွန်းဖွင့်..."
"အဲကွန်းက မီတာတက်တယ်..."
တစ်ခွန်းမခံပြန်ပြောနေသည့် နီစွေးကိုကြည့်ပြီး Vincent စိတ်ထဲတွင် အဝတ်ကို ယခုပင် ဖြဲပစ်ချင်စိတ်ပေါ်လာတော့သည်။ ဒီအဝတ်စုတ်လေးကို နီစွေးက ဘာလို့ ခုခံပေးနေရတာလဲ။ သူ ကျိန်းသေပေါက် လွှင့်ပစ်မည်။
"ကျွန်တော် အဝတ်သွားထည့်တော့မယ်..."
"ပစ်ရင် ငါ မင်းကို စကားမပြောဘဲနေမှာနော်..."
ကျောခိုင်းကာ အဝတ်ဘီရိုထဲ အဝတ်ထည့်နေသည့် Vincent မျက်နှာတည်နေရင်းမှ ပြုံးမိရသည်။ ဒါ ဘယ်လိုခြိမ်းခြောက်မှုကြီးများလဲ။ အပြုံးသည် သူ့မျက်နှာထက်တွင်မကြာရှည်။ ကွန်ပျူတာဘက်ပြန်လှည့်ကာ တတောက်တောက်လုပ်နေသည့် နီစွေးကို သူ အနောက်မှ လှမ်းကြည့်သည်။ ထို့နောက် နေ့လည်စာပြင်ရန် မီးဖိုခန်းသို့ဝင်၏။
နီစွေးသည် စားခါနီးပူပူလောင်လောင်ကြော်သည့် အရွက်ကြော်ကို ပိုနှစ်သက်သည်မို့ သူကန်စွန်းရွက် သင်နေရင်းမှ အေးစက်စွာရေရွတ်သည်။
"သူ ငါ့ကို ပြန်ပို့ဖို့နည်းလမ်းရှာနေတယ်..."
အကျီ ၤပြဲကို သွားဆွနေခြင်းသည် နီစွေးအာရုံပျက်အောင်ရည်ရွယ်သော်လည်း သူ တခဏသာ လုပ်လိုက်နိုင်၏။ သူ သက်ပြင်းမောကိုရှိုက်ရင်း သူ့ လည်တိုင်ထက်ရှိ ဆွဲပြားကို သတိရသွားသည်။ သူ ပြော၍မဖြစ်။ နီစွေးကို သူ့အသက်နှင့်ပတ်သက်သည့် အရာတစ်ခုကို ပြောပြ၍မဖြစ်။ နီစွေးသိသွားလျှင် နည်းလမ်းတစ်ခုမရသွားဘူးဟု သူ မပြောနိုင်။
"လူတွေက ကိုယ်ချစ်တဲ့သူကို ကိုယ့်နားမှာပဲနေစေချင်ကြတယ်..."
သူတို့ စစ်အတူတိုက်တုန်းက သူယုံကြည်ရသည့် နောက်လိုက်ကောင်လေးတစ်ဦး၏ စကား။ ထိုကောင်လေးသည် အမှောင်ထုထဲကျဆုံးသွားခဲ့သည်။ ထို့နောက် သူ ထိုကောင်လေးကို သတ်ပစ်လိုက်ရသည်။ ထိုကောင်လေး အမှောင်ထုထဲကျဆုံးသွားရခြင်း အကြောင်းတရားခံက ထိုကောင်လေး ချစ်သောသူသည် သူ့အနားတွင်မရှိတော့၍။
"သူရော... ငါ့ကိုချစ်သွားမယ်ဆိုရင် အခုလိုမျိုး မလုပ်လောက်တော့ဘူးမဟုတ်လား..."
