Zawgyi
သူ႔အမည္ကား ထက္လင္း။ သူ႔တစ္ေန႔တာအလုပ္ဟူ၍ ေအးေအးခ်မ္းခ်မ္း အိပ္ရာႏိုးခ်ိန္မွ ေရႊေတာင္ၾကားလို ဆိတ္ၿငိမ္ရပ္ကြက္ထဲတြင္ ေဆးခန္းေလးထိုင္ရံုသာ။ တနလာၤေန႔တုိ႔တြင္ကား သူ႔ေဆးခန္းတြင္ လူလက္မခံ။ သူသည္ စိတ္ေရာဂါအထူးကုတစ္ေယာက္မုိ႔ တနလာၤေန႔တုိ႔သည္ လူတို႔၏ စိတ္ကိုထံုထိုင္းမိႈင္းေဝေစသည့္ ေန႔တစ္ေန႔ျဖစ္သည္မုိ႔ သူ တနလာၤေန႔တြင္ မည္သည့္ လူနာကိုမွ ေတြ႔ေလ့မရိွ။ သူပ်င္းသည္လည္း ပါသည္ေပါ့။
ေနာက္ၿပီး သူ႔လူနာတုိ႔သည္ ေငြေၾကးခ်မ္းသာၾကြယ္ဝသူတုိ႔သာျဖစ္သည္။ ထိုသူတုိ႔သည္ စိတ္ေရာဂါမရိွေသာ္ျငား သူတို႔၏ စိတ္ထြက္ေပါက္အေနႏွင့္ သူႏွင့္ေတြ႔ဆံု စကားေျပာၾကသည္။ ဤသည္ကား သူ၏ အလုပ္မ်ား။ ၾကြယ္ဝသူမ်ား၏ ဆရာဝန္တစ္ဦးျဖစ္သည္မုိ႔ သူသည္ လူနာကို အျမဲတမ္း လက္ခံေတြ႔ဆံုေနစရာလည္း မလုိပါေခ်။
"အဲ့ဒီေတာ့ မင္းကို အဲ့လုိေတြေျပာၾကတယ္ေပါ့..."
တိတ္ဆိတ္သည့္ Bakery ဆုိင္ေလးတစ္ခု။ ထိုဆိုင္ေလးတြင္ ဆုိင္းဘုတ္ပင္မရိွ။ တိတ္ဆိတ္ၿပီး အပင္တုိ႔စိမ္းစိုေနသလုိ လူလည္း နည္းပါးလြန္းသည္။ ထိုဆုိင္ေလးရိွသည္ဟုပင္ လူတုိ႔မွ မသိေပဘဲ။ စႏၵာရားသံသဲ့သဲ့သံစဥ္က Yiruma ၏ River Flow in You...
"အင္း..."
မေက်လည္သည့္ အသံျဖင့္ ေခါင္းညိတ္လာသည့္ နီေစြးကို သူ ရယ္ခ်င္စြာၾကည့္သည္။ မိုးေဝဆုိသည့္ နီေစြး၏ သူေဌးသည္ တကယ္ပဲ လူမ်ားကို ကိုင္တြယ္တတ္သည္။ အသစ္အဆန္းလိုခ်င္သည္ဆိုမွေတာ့ မခံခ်င္စိတ္မ်ားသည့္ နီေစြးသည္ သူ႔ကို မေရးေရးေအာင္ေျပာသည့္ စကားမွန္းသိသိႏွင့္ မေရးဘဲဘယ္ေနပ့ါမလဲ။
"အဲ့ဒီေတာ့..."
တနလာၤေန႔ကို သူ လူနာေတြ႔ျခင္းမရိွေသာ္လည္း နီေစြးသည္ သူ႔လူနာမဟုတ္သည့္အျပင္ သူ႔သူငယ္ခ်င္းတစ္ေယာက္။ ထို႔အတြက္ သူ နီေစြးႏွင့္ သူ႔ေဆးခန္းအနီးရိွ ထိုဆုိင္ေလးတြင္ စကားေျပာျဖစ္ျခင္း။
"ဒါေပမဲ့ ငါမွ အခ်စ္ကိုမယံုတာ... မေရးႏိုင္တာနဲ႔ မေရးခ်င္တာနဲ႔ မတူဘူးေလကြာ..."
"မေရးခ်င္မေရးနဲ႔ေပါ့..."
"ငါ မေရးႏိုင္တာလို႔ေတာ့ အထင္မခံခ်င္ပါဘူး..."
ႏွနယ္သည့္မ်က္ႏွာေလးသည္ သုန္မႈန္သြား၏။ ထက္လင္း ေကာ္ဖီခြက္ကို ခ်ကာ ျပံဳးသည္။ နီေစြးသည္ လူသားမဆန္ဟု သူ ထင္သည္။ အဘယ္ေၾကာင့္ဆုိေသာ္ နီေစြးသည္ စိတ္ခံစားခ်က္ကင္းမဲ့သည့္ သူတစ္ဦး။ သူသည္ ဘာကိုမွမခံစားတတ္။ Emotional Paralysis ျဖစ္ေနသည့္ နီေစြးသည္ လူအမ်ားကို ခံစားခ်က္ေပါင္းစံုေပးႏိုင္သည့္ စာတုိ႔ကို ဖန္တီးႏိုင္စြမ္းရိွသည္။
နီေစြး၏ Emotional Paralysis ျဖစ္မႈက အျခားသူတို႔လို စိတ္ထိခိုက္လြန္းမႈေၾကာင့္မဟုတ္ဘဲ သူ၏ လြယ္လြယ္ကူကူ အင္း ေလာကႀကီးမွာ ဒါမ်ိဳးျဖစ္တတ္တာပဲ ဟုသည့္စရိုက္ႏွင့္ ဦးေႏွာက္အသိဥာဏ္ကို လြန္ကဲစြာအသံုးျပဳ၍။
ထိုလူသားမဆန္သည့္ နီေစြးတြင္ လူသားဆန္သည္က တစ္ခုသာ ရိွသည္။ ထုိေကာင္ေလးသည္ မာနႀကီးသည္။ ထိုအရာေလးကပဲ သူ႔ကို ပံုမွန္ျဖစ္ေစျခင္း။ ထို႔အတြက္ နီေစြး၏ ဘဝင္ေလဟပ္မႈကို သူ ဘယ္တုန္းကမွ မတားျမစ္။
နီေစြးေျပာသလို ဘဝင္ေလဟပ္ႏိုင္သည့္ အရည္အခ်င္းကို ပိုင္ဆုိင္၍ ဘဝင္ျမင့္ေနတာဟုပင္ သူ လက္ခံထားေပးလိုက္သည္။ ဘာပဲေျပာေျပာ သူ႔သူငယ္ခ်င္းေလး ပံုမွန္ျဖစ္ေနသည္က ေတာ္ပါေသးတယ္ေလ။
"ေနာက္ၿပီး ငါက လူတစ္ေယာက္ကို Commit မျဖစ္ခ်င္ဘူးေလ..."
