Yes,I'm Ugly

By Kadi_EmollientGarden

7.4K 1K 120

ဟုတ်တယ် ။ ငါကဘဲရုပ်ဆိုးတစ်ယောက်ပဲ ။ More

-1-
-2-

-3-

1.7K 305 56
By Kadi_EmollientGarden

ကျောင်းဝန်းထဲ ဝင်ဝင်ခြင်း Baekhyunက Kyungsooလက်ကို ဆုပ်ကိုင်လာသည် ။ မျက်နှာပေါ်က ခပ်ရေးရေး စွန်းထင်းနေတဲ့ အပြုံးတွေကြောင့်လည်း Kyungsooအနေနဲ့ အားတတ်စေသည် ။

'' ငါသန့်စင်ခန်း ခဏသွားအုံးမယ်နော် ''

Baekhyunက ခြေသုံးလှမ်းစာ လှည့်ထွက်ခဲ့ပြီးမှ နောက်ပြန်လှည့်လာကာ Kyungsooရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာသည် ။

'' မဖြစ်သေးပါဘူး ။ ငါစိတ်မချပါဘူး ။ လိုက်ခဲ့တော့ ''

'' ခဏလေးပဲကို ။ ငါ .. အဆင်ပြေပါတယ် ''

'' တကယ်လား ''

'' တကယ်ပါဆို ။ သွားတော့ ။ လမ်းမှာ ထိန်းမရ ပြုမရ ဖြစ်နေအုံးမယ် ''

ရယ်ကြဲကြဲ ဆိုလာတဲ့ စကားလုံးတွေမှာ Kyungsoo ပြုံးနေတဲ့ မျက်နှာလေးက တကယ်ကို ချစ်စရာကောင်းပါသည် ။

'' ဘာလဲ ။ ဘာကြည့်တာလဲ ''

'' ငါ့ညီလေး ချစ်စရာကောင်းလို့ ''

Baekhyunက ပြောပြောဆိုဆိုနဲ့ Kyungsooရဲ့ ပါးဖောင်းဖောင်းလေးကို ခပ်ဖွဖွလေးပုတ်ကာ အခန်းထဲက ထွက်သွားလေသည် ။

ထုံစံအတိုင်း လှောင်ရိပ်တွေနဲ့ ကြည့်နေကြတဲ့ အတန်းသား တစ်ချို့ရဲ့ အကြည့်တွေကြားမှာ Kyungsooကိုယ်လေးကျုံ့လာကာ ပါဝါမျက်မှန်အောက်က မျက်နှာဖောင်းဖောင်းကိုလည်း ခေါင်းစွပ်နဲ့လုံအောင် အုပ်ချလိုက်သည် ။

ခေါင်းစွပ်အောက်က မျက်နှာလေးက ပူနွေးနွေးလေး ဖြစ်နေမှာအသေချာ ။

ဆူညံနေတဲ့ အခန်းကြီးကလရုပ်တရက် တိတ်ဆိတ်ကာ အတန်းသူ မိန်းကလေးရဲ့ ကျွတ်စီကျွတ်စီ အော်သံရဲ့ Kim Kaiဆိုသော အသံကြောင့် Kyungsooရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေဟာ ပြူးကျယ်လာသည် ။

'' Kyungsoo hyung .. ကျနော်နဲ့လိုက်ခဲ့ ''

'' မလိုက်ဘူး ။ ငါ့လက်ကိုလွှတ် ''

ပြောသာပြောရတာ အရှေ့မှာ မိုက်ကမ်းကမ်း ပုံစံနဲ့ရပ်နေတဲ့ ကျောင်းလူဆိုးကိုတော့ ကြောက်မိပါရဲ့ ။ လူဆိုးကောင်က မထင်ရင် မထင်သလို ထိုးတတ်သူ မဟုတ်ပါလော ။

'' တကယ် မလိုက်ဘူးလား ''

ပီကေတဖောက်ဖောက်ဝါးရင်း ဘောင်းဘီအိတ်ကပ်ထဲ လက်လျှိုကာ မချိုမချဉ် မျက်နှာပေးနဲ့ မေးနေသည့် လူဆိုးကောင်အား ခေါင်းကိုသွက်သွက် ခါပြသည် ။

'' ဒါဆို .. ပွေ့ခေါ်ရမလား အသည်းလေး ''

'' ဘာ .. ဘာ ။ အသည်းလေး ''

