" ဒါဆို႐ွင္က ဘယ္သူလဲ.... ''
" ဟင္ ''
ဆက္ရဲ႕စကားသံေတြၾကား ခ်မ္းထိတ္လန္႔သြားရသည္ ။
" ခ်မ္းေလဆက္ရယ္... မမွတ္မိေတာ့ဘူးလား
ဟင္ ''
" မဟုတ္တာ ခ်မ္းက ဒီမ်က္ႏွာမွမဟုတ္ဘဲ ''
" ေျခာက္ႏွစ္ေတာင္ ၾကာခဲ့ၿပီဘဲဆက္ရယ္ ''
" ေျခာက္ႏွစ္... ဟုတ္လား ''
" အို ေမ့ေနလိုက္တာ ဆက္သတိရလာတာကို ဆရာဝန္ႀကီးေတြကို သြားေျပာရမယ္... အန္တီမိကိုလည္းအေၾကာင္းၾကားရမယ္... အို အန္တီသာသိရင္သိပ္ဝမ္းသာမွာဆက္ရယ္... ''
" ေမေမလား... ''
ေမးတာကိုျပန္မေျဖ ။ နဖူးကိုတစ္ခ်က္နမ္းၿပီး ျပန္ထြက္သြားျပန္၏ ။ ဒီေဒါက္တာမမဟာ သူ႔ကိုယ္သူခ်မ္းလို႔ေျပာေနေလရဲ႕ ။ ၿပီးေတာ့ ေျခာက္ႏွစ္ေတာင္ၾကာခဲ့ၿပီတဲ့ ။ ဆက္ခႏၶာကိုယ္တစ္ခုလံုး လႈပ္မရေစတဲ့တရားခံဟာ ထိုေျခာက္ႏွစ္ဆိုတဲ့အရာႀကီးမ်ား ျဖစ္ေနေလမလား ။
ဆက္မစဥ္းစားေတာ့ ။ မ်က္လံုးမွိတ္ၿပီး ျပန္နားေနဖို႔သာလုပ္မိသည္ ။ မ်က္လႊာတို႔ကိုပိတ္မိျပန္ေတာ့ ခ်မ္းဆိုသူ ေဒါက္တာမမရဲ႕အနမ္းေတြက ျပန္ျမင္ေယာင္လာျပန္သည္ ။ ခက္ရခ်ည္ရဲ႕ ။ ခႏၶာကိုယ္သာလႉပ္မရတာ ။ ဆက္ရင္ဘတ္ထဲက ႏွလံုးသားေလးကေတာ့ လႈပ္ရံုတင္မက ။ ခုန္ေပါက္ေနေလ၏ ။
ထိုသို႔ေသာ ခံစားမႈမ်ိဳး၏ပိုင္႐ွင္သည္လည္း သူမအတြက္ ခ်မ္းျမျမကိုတစ္ေယာက္ထဲသာ ။ ဒါဆို သူ႔ကိုယ္သူခ်မ္းပါလို႔ေျပာသြားတာအမွန္ေတြေပါ့ ။ ဆက္က ေျခာက္ႏွစ္ေတာင္ သတိေမ့ေနခဲ့တာေပါ့ ။ အဲ့ဒါေၾကာင့္ ကိုယ့္အသံကိုယ္ေတာင္မမွတ္မိဘဲ အားလံုးေျပာင္းလဲသြားခဲ့တာလား ။
စဥ္းစားေနမယ္ဆိုရင္ ေမးခြန္းေတြကသိပ္ကိုမ်ားလြန္းသည္ ။ ဆက္စိတ္ထဲမွာ ႐ႈပ္ေထြးေနတာေတြဟာ ေမေမ့ကိုေတြ႔မွသာ ေျပလည္သြားမည္ျဖစ္၏ ။ ခ်မ္းဟုထင္ရသူ ေဒါက္တာမမက ေမေမ့ကိုအေၾကာင္းၾကားမည္ဆိုကာ ထြက္သြားသည္ေၾကာင့္ ဆက္ သူမျပန္အလာကိုသာေစာင့္ကာ မ်က္ဝန္းေတြကိုမွိတ္ရင္း စိတ္ကိုအနားေပးလိုက္ေတာ့သည္ ။
