The Little Violin Is Crying...

By harley__robbie

329 49 58

Willam met Scarlett at Grade 10 but she was a new student who moved to William's school before the end of the... More

The little violin is crying

328 49 58
By harley__robbie

🎻တေယာေလး ငိုေနတယ္🎻


တစ္ခုေသာေဆာင္းရာသီနံနက္ခင္း၌ ႏွင္းမ်ားမက်ေသာ္လည္း ျမဴအံု႔ဆိုင္းလ်က္႐ွိသည္ ။

Ferryေပၚတြင္ စာႀကိဳးစားပမ္းစားက်က္ေနၾကေသာ Grade 10 ေက်ာင္းသူေက်ာင္းသားတို႔၏ ေနာက္ဆံုးစာေမးပြဲအတြက္ အားသြန္ခြန္ဆိုက္ စာက်က္သံမ်ားျဖင့္ဆူညံေန၏ ။

William ကေတာ့ဆူညံေနသည့္အခ်ိန္ေတြ စာက်က္လို႔မရသျဖင့္ ႀကိဳတင္အိမ္ကေနက်က္မွတ္ေလ့လာခဲ့သည္။

William ကဲ့သို႔ပင္ Ferryေပၚ႐ွိ တျခားေကာင္မေလးတစ္ေယာက္သည္လည္း စာက်က္မေနေပ။

ထိုေကာင္မေလးသည္ လြန္ခဲ့ေသာ၂လေက်ာ္ေလာက္မွ William တို႔ေက်ာင္းကို ေျပာင္းလာခဲ့ေသာေက်ာင္းသူသစ္ျဖစ္၏။

William တို႔Ferryကိုလဲ ထိုေကာင္မေလးသည္ မၾကာေသးခင္ကမွ ရုတ္တရက္စစီးခဲ့သည္။ မိဘမ်ားမွ ေက်ာင္းပို႔ေက်ာင္းႀကိဳအဆင္မေျပ မႈေၾကာင့္ျဖစ္ႏိုင္ေပသည္။

ထို႔ေၾကာင့္လဲ သူမႏွင့္မည္သူမ်ွမရင္းႏွီးေပ။

ယခုသူမသည္ William ရဲ႕ ဆန္႔က်င္ဘက္ျခမ္းတြင္ ထိုင္ေနသည္။

သူမသည္ အသားျဖဴသူတစ္ဦးျဖစ္ေပရာ သူမ၏လက္မွေသြးေၾကာစိမ္းေလးမ်ားကိုပင္ျမင္ေနရသည္။

အျပင္ဘက္ ေဆာင္းအ႐ွိန္၏အေအးႏွင့္ Ferryအတြင္း႐ွိ Air-Con အေအး႐ွိန္တို႔ေၾကာင့္ သူမ၏ပါးႏွစ္ဖက္ႏွင့္ႏွာေခါင္းေလးသည္ ပန္းႏုေရာင္တို႔ပင္သန္းေနသည္။

သူမ၏အညိဳေရာင္မ်က္လံုးမ်ားမွာ အေရာင္လဲ့ေနကာ မည္သူနဲ႔မွစကားမေျပာဘဲ ၿငိမ္ၿငိမ္ေလးထိုင္ေနပံုမွာ အခ်ိဳးအဆစ္က်စြာထုဆစ္ထားေသာေငြစင္ပန္းပု႐ုပ္ေလးတစ္႐ုပ္သဖြယ္ပင္။

ေက်ာင္းေ႐ွ႕သို႔ေရာက္ေသာအခါ ေကာင္မေလးအပါအဝင္ေက်ာင္းသားအားလံုးသည္ ကားေပၚမွဆင္း၍ေက်ာင္းထဲသို႔ ကိုယ္စီကိုယ္စီ ဝင္သြားၾကေလသည္။

William တစ္ေယာက္ႏွင့္ သူ၏သူငယ္ခ်င္း Justin သာေနာက္မွက်န္ခဲ့သည္။

"ေဟး သားႀကီး... ငါ့ေကာင္ မင္းမ႐ိုးဘူး။ မင္းအဲ့ေကာင္မေလးကို အျမဲတမ္း ေငးၾကည့္ေနပံုအရ မင္းသူ႔ကိုေႂကြေနၿပီမလား သားႀကီးရ။ သူေလးက လွေတာ့လွသား"

Justinမွ William အားစေနာက္ကာ ပခံုးသိုင္းဖက္လိုက္သည္။

"ဘယ္ကသာေႂကြရမွာလဲ။ မေႂကြပါဘူး။ ေပါက္ကရေတြမေျပာစမ္းနဲ႔ကြာ"

William ျပန္ျငင္းခဲ့ေသာ္လည္း သူ၏စိတ္ထဲတြင္ေတာ့ ေကာင္မေလးကိုသေဘာက်ေၾကာင္းႀကိတ္ဝန္ခံခဲ့သည္။

ဤသို႔ျဖင့္ ေနာက္ဆံုးစာေမးပြဲေျဖဆိုသည့္ရက္မ်ားအတြင္းသာ ထိုေကာင္မေလးကိုအျမဲတမ္းေငးၾကည့္ခိုးၾကည့္ခြင့္ရခဲ့သည္။

စာေမးပြဲေနာက္ဆံုးေျဖဆိုသည့္ရက္မွစ၍ ေႏြရာသီေက်ာင္းပိတ္ရက္ ၃လ လံုးလံုးခဏတာေဝးကြာခဲ့ရေလသည္။

ထို ၃ လအတြင္း ထိုေကာင္မေလး၏ ပံုရိပ္သည္Williamအာရံုအား ေန႔စဥ္စိုးမိုးထားခဲ့ေလသည္။

ေႏြ ၃ လသည္ကား တိုေတာင္းခဲ့၏။ မၾကာခင္ေက်ာင္းမ်ားျပန္ဖြင့္ခဲ့သည္။

ဤႏွစ္တြင္ William မွာ Grade 11ကိုတက္ေရာက္သင္ၾကားရမည္ျဖစ္သည္။ ထို႔အတူ ပို၍ဆန္းၾကယ္သည္က William တစ္ဖက္သတ္ႀကိဳက္ေနခဲ့ေသာ ထိုေကာင္မေလးမွာ ယခုႏွစ္တြင္ William တို႔အတန္းသို႔ ေျပာင္းလာခဲ့သည္။

William အတြက္ေတာ့ကံေကာင္းျခင္းတစ္ခုပင္။

ဒီထက္ကံေကာင္းသည္က ထိုေကာင္မေလးသည္ ေက်ာင္းစစတက္ခ်င္းေန႔မွာပင္ William ေဘးတြင္ထိုင္ေသာေၾကာင့္ William အေနျဖင့္ အေတာ္ေလးရင္ခုန္စိတ္လႈပ္႐ွားခဲ့ရသည္။

လူခ်င္းမိတ္ဆက္ေသာအခါ ထိုေကာင္မေလး၏နာမည္မွာ Scarlett ျဖစ္ေၾကာင္းသိခဲ့သည္။ မ်ားမၾကာမီပင္ သူတို႔ႏွစ္ဦးခ်စ္သူျဖစ္သြားၾကသည္။

ယေန႔ေခတ္တြင္ relationship ခ်ိတ္သည္မွာလြယ္ကူလ်င္ျမန္လွသည္။

William သည္ဉာဏ္ေကာင္းၿပီး စာေတာ္ေသာ္လည္း Scarlettမွာစာကိုလံုးဝစိတ္မဝင္စားသူျဖစ္သည္။

Williamကသူမအားစာလုပ္ဖို႔တိုက္တြန္းလ်ွင္လး အျမဲတမ္းဆင္ျခင္ေပး၍ အေပ်ာ္အပါးတို႕ႏွင့္သာ အခ်ိန္ကုန္ခဲ့၏ ။

William သည္ သူမသူ႔အေပၚဘယ္ေလာက္ဆိုးဆိုး သည္းခံခြင့္လႊတ္ေပးခဲ့ေသာ္လည္း Scarlett မွာသူ႔အေပၚအားနာစိတ္ ကိုယ္ခ်င္းစာစိတ္မ႐ွိခဲ့သည့္အျပင္ William သူမကိုခ်စ္သေလာက္ သူမသူ႔ကိုတကယ္မခ်စ္ခဲ့ပါ။

ဤသို႔ျဖင့္ သူတို႔ႏွစ္ဦး၏ relationship မွာ ထင္သေလာက္မသာယာခဲ့ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ Scarlett သည္ ႐ုပ္ကေလး လွသေလာက္ စိတ္ထား႐ုပ္ညံ႕ခဲ့သည္။

William ကြယ္ရာတြင္လည္း ျခံခုန္သကဲ့သို႔ William ငုပ္တုတ္ႀကီး႐ွိေနလ်က္ႏွင့္လ်က္ ရည္းစားမ်ားစြာျဖင့္ထည္လဲတြဲ၏ ။

