တရားက်င့္ၾကံေနတဲ့ ေတာမွီရဟန္းေတြ
ကို ေစာင့္ေ႐ွာက္မယ္…
ေတာေစာင့္နတ္က ေခါင္းခါသည္။
ကိုယ္စီ႐ွိေနၾကၿပီးၿပီ အ႐ွင္
တစ္ေယာက္ေလာက္ပဲျဖစ္ျဖစ္…
ဘံုနိမ့္ေသာ္လည္း ကိုယ့္ထက္ ကမၻာေပၚ
အေတြ႔အျကံဳရွိသူမို့ ခြန္းတံု့မလွည့္ျဖစ္
ေတာ့…
ဆုပ္ကပ္ကာလမို့ ဒီကမၻာမွာ သနားစရာ
ကေလးေတြ မ်ားပါတယ္။ သူေတာ္စင္
ေတြထက္ အရွင္ ကေလးတစ္ေယာက္
ေလာက္ကို ေစာင္မေပးျကည့္ပါ
ဆုပ္ကပ္ကာလမွာ လူသားျဖစ္လာတည္း
က အဘယ္မွာ စင္ျကယ္ပါမည္နည္း။
ဒီကမၻာမွာ လူသားျဖစ္တည္းက အားလံုးဇာတိျဖစ္တယ္။ သီလတရား အကုန္မလံု
ျခံဳနိုင္ေပမယ့္ အတိုင္းအတာတစ္ခုထိ
ျကိုးစားထိန္းေနရင္ ဒီလူသား အကြ်တ္တ
ရား ရည္မွန္းလို့ ရေအာင္ အရွင္ ေစာင့္
ေရွာက္ေပးခြင့္ရွိပါတယ္။
တဏွာျခံဳဤဘံုကို စိတ္ပ်က္စြာေမွ်ာ္
ျကည့္မိသည္။ အလံုးစံုသိျမင္ေတာ္မူ
ေသာ ဥာဏ္ပညာမရင့္သန္ေသာ္ငွား
အတိတ္ဘဝျဖစ္စဥ္မ်ားကို ျပန္ျကည့္၍
ရေနေသးေသာ ပါရမီထူး ဆုေတာင္းက
ျပည့္ေနေသး၍ အာရံုစုစည္းလိုက္သည္။
အသေခ်ၤတိုင္ေအာင္ ျကာေနျပီျဖစ္ေသာ္
လည္း ျကံုဆံုခဲ့ဖူးေသာ ကံတရား၏
အခ်ိတ္အဆက္အႏြယ္ေတြမ်ား ဒီသံသရာ
ထဲရွိေနေသးလား။
ဘုရားတမိသည္။ စိတ္အစဥ္ေမွ်ာ္ရည္
မွန္းသည္ႏွင့္ မ်က္ျမင္ဒိ႒ိေတြ႔ေနရျပီ။
ညေနခင္း ေနရီတေရာတြင္ အႏွီးထုပ္
ေလးထဲ အိပ္ေမာက်ေနေသာ ကေလးမ
ငယ္။
အဝီစိတြင္းနား ေထြးပိုက္ခံထားရသူသည္
အပုပ္ခ်ိန္အားေကာင္းေနတတ္ေသာ
စိတ္ရိုင္းတို့ကို လံုးဝသတိမျပုမိဟန္။
ပစ္ခ်လိုက္ေလ ဒီေရတြင္းထဲ…နင္ မလို
ခ်င္ဘူး မလား။ ဒီကေလးကို နင္မလိုခ်င္
ရင္ ပစ္ခ်လို့ရတယ္။ နင္ ေမြးထားတာ သူ့အသက္ရွင္ျခင္းမရွင္ျခင္းကို နင္စီရင္
လို့ရတယ္။
အသက္၃၀ေက်ာ္စ မိန္းမပ်ို၏ စိတ္က
ဘယ္ေလာက္ခိုင္မာမွာတဲ့လဲ။ မေကာင္း
ဆိုးဝါးဆိုတာ မသိစိတ္၏ ညစ္ညမ္းမႈေတြ
ကို အခြင့္သင့္အခါသင့္ တူးထုတ္ေန
