" ဒီမွာ ဒီမွာ
" ဟင် Suho မဟုတ်လားဟ "
" အေ ဟုတ်တယ်ဟ "
" Inn သိတယ် သိတယ် "
" အေး ကျေးဇူးပဲ "
" Inn ဟုတ်ပါရဲ့ "
အစပိုင်းတွင် Sehun ကနိုင်နေသော်လဲ အချိန်ကြာလာသောအခါ အများနဲ့တစ်ယောက်မို့ တဖြည်းဖြည်း ရှုံးနိမ့်လာရသည်
တော်တော်နာနေလား "
အိမ်သို့ရောက်သောအခါ
" Baby ကလဲ "
" ကဲ ပြီးပြီ
" အင်းပါ
ဒါနဲ့ ငါ့ကို Baby လို့မခေါ်နဲု့ ငါမကြိုက်ဘူးလို့ပြောထားပြီးသားနော်
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
အ့ဆိုပြီးနေပြီလေ "
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
- Unicode -
" ဒီမှာ ဒီမှာ
ဟိုလေ နင်တို့ဒီရန်ပွဲဘယ်မှာရှိလဲဆိုတာ သိလား "
Suho တစ်ယောက် ကောင်မလေးတွေကြားထဲ အပြေးသွားကာ ဝင်မေးမိသည်
" ဟင် Suho မဟုတ်လားဟ "
" အေ ဟုတ်တယ်ဟ "
" ဘယ်လိုလုပ်မလဲ ငါတို့ပြောတာကြားသွားပြီလား မသိဘူး "
" အို ဘာဖြစ်လဲ ငါတို့က မှန်တာပြောတာပဲ သူ့မကောင်းကြောင်းပြောတာမှ မဟုတ်ပဲ မစိုးရိမ်ပါနဲ့ "
ကောင်မလေးတစ်အုပ်မှာ Suho မေးတာကို ချက်ခြင်းပြန်မဖြေနိုင်ပဲ သူတို့ဟာ သူတို့ အစိုးရိမ်လွန်ကာ အငြင်းပွားနေတော့သည်
Suho လဲ စိတ်မရှည်စွာနဲ့
" အဲ့ရန်ပွဲ ဘယ်မှာလဲဆိုတာ သိကြလားလို့ "
" Inn သိတယ် သိတယ် "
" အဲ့တာဆို ငါ့ကိုပြောပြပါ "
" အဲ့ဒါက ကျောင်းနောက်က ဘောလုံးကွင်းထဲမှာတဲ့ "
" အေး ကျေးဇူးပဲ "
Suho လည်း ကျေးဇူးတင်စကားပြောကာ ပြေးထွက်လာခဲ့လိုက်သည်
" ဟူး တော်ပါသေးရဲ့ သူဘာမှမပြောသွားလို့ "
" Inn ဟုတ်ပါရဲ့ "
" ဒါနဲ့ သူဘောလုံးကွင်းကို လိုက်သွားတာလား မသိဘူးနော် "
" ထားလိုက်ပါ ငါတို့ကိစ္စမှ မဟုတ်တာ "
ဘောလုံးကွင်းတွင်တော့
" ဟျောင့် Oh Sehun မင်းက ငါ့ရဲ့ Bunny လေးနားမှာ ရစ်သီရစ်သီနဲ့ ဘာလိုက်လုပ်နေတာတုန်းကွ "
Lee Doung ရဲ့အမေးကို Sehun ပြန်မဖြေနိုင်သေးခင်မှာပင်
" ဟား ဟား ကောက်ရိုးပုံစောင့်နေတာနေမှာပေါ့ကွာ "
Lee Doung ရဲ့ အပေါင်းအပါတစ်ယောက်ဝင်ပြောလိုက်သော စကားကြောင့် Sehun ရဲ့ ဒေါသတွေအထွတ်အထိပ်သို့ ရောက်သွားလေတော့သည်
" ဘာကွ မင်းကများငါ့ကို ဒီလိုပြောရအောင်
မင်းတို့မှာတောင် စောင့်စရာ ကောက်ရိုးပုံရှိလို့လားကွာ
ဟားဟား ကိုယ်ပိုင်ကောက်ရိုးပုံမရှိလို့် သူများကောက်ရိုးပုံဝင်လုတာမဟုတ်ဘူးလား "
Sehun ရဲ့စကားအဆုံး Lee Doung တို့အဖွဲ့ ဆွေ့ဆွေ့ခုန်လေတော့သည်
" ဟာ ဒီကောင်တော့ ချကွာ ကြာတယ် "
ပြောပြောဆိုဆိုပင် Lee Doung တို့သည် Sehun အားဝင် ချကြလေတော့သည်