ထို႔ေၾကာင့္ သူမသည္ မူယာမာယာမ်ားၿပီး လွည့္စားတတ္လြန္းသူျဖစ္ေလရာ William ကဲ့သို႔ အျဖဴထည္ခ်စ္ေနသူတစ္ေယာက္အေနျဖင့္ အေတာ္ေလးေၾကကြဲခံစားခဲ့ရသည္။

သို႔ေပမယ့္ သူကေတာ့ သူမအေပၚအရမ္းမုန္းေနေသာ္လည္း လက္မလႊတ္ႏိုင္ခဲ့ေပ။

ဆရာေတြ ဆရာမေတြ မိဘေတြက သူ႔အား Scarlett ႏွင့္ဆက္မပတ္သက္ေတာ့ရန္ အႀကိမ္ႀကိမ္အခါအခါ နားခ်ေျဖာင္းျဖေသာ္လည္း သူ႔အတြက္ Scarlett မွ Scarlett ျဖစ္ခဲ့ေလသည္။

သူ႔ကိုယ္သူလဲ ဤသို႔ျဖစ္ေနျခင္းကို မုန္းခဲ့သည္။

တစ္ေန႔တြင္ Scarlett ဘက္မွ William အား ခါးခါးသီးသီးေျပာဆို၍ လမ္းခြဲခဲ့သည္။

"William... Sorryဟာ။ နင့္ကိုတြဲရသာ ငါဘာ Feelမွ မလာေတာ့ဘူး။ နင္ကဘာႀကီးမွန္းလဲမသိဘူး။ ေၾကာင္ေတာင္ေတာင္ အူေၾကာင္ၾကားနဲ႔ဟာ။ နင္နဲ႔ငါ လမ္းခြဲၾကမယ္"

"မလုပ္ပါနဲ႔ဟာ။ နင္ငါ့ကိုမရက္စက္ပါနဲ႔။ ငါနင့္ကိုတကယ္ခ်စ္ေနတုန္းပါ"

William မွာ Scarlett လက္ကိုအတင္းဆြဲထားကာ သူ႔ကိုထားမသြားရန္ ေနာက္ဆံုးေမ်ွာ္လင့္ေနေသးသည္။

"ေတာ္ပါေတာ့ အ႐ူးရယ္...ဘာမွထပ္မေျပာနဲ႔ေတာ့။ ငါ့လက္ကိုလြတ္စမ္း။ ဒီေန႔ကစၿပီးနင္နဲ႔ငါအတူတူမထိုင္ေတာ့ဘူး။ ငါ့ကိုလဲထပ္မေႏွာင့္ယွက္နဲ႔ေတာ့။ ငါ့ကိုတြဲခ်င္တဲ့လူေတြကအမ်ားႀကီး။ ႐ွင္းတယ္ေနာ္။ ငါ့လႊတ္ေတာ့"

"Scarlett... နင္ဘယ္ေကာင္ကိုမွဆက္မတြဲပါနဲ႔ေတာ့ဟာ။ ငါနင္ျဖစ္ေစခ်င္တဲ့အတိုင္းေနေပးမယ္။ ငါနင္မ႐ွိရင္မေနတတ္လို႔ပါ။ "

Scarlett ဘက္မွ William ကိုစကားလံုးျပင္းျပင္းထန္ထန္ျဖင့္ေျပာေနခဲ့ေပမယ့္ Williamကေတာ့သူ၏ေယာက်ာ္းသိကၡာအားလံုးဆံုးရံူးသည္အထိ ေနာက္ဆံုးအခ်ိန္ထိလမ္းမခြဲဖို႔ ေတာင္းဆိုခဲ့သည္။

သို႔ေပမယ့္ သူ႔မာနႏွင့္ သိကၡာသာဆံုးရံူးသြားခဲ့သည္။

Scarlett ကေတာ့သူ႔အားတြန္းထုတ္ကာ ေနာက္သို႔တစ္ခ်က္မွမၾကည့္ဘဲ ထြက္သြားခဲ့သည္။

William မွာ ဒူးေထာက္လ်က္သားက်န္ေနခဲ့သည္။

ေယာက်ာ္းတန္မဲ့က်ေနခဲ့ေသာမ်က္ရည္မ်ားသည္ Scarlettကို အလြန္ပင္ခ်စ္ခဲ့သည့္ သက္ေသမ်ားပင္။

သူမအေပၚအျဖဴထည္အ႐ိုးခံခ်စ္ခဲ့ၿပီးမွ ရက္ရက္စက္စက္စြန္႔ပစ္ခံရျခင္းေၾကာင့္ နာက်င္စြာငိုေႂကြးေနခဲ့သည္။

ထိုအခ်ိန္မွစ၍ William တစ္ေယာက္ ေက်ာင္းလဲဆက္မတက္ေတာ့ဘဲ အိမ္ေပၚမွဆင္းသြားခဲ့သည္။

အဝတ္တစ္ထည္ကိုယ္တစ္ခုျဖင့္ ေျခဦးတည့္ရာေလ်ာက္သြားခဲ့သည္။

သူ၏ဖုန္းကိုလဲ မည္သူနဲ႔မွ အဆက္အသြယ္မလုပ္ခ်င္ေတာ့သျဖင့္ စက္ပိတ္ထားခဲ့သည္။

လူသူကင္း႐ွင္းေသာေနရာတစ္ခုသို႔ေရာက္ေသာအခါ သူ၏ေျခလွမ္းမ်ားေခတၱရပ္သြားခဲ့သည္။

'ငါဘာဆက္လုပ္သင့္လဲ' ဟူေသာအေတြးမ်ားျဖင့္အေတာ္ၾကာစဥ္းစားေနခဲ့သည္။

ထို႔ေနာက္ သေဘာၤဆိပ္ကမ္းတစ္ခုဆီသို႔ ဦးတည္သြားခဲ့သည္။ ဆိပ္ကမ္းသို႔ေရာက္ေသာ္ ညေနေစာင္းေနခ်ိန္ျဖစ္၍ လူမ်ား႐ွိေနေသးသည္။

ဆိပ္ကမ္းတံတားေပၚသို႔ျဖတ္ေလ်ာက္သြားရင္း ဆိပ္ကမ္း၏အစြန္အဖ်ားတစ္ေနရာ၌ ထိုင္စရာေနရာတစ္ခုေတြ႕ေသာ္ သူထိုင္လိုက္သည္။

ေနဝင္ေနၿပီျဖစ္သည္။ ေနဝင္ခ်ိန္ဆည္းဆာကိုေငးေမာရင္း William မ၏စိတ္ထဲတြင္ အေတြးေပါင္းမ်ားစြာျဖင့္ျပည့္ႏွက္ေနခဲ့သည္။

မၾကာခင္ေနသည္ပင္လယ္ေရမ်က္ႏွာျပင္ေအာက္သို႔ ျဖည္းျဖည္းခ်င္းနစ္ျမႇဳပ္သြားေလေတာ့သည္။

ထို႔ေနာက္ သူ႔ဖုန္းအားစက္ဖြင့္လိုက္ခ်င္းမွာပင္ သူ၏ မိဘမ်ားထံမွ အပါအဝင္ သူငယ္ခ်င္းမ်ားဆီမွ missed call မ်ားစြာကို ေတြ႔လိုက္ရသည္။

ဒါေပမယ့္ သူမကိုင္ခဲ့ေပ။ သို႔ေသာ္ သူ၏အခ်စ္ဆံုးသူငယ္ခ်င္းႀကီး Justin ထံဖုန္းေခၚလိုက္သည္။

"Sorry ပါသားႀကီး။ ငါဒီေလာကကေန မၾကာခင္ထြက္သြားေတာ့မယ္။ Justin ... မင္းက ငါ့ဘဝမွာေတြ႕ခဲ့ဘူးသမ်ွသူငယ္ခ်င္းဆိုတဲ့လူေတြထက္ ငါ့အေပၚေကာင္းေပးခဲ့အတြက္ ငါအရမ္းေက်းဇူးတင္တယ္သားႀကီး ..."

"ေဟ့ေကာင္ ...William။ မင္း–ီးစကားေတြမေျပာနဲ႔။ မင္းအခုဘယ္မွာလဲကြ။ မင္းကိုယ့္ကိုသတ္ေသဖို႔ မႀကိဳးစားနဲ႔ေနာ္။ သားႀကီး...မင္းေသလို႔မျဖစ္ေသးဘူး။

မင္းတကၠသိုလ္ဆက္တက္ခြင့္ရဖို႔ ငါတို႔ေနာက္ဆံုးစာေမးပြဲႀကီးကို အတူတူေျဖၾကရဦးမယ္ေလကြာ။ မင္းဘဝကိုလြယ္လြယ္နဲ႔အဆံုးသတ္ပစ္မယ္ဆိုတဲ့ –ီးအေတြးမေတြးစမ္းနဲ႔ သားႀကီးရာ။ မင္းကြာ...ဒီေကာင္မတစ္ေကာင္ေၾကာင့္နဲ႔မ်ား..."