မည္မွၽၾကာေအာင္အိပ္ေပ်ာ္သြားသည္မသိ ။ ဆက္ျပန္ႏိုးလာေတာ့ သူမေဘးမွာလူစံုတက္စံု႐ွိေန၏ ။ ဆက္၏ေမေမ ၊ ခ်မ္း၏ေဖေဖႏွင့္ေမေမအပါအဝင္ ေဒါက္တာမမေရာ႐ွိေနသည္ ။
" ေမေမ ''
သူမအသံတိုးတိုးကိုၾကားေတာ့ ေမေမ့မ်က္ဝန္းမွမ်က္ရည္ေတြစီးက်လာ၏ ။ ေမေမသည္အရင္လိုမဟုတ္ေတာ့ ။ ဆံပင္နက္နက္ေတြၾကားမွာ ကြက္တိကြက္က်ားျဖဴလာသည္ ။ အသားအေရတို႔၏တင္းမာမႈတို႔သည္ ေပ်ာက္ကြယ္ကာ အေရးအေၾကာင္းမ်ားေပၚလာေလၿပီ ။
" ေျခာက္ႏွစ္ေတာင္ၾကာခဲ့ၿပီဆက္... ေမေမလို႔ေခၚသံကိုမၾကားခဲ့ရတာ...... ေျခာက္ႏွစ္ေတာင္႐ွိခဲ့ၿပီသမီးရယ္ ''
မ်က္ရည္မ်ားၾကားမွ ေမေမသည္အားတင္းရင္းေျပာ႐ွာ၏ ။
" အခုလို ဆက္ေလးျပန္သတိရလာေတာ့ ခ်မ္းလည္းအရင္လိုေပ်ာ္ေပ်ာ္ရႊင္ရႊင္ျပန္ေနႏိုင္ၿပီထင္ပါရဲ႕ကြယ္ ''
ဒါက ဆက္ေမေမ၏စကား...
" ဒါဆို ဒီေဒါက္တာမမက ခ်မ္းဆိုတာေသခ်ာတယ္ေပါ့ေနာ္.... ''
" ေသခ်ာတာေပါ့သမီးရယ္... ''
ခ်မ္းေမေမကေျပာေတာ့ ခ်မ္းကမခို႔တ႐ို႔ေလးျပံဳး၏ ။
" ဒီညေတာ့ သမီးတစ္ေယာက္ထဲဘဲ ေစာင့္အိပ္ပါရေစေနာ္... သမီးခ်စ္သူေလးနဲ႔လဲ စကားေတြအမ်ားႀကီးေျပာစရာ႐ွိတယ္ ေမေမ ''
ခ်မ္းက ဆက္ေမေမကိုၾကည့္ကာ ဒီစကားေျပာလိုက္သည္ေၾကာင့္ ဆက္မ်က္လံုးျပဴးသြားမိသည္ ။ အိမ္ကဆက္တို႔အေၾကာင္းကိုသိသြားၿပီလား ။ ခ်မ္းတစ္ေယာက္ထဲဘယ္လိုမ်ားလက္ခံလာေအာင္ ႀကိဳးစားခဲ့ရပါလိမ့္ ။ ခ်မ္းေမေမတို႔ကေရာ ဆက္ကိုသေဘာက်ရဲ႕လား ။
ခ်မ္းစကားေလးတစ္ခြန္းမွာ ဆက္ေမးခြန္းေတြေတာင္လိုပံုလာ၏ ။
" ဆက္ လွဲေနတဲ့ေျခာက္ႏွစ္အတြင္းမွာ ခ်မ္းသိပ္ကိုႀကိဳးစားခဲ့တယ္... ေမေမတို႔ေတြသေဘာတူေအာင္ေလ ''
ခ်မ္းေမေမကေျပာေတာ့ ဆက္အံ့ျသမိျပန္သည္ ။ လြန္ခဲ့ေသာေျခာက္ႏွစ္က ဆက္သတၱိမ႐ွိခဲ့ေသာအရာကို ခ်မ္းကလုပ္ျပခဲ့ၿပီဘဲ ။
" ဒီေန႔ကစၿပီး ႐ွင္ေလးရဲ႕ တာဝန္ခံဆရာဝန္က ကြၽန္မဘဲ..အဲ့ေတာ့ဆရာဝန္စကားကိုေသခ်ာနားေထာင္ပါလူနာ... ျပန္လည္ထူေထာင္ေရးကို ႀကိဳးႀကိဳးစားစားလုပ္ၿပီး အရင္လိုခ်စ္ဖို႔ေကာင္းတဲ့ကေလးေလး ျမန္ျမန္ျပန္ျဖစ္ရမွာေပါ့.... ေနာ္''