"အင္း ငါသိတယ္..."
"လူတစ္ေယာက္က လူတစ္ေယာက္ကို အၾကာႀကီးခ်စ္လို႔ရတယ္လို႔ ငါမယံုဘူး..."
"သံေယာဇဥ္ဆုိတာေတြနဲ႔ ခ်ည္ေႏွာင္ၾကတယ္ေလ..."
"သံေယာဇဥ္ကလည္း ခက္တယ္ဆိုေပမဲ့ ျဖတ္လုိ႔ရတာပါပဲ..."
မႏိုင္ပါဘူးကြာဆုိသည့္ ပံုစံႏွင့္သာ သူ လက္ေျမွာက္လုိက္ေတာ့သည္။ စာေရးဆရာတစ္ဦးကို သူလို စိတ္ပညာရွင္ေလးက ဘယ္လုိလုပ္စကားအရာတြင္ ႏုိင္ေအာင္ေျပာႏိုင္မွာတဲ့လဲ။ သူသိသည္က လူတို႔၏ စိတ္ကို နားလည္ေအာင္ျပဳျခင္းသာ။
"ငါ ေရးဖို႔ေတာ့ စဥ္းစားေနတယ္..."
"အင္း... မင္းရဲ႕ ပရိသတ္ေတြလည္း အသစ္အဆန္းရတာေပါ့..."
ထက္လင္းႏွင့္စကားေျပာရျခင္းက နီေစြးကို စိတ္သက္သာရာရေစသည္။ မ်ားေသာအားျဖင့္ အေတြးသမားသူသည္ ထက္လင္းကို ရင္ဖြင့္ေလ့ရိွသည္။ အဓိကအားျဖင့္ သူ႔ဇာတ္ေကာင္စရိုက္ႏွင့္ ပတ္သက္သည့္ ကိစၥမ်ား။ သူ႔စာေရးပံုစာေရးနည္းကို သိသည့္ သူထဲတြင္ သူ၊ သူ႔ဇာတ္ေကာင္မ်ားၿပီးလွ်င္ ထက္လင္းသာ ရိွသည္။
"ေလာေလာဆယ္ေတာ့ မင္း အနားယူပါဦး မင္း စိတ္ကို နည္းနည္းအနားေပးဦး စာအုပ္တစ္အုပ္ၿပီးတာလည္း မၾကာေသးဘူး မဟုတ္လား..."
"အင္း..."
ေခါင္းညိတ္တံု႔ျပန္သည့္ နီေစြးကို ၾကည့္ၿပီး ထက္လင္းျပံဳးသည္။ လက္မွနာရီကို ၾကည့္ၿပီး သူ ျပတင္းအျပင္ကိုၾကည့္၏။ ေကာင္းကင္ျပာသည္ ၾကည္လင္ေနဆဲ။ သူ႔အမူအရာေၾကာင့္ နီေစြးသည္လည္း လက္မွနာရီကိုၾကည့္၏။
"အာ ငါ ဖုန္းသြားဝယ္မလုိ႔ မင္း အေဖာ္လိုက္ခဲ့ဦး... အပိုေတြနဲ႔ငါ့ကို လာျငင္းမယ္မၾကံနဲ႔ ဒီေန႔က တနလာၤေန႔..."
"မင္းဖုန္းဝယ္ထားတာ ဟိုတေလာေလးတင္က..."
"ငါ့အတြက္မဟုတ္ဘူး..."
မ်က္ႏွာေသေလးျဖင့္ ေျပာလာသည့္ နီေစြးေၾကာင့္ ထက္လင္းမ်က္ခံုးပင့္သည္။ သေကာင့္သား နီေစြးက သူမ်ားကိုလက္ေဆာင္ေတြဘာေတြ ေပးမလုိ႔တဲ့လား။ အံ့ၾသစရာပဲ။ သူနဲ႔ပတ္သက္သည့္ သူတစ္ေယာက္ေယာက္ရဲ႕ ေမြးေန႔ေလလား။ ဖုန္းက ရိုဆန္တဲ့လက္ေဆာင္ထဲပါသည္ဟုေတာ့ သူ မထင္။ ေစ်းႀကီးသည့္ လက္ေဆာင္မ်ိဳးထဲတြင္ ပါသည္ဟုသာ သူ ထင္သည္။
"အက်ိဳးနည္းေတြ မေတြးစမ္းပါနဲ႔ကြာ... လာစမ္းပါ လုိက္ခဲ့... ငါတစ္ေယာက္တည္း ပ်င္းလို႔..."
သူ႔ကို ေခၚျခင္းအေၾကာင္းတရားထဲတြင္ နီေစြးသည္ အငွားကားခ သက္သာေစရန္ဆုိသည့္ ရည္ရြယ္ခ်က္ပါသည္ကို ထက္လင္း ေနာက္မွ သိလုိက္ရသည္။ ေစာင္သူငယ္ခ်င္းဟု စိတ္ထဲတြင္ က်ိန္ဆဲက နံေဘးတြင္ အဲယားကြန္းေလးဖြင့္ၿပီး ခပ္တည္တည္ထိုင္လုိက္လာသည့္ နီေစြးကို ကန္ခ်ခ်င္စိတ္ကို မနည္းထိန္းလိုက္ရ၏။
"ဒါနဲ႔ ငါတုိ႔ ခ်ီးကား ေမြးေန႔နီးေနၿပီ..."
"ေရွ႕တစ္ပတ္ထဲမဟုတ္လား ဟိုတစ္ခါ သူ တင္ဒါကန္ထရိုက္ေအာင္တယ္ ၾကားတယ္ အေတာ္ပဲ အဲ့ဒါ တိုက္ခုိင္းရမယ္..."