"ဒီကမၻာမွာ ငါမ႐ွိတာကမွ လူေတြအတြက္ပိုအဆင္ေျပပါလိမ့္မယ္။ ငါ ငါ့မိဘေတြ ငါ့ဆရာေတြရဲ႕ငါ့အေပၚထားတဲ့ေမ်ာ္လင့္ခ်က္ေတြအားလံုးကို ငါအကုန္႐ိုက္ခ်ိဳးခဲ့မိၿပီ"

"ေဟ့ေကာင္...မင္း–ီးစကားထပ္ေျပာျပန္ၿပီလား။ ငါလာခဲ့မယ္မင္းဆီကို။ မင္းအခုဘယ္မွာလဲသာျမန္ျမန္ေျပာ"

"Sorry... Justin. ငါ့မိဘေတြကိုေျပာေပးပါ။ သားမိုက္ကို ခြင့္မလႊတ္ၾကပါနဲ႔လို႔။ ငါမိုက္ခဲ့တာေတြအတြက္အရမ္းေတာင္းပန္တယ္ဆိုတဲ့အေၾကညင္းလဲ ေျပာေပးပါသားႀကီးရာ...အခုေတာ့ Good Bye Dude"

"ေဟ့ေကာင္...မင္းဖုန္းမခ်..."

Justinဆီ ဖုန္းေခၚဆိုမႈအၿပီး Scarlett ဆီသို႔ ဆက္လက္၍ဖုန္းေခၚသည္။

"ေဟ့အ႐ူး...ဒီအခ်ိန္ႀကီးဘာေျပာဦးမလို႔လဲ။ ငါကနင္ထပ္ၿပီးဘယ္ေလာက္ႀကိဳးစားႀကိဳးစား နင့္ဆီကိုဘယ္ေတာ့မွျပန္မလာေတာ့ဘူး။ ဒါေၾကာင့္နင္ ငါနဲ႔ေဝးေဝးကို ဒိုးလိုက္ေတာ့"

"ေအး...ငါ...နင့္ဆီကိုအခုဖုန္းဆက္တာလဲ နင္နဲ႔ေဝးရာကိုထြက္သြားမယ္ဆိုတာေျပာမလို႔...ဒါေၾကာင့္ ငါမသြားခင္နင့္ကိုေျပာခ်င္တာေတြေျပာခဲ့မယ္...နင္က စိတ္ဓာတ္ေအာက္တန္းက်တဲ့ေနရာမွာ ႐ုပ္ကေလးနဲ႔မလိုက္ဘူး...ငါနင့္ကိုရည္းစားေတာ္ခဲ့မိတာငါမွားခဲ့တယ္ Scarlett...နင္လွည့္စားခဲ့သမ်ွေတြသိေနျမင္ေနရဲ႕သားနဲ႔ႏြားက်ခံၿပီး ငါနင့္ကိုလက္တြဲမျဖဳတ္ဘဲဆက္ခ်စ္ေပးခဲ့တယ္...ဒါေပမယ့္ အခုငါ့ေယာက်ာ္းသိကၡာေတြနင္နဲ႔ေတြ႔မွအားလံုးစုတ္ျပတ္ သက္သြားခဲ့ၿပီ...နင္လဲတစ္ေန႔ဝဍ္လည္ဦးမွာပါ...ေနာက္ဆံုးစကားတစ္ခြန္းနင့္ကိုေျပာခဲ့မယ္..."

"ဟားဟား...ဘာလဲ...နင္ကေသခံနီးေတာင္ငါ့ကိုခ်စ္တယ္လို႔ေျပာဦးမလို႔လား အ႐ူးရယ္"

သူမစကားေၾကာင့္ William ျပံဳးလိုက္သည္။ ထို႔ေနာက္ သက္ျပင္း ျပင္းျပင္းျဖည္းျဖည္းခ်ကာ စကားတစ္ခြန္းေျပာရန္အားယူလိုက္သည္။

"Fuck You Bitch and ... Good Bye"

ထို႔ေနာက္ ဖုန္းအားေရထဲသို႔ လႊတ္ပစ္လိုက္သည္။ ညေကာင္းကင္အား တစ္ခဏမ်ွၾကည့္ၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ ေရထဲသို႔ခုန္ခ်ကာ သူ၏ဘဝကိုအဆံုးသတ္လိုက္ေတာ့သည္။

သို႔ေသာ္ William တြင္ ေသကံမပါလာခဲ့ေပ။

သူခုန္ခ်သည္ကိုျမင္လိုက္ေသာ ဆိပ္ကမ္းအလုပ္သမားတစ္စုတို႔၏ကယ္တင္ျခင္းကို ခံလိုက္ရေသာေၾကာင့္ သူအသက္ဆက္႐ွင္ႏိုင္ခဲ့သည္။

သူအသက္ဆက္႐ွင္ခဲ့ေသာ္လည္း သူ႔စိတ္မွာ ျပန္မ႐ွင္သန္ခဲ့ေပ။

စိတ္က်ေရာဂါအား လအေတာ္အၾကာခံစားခဲ့ရၿပီး ေက်ာင္းလဲနားခဲ့ရသည္။

Justin ကေတာ့ တကၠသိုလ္ဝင္စာေမးပြဲႀကီးအား ေအာင္ေအာင္ျမင္ျမင္ေျဖဆိုႏိုင္ခဲ့ၿပီးေနာက္ William ကို ေနာက္ႏွစ္စာေမးပြဲဝင္ေျဖဖို႔အားေပးခဲ့သည္။

စာမ်ားကိုလဲအတူတူဝိုင္းက်က္ေပးမည္ဟုေျပာ၍ William ႏွင့္စာအတူတူုျပန္လုပ္ေပးခဲ့ေသာ္လည္း William မွာ စာျမင္လိုက္ရသည္ႏွင့္သူ၏အတိတ္ဆိုးမ်ားအားျပန္၍ျမင္ေယာင္မိခဲ့သည္။

ထို႔ေၾကာင့္စာလံုးဝက်က္မွတ္ေလ့လာလို႔မရခဲ့ေပ။

သူအခ်ိန္တိုင္းစိတ္ဓာတ္က်ေနခဲ့သလို အတိတ္ဆိုးမ်ားကိုျပန္သတိရမွတ္မိတိုင္းလဲ သူငိုေႂကြးခဲ့သည္။ လူတိုင္းကို သူအယံုအၾကည္မလြယ္ရဲေတာ့။ ထို႔အျပင္ သူ႔အိပ္ခန္းထဲမွာလြဲ၍လည္း ဘယ္ေနရာမွမသြားခဲ့ေပ။

ဤသို႔ျဖင့္ တစ္ႏွစ္အၾကာတြင္ William၏ Therapistမွ ၫႊန္ၾကားခ်က္အရ William အား တေယာသင္တန္းသို႔ပို႔၍ တေယာထိုးနည္းအားသင္ၾကားေစခဲ့သည္။

သို႔ေသာ္ စစခ်င္းတြင္ William အတြက္လူအမ်ားႀကီးျဖင့္သင္ရမည္ဆိုေသာေၾကာင့္ လံုးဝအဆင္မေျပခဲ့ေပ။

ထို႔ေၾကာင့္ တေယာဆရာျဖစ္သူ ဆရာ Arthur မွာ William ၏အေျခအေနအေၾကာင္းစံုအား သူ၏မိဘမ်ားထံမွသိ႐ွိၿပီးေနာက္ William အား ဒုကၡအတြင္းမွ ကယ္တင္ရန္ ဆံုးျဖတ္လိုက္သည္။

ထို႔ေနာက္ William အား တေယာကို သင္တန္းမ႐ွိသည့္အခ်ိန္မ်ားတြင္ တစ္ေယာက္ထဲသင္ေပးဖို႔ႀကိဳးစားခဲ့သည္။

William အား တေယာထိုးရျခင္းကိုႏွစ္သက္သေဘာက်လာၿပီး စိတ္ဓာတ္ျပန္လည္တက္ႂကြေစရန္ အစြမ္းကုန္သင္ၾကားျပသေပးခဲ့သည္။

William သည္ တေယာတီးျခင္းကို ေက်ာင္းတက္စဥ္အခ်ိန္တုန္းက စိတ္ပါဝင္စားမႈမ႐ွိခဲ့ေသာ္လည္း ယခုတြင္မူတျဖည္းျဖည္း ႀကိဳက္ႏွစ္သက္လာၿပီး အထံုပါရမီရင့္သန္လာခဲ့သည္။

သူ ေန႔စဥ္ေန႔တိုင္း တေယာတီးျခင္းကို အျမဲတမ္းေလ့က်င့္ခဲ့သည္။ သူ၏ကိုယ္ပိုင္ခံစားခ်က္မ်ားအား တေယာသံစဥ္မ်ားအျဖစ္သို႔ေျပာင္းလဲတီးခတ္ခဲ့သည္။

