Schmaltz [Own Creation]

By AnnaLynn666

229K 26.6K 1.4K

Schmaltz means artistic works, such as music or writing, that are intended to cause strong sad or romantic fe... More

Disclaimer! ဖတ္ေစခ်င္ပါတယ္!
Prologue
Part - 1 : The Character who transmigrate...
Part - 2 : The Author and The Protagonist
Part - 3 : Because you are my son!
Part - 4 : Am I the wife or the son?
Part -5 : Skin Contact Problem...
Part - 6 : He is the sky and the world
Part - 7 : His Image
Part - 8 : He lives with someone?
Part - 9 : He is swinging both ways...
Part - 10 : His Job...
Part - 11 : Small Gestures...
Part - 12 : I got too many questions when it comes to you!
Part - 13 : Attachment...
Part - 14 : Transmigration Research
Part - 15 : He paints my world...
Part - 16 : Giving Encouragement...
Part - 17 : I don't want to go back
Part - 18 : Impossible! I encounter Blockage?
Part - 19 : The Reason of Blockage
Part - 20 : He who can't create...
Part - 21 : A stubborn confession...
Part - 22 : He always see through me...
Part - 23 : If you don't serious on me, I might get a taste you...
Part - 24 : He is just paranoid
Part - 25 : Write About Us
Part - 27 : Emotions...
Part - 28 : He who had always left behind
Part - 29 : He who knows his little secret...
Part - 30 : I love you so much so can't you love me a little bit?
Part - 31 : Utopia
Part - 32 : All I can do is say I love you...
Part - 33 : I'll train your body so that you can only accept me.
Part - 34 : His Scheme
Part - 35 : I know he is not fully honest with me.
Part - 36 : I want to leave you because I don't want you to vanish forever
Part - 37 : I know everything but I don't mind.
Part - 38 : The end of his Schmaltz (Final)
Epilogue
Extra : Yes Your Higness, this servant of yours gladly accept the punishment.
Announcement
Novel Release
Comic Book Publishing
Comic V2 Ordering

Part - 26 : Schmaltz is his last work!

3K 475 19
By AnnaLynn666

Zawgyi

တစ္ခုေသာနံနက္ခင္းတြင္ လူငယ္အခ်ိဳ႕သည္ ဖုန္းကိုယ္စီကိုင္ရင္း ကြ်တ္စိကြ်တ္စိ ျဖစ္ေနၾက၏။ အခ်ိဳ႕ေသာမိန္းကေလးမ်ား၏ မ်က္ႏွာတြင္ စိတ္လႈပ္ရွားေပ်ာ္ရႊင္မႈမ်ားျဖင့္ ျပည့္ႏွက္ေနေသာ္လည္း အခ်ိဳ႕ေသာေကာင္ေလးမ်ား၏ မ်က္ႏွာထက္တြင္ေတာ့ ေသြးပ်က္မႈျဖင့္ ျဖဴေလ်ာ့လိုက္။ အေၾကာင္းသည္ကား သူတုိ႔၏ လည္ပင္းရွည္ေအာင္ ေစာင့္ေနရသည့္ နီေစြးကိုယ္ေတာ္ (သုိ႔) နီေစြး Sama သည္ ညသန္းေခါင္ႀကီး New Story တစ္ခုကို Publish လုပ္၍။

နီေစြး၏ Profile Wall တြင္ေတာ့ Post ေပါင္းစံုသည္ ပလူပ်ံလ်က္ရိွၿပီး Post တစ္ခုခုေအာက္တြင္လည္း Comment ေပါင္းစံုျဖင့္ ပလူပ်ံရိွသည္။ အခ်ိဳ႕ကို ေဖာ္ျပရလွ်င္ေတာ့...

Comment 1 : မရက္စက္သင့္ပါဘူး! နီေစြးကိုယ္ေတာ္... ဒါ ရက္စက္လြန္းတယ္ မဟုတ္ဘူးလား...

Comment 2 : Female Lead မပါဘူးဆုိေတာ့ အႀကိဳက္ Ship လို႔ရၿပီေပါ့ေနာ္...

Comment 2 ကို reply : ေနာက္ဆံုးေတာ့ နီေစြး Sama က ငါတုိ႔ Fujoshi ေတြရဲ႕ ဆႏၵကို ျဖည့္ဆည္းလုိက္ၿပီ

Comment 3 : Lord နီေစြး!!! ကြ်န္ေတာ္တုိ႔ရဲ႕ သူရဲေကာင္း Vincent ကဘာျဖစ္သြားမွာလဲ ေကြးသြားမွာလား!!! ေကြးသြားမွာလား!!! ကြ်န္ေတာ္တု႔ိကို မရက္စက္ပါနဲ႔!!!!

Comment 4 : ငါတုိ႔အရင္ဖတ္ၾကည့္ၿပီးမွ ဆံုးျဖတ္သင့္တာ မဟုတ္ဘူးလား...

Comment 5 : Tag ေတြ Description ေတြနဲ႔တင္ ဒီေန႔ကေတာ့ ပန္းပြင့္တဲ့ေန႔ပဲ...

Comment 6 : ေတာ္ပါေတာ့! Tag မွာ BL လို႔ေတာ့ မေရးထားပါဘူး... နီေစြးကိုယ္ေတာ္ကို ယံုစမ္းပါ သူက သူ႔ Tag ေတြမဖတ္ဘဲ စြတ္ေျပာရင္ စိတ္ဆိုးတာ အသိႀကီးနဲ႔...

Comment 7 : ဟုတ္တယ္ဟုတ္တယ္... သူ စိတ္ဆိုးရင္ သူက ဘာဘာညာညာ မေျပာဘဲ အတင္းေကာက္ဇာတ္သိမ္းတာလုပ္တာေနာ္... အာရံုမေနာက္ပါန႔ဲ!!! ငါတို႔ Vincent ရဲ႕ မိဘေတြအေၾကာင္းသိခ်င္ေသးတယ္...

Comment 8 : ဘာပဲေျပာေျပာ နီေစြးအေၾကာင္းသိရတာလည္း အျမတ္ပါပဲ... ဘာလုိ႔ဆုိ နီေစြးက ဘယ္လုိေတြ စဥ္းစားတယ္ဆုိတာကို ငါေတာ့သိခ်င္တယ္...

ေမာင္းမေဆာင္ဇာတ္လမ္းမ်ားသာ ႏွစ္သက္သည့္ အမ်ိဳးသားထုႀကီးမွာ ေၾကကြဲေနသေလာက္ အမ်ိဳးသမီးတို႔သည္ကား ေပ်ာ္ျမဴးေနလ်က္။ ေခတ္ကိုက BL ေခတ္ဆုိမွေတာ့ ယခုလို Romance ဟူေသာ Tag တြင္ Boys Love (BL) ဟု မေရးထားေသာ္လည္း Female Lead မပါပံုရသည့္ Prologue ႏွင့္ Description သည္ မိန္းကေလးတုိ႔၏ Fujoshi စိတ္ေလးကို ေပ်ာ္ပါးေစသည္။

Description သည္ကား

"Schmaltz means artistic works, such as music or writing, that are intended to cause strong sad or romantic feelings but have no real artistic value.

He who creates empty Schmaltz but when his character comes into life, will his works are still empty?"