ခ်မ္းစကားကို ဆက္မ႐ွိမဲ့႐ွိမဲ့အားေလးျဖင့္ ႀကိဳးစားကာေခါင္းၿငိမ့္ျပလိုက္သည္ ။ သူတို႔အားလံုး၏မ်က္ဝန္းထဲမွမ်က္ရည္စေတြႏွင့္ ။
ဒီမိသားစုေလးျပန္လည္စိုေျပေတာ့မွာပါေလ ။
" ဘိုးဘိုးနဲ႔ဘြားဘြားလည္း ဝမ္းသာေနၾကတယ္ ဆက္...သူတို႔မနက္ျဖန္ လာၾကလိမ့္မယ္... ဒီေန႔ေတာ့ေနာက္က်ေနၿပီမို႔ ေမေမတို႔လဲျပန္ေတာ့မယ္သမီး...ခ်မ္းစကားကိုေသခ်ာနားေထာင္ေနာ္.... ''
" ဟုတ္ ေမေမ... ''
ျမန္မာျပည္၏ညေနပိုင္းသည္ သက္တံ႔တစ္ခုျဖင့္ အရာရာျပည့္စံုေနေလသည္ ။
" ဆက္... ''
" ဘာစားမလဲ.... ''
" ဘာျဖစ္ျဖစ္ဆက္စားပါတယ္... ''.
" ေျခာက္ႏွစ္ေတာင္ၾကာၿပီဆိုေတာ့ ဆက္ဘာေတြစားခ်င္မလဲလို႔ပါ... ''
" ခ်မ္းေျပာင္းလဲသြားတယ္... ႏွာတံေလးေတြ... မ်က္လံုးမ်က္ခံုးေတြ.... ပိုလွလာတာ... ''
ခ်မ္းက ဆက္ကိုယ္ေလးကိုထူေပးလိုက္ၿပီး ကုတင္ေဘာင္ေလးမွာမွီေပးလိုက္သည္ ။ ၿပီးေတာ့သူပါဝင္ထိုင္လိုက္၏ ။
" တစ္ေန႔တစ္ေန႔ဆက္အေၾကာင္းေတြဘဲေတြးၿပီး ႐ွင္သန္ခဲ့တာမလို႔ေလ... အဲ့ဒါေၾကာင့္ပိုလွလာတာျဖစ္မယ္... ''
ဆက္လက္ေတြေျမႇာက္ရန္ ခက္ခဲေသးေသာ္လည္း ႀကိဳးစားကာ ခ်မ္းမ်က္ႏွာေလးကိုထိေတြ႔ခ်င္မိသည္ ။ ထိုအရာကိုသိသည့္အလား ခ်မ္းကလည္း ဆက္လက္ကေလးကိုအသာယူကာ သူမ်က္ႏွာကိုထိေတြ႔ေစ၏ ။
" ခ်စ္တယ္ခ်မ္း.... ''
" ပိုခ်စ္တယ္ ကေလးငယ္... ''
ႏႈတ္ခမ္းႏွစ္စံုသည္ ေပါင္းစပ္သြား၏ ။
ရင္ခုန္သံေတြ စည္းခ်က္ညီခဲ့သည္ ။
သူမတို႔လက္ေတြ အခ်င္းခ်င္းဆုပ္ကိုင္ထားၾကသည္ ။
ညေနခင္းသည္ လွပေန၏ ။
မွတ္ခ်က္ ။ ပတၱျမားဆက္သည္ ခ်မ္းျမျမကို၏ႏႈတ္ခမ္းမ်ားကိုစားသံုးရင္း ဗိုက္ျပည့့္သြားေလသည္ ။ 😉
အားလံုးဘဲ ဗိုက္ျပည့္ၾကပါေစ ။ ဟာ မွားလို႔ေပ်ာ္ရႊင္ၾကပါေစ....😁