သို႔ေသာ္သူ၏တေယာသံစဥ္မ်ားမွာ အျမဲတမ္းဝမ္းနည္းဖြယ္ေကာင္းခဲ့သည္။ အရင္ကသူ႔ခံစားခ်က္မ်ားကိုေဖာ္ထုတ္ျပခြင့္မရခဲ့ေပမယ့္ ယခုတြင္မူဂီတျဖင့္ခံစားေဖာ္ထုတ္ႏိုင္ခဲ့သည္။

ထို႔ေနာက္ သူအေတာ္ဆံုးနဲ႔အေကာင္းဆံုး တေယာပညာ႐ွင္တစ္ေယာက္ျဖစ္လာေစရန္ စိတ္အားထက္သန္လာခဲ့ကာ ဆရာ Arthur ထံမွ ပညာအားလံုးယူခဲ့သည္။

တကၠသိုလ္ဝင္ စာေမးပြဲႀကီးကိုလဲ ျပန္လည္ဝင္ေရာက္ေျဖဆိုခဲ့ရာ ႏွစ္ခ်င္းေပါက္ေအာင္ျမင္ခဲ့သည္။

ထို႔ေနာက္ ဆရာArthur၏ ၫြန္ၾကားသင္ၾကားမႈမ်ားအတိုင္း တေယာတီးျခင္းကို တစ္ေန႔ထက္တစ္ေန႔ လက္ရည္ပိုေကာင္းလာေအာင္ ႀကိဳးစားေလ့က်င့္ခဲ့သည္။

ဤသို႔ျဖင့္ သူ၏အိမ္မက္မ်ားသည္ အခ်ိန္တစ္ခုေရာက္ေသာ္ အမွန္တကယ္ျဖစ္လာခဲ့သည္။

ႀကီးက်ယ္ခမ္းနားလွပေသာ ေဟာ္တယ္ခန္းမႀကီးတြင္ မီးဆိုင္းမ်ားမွာလည္း ထိ္န္လင္းလွပလ်က္႐ွိေပသည္။

ခန္းမ၏အျပင္အဆင္ခင္းက်င္းမႈမွာ လူခ်မ္းသာမ်ား၏အ႐ွိန္အဝါမ်ား လႊမ္းမိုးေန၏ ။

ခန္းမေတြ သံစံုတီးဝိုင္းမွ တေယာသံစဥ္မ်ား၊ စႏၵရားသံစဥ္မ်ားစသျဖင့္ ခန္းမအတြင္း႐ွိလူအမ်ားနားေသာတဆင္ဖို႔ရန္အတြက္ တီးခတ္ေဖ်ာ္ေျဖေပးလ်က္႐ွိ၏။

"Congratulations Scarlett ... နင္အရမ္းလွေနတယ္။ နင့္အမ်ိဳးသားကလဲ ခန္႔ေခ်ာႀကီး"

"ဟားဟား ... Scarlett ရဲ႕ ေယာက်္ားပဲ ။ ဒီေလာက္ေတာ့႐ွိတာေပါ့"

"ေအးပါ။ ေအးပါ။ ႐ုပ္ကဘယ္ေလာက္ေတာင္ေပ်ာ္ေနလဲဆိုတာသိသာပါ့ဟယ္။ အျမင္ေတာင္ကပ္ခ်င္လာျပီ။"

"ဟုတ္ပါ့ဟယ္။ မ်က္ႏွာကျပံဳးၿဖီးေနလိုက္တာမ်ား"

"နင္တို႔ကလဲ ငါ့ဘာသာေပ်ာ္ေနတာကို Jellyေတြျဖစ္ေနျပန္ၿပီ"

"ဘာပဲျဖစ္ျဖစ္ ငါတို႔ကို နင့္Weddingေရာ Dinnerပြဲေရာ ဖိတ္တဲ့အတြက္ေက်းဇူးပါ ေကာင္မရယ္။

ဒါနဲ႔ Dinnerမွာ ပါဆယ္ဆြဲလို႔ရလားေဟ့။ ငါတို႔အေၾကာင္းနင္သိတယ္မလား။ ငါတို႔ဗိုက္က ေတာ္ရံုနဲ႔တင္းတိမ္တာမဟုတ္"

"Honey...ခ်စ္ေလး...ဒီကိုခဏလာပါဦး"

"ေအးပါ...ေကာင္မေတြရယ္။ ႀကိဳက္သေလာက္သာစား ႀကိဳက္သေလာက္စား ။ ကဲ... ဒါဆို ငါ့ေယာက်ာ္းဆီသြားလိုက္ဦးမယ္"

ယေန႔ညသည္ Scarlett ၏ မဂၤလာညစာစားပြဲက်င္းပေသာညျဖစ္သည္။

" ကို ...ဘာေျပာမလို႔လဲ"

"ဒီမွာ Honey... ဒါကိုယ္တို႔dinner ပြဲအတြက္ ေဟာ္တယ္ကဖိတ္ေပးထားတဲ့နာမည္ႀကီးပုဂိၢဳလ္နဲ႔မိတ္ဆက္ေပးမလို႔။ William တဲ့။ သူက ဒီညတေယာတီးေပးမွာ"

"ဪ"

William ကို ျမင္ျမင္ခ်င္းတြင္ Scarlett မ်က္ႏွာမွာ အံ႔အားသင့္မႈႏွင့္အတူ မိႈင္က်သြားေတာ့သည္။

သို႔ေသာ္ သူမ၏အမ်ိဳးသားမွ သတိမျပဳမိခဲ့။

William ႏွင့္ မိတ္ဆက္ေပးေသာအခါ သူမဟန္ေဆာင္ျပံဳးျပခဲ့သည္။

"ကြၽန္ေတာ္တို႔ကေက်ာင္းတုန္းကသူငယ္ခ်င္းေတြပါ။ ကြၽန္ေတာ္တို႔အခ်င္းခ်င္းသိၾကပါတယ္ ကိုLee Chung (လီခ်န္)"

William မွ "ငါတို႔ျပန္ဆံုၾကၿပီေပါ့ကြာ" ဆိုေသာအျပံဳးျဖင့္ျပံဳးျပ၍ ေျပာလိုက္ေလသည္။

"အိုး...ဒါဆိုငယ္သူငယ္ခ်င္းေတြ ျပန္ဆံုၾကတာေပါ့"

"ဒါေပါ့ဗ်ာ...Congratulations ပါ Scarlett...မင္းအရမ္းေပ်ာ္ေနၿပီေပါ့"

Scarlett မွာ ဟန္ေဆာင္ပန္ေဆာင္ျဖင့္သာ ရယ္ျပ၍ႏူတ္ဆက္ခဲ့သည္။ သို႔ေသာ္ သူမမေပ်ာ္ေတာ့ေပ။

"ဒါဆို...ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး။ ကြၽန္ေတာ္စင္ေပၚမွာ ေဖ်ာ္ေျဖရေတာ့မယ္"

"အိုး...ကြၽန္ေတာ္တို႔လင္မယားႏွစ္ေယာက္ William တေယာ တီးတာကို အားေပးေနပါ့မယ္"

"ေက်းဇူးတင္ပါတယ္။ ဒါဆိုကြၽန္ေတာ္သြားလိုက္ပါဦးမယ္"

ေဖ်ာ္ေျဖေရးစင္ေပၚ၌ William ေနရာယူၿပီးေသာ္ ခန္းမတစ္ခုလံုး႐ွိမီးမ်ား ေမွးမွိန္သြားသည္။

ထို႔ေနာက္ William ႐ွိရာသို႔ ဇလိုုက္မီးဝိုင္းနွစ္ခုျပိဳင္ထိုးလိုက္လွ်င္ထိုးလိုက္ခ်င္း William မွာ Elgar Edward ရဲ႕ Salut d'amour, Op.12 အား စႏၵရားႏွင့္တြဲဖက္၍ တေယာစတင္တီးခတ္ေတာ့သည္။

ထိုသို႔တီးေနစဥ္၌ William မွာသူ၏အတိတ္ကို ျပန္ျမင္ေယာင္လာသည္။ တေယာတီးေနစဥ္မွာပင္ Scarlett ဘက္သို႔ အၾကည့္တစ္ခ်က္ျပဳခဲ့သည္။ Scarlett ႏွင့္ အၾကည့္ခ်င္းဆံုေသာ္ မ်က္ႏွာညိဳးငယ္ေနေသာ သူမအားျပံဳးျပလိုက္သည္။

ဤအခ်ိန္တြင္ William မွာ သူ၏ Scarlett အေပၚတစ္ခ်ိန္တစ္ခါက႐ွိခဲ့သည့္ အမုန္းတရားမ်ားႏွင့္ နားၾကည္းခ်က္ေၾကာင့္ ခံစားရခဲ့ေသာဝမ္းနည္းမွူမ်ားအားလံုးကို သံစဥ္မ်ားနွင့္အတူေဖာ္ထုတ္တီးခတ္ျပေတာ့သည္။