"မင္းဟာ ကုန္းဆင္းပဲ..."
"ငါတို႔အကုန္ အတူတူေတြပါပဲကြာ..."
နီေစြး၏ ခပ္တည္တည္တံု႔ျပန္မႈကို ထက္လင္းဘာမွေျပာမေနေတာ့။ နီေစြး သူ႔ကို အစာမေၾကသည့္ ထက္လင္းကို ျပံဳးျဖဲျဖဲသာၾကည့္သည္။ ဒီေလာက္ပူေလာင္ေနသည့္ ေန႔ခင္းဘက္ႀကီးမွာေတာ့ သူ Bus ကားလံုးဝကို မစီးခ်င္ပါဘူးေနာ္။
ေနာက္ၿပီး တကၠသိုလ္ေက်ာင္းဖြင့္ခ်ိန္မို႔ အခ်ိန္အခါမလပ္ ကားသည္ ေနရာရႏုိင္ဖြယ္မရိွ။ ကေလးစုတ္ေလးမ်ားက ေက်ာင္းကိုေျပးခ်င္တုိင္းေတြေျပးေနၾကတာကိုး။ သူေနသည္က လွည္းတန္းဘက္ဆုိေတာ့ အျမဲတမ္း ေနရာမရသည္က မ်ားသည္။ လူအမ်ားကလည္း သူေနသည့္ ေနရာေလာက္မွ ဆင္းၾကသည္ေလ။
"ဖုန္းဆုိင္က မင္းတို႔နားမွာတင္ကို..."
လွည္းတန္းနားမွ ဖုန္းဆုိင္တစ္ဆုိင္ဆုိင္ကို ဝင္ရပ္ရင္း ထက္လင္းမ်က္ေစာင္းထိုးကာ မေက်နပ္မႈကို ဖြင့္ဟေတာ့ နီေစြးရယ္သည္။
"အျပန္ လွည္းတန္းစင္တာမွာ ငါတစ္ခုခု ဝယ္ေကြ်းပါမယ္ကြာ..."
"ငါ့ကို အေအးနဲ႔ေခြ်းသိပ္ေတာ့မယ္..."
ဖုန္းေကာင္တာကို ၾကည့္ၿပီး ဟိုေမးဒီေမးလုပ္ေနသည့္ နီေစြးကို ထက္လင္းၾကည့္၏။ သေကာင့္သားနီေစြးက ႏွစ္သက္သည့္ ဖုန္းကို ယူၿပီး ဆုိင္ကို ဖုန္း software အနည္းငယ္ထည့္ခိုင္းေနခ်ိန္တြင္ သူ႔ကို တစ္ေယာက္ထဲထားခဲ့ကာ ATM မွ ေငြသြားထုတ္ေခ်သည္။ သိပ္မၾကာလိုက္ ျပန္ေရာက္ခ်ိန္တြင္ဖုန္းသည္ အရံသင့္သံုးရန္အတြက္ အဆင္သင့္ျဖစ္ေနၿပီမို႔ နီေစြး ေက်နပ္စြာေလခြ်န္၏။
"အဲ..."
ဆုိင္မွထြက္ေတာ့ နာရီကိုၾကည့္ကာ ေရရြတ္သည့္ နီေစြးကို ထက္လင္း ဘုရိႈးသာ လွမ္းရိႈးသည္။
"ငါ ေနာက္တစ္ခါမွ မင္းကို မုန္႔လုိက္ေကြ်းလို႔ရလား..."
"ဘာလို႔လဲ..."
ျပႆနာမရိွေသာ္လည္း နီေစြးကို နည္းနည္းေတာ့ ျပႆနာရွာခ်င္သည္မို႔ သူ ရစ္သည့္ အသံျဖင့္ ေမးေတာ့ နီေစြးမ်က္ႏွာငယ္ေလးျဖင့္ သူ႔ကိုၾကည့္သည္။
"ငါ ေန႔လည္စာအတူစားမွျဖစ္မွာ... အဲ့ဒါေၾကာင့္... ငါ ေနာက္တစ္ေခါက္မွ မင္းကို မုန္႔ျပန္ဝယ္ေကြ်းမယ္ေလ ေနာ္ေနာ္..."
"မင္းတစ္ေယာက္ေယာက္နဲ႔ ခ်ိန္းထားလုိ႔လား..."
"အင္း အဲ့သေဘာပဲ..."
နီေစြး၏ တစ္ခုခုကို ဖုံးကြယ္ရန္ႀကိဳးစားေနသည့္ ပံုကို သူ စူးစမ္းၾကည့္သည္။ ထို႔ေနာက္ ဆက္ရစ္မေနေတာ့ဘဲ သူလႊတ္ေပးလိုက္၏။
"ငါ လုိက္ပို႔ရဦးမလား..."
"ဟင့္အင္း မလုိဘူး အိမ္ပဲျပန္ရမွာ... ငါ သြားၿပီေနာ္..."
ကားလမ္းကူးျဖတ္ေျပးသြားသည့္ နီေစြးကို ထက္လင္း ေၾကာင္အစြာၾကည့္ရင္း က်န္ခဲ့ျဖစ္သည္။ ေနပါဦး နီေစြးက အခု တစ္ေယာက္ေယာက္နဲ႔အတူေနေနတာလား။ သူေျပာပံုအရဆိုလွ်င္ သူ႔ကို အိမ္တြင္တစ္ေယာက္ေယာက္က ေစာင့္ေနသည္ေပါ့။ ဒီနီေစြးက တစ္ေယာက္ေယာက္နဲ႔ အတူတူေနတယ္! ထက္လင္း မ်က္ႏွာတြင္ ညစ္က်ယ္က်ယ္ အျပံဳးတစ္ခုေပၚလာေလသည္။
============ Schmaltz ==============
"ငါ ျပန္လာၿပီ..."
"ဟုတ္..."