" ဒါဆိုရှင်က ဘယ်သူလဲ.... ''
" ဟင် ''
ဆက်ရဲ့စကားသံတွေကြား ချမ်းထိတ်လန့်သွားရသည် ။
" ချမ်းလေဆက်ရယ်... မမှတ်မိတော့ဘူးလား
ဟင် ''
" မဟုတ်တာ ချမ်းက ဒီမျက်နှာမှမဟုတ်ဘဲ ''
" ခြောက်နှစ်တောင် ကြာခဲ့ပြီဘဲဆက်ရယ် ''
" ခြောက်နှစ်... ဟုတ်လား ''
" အို မေ့နေလိုက်တာ ဆက်သတိရလာတာကို ဆရာဝန်ကြီးတွေကို သွားပြောရမယ်... အန်တီမိကိုလည်းအကြောင်းကြားရမယ်... အို အန်တီသာသိရင်သိပ်ဝမ်းသာမှာဆက်ရယ်... ''
" မေမေလား... ''
မေးတာကိုပြန်မဖြေ ။ နဖူးကိုတစ်ချက်နမ်းပြီး ပြန်ထွက်သွားပြန်၏ ။ ဒီဒေါက်တာမမဟာ သူ့ကိုယ်သူချမ်းလို့ပြောနေလေရဲ့ ။ ပြီးတော့ ခြောက်နှစ်တောင်ကြာခဲ့ပြီတဲ့ ။ ဆက်ခန္ဓာကိုယ်တစ်ခုလုံး လှုပ်မရစေတဲ့တရားခံဟာ ထိုခြောက်နှစ်ဆိုတဲ့အရာကြီးများ ဖြစ်နေလေမလား ။
ဆက်မစဉ်းစားတော့ ။ မျက်လုံးမှိတ်ပြီး ပြန်နားနေဖို့သာလုပ်မိသည် ။ မျက်လွှာတို့ကိုပိတ်မိပြန်တော့ ချမ်းဆိုသူ ဒေါက်တာမမရဲ့အနမ်းတွေက ပြန်မြင်ယောင်လာပြန်သည် ။ ခက်ရချည်ရဲ့ ။ ခန္ဓာကိုယ်သာလှူပ်မရတာ ။ ဆက်ရင်ဘတ်ထဲက နှလုံးသားလေးကတော့ လှုပ်ရုံတင်မက ။ ခုန်ပေါက်နေလေ၏ ။
ထိုသို့သော ခံစားမှုမျိုး၏ပိုင်ရှင်သည်လည်း သူမအတွက် ချမ်းမြမြကိုတစ်ယောက်ထဲသာ ။ ဒါဆို သူ့ကိုယ်သူချမ်းပါလို့ပြောသွားတာအမှန်တွေပေါ့ ။ ဆက်က ခြောက်နှစ်တောင် သတိမေ့နေခဲ့တာပေါ့ ။ အဲ့ဒါကြောင့် ကိုယ့်အသံကိုယ်တောင်မမှတ်မိဘဲ အားလုံးပြောင်းလဲသွားခဲ့တာလား ။
စဉ်းစားနေမယ်ဆိုရင် မေးခွန်းတွေကသိပ်ကိုများလွန်းသည် ။ ဆက်စိတ်ထဲမှာ ရှုပ်ထွေးနေတာတွေဟာ မေမေ့ကိုတွေ့မှသာ ပြေလည်သွားမည်ဖြစ်၏ ။ ချမ်းဟုထင်ရသူ ဒေါက်တာမမက မေမေ့ကိုအကြောင်းကြားမည်ဆိုကာ ထွက်သွားသည်ကြောင့် ဆက် သူမပြန်အလာကိုသာစောင့်ကာ မျက်ဝန်းတွေကိုမှိတ်ရင်း စိတ်ကိုအနားပေးလိုက်တော့သည် ။
