Stalker 🐤🐣(Complete)

By tharaphy6194

83.6K 5.2K 647

" မင်း နောက်က တစ်ကောက်ကောက်လိုက်မနေနဲ့ ကောင်လေး" "ကောင်လေးလို့ မခေါ်နဲ့ ဒီပျက်ရှင်ရှိတယ်" "ဟာ နောက်က လိုက်မနေန... More

1🐣
2🐣🐣
3🐣🐣🐣
4🐣🐣🐣🐣
5🐣🐣🐣🐣🐣
6🐣🐣🐣🐣🐣🐣
7🐣🐣🐣🐣🐣🐣🐣
8🐣🐣🐣🐣🐣🐣🐣🐣
9🐣🐣🐣🐣🐣🐣🐣🐣🐣
10🐣🐣🐣🐣🐣🐣🐣🐣🐣🐣
11🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣
12🐯🐣
13🐯🐣
14🐯🐣
15🐯🐣
16🐣🐯🐣🐯🐣🐯🐣🐯🐣🐯
17😇
Final
Extra
Extra2
ဟန်နီးမွန်းမယ်🤤🤤🤤

Honeymoon

3.2K 192 6
By tharaphy6194

"ဝါး...ပျော်စရာကြီး.."

ချန်းယောလ်တို့ သွားတာက အဝေးကြီးတော့ မဟုတ်... ။

ဟာဝိုင်အီလောက်တင်ပါ...😇

ခု ပင်လယ်ဘက်ကို အချစ်စိတ်တိုင်းကျ ချန်းယောလ်ရဲ့ မားစီးတီး ကားကြီးနဲ့ လိုက်မောင်းနေခြင်းပင်..။

အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ချော့တာပေါ့ဗျာ...

မင်္ဂလာဦးညက ချန်းယောလ် အရမ်းကြမ်းမိသွားလို့ အချစ်က ခုထိ နည်းနည်း စိတ်ဆိုးနေသေးတယ်တဲ့..။

မနက်နိုးနိုးချင်း ချန်းယောလ်ဆံပင်တွေလဲဆောင့်ဆွဲတာပဲ နာလွန်းလို့ဆိုပီး...။

လေယာဉ် ပေါ်မှာလဲ ချန်းယောလ်ကို စကားအကောင်းမပြော..

အချစ်မှာ လေယာဉ် ပေါ်မှာ ကောင်းကောင်းထိုင်မရဖြစ်နေရှာတာ

ချန်းယောလ်ကလဲ ချန်းယောလ်ပင် အသေကြမ်းမိထားတာကို🙃

ဒါတောင် အရှိန်လျှော့လိုက်တယ်ဆိုတာ အချစ်သိရင် ချန်းယောလ်ကို သတ်လောက်မယ်ထင်..။

ချန်းယောလ်ပေါင်ပေါ်လာထိုင်ပါလားဆိုပီး မေးမိတော့ ချန်းယောလ် ဗိုက်ကြော လိမ်ဆွဲခံရသည်...။

အချစ်ကလေ အရင်ကထက်ပိုပီး ချန်းယောလ်ကို ပိုနိုင်လာတယ်။
ချန်းယောလ်ကသာ ချစ်လွန်းတော့ သည်းခံနေရတာ🙂

အချစ်ကိုနော် အချစ်လွန်းပီး အရိုးပါမကျန် စာပစ်ချင်တယ်😇

ထိုအတွေးသာ ဆယ်ဟွန်း သိမည်ဆိုပါက...

ချန်းယောလ် ဘဝ မတွေးရဲစရာပင်...

လေယာဉ်ဆင်းတော့လဲ အချစ်က ကွတကွတနဲ့ လမ်းလျှောက်နေရတာ သနားစရာ...။

Hotel ရောက်တဲ့ထိ စကားမပြောတာမို့ စိတ်ဆိုးပြေအောင် ကားလိုက်မောင်းပေးနေခြင်းပင်...။

ကားမောင်းမယ် ပြောတုန်းက နည်းနည်းလေးတောင် မျက်နာက ပြုံးမလာပဲ ခပ်တည်တည်ပဲ ကားနောက်က လိုက်လာခြင်းပင်...။

ဒီ Hotelက ချန်းယောလ်တို့ ဖေဖေပိုင်ဆိုင်မှုထဲက တစ်ခုမို့ ချန်းယောလ်ကားကို ဖေဖေလူယုံတစ်ယောက်ကို မောင်းခိုင်းလာခြင်းပင်...။

"အချစ် ပျော်လားဟင်"

မျက်နာလေးက ပြုံးနေပီဆိုတော့ ချန်းယောလ် မေးကြည့်မိခြင်းပင်...။

သို့ပေမဲ့ ချန်းယောလ် အသံကြားကြားချင်းပဲ စူပုတ်သွားတဲ့ အချစ်မျက်နာ...။

ကြည့်ရတာ သူပျော်နေတာကို ချန်းယောလ်အသံက ဝင်နှောက်ယှက်မိသွားသလိုပင်...။

ကားကို Hotel ဘက် ပြန်မောင်းလာခဲ့ပီး...

ညနေစာကို အခန်းထဲကို ပို့ပေးဖို့ပဲ ပြောခဲ့လိုက်သည်...။

စိတ်ဆိုးနေတဲ့ အချစ်ကိုပြောပေးပါဗျာ...