သူ ျပန္လာသည္ႏွင့္ အေပါက္ဝနားေရာက္လာသည့္ Vincent ကုိ နီေစြးျပံဳးျပသည္။ အျမဲတမ္း တစ္ေယာက္တည္း ရုပ္ရွင္ပဲၾကည့္ေနရသည့္ Vincent သည္လည္း ပ်င္းေလာက္ေရာေပါ့။ သို႔ေသာ္ သူ ဘာတတ္ႏုိင္မွာလဲ Vincent က သူတုိ႔ကမၻာမွ လူတစ္ေယာက္မွမဟုတ္တာ။
ထို႔အတြက္ တစ္ခ်ိန္က်ရင္ အခက္အခဲျဖစ္မွာမ်ိဳး သူ မလုိခ်င္ပါဘူး။ ေနာက္ၿပီး စကားတစ္ခြန္းတစ္ေလ အမွားေၾကာင့္ Vincent အေနျဖင့္ ဒီကမၻာမွ လူသားတစ္ေယာက္မဟုတ္သည္ကို အျခားသူတုိ႔ သိမွာကိုလည္း သူ မျဖစ္ေစခ်င္ပါဘူး။
"မင္းလည္း တစ္ေန႔တစ္ေန႔ အိမ္ထဲ ေအာင္းေနရတာ ပ်င္းေနမွာပဲ..."
သူ ဖိနပ္ခြ်တ္၊ အိမ္ထဲဝင္လာၿပီးေနာက္ ဧည့္ခန္းဆိုဖာေပၚတြင္ပစ္လွဲထိုင္ေတာ့ အလုိက္တသိ ေရခဲေသတၱာထဲမွ ေရဘူးကိုထုတ္ကာ ဖန္ခြက္ေလးထဲထည့္ေပးလာသည့္ Vincent နီေစြး မ်က္ခံုးပင့္ကာ ဘဝင္က်သလုိလုိျဖစ္သြားသည္။ ဟုတ္သည္ေလ။ သူ႔ေခြးဝါေလးက ကိုယ့္ကိုယ္ကို တာဝန္ယူႏိုင္သည့္အျပင္ သူ႔ေဝယ်ာဝိစၥကိုပါ တာဝန္ယူေနႏိုင္တာပဲ။ မဆိုးဘူးမဆိုးဘူး။ သူ ဒါမ်ိဳးေလးေတြ သိပ္သေဘာက်တယ္။
"ငါ မင္းအတြက္ဖုန္းဝယ္လာတယ္..."
သူ ဖုန္းကိုထုတ္ကာ Vincent လက္ထဲထည့္ေပးသည္။
"ဒီကိုလာ ငါသံုးတာေတြကို ေျဖးေျဖးခ်င္းသင္ေပးမယ္..."
သူ႔နံေဘးတြင္ ထုိင္ခ်လာရင္း သူ ဖုန္းေခၚမႈ သင္ေပးေနရာကို ေသခ်ာၾကည့္ေနသည့္ Vincent ကို ၾကည့္ၿပီးျပံဳးသည္။ ဒီကေလးက ေသခ်ာေတာ့ နားေထာင္တတ္သား။
"ေရာ့ တျခားဟာေတြလညး္ ကလိၾကည့္... ပ်က္လည္း ျပင္ဆုိင္က ငါတုိ႔နားေလးတင္..."
Sugar Daddy အခ်ိဳးမ်ိဳးႏွင့္ေျပာေသာ္လည္း သူအသစ္ဝယ္ေပးမည္ဟုေတာ့ မေျပာပါေလ။ Vincent ေဆာ့စရာအသစ္ရသြားသည့္ ကေလးတစ္ေယာက္လုိ လက္ထဲက ဖုန္းကိုၾကည့္ေနသည္ကို သူ သေဘာက်စြာျပံဳးရင္း...
"ငါ ေန႔လည္စာ ျပင္လုိက္မယ္ အုိးထဲကဟာေတြ ခူးထည့္ရံုပဲမဟုတ္လား..."
"အင္း... ဒါနဲ႔ ဒါက ဘာလဲ... ေဟာ ကြ်န္ေတာ္ နီေစြးပံုကို ဒီထဲမွာ ျမင္ရတယ္..."
ကင္မရာကိုေထာက္ကာ သူ႔ဘက္ဖုန္းေလးေထာင္လာသည့္ Vincent ကို သူ ရယ္သည္။
"အလယ္ကို ဟာကို တစ္ခ်က္အသာဖိလုိက္ရင္ ငါ့ပံုက အဲ့ထဲေရာက္သြားလိမ့္မယ္..."
"ေၾသာ္..."
ေျပာသည့္အတုိင္းလုပ္ၿပီး ဘယ္ကျပန္ရွာရမွန္း မသိျဖစ္ေနသည့္ Vincent ကိုၾကည့္ၿပီး သူ ထမင္းျပင္မလုိလုပ္ေနရာကေန ျပန္လွည့္လာသည္။ ဖုန္းထဲေခါင္းဝင္မတတ္ ၾကည့္ေနသည့္ Vincent ေရွ႕တြင္ရပ္ကာ သူ ကိုယ္ကိုကိုင္း၍ ဖုန္းကို ၾကည့္၏။
ေခါင္းခ်င္းထိလုမတတ္ျဖစ္သြားေသာ္လည္း Vincent သည္ မေရွာင္တိမ္းလုိက္။ အျပင္မသြားခင္ ဆြတ္သြားသည့္ နီေစြးအျမဲသံုးေနက် ေရေမႊးနံ႔သင္းသင္းေလးသည္ ျပင္ပ၏ အပူဒဏ္ေၾကာင့္ ေခြ်းနံ႔ႏွင့္ ေရာေနသည့္တုိင္ သူ႔အတြက္ေတာ့ ခပ္သင္းသင္းရနံ႔မ်ိဳးျဖစ္ေနေသးသည္။
"ဒီမွာေလ... ေဟာ အမယ္ ငါ့ပံုေလး မဆိုးပါလား..."
ကင္မရာႏွင့္ပတ္သက္သည့္ လုပ္ငန္းစဥ္တုိ႔ကို ထိုအေနအထားအတုိင္းရွင္းျပသည့္ နီေစြးအသံက သူ႔နားထဲဝင္တစ္ခ်က္မဝင္တစ္ခ်က္။ နီေစြးသည္ သူ႔အနားတြင္ရိွေနသည္ကို သူ သေဘာက်သည္။ နီေစြးသူ႔ကို ထိမည္ဆုိလည္း သူ လက္ခံႏိုင္သည္။
"ကဲ ဒါဆုိ ငါ ေန႔လည္စာတကယ္ျပင္ေတာ့မယ္..."