အစပိုင်းတွင် Sehun ကနိုင်နေသော်လဲ အချိန်ကြာလာသောအခါ အများနဲ့တစ်ယောက်မို့ တဖြည်းဖြည်း ရံှုးနိမ့်လာရသည်
ထို့ပြင် တစ်ဖက်အဖွဲ့တွင် လက်နက်များပါလာတော့ ပို၍အထိနာလာတော့သည်
တစ်ဖက်တွင်လည်း Suho မှာ အမြန်လို အနှေးရဆိုသလိုပင် အမြန်ပြေးလေ ချော်လဲလေနဲ့ ဒူးနဲ့တတောင်တွေမှာ ပွန်းပဲ့ဒဏ်ရာတွေ ဖြစ်နေပြီ
နောက်ဆုံးတော့ Suho ဘောလုံးကွင်းကိုရောက်ခဲ့ပေပြီ
ထိုအချိန်တွင် Sehun မှာတော်တော်အထိနာနေခဲ့လေပြီ
သွေးတွေဆိုတာ မြင်မကောင်းအောင်ပင်
" ဟျောင့်ဒေ မင်းတို့ရပ်လိုက်တော့ ငါစည်းကမ်းထိန်းသိမ်းရေးကိုခေါ်ထားတယ်နော်
မင်းတို့ ရုံးခန်းမရောက်ချင်ရင် ခုလစ်လိုက်တော့ "
Suho တစ်ယောက် အော်ပြောပြီးတော့ Sehun ဆီပြေးသွားလိုက်သည်
ဟိုသားကောင့်သားလေးတွေ စည်းကမ်းထိန်းသိမ်းရေးဆိုတာနဲ့ ပြေးလိုက်ကြတာမှ တချိုးထဲ ပင်
သူတို့အနေနဲ့ ပြေးကြသည်မှာ ကျောင်းတွင်စာအညံ့ဆုံးအဖွဲ့ကလဲဖြစ်သေး ရန်ဖြစ်တဲ့အမှုပါထပ်တိုးလိုက်လျှင် ကျောင်းထွက်ရမည်ကိုကြောက်သောကြောင့်ပင်
" Sehun မင်းဘယ်တွေထိထားတာလဲဟင် ငါဆေးရုံကားခေါ်လိုက်ရမလား
တော်တော်နာနေလား "
Suho မှာ Sehun တစ်ကိုယ်လုံးကိုလိုက်ကြည့်ကာ အငမ်းမရမေးလေတော့သည်
" ဆေးရုံကားမခေါ်ပါနဲ့ အလုပ်ရှုပ်တယ် ငါဘာမှသိပ်မဖြစ်ပါဘူး "
" မင်းကိုငါ ရန်မဖြစ်ပါနဲ့လို့ပြောထားတာကို နားမထောင်ဘူး ခုတစ်ဖွဲ့နဲ့တစ်ယောက်ဖြစ်တော့ မင်းနာတာပေါ့လို့ အီးဟီး ဟင့် ဟင့် ရွှတ် "
Suho တစ်ယောက် ပြောပြီးငိုလေတော့သည်
Suho ငိုတော့ Sehun မှာ ဘာလုပ်လို့လုပ်ရမှန်းမသိ
" Baby ဘာလို့ငိုနေတာလဲ ကိုယ်ဘာမှသိပ်မဖြစ်ပါဘူး "
" အီးဟီး ဟီး ဒီလောက်သွေးတွေအများကြီးထွက်နေတာကို ဘာမှမဖြစ်ဘူးလား "
" ခေါင်းလေးနဲနဲကွဲသွားတာပါ Baby ရယ် ကိုယ်တကယ် ဘာမှမဖြစ်ပါဘူး "
" ပြီးရော အ့ဆိုလဲထ ခုဆေးခန်းသွားမယ် "
" ကိုယ်ဆေးခန်းမသွားချင်ဘူး Baby "
" ဆေးခန်းမသွားချင်ရင် မင်းကဘာလုပ်ချင်တာတုန်း
ဒီလောက်ဒဏ်ရာတွေများနေတာကို "
" Baby ပဲ ကိုယ့်ကိုဆေးထည့်ပေးလေနော် နော် "
" ဆေးခန်းကမှ မင်းကိုသေချာလေးလုပ်ပေးနိုင်မှာလေ ငါကဘာလုပ်တတ်မှာမို့လဲ "
" ဟင့်အင်း ဆေးခန်းမသွားဘူး Baby လုပ်ပေးတာပဲ ကိုယ်ခံမယ် "
Sehun တစ်ယောက် ကလေးလို ကပ်ချွဲနေမိလေသည်
အခွင့်အရေးလေးရနေတုန်း Suho များသူ့ဘက်စိတ်လည်လာလေမလား အတွေးလေးနှင့် ကပ်ချွဲနေခြင်းဖြစ်သည်
ဒီနေ့ကိုယ့်အပေါ် သူ့ရဲ့စိုးရိမ်မှုလေးတွေကြောင့်လဲပါလေသည်
" ကဲ အဲ့ဒါဆိုလဲထ အိမ်ပြန်မယ် "