ပြဲလာဧည့္ပရိတ္သတ္မ်ားသည္လည္း William ၏တေယာသံစဥ္ထဲတြင္ နစ္ေျမာေနၾကသည္။

William ေနာက္ထပ္ Scarlettအားၾကည့္လိုက္ေသာ္ သူမတိတ္တိတ္ကေလးငိုေနဟန္႐ွိသည္။

William သည္လည္း သူ၏ဝမ္းနည္းေနေသာတေယာသံစဥ္မ်ားႏွင့္အတူ မ်က္ရည္အနည္းငယ္က်လာသည္။

ဤသို႔ျဖင့္ သီခ်င္းတစ္ပုဒ္လံုးအား အေကာင္းဆံုးတီးျပခဲ့ေလသည္။ သီခ်င္းၿပီးဆံုးေသာ္ ခန္းမတစ္ခုလံုးသည္ လက္ခုပ္ၾသဘာသံမ်ားျဖင့္ ျပည့္ႏွက္သြားေတာ့သည္။

William မွ ပရိတ္သတ္မ်ားအားဂါရဝျပဳၿပီးေသာ္ Scarlett ဆီသို႔ တတိယအႀကိမ္ထပ္ၾကည့္ခဲ့သည္။

သူမလဲ သူ႔အားလက္ခုပ္တီးေပးေနသည္။
ထို႔ေနာက္ သူမကိုၾကည့္ေနသည့္အၾကည့္ထဲမွာပင္ သူဆုေတာင္းေပးခဲ့သည္။

"Scarlett ... မင္းခ်စ္ရတဲ့သူနဲ႔ ထာဝရ ေပ်ာ္ရႊင္ပါေစကြာ"

÷÷÷÷÷÷÷÷÷÷🎻🎻🎻🎻÷÷÷÷÷÷÷÷÷

÷÷÷÷÷÷÷÷÷÷🎻🎻🎻🎻÷÷÷÷÷÷÷÷÷

🎻တယောလေး ငိုနေတယ်🎻

တစ်ခုသောဆောင်းရာသီနံနက်ခင်း၌ နှင်းများမကျသော်လည်း မြူအုံ့ဆိုင်းလျက်ရှိသည် ။

Ferryပေါ်တွင် စာကြိုးစားပမ်းစားကျက်နေကြသော Grade 10 ကျောင်းသူကျောင်းသားတို့၏ နောက်ဆုံးစာမေးပွဲအတွက် အားသွန်ခွန်ဆိုက် စာကျက်သံများဖြင့်ဆူညံနေ၏ ။

William ကတော့ဆူညံနေသည့်အချိန်တွေ စာကျက်လို့မရသဖြင့် ကြိုတင်အိမ်ကနေကျက်မှတ်လေ့လာခဲ့သည်။

William ကဲ့သို့ပင် Ferryပေါ်ရှိ တခြားကောင်မလေးတစ်ယောက်လဲ စာကျက်မနေပေ။ ထိုကောင်မလေးသည် လွန်ခဲ့သော၂လကျော်လောက်မှ William တို့ကျောင်းကို ပြောင်းလာခဲ့သောကျောင်းသူသစ်ဖြစ်၏။

William တို့Ferryကိုလဲ ထိုကောင်မလေးသည် မကြာသေးခင်ကမှ ရုတ်တရက်စစီးခဲ့သည်။ မိဘများမှ ကျောင်းပို့ကျောင်းကြိုအဆင်မပြေ မှုကြောင့်ဖြစ်နိုင်ပေသည်။

ထို့ကြောင့်လဲ သူမနှင့်မည်သူမျှမရင်းနှီးပေ။

ယခုသူမသည် William ရဲ့ ဆန့်ကျင်ဘက်ခြမ်းတွင် ထိုင်နေသည်။

သူမသည် အသားဖြူသူတစ်ဦးဖြစ်ပေရာ သူမ၏လက်မှသွေးကြောစိမ်းလေးများကိုပင်မြင်နေရသည်။

အပြင်ဘက် ဆောင်းအရှိန်၏အအေးနှင့် Ferryအတွင်းရှိ Air-Con အအေးရှိန်တို့ကြောင့် သူမ၏ပါးနှစ်ဖက်နှင့်နှာခေါင်းလေးသည် ပန်းနုရောင်တို့ပင်သန်းနေသည်။

သူမ၏အညိုရောင်မျက်လုံးများမှာ အရောင်လဲ့နေကာ မည်သူနဲ့မှစကားမပြောဘဲ ငြိမ်ငြိမ်လေးထိုင်နေပုံမှာ အချိုးအဆစ်ကျစွာထုဆစ်ထားသောငွေစင်ပန်းပုရုပ်လေးတစ်ရုပ်သဖွယ်ပင်။

ကျောင်းရှေ့သို့ရောက်သောအခါ ကောင်မလေးအပါအဝင်ကျောင်းသားအားလုံးသည် ကားပေါ်မှဆင်း၍ကျောင်းထဲသို့ ကိုယ်စီကိုယ်စီ ဝင်သွားကြလေသည်။

William တစ်ယောက်နှင့် သူ၏သူငယ်ချင်း Justin သာနောက်မှကျန်ခဲ့သည်။

"ဟေး သားကြီး... ငါ့ကောင် မင်းမရိုးဘူး။ မင်းအဲ့ကောင်မလေးကို အမြဲတမ်း ငေးကြည့်နေပုံအရ မင်းသူ့ကိုကြွေနေပြီမလား သားကြီးရ။ သူလေးက လှတော့လှသား"

Justinမှ William အားစနောက်ကာ ပခုံးသိုင်းဖက်လိုက်သည်။

"ဘယ်ကသာကြွေရမှာလဲ။ မကြွေပါဘူး။ ပေါက်ကရတွေမပြောစမ်းနဲ့ကွာ"

William ပြန်ငြင်းခဲ့သော်လည်း သူ၏စိတ်ထဲတွင်တော့ ကောင်မလေးကိုသဘောကျကြောင်းကြိတ်ဝန်ခံခဲ့သည်။

ဤသို့ဖြင့် နောက်ဆုံးစာမေးပွဲဖြေဆိုသည့်ရက်များအတွင်းသာ ထိုကောင်မလေးကိုအမြဲတမ်းငေးကြည့်ခိုးကြည့်ခွင့်ရခဲ့သည်။

စာမေးပွဲနောက်ဆုံးဖြေဆိုသည့်ရက်မှစ၍ နွေရာသီကျောင်းပိတ်ရက် ၃လ လုံးလုံးခဏတာဝေးကွာခဲ့ရလေသည်။

ထို ၃ လအတွင်း ထိုကောင်မလေး၏ ပုံရိပ်သည်Williamအာရုံအား နေ့စဉ်စိုးမိုးထားခဲ့လေသည်။

နွေ ၃ လသည်ကား တိုတောင်းခဲ့၏။ မကြာခင်ကျောင်းများပြန်ဖွင့်ခဲ့သည်။

ဤနှစ်တွင် William မှာ Grade 11ကိုတက်ရောက်သင်ကြားရမည်ဖြစ်သည်။ ထို့အတူ ပို၍ဆန်းကြယ်သည်က William တစ်ဖက်သတ်ကြိုက်နေခဲ့သော ထိုကောင်မလေးမှာ ယခုနှစ်တွင် William တို့အတန်းသို့ ပြောင်းလာခဲ့သည်။

William အတွက်တော့ကံကောင်းခြင်းတစ်ခုပင်။

ဒီထက်ကံကောင်းသည်က ထိုကောင်မလေးသည် ကျောင်းစစတက်ချင်းနေ့မှာပင် William ဘေးတွင်ထိုင်သောကြောင့် William အနေဖြင့် အတော်လေးရင်ခုန်စိတ်လှုပ်ရှားခဲ့ရသည်။

လူချင်းမိတ်ဆက်သောအခါ ထိုကောင်မလေး၏နာမည်မှာ Scarlett ဖြစ်ကြောင်းသိခဲ့သည်။ များမကြာမီပင် သူတို့နှစ်ဦးချစ်သူဖြစ်သွားကြသည်။

ယနေ့ခေတ်တွင် relationship ချိတ်သည်မှာလွယ်ကူလျင်မြန်လှသည်။

William သည်ဉာဏ်ကောင်းပြီး စာတော်သော်လည်း Scarlettမှာစာကိုလုံးဝစိတ်မဝင်စားသူဖြစ်သည်။

Williamကသူမအားစာလုပ်ဖို့တိုက်တွန်းလျှင်လး အမြဲတမ်းဆင်ခြင်ပေး၍ အပျော်အပါးတို့နှင့်သာ အချိန်ကုန်ခဲ့၏ ။

William သည် သူမသူ့အပေါ်ဘယ်လောက်ဆိုးဆိုး သည်းခံခွင့်လွှတ်ပေးခဲ့သော်လည်း Scarlett မှာသူ့အပေါ်အားနာစိတ် ကိုယ်ချင်းစာစိတ်မရှိခဲ့သည့်အပြင် William သူမကိုချစ်သလောက် သူမသူ့ကိုတကယ်မချစ်ခဲ့ပါ။