ဧည့္ခန္းႏွင့္မီးဖိုခန္းက တစ္ဆက္တည္းရိွသည္မို႔ သူ ထိုင္ေနသည့္ ေနရာမွ နီေစြး၏ ပံုရိပ္အခ်ိဳ႕ကို ထပ္ဖမ္းယူျဖစ္ခဲ့သည္။ မ်က္ႏွာမဟုတ္ဘဲ ေသးသြယ္သည့္ ေက်ာျပင္ကိုသာ သူျမင္ရေသာ္လည္း နီေစြးဆုိသည့္အသိႏွင့္ သူ သေဘာက်သည္။ ဖုန္းထဲမွ ဓာတ္ပံုမ်ားကို ျပံဳး၍ၾကည့္ေနသည့္ သူသည္ နီေစြး၏ စားလို႔ရၿပီလာေတာ့ေလဆုိသည့္ ေခၚသံၾကားမွ ဖုန္းႏွင့္မ်က္ႏွာျပန္ခြာျဖစ္ေတာ့သည္။
===================================
Anna : ငါတို႔ေခြးဝါေလးဟာ ျဖာေယာင္းခံေနရတာပဲ...
နီေစြး : ဘယ္သူက ဘယ္သူ႔ကို...
Anna : မသိဘူးေလ... နင္ပဲသိမွာေပါ့
Vincent : ေခြးဝါဆိုတာ????
Anna, နီေစြး : ......
Unicode
သူ့အမည်ကား ထက်လင်း။ သူ့တစ်နေ့တာအလုပ်ဟူ၍ အေးအေးချမ်းချမ်း အိပ်ရာနိုးချိန်မှ ရွှေတောင်ကြားလို ဆိတ်ငြိမ်ရပ်ကွက်ထဲတွင် ဆေးခန်းလေးထိုင်ရုံသာ။ တနလာၤနေ့တို့တွင်ကား သူ့ဆေးခန်းတွင် လူလက်မခံ။ သူသည် စိတ်ရောဂါအထူးကုတစ်ယောက်မို့ တနလာၤနေ့တို့သည် လူတို့၏ စိတ်ကိုထုံထိုင်းမှိုင်းဝေစေသည့် နေ့တစ်နေ့ဖြစ်သည်မို့ သူ တနလာၤနေ့တွင် မည်သည့် လူနာကိုမှ တွေ့လေ့မရှိ။ သူပျင်းသည်လည်း ပါသည်ပေါ့။
နောက်ပြီး သူ့လူနာတို့သည် ငွေကြေးချမ်းသာကြွယ်ဝသူတို့သာဖြစ်သည်။ ထိုသူတို့သည် စိတ်ရောဂါမရှိသော်ငြား သူတို့၏ စိတ်ထွက်ပေါက်အနေနှင့် သူနှင့်တွေ့ဆုံ စကားပြောကြသည်။ ဤသည်ကား သူ၏ အလုပ်များ။ ကြွယ်ဝသူများ၏ ဆရာဝန်တစ်ဦးဖြစ်သည်မို့ သူသည် လူနာကို အမြဲတမ်း လက်ခံတွေ့ဆုံနေစရာလည်း မလိုပါချေ။
"အဲ့ဒီတော့ မင်းကို အဲ့လိုတွေပြောကြတယ်ပေါ့..."
တိတ်ဆိတ်သည့် Bakery ဆိုင်လေးတစ်ခု။ ထိုဆိုင်လေးတွင် ဆိုင်းဘုတ်ပင်မရှိ။ တိတ်ဆိတ်ပြီး အပင်တို့စိမ်းစိုနေသလို လူလည်း နည်းပါးလွန်းသည်။ ထိုဆိုင်လေးရှိသည်ဟုပင် လူတို့မှ မသိပေဘဲ။ စန္ဒာရားသံသဲ့သဲ့သံစဉ်က Yiruma ၏ River Flow in You...
"အင်း..."
မကျေလည်သည့် အသံဖြင့် ခေါင်းညိတ်လာသည့် နီစွေးကို သူ ရယ်ချင်စွာကြည့်သည်။ မိုးဝေဆိုသည့် နီစွေး၏ သူဌေးသည် တကယ်ပဲ လူများကို ကိုင်တွယ်တတ်သည်။ အသစ်အဆန်းလိုချင်သည်ဆိုမှတော့ မခံချင်စိတ်များသည့် နီစွေးသည် သူ့ကို မရေးရေးအောင်ပြောသည့် စကားမှန်းသိသိနှင့် မရေးဘဲဘယ်နေပ့ါမလဲ။
"အဲ့ဒီတော့..."
တနလာၤနေ့ကို သူ လူနာတွေ့ခြင်းမရှိသော်လည်း နီစွေးသည် သူ့လူနာမဟုတ်သည့်အပြင် သူ့သူငယ်ချင်းတစ်ယောက်။ ထို့အတွက် သူ နီစွေးနှင့် သူ့ဆေးခန်းအနီးရှိ ထိုဆိုင်လေးတွင် စကားပြောဖြစ်ခြင်း။
"ဒါပေမဲ့ ငါမှ အချစ်ကိုမယုံတာ... မရေးနိုင်တာနဲ့ မရေးချင်တာနဲ့ မတူဘူးလေကွာ..."
"မရေးချင်မရေးနဲ့ပေါ့..."
"ငါ မရေးနိုင်တာလို့တော့ အထင်မခံချင်ပါဘူး..."