မည်မျှကြာအောင်အိပ်ပျော်သွားသည်မသိ ။ ဆက်ပြန်နိုးလာတော့ သူမဘေးမှာလူစုံတက်စုံရှိနေ၏ ။ ဆက်၏မေမေ ၊ ချမ်း၏ဖေဖေနှင့်မေမေအပါအဝင် ဒေါက်တာမမရောရှိနေသည် ။
" မေမေ ''
သူမအသံတိုးတိုးကိုကြားတော့ မေမေ့မျက်ဝန်းမှမျက်ရည်တွေစီးကျလာ၏ ။ မေမေသည်အရင်လိုမဟုတ်တော့ ။ ဆံပင်နက်နက်တွေကြားမှာ ကွက်တိကွက်ကျားဖြူလာသည် ။ အသားအရေတို့၏တင်းမာမှုတို့သည် ပျောက်ကွယ်ကာ အရေးအကြောင်းများပေါ်လာလေပြီ ။
" ခြောက်နှစ်တောင်ကြာခဲ့ပြီဆက်... မေမေလို့ခေါ်သံကိုမကြားခဲ့ရတာ...... ခြောက်နှစ်တောင်ရှိခဲ့ပြီသမီးရယ် ''
မျက်ရည်များကြားမှ မေမေသည်အားတင်းရင်းပြောရှာ၏ ။
" အခုလို ဆက်လေးပြန်သတိရလာတော့ ချမ်းလည်းအရင်လိုပျော်ပျော်ရွှင်ရွှင်ပြန်နေနိုင်ပြီထင်ပါရဲ့ကွယ် ''
ဒါက ဆက်မေမေ၏စကား...
" ဒါဆို ဒီဒေါက်တာမမက ချမ်းဆိုတာသေချာတယ်ပေါ့နော်.... ''
" သေချာတာပေါ့သမီးရယ်... ''
ချမ်းမေမေကပြောတော့ ချမ်းကမခို့တရို့လေးပြုံး၏ ။
" ဒီညတော့ သမီးတစ်ယောက်ထဲဘဲ စောင့်အိပ်ပါရစေနော်... သမီးချစ်သူလေးနဲ့လဲ စကားတွေအများကြီးပြောစရာရှိတယ် မေမေ ''
ချမ်းက ဆက်မေမေကိုကြည့်ကာ ဒီစကားပြောလိုက်သည်ကြောင့် ဆက်မျက်လုံးပြူးသွားမိသည် ။ အိမ်ကဆက်တို့အကြောင်းကိုသိသွားပြီလား ။ ချမ်းတစ်ယောက်ထဲဘယ်လိုများလက်ခံလာအောင် ကြိုးစားခဲ့ရပါလိမ့် ။ ချမ်းမေမေတို့ကရော ဆက်ကိုသဘောကျရဲ့လား ။
ချမ်းစကားလေးတစ်ခွန်းမှာ ဆက်မေးခွန်းတွေတောင်လိုပုံလာ၏ ။
" ဆက် လှဲနေတဲ့ခြောက်နှစ်အတွင်းမှာ ချမ်းသိပ်ကိုကြိုးစားခဲ့တယ်... မေမေတို့တွေသဘောတူအောင်လေ ''
ချမ်းမေမေကပြောတော့ ဆက်အံ့သြမိပြန်သည် ။ လွန်ခဲ့သောခြောက်နှစ်က ဆက်သတ္တိမရှိခဲ့သောအရာကို ချမ်းကလုပ်ပြခဲ့ပြီဘဲ ။