ခေါင်းစွပ်အောက်က နီရဲနေတဲ့ မျက်နှာလေးနဲ့ မော့ကြည့်လာတယ် ။ မျက်မှန်အောက်က မျက်လုံးဝိုင်းတွေဟာ Kaiနှစ်သက်တဲ့ ရွှန်းလဲ့မှုတွေနဲ့ တောက်ပနေတယ် ။

ဘယ်သူပြောသလဲ ။ ကျနော့်ရဲ့ Hyungက ဘဲရုပ်ဆိုးလေးပါလို့ ။

ခေါင်းစွပ်အောက်က မျက်နှာနုနုလေးကို ငေးမောနေရင်း ဘယ်အချိန်ကတည်းက ချိန်ထားမှန်းမသိတဲ့ Kyungsooရဲ့ ခြေထောက်က Kaiရဲ့ ဒူးခေါင်းကို ဖြတ်ကန်လိုက်သည် ။

'' နာတယ်ဗျ ''

'' မင်းကနာတတ်သေးတာလား ။ အမြဲတမ်း ရန်ဖြစ်နေပြီးတော့များ ''

'' နာတတ်တယ် ။ လူဆိုးလည်း အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတာ ။ ချစ်တတ်တဲ့ နှလုံးသားလည်းရှိတယ် ။ Hyung ဖွင့်ကြည့်မလား ''

သူ့ရင်ဘတ်ပေါ် Kyungsooရဲ့ လက်ချောင်းလေးတွေနဲ့ ထိတွေ့စေတော့ ရုန်းဖယ်သည် ။ ပန်းရောင်သန်းနေတဲ့ မျက်နှာလေးက အခုများတော့ အနီရင့်ရောင် အဖြစ် ပြောင်းလဲနေပြီ ။

ထပ်စရင် hyungက ပိုရှက်သွားပေရော့မယ် ။

အခု Hyungရဲ့အခန်းဆီ လာတာကလည်း မနေ့က Hyungကို ဘဲရုပ်ဆိုးလို့ ပြောလိုက်မိတာကို ချော့ချင်လို့ ။ ချော့တတ်တယ်လို့တော့ မထင်ပါနဲ့ ။ ဒီလိုပဲ မေးစမ်းလာရတာပေါ့ ''

'' Hyung .. မနေ့ကအတွက် တောင်းပန်ပါတယ် ။ စိတ်ဆိုးသွားတယ်မလား ။ ကျနော် ပြန်ချော့မယ်နော် ''

Kyungsoo သူ့ရှေ့မှာ မြင်နေရတဲ့ ပန်းစီးကြီးကိုတစ်လှည့် Kaiဆိုသော ကျောင်းလူဆိုးကိုတစ်လှည့် နားမလည်သလို ကြည့်နေသည် ။

'' Hyungအတွက် ပန်းခူးလာတာ ''

ဂုတ်ပိုးကို လက်နဲ့ပွတ်ရင်း ရှက်နေသလို ဖြစ်နေသည့် အနှီလူဆိုးကောင်အား ကြည့်နေရင်းနဲ့ပင် လက်ထဲက ပန်းစီးအား ဆွဲယူကာ သူ့အား စိတ်ရှိလက်ရှိ ရိုက်လိုက်တော့သည် ။

အတန်းထဲက လူတွေကလည်း ပန်းကိုတစ်လှည့် ၊ မျက်နှာကြီး နီနေတဲ့ ဘဲရုပ်ဆိုးဟုခေါ်တဲ့ Kyungsooကို တစ်လှည့် ၊ နားမလည်နိုင်သလို ကြောင်အမ်းအမ်းဖြင့် ပန်းစည်းနဲ့ ရိုက်ခံနေရတဲ့ Kaiကိုတစ်လှည့်ကြည့်ကာ ပြုံးစိစိနဲ့ ။

'' အာ .. Hyung ။ ဘာလို့ကျနော့်ကို ပန်းစည်းနဲ့ လာရိုက်နေတာလဲ ။ Hyungအတွက် ခူးလာတာပါဆို ''

'' ဒီ ပန်းတွေက ငါ့အတွက် ။ မင်းဘယ်လို မျက်လုံးနဲ့ကြည့်လိုက်တာလဲ ''

'' ဘာဖြစ်လို့လဲ ။ လှရဲ့သားနဲ့ ''

'' လှတယ် !! အဲ့ဒီလှတယ်ဆိုတဲ့ပန်း မိန်းကလေးတွေကို သွားပေးလို့ကတော့ မင်းပါးရိုက်ခံရမှာ ကျိန်းသေတယ် ''