နှနယ်သည့်မျက်နှာလေးသည် သုန်မှုန်သွား၏။ ထက်လင်း ကော်ဖီခွက်ကို ချကာ ပြုံးသည်။ နီစွေးသည် လူသားမဆန်ဟု သူ ထင်သည်။ အဘယ်ကြောင့်ဆိုသော် နီစွေးသည် စိတ်ခံစားချက်ကင်းမဲ့သည့် သူတစ်ဦး။ သူသည် ဘာကိုမှမခံစားတတ်။ Emotional Paralysis ဖြစ်နေသည့် နီစွေးသည် လူအများကို ခံစားချက်ပေါင်းစုံပေးနိုင်သည့် စာတို့ကို ဖန်တီးနိုင်စွမ်းရှိသည်။
နီစွေး၏ Emotional Paralysis ဖြစ်မှုက အခြားသူတို့လို စိတ်ထိခိုက်လွန်းမှုကြောင့်မဟုတ်ဘဲ သူ၏ လွယ်လွယ်ကူကူ အင်း လောကကြီးမှာ ဒါမျိုးဖြစ်တတ်တာပဲ ဟုသည့်စရိုက်နှင့် ဦးနှောက်အသိဉာဏ်ကို လွန်ကဲစွာအသုံးပြု၍။
ထိုလူသားမဆန်သည့် နီစွေးတွင် လူသားဆန်သည်က တစ်ခုသာ ရှိသည်။ ထိုကောင်လေးသည် မာနကြီးသည်။ ထိုအရာလေးကပဲ သူ့ကို ပုံမှန်ဖြစ်စေခြင်း။ ထို့အတွက် နီစွေး၏ ဘဝင်လေဟပ်မှုကို သူ ဘယ်တုန်းကမှ မတားမြစ်။
နီစွေးပြောသလို ဘဝင်လေဟပ်နိုင်သည့် အရည်အချင်းကို ပိုင်ဆိုင်၍ ဘဝင်မြင့်နေတာဟုပင် သူ လက်ခံထားပေးလိုက်သည်။ ဘာပဲပြောပြော သူ့သူငယ်ချင်းလေး ပုံမှန်ဖြစ်နေသည်က တော်ပါသေးတယ်လေ။
"နောက်ပြီး ငါက လူတစ်ယောက်ကို Commit မဖြစ်ချင်ဘူးလေ..."
"အင်း ငါသိတယ်..."
"လူတစ်ယောက်က လူတစ်ယောက်ကို အကြာကြီးချစ်လို့ရတယ်လို့ ငါမယုံဘူး..."
"သံယောဇဉ်ဆိုတာတွေနဲ့ ချည်နှောင်ကြတယ်လေ..."
"သံယောဇဉ်ကလည်း ခက်တယ်ဆိုပေမဲ့ ဖြတ်လို့ရတာပါပဲ..."
မနိုင်ပါဘူးကွာဆိုသည့် ပုံစံနှင့်သာ သူ လက်မြှောက်လိုက်တော့သည်။ စာရေးဆရာတစ်ဦးကို သူလို စိတ်ပညာရှင်လေးက ဘယ်လိုလုပ်စကားအရာတွင် နိုင်အောင်ပြောနိုင်မှာတဲ့လဲ။ သူသိသည်က လူတို့၏ စိတ်ကို နားလည်အောင်ပြုခြင်းသာ။
"ငါ ရေးဖို့တော့ စဉ်းစားနေတယ်..."
"အင်း... မင်းရဲ့ ပရိသတ်တွေလည်း အသစ်အဆန်းရတာပေါ့..."
ထက်လင်းနှင့်စကားပြောရခြင်းက နီစွေးကို စိတ်သက်သာရာရစေသည်။ များသောအားဖြင့် အတွေးသမားသူသည် ထက်လင်းကို ရင်ဖွင့်လေ့ရှိသည်။ အဓိကအားဖြင့် သူ့ဇာတ်ကောင်စရိုက်နှင့် ပတ်သက်သည့် ကိစ္စများ။ သူ့စာရေးပုံစာရေးနည်းကို သိသည့် သူထဲတွင် သူ၊ သူ့ဇာတ်ကောင်များပြီးလျှင် ထက်လင်းသာ ရှိသည်။
"လောလောဆယ်တော့ မင်း အနားယူပါဦး မင်း စိတ်ကို နည်းနည်းအနားပေးဦး စာအုပ်တစ်အုပ်ပြီးတာလည်း မကြာသေးဘူး မဟုတ်လား..."
"အင်း..."
ခေါင်းညိတ်တုံ့ပြန်သည့် နီစွေးကို ကြည့်ပြီး ထက်လင်းပြုံးသည်။ လက်မှနာရီကို ကြည့်ပြီး သူ ပြတင်းအပြင်ကိုကြည့်၏။ ကောင်းကင်ပြာသည် ကြည်လင်နေဆဲ။ သူ့အမူအရာကြောင့် နီစွေးသည်လည်း လက်မှနာရီကိုကြည့်၏။
"အာ ငါ ဖုန်းသွားဝယ်မလို့ မင်း အဖော်လိုက်ခဲ့ဦး... အပိုတွေနဲ့ငါ့ကို လာငြင်းမယ်မကြံနဲ့ ဒီနေ့က တနလာၤနေ့..."
"မင်းဖုန်းဝယ်ထားတာ ဟိုတလောလေးတင်က..."
"ငါ့အတွက်မဟုတ်ဘူး..."
မျက်နှာသေလေးဖြင့် ပြောလာသည့် နီစွေးကြောင့် ထက်လင်းမျက်ခုံးပင့်သည်။ သကောင့်သား နီစွေးက သူများကိုလက်ဆောင်တွေဘာတွေ ပေးမလို့တဲ့လား။ အံ့သြစရာပဲ။ သူနဲ့ပတ်သက်သည့် သူတစ်ယောက်ယောက်ရဲ့ မွေးနေ့လေလား။ ဖုန်းက ရိုဆန်တဲ့လက်ဆောင်ထဲပါသည်ဟုတော့ သူ မထင်။ ဈေးကြီးသည့် လက်ဆောင်မျိုးထဲတွင် ပါသည်ဟုသာ သူ ထင်သည်။
"အကျိုးနည်းတွေ မတွေးစမ်းပါနဲ့ကွာ... လာစမ်းပါ လိုက်ခဲ့... ငါတစ်ယောက်တည်း ပျင်းလို့..."
သူ့ကို ခေါ်ခြင်းအကြောင်းတရားထဲတွင် နီစွေးသည် အငှားကားခ သက်သာစေရန်ဆိုသည့် ရည်ရွယ်ချက်ပါသည်ကို ထက်လင်း နောက်မှ သိလိုက်ရသည်။ စောင်သူငယ်ချင်းဟု စိတ်ထဲတွင် ကျိန်ဆဲက နံဘေးတွင် အဲယားကွန်းလေးဖွင့်ပြီး ခပ်တည်တည်ထိုင်လိုက်လာသည့် နီစွေးကို ကန်ချချင်စိတ်ကို မနည်းထိန်းလိုက်ရ၏။
"ဒါနဲ့ ငါတို့ ချီးကား မွေးနေ့နီးနေပြီ..."
"ရှေ့တစ်ပတ်ထဲမဟုတ်လား ဟိုတစ်ခါ သူ တင်ဒါကန်ထရိုက်အောင်တယ် ကြားတယ် အတော်ပဲ အဲ့ဒါ တိုက်ခိုင်းရမယ်..."