"Schmaltz ဆိုသည့္ စိတ္ခံစားခ်က္ျပင္းထန္မႈတို႔ကို ျဖစ္ေပၚေစသည့္ အႏုပညာလက္ရာတို႔ကို ေခၚဆုိျခင္းျဖစ္ၿပီး ထိုလက္ရာတို႔တြင္ Technical ဆန္သည့္တန္ဖိုးတစ္စံုတစ္ရာ ပါဝင္မႈမရိွေပ။ စာေပသို႔မဟုတ္ဂီတကုိ ဖတ္ရႈနားဆင္ၿပီးသည့္ အခ်ိန္တြင္ ဖတ္ရႈနားဆင္သူတုိ႔၏ ရင္ထဲတြင္ ျပင္းထန္သည့္ စိတ္ခံစားခ်က္တစ္စံုတစ္ရာကို က်န္ရစ္ေစသည့္ အႏုပညာလက္ရာတုိ႔ကို ေခၚဆိုျခင္းျဖစ္သည္။

သူ႔ဘဝတစ္သက္တာတြင္ သူကိုယ္တုိင္ အမည္ေပးထားသည့္ 'Empty Schmaltz' ဖတ္ရႈသူတုိ႔အတြက္သာ စိတ္ခံစားခ်က္ကို ျဖစ္ေပၚေစေသာ္လည္း ဖန္တီးသူ သူသည္စိတ္ခံစားခ်က္တစ္စံုတစ္ရာမွ မရိွသည့္ ဇာတ္လမ္းတို႔ကိုသာ ဖန္တီးလာခဲ့ၿပီး သူ ဖန္တီးမႈလက္ရာအနက္မွ တစ္စံုတစ္ေယာက္သည္ အသက္ဝင္လာကာ ဘဝထဲဝင္လာခ်ိန္တြင္ သူ႔လက္ရာတုိ႔သည္ ယခင္အတုိင္း 'Empty Schmaltz' ျဖစ္ႏိုင္ပါဦးမည္လား..."

(Sequel of Excalibur Destroyer)

အဂၤလိပ္ျမန္မာႏွစ္ဘာသာျဖင့္ ေရးထားသည့္ Story Description ကို ဖတ္ၿပီးမိန္းကေလးမ်ား၏ မ်က္ႏွာသည္ဝင္းလက္ေနေသာ္လည္း ေကာင္ေလးအခ်ိဳ႕မ်က္ႏွာမွာေတာ့ သုန္မႈန္လ်က္။ သူတုိ႔ဘာတတ္ႏိုင္မည္လဲ။ Description ေအာက္ပိုင္းတြင္ တစ္ေၾကာင္းထဲ ကြင္းစကြင္းပိတ္ျဖင့္ ေဖာ္ျပထားမႈက သူတို႔ထိုစာအုပ္ကို မဖတ္ဘဲေန၍မရ။

နီေစြး ခင္ဗ်ား ရက္စက္လြန္းတယ္ ဟုသာ အေျဖာင့္ေကာင္ေလးတုိ႔သည္ ရင္ထဲတြင္ ႀကိတ္ငိုေနႏိုင္ရွာသည္။

>>>>>Schmaltz<<<<<

"မင္း... မင္းက... Vincent!"

အျပံဳးျဖင့္ သူ႔ကိုေခါင္းညိတ္တံု႔ျပန္သည့္ ထုိေကာင္ေလးကို စာေရးသူေကာင္ေလးသည္ အံ့ၾသျခင္းႀကီးစြာျဖင့္ ၾကည့္၏။

"မျဖစ္ႏိုင္တာ..."

"ကြ်န္ေတာ့္ရဲ႕ မိဘေတြက ဘယ္သူဆုိတာ သိရရင္ နီေစြးယံုၾကည္ေပးႏိုင္မွာလား... ဒါက ကြ်န္ေတာ့္ကို ေမြးဖြားေပးတဲ့ မိဘႏွစ္ပါးအျပင္ သိႏိုင္မဲ့ သူေတြက နီေစြးနဲ႔ကြ်န္ေတာ္ပဲေလ... မဟုတ္ဘူးလား တေလာကလံုးမွာ ကြ်န္ေတာ္တို႔ ေလးေယာက္ပဲ သိတဲ့ကိစၥပဲကို..."

(Schmaltz Prologue မွေကာက္ႏႈတ္ခ်က္)

Prologue ေအာက္မွ Comment မ်ားသည္ကား...

Comment 1 : အား... ဒါ... ဒါက ငါတို႔ မဖတ္ဘဲ ေနလုိ႔မရေအာင္ လုပ္ထားတာပဲ! Bro နီေစြး! Bro ကို မုန္းတယ္!

Comment 2 : အယ္... အယ္... နီေစြးဆုိေတာ့ ဒါက အတၳဳပတၱိလား... တကယ္ႀကီး နီေစြး Sama ဆီကို ဒီေကာင္ေလးေရာက္လာတယ္လုိ႔ မွတ္ယူရမွာလား...

Comment 3 : မ်က္ႏွာျဖဴနဲ႔ျမန္မာစကားမြတ္ေနေအာင္တတ္ေသာ အဟဟ အုိင္ေတာ့ သေဘာက်ေနပါၿပီ...

Comment 4 : Vincent ရဲ႕ မိဘေတြ... Vincent ရဲ႕အေဖကို ဒီ Sequel မွာ သိရၿပီလား!

Comment 5 : ေက်ာ္ဖတ္ၾကတာေပါ့...

Comment 6 : အစ္ကို နီေစြးက ငါတို႔ကို သိပ္မႏိုပ္စက္ေလာက္ဘူးထင္တာပဲ...

Comment 7 : ေက်ာ္ဖတ္ၾကတာေပါ့... +1

Comment 8 : ေဖေဖကို ဆြဲလွဲမဲ့ သားငယ္ေလး!!

Comment 9 : Daddy ကို စားမဲ့ သားေလး!

Comment 10 : ............ *ဆြံ႔အ* BL Tag လို႔မေရးထားပါဘူး အစ္မတုိ႔ညီမေလးတုိ႔ေရ!!!

Comment 11 : ဒီေယာက်ာ္းစစ္စစ္ဆုိတဲ့ေကာင္ေတြဟာ ဘာလုိ႔မ်ား ငါတို႔ကို လာလာၿပီး အာရံုေနာက္ေနတာလဲ!

"နီေစြး... နီေစြး..."

"အင္း..."

လက္ထဲမွ ဖုန္းကိုျပကာ Comment Section ကို ျပလာသည့္ Vincent ကုိ နီေစြး လွဲေနရာမွ မ်က္လံုးေစြၾကည့္သည္။ သူ ညက Schmaltz ဆိုသည့္ New Story တစ္ပုဒ္ကို Publish လုပ္ၿပီးအိပ္သြားျခင္းသည္ မနက္တြင္ ဖုန္းဖြင့္ဖြင့္ျခင္း Noti တျပံဳတမကို ျမင္ရျခင္းကို ျဖစ္ေစ၏။ သူ႔ဖုန္းကို သူ စစ္ေနစဥ္ Vincent သည္ သူ႔ဖုန္းေလးကို ထိုးျပလာေတာ့ အိပ္ရာမွ မထေသးဘဲ မိမိဖုန္းမိမိစစ္ေနရာမွ သူ Vincent ဖုန္းကို လွမ္းယူကာ Vincent ျပသည္ကို ၾကည့္ၿပီးမ်က္ခံုးပင့္၏။ ကိုယ့္အေၾကာင္းကိုယ္ဖတ္တဲ့ ဇာတ္ေကာင္လည္း ရိွေသးသားပဲ။ အင္းေလ သူေတာင္ သူ႔ကိုယ္သူ ဒီဇာတ္လမ္းမွာ မင္းသားလုပ္ထားသည္ပဲကို။

"ဒီမွာ သူတုိ႔ေတြေျပာထားတာ အမ်ားႀကီးပဲ..."