Suho မှာ Sehun ကိုတွဲထူလိုက်လေလျှင် Sehun မှာ ခြေထောက်ကနာနေသောကြောင့် Suho ပေါ်သို့လဲကျသွားလေရာ Suho ခမျာ ပျောက်နေလေတော့သည်
အိမ်သို့ရောက်သောအခါ
Suho မှာ ဆေးထည့်ပေးရင်း စိတ်မရှည်ဖြစ်ရသည်
Sehun ဆိုတဲ့ကိုယ်တော်က ရုပ်ကြမ်းကြီးနဲ့လာနွဲ့ပြနေသောကြောင့်ပင်
" Baby ဖြည်းဖြည်းလုပ်ပါ ကိုယ်စပ်တယ် "
" ဟ အရက်ပျံပဲ စပ်မှာပေါ့ ဒီလောက်လေးစပ်တာကို လာနုနေသေးတယ် "
" Baby ကလဲ "
" ကဲ ပြီးပြီ
ငါပြန်တော့မယ် ညအိပ်ရင်ဆေးသောက်ပြီးမှ အိပ်နော် "
" အင်းပါ
ဒါနဲ့ Baby ကိုယ့်အနာလေးတွေသက်သာသွားအောင် ကိုယ့်ကို နှုတ်ဆက်အနမ်းလေးပေးသွားပါလား ဟင် "
" ငါကဘာကိစ္စနဲ့ ပေးရမှာလဲ မဆိုင်လိုက်တာ အရေးမပါတာကြီး
ဒါနဲ့ ငါ့ကို Baby လို့မခေါ်နုဲ့ ငါမကြိုက်ဘူးလို့ပြောထားပြီးသားနော်
ဒီနေ့ကခြွင်းချက်မို့ မပြောဘဲထားတာ ဒါပဲ "
Sehun တစ်ယောက်ရစ်နေတာကို Suho မှာရှက်ရှက်နဲ့ကြိမ်းကာ ထွက်လာခဲ့ရသည်
ဒါတောင် နောက်ကနေလှမ်းအော်လိုက်သေးသည်
" နောက်ဆို Baby အတိုးနဲ့ပေးရမှာနော် "
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
နောက်တစ်နေ့တွင် Sehun တစ်ယောက်ကျောင်းမလာပေ
Suho မှာစိတ်ပူမိသော်လဲ မသွားပဲနေလိုက်သည်
တော်ကြာ ဟိုတျောက်ကသိတဲ့အတိုင်း လိုရာဆွဲတွေးနေမှာ
အဲ့တော့ မသွားတာပဲကောင်းတယ်
ချစ်တော့ချစ်ပေမဲ့ သူနဲ့ကိုကဖြစ်မှမဖြစ်နိုင်တာ
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
နောက်တစ်ရက်တွင် Oh Sehun မှာကျောင်းရောက်လာခဲ့သော်လည်း မျက်နှာရှစ်ခေါက်ချိုးနဲ့ စူပုတ်နေသည်ကို တွေ့ရလေတော့သည်
" Baby မနေ့က ကိုယ့်ဆီဘာလို့မလာတာလဲ "
" ငါကဘာလို့ မင်းဆီလာကမှာလဲ ဘာဆိုင်လို့လဲ
ငါ့ကို Baby လို့မခေါ်နဲ့နော် "
" Baby ကိုယ့်ကို ဆေးလာထည့်ပေးရမှာလေ "
" ငါမထည့်ပေးလဲ ခုမင်းသက်သာသွားပြီဟုတ်
အ့ဆိုပြီးနေပြီလေ "
" တစ်နေရာကတော့ မသက်သာသေးဘူး "
" ဘယ်နေရာလဲပြော ဆေးခန်းသွားပြပေးမယ် "
" အဲ့နေရာက ဆရာဝန်တွေကုနိုင်မှာမဟုတ်ဘူး
Baby တစ်ယောက်ထဲပဲ ကုပေးနိုင်တယ် "
" အ့တော့ ငါလဲမတတ်နိုင်ဘူး "
Suho မှာပြောပြောဆိုဆိုနဲ့ ထွက်လာခဲ့ရသည်
မထွက်လာလို့ကလဲမရ Sehun ပြောနေတာတွေကို မျက်နှာလဲပူကသလို ကိုယ်ကလဲ စိတ်သိပ်မခိုင်တာနဲ့
ကိုယ့်ခံစားချက်ကို သူမြင်လို့မဖြစ်ပေ
ထိန်းချုပ်ထားရတဲ့စိတ်တွေကို လွှတ်ထုတ်ပေးလိုက်ရင် အခြေနေတွေကပြောင်းလဲသွားနိုင်သည်
# Sehun ရာ မင်းနဲ့ငါကဘယ်လိုမှမဖြစ်နိုင်ပါဘူးကွာ #
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
01 HHYZ