"မင်းဟာ ကုန်းဆင်းပဲ..."
"ငါတို့အကုန် အတူတူတွေပါပဲကွာ..."
နီစွေး၏ ခပ်တည်တည်တုံ့ပြန်မှုကို ထက်လင်းဘာမှပြောမနေတော့။ နီစွေး သူ့ကို အစာမကြေသည့် ထက်လင်းကို ပြုံးဖြဲဖြဲသာကြည့်သည်။ ဒီလောက်ပူလောင်နေသည့် နေ့ခင်းဘက်ကြီးမှာတော့ သူ Bus ကားလုံးဝကို မစီးချင်ပါဘူးနော်။
နောက်ပြီး တက္ကသိုလ်ကျောင်းဖွင့်ချိန်မို့ အချိန်အခါမလပ် ကားသည် နေရာရနိုင်ဖွယ်မရှိ။ ကလေးစုတ်လေးများက ကျောင်းကိုပြေးချင်တိုင်းတွေပြေးနေကြတာကိုး။ သူနေသည်က လှည်းတန်းဘက်ဆိုတော့ အမြဲတမ်း နေရာမရသည်က များသည်။ လူအများကလည်း သူနေသည့် နေရာလောက်မှ ဆင်းကြသည်လေ။
"ဖုန်းဆိုင်က မင်းတို့နားမှာတင်ကို..."
လှည်းတန်းနားမှ ဖုန်းဆိုင်တစ်ဆိုင်ဆိုင်ကို ဝင်ရပ်ရင်း ထက်လင်းမျက်စောင်းထိုးကာ မကျေနပ်မှုကို ဖွင့်ဟတော့ နီစွေးရယ်သည်။
"အပြန် လှည်းတန်းစင်တာမှာ ငါတစ်ခုခု ဝယ်ကျွေးပါမယ်ကွာ..."
"ငါ့ကို အအေးနဲ့ချွေးသိပ်တော့မယ်..."
ဖုန်းကောင်တာကို ကြည့်ပြီး ဟိုမေးဒီမေးလုပ်နေသည့် နီစွေးကို ထက်လင်းကြည့်၏။ သကောင့်သားနီစွေးက နှစ်သက်သည့် ဖုန်းကို ယူပြီး ဆိုင်ကို ဖုန်း software အနည်းငယ်ထည့်ခိုင်းနေချိန်တွင် သူ့ကို တစ်ယောက်ထဲထားခဲ့ကာ ATM မှ ငွေသွားထုတ်ချေသည်။ သိပ်မကြာလိုက် ပြန်ရောက်ချိန်တွင်ဖုန်းသည် အရံသင့်သုံးရန်အတွက် အဆင်သင့်ဖြစ်နေပြီမို့ နီစွေး ကျေနပ်စွာလေချွန်၏။
"အဲ..."
ဆိုင်မှထွက်တော့ နာရီကိုကြည့်ကာ ရေရွတ်သည့် နီစွေးကို ထက်လင်း ဘုရှိုးသာ လှမ်းရှိုးသည်။
"ငါ နောက်တစ်ခါမှ မင်းကို မုန့်လိုက်ကျွေးလို့ရလား..."
"ဘာလို့လဲ..."
ပြဿနာမရှိသော်လည်း နီစွေးကို နည်းနည်းတော့ ပြဿနာရှာချင်သည်မို့ သူ ရစ်သည့် အသံဖြင့် မေးတော့ နီစွေးမျက်နှာငယ်လေးဖြင့် သူ့ကိုကြည့်သည်။
"ငါ နေ့လည်စာအတူစားမှဖြစ်မှာ... အဲ့ဒါကြောင့်... ငါ နောက်တစ်ခေါက်မှ မင်းကို မုန့်ပြန်ဝယ်ကျွေးမယ်လေ နော်နော်..."
"မင်းတစ်ယောက်ယောက်နဲ့ ချိန်းထားလို့လား..."
"အင်း အဲ့သဘောပဲ..."
နီစွေး၏ တစ်ခုခုကို ဖုံးကွယ်ရန်ကြိုးစားနေသည့် ပုံကို သူ စူးစမ်းကြည့်သည်။ ထို့နောက် ဆက်ရစ်မနေတော့ဘဲ သူလွှတ်ပေးလိုက်၏။
"ငါ လိုက်ပို့ရဦးမလား..."
"ဟင့်အင်း မလိုဘူး အိမ်ပဲပြန်ရမှာ... ငါ သွားပြီနော်..."
ကားလမ်းကူးဖြတ်ပြေးသွားသည့် နီစွေးကို ထက်လင်း ကြောင်အစွာကြည့်ရင်း ကျန်ခဲ့ဖြစ်သည်။ နေပါဦး နီစွေးက အခု တစ်ယောက်ယောက်နဲ့အတူနေနေတာလား။ သူပြောပုံအရဆိုလျှင် သူ့ကို အိမ်တွင်တစ်ယောက်ယောက်က စောင့်နေသည်ပေါ့။ ဒီနီစွေးက တစ်ယောက်ယောက်နဲ့ အတူတူနေတယ်! ထက်လင်း မျက်နှာတွင် ညစ်ကျယ်ကျယ် အပြုံးတစ်ခုပေါ်လာလေသည်။
============ Schmaltz ==============
"ငါ ပြန်လာပြီ..."
"ဟုတ်..."
သူ ပြန်လာသည်နှင့် အပေါက်ဝနားရောက်လာသည့် Vincent ကို နီစွေးပြုံးပြသည်။ အမြဲတမ်း တစ်ယောက်တည်း ရုပ်ရှင်ပဲကြည့်နေရသည့် Vincent သည်လည်း ပျင်းလောက်ရောပေါ့။ သို့သော် သူ ဘာတတ်နိုင်မှာလဲ Vincent က သူတို့ကမ္ဘာမှ လူတစ်ယောက်မှမဟုတ်တာ။
ထို့အတွက် တစ်ချိန်ကျရင် အခက်အခဲဖြစ်မှာမျိုး သူ မလိုချင်ပါဘူး။ နောက်ပြီး စကားတစ်ခွန်းတစ်လေ အမှားကြောင့် Vincent အနေဖြင့် ဒီကမ္ဘာမှ လူသားတစ်ယောက်မဟုတ်သည်ကို အခြားသူတို့ သိမှာကိုလည်း သူ မဖြစ်စေချင်ပါဘူး။
"မင်းလည်း တစ်နေ့တစ်နေ့ အိမ်ထဲ အောင်းနေရတာ ပျင်းနေမှာပဲ..."