အငယ်ကောင်လွမ်း...အယ်လေ ချန်းယောလ် ဖက်ထားချင်နေပါပီလို့...။

ချန်းယောလ် တို့အခန်းက အပေါ်ဆုံးမှာဖြစ်ပီး
တစ်မြို့လုံးကို ကောင်းကောင်းမြင်ရသော အခန်းဖြစ်သည်.. ။

မှန်အကြည်လေးတွေကာရံထားတဲ့ သူ့တို့အခန်းဟာ အချစ်စိတ်ကြိုက်ဖြစ်မှာ အသေအချာပင်...။

အချစ်က ကြယ်တွေကို ချန်းယောလ် ရင်ခွင်ထဲကနေ ကြည့်ရတာကို သဘောကျ တတ်သူမဟုတ်ပါလား...။

ခုလဲ အချစ်က အပြင်ကို ငေးနေတာမို့ ချန်းယောလ် အနားကို ကပ်သွားလိုက်ကာ နောက်ကနေ ဖက်ထားလိုက်သည်...။

"ကိုကြီး ကို ဘယ်သူက စိတ်ဆိုးပြေလို့ လာဖက်တာလဲ ပြော"

စကားပြောပီဆိုတော့ အခြေအနေ အရမ်း မဆိုးတော့...

"ဟောဗျာ ကိုကြီးကို မသနားဘူးလား"

"သနားစရာလား...လူကို နေထိုင်မရအောင် လုပ်ထားပီးတော့"

ချစ်စရာအရွယ် ကလေးငယ်ငယ်လေးတွေကတောင် အချစ်လောက် ချစ်ဖို့ကောင်းမှာ မဟုတ်...။

အချစ်ကို ပိုင်ဆိုင်ထားရတဲ့ ချန်းယောလ်က ကမ္ဘာမှာ ကံအကောင်းဆုံးလူသားပင်...။

အားကျနေလား အားသွင်းလေ...

"အချစ်ရာ ကိုယ်မှ အချစ်ကို မဖက်ထားရ မနေနိုင်တာ "

"နေနိုင်အောင်နေပေါ့"

ရင်ခွင်ထဲက မရုန်းပဲနဲ့ အချစ်က စကားစစ်ထိုးခြင်းဖြင့် ချန်းယောလ်ကို အနိုင်ယူနေပါသည်...။

"ကိုကြီးတော့ ရူးမှာပဲကွာ အချစ်ကို မဖက်ရ မနမ်းရရင်"

"ရူးပေါ့"

"မသနားဘူးလားဟင်.."

အချစ်ပုခုံးပေါ် မေးတင်လို့သနားစဖွယ် မျက်နာလေးနှင့်မေးလိုက်တော့...

"သနားဘူး..."

"ဒီကျားကြီးကို ပလစ်တော့မယ်ပေါ့ ဟင် "

"ငြိမ်ငြိမ်နေ ကိုကြီးရာ နာတယ်"

ဟုတ်သား အချစ်နာနေမှာပေါ့ သူ့အားကြီးနဲ့ နောက်ကနေ အတင်းဖက်ထားမိတာကို...။

"ငြိမ်ငြိမ်နေရင် အနမ်းခံမှာလား... "

"နိုးပါ "

"မနမ်းခိုင်းလဲ နမ်းပီကွာ..."

အချစ်ရဲ့ပုခုံးပေါ် တင်ထားတဲ့ ခေါင်းလေးကနေ အချစ် ပါးနဲ့ လည်ပင်းလေးကို လှမ်းနမ်းတော့ တွန့်သွားတဲ့ အချစ်လေး...။

နှုတ်ခမ်းလေးကို လှမ်းနမ်းတော့ တုန့်ပြန်နမ်းလာသည်...။

စိတ်ဆိုးနေတဲ့ ကလေးလေးက ပြန်နမ်းတယ်ဗျို့...။

"စိတ်ဆိုးနေတဲ့ လူက ပြန်နမ်းတယ်ပေါ့"

"သွားကိုကြီး...အနားလာမကပ်နဲ့တော့..."

သွားပီ အချစ်ရှက်ပီး ချန်းယောလ်ကို တွန်းပီး အိပ်ယာပေါ် တတ်သွားပီ...။

"အနား ကပ်မလာနဲ့"

စောင်ကြီး ခေါင်းမြီးပါခြုံပီး ချန်းယောလ်ကို အမိန့်ပေးသွားချေပီး...။

အစားမတော် တလုပ် အသွားမတော် တစ်လှမ်းပါဆို...

စကားပြောမတတ်တော့ ချန်းယောလ်တို့ ညစာ ငတ်ပါပီ😭😭😭

ကူပြောပေးပါဗျို့

ချန်းယောလ် ဟန်နီးမွန်းကာလမှ ညစာ မငတ်ချင်ပါဘူးဗျို့...။

အချစ်ကို ကူပြောပေးကြပါ အရပ်ကတို့ရေ😭

ချန်းယောလ်ကို ချစ်ရင် ကူပြောပေးကြနော်...
မဟုတ်ရင် ခင်ဗျားတို့နဲ့ မခေါ်ပဲနေမယ်...

Continue Reading

You'll Also Like

1M 78.4K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1M 56.6K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
90.3K 5.4K 28
ချစ်သော ဦးဝမ် ... ချစ်သော ဦးဝမ် ... Zsww Fanfiction XiaoZhan (Seme ✅) WangYibo (uke ✅) Read info or tags . If you don't like . Don't read my story or...
20.5K 3.5K 57
စစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာကွယ်နေတဲ့ဒီဂိုဂူလျောမြေဆီကနေ လိုချင်မိတာ...