EX (Zawgyi+ Unicode)

By nora_nono

355K 38.6K 2.2K

ချစ်နေဆဲ.... မြတ်နိုးနေဆဲ.... လိုအပ်နေဆဲပါပဲကွာ..... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
EX FMV
Part 16
Part 17
EX FMV 2
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 26
Part 27

Part 25

9.2K 1.1K 26
By nora_nono





မုန်းလိုက်တာ.....



ထို့နောက်....



_________________________________________





နောက်ပြီး.....




ဘာမှမလိုအပ်ပါဘူး....


_____________________________________

"Baek''




အခုလည်း....

"အင်း.... Chann''



ကိုယ့်မိဘတွေ....
ကိုယ့်ချစ်သူ....


"ကိုယ်ဗိုက်ဆာတယ်''







ယခုဆို.....
Baekhyunသည်



သို့ပေမယ့်....

တစ်ခါတစ်လေ...




အရင် Baekhyunနဲ့မတူစွာ ကျိတ်ခံစားနေသော ကောင်လေးက အမြင်ကတ်စရာတော့ နည်းနည်းကောင်းသည်။

ကိုယ့်ချစ်ရသူ...




____________

အေးလွန်းနေသော နေ့တစ်နေ့....

အခန်းအတွင်း Heater ဖွင့်ထားပေမယ့် ပတ်ဝန်းကျင် တစ်ခွင် နှင်းဖြူဖြူတွေဖုံးနေတာကြောင့် အခန်းတွင်းထိပင် အေးလာသယောင်။

ထိုနှင်းဖြူဖြူလေးတွေကို ငေးရင်း ဘာကိုတမ်းတမှန်းမသိ တမ်းတကာ... ဘာခေါင်းစဉ်ရယ်တပ်ရမယ်မှန်းမသိသော ခံစားချက်တစ်ချို့က ရင်ထဲထိနင့်နေသည်မို့...
ဘယ်ဘက်မျက်ဝန်းအိမ်ထဲ မျက်ရည်ကြည်တွေက မဖိတ်ခေါ်ပါပဲ သက်ဆင်းလို့လာသည်။

မုန်းလိုက်တာ.....

ကိုယ်တိုင် ရေးဆွဲလို့မရသောဘဝတွေကို မုန်းလိုက်တာ....

အသာလှစ်ဟထားသော လိုက်ကာစအရှည်တွေကို ဆွဲပိတ်ပစ်ကာ နှင်းကျနေပါသော အေးချမ်းစရာ မြင်ကွင်း တစ်ချို့ကို ဖုံးကွယ်ပစ်သည်။

ထို့နောက်....

မမှေးစက်ရတာ ကြာပြီဖြစ်သော....
ကိုယ့်အတွက် အနွေးထွေးဆုံး နေရာဖြစ်သော....
ချစ်ရသူ ရင်ခွင်ထဲ အသာတိုးဝင်ကာ အရာအားလုံးကို ခဏမေ့စေသည်။

ခဏလေးပဲဖြစ်ဖြစ် အေးချမ်းစွာ မှေးစက်ပါရစေ။

_________________________________________

နေ့စဉ်ကြုံတွေ့နေရပါသော လုပ်ငန်းစဉ်တစ်ခုမို့...

မနက်ခင်းတွေဟာ စိတ်အာရုံတစ်ခုနဲ့ နိုးထတတ်ခဲ့ပြီ။

ဒီနေ့က စနေနေ့ဟု ကြားခဲ့မိတာကြောင့်...
ယခုနိုးထသောအချိန်ဟာ ဆယ်နာရီဝန်းကျင် ဖြစ်နေပေလိမ့်မည်။

ထင်းရှူးနံ့သင်းသင်းလေး ပြန့်လွင့်နေသော စိတ်ခံစားချက်အရ ဒီအိမ်လေးသည် ကျွန်တော်ကိုယ်တိုင် ပါဝင်ဆောက်လုပ်ခဲ့ပါသော....
စိတ်ကူးယာဉ်ပျော်ရွှင်မှုတွေနဲ့ စိတ်နှစ်စွာ ဆောက်လုပ်ခဲ့ပါသော...
ကျွန်တော်တို့မြို့က ကျွန်တော်တို့နှစ်ယောက်ရဲ့အိမ်လေး....

နောက်ပြီး.....

နှခေါင်းဝကို လာရောက်ကျီစယ်သော ရနံ့သင်းပျပျနဲ့.....
နူးနူးညံ့ဆံနွယ် အထိအတွေ့လေးတွေကြောင့် ပြုံးမိသည်။

ခါးပေါ်ရောက်နေသည့် လက်အိအိလေးတွေကို ပိုလို့ဖက်စေကာ အိအိထွေးထွေး ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းမိသည်။

မည့်သည့်အမွှေးအကြိုင်ရယ်မျှ မသုံးထားသော်ငြား ....
နှခေါင်းဝကို လာရောက်ကျီစယ်နေသော ကိုယ်သင်းနံ့လေးကြောင့်...
ဆံနွယ်လေးတွေကြား နှခေါင်းနစ်ဝင်သည်အထိ နမ်းရှိုက်ကာ ချစ်ရသူကို ပိုမိုတင်းကျပ်ကာ ဖက်ထားမိသည်။

ဘာမှမလိုအပ်ပါဘူး....
မင်းရှိနေရင် အရာအားလုံးကျော်လွှားနိုင်တယ်လို့ ကိုယ်ယုံကြည်တယ် ချစ်သူ.....

ကိုယ့်ယုံကြည်ချက်တွေ ဖြစ်မြောက်အောင် မင်းကလည်း ဘေးကနေဖေးမပေးပါ ချစ်သူ.....