ထိုစကားကိုရေရွတ်လိုက်ချိန်တွင် သူ့မျက်စံသည်နီရဲကာ သူငယ်အိမ်သည် မကောင်းဆိုးဝါးတစ်ကောင်၏ သူငယ်အိမ်အလား ဒေါင်လိုက်ဖြစ်နေခဲ့သည်။
>>>>>Schmaltz<<<<<
နီစွေးမှာတော့ သူ့ခွေးဝါလေး၏ မည်းမှောင်နေသည့် စိတ်အခြေအနေကို မသိလိုက်ရှာ။ သူ့မှာ Transmigration ဖြစ်နိုင်သည့်အခြေအနေတို့ကို လိုက်ဖတ်ရင်းအလုပ်များနေရှာသည်။ များသောအားဖြင့် ဝတ္ထုတော်တော်များများတွင်ပါသည်က မတော်တဆမှုတစ်ခုဖြစ်ပွားခြင်းက သူတို့ကို ကမ္ဘာကူးပြောင်းစေခြင်း။ Trickster တစ်ယောက်မှ ဗြုန်းဆို Portal လိုကမ္ဘာကူးတံခါးဖွင့်ပေးလိုက်ခြင်းသည်ကို မတော်တဆမှုဟု သတ်မှတ်၍မရသဖြင့် သူ ခေါင်းအတော်ကိုက်နေရှာသည်။
နောက်ပြီး Vincent ရောက်လာသည်က ဇာတ်သိမ်းပြီးမှဆို၍ ဇာတ်လမ်းကို ပြောင်းရန် ရည်ရွယ်ချက်ဖြင့် Trickster ဆိုသည့် ငနဲသားသည် ပို့လိုက်ခြင်းတော့ မဖြစ်တန်ရာ။ သူ ခေါင်းကို တဗျင်းဗျင်းကုတ်ကာ ထောင်ထားသည့် သူ့ ဒူးပေါ်ကို မေးတင်လေ၏။
"အား ခေါင်းစားဖို့ကောင်းလိုက်တာ..."
သူ အဖြေရှာမရသည့် ပုစ္ဆာကို မည်သူ့ကို မဲရမည်လဲဟု စဉ်းစားနေချိန်တွင် တောင်ခနဲ တက်လာသည့် Notificaton တစ်ခု။
ယုယ : ကိုနီစွေး ညီမ စာမူအကြမ်းကို ပြန်ပြင်ပြီးတာကို Mail ပို့ထားတယ်နော်... ပြန်ဖတ်ကြည့်ပါဦး...
သူမ၏ Message ကြောင့် သူ Mail ပြန်ဖွင့်ကာ စာမူဖိုင်ကို Download ပြန်ဆွဲလေ၏။ Download ပြန်ဆွဲချိန်တွင် ထပ်တက်လာသည့် Notification တစ်ခု။
ချီးကား : ဒီမှာ မင်းကာဗာဒီဇိုင်း...
သူရိန်သည် Graphic Designer တစ်ဦး။ သူ၏ ချေးများမှုကို သည်းခံနိုင်သည့် တစ်ယောက်တည်းသော သူ။ သူ ကာဗာကိုကြည့်ကာ...
ဘဝင်ရူး : အင်း... ဒါပေမဲ့ အရောင်ကြီးက... ငါတို့ Element အသားပေး ကာဗာပဲလုပ်ရအောင်... အားနေ လူ Figure ကြီးတွေက ဒိတ်အောက်နေပြီ...
ချီးကား : Element က...
ဘဝင်ရူး : ဓားကျိုးနေတာ...
ချီးကား : အရောင်...
ဘဝင်ရူး : ဓားကို ငွေရောင်တောက်တောက် အနောက်က မှုန်မှိုင်းနေတာမျိုး...
ချီးကား : အင်း ငါဆွဲကြည့်လိုက်မယ် သေချင်းဆိုးကောင် ချေးကိုများတယ်...
ဟိုချေးများ ဒီချေးများဖြင့် သူရိန်ကို သူ စောဒကတက်တော့ သူရိန်၏ သေချင်းဆိုးဟု အဆဲခံရပြီးနောက် သူ့ဒီဇိုင်းကို ထပ်ပြင်ရန် လစ်သွားသည်ကို ကြည့်ပြီး သူ စပ်ဖြီးဖြီးဖြစ်သွားသည်။ တကယ်တော့ ချီးကား၏ ဒီဇိုင်းက မလှ၍မဟုတ်ဘဲ သူ စိတ်မကြည်သဖြင့် ရစ်ချင်နေ၍။ သူ့ရစ်မှုက မထင်မှတ်ဘဲ သူ့ကာဗာဒီဇိုင်းပိုလှသွားစေခဲ့သည်။
ရင်လူးဆေး : GP Chat ကို သနားသော အားဖြင့် မင်းတို့ရဲ့ အလုပ်ကိစ္စတွေ မပြောလို့မရဘူးလား...