ဤသို့ဖြင့် သူတို့နှစ်ဦး၏ relationship မှာ ထင်သလောက်မသာယာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် Scarlett သည် ရုပ်ကလေး လှသလောက် စိတ်ထားရုပ်ညံ့ခဲ့သည်။

William ကွယ်ရာတွင်လည်း ခြံခုန်သကဲ့သို့ William ငုပ်တုတ်ကြီးရှိနေလျက်နှင့်လျက် ရည်းစားများစွာဖြင့်ထည်လဲတွဲ၏ ။

ထို့ကြောင့် သူမသည် မူယာမာယာများပြီး လှည့်စားတတ်လွန်းသူဖြစ်လေရာ William ကဲ့သို့ အဖြူထည်ချစ်နေသူတစ်ယောက်အနေဖြင့် အတော်လေးကြေကွဲခံစားခဲ့ရသည်။

သို့ပေမယ့် သူကတော့ သူမအပေါ်အရမ်းမုန်းနေသော်လည်း လက်မလွှတ်နိုင်ခဲ့ပေ။

ဆရာတွေ ဆရာမတွေ မိဘတွေက သူ့အား Scarlett နှင့်ဆက်မပတ်သက်တော့ရန် အကြိမ်ကြိမ်အခါအခါ နားချဖြောင်းဖြသော်လည်း သူ့အတွက် Scarlett မှ Scarlett ဖြစ်ခဲ့လေသည်။

သူ့ကိုယ်သူလဲ ဤသို့ဖြစ်နေခြင်းကို မုန်းခဲ့သည်။

တစ်နေ့တွင် Scarlett ဘက်မှ William အား ခါးခါးသီးသီးပြောဆို၍ လမ်းခွဲခဲ့သည်။

"William... Sorryဟာ။ နင့်ကိုတွဲရသာ ငါဘာ Feelမှ မလာတော့ဘူး။ နင်ကဘာကြီးမှန်းလဲမသိဘူး။ ကြောင်တောင်တောင် အူကြောင်ကြားနဲ့ဟာ။ နင်နဲ့ငါ လမ်းခွဲကြမယ်"

"မလုပ်ပါနဲ့ဟာ။ နင်ငါ့ကိုမရက်စက်ပါနဲ့။ ငါနင့်ကိုတကယ်ချစ်နေတုန်းပါ"

William မှာ Scarlett လက်ကိုအတင်းဆွဲထားကာ သူ့ကိုထားမသွားရန် နောက်ဆုံးမျှော်လင့်နေသေးသည်။

"တော်ပါတော့ အရူးရယ်...ဘာမှထပ်မပြောနဲ့တော့။ ငါ့လက်ကိုလွတ်စမ်း။ ဒီနေ့ကစပြီးနင်နဲ့ငါအတူတူမထိုင်တော့ဘူး။ ငါ့ကိုလဲထပ်မနှောင့်ယှက်နဲ့တော့။ ငါ့ကိုတွဲချင်တဲ့လူတွေကအများကြီး။ ရှင်းတယ်နော်။ ငါ့လွှတ်တော့"

"Scarlett... နင်ဘယ်ကောင်ကိုမှဆက်မတွဲပါနဲ့တော့ဟာ။ ငါနင်ဖြစ်စေချင်တဲ့အတိုင်းနေပေးမယ်။ ငါနင်မရှိရင်မနေတတ်လို့ပါ။ "

Scarlett ဘက်မှ William ကိုစကားလုံးပြင်းပြင်းထန်ထန်ဖြင့်ပြောနေခဲ့ပေမယ့် Williamကတော့သူ၏ယောကျာ်းသိက္ခာအားလုံးဆုံးရူံးသည်အထိ နောက်ဆုံးအချိန်ထိလမ်းမခွဲဖို့ တောင်းဆိုခဲ့သည်။

သို့ပေမယ့် သူ့မာနနှင့် သိက္ခာသာဆုံးရူံးသွားခဲ့သည်။

Scarlett ကတော့သူ့အားတွန်းထုတ်ကာ နောက်သို့တစ်ချက်မှမကြည့်ဘဲ ထွက်သွားခဲ့သည်။

William မှာ ဒူးထောက်လျက်သားကျန်နေခဲ့သည်။

ယောကျာ်းတန်မဲ့ကျနေခဲ့သောမျက်ရည်များသည် Scarlettကို အလွန်ပင်ချစ်ခဲ့သည့် သက်သေများပင်။

သူမအပေါ်အဖြူထည်အရိုးခံချစ်ခဲ့ပြီးမှ ရက်ရက်စက်စက်စွန့်ပစ်ခံရခြင်းကြောင့် နာကျင်စွာငိုကြွေးနေခဲ့သည်။

ထိုအချိန်မှစ၍ William တစ်ယောက် ကျောင်းလဲဆက်မတက်တော့ဘဲ အိမ်ပေါ်မှဆင်းသွားခဲ့သည်။

အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ခြေဦးတည့်ရာလျောက်သွားခဲ့သည်။

သူ၏ဖုန်းကိုလဲ မည်သူနဲ့မှ အဆက်အသွယ်မလုပ်ချင်တော့သဖြင့် စက်ပိတ်ထားခဲ့သည်။

လူသူကင်းရှင်းသောနေရာတစ်ခုသို့ရောက်သောအခါ သူ၏ခြေလှမ်းများခေတ္တရပ်သွားခဲ့သည်။

'ငါဘာဆက်လုပ်သင့်လဲ' ဟူသောအတွေးများဖြင့်အတော်ကြာစဉ်းစားနေခဲ့သည်။

ထို့နောက် သဘောၤဆိပ်ကမ်းတစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။ ဆိပ်ကမ်းသို့ရောက်သော် ညနေစောင်းနေချိန်ဖြစ်၍ လူများရှိနေသေးသည်။

ဆိပ်ကမ်းတံတားပေါ်သို့ဖြတ်လျောက်သွားရင်း ဆိပ်ကမ်း၏အစွန်အဖျားတစ်နေရာ၌ ထိုင်စရာနေရာတစ်ခုတွေ့သော် သူထိုင်လိုက်သည်။

နေဝင်နေပြီဖြစ်သည်။ နေဝင်ချိန်ဆည်းဆာကိုငေးမောရင်း William မ၏စိတ်ထဲတွင် အတွေးပေါင်းများစွာဖြင့်ပြည့်နှက်နေခဲ့သည်။

မကြာခင်နေသည်ပင်လယ်ရေမျက်နှာပြင်အောက်သို့ ဖြည်းဖြည်းချင်းနစ်မြှုပ်သွားလေတော့သည်။

ထို့နောက် သူ့ဖုန်းအားစက်ဖွင့်လိုက်ချင်းမှာပင် သူ၏ မိဘများထံမှ အပါအဝင် သူငယ်ချင်းများဆီမှ missed call များစွာကို တွေ့လိုက်ရသည်။

ဒါပေမယ့် သူမကိုင်ခဲ့ပေ။ သို့သော် သူ၏အချစ်ဆုံးသူငယ်ချင်းကြီး Justin ထံဖုန်းခေါ်လိုက်သည်။

"Sorry ပါသားကြီး။ ငါဒီလောကကနေ မကြာခင်ထွက်သွားတော့မယ်။ Justin ... မင်းက ငါ့ဘဝမှာတွေ့ခဲ့ဘူးသမျှသူငယ်ချင်းဆိုတဲ့လူတွေထက် ငါ့အပေါ်ကောင်းပေးခဲ့အတွက် ငါအရမ်းကျေးဇူးတင်တယ်သားကြီး ..."

"ဟေ့ကောင် ...William။ မင်း–ီးစကားတွေမပြောနဲ့။ မင်းအခုဘယ်မှာလဲကွ။ မင်းကိုယ့်ကိုသတ်သေဖို့ မကြိုးစားနဲ့နော်။ သားကြီး...မင်းသေလို့မဖြစ်သေးဘူး။

မင်းတက္ကသိုလ်ဆက်တက်ခွင့်ရဖို့ ငါတို့နောက်ဆုံးစာမေးပွဲကြီးကို အတူတူဖြေကြရဦးမယ်လေကွာ။ မင်းဘဝကိုလွယ်လွယ်နဲ့အဆုံးသတ်ပစ်မယ်ဆိုတဲ့ –ီးအတွေးမတွေးစမ်းနဲ့ သားကြီးရာ။ မင်းကွာ...ဒီကောင်မတစ်ကောင်ကြောင့်နဲ့များ..."