"အဲ့ဒီေတာ့... ေပးဖုန္း သြား ငါ့အတြက္ အေအးသြားေဖ်ာ္ခဲ့ မေန႔က Queen လိေမၼာ္ပုလင္းဝယ္ထားတယ္မလား သၾကားမထည့္နဲ႔ေနာ္ အရမ္းမပ်စ္ေစနဲ႔ အရမ္းလည္း မက်ဲနဲ႔ ေရခဲက ႏွစ္တံုးေလာက္ပဲ... သြားေဖ်ာ္ခ်ည္ ငါ ဖတ္ထားလုိက္မယ္..."

"မနက္ေစာေစာႀကီး အေအးေသာက္မလို႔လား..."

"ရာသီဥတုက ပူတယ္ေလ... ရန္ကုန္ေဆာင္းဆိုတာ ခဏပဲေအးတာ..."

ထပ္ေျပာလည္း ေစာဒကတုိ႔တက္ဦးမည္မုိ႔ Vincent ဟုတ္ဟုတ္ ဟုဆုိကာသာ အေအးတစ္ခြက္သြားေဖ်ာ္ေပးေလ၏။ Vincent ကို သူ အေကာင့္လုပ္ေပးကာ WebNovel မ်ား ဖတ္ရႈျခင္းအမႈကို သင္ေပးမိသည္က မွားမ်ားမွားေနၿပီလား။ ထိုေကာင္ေလးေျပာသည့္အတိုင္း သူတုိ႔ႏွစ္ဦး၏ အေၾကာင္းကို သူေရးထားတာကို ထိုေကာင္ေလးက လာဖတ္ေတာ့လည္း မ်က္ႏွာပူစရာေတာ့ မ်က္ႏွာပူစရာ။

"အေအးရၿပီ..."

ေအာက္ခံပန္းကန္ျပားေလးျဖင့္ အေအးခြက္ကိုကိုင္ကာ ျပန္ဝင္လာသည့္ Vincent ကုိ နီေစြးၾကည့္သည္။

"ေရာ့ဖုန္း... မင္း Comment ေပးမလို႔လား..."

"ကြ်န္ေတာ္ Comment ေပးရင္ ေကာင္းပါ့မလား..."

သူ အေအးကို မေသာက္ခင္အနည္းငယ္ အရင္ျမည္းၿပီးမွ Vincent ကို ျပန္ၾကည့္သည္။

"ဘာျဖစ္လို႔လဲ..."

"ကြ်န္ေတာ္က ကြ်န္ေတာ္တုိ႔အေၾကာင္းေရးရတာ ေပ်ာ္ပါတယ္လုိ႔ ေရးမွာေလ..."

"ေတာ္ပါေတာ့ Roleplayer လုိ႔ထင္ကုန္မွ ငါ အမႈႀကီးကုန္မယ္..."

"Roleplayer ဆုိတာ..."

Vincent ၏ ေမးလာမႈေၾကာင့္ နီေစြး Roleplayer ဆိုတာ ဟုအစခ်ီၿပီးေနာက္ စိတ္ရွည္ရွည္ရွင္းျပသည္ကို Vincent သည္ နားေထာင္ေနၿပီးမွ...

"နီေစြးက Roleplayer ေတြကို မႀကိဳက္ဘူးလား..."

"အင္း... ငါ့ဝတၳဳေတြအတြက္ေတာ့ မလုိအပ္ဘူးဘဲေျပာရမွာပဲ... ပထမတစ္ခုက ဝတၳဳတစ္ခုက Roleplayer ေၾကာင့္ပ်က္စီးသြားႏိုင္တယ္... အဲ့ဒီအတြက္ သိပ္ေတာ့သေဘာမက်ဘူး ေနာက္ၿပီး Roleplayer မလုိဘဲ ငါ့ဝတၳဳကေအာင္ျမင္တယ္... အဲ့အတြက္ သူတို႔က ငါ့အတြက္ မလုိအပ္ဘူး တတိယတစ္ခုက မင္းတို႔က နဂိုကတည္းက အသက္ရိွေနၿပီးသားသူေတြမို႔ တျခားသူေတြက မင္းတို႔ကို အသက္သြင္းေပးစရာမလုိဘူးေလ... အဲ့ဒီေတာ့ ငါ့အေနနဲ႔ေတာ့ သူတု႔ိကုိ မႀကိဳက္ဘူးမဟုတ္ဘဲ မလိုအပ္ဘူးလို႔ဆုိရမွာေပါ့..."

"ေၾသာ္..."

နားလည္လားမလည္လားမသိ ေၾသာ္ေတာ့ေျပာေဖာ္ရသည့္ Vincent ကို နီေစြးျပံဳးၾကည့္ေနရင္းမွ Messenger မွ ေတာင္ခနဲတက္လာသည့္ အသံေၾကာင့္ ဖုန္းကို သူ ၾကည့္ေတာ့ ယုယမိုးထံမွ...

ယုယ : အား... ကိုနီေစြးက လုပ္မဲ့လုပ္ေတာ့လည္း BL အကြက္ေတြေနာ္... ၿပီးေတာ့ ကိုယ့္နာမည္ႀကီးနဲ႔... မသိဘူး Update ေစာင့္ေနပါၿပီ...

ဘယ္လုိေတာင္ မိမိအယ္ဒီတာက မိမိကို အသည္းအသန္ျဖစ္ေနရသည္လဲေလ။ နီေစြးဟက္ခနဲရယ္ကာ အင္း ဆုိသည့္ စာတစ္လံုးသာရိုက္ပို႔၍ အေအးကိုကုန္ေအာင္ေသာက္ၿပီး Vincent ထံသို႔ျပန္ေပး၏။

"မနက္စာ... ငါ ေရခ်ိဳးၿပီးမွပဲ စားေတာ့မယ္..."

"ဟုတ္... ကြ်န္ေတာ္ အဆင္သင့္ျပင္ထားလုိက္မယ္..."

စကားဆံုးသည္ႏွင့္ ေရခ်ိဳးခန္းထဲသူဝင္ေနစဥ္ ျမည္လာသည့္ ဖုန္းသံ။ Vincent သည္ ဘယ္သူမ်ား ဖုန္းဆက္လည္းသိခ်င္စိတ္ျဖင့္ ခုတင္ထက္ဆီမွ ဖုန္းမ်က္ႏွာျပင္ကို သူ ၾကည့္သည္။ ဖုန္းေခၚဆိုသူ၏ အမည္သည္ တစ္လံုးတည္း။

"ေစ... ဒီလူက ဘာလို႔ နီေစြးကို လာလာၿပီး ဆက္သြယ္ေနတာလဲ..."