" ဒီနေ့ကစပြီး ရှင်လေးရဲ့ တာဝန်ခံဆရာဝန်က ကျွန်မဘဲ..အဲ့တော့ဆရာဝန်စကားကိုသေချာနားထောင်ပါလူနာ... ပြန်လည်ထူထောင်ရေးကို ကြိုးကြိုးစားစားလုပ်ပြီး အရင်လိုချစ်ဖို့ကောင်းတဲ့ကလေးလေး မြန်မြန်ပြန်ဖြစ်ရမှာပေါ့.... နော်''
ချမ်းစကားကို ဆက်မရှိမဲ့ရှိမဲ့အားလေးဖြင့် ကြိုးစားကာခေါင်းငြိမ့်ပြလိုက်သည် ။ သူတို့အားလုံး၏မျက်ဝန်းထဲမှမျက်ရည်စတွေနှင့် ။
ဒီမိသားစုလေးပြန်လည်စိုပြေတော့မှာပါလေ ။
" ဘိုးဘိုးနဲ့ဘွားဘွားလည်း ဝမ်းသာနေကြတယ် ဆက်...သူတို့မနက်ဖြန် လာကြလိမ့်မယ်... ဒီနေ့တော့နောက်ကျနေပြီမို့ မေမေတို့လဲပြန်တော့မယ်သမီး...ချမ်းစကားကိုသေချာနားထောင်နော်.... ''
" ဟုတ် မေမေ... ''
မြန်မာပြည်၏ညနေပိုင်းသည် သက်တံ့တစ်ခုဖြင့် အရာရာပြည့်စုံနေလေသည် ။
" ဆက်... ''
" ဘာစားမလဲ.... ''
" ဘာဖြစ်ဖြစ်ဆက်စားပါတယ်... ''.
" ခြောက်နှစ်တောင်ကြာပြီဆိုတော့ ဆက်ဘာတွေစားချင်မလဲလို့ပါ... ''
" ချမ်းပြောင်းလဲသွားတယ်... နှာတံလေးတွေ... မျက်လုံးမျက်ခုံးတွေ.... ပိုလှလာတာ... ''
ချမ်းက ဆက်ကိုယ်လေးကိုထူပေးလိုက်ပြီး ကုတင်ဘောင်လေးမှာမှီပေးလိုက်သည် ။ ပြီးတော့သူပါဝင်ထိုင်လိုက်၏ ။
" တစ်နေ့တစ်နေ့ဆက်အကြောင်းတွေဘဲတွေးပြီး ရှင်သန်ခဲ့တာမလို့လေ... အဲ့ဒါကြောင့်ပိုလှလာတာဖြစ်မယ်... ''
ဆက်လက်တွေမြှောက်ရန် ခက်ခဲသေးသော်လည်း ကြိုးစားကာ ချမ်းမျက်နှာလေးကိုထိတွေ့ချင်မိသည် ။ ထိုအရာကိုသိသည့်အလား ချမ်းကလည်း ဆက်လက်ကလေးကိုအသာယူကာ သူမျက်နှာကိုထိတွေ့စေ၏ ။
" ချစ်တယ်ချမ်း.... ''
" ပိုချစ်တယ် ကလေးငယ်... ''
နှုတ်ခမ်းနှစ်စုံသည် ပေါင်းစပ်သွား၏ ။
ရင်ခုန်သံတွေ စည်းချက်ညီခဲ့သည် ။
သူမတို့လက်တွေ အချင်းချင်းဆုပ်ကိုင်ထားကြသည် ။
ညနေခင်းသည် လှပနေ၏ ။
မှတ်ချက် ။ ပတ္တမြားဆက်သည် ချမ်းမြမြကို၏နှုတ်ခမ်းများကိုစားသုံးရင်း ဗိုက်ပြည့့်သွားလေသည် ။ 😉
အားလုံးဘဲ ဗိုက်ပြည့်ကြပါစေ ။ ဟာ မှားလို့ပျော်ရွှင်ကြပါစေ....😁