"ဒီကမ္ဘာမှာ ငါမရှိတာကမှ လူတွေအတွက်ပိုအဆင်ပြေပါလိမ့်မယ်။ ငါ ငါ့မိဘတွေ ငါ့ဆရာတွေရဲ့ငါ့အပေါ်ထားတဲ့မျော်လင့်ချက်တွေအားလုံးကို ငါအကုန်ရိုက်ချိုးခဲ့မိပြီ"

"ဟေ့ကောင်...မင်း–ီးစကားထပ်ပြောပြန်ပြီလား။ ငါလာခဲ့မယ်မင်းဆီကို။ မင်းအခုဘယ်မှာလဲသာမြန်မြန်ပြော"

"Sorry... Justin. ငါ့မိဘတွေကိုပြောပေးပါ။ သားမိုက်ကို ခွင့်မလွှတ်ကြပါနဲ့လို့။ ငါမိုက်ခဲ့တာတွေအတွက်အရမ်းတောင်းပန်တယ်ဆိုတဲ့အကြေညင်းလဲ ပြောပေးပါသားကြီးရာ...အခုတော့ Good Bye Dude"

"ဟေ့ကောင်...မင်းဖုန်းမချ..."

Justinဆီ ဖုန်းခေါ်ဆိုမှုအပြီး Scarlett ဆီသို့ ဆက်လက်၍ဖုန်းခေါ်သည်။

"ဟေ့အရူး...ဒီအချိန်ကြီးဘာပြောဦးမလို့လဲ။ ငါကနင်ထပ်ပြီးဘယ်လောက်ကြိုးစားကြိုးစား နင့်ဆီကိုဘယ်တော့မှပြန်မလာတော့ဘူး။ ဒါကြောင့်နင် ငါနဲ့ဝေးဝေးကို ဒိုးလိုက်တော့"

"အေး...ငါ...နင့်ဆီကိုအခုဖုန်းဆက်တာလဲ နင်နဲ့ဝေးရာကိုထွက်သွားမယ်ဆိုတာပြောမလို့...ဒါကြောင့် ငါမသွားခင်နင့်ကိုပြောချင်တာတွေပြောခဲ့မယ်...နင်က စိတ်ဓာတ်အောက်တန်းကျတဲ့နေရာမှာ ရုပ်ကလေးနဲ့မလိုက်ဘူး...ငါနင့်ကိုရည်းစားတော်ခဲ့မိတာငါမှားခဲ့တယ် Scarlett...နင်လှည့်စားခဲ့သမျှတွေသိနေမြင်နေရဲ့သားနဲ့နွားကျခံပြီး ငါနင့်ကိုလက်တွဲမဖြုတ်ဘဲဆက်ချစ်ပေးခဲ့တယ်...ဒါပေမယ့် အခုငါ့ယောကျာ်းသိက္ခာတွေနင်နဲ့တွေ့မှအားလုံးစုတ်ပြတ် သက်သွားခဲ့ပြီ...နင်လဲတစ်နေ့ဝဍ်လည်ဦးမှာပါ...နောက်ဆုံးစကားတစ်ခွန်းနင့်ကိုပြောခဲ့မယ်..."

"ဟားဟား...ဘာလဲ...နင်ကသေခံနီးတောင်ငါ့ကိုချစ်တယ်လို့ပြောဦးမလို့လား အရူးရယ်"

သူမစကားကြောင့် William ပြုံးလိုက်သည်။ ထို့နောက် သက်ပြင်း ပြင်းပြင်းဖြည်းဖြည်းချကာ စကားတစ်ခွန်းပြောရန်အားယူလိုက်သည်။

"Fuck You Bitch and ... Good Bye"

ထို့နောက် ဖုန်းအားရေထဲသို့ လွှတ်ပစ်လိုက်သည်။ ညကောင်းကင်အား တစ်ခဏမျှကြည့်ပြီးသည်နှင့်တစ်ပြိုင်နက် ရေထဲသို့ခုန်ချကာ သူ၏ဘဝကိုအဆုံးသတ်လိုက်တော့သည်။

သို့သော် William တွင် သေကံမပါလာခဲ့ပေ။

သူခုန်ချသည်ကိုမြင်လိုက်သော ဆိပ်ကမ်းအလုပ်သမားတစ်စုတို့၏ကယ်တင်ခြင်းကို ခံလိုက်ရသောကြောင့် သူအသက်ဆက်ရှင်နိုင်ခဲ့သည်။

သူအသက်ဆက်ရှင်ခဲ့သော်လည်း သူ့စိတ်မှာ ပြန်မရှင်သန်ခဲ့ပေ။

စိတ်ကျရောဂါအား လအတော်အကြာခံစားခဲ့ရပြီး ကျောင်းလဲနားခဲ့ရသည်။

Justin ကတော့ တက္ကသိုလ်ဝင်စာမေးပွဲကြီးအား အောင်အောင်မြင်မြင်ဖြေဆိုနိုင်ခဲ့ပြီးနောက် William ကို နောက်နှစ်စာမေးပွဲဝင်ဖြေဖို့အားပေးခဲ့သည်။

စာများကိုလဲအတူတူဝိုင်းကျက်ပေးမည်ဟုပြော၍ William နှင့်စာအတူတူုပြန်လုပ်ပေးခဲ့သော်လည်း William မှာ စာမြင်လိုက်ရသည်နှင့်သူ၏အတိတ်ဆိုးများအားပြန်၍မြင်ယောင်မိခဲ့သည်။

ထို့ကြောင့်စာလုံးဝကျက်မှတ်လေ့လာလို့မရခဲ့ပေ။

သူအချိန်တိုင်းစိတ်ဓာတ်ကျနေခဲ့သလို အတိတ်ဆိုးများကိုပြန်သတိရမှတ်မိတိုင်းလဲ သူငိုကြွေးခဲ့သည်။ လူတိုင်းကို သူအယုံအကြည်မလွယ်ရဲတော့။ ထို့အပြင် သူ့အိပ်ခန်းထဲမှာလွဲ၍လည်း ဘယ်နေရာမှမသွားခဲ့ပေ။

ဤသို့ဖြင့် တစ်နှစ်အကြာတွင် William၏ Therapistမှ ညွှန်ကြားချက်အရ William အား တယောသင်တန်းသို့ပို့၍ တယောထိုးနည်းအားသင်ကြားစေခဲ့သည်။

သို့သော် စစချင်းတွင် William အတွက်လူအများကြီးဖြင့်သင်ရမည်ဆိုသောကြောင့် လုံးဝအဆင်မပြေခဲ့ပေ။

ထို့ကြောင့် တယောဆရာဖြစ်သူ ဆရာ Arthur မှာ William ၏အခြေအနေအကြောင်းစုံအား သူ၏မိဘများထံမှသိရှိပြီးနောက် William အား ဒုက္ခအတွင်းမှ ကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် William အား တယောကို သင်တန်းမရှိသည့်အချိန်များတွင် တစ်ယောက်ထဲသင်ပေးဖို့ကြိုးစားခဲ့သည်။

William အား တယောထိုးရခြင်းကိုနှစ်သက်သဘောကျလာပြီး စိတ်ဓာတ်ပြန်လည်တက်ကြွစေရန် အစွမ်းကုန်သင်ကြားပြသပေးခဲ့သည်။

William သည် တယောတီးခြင်းကို ကျောင်းတက်စဉ်အချိန်တုန်းက စိတ်ပါဝင်စားမှုမရှိခဲ့သော်လည်း ယခုတွင်မူတဖြည်းဖြည်း ကြိုက်နှစ်သက်လာပြီး အထုံပါရမီရင့်သန်လာခဲ့သည်။

သူ နေ့စဉ်နေ့တိုင်း တယောတီးခြင်းကို အမြဲတမ်းလေ့ကျင့်ခဲ့သည်။ သူ၏ကိုယ်ပိုင်ခံစားချက်များအား တယောသံစဉ်များအဖြစ်သို့ပြောင်းလဲတီးခတ်ခဲ့သည်။

သို့သော်သူ၏တယောသံစဉ်များမှာ အမြဲတမ်းဝမ်းနည်းဖွယ်ကောင်းခဲ့သည်။ အရင်ကသူ့ခံစားချက်များကိုဖော်ထုတ်ပြခွင့်မရခဲ့ပေမယ့် ယခုတွင်မူဂီတဖြင့်ခံစားဖော်ထုတ်နိုင်ခဲ့သည်။

ထို့နောက် သူအတော်ဆုံးနဲ့အကောင်းဆုံး တယောပညာရှင်တစ်ယောက်ဖြစ်လာစေရန် စိတ်အားထက်သန်လာခဲ့ကာ ဆရာ Arthur ထံမှ ပညာအားလုံးယူခဲ့သည်။

တက္ကသိုလ်ဝင် စာမေးပွဲကြီးကိုလဲ ပြန်လည်ဝင်ရောက်ဖြေဆိုခဲ့ရာ နှစ်ချင်းပေါက်အောင်မြင်ခဲ့သည်။