Vincent သည္ ဖုန္းေခၚဆိုသူကို ၾကည့္ၿပီး ခပ္တိုးတိုးေရရြတ္ေလ၏။ ေစ... သူ႔မ်က္လံုးတို႔သည္ ေမွးက်ဥ္းသြားခဲ့သည္။ သူ႔ကို မည္သူမည္ဝါမွန္းသိေနသူတစ္ဦးအလား ၾကည့္သြားခဲ့သည့္ သူ။ သူ ထုိသူ၏ စူးရွ၍ ထြင္းေဖာက္ျမင္ႏိုင္သည့္ အၾကည့္မ်ားကို မႏွစ္ၿမိဳ႕။ သူ႔စိတ္ထဲတြင္ ထိုသူသည္ ထူးဆန္းသည္ဟု သူ ထင္သည္။ ထိုသူသည္ လူတုိ႔ႏွင့္မတူဟုလည္း သူ ထင္သည္။ ဘာေၾကာင့္မွန္းေတာ့ သူ မေျပာတတ္။ ထုိသူသည္ လူသားတစ္ေယာက္ျဖစ္ပါလ်က္ႏွင့္ သူ ထုိသူကို လူသားတစ္ေယာက္ဟု မခံစားရ။

>>>>>Schmaltz<<<<<

နီေစြး ေရမိုးခ်ိဳးၿပီး အျပင္ထြက္လာေတာ့ ခုတင္ေပၚတြင္ ဒီတုိင္းပစ္တင္ထားသည့္ ဖုန္းထံမွ Noti မီးမိွတ္တုတ္တုတ္ေၾကာင့္ ဖုန္းကုိ ယူစစ္ေတာ့ Missed Call တစ္ခု။

"အမယ္ထူးထူးျခားျခား... ခုတေလာ သူေတာင္ ငါ့ကို အရမ္းေတြ ဂရုစိုက္ေနပါလား... ငါ ထီထိုးသင့္..."

သူ ေရရြတ္ကာ ေခါင္းေရသုတ္ရင္းျဖင့္ပင္ Missed Call ပိုင္ရွင္ကို ေခၚလုိက္ေတာ့သည္။ ဖုန္းဝင္ဝင္ခ်င္း သူ႔ကို ေျပာသည့္အသံေၾကာင့္ နီေစြးဟက္ခနဲရယ္၏။

"ရူးေနတာလား! ရူးေနလို႔ မင္းဒီလိုလုပ္တာလား!"

"ျဖည္းျဖည္း... ဘယ္လိုျဖစ္လို႔ ေအာ္ဟစ္ေနတာလဲ..."

"မင္း ဘာလုပ္တာလဲ နီေစြး..."

"ဘာကိုလဲ..."

"အဲ့ဒါက မင္းရဲ႕ေနာက္ဆံုးစာအုပ္မဟုတ္လား..."

နီေစြးသက္ျပင္းေမာရိႈက္၏။ ထို႔ေနာက္ခုတင္ေပၚထိုင္ခ်ကာ ေခါင္းမွေရစက္လက္ဆံပင္တို႔ကို သုတ္ရင္း...

"တေလာကလံုးကို လိမ္လို႔ရေပမဲ့ မင္းကိုေတာ့ လိမ္လို႔ရမဲ့ပံုမေပၚဘူးထင္တယ္..."

"ငါ့ေအာက္မွာရိွေနတဲ့ ဘယ္သူေတြက ဘယ္လုပ္တယ္ဆိုတာ ငါအကုန္ျမင္ေနတာပဲ မျမင္ခ်င္ေယာင္ေဆာင္တာပဲ ရိွတယ္..."

"ငါ့လည္း မျမင္ခ်င္ေယာင္ေဆာင္လို႔ မရဘူးလား..."

"ဘာလို႔လဲ... ဇာတ္ေကာင္ကို စြဲလမ္းလို႔ ဘယ္ေတာ့မွ စာမေရးႏုိင္ေတာ့ရေအာင္... မင္းက အရူးလား..."

"ဟုတ္မယ္ထင္တာပဲ..."

တစ္ဖက္မွ ေစ၏ For fuck sake ဟု ဆဲေရးလုိက္မႈေၾကာင့္ သူ ခပ္တိုးတုိးရယ္သည္။

"ေက်းဇူးတင္ပါတယ္... မင္း အဲ့လုိမ်ိဳးေဒါသထြက္ေပးတာ ငါတုိ႔မွာ အခုလိုမ်ိဳးေဒါသထြက္ေပးစရာ ဆက္ဆံေရးမ်ိဳး မရိွပါဘဲနဲ႔..."

"မင္းရဲ႕ စာေရးဆရာ Career တစ္ခုလံုးက သြားမွာေနာ္..."

ေစ၏ စကားေၾကာင့္ သူသက္ျပင္းခ်၏။

"အင္း အစကတည္းက စာေရးဆရာျဖစ္ပါေစလုိ႔ ငါ ဒါကို စခဲ့တာမွမဟုတ္တာ မင္းလည္း သိတာပဲ... အဲ့ဒါေၾကာင့္ပဲ မင္းငါ့ကို မုန္းေနတာမဟုတ္လား..."

"အဲ့ဒါေၾကာင့္ပဲ မင္း ငါရပ္ေနတဲ့ ေနရာကို ေရာက္မလာတာ... မင္း မင္းသာဆုိရင္ ေရာက္လာမယ္လို႔ ငါထင္ခဲ့တာ! မင္းဆံုးျဖတ္ၿပီးသားဆုိရင္လည္း ထားလုိက္ေတာ့..."

တံုးတိေျပာကာ ဖုန္းခ်သြားသည့္ ေစ ဆုိသည့္ သူႏွင့္ မရင္းႏီွးသည့္ စာေရးဆရာေကာင္ေလးေၾကာင့္ သူ ရယ္သည္။ ေစ... သူတုိ႔ႏွစ္ဦးသည္ ဘယ္ေသာအခါမွ ရင္းႏီွးျခင္းမရိွေသာ္လည္း တစ္ေယာက္ကိုတစ္ေယာက္ လ်စ္လ်ဴရႈျခင္းမျပဳႏိုင္ၾကသည့္ သူႏွစ္ဦး။ အဘယ္ေၾကာင့္ဆုိေသာ္ သူတုိ႔ႏွစ္ဦးသာ ဤကမၻာတြင္ တစ္ဦးႏွင့္တစ္ဦး နားလည္ႏုိင္၍။ ျပင္ပရိွ အခန္းတံခါးဝတြင္ရပ္ေနသည့္ ေကာင္ေလးတစ္ေယာက္သည္ အခန္းထဲဝင္မည္ ျပဳၿပီးမွ မဝင္ျဖစ္ေတာ့။

သူ႔မ်က္ႏွာထက္တြင္ေတာ့ မေက်နပ္မႈမ်ား။ အျမဲတမ္း မာနေထာင္လႊားေနတတ္သည့္ နီေစြးသည္ ဘာေၾကာင့္ ေစဆုိသည့္ ထိုသူႏွင့္ ပတ္သက္လာလွ်င္ ေစက သူ႔ထက္သာလြန္သည္ဆုိသည့္ ပံုစံမ်ိဳးျဖင့္ ဆက္ဆံေနရသည္လဲ။ နီေစြး၏ ေစ့အေပၚဆက္ဆံပံုသည္ သူ႔ကို ဆက္ဆံပံုႏွင့္လည္းမတူ၊ နီေစြး၏ သူငယ္ခ်င္းမ်ားကိုဆက္ဆံပံုႏွင့္လည္းမတူ။ သူ မည္သို႔ေခါင္းစဥ္တပ္ရမွန္းမသိ။ ထိုသို႔ မည္သို႔ ေခါင္းစဥ္တပ္ရမွန္း မသိသည့္အတြက္ သူ ေစ့ကို မႏွစ္ၿမိဳ႕။