_____________________________________

"Baek''

အချိန်ကြာမြင့်စွာ လုပ်ဆောင်ခဲ့ပါသော အကျင့်တို့က နေ့စဉ်ဘဝမှာ ရင်းနှီးစေကာ သေးကွေးသော အခက်အခဲတစ်ချို့ကို ပြေလည်စေသည်။

အမြင်အာရုံချို့တဲ့သူတစ်ယောက်ဖြစ်သွားရသည်မို့ တစ်ခြားအာရုံခံစွမ်းရည်တွေပိုကောင်းလာသလား မပြောတတ်။

ကိုယ်အနားရောက်လာသည့် ရင်းနှီးလွန်းသော သူတွေကိုတော့ အာရုံခံစားချက်တစ်ချို့နဲ့ သိနေမိသည်။

အခုလည်း....
ကိုယ်ဘေးနားမှာ ချစ်ရသူရှိနေသည်ကို သိသည်။
သူဘာတွေလုပ်နေလို့ ငြိမ်သက်နေသလဲ မပြောတတ်ပေမယ့်... သူ့ကိုယ်သင်းနံ့လေးကြောင့် နီးကပ်သောနေရာတစ်ခုမှာ ရှိနေသည်ကို အတပ်သိသည်။

"အင်း.... Chann''

တိုးဖြော့ဖြော့အသံလေးကြောင့် ဒီကောင်လေး ကိုယ့်ကို ကြည့်ပြီးအတွေးများနေသည် ထင်ပ။

ကိုယ်ကသာ အားငယ်စိတ်တစ်ချို့နဲ့ အလိုမကျမှုတွေကို တတ်နိုင်သလောက် မေ့ဖျောက်ထားပေမယ့် ကိုယ့်ကိုတွေ့တဲ့သူတိုင်းကတော့ သနားနေမှာအသေအချာပင်။

ကိုယ့်မိဘတွေ....
ကိုယ့်ချစ်သူ....

ကိုယ့်အနားရောက်တာနဲ့ တိတ်ဆိတ်သွားတတ်သော ကိုယ်ချစ်ရသောသူတွေကို ကိုယ်ကပြန်၍နှစ်သိမ့်ပေးရမလို...

"ကိုယ်ဗိုက်ဆာတယ်''

"ဘာစားချင်လဲ Chan? ငါဘာလုပ်ပေးရမလဲ?''

ပြာပြာသလဲ ပြန်မေးသော ချစ်ရသူကြောင့် Chanyeolပြုံးမိပြန်သည်။

ကိုယ်တိုင်ထလုပ်၍မရသော ကိစ္စတွေမှာ....
ဘေးကအကူအညီယူရတာလွှဲလို့ အဆင်ပြေအောင် ကြိုးစားနေပါသည်။

"ကိုယ်ပေါင်မုန့်ကြက်ဥကြော်စားချင်တယ် Baek''

"ခဏလေးပဲ စောင့်နော် Chan....''

လှစ်ခနဲပြေးသွားလိုက်ပုံများ ခြေသံလေးတွေပင် ကြားနေရသည်။

ယခုဆို.....
Baekhyunသည်
ယခင်ကထက် Chanyeolကို အများကြီးပို ဂရုစိုက်လာသည်။

Chanyeolအနားမှာ အမြဲလိုလိုနေကာ လိုအပ်တာတွေ ဖြည့်ဆည်းပေးသည်။

Chanyeol တ လိုက်တာနဲ့ အမြဲရနေအောင်ဖြည့်ဆည်းပေးသည်။

သို့ပေမယ့်....
အရမ်းငြိမ်သက်သွားသည်။

တစ်ခါတစ်လေ...
ငြိမ်ငြိမ်လေးထိုင်ကာ ကိုယ့်ကို ငေးနေတတ်သလား မပြောတတ်ပေမယ့်...

နားထဲတွင် ရှိုက်သံတိုးတိုးလေးတော့ ကြားနေရတတ်သည်။

ထိုသို့ ကြားရတိုင်း မငိုပါနဲ့ကွာလို့ နှစ်သိမ့်ပေးမိပေးမယ့်...
မငိုပါဘူးဆိုသည့် အငြင်းဝါကျတစ်ကြောင်း ရွတ်ကာ အံကြိတ်ငြင်းလေသည်။

Channyeol သိရသလောက် Baekhyunသည် အလုပ်လည်း မသွားတော့သလိုပင်။

အရင် Baekhyunနဲ့မတူစွာ ကျ်ိတ်ခံစားနေသော ကောင်လေးက အမြင်ကတ်စရာတော့ နည်းနည်းကောင်းသည်။

ကိုယ့်ချစ်ရသူ...
ကိုယ့်ဘေးမှာ ရှိတာကို အတိုင်းမသိဝမ်းသာမိပေမယ့်....

ကိုယ့်ကိုကိုယ် အပြစ်တစ်ခုလို့ သတ်မှတ်ကာ အတွေးတွေထဲမှာ လှောင်ပိတ်နေမှာတော့ Channyeol မလိုလားပေ။

အတွေးတွေရှင်းလင်းစွာဖြင့် Chanyeolဘေးမှာ အားပေးတာပဲ လိုချင်သည်။

တစ်ခါလောက်တော့ ချစ်ရသူကို ရင်ခွင်ထဲထည့်ကာ...
အတွေးတွေ မမှားဖို့နဲ့.....
အပြစ်တင်စိတ်တွေမရှိဘဲ ကိုယ့်ကို အမြဲချစ်နေပါလို့ ပြောပြရအုံးမည်။

____________


Continue Reading

You'll Also Like

116K 6.4K 24
to love and be loved is to feel the sun from both sides. ━━ love island usa 2024, s6 ━━ kordell beckham x oc
80.9K 2.3K 38
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...
361K 31.6K 90
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
121K 7.2K 89
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...