ဘဝင်ရူး : သူ့ ကာဗာဒီဇိုင်းစကေးကို မင်းတို့ကိုလည်း သူ ကြွားချင်သေးတာကိုး...
ရင်လူးဆေး : စိတ်ပိန်လိုက်တာ...
သူများကို ပြောဆိုဒုက္ခပေးပြီးနောက် သူ့စိတ်အခြေအနေလေးသည် အတော်လေး ကောင်းသွားလေ၏။ အကျင့်မကောင်းသည်ပဲဆိုဆို သူ့သူငယ်ချင်းများကို စိတ်ဒုက္ခအနည်းငယ်ပေးလိုက်ရခြင်းသည် သူ့ကို စိတ်လက်ကြည်သာစေသည်။ နီစွေးအနည်းငယ် စိတ်လက်ပေါ့ပါးသွားကာ အကြောင်းအရာတို့ကို ဆက်လက်ရှာဖွေနေလိုက်၏။
"နီစွေး နေ့လည်စာ စားလို့ရပြီ..."
အခန်းဝမှ လှမ်းပြောသည့် Vincent ကိုကြည့်ပြီး သူခေါင်းညိတ်၏။
"လာပြီ..."
ကွန်ပျူတာကို ထားကာ သူ ထွက်လာတော့ Vincent သည် သူ့ကို မျက်လုံးပြာပြာများဖြင့် နှစ်လိုစွာကြည့်လာ၏။ တစ်ခုခုကို မျှော်လင့်နေသည့် မျက်ဝန်းများကြောင့် သူ ကြောင်အကာ Vincent ကို ကြည့်သည်။ ဒီကောင်လေးက သူ့ဆီက ဘာများလိုချင်လို့လဲဟု စဉ်းစားပြီးမှ သူ့ ဟင်းချက်ထားမှုကို ချီးကျူးခံချင်နေသည်ဟု သူ ယူဆလိုက်ကာ Vincent ခေါင်းကို ခြေဖျားထောက်ရင်း မမှီမကမ်း ပွတ်ပေးကာ...
"တော်တယ်... တော်တယ်..."
သခင်၏ မိမိခွေးကို ချော့မြူခြင်းဖြင့် ချော့မြူပြီးနောက် သူ ထမင်းစား စားပွဲသို့ ရှေ့မှ ထွက်သွားလေ၏။ ဦးနှောက်ကို အလုပ်ပေးရခြင်းသည် သင့်ဗိုက်ကို ဆာလောင်စေသည်လေ။ သူ့ကျောပြင်ကို ကြည့်နေသည့် မျက်ဝန်းပြာများသည် အနီရောင်အဖြစ်သို့ ပြန်ပြောင်းသွားသည်ကိုတော့ သူ မသိလိုက်ပါလေ။
ထို့အပြင် နီစွေးကိုယ်ပေါ်ရှိ အဝတ်နွမ်းကလေးသည်လည်း ရေချိုးရန်သူ အဝတ်လျှော်ရန်ပုံးထဲ ပစ်ထည့်ပြီးသည်နှင့် အမှိုက်ပုံးထဲသို့ တန်းရောက်သွားခဲ့သည်ကိုလည်း သူ မသိလိုက်။ သူဟူသည်က ပြောတုန်းကသာပြောတာ ပြီးလျှင် မျက်လုံးထဲမြင်သည့်ဟာကိုသာ ကောက်ဝတ်သည့်သူမို့ သူ့ အမှိုက်ပုံရောက် အကျီ ၤလေးကို အချိန်အတော်ကြာ မေ့ပျောက်ထားပေသည်။
=================================