သူ ရွာေဖြၾကည့္မႈမ်ားအရ ေစသည္ နီေစြးႏွင့္ စာေပတုိက္တစ္ခုထဲတြင္ အလုပ္လုပ္သည့္ စာေရးဆရာတစ္ဦး။ Glory မွ ဖူးဖူးမႈတ္ထားသည့္ စာေရးဆရာႏွစ္ဦးျဖစ္သည္ဆုိလွ်င္လည္း နီေစြးသည္ ေစ့ကို သူ႔ထက္ သာလြန္သူတစ္ေယာက္ဟု မွတ္ယူစရာမလုိဘူးမဟုတ္လား။ သူ ေစ့အေၾကာင္းသိထားမွျဖစ္မည္။ နီေစြးႏွင့္ပတ္သက္လာလွ်င္ သူ မသိသည့္ သူတစ္ေယာက္မွ မရိွေစရ။

သူ အကုန္လံုးကို သိထားမွ နီေစြးႏွင့္ နီးကပ္ရန္ ႀကိဳးစားေနသူတုိင္းကို နီေစြးနားမွ ဖယ္ထုတ္၍ ရလိမ့္မည္။ နီေစြးသည္ ခ်ဳပ္ေႏွာင္ျခင္းကို မႏွစ္သက္ေသာ္လည္း သူကေတာ့ နီေစြးကို ေလွာင္အိမ္ေလးထဲသာ ထည့္ထားခ်င္သည္။ နီေစြး၏ လြတ္လပ္မႈကို ခ်ဳပ္ေႏွာင္ခ်င္၍ေတာ့ မဟုတ္ဘဲ သူ႔ထံမွ ထြက္ေျပးသြားမည္ကို စိုးရိမ္၍။ ထို႔အတြက္ သူ႔စိတ္ထဲတြင္ နီေစြးကို ေတာင္းပန္ရံုမွ အပ သူ မတတ္ႏိုင္။

~~~~~~~~

Zawgyi

တစ်ခုသောနံနက်ခင်းတွင် လူငယ်အချို့သည် ဖုန်းကိုယ်စီကိုင်ရင်း ကျွတ်စိကျွတ်စိ ဖြစ်နေကြ၏။ အချို့သောမိန်းကလေးများ၏ မျက်နှာတွင် စိတ်လှုပ်ရှားပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော်လည်း အချို့သောကောင်လေးများ၏ မျက်နှာထက်တွင်တော့ သွေးပျက်မှုဖြင့် ဖြူလျော့လိုက်။ အကြောင်းသည်ကား သူတို့၏ လည်ပင်းရှည်အောင် စောင့်နေရသည့် နီစွေးကိုယ်တော် (သို့) နီစွေး Sama သည် ညသန်းခေါင်ကြီး New Story တစ်ခုကို Publish လုပ်၍။

နီစွေး၏ Profile Wall တွင်တော့ Post ပေါင်းစုံသည် ပလူပျံလျက်ရှိပြီး Post တစ်ခုခုအောက်တွင်လည်း Comment ပေါင်းစုံဖြင့် ပလူပျံရှိသည်။ အချို့ကို ဖော်ပြရလျှင်တော့...

Comment 1 : မရက်စက်သင့်ပါဘူး! နီစွေးကိုယ်တော်... ဒါ ရက်စက်လွန်းတယ် မဟုတ်ဘူးလား...

Comment 2 : Female Lead မပါဘူးဆိုတော့ အကြိုက် Ship လို့ရပြီပေါ့နော်...

Comment 2 ကို reply : နောက်ဆုံးတော့ နီစွေး Sama က ငါတို့ Fujoshi တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းလိုက်ပြီ

Comment 3 : Lord နီစွေး!!! ကျွန်တော်တို့ရဲ့ သူရဲကောင်း Vincent ကဘာဖြစ်သွားမှာလဲ ကွေးသွားမှာလား!!! ကွေးသွားမှာလား!!! ကျွန်တော်တု့ိကို မရက်စက်ပါနဲ့!!!!

Comment 4 : ငါတို့အရင်ဖတ်ကြည့်ပြီးမှ ဆုံးဖြတ်သင့်တာ မဟုတ်ဘူးလား...

Comment 5 : Tag တွေ Description တွေနဲ့တင် ဒီနေ့ကတော့ ပန်းပွင့်တဲ့နေ့ပဲ...

Comment 6 : တော်ပါတော့! Tag မှာ BL လို့တော့ မရေးထားပါဘူး... နီစွေးကိုယ်တော်ကို ယုံစမ်းပါ သူက သူ့ Tag တွေမဖတ်ဘဲ စွတ်ပြောရင် စိတ်ဆိုးတာ အသိကြီးနဲ့...

Comment 7 : ဟုတ်တယ်ဟုတ်တယ်... သူ စိတ်ဆိုးရင် သူက ဘာဘာညာညာ မပြောဘဲ အတင်းကောက်ဇာတ်သိမ်းတာလုပ်တာနော်... အာရုံမနောက်ပါနဲ့!!! ငါတို့ Vincent ရဲ့ မိဘတွေအကြောင်းသိချင်သေးတယ်...

Comment 8 : ဘာပဲပြောပြော နီစွေးအကြောင်းသိရတာလည်း အမြတ်ပါပဲ... ဘာလို့ဆို နီစွေးက ဘယ်လိုတွေ စဉ်းစားတယ်ဆိုတာကို ငါတော့သိချင်တယ်...

မောင်းမဆောင်ဇာတ်လမ်းများသာ နှစ်သက်သည့် အမျိုးသားထုကြီးမှာ ကြေကွဲနေသလောက် အမျိုးသမီးတို့သည်ကား ပျော်မြူးနေလျက်။ ခေတ်ကိုက BL ခေတ်ဆိုမှတော့ ယခုလို Romance ဟူသော Tag တွင် Boys Love (BL) ဟု မရေးထားသော်လည်း Female Lead မပါပုံရသည့် Prologue နှင့် Description သည် မိန်းကလေးတို့၏ Fujoshi စိတ်လေးကို ပျော်ပါးစေသည်။

Description သည်ကား

"Schmaltz means artistic works, such as music or writing, that are intended to cause strong sad or romantic feelings but have no real artistic value.

He who creates empty Schmaltz but when his character comes into life, will his works are still empty?"

"Schmaltz ဆိုသည့် စိတ်ခံစားချက်ပြင်းထန်မှုတို့ကို ဖြစ်ပေါ်စေသည့် အနုပညာလက်ရာတို့ကို ခေါ်ဆိုခြင်းဖြစ်ပြီး ထိုလက်ရာတို့တွင် Technical ဆန်သည့်တန်ဖိုးတစ်စုံတစ်ရာ ပါဝင်မှုမရှိပေ။ စာပေသို့မဟုတ်ဂီတကို ဖတ်ရှုနားဆင်ပြီးသည့် အချိန်တွင် ဖတ်ရှုနားဆင်သူတို့၏ ရင်ထဲတွင် ပြင်းထန်သည့် စိတ်ခံစားချက်တစ်စုံတစ်ရာကို ကျန်ရစ်စေသည့် အနုပညာလက်ရာတို့ကို ခေါ်ဆိုခြင်းဖြစ်သည်။