တတ္တာမလား။ ဒီ မကြ်တ္လြတ္ေသး
ေသာ နာနာဘာဝသည္ ကေလးမငယ္၏
အေမျဖစ္သူ၏ မသိစိတ္မ်ားကို တူးထုတ္
ေန၏။
မိန္းမပ်ိုသည္ တုန္ယင္ေနေသာ လက္
မ်ားႏွင့္ အႏွီးထုပ္ကိုပိုက္ေပြ႔ျပီး အဝီစိ
တြင္းနားထပ္တိုးကပ္သည္။
ခႏၶာအခြံရတည္းက ငိုေျကြးျခင္းအမႈ
မတတ္ကြ်မ္းခဲဲ့ေသာ ကေလးငယ္သည္
ေမွးစက္လ်က္သာ…
ေလာကမွာ အရွင္အကြ်တ္တရားအတူတူ
ရခ်င္တဲ့ လူသားရွိေနေသးရင္…
ေတာေစာင့္နတ္၏ မေနာလႊင့္ျခင္းကို
လက္ခံရ ရွိသည္ႏွင့္ မိန္းမပ်ိုေဘးမွ နာနာဘဝကို အသူရယ္ကယ္ဘံုတိုင္
ေစလိုက္ေတာ့သည္။
မင္း ဘယ္ဘဝက ၀ဋ္ေတြလဲ ကေလးငယ္
ဘာလို့မ်ား ကိုယ့္ကိုအလိုမရွိတဲ့ အေမ
ကိုမွ ေရြးခ်ယ္ရတာလဲ။ မင္း ဇာတိျဖစ္
တည္ျခင္းကို အဲ့ေလာက္ထိ စြဲမက္ရ
သလား။
ပုခက္တြင္းျပန္ေရာက္ေနေသာ ကေလး
ငယ္သည္ ေဒါသတျကီးအျပစ္တင္ေန
ေသာ သူ့အား ေမာ့ျကည့္ေနခဲ့သည္။
ခံရခက္စြာ ခိုးခိုးခစ္ခစ္ပင္ရယ္ျပေသးပါ၏
(UNI)
တရားကျင့်ကြံနေတဲ့တောမှီရဟန်းတွေ
ကိုစောင့်ရှောက်မယ်…
တောစောင့်နတ်ကခေါင်းခါသည်။
ကိုယ်စီရှိနေကြပြီးပြီ အရှင်
တစ်ယောက်လောက်ပဲဖြစ်ဖြစ်…
ဘုံနိမ့်သော်လည်း ကိုယ့်ထက်ကမ္ဘာပေါ်
အတွေ့အကြုံရှိသူမို့ ခွန်းတုံ့မလှည့်ဖြစ်
တော့…
ဆုပ်ကပ်ကာလမို့ ဒီကမ္ဘာမှာ သနားစရာ
ကလေးတွေ များပါတယ်။ သူတော်စင်
တွေထက် အရှင် ကလေးတစ်ယောက်
လောက်ကို စောင်မပေးကြည့်ပါ
ဆုပ်ကပ်ကာလမှာ လူသားဖြစ်လာတည်း
က အဘယ်မှာ စင်ကြယ်ပါမည်နည်း။
ဒီကမ္ဘာမှာ လူသားဖြစ်တည်းက အားလုံးဇာတိဖြစ်တယ်။ သီလတရား အကုန်မလုံ
ခြုံနိုင်ပေမယ့် အတိုင်းအတာတစ်ခုထိ
ကြိုးစားထိန်းနေရင် ဒီလူသား အကျွတ်တ
ရား ရည်မှန်းလို့ ရအောင် အရှင် စောင့်
ရှောက်ပေးခွင့်ရှိပါတယ်။
တဏှာခြုံဤဘုံကို စိတ်ပျက်စွာမျှော်
ကြည့်မိသည်။ အလုံးစုံသိမြင်တော်မူ
သော ဥာဏ်ပညာမရင့်သန်သော်ငှား
အတိတ်ဘဝဖြစ်စဉ်များကို ပြန်ကြည့်၍