သူ ဖိနပ်ချွတ်၊ အိမ်ထဲဝင်လာပြီးနောက် ဧည့်ခန်းဆိုဖာပေါ်တွင်ပစ်လှဲထိုင်တော့ အလိုက်တသိ ရေခဲသေတ္တာထဲမှ ရေဘူးကိုထုတ်ကာ ဖန်ခွက်လေးထဲထည့်ပေးလာသည့် Vincent နီစွေး မျက်ခုံးပင့်ကာ ဘဝင်ကျသလိုလိုဖြစ်သွားသည်။ ဟုတ်သည်လေ။ သူ့ခွေးဝါလေးက ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်သည့်အပြင် သူ့ဝေယျာဝိစ္စကိုပါ တာဝန်ယူနေနိုင်တာပဲ။ မဆိုးဘူးမဆိုးဘူး။ သူ ဒါမျိုးလေးတွေ သိပ်သဘောကျတယ်။
"ငါ မင်းအတွက်ဖုန်းဝယ်လာတယ်..."
သူ ဖုန်းကိုထုတ်ကာ Vincent လက်ထဲထည့်ပေးသည်။
"ဒီကိုလာ ငါသုံးတာတွေကို ဖြေးဖြေးချင်းသင်ပေးမယ်..."
သူ့နံဘေးတွင် ထိုင်ချလာရင်း သူ ဖုန်းခေါ်မှု သင်ပေးနေရာကို သေချာကြည့်နေသည့် Vincent ကို ကြည့်ပြီးပြုံးသည်။ ဒီကလေးက သေချာတော့ နားထောင်တတ်သား။
"ရော့ တခြားဟာတွေလည်း ကလိကြည့်... ပျက်လည်း ပြင်ဆိုင်က ငါတို့နားလေးတင်..."
Sugar Daddy အချိုးမျိုးနှင့်ပြောသော်လည်း သူအသစ်ဝယ်ပေးမည်ဟုတော့ မပြောပါလေ။ Vincent ဆော့စရာအသစ်ရသွားသည့် ကလေးတစ်ယောက်လို လက်ထဲက ဖုန်းကိုကြည့်နေသည်ကို သူ သဘောကျစွာပြုံးရင်း...
"ငါ နေ့လည်စာ ပြင်လိုက်မယ် အိုးထဲကဟာတွေ ခူးထည့်ရုံပဲမဟုတ်လား..."
"အင်း... ဒါနဲ့ ဒါက ဘာလဲ... ဟော ကျွန်တော် နီစွေးပုံကို ဒီထဲမှာ မြင်ရတယ်..."
ကင်မရာကိုထောက်ကာ သူ့ဘက်ဖုန်းလေးထောင်လာသည့် Vincent ကို သူ ရယ်သည်။
"အလယ်ကို ဟာကို တစ်ချက်အသာဖိလိုက်ရင် ငါ့ပုံက အဲ့ထဲရောက်သွားလိမ့်မယ်..."
"သြော်..."
ပြောသည့်အတိုင်းလုပ်ပြီး ဘယ်ကပြန်ရှာရမှန်း မသိဖြစ်နေသည့် Vincent ကိုကြည့်ပြီး သူ ထမင်းပြင်မလိုလုပ်နေရာကနေ ပြန်လှည့်လာသည်။ ဖုန်းထဲခေါင်းဝင်မတတ် ကြည့်နေသည့် Vincent ရှေ့တွင်ရပ်ကာ သူ ကိုယ်ကိုကိုင်း၍ ဖုန်းကို ကြည့်၏။
ခေါင်းချင်းထိလုမတတ်ဖြစ်သွားသော်လည်း Vincent သည် မရှောင်တိမ်းလိုက်။ အပြင်မသွားခင် ဆွတ်သွားသည့် နီစွေးအမြဲသုံးနေကျ ရေမွှေးနံ့သင်းသင်းလေးသည် ပြင်ပ၏ အပူဒဏ်ကြောင့် ချွေးနံ့နှင့် ရောနေသည့်တိုင် သူ့အတွက်တော့ ခပ်သင်းသင်းရနံ့မျိုးဖြစ်နေသေးသည်။
"ဒီမှာလေ... ဟော အမယ် ငါ့ပုံလေး မဆိုးပါလား..."
ကင်မရာနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်တို့ကို ထိုအနေအထားအတိုင်းရှင်းပြသည့် နီစွေးအသံက သူ့နားထဲဝင်တစ်ချက်မဝင်တစ်ချက်။ နီစွေးသည် သူ့အနားတွင်ရှိနေသည်ကို သူ သဘောကျသည်။ နီစွေးသူ့ကို ထိမည်ဆိုလည်း သူ လက်ခံနိုင်သည်။
"ကဲ ဒါဆို ငါ နေ့လည်စာတကယ်ပြင်တော့မယ်..."
ဧည့်ခန်းနှင့်မီးဖိုခန်းက တစ်ဆက်တည်းရှိသည်မို့ သူ ထိုင်နေသည့် နေရာမှ နီစွေး၏ ပုံရိပ်အချို့ကို ထပ်ဖမ်းယူဖြစ်ခဲ့သည်။ မျက်နှာမဟုတ်ဘဲ သေးသွယ်သည့် ကျောပြင်ကိုသာ သူမြင်ရသော်လည်း နီစွေးဆိုသည့်အသိနှင့် သူ သဘောကျသည်။ ဖုန်းထဲမှ ဓာတ်ပုံများကို ပြုံး၍ကြည့်နေသည့် သူသည် နီစွေး၏ စားလို့ရပြီလာတော့လေဆိုသည့် ခေါ်သံကြားမှ ဖုန်းနှင့်မျက်နှာပြန်ခွာဖြစ်တော့သည်။
===================================
Anna : ငါတို့ခွေးဝါလေးဟာ ဖြာယောင်းခံနေရတာပဲ...
နီစွေး : ဘယ်သူက ဘယ်သူ့ကို...
Anna : မသိဘူးလေ... နင်ပဲသိမှာပေါ့
Vincent : ခွေးဝါဆိုတာ????
Anna, နီစွေး : ......