Zawgyi
"ဒါဆို ကြ်န္ေတာ္တို႔ ဒီလိုပဲလုပ္ၾကရေအာင္ေနာ္..."
ဘယ္အပိုင္းထိထုတ္မည္။ ဘယ္လို အဖံုးဒီဇိုင္း၊ အတြင္းဒီဇိုင္း အစရိွသျဖင့္ ေဆြးေႏြးၿပီးေနာက္ နီေစြး သူေဌးမင္းကို ႏႈတ္ဆက္ကာ အခန္းထဲမွထြက္လာေတာ့သည္။
"ဟာ ကိုနီေစြး ျပန္ေတာ့မလို႔လား..."
"အင္း ယုယေရာ..."
"ဟီးဟီး ကိုနီေစြးကိုေခၚေတြ႔မွေတာ့ သမီးလည္း အလုပ္ရၿပီေပါ့..."
၂၁ သာရိွေသးေသာ ယုယမိုး ဟူသည့္ ကေလးမကို ၾကည့္ၿပီး သူျပံဳးသည္။ ထိုေကာင္မေလးက သူ႔ကိုတာဝန္ယူရသူ။
နီေစြးအလုပ္လုပ္ေနသည့္ စာေပတိုက္အေၾကာင္းထပ္ေျပာရမည္ဆိုလ်ွင္ သူတို႔စာေပတိုက္သည္ ႀကီးမားသည့္ ကုမၸဏီတစ္ခုႏွင့္အလားတူသည္။ အယ္ဒီတာခ်ဳပ္သည္ သူေဌးမင္းဟု သူတို႔က ေနာက္ေျပာင္ေခၚေဝၚသည့္ အမ်ိဳးသား။ စာေပတိုက္ကိုကား သုတႏွင့္ရသဟူ၍ အုပ္စုႀကီး ႏွစ္ခုျပန္ခြဲသည္။
ယုယမိုးဟူသည့္ ထိုေကာင္မေလးသည္ အယ္ဒီတာမ်ားထဲမွတစ္ဦး။ သူ႔ကိုတာဝန္ယူသည့္ မိန္းကေလးလည္းျဖစ္သည္။ ထိုေကာင္မေလးသည္ စာေပကို ခ်စ္ျမတ္ႏိုးေသာသူလည္းျဖစ္သည္။ ေနာက္ေျပာရလ်ွင္ သူ႔ ယပ္ေတာင္အႀကီးစား။
"အသစ္အတြက္ေရာ စဥ္းစားၿပီးၿပီလား..."
"ဟင့္အင္း အစ္ကိုနားဦးမလို႔..."
သူ ခပ္ပ်င္းပ်င္းျပန္ေျဖေတာ့ ယုယသည္ ရယ္ေလ၏။ အျမဲတမ္း အသစ္အသစ္ေသာ ဇာတ္လမ္းတို႔သည္ သူ႔ေခါင္းထဲတြင္ ရိွလင့္ကစား သူသည္ အပ်င္းအလြန္ႀကီးသည့္ စာေရးသူတစ္ဦး။ ထိုအေၾကာင္းကို သူ႔ေရွ႕ရိွကေလးမသည္ ေကာင္းေကာင္းသိသည္။
"ႀကိဳ Spoil ပါ ကိုနီေစြးရာ... ဘာအမ်ိဳးအစား ေရးမွာလဲ..."
"ဘာကိုလဲ..."
"အမွန္အတိုင္းေျပာရရင္ ကိုနီေစြးကို Romance နဲ႔ပတ္သက္ၿပီး ေရးေစခ်င္တယ္..."
"Romance..."
သူ မ်က္ေမွာင္ၾကဳတ္ကာ ေရရြတ္သည္။ လာျပန္ၿပီ ဒီ Romance ဟု သူစိတ္ထဲတြင္ ညည္းတြားေလသည္။ Romance ဟူသည့္ အမ်ိဳးအစားက သူ လက္ေရွာင္ဆံုးေသာ အမ်ိဳးအစား။ အဘယ္ေၾကာင့္ဆိုေသာ္ နီေစြးဆိုသည့္ သူသည္ ခ်စ္ျခင္းကို စိတ္မဝင္စား။ အခ်စ္ကို မယံုသည့္ သူတစ္ေယာက္လားဟု ေမးလ်ွင္လည္းမဟုတ္။ အခ်စ္သည္ရိွသည္။ သို႔ေသာ္ အခ်စ္ဟူသည္က ကမ႓ာတစ္ခုတြင္ေနၿပီး သူက အျခားေသာ ကမ႓ာတစ္ခုတြင္ေနသည္။ ဘယ္ေသာအခါမွ သူ အခ်စ္ႏွင့္ ေပါင္းစည္းလိုစိတ္မရိွ။
"အင္း audience ကို ျပန္ညိွသင့္တယ္လို႔ ထင္တယ္ အာ သမီး ကိုနီေစြးကို ဆရာလုပ္တာ မဟုတ္ဘူးေနာ္..."
သူ ေဒါသျဖစ္သြားမည္ကို ေၾကာက္ရြံ႕သည့္အလား ေခါင္းေလးငံု႔ကပ်ာကယာ ရွင္းျပသည့္ ယုယေၾကာင့္ ထိုကေလးမ စိတ္သက္သာမႈရေစရန္ ေခါင္းငံု႔ေနသည့္ သူမ ေခါင္းေလးကို အသာဖြကာ...
"အင္း အစ္ကို စိတ္မဆိုးဘူး... အဲ့အခ်က္ကို ထည့္စဥ္းစားၾကည့္မယ္..."
"ဟုတ္..."
သူ ယုယကို လက္ျပထြက္လာေတာ့ သူ႔ေနာက္ေက်ာကို ၾကည့္က်န္ခဲ့သည့္ ကေလးမ။ သူမတာဝန္ယူရသည့္ စာေရးဆရာနီေစြးသည္ လူတိုင္းကို ေႏြးေထြးစြာဆက္ဆံတတ္သည္။ သို႔ေသာ္ မည္သူတစ္ဦးမွ သူႏွင့္နီးကပ္စြာေန၍မရ။ သူသည္ လူတစ္ေယာက္ကို သူ႔ Personal Space ထဲ မည္သည့္အခါမွမထည့္။ နီေစြးသည္ ရႈပ္ေပြသည္ဟုဆိုသည့္ သတင္းအခ်ိဳ႕ၾကားမိေသာ္လည္း ထိုနီေစြးသည္ အလုပ္ႏွင့္ကိုယ္ေရးကိုယ္တာကို အလြန္ခြဲျခားႏိုင္လြန္းသည္။
============ Schmaltz ============
"ေရာက္ေနတာၾကာၿပီလား..."
ေကာ္ဖီကိုအရသာခံေသာက္ကာ ျပတင္းအျပင္မွ ျဖတ္သန္းသြားလာအလုပ္မ်ားေနေသာ သူမ်ားကို သူ ၾကည့္ေနစဥ္ ပခံုးကို အသာရိုက္ကာႏႈတ္ဆက္လာသည့္ ထက္လင္း...
"ထိုင္..."
နီေစြး စာေပတိုက္ေရာက္ေနစဥ္ အားလ်ွင္ သူ႔ေဆးခန္းရိွရာ ရပ္ကြက္မွ Bakery ေလးထံသို႔လာပါလားဟု ထက္လင္းလွမ္းေခၚထားသျဖင့္ အလုပ္မရိွသလို အိမ္လည္း မျပန္ခ်င္ေသးသည္ႏွင့္ သူ ထိုင္ေနျဖစ္ျခင္း။ ထို Bakery မွ ေကာ္ဖီကို သေဘာက်၍လည္းပါသည္။ အျမဲတမ္းေတးသြားသံၿငိမ့္ၿငိမ့္သာ ဖြင့္ထားေလ့ရိွသည့္ ထိုဆိုင္ေလးကို သူႏွစ္သက္သည္။ မ်ားေသာအားျဖင့္ Bakery အမ်ားစုက သီခ်င္းမ်ားကို ဖြင့္ေလ့ရိွသည္မို႔ သူ ထိုင္ရျခင္းကို မႏွစ္သက္။
"မင္း Client မရိွဘူးလား..."
"ငါက Monday ပဲ Client လက္ခံတာ သိသားနဲ႔... အစ္ကို႔ကို မွာေနၾကပဲေပး..."
ပံုမွန္လာေနၾကသူ ပီပီ သူေသာက္ေနၾက ေကာ္ဖီကိုသာ မွာၿပီးေနာက္ ထက္လင္း သူ႔ေရွ႕တြင္ Cake ကို ဇြန္းတစ္ေခ်ာင္းႏွင့္ တတိတိဖဲ့ေနသည့္ နီေစြးကိုၾကည့္သည္။
"မင္းနဲ႔အတူေနတဲ့ ေကာင္ေလး..."
လိုရင္းကို သူေျပာေတာ့ ဖဲ့ထားသည့္ ကိတ္မုန္႔ကို ပါးစပ္ထဲထည့္ၿပီးေနာက္ သူ႔ကိုခပ္ေအးေအး ၾကည့္လာသည့္ နီေစြး။
'ေယာက်ာ္းေလး အခ်ိဳမႀကိဳက္ဘူးလို႔ ဘယ္သူေတြကမ်ားေျပာလဲ! ဦးေႏွာက္ကို အလုပ္မ်ားမ်ားေပးရသည့္ သူမ်ားသည္ အခ်ိဳမ်ားမ်ားစားသင့္တယ္!'
နီေစြး ကိတ္မုန္႔စားေနသည္ကို ၾကည့္ရင္း ထက္လင္းျပံဳးမိသည္။ သူ နီေစြးကို ေယာက်ာ္းႀကီးတန္မဲ့ ကိတ္မုန္႔ကို ႀကိဳက္ရလား ေျပာဖူးေတာ့ နီေစြးက သူ႔ကိုထိုသို႔ရန္ေတြ႔ခဲ့ဖူးသည္ေလ။
"မင္းဘာေျပာခ်င္လို႔ငါ့ကိုေခၚတာလဲ..."
ေျပာစရာမရိွဘဲ ထက္လင္းဆိုသည့္ သေကာင့္သားက သူ႔ထံလာဖို႔ေခၚတတ္သည့္ သူမ်ိဳးမဟုတ္သည္ကို သိစြာျဖင့္ နီေစြး ေမးခြန္းထုတ္လာေတာ့...
"အဲ့ေကာင္ေလးနဲ႔ ေနရတာ အဆင္ေျပရဲ႕လား..."
"အင္း ေျပပါတယ္..."
တကယ္လည္း ျပႆနာတစ္ခုမွ မရိွသည္မို႔ နီေစြး ခပ္ေပါ့ေပါ့သာ ေျဖသည္။
"သူက adapt ျဖစ္ႏိုင္စြမ္းျမန္လြန္းတယ္..."
"အင္း..."
"အဲ့ဒါက ပံုမွန္မဟုတ္ဘူး..."
ခပ္ေအးေအး ေကာ္ဖီခြက္ငံု႔ေသာက္သည့္ ထက္လင္းကို သူ ေလးနက္စြာ စိုက္ၾကည့္သည္။
"အေပၚယံမ်က္ႏွာဖံုးက သိပ္လင္းလြန္းတယ္ဆိုရင္ သူ႔ရဲ႕ အတြင္းစိတ္က ေမွာင္မိုက္လြန္းတယ္..."
"မင္းက ဘာကိုေျပာခ်င္တာလဲ..."
"အဲ့ဒီေကာင္ေလးက သာမန္လူတစ္ေယာက္လို မေတြးဘူးလို႔ေျပာခ်င္တာ..."
သူ႔ေမးခြန္းကို ပြင့္လင္းစြာေျဖလာသည့္ ထက္လင္းကို ၾကည့္ၿပီး သူ ေခါင္းညိတ္သည္။
"အင္း ငါသိတယ္..."
"ေနာက္ၿပီး မင္းနဲ႔သူနဲ႔က တြဲေနတာလား..."
"ငါနဲ႔ေတာင္ အတူေနေနတာပဲကို..."
ခပ္ဟဟရယ္ေျပာလာသည့္ သူ႔ကို ၾကည့္ကာ ထက္လင္းေခါင္းယမ္းသည္။
"မင္းအေၾကာင္း ငါ မသိတာလည္း မဟုတ္ဘူး နီေစြးရာ..."
"ဘာမွမျဖစ္ပါဘူး... ငါ့ အႏၲရာယ္ငါသိပါတယ္ သူက ဘယ္ေတာ့မွ ငါ့ကို ထိခိုက္ေအာင္ လုပ္မဲ့သူမဟုတ္ဘူး..."
ဘယ္သားက ကိုယ့္အေဖကို ထိခိုက္ေအာင္လုပ္မွာလဲ! လုပ္ခ်င္းလုပ္ သူ႔ခႏၶာကိုယ္ကို ညေရးညတာ လူမႈေရးကိစၥြတြင္သာ လုပ္ေကာင္းလုပ္လိမ့္မည္။ ယခုေတာ့ မဟုတ္ေသးဘူးဆိုေပမဲ့ေပါ့။
"မင္းဟာေလ..."
ဆက္ေျပာခ်င္စိတ္ရိွပံုမေပၚသည့္ နီေစြးကို ၾကည့္ၿပီး ထက္လင္း