ရနေသေးသော ပါရမီထူး ဆုတောင်းက
ပြည့်နေသေး၍ အာရုံစုစည်းလိုက်သည်။
အသင်္ချေတိုင်အောင် ကြာနေပြီဖြစ်သော်
လည်း ကြုံဆုံခဲ့ဖူးသော ကံတရား၏
အချိတ်အဆက်အနွယ်တွေများ ဒီသံသရာ
ထဲရှိနေသေးလား။
ဘုရားတမိသည်။ စိတ်အစဉ်မျှော်ရည်
မှန်းသည်နှင့် မျက်မြင်ဒိဋ္ဌိတွေ့နေရပြီ။
ညနေခင်း နေရီတရောတွင် အနှီးထုပ်
လေးထဲ အိပ်မောကျနေသော ကလေးမ
ငယ်။
အဝီစိတွင်းနား ထွေးပိုက်ခံထားရသူသည်
အပုပ်ချိန်အားကောင်းနေတတ်သော
စိတ်ရိုင်းတို့ကို လုံးဝသတိမပြုမိဟန်။
ပစ်ချလိုက်လေ ဒီရေတွင်းထဲ…နင် မလို
ချင်ဘူး မလား။ ဒီကလေးကို နင်မလိုချင်
ရင် ပစ်ချလို့ရတယ်။ နင် မွေးထားတာ သူ့အသက်ရှင်ခြင်းမရှင်ခြင်းကို နင်စီရင်
လို့ရတယ်။
အသက်၃၀ကျော်စ မိန်းမပျို၏ စိတ်က
ဘယ်လောက်ခိုင်မာမှာတဲ့လဲ။ မကောင်း
ဆိုးဝါးဆိုတာ မသိစိတ်၏ ညစ်ညမ်းမှုတွေ
ကို အခွင့်သင့်အခါသင့် တူးထုတ်နေ
တတ်တာမလား။ ဒီ မကျွတ်လွတ်သေး
သော နာနာဘာဝသည် ကလေးမငယ်၏
အမေဖြစ်သူ၏ မသိစိတ်များကို တူးထုတ်
နေ၏။
မိန်းမပျိုသည် တုန်ယင်နေသော လက်
များနှင့် အနှီးထုပ်ကိုပိုက်ပွေ့ပြီး အဝီစိ
တွင်းနားထပ်တိုးကပ်သည်။
ခန္ဓာအခွံရတည်းက ငိုကြွေးခြင်းအမှု
မတတ်ကျွမ်းခဲ့သော ကလေးငယ်သည်
မှေးစက်လျက်သာ…
လောကမှာ အရှင်အကျွတ်တရားအတူတူ
ရချင်တဲ့ လူသားရှိနေသေးရင်…
တောစောင့်နတ်၏ မနောလွှင့်ခြင်းကို
လက်ခံရ ရှိသည်နှင့် မိန်းမပျိုဘေးမှ နာနာဘဝကို အသူရယ်ကယ်ဘုံတိုင်
စေလိုက်တော့သည်။
မင်း ဘယ်ဘဝက ၀ဋ်တွေလဲ ကလေးငယ်
ဘာလို့များ ကိုယ့်ကိုအလိုမရှိတဲ့ အမေ
ကိုမှ ရွေးချယ်ရတာလဲ။ မင်း ဇာတိဖြစ်
တည်ခြင်းကို အဲ့လောက်ထိ စွဲမက်ရ
သလား။
ပုခက်တွင်းပြန်ရောက်နေသော ကလေး
ငယ်သည် ဒေါသတကြီးအပြစ်တင်နေ
သော သူ့အား မော့ကြည့်နေခဲ့သည်။
ခံရခက်စွာ ခိုးခိုးခစ်ခစ်ပင်ရယ်ပြသေးပါ၏