သူ့ဘဝတစ်သက်တာတွင် သူကိုယ်တိုင် အမည်ပေးထားသည့် 'Empty Schmaltz' ဖတ်ရှုသူတို့အတွက်သာ စိတ်ခံစားချက်ကို ဖြစ်ပေါ်စေသော်လည်း ဖန်တီးသူ သူသည်စိတ်ခံစားချက်တစ်စုံတစ်ရာမှ မရှိသည့် ဇာတ်လမ်းတို့ကိုသာ ဖန်တီးလာခဲ့ပြီး သူ ဖန်တီးမှုလက်ရာအနက်မှ တစ်စုံတစ်ယောက်သည် အသက်ဝင်လာကာ ဘဝထဲဝင်လာချိန်တွင် သူ့လက်ရာတို့သည် ယခင်အတိုင်း 'Empty Schmaltz' ဖြစ်နိုင်ပါဦးမည်လား..."

(Sequel of Excalibur Destroyer)

အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် ရေးထားသည့် Story Description ကို ဖတ်ပြီးမိန်းကလေးများ၏ မျက်နှာသည်ဝင်းလက်နေသော်လည်း ကောင်လေးအချို့မျက်နှာမှာတော့ သုန်မှုန်လျက်။ သူတို့ဘာတတ်နိုင်မည်လဲ။ Description အောက်ပိုင်းတွင် တစ်ကြောင်းထဲ ကွင်းစကွင်းပိတ်ဖြင့် ဖော်ပြထားမှုက သူတို့ထိုစာအုပ်ကို မဖတ်ဘဲနေ၍မရ။

နီစွေး ခင်ဗျား ရက်စက်လွန်းတယ် ဟုသာ အဖြောင့်ကောင်လေးတို့သည် ရင်ထဲတွင် ကြိတ်ငိုနေနိုင်ရှာသည်။

>>>>>Schmaltz<<<<<

"မင်း... မင်းက... Vincent!"

အပြုံးဖြင့် သူ့ကိုခေါင်းညိတ်တုံ့ပြန်သည့် ထိုကောင်လေးကို စာရေးသူကောင်လေးသည် အံ့သြခြင်းကြီးစွာဖြင့် ကြည့်၏။

"မဖြစ်နိုင်တာ..."

"ကျွန်တော့်ရဲ့ မိဘတွေက ဘယ်သူဆိုတာ သိရရင် နီစွေးယုံကြည်ပေးနိုင်မှာလား... ဒါက ကျွန်တော့်ကို မွေးဖွားပေးတဲ့ မိဘနှစ်ပါးအပြင် သိနိုင်မဲ့ သူတွေက နီစွေးနဲ့ကျွန်တော်ပဲလေ... မဟုတ်ဘူးလား တလောကလုံးမှာ ကျွန်တော်တို့ လေးယောက်ပဲ သိတဲ့ကိစ္စပဲကို..."

(Schmaltz Prologue မှကောက်နှုတ်ချက်)

Prologue အောက်မှ Comment များသည်ကား...

Comment 1 : အား... ဒါ... ဒါက ငါတို့ မဖတ်ဘဲ နေလို့မရအောင် လုပ်ထားတာပဲ! Bro နီစွေး! Bro ကို မုန်းတယ်!

Comment 2 : အယ်... အယ်... နီစွေးဆိုတော့ ဒါက အတ္ထုပတ္တိလား... တကယ်ကြီး နီစွေး Sama ဆီကို ဒီကောင်လေးရောက်လာတယ်လို့ မှတ်ယူရမှာလား...

Comment 3 : မျက်နှာဖြူနဲ့မြန်မာစကားမွတ်နေအောင်တတ်သော အဟဟ အိုင်တော့ သဘောကျနေပါပြီ...

Comment 4 : Vincent ရဲ့ မိဘတွေ... Vincent ရဲ့အဖေကို ဒီ Sequel မှာ သိရပြီလား!

Comment 5 : ကျော်ဖတ်ကြတာပေါ့...

Comment 6 : အစ်ကို နီစွေးက ငါတို့ကို သိပ်မနိုပ်စက်လောက်ဘူးထင်တာပဲ...

Comment 7 : ကျော်ဖတ်ကြတာပေါ့... +1

Comment 8 : ဖေဖေကို ဆွဲလှဲမဲ့ သားငယ်လေး!!

Comment 9 : Daddy ကို စားမဲ့ သားလေး!

Comment 10 : ............ *ဆွံ့အ* BL Tag လို့မရေးထားပါဘူး အစ်မတို့ညီမလေးတို့ရေ!!!

Comment 11 : ဒီယောကျာ်းစစ်စစ်ဆိုတဲ့ကောင်တွေဟာ ဘာလို့များ ငါတို့ကို လာလာပြီး အာရုံနောက်နေတာလဲ!

"နီစွေး... နီစွေး..."

"အင်း..."

လက်ထဲမှ ဖုန်းကိုပြကာ Comment Section ကို ပြလာသည့် Vincent ကို နီစွေး လှဲနေရာမှ မျက်လုံးစွေကြည့်သည်။ သူ ညက Schmaltz ဆိုသည့် New Story တစ်ပုဒ်ကို Publish လုပ်ပြီးအိပ်သွားခြင်းသည် မနက်တွင် ဖုန်းဖွင့်ဖွင့်ခြင်း Noti တပြုံတမကို မြင်ရခြင်းကို ဖြစ်စေ၏။ သူ့ဖုန်းကို သူ စစ်နေစဉ် Vincent သည် သူ့ဖုန်းလေးကို ထိုးပြလာတော့ အိပ်ရာမှ မထသေးဘဲ မိမိဖုန်းမိမိစစ်နေရာမှ သူ Vincent ဖုန်းကို လှမ်းယူကာ Vincent ပြသည်ကို ကြည့်ပြီးမျက်ခုံးပင့်၏။ ကိုယ့်အကြောင်းကိုယ်ဖတ်တဲ့ ဇာတ်ကောင်လည်း ရှိသေးသားပဲ။ အင်းလေ သူတောင် သူ့ကိုယ်သူ ဒီဇာတ်လမ်းမှာ မင်းသားလုပ်ထားသည်ပဲကို။

"ဒီမှာ သူတို့တွေပြောထားတာ အများကြီးပဲ..."

"အဲ့ဒီတော့... ပေးဖုန်း သွား ငါ့အတွက် အအေးသွားဖျော်ခဲ့ မနေ့က Queen လိမ္မော်ပုလင်းဝယ်ထားတယ်မလား သကြားမထည့်နဲ့နော် အရမ်းမပျစ်စေနဲ့ အရမ်းလည်း မကျဲနဲ့ ရေခဲက နှစ်တုံးလောက်ပဲ... သွားဖျော်ချည် ငါ ဖတ်ထားလိုက်မယ်..."

"မနက်စောစောကြီး အအေးသောက်မလို့လား..."

"ရာသီဥတုက ပူတယ်လေ... ရန်ကုန်ဆောင်းဆိုတာ ခဏပဲအေးတာ..."

ထပ်ပြောလည်း စောဒကတို့တက်ဦးမည်မို့ Vincent ဟုတ်ဟုတ် ဟုဆိုကာသာ အအေးတစ်ခွက်သွားဖျော်ပေးလေ၏။ Vincent ကို သူ အကောင့်လုပ်ပေးကာ WebNovel များ ဖတ်ရှုခြင်းအမှုကို သင်ပေးမိသည်က မှားများမှားနေပြီလား။ ထိုကောင်လေးပြောသည့်အတိုင်း သူတို့နှစ်ဦး၏ အကြောင်းကို သူရေးထားတာကို ထိုကောင်လေးက လာဖတ်တော့လည်း မျက်နှာပူစရာတော့ မျက်နှာပူစရာ။

"အအေးရပြီ..."

အောက်ခံပန်းကန်ပြားလေးဖြင့် အအေးခွက်ကိုကိုင်ကာ ပြန်ဝင်လာသည့် Vincent ကို နီစွေးကြည့်သည်။

"ရော့ဖုန်း... မင်း Comment ပေးမလို့လား..."

"ကျွန်တော် Comment ပေးရင် ကောင်းပါ့မလား..."

သူ အအေးကို မသောက်ခင်အနည်းငယ် အရင်မြည်းပြီးမှ Vincent ကို ပြန်ကြည့်သည်။

"ဘာဖြစ်လို့လဲ..."

"ကျွန်တော်က ကျွန်တော်တို့အကြောင်းရေးရတာ ပျော်ပါတယ်လို့ ရေးမှာလေ..."

"တော်ပါတော့ Roleplayer လို့ထင်ကုန်မှ ငါ အမှုကြီးကုန်မယ်..."

"Roleplayer ဆိုတာ..."

Vincent ၏ မေးလာမှုကြောင့် နီစွေး Roleplayer ဆိုတာ ဟုအစချီပြီးနောက် စိတ်ရှည်ရှည်ရှင်းပြသည်ကို Vincent သည် နားထောင်နေပြီးမှ...

"နီစွေးက Roleplayer တွေကို မကြိုက်ဘူးလား..."

"အင်း... ငါ့ဝတ္ထုတွေအတွက်တော့ မလိုအပ်ဘူးဘဲပြောရမှာပဲ... ပထမတစ်ခုက ဝတ္ထုတစ်ခုက Roleplayer ကြောင့်ပျက်စီးသွားနိုင်တယ်... အဲ့ဒီအတွက် သိပ်တော့သဘောမကျဘူး နောက်ပြီး Roleplayer မလိုဘဲ ငါ့ဝတ္ထုကအောင်မြင်တယ်... အဲ့အတွက် သူတို့က ငါ့အတွက် မလိုအပ်ဘူး တတိယတစ်ခုက မင်းတို့က နဂိုကတည်းက အသက်ရှိနေပြီးသားသူတွေမို့ တခြားသူတွေက မင်းတို့ကို အသက်သွင်းပေးစရာမလိုဘူးလေ... အဲ့ဒီတော့ ငါ့အနေနဲ့တော့ သူတု့ိကို မကြိုက်ဘူးမဟုတ်ဘဲ မလိုအပ်ဘူးလို့ဆိုရမှာပေါ့..."

"သြော်..."

နားလည်လားမလည်လားမသိ သြော်တော့ပြောဖော်ရသည့် Vincent ကို နီစွေးပြုံးကြည့်နေရင်းမှ Messenger မှ တောင်ခနဲတက်လာသည့် အသံကြောင့် ဖုန်းကို သူ ကြည့်တော့ ယုယမိုးထံမှ...

ယုယ : အား... ကိုနီစွေးက လုပ်မဲ့လုပ်တော့လည်း BL အကွက်တွေနော်... ပြီးတော့ ကိုယ့်နာမည်ကြီးနဲ့... မသိဘူး Update စောင့်နေပါပြီ...

ဘယ်လိုတောင် မိမိအယ်ဒီတာက မိမိကို အသည်းအသန်ဖြစ်နေရသည်လဲလေ။ နီစွေးဟက်ခနဲရယ်ကာ အင်း ဆိုသည့် စာတစ်လုံးသာရိုက်ပို့၍ အအေးကိုကုန်အောင်သောက်ပြီး Vincent ထံသို့ပြန်ပေး၏။

"မနက်စာ... ငါ ရေချိုးပြီးမှပဲ စားတော့မယ်..."

"ဟုတ်... ကျွန်တော် အဆင်သင့်ပြင်ထားလိုက်မယ်..."

စကားဆုံးသည်နှင့် ရေချိုးခန်းထဲသူဝင်နေစဉ် မြည်လာသည့် ဖုန်းသံ။ Vincent သည် ဘယ်သူများ ဖုန်းဆက်လည်းသိချင်စိတ်ဖြင့် ခုတင်ထက်ဆီမှ ဖုန်းမျက်နှာပြင်ကို သူ ကြည့်သည်။ ဖုန်းခေါ်ဆိုသူ၏ အမည်သည် တစ်လုံးတည်း။

"စေ... ဒီလူက ဘာလို့ နီစွေးကို လာလာပြီး ဆက်သွယ်နေတာလဲ..."

Vincent သည် ဖုန်းခေါ်ဆိုသူကို ကြည့်ပြီး ခပ်တိုးတိုးရေရွတ်လေ၏။ စေ... သူ့မျက်လုံးတို့သည် မှေးကျဉ်းသွားခဲ့သည်။ သူ့ကို မည်သူမည်ဝါမှန်းသိနေသူတစ်ဦးအလား ကြည့်သွားခဲ့သည့် သူ။ သူ ထိုသူ၏ စူးရှ၍ ထွင်းဖောက်မြင်နိုင်သည့် အကြည့်များကို မနှစ်မြို့။ သူ့စိတ်ထဲတွင် ထိုသူသည် ထူးဆန်းသည်ဟု သူ ထင်သည်။ ထိုသူသည် လူတို့နှင့်မတူဟုလည်း သူ ထင်သည်။ ဘာကြောင့်မှန်းတော့ သူ မပြောတတ်။ ထိုသူသည် လူသားတစ်ယောက်ဖြစ်ပါလျက်နှင့် သူ ထိုသူကို လူသားတစ်ယောက်ဟု မခံစားရ။

>>>>>Schmaltz<<<<<

နီစွေး ရေမိုးချိုးပြီး အပြင်ထွက်လာတော့ ခုတင်ပေါ်တွင် ဒီတိုင်းပစ်တင်ထားသည့် ဖုန်းထံမှ Noti မီးမှိတ်တုတ်တုတ်ကြောင့် ဖုန်းကို ယူစစ်တော့ Missed Call တစ်ခု။

"အမယ်ထူးထူးခြားခြား... ခုတလော သူတောင် ငါ့ကို အရမ်းတွေ ဂရုစိုက်နေပါလား... ငါ ထီထိုးသင့်..."

သူ ရေရွတ်ကာ ခေါင်းရေသုတ်ရင်းဖြင့်ပင် Missed Call ပိုင်ရှင်ကို ခေါ်လိုက်တော့သည်။ ဖုန်းဝင်ဝင်ချင်း သူ့ကို ပြောသည့်အသံကြောင့် နီစွေးဟက်ခနဲရယ်၏။

"ရူးနေတာလား! ရူးနေလို့ မင်းဒီလိုလုပ်တာလား!"

"ဖြည်းဖြည်း... ဘယ်လိုဖြစ်လို့ အော်ဟစ်နေတာလဲ..."

"မင်း ဘာလုပ်တာလဲ နီစွေး..."

"ဘာကိုလဲ..."

"အဲ့ဒါက မင်းရဲ့နောက်ဆုံးစာအုပ်မဟုတ်လား..."

နီစွေးသက်ပြင်းမောရှိုက်၏။ ထို့နောက်ခုတင်ပေါ်ထိုင်ချကာ ခေါင်းမှရေစက်လက်ဆံပင်တို့ကို သုတ်ရင်း...

"တလောကလုံးကို လိမ်လို့ရပေမဲ့ မင်းကိုတော့ လိမ်လို့ရမဲ့ပုံမပေါ်ဘူးထင်တယ်..."

"ငါ့အောက်မှာရှိနေတဲ့ ဘယ်သူတွေက ဘယ်လုပ်တယ်ဆိုတာ ငါအကုန်မြင်နေတာပဲ မမြင်ချင်ယောင်ဆောင်တာပဲ ရှိတယ်..."

"ငါ့လည်း မမြင်ချင်ယောင်ဆောင်လို့ မရဘူးလား..."

"ဘာလို့လဲ... ဇာတ်ကောင်ကို စွဲလမ်းလို့ ဘယ်တော့မှ စာမရေးနိုင်တော့ရအောင်... မင်းက အရူးလား..."

"ဟုတ်မယ်ထင်တာပဲ..."

တစ်ဖက်မှ စေ၏ For fuck sake ဟု ဆဲရေးလိုက်မှုကြောင့် သူ ခပ်တိုးတိုးရယ်သည်။

"ကျေးဇူးတင်ပါတယ်... မင်း အဲ့လိုမျိုးဒေါသထွက်ပေးတာ ငါတို့မှာ အခုလိုမျိုးဒေါသထွက်ပေးစရာ ဆက်ဆံရေးမျိုး မရှိပါဘဲနဲ့..."

"မင်းရဲ့ စာရေးဆရာ Career တစ်ခုလုံးက သွားမှာနော်..."

စေ၏ စကားကြောင့် သူသက်ပြင်းချ၏။

"အင်း အစကတည်းက စာရေးဆရာဖြစ်ပါစေလို့ ငါ ဒါကို စခဲ့တာမှမဟုတ်တာ မင်းလည်း သိတာပဲ... အဲ့ဒါကြောင့်ပဲ မင်းငါ့ကို မုန်းနေတာမဟုတ်လား..."

"အဲ့ဒါကြောင့်ပဲ မင်း ငါရပ်နေတဲ့ နေရာကို ရောက်မလာတာ... မင်း မင်းသာဆိုရင် ရောက်လာမယ်လို့ ငါထင်ခဲ့တာ! မင်းဆုံးဖြတ်ပြီးသားဆိုရင်လည်း ထားလိုက်တော့..."

တုံးတိပြောကာ ဖုန်းချသွားသည့် စေ ဆိုသည့် သူနှင့် မရင်းနှီးသည့် စာရေးဆရာကောင်လေးကြောင့် သူ ရယ်သည်။ စေ... သူတို့နှစ်ဦးသည် ဘယ်သောအခါမှ ရင်းနှီးခြင်းမရှိသော်လည်း တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုခြင်းမပြုနိုင်ကြသည့် သူနှစ်ဦး။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသာ ဤကမ္ဘာတွင် တစ်ဦးနှင့်တစ်ဦး နားလည်နိုင်၍။ ပြင်ပရှိ အခန်းတံခါးဝတွင်ရပ်နေသည့် ကောင်လေးတစ်ယောက်သည် အခန်းထဲဝင်မည် ပြုပြီးမှ မဝင်ဖြစ်တော့။

သူ့မျက်နှာထက်တွင်တော့ မကျေနပ်မှုများ။ အမြဲတမ်း မာနထောင်လွှားနေတတ်သည့် နီစွေးသည် ဘာကြောင့် စေဆိုသည့် ထိုသူနှင့် ပတ်သက်လာလျှင် စေက သူ့ထက်သာလွန်သည်ဆိုသည့် ပုံစံမျိုးဖြင့် ဆက်ဆံနေရသည်လဲ။ နီစွေး၏ စေ့အပေါ်ဆက်ဆံပုံသည် သူ့ကို ဆက်ဆံပုံနှင့်လည်းမတူ၊ နီစွေး၏ သူငယ်ချင်းများကိုဆက်ဆံပုံနှင့်လည်းမတူ။ သူ မည်သို့ခေါင်းစဉ်တပ်ရမှန်းမသိ။ ထိုသို့ မည်သို့ ခေါင်းစဉ်တပ်ရမှန်း မသိသည့်အတွက် သူ စေ့ကို မနှစ်မြို့။

သူ ရှာဖွေကြည့်မှုများအရ စေသည် နီစွေးနှင့် စာပေတိုက်တစ်ခုထဲတွင် အလုပ်လုပ်သည့် စာရေးဆရာတစ်ဦး။ Glory မှ ဖူးဖူးမှုတ်ထားသည့် စာရေးဆရာနှစ်ဦးဖြစ်သည်ဆိုလျှင်လည်း နီစွေးသည် စေ့ကို သူ့ထက် သာလွန်သူတစ်ယောက်ဟု မှတ်ယူစရာမလိုဘူးမဟုတ်လား။ သူ စေ့အကြောင်းသိထားမှဖြစ်မည်။ နီစွေးနှင့်ပတ်သက်လာလျှင် သူ မသိသည့် သူတစ်ယောက်မှ မရှိစေရ။

သူ အကုန်လုံးကို သိထားမှ နီစွေးနှင့် နီးကပ်ရန် ကြိုးစားနေသူတိုင်းကို နီစွေးနားမှ ဖယ်ထုတ်၍ ရလိမ့်မည်။ နီစွေးသည် ချုပ်နှောင်ခြင်းကို မနှစ်သက်သော်လည်း သူကတော့ နီစွေးကို လှောင်အိမ်လေးထဲသာ ထည့်ထားချင်သည်။ နီစွေး၏ လွတ်လပ်မှုကို ချုပ်နှောင်ချင်၍တော့ မဟုတ်ဘဲ သူ့ထံမှ ထွက်ပြေးသွားမည်ကို စိုးရိမ်၍။ ထို့အတွက် သူ့စိတ်ထဲတွင် နီစွေးကို တောင်းပန်ရုံမှ အပ သူ မတတ်နိုင်။

~~~~~~~~


Continue Reading

You'll Also Like

206K 27.7K 48
ကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလု.....ဒီစကားလုံးတွေက အထပ်ထပ်အခါခါဖြစ်ပြီ...
329K 39.8K 54
All credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted...
62.5K 6.4K 20
Love yourself... we usually talk to each other. So what abt we love ourself with Obessive love. The only one who can fill my void is me. That's wha...
18.9K 2.5K 32
302(စန်းလင်အာ့)ဆိုတဲ့အရှုပ်ထုပ်လေး စီစဥ်တဲ့ ​ကျွင့်ကျွင့်နဲ့ ဟန့်ဟန့်လေးတို့ရဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေး 💙~ ❌ SYSTEM နှင့် မသက်ဆိုင်ပါ ❌ 302(...