ထို့နောက် ဆရာArthur၏ ညွန်ကြားသင်ကြားမှုများအတိုင်း တယောတီးခြင်းကို တစ်နေ့ထက်တစ်နေ့ လက်ရည်ပိုကောင်းလာအောင် ကြိုးစားလေ့ကျင့်ခဲ့သည်။

ဤသို့ဖြင့် သူ၏အိမ်မက်များသည် အချိန်တစ်ခုရောက်သော် အမှန်တကယ်ဖြစ်လာခဲ့သည်။

ကြီးကျယ်ခမ်းနားလှပသော ဟော်တယ်ခန်းမကြီးတွင် မီးဆိုင်းများမှာလည်း ထိန်လင်းလှပလျက်ရှိပေသည်။

ခန်းမ၏အပြင်အဆင်ခင်းကျင်းမှုမှာ လူချမ်းသာများ၏အရှိန်အဝါများ လွှမ်းမိုးနေ၏ ။

ခန်းမတွေ သံစုံတီးဝိုင်းမှ တယောသံစဉ်များ၊ စန္ဒရားသံစဉ်များစသဖြင့် ခန်းမအတွင်းရှိလူအများနားသောတဆင်ဖို့ရန်အတွက် တီးခတ်ဖျော်ဖြေပေးလျက်ရှိ၏။

"Congratulations Scarlett ... နင်အရမ်းလှနေတယ်။ နင့်အမျိုးသားကလဲ ခန့်ချောကြီး"

"ဟားဟား ... Scarlett ရဲ့ ယောကျ်ားပဲ ။ ဒီလောက်တော့ရှိတာပေါ့"

"အေးပါ။ အေးပါ။ ရုပ်ကဘယ်လောက်တောင်ပျော်နေလဲဆိုတာသိသာပါ့ဟယ်။ အမြင်တောင်ကပ်ချင်လာပြီ။"

"ဟုတ်ပါ့ဟယ်။ မျက်နှာကပြုံးဖြီးနေလိုက်တာများ"

"နင်တို့ကလဲ ငါ့ဘာသာပျော်နေတာကို Jellyတွေဖြစ်နေပြန်ပြီ"

"ဘာပဲဖြစ်ဖြစ် ငါတို့ကို နင့်Weddingရော Dinnerပွဲရော ဖိတ်တဲ့အတွက်ကျေးဇူးပါ ကောင်မရယ်။

ဒါနဲ့ Dinnerမှာ ပါဆယ်ဆွဲလို့ရလားဟေ့။ ငါတို့အကြောင်းနင်သိတယ်မလား။ ငါတို့ဗိုက်က တော်ရုံနဲ့တင်းတိမ်တာမဟုတ်"

"Honey...ချစ်လေး...ဒီကိုခဏလာပါဦး"

"အေးပါ...ကောင်မတွေရယ်။ ကြိုက်သလောက်သာစား ကြိုက်သလောက်စား ။ ကဲ... ဒါဆို ငါ့ယောကျာ်းဆီသွားလိုက်ဦးမယ်"

ယနေ့ညသည် Scarlett ၏ မင်္ဂလာညစာစားပွဲကျင်းပသောညဖြစ်သည်။

"ကို ...ဘာပြောမလို့လဲ"

"ဒီမှာ Honey... ဒါကိုယ်တို့dinner ပွဲအတွက် ဟော်တယ်ကဖိတ်ပေးထားတဲ့နာမည်ကြီးပုဂ္ဂိုလ်နဲ့မိတ်ဆက်ပေးမလို့။ William တဲ့။ သူက ဒီညတယောတီးပေးမှာ"

"ဪ"

William ကို မြင်မြင်ချင်းတွင် Scarlett မျက်နှာမှာ အံ့အားသင့်မှုနှင့်အတူ မှိုင်ကျသွားတော့သည်။

သို့သော် သူမ၏အမျိုးသားမှ သတိမပြုမိခဲ့။

William နှင့် မိတ်ဆက်ပေးသောအခါ သူမဟန်ဆောင်ပြုံးပြခဲ့သည်။

"ကျွန်တော်တို့ကကျောင်းတုန်းကသူငယ်ချင်းတွေပါ။ ကျွန်တော်တို့အချင်းချင်းသိကြပါတယ် ကိုLee Chung (လီချန်)"

William မှ "ငါတို့ပြန်ဆုံကြပြီပေါ့ကွာ" ဆိုသောအပြုံးဖြင့်ပြုံးပြ၍ ပြောလိုက်လေသည်။

"အိုး...ဒါဆိုငယ်သူငယ်ချင်းတွေ ပြန်ဆုံကြတာပေါ့"

"ဒါပေါ့ဗျာ...Congratulations ပါ Scarlett...မင်းအရမ်းပျော်နေပြီပေါ့"

Scarlett မှာ ဟန်ဆောင်ပန်ဆောင်ဖြင့်သာ ရယ်ပြ၍နူတ်ဆက်ခဲ့သည်။ သို့သော် သူမမပျော်တော့ပေ။

"ဒါဆို...ကျွန်တော့်ကိုခွင့်ပြုပါဦး။ ကျွန်တော်စင်ပေါ်မှာ ဖျော်ဖြေရတော့မယ်"

"အိုး...ကျွန်တော်တို့လင်မယားနှစ်ယောက် William တယော တီးတာကို အားပေးနေပါ့မယ်"

"ကျေးဇူးတင်ပါတယ်။ ဒါဆိုကျွန်တော်သွားလိုက်ပါဦးမယ်"

ဖျော်ဖြေရေးစင်ပေါ်၌ William နေရာယူပြီးသော် ခန်းမတစ်ခုလုံးရှိမီးများ မှေးမှိန်သွားသည်။

ထို့နောက် William ရှိရာသို့ ဇလိုက်မီးဝိုင်းနှစ်ခုပြိုင်ထိုးလိုက်လျှင်ထိုးလိုက်ချင်း William မှာ Elgar Edward ရဲ့ Salut d'amour, Op.12 အား စန္ဒရားနှင့်တွဲဖက်၍ တယောစတင်တီးခတ်တော့သည်။

ထိုသို့တီးနေစဉ်၌ William မှာသူ၏အတိတ်ကို ပြန်မြင်ယောင်လာသည်။ တယောတီးနေစဉ်မှာပင် Scarlett ဘက်သို့ အကြည့်တစ်ချက်ပြုခဲ့သည်။ Scarlett နှင့် အကြည့်ချင်းဆုံသော် မျက်နှာညိုးငယ်နေသော သူမအားပြုံးပြလိုက်သည်။

ဤအချိန်တွင် William မှာ သူ၏ Scarlett အပေါ်တစ်ချိန်တစ်ခါကရှိခဲ့သည့် အမုန်းတရားများနှင့် နားကြည်းချက်ကြောင့် ခံစားရခဲ့သောဝမ်းနည်းမှူများအားလုံးကို သံစဉ်များနှင့်အတူဖော်ထုတ်တီးခတ်ပြတော့သည်။

ပွဲလာဧည့်ပရိတ်သတ်များသည်လည်း William ၏တယောသံစဉ်ထဲတွင် နစ်မြောနေကြသည်။

William နောက်ထပ် Scarlettအားကြည့်လိုက်သော် သူမတိတ်တိတ်ကလေးငိုနေဟန်ရှိသည်။

William သည်လည်း သူ၏ဝမ်းနည်းနေသောတယောသံစဉ်များနှင့်အတူ မျက်ရည်အနည်းငယ်ကျလာသည်။

ဤသို့ဖြင့် သီချင်းတစ်ပုဒ်လုံးအား အကောင်းဆုံးတီးပြခဲ့လေသည်။ သီချင်းပြီးဆုံးသော် ခန်းမတစ်ခုလုံးသည် လက်ခုပ်သြဘာသံများဖြင့် ပြည့်နှက်သွားတော့သည်။

William မှ ပရိတ်သတ်များအားဂါရဝပြုပြီးသော် Scarlett ဆီသို့ တတိယအကြိမ်ထပ်ကြည့်ခဲ့သည်။

သူမလဲ သူ့အားလက်ခုပ်တီးပေးနေသည်။
ထို့နောက် သူမကိုကြည့်နေသည့်အကြည့်ထဲမှာပင် သူဆုတောင်းပေးခဲ့သည်။

"Scarlett ... မင်းချစ်ရတဲ့သူနဲ့ ထာဝရ ပျော်ရွှင်ပါစေကွာ"

÷÷÷÷÷÷÷÷÷÷🎻🎻🎻🎻÷÷÷÷÷÷÷÷÷

Thank you so much for your support. ( ^ν^)

Continue Reading

You'll Also Like

148K 2.3K 30
˚₊‧꒰ა ☆ ໒꒱ ‧₊˚ in which lando norris falls for oscar piastri's sister. or an upcoming rookie joins mclaren and his sister causes a stir.
28.9M 916K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...
191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
7.3M 303K 38
~ AVAILABLE ON AMAZON: https://www.amazon.com/dp/164434193X ~ She hated riding the subway. It was cramped, smelled, and the seats were extremely unc...