'' ဘာလို့လဲဗျာ ။ Hyungအတွက် ခူးလာတဲ့ပန်းက လှလည်းလှတယ် ။ မွှေးလည်း မွှေးတယ်လေ ''

Kaiက ကြမ်းပြင်ပေါ်မှာ ကြေမွနေတဲ့ ပန်းပွင့်လေးတွေအား နှမျောတသကြည့်ကာ ဝမ်းနည်းပက်လက် ဖြစ်နေဟန် တူပါရဲ့ ။

'' Hyung ''

'' သွားတော့ကွာ ''

ဆက်ပြောမယ် လုပ်ပေမယ့် Kyungsooရဲ့ ပုံစံက ရှက်တာရော ၊ စိတ်တိုတာရောပေါင်းကာ မျက်နှာလေးက နီရဲနေတာကြောင့် ဘာမှ ဆက်မပြောတော့ပေ ။

Kyungsooအတွက်ဆို ခူးလာတဲ့ ပန်းပွင့်ကြွေတွေအား ရင်ခွင်ထဲထည့်ပိုင်ကာ Kyungsooရဲ့ မျက်နှာလေးကို အလွမ်းပြေကြည့်ကာ အခန်းပြင် ထွက်သွားတော့သည် ။

Kaiအခန်းပြင်ရောက်မှ မနက်က Suhoပေးတဲ့ အကြံဥာဏ်ကြောင့် စိတ်မတင်မကျဖြစ်ကာ အိတ်ထောင်ထဲက ဖုန်းအား ထုတ်ယူလိုက်သည် ။

'' Hyung ''

'' ဘယ်လိုလဲ ငါ့ညီ ။ အဆင်ပြေတယ်မလား ''

'' ဘယ်ကသာ အဆင်ပြေမှာလဲ ။ Hyungပေးတဲ့အတိုင်း ချော့လိုက်တာ Kyungsoo Hyungက ပိုလို့တောင် စိတ်ဆိုးသွားပြီ ''

'' Kyungsoo .. ယောက်ျားလေးလား ''

'' ယောက်ျားလေးပေါ့ဗျာ ''

'' အဲ့ဒါမှ အကျိုးနည်း ။ ဟကောင်ရဲ့ ယောက်ျားလေးကို ပန်းစည်းနဲ့ သွားချော့မှတော့ ဟိုက လက်သီးနဲ့ ထိုးခဲ့မှာပေါ့ ''

'' ကျနော်လည်း ရည်းစာထားဖူးတာမှ မဟုတ်တာ ။ မသိလို့လည်း Hyungကို အားကိုးပါတယ်ဆို ''

'' အဲ့ဒီတော့ ငါ့ခြံထဲက ပန်းလေးတွေက အလကား ဖြစ်သွားတာပေါ့ ။ ဟုတ်လား .. မင်းနဲ့တော့ ခက်ပါရဲ့ကွာ ''

'' ကျနော့်မှာ Kyungsoo Hyungကို ချော့ချင်လို့ မနက်အစောကြီးထပြီး Hyungရဲ့ခြံထဲ ပန်းဝင်ခူးရတာ ။ သစ်ကိုင်းခြောက်တောင် ထိုးမိသေးတယ် ''

'' ငါ့ခြံရဲ့ ညာဘက်ထောင့်မှာ သစ်ကိုင်းခြောက် မရှိပါဘူး Kaiရာ ''

'' Hyungပဲ ညာဘက်ခြံထောင့်က ငါစိုက်ထားတဲ့ ပန်းပွင့်တွေ ခူးသွားဆို ? ''

'' အဲ့တာမှ ဒုက္ခနဲ့လှလှ တွေ့တာပဲ ။ ရေမရှိတဲ့ချောင်းမှာ နှာခေါင်းဖော်ပြီးသာ သေလိုက်ပါတော့လား ။ ငါပြောတာ ဘယ်ဘက် ခြံထောင်ကွ ။ ညာဘက်ခြံထောင့်မှာ ခွေးသေးပန်းပင်တွေပဲရှိတယ် ''

'' ဗျာ !!! ''

- ဆက်ရန် -

Continue Reading

You'll Also Like

277K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
2.7K 119 26
Gwen's whole life has been about one thing, hockey. Growing up Gwen didn't have it easy and always had to work hard at what she wanted. She had put a...
31.1K 3K 23
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
24.5K 3.9K 29
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...