Zawgyi Ver
ရြယ္ယြမ္ + ေ႐ွာင္႐ွင္းခ်န္
🍃🍂🍃🍂🍃
ေဆးရံုတစ္ခုတြင္ျဖစ္သည္။
ေကာင္ေလးတစ္ေယာက္သည္အခန္း၏ကုတင္ထက္မွ
ျပတင္းအျပင္သို႔ေငးၾကည့္ေနသည္။
"႐ွင္းခ်န္ "
ထိုေကာင္ေလးနာမည္သည္ ေ႐ွာင္႐ွင္းခ်န္သာျဖစ္သည္။
"ဆံုလန္?"
ေကာင္ေလးသည္မ်က္မျမင္တစ္ေယာက္ျဖစ္သည္။ထို႔ျပင္
ေကာင္ေလး၏မ်က္လံုးေတြကိုပတ္တီးျဖဴမ်ားျဖင့္ပိတ္စည္း
ထားေလသည္။တစ္ခုခုကိုဖံုးကြယ္ထားသလို...
ထို႔ေၾကာင့္ဆံုလန္႐ွိရာဘက္သို႔မွန္း၍ၾကည့္လိုက္သည္။
"ေနလို႔ေကာင္းရဲ႕လား မ်က္လံုးကကိုက္ေသးလား"
Accident တစ္ခုေၾကာင့္မ်က္လံုးထိခိုက္သြားရတဲ့
သူငယ္ခ်င္းျဖစ္သူကိုၾကည့္၍ဆံုလန္သက္ျပင္းျဖည္းျဖည္း
ခိုးခ်သည္။
ကာယကံ႐ွင္က ဘာမွမျဖစ္ပါဘူးဟုအဘယ္သို႔ေျပာပါေသာ္
လည္းဆံုလန္သိပါသည္။႐ွင္းခ်န္အတြက္ဘယ္ေလာက
္နာက်င္ခံစားေနရမည္ကို။
"ဒီေန႔doctorအသစ္ဝင္ေပးမယ္ေျပာတယ္ ငါဒီေန႔
အစည္းအေဝး႐ွိလို႔ညလာေစာင့္လို႔မရဘူး အဲ့တာေၾကာင့္
တစ္ခုခုဆိုငါ့ဆီဖုန္းဆက္ဖို႔မေမ့နဲ႔"
ေန႔လည္တြင္သူခဏလာေစာင့္ေပးၿပီးညေနတြင္သူျပန္သည္။
ၿပီးေတာ့ မွာစရာ႐ွိသည္မ်ားကိုမျပတ္မွာရသည္။
Accidentမွာမိဘေတြကိုပါဆံုးရံူးသြားရတဲ့႐ွင္းခ်န္တြင္
ေဆြမ်ိဳးသားခ်င္းဟူ၍မ႐ွိပါ။ဒါေၾကာင့္သူငယ္ခ်င္းျဖစ္သူ
ဆံုလန္ကaccidentျဖစ္ၿပီးေနာက္ပိုင္းတာဝန္ယူလုပ္ေပး
ျဖစ္သည္။
သူတို႔ကငယ္ငယ္ကတည္းကခ်စ္ရတဲ့သူငယ္ခ်င္းေတြမဟုတ္
လား။
"ဒါဆို ငါသြားၿပီေနာ္"ဟုသာေျပာရသည္ ဆံုလန္တစ္ေယာက္
႐ွင္းခ်န္ကိုစိတ္မခ်ေသး။အဘယ္ေၾကာင့္ဆိုေသာ္ သူ႔အာရံုက
ျပတင္းေပါက္တြင္သာ႐ွိ၍ျဖစ္သည္။
အဲ့ဒါေၾကာင့္ သူလုပ္ေနၾကအတိုင္း ေဆးရံုမွာတက္ေနတဲ့
ေကာင္မေလးကို႐ွင္းခ်န္ႏွင့္အတူအေဖာ္လုပ္ေပးရန္ေျပာ
ထားခဲ့ရသည္။
ကေလးမေလးကသြက္လဲသြက္ငယ္လဲငယ္ေတာ့ ႐ွင္းခ်န္
နဲ႔ေတာ့တည့္ေအာင္ေပါင္းသင္းတတ္သည္။အျမဲငိုင္ေငးေန
တတ္ေပမယ့္ ေကာင္မေလးထံမွထြက္လာတဲ့ေပါက္တတ္ကရ
ဟာသေတြကုိၾကရယ္ေပးျပံဳးေပး႐ွာေသးတယ္ေလ။အားနာ
၍လားေတာ့မသိေပမယ့္ မိႈင္တိုင္တိုင္အမူအရာေတြထက္
ေတာ့သာသည္မို႔လား။
"ကိုကိုေရ ဒီေန႔ ကိုကို႔အတြက္doctorအသစ္လာမယ္ဆို"
အားခ်င္းေလးကေ႐ွာင္႐ွင္းခ်န္အားအေဖာ္ျပဳကာစကားေတြ
ေျပာျဖစ္သည္။တစ္ခါတစ္ခါ သူၾကားဖူးတဲ့အျခားလူနာေတြ
ဆီမွအေၾကာင္းအရာမ်ားကိုေျပာျပေသးသည္။တခ်ိဳ႕ဝမ္နည္း
စရာဇာတ္လမ္းတြဲေတြအေၾကာင္းနဲ႔ဟာသအစီအစဥ္ေတြပါ
မက်န္သူမပါးစပ္ကရြန္းရြန္းေဝေျပာသည္။
ထိုအခါ ေ႐ွာင္႐ွင္းခ်န္ဆီမွတခါတခါတံု႔ျပန္မႈတစ္ခ်ိဳ႕ရသလို
တခါတခါလြမ္းေမာေနဟန္ျဖင့္ျပတင္းေပါက္သို႔ေငးေနတတ္
သည္။
သူ႔ဘဝတြင္အတြယ္တာရဆံုးမိဘႏွစ္ပါးစလံုးကိုတစ္ၿပိဳင္နက္
ဆံုးရွဳံးလိုက္ရသည္ျဖစ္ေသာေၾကာင့္ခံစားေနရမွာအမွန္ေပ။
အားခ်င္ ကိုကိုေ႐ွာင္႐ွင္းကိုသနားမိသည္။
အဲ့တာေၾကာင့္လဲ သူမဆီဆံုလန္လာၿပီး ဒီကိစၥကိုအကူအညီ
ေတာင္းကတည္းကသူလက္ခံခဲ့ျခင္းျဖစ္သည္။သူကိုယ္တိုင္
လဲမိဘေတြမ႐ွိေတာ့ၿပီျဖစ္ေသာေၾကာင့္ ေ႐ွာင္႐ွင္းခ်န္ကို
သူနားလည္သည္။
"ကိုကိုရယ္သိလား အဲ့ဝတၳဳထဲကလူေလ အရမ္းရက္စက္တာ
သိလား သူ႔ရည္းစားေလးကိုေလ သတ္ပစ္လိုက္တာ"
အားခ်င္ကသူဖတ္ခဲ့တဲ့ဝတၳဳေလးကိုကိုယ္ဟန္အေနအထား
ေတြနဲ႔ေျပာေနတုန္း ေ႐ွာင္႐ွင္းခ်န္၏အခန္းတံခါးဟာဝုန္းကနဲ
ပြင့္သြားေလသည္။
ေ႐ွာင္႐ွင္းခ်န္အေနနဲ႔မ်က္စိမျမင္တာေၾကာင့္ဆံုလန္ကတစ္ဦး
တည္းအခန္းျဖင့္သီးသန္႔ထားေပးသည္။ထို႔ေၾကာင့္အခန္း
တံခါး
အခုလိုပြင့္သြားေတာ့အခန္းထဲမွာ႐ွိတဲ့အားခ်င္နဲ႔ေ႐ွာင္႐ွင္းခ်န္
၏အာရံုသည္အခန္းဝဆီတြင္႐ွိသည္။
"႐ွင္ဘယ္လိုဆရာဝန္လဲ လူနာရဲ႕အခန္းထဲကိုဒီလိုမဆင္
မျခင္ဝင္လာစရာလား အခုလဲတံခါးကိုပိုင္ဆိုးပိုင္နင္းေလာ့
ခ်ျပန္ၿပီ"
အားခ်င္ကအခန္းထဲကိုဂ်ဴတီကုတ္ျဖင့္ဝ႐ူန္းသုန္းကားဝင္လာ
ၿပီးတံခါးကိုေလာ့ခ်ေနတဲ့ေကာင္ေလးကိုၾကည့္ရင္းေအာ္ေငါက္
လိုက္သည္။
ထိုေကာင္ေလးကေတာ့ အားခ်င္ကိုအေရးလုပ္ပံုမေပၚၿပီိ။
သို့ေပမယ့္ လက္ညိဳးကိုႏူတ္ခမ္းထက္တင္၍အားခ်င္အား
တိုးတိုးေနရင္သတိေပးသည္။
ေ႐ွာင္႐ွင္းခ်န္အေနႏွင့္အခုထိဘာေတြျဖစ္ေနသည္ကိုသေဘာ
မေပါက္ေသး
သူအားခ်င္ကိုေမးဖို႔ႀကိဳးစားတဲ့အခါ သူ႔အနားကို႐ုတ္တရက္
ေရာက္လာတဲ့သူကသူ႔ပါးစပ္ကိုလက္ျဖင့္ပိတ္ပစ္လိုက္သည္။
အားခ်င္ကအျပင္မွာဘာျဖစ္သည္မသိတာေၾကာင့္ပါးစပ္မလႈပ္
ရဲေသာ္လည္း ေ႐ွာင္႐ွင္းခ်န္၏ပါးစပ္အားပိတ္ထားတဲ့
ေကာင္ေလးလက္ကိုပုတ္ခ်ရင္း မ်က္ေစာင္းဝင့္သည္။
ေကာင္ေလးကေတာ့ တံခါးအျပင္ကေျခသံကိုသာနားစြင့္ရင္း
တုတ္တုတ္ေတာင္မလႈပ္ျဖစ္။
ခဏၾကာလို႔ေျခသံေပ်ာက္သြားေတာ့မွ ထိုေကာင္ေလးက
သက္ျပင္းခ်တယ္
"ဟူး ေတာ္ေသးတယ္ ျမန္ျမန္ထြက္သြားလို႔"
ေကာင္ေလးကသက္သာရာရသြားသည့္ပံုျဖင့္ေရရြတ္ေတာ့
အားခ်င္ကေကာင္ေလး၏လက္အားထက္မံပုတ္ခ်၍ေအာ္ေျပာ
သည္။
"႐ူးေနလား ဘာလို႔ကိုကို႔ပါးစပ္ကိုအခုထိ႐ွင့္ရဲ႕လက္ႀကီးနဲ႔
အုပ္ထားေသးတာလဲေျပာ "
ထိုအခါမွ ထိုေကာင္ေလးသည္ေ႐ွာင္႐ွင္းခ်န္ထံမွသူ႔လက္ကို
ခြာလိုက္သည္။သို႔ေသာ္ ေကာင္ေလးသည္မ်က္ရည္မ်ားျဖင့္
တစ္ကိုယ္လံုးတုန္ရီေနတဲ့အျဖဴေရာင္ကိုယ္ေလးကိုျမင္လိုက္
ရေသာအခါ သူ႔မ်က္ဝန္းေတြျပဴးက်ယ္သြားရသည္။
"မင္း..မင္း ဘယ္သူလဲ"တုန္ရီကာထြက္လာတဲ့ေ႐ွာင္႐ွင္းခ်န္
၏အသံကိုအားခ်င္ၾကားေတာ့
"ကိုကို႐ွင္းခ်န္ အဆင္ေျပရဲ႕လား "
ဆိုကာစိုးရိမ္တႀကီးေမးသံေနာက္တြင္ ခုနကေကာင္ေလးထံ
ကတုန္႔ျပန္စရာၾကားလိုက္ရသည္။
"ကြၽန္ေတာ္လား အာ ဟုတ္သားပဲ မိတ္ဆက္ဖို႔ေမ့ေနတာပဲ
ကြၽန္ေတာ္ကဒီေဆးရံုကအလုပ္သင္ဆရာဝန္ေလးရြယ္ရြမ္
ပါခင္ဗ်"
အသံကခနဲ႔သလိုလိုစသလိုလိုေနာက္သလိုလိုနဲ႔ေျပာလာသည့္
ရြယ္ယြမ္ကိုအားခ်င္ကႏွာေခါင္းရံူ႕သည္။
"ရြယ္...ရြယ္ယြမ္?"
ထိုနာမည္ကိုခပ္ဖြဖြထပ္ေခၚသံကိုၾကားေတာ့ ရြယ္ယြမ္မ်က္ခံုး
ပင့္မိသည္။ထို႔ျပင္ သူ႔ေ႐ွ႕မွလူ၏ဦးတည္မႈမ႐ွိေၾကာင္ေငးေငး
မ်က္လံုးေၾကာင့္သူသံသရျဖစ္ကာေမးမိသည္။
"ခင္ဗ်ားကမ်က္စိမျမင္ဘူးလား"
ရြယ္ယြမ္၏အေမးေၾကာင့္ ႐ွင္းခ်န္ေငးခနဲျဖစ္သြားသလို
အားခ်င္ကလဲစိတ္တိုတိုျဖင့္ထေအာ္ျပန္သည္။
"အရိပ္သံုးပါးနားမလည္ဘူးလား ဘယ္လိုေတာင္ေမးလိုက္
တာလဲဆရာဝန္တစ္ေယာက္ကဒီလိုမ်ိဳးလူနာကိုေမးစရာလား
ဘယ္လိုမ်ိဳးဆရာဝန္ျဖစ္လာလဲ "
ေဒါသေၾကာင့္နီရဲေနတဲ့အားခ်င္ကိုရြယ္ယြမ္ကခပ္မဲ့မဲ့ျပံဳးျပ
ကာ
"ေဟ့ ေကာင္မေလး စြာလွခ်ည္လား ငါလဲမင္းကိုမေမးမိပါ
ဘူးေနာ္ ငါကဒီေ႐ွ႕ကအကို႔ကိုေမးတာပါေနာ္ မင္းကိုမေမး
ရင္လိုက္လိုက္ေျဖမေနနဲ႔ ၾကားလား"
ေျမာက္ႂကြေျမာက္ႂကြျဖစ္ေနတဲ့ရြယ္ယြမ္ကိုအားခ်င္ကမ်က္
ေစာင္းခ်ည္သာလွဲ႔ထိုးေနသည္။
"မင္းက ေျပာင္းသြားတဲ့ဆရာဝန္အသစ္လား"
အတန္ၾကာသူတို႔ၾကားတိတ္ဆိတ္ေနရင္းကေ႐ွာင္႐ွင္းခ်န္ထံ
ကေမးသံၾကားေတာ့ရြယ္ယြမ္ကတစ္ခုခုကိုသတိရသြားသလို
ျဖင့္
"အာ ဒါဆို လူေတြေျပာေနတဲ့သူေဌးသားမ်က္မျမင္ေလးဆို
တာ ဒီကအစ္ကိုေပါ့"
"ေျပာျပန္ၿပီလား ႐ွင္ဟာေလအေတာ္ယဥ္ေက်းမႈမ႐ွိတဲ့သူ
ေတြ႔ဖူးသမွ်ထဲမွာအ႐ိုင္းစိုင္းဆံုးဆရာဝန္ပဲ "
"ဒီမွာအစြာေလး မင္းကိုငါေမးသလားလို႔"
တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ေဆာင္ေနၾကသည္ကိုၾကား
ေတာ့ေ႐ွာင္႐ွင္းခ်န္ကသက္ျပင္းခ်သည္။
"ဟုတ္တယ္ အဲ့ဒါငါပဲ ငါ့နာမည္ကမင္းသိၿပီးၿပီျဖစ္မွာပါ
ဒါဆို ဒီညအတြက္check upလုပ္ဦးေလ ေစာေစာအိပ္ရာ
ဝင္မလို႔"
ေ႐ွာင္႐ွင္းခ်န္ဟာ အေတာ္ကိုတိုးလ်တဲ့စကားသံျဖင့္ေျပာ
ေသအခါ ရြယ္ယြမ္ကေခါင္းတညိတ္ညိတ္ျဖင့္
"ဟုတ္သားပဲ ကြၽန္ေတာ္ခင္ဗ်ားကိုcheck upလုပ္ရဦးမွာပဲ
ခဏေလာက္လွဲလိုက္ပါ အကိုေလးေ႐ွာင္႐ွင္းခ်န္ခင္ဗ်"
....
A/N: Your Happinessမွာဆက္မတက္ဘဲ သက္သက္ေရးဖို႔စဥ္းစားမိလို႔ပါေနာ္ ♥ ♥
Akariအေနနဲ႔ဒီႏွစ္ေယာက္ကိုအေတာ္ခ်စ္မိတာပါ။
အဲ့တာေၾကာင့္ မေရးတတ္ေရးတတ္ေရးတာပါ။အမွားေတြ
ပါရင္ႀကိဳၿပီးေတာင္းပန္ပါတယ္။Akariေၾကာင့္မူရင္း
authorနဲ႔ဇာတ္ေကာင္ေတြကိုထိခိုက္မႈ႐ွိသြားခဲ့ရင္
ေတာင္းပန္ပါတယ္။
အေကာင္းဆံုးႀကိဳးစားပါ့မယ္ ♥ ♥ ✌
See you~
Unicode Ver
ရွယ်ယွမ် + ရှောင်ရှင်းချန်
🍃🍂🍃🍂🍃
ဆေးရုံတစ်ခုတွင်ဖြစ်သည်။
ကောင်လေးတစ်ယောက်သည်အခန်း၏ကုတင်ထက်မှ
ပြတင်းအပြင်သို့ငေးကြည့်နေသည်။
"ရှင်းချန် "
ထိုကောင်လေးနာမည်သည် ရှောင်ရှင်းချန်သာဖြစ်သည်။
"ဆုံလန်?"
ကောင်လေးသည်မျက်မမြင်တစ်ယောက်ဖြစ်သည်။ထို့ပြင်
ကောင်လေး၏မျက်လုံးတွေကိုပတ်တီးဖြူများဖြင့်ပိတ်စည်း
ထားလေသည်။တစ်ခုခုကိုဖုံးကွယ်ထားသလို...
ထို့ကြောင့်ဆုံလန်ရှိရာဘက်သို့မှန်း၍ကြည့်လိုက်သည်။
"နေလို့ကောင်းရဲ့လား မျက်လုံးကကိုက်သေးလား"
Accident တစ်ခုကြောင့်မျက်လုံးထိခိုက်သွားရတဲ့
သူငယ်ချင်းဖြစ်သူကိုကြည့်၍ဆုံလန်သက်ပြင်းဖြည်းဖြည်း
ခိုးချသည်။
ကာယကံရှင်က ဘာမှမဖြစ်ပါဘူးဟုအဘယ်သို့ပြောပါသော်
လည်းဆုံလန်သိပါသည်။ရှင်းချန်အတွက်ဘယ်လောက
်နာကျင်ခံစားနေရမည်ကို။
"ဒီနေ့doctorအသစ်ဝင်ပေးမယ်ပြောတယ် ငါဒီနေ့
အစည်းအဝေးရှိလို့ညလာစောင့်လို့မရဘူး အဲ့တာကြောင့်
တစ်ခုခုဆိုငါ့ဆီဖုန်းဆက်ဖို့မမေ့နဲ့"
နေ့လည်တွင်သူခဏလာစောင့်ပေးပြီးညနေတွင်သူပြန်သည်။
ပြီးတော့ မှာစရာရှိသည်များကိုမပြတ်မှာရသည်။
Accidentမှာမိဘတွေကိုပါဆုံးရူံးသွားရတဲ့ရှင်းချန်တွင်
ဆွေမျိုးသားချင်းဟူ၍မရှိပါ။ဒါကြောင့်သူငယ်ချင်းဖြစ်သူ
ဆုံလန်ကaccidentဖြစ်ပြီးနောက်ပိုင်းတာဝန်ယူလုပ်ပေး
ဖြစ်သည်။
သူတို့ကငယ်ငယ်ကတည်းကချစ်ရတဲ့သူငယ်ချင်းတွေမဟုတ်
လား။
"ဒါဆို ငါသွားပြီနော်"ဟုသာပြောရသည် ဆုံလန်တစ်ယောက်
ရှင်းချန်ကိုစိတ်မချသေး။အဘယ်ကြောင့်ဆိုသော် သူ့အာရုံက
ပြတင်းပေါက်တွင်သာရှိ၍ဖြစ်သည်။
အဲ့ဒါကြောင့် သူလုပ်နေကြအတိုင်း ဆေးရုံမှာတက်နေတဲ့
ကောင်မလေးကိုရှင်းချန်နှင့်အတူအဖော်လုပ်ပေးရန်ပြော
ထားခဲ့ရသည်။
ကလေးမလေးကသွက်လဲသွက်ငယ်လဲငယ်တော့ ရှင်းချန်
နဲ့တော့တည့်အောင်ပေါင်းသင်းတတ်သည်။အမြဲငိုင်ငေးနေ
တတ်ပေမယ့် ကောင်မလေးထံမှထွက်လာတဲ့ပေါက်တတ်ကရ
ဟာသတွေကိုကြရယ်ပေးပြုံးပေးရှာသေးတယ်လေ။အားနာ
၍လားတော့မသိပေမယ့် မှိုင်တိုင်တိုင်အမူအရာတွေထက်
တော့သာသည်မို့လား။
"ကိုကိုရေ ဒီနေ့ ကိုကို့အတွက်doctorအသစ်လာမယ်ဆို"
အားချင်းလေးကရှောင်ရှင်းချန်အားအဖော်ပြုကာစကားတွေ
ပြောဖြစ်သည်။တစ်ခါတစ်ခါ သူကြားဖူးတဲ့အခြားလူနာတွေ
ဆီမှအကြောင်းအရာများကိုပြောပြသေးသည်။တချို့ဝမ်နည်း
စရာဇာတ်လမ်းတွဲတွေအကြောင်းနဲ့ဟာသအစီအစဉ်တွေပါ
မကျန်သူမပါးစပ်ကရွန်းရွန်းဝေပြောသည်။
ထိုအခါ ရှောင်ရှင်းချန်ဆီမှတခါတခါတုံ့ပြန်မှုတစ်ချို့ရသလို
တခါတခါလွမ်းမောနေဟန်ဖြင့်ပြတင်းပေါက်သို့ငေးနေတတ်
သည်။
သူ့ဘဝတွင်အတွယ်တာရဆုံးမိဘနှစ်ပါးစလုံးကိုတစ်ပြိုင်နက်
ဆုံးရှုံးလိုက်ရသည်ဖြစ်သောကြောင့်ခံစားနေရမှာအမှန်ပေ။
အားချင် ကိုကိုရှောင်ရှင်းကိုသနားမိသည်။
အဲ့တာကြောင့်လဲ သူမဆီဆုံလန်လာပြီး ဒီကိစ္စကိုအကူအညီ
တောင်းကတည်းကသူလက်ခံခဲ့ခြင်းဖြစ်သည်။သူကိုယ်တိုင်
လဲမိဘတွေမရှိတော့ပြီဖြစ်သောကြောင့် ရှောင်ရှင်းချန်ကို
သူနားလည်သည်။
"ကိုကိုရယ်သိလား အဲ့ဝတ္ထုထဲကလူလေ အရမ်းရက်စက်တာ
သိလား သူ့ရည်းစားလေးကိုလေ သတ်ပစ်လိုက်တာ"
အားချင်ကသူဖတ်ခဲ့တဲ့ဝတ္ထုလေးကိုကိုယ်ဟန်အနေအထား
တွေနဲ့ပြောနေတုန်း ရှောင်ရှင်းချန်၏အခန်းတံခါးဟာဝုန်းကနဲ
ပွင့်သွားလေသည်။
ရှောင်ရှင်းချန်အနေနဲ့မျက်စိမမြင်တာကြောင့်ဆုံလန်ကတစ်ဦး
တည်းအခန်းဖြင့်သီးသန့်ထားပေးသည်။ထို့ကြောင့်အခန်း
တံခါး
အခုလိုပွင့်သွားတော့အခန်းထဲမှာရှိတဲ့အားချင်နဲ့ရှောင်ရှင်းချန်
၏အာရုံသည်အခန်းဝဆီတွင်ရှိသည်။
"ရှင်ဘယ်လိုဆရာဝန်လဲ လူနာရဲ့အခန်းထဲကိုဒီလိုမဆင်
မခြင်ဝင်လာစရာလား အခုလဲတံခါးကိုပိုင်ဆိုးပိုင်နင်းလော့
ချပြန်ပြီ"
အားချင်ကအခန်းထဲကိုဂျူတီကုတ်ဖြင့်ဝရူန်းသုန်းကားဝင်လာ
ပြီးတံခါးကိုလော့ချနေတဲ့ကောင်လေးကိုကြည့်ရင်းအော်ငေါက်
လိုက်သည်။
ထိုကောင်လေးကတော့ အားချင်ကိုအရေးလုပ်ပုံမပေါ်ပြီ။
သို့ပေမယ့် လက်ညိုးကိုနူတ်ခမ်းထက်တင်၍အားချင်အား
တိုးတိုးနေရင်သတိပေးသည်။
ရှောင်ရှင်းချန်အနေနှင့်အခုထိဘာတွေဖြစ်နေသည်ကိုသဘော
မပေါက်သေး
သူအားချင်ကိုမေးဖို့ကြိုးစားတဲ့အခါ သူ့အနားကိုရုတ်တရက်
ရောက်လာတဲ့သူကသူ့ပါးစပ်ကိုလက်ဖြင့်ပိတ်ပစ်လိုက်သည်။
အားချင်ကအပြင်မှာဘာဖြစ်သည်မသိတာကြောင့်ပါးစပ်မလှုပ်
ရဲသော်လည်း ရှောင်ရှင်းချန်၏ပါးစပ်အားပိတ်ထားတဲ့
ကောင်လေးလက်ကိုပုတ်ချရင်း မျက်စောင်းဝင့်သည်။
ကောင်လေးကတော့ တံခါးအပြင်ကခြေသံကိုသာနားစွင့်ရင်း
တုတ်တုတ်တောင်မလှုပ်ဖြစ်။
ခဏကြာလို့ခြေသံပျောက်သွားတော့မှ ထိုကောင်လေးက
သက်ပြင်းချတယ်
"ဟူး တော်သေးတယ် မြန်မြန်ထွက်သွားလို့"
ကောင်လေးကသက်သာရာရသွားသည့်ပုံဖြင့်ရေရွတ်တော့
အားချင်ကကောင်လေး၏လက်အားထက်မံပုတ်ချ၍အော်ပြော
သည်။
"ရူးနေလား ဘာလို့ကိုကို့ပါးစပ်ကိုအခုထိရှင့်ရဲ့လက်ကြီးနဲ့
အုပ်ထားသေးတာလဲပြော "
ထိုအခါမှ ထိုကောင်လေးသည်ရှောင်ရှင်းချန်ထံမှသူ့လက်ကို
ခွာလိုက်သည်။သို့သော် ကောင်လေးသည်မျက်ရည်များဖြင့်
တစ်ကိုယ်လုံးတုန်ရီနေတဲ့အဖြူရောင်ကိုယ်လေးကိုမြင်လိုက်
ရသောအခါ သူ့မျက်ဝန်းတွေပြူးကျယ်သွားရသည်။
"မင်း..မင်း ဘယ်သူလဲ"တုန်ရီကာထွက်လာတဲ့ရှောင်ရှင်းချန်
၏အသံကိုအားချင်ကြားတော့
"ကိုကိုရှင်းချန် အဆင်ပြေရဲ့လား "
ဆိုကာစိုးရိမ်တကြီးမေးသံနောက်တွင် ခုနကကောင်လေးထံ
ကတုန့်ပြန်စရာကြားလိုက်ရသည်။
"ကျွန်တော်လား အာ ဟုတ်သားပဲ မိတ်ဆက်ဖို့မေ့နေတာပဲ
ကျွန်တော်ကဒီဆေးရုံကအလုပ်သင်ဆရာဝန်လေးရွယ်ရွမ်
ပါခင်ဗျ"
အသံကခနဲ့သလိုလိုစသလိုလိုနောက်သလိုလိုနဲ့ပြောလာသည့်
ရွယ်ယွမ်ကိုအားချင်ကနှာခေါင်းရူံ့သည်။
"ရွယ်...ရွယ်ယွမ်?"
ထိုနာမည်ကိုခပ်ဖွဖွထပ်ခေါ်သံကိုကြားတော့ ရွယ်ယွမ်မျက်ခုံး
ပင့်မိသည်။ထို့ပြင် သူ့ရှေ့မှလူ၏ဦးတည်မှုမရှိကြောင်ငေးငေး
မျက်လုံးကြောင့်သူသံသရဖြစ်ကာမေးမိသည်။
"ခင်ဗျားကမျက်စိမမြင်ဘူးလား"
ရွယ်ယွမ်၏အမေးကြောင့် ရှင်းချန်ငေးခနဲဖြစ်သွားသလို
အားချင်ကလဲစိတ်တိုတိုဖြင့်ထအော်ပြန်သည်။
"အရိပ်သုံးပါးနားမလည်ဘူးလား ဘယ်လိုတောင်မေးလိုက်
တာလဲဆရာဝန်တစ်ယောက်ကဒီလိုမျိုးလူနာကိုမေးစရာလား
ဘယ်လိုမျိုးဆရာဝန်ဖြစ်လာလဲ "
ဒေါသကြောင့်နီရဲနေတဲ့အားချင်ကိုရွယ်ယွမ်ကခပ်မဲ့မဲ့ပြုံးပြ
ကာ
"ဟေ့ ကောင်မလေး စွာလှချည်လား ငါလဲမင်းကိုမမေးမိပါ
ဘူးနော် ငါကဒီရှေ့ကအကို့ကိုမေးတာပါနော် မင်းကိုမမေး
ရင်လိုက်လိုက်ဖြေမနေနဲ့ ကြားလား"
မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ရွယ်ယွမ်ကိုအားချင်ကမျက်
စောင်းချည်သာလှဲ့ထိုးနေသည်။
"မင်းက ပြောင်းသွားတဲ့ဆရာဝန်အသစ်လား"
အတန်ကြာသူတို့ကြားတိတ်ဆိတ်နေရင်းကရှောင်ရှင်းချန်ထံ
ကမေးသံကြားတော့ရွယ်ယွမ်ကတစ်ခုခုကိုသတိရသွားသလို
ဖြင့်
"အာ ဒါဆို လူတွေပြောနေတဲ့သူဌေးသားမျက်မမြင်လေးဆို
တာ ဒီကအစ်ကိုပေါ့"
"ပြောပြန်ပြီလား ရှင်ဟာလေအတော်ယဉ်ကျေးမှုမရှိတဲ့သူ
တွေ့ဖူးသမျှထဲမှာအရိုင်းစိုင်းဆုံးဆရာဝန်ပဲ "
"ဒီမှာအစွာလေး မင်းကိုငါမေးသလားလို့"
တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင်နေကြသည်ကိုကြား
တော့ရှောင်ရှင်းချန်ကသက်ပြင်းချသည်။
"ဟုတ်တယ် အဲ့ဒါငါပဲ ငါ့နာမည်ကမင်းသိပြီးပြီဖြစ်မှာပါ
ဒါဆို ဒီညအတွက်check upလုပ်ဦးလေ စောစောအိပ်ရာ
ဝင်မလို့"
ရှောင်ရှင်းချန်ဟာ အတော်ကိုတိုးလျတဲ့စကားသံဖြင့်ပြော
သေအခါ ရွယ်ယွမ်ကခေါင်းတညိတ်ညိတ်ဖြင့်
"ဟုတ်သားပဲ ကျွန်တော်ခင်ဗျားကိုcheck upလုပ်ရဦးမှာပဲ
ခဏလောက်လှဲလိုက်ပါ အကိုလေးရှောင်ရှင်းချန်ခင်ဗျ"
....
A/N: Your Happinessမှာဆက်မတက်ဘဲ သက်သက်ရေးဖို့စဉ်းစားမိလို့ပါနော် ♥ ♥
Akariအနေနဲ့ဒီနှစ်ယောက်ကိုအတော်ချစ်မိတာပါ။
အဲ့တာကြောင့် မရေးတတ်ရေးတတ်ရေးတာပါ။အမှားတွေ
ပါရင်ကြိုပြီးတောင်းပန်ပါတယ်။Akariကြောင့်မူရင်း
authorနဲ့ဇာတ်ကောင်တွေကိုထိခိုက်မှုရှိသွားခဲ့ရင်
တောင်းပန်ပါတယ်။
အကောင်းဆုံးကြိုးစားပါ့မယ် ♥ ♥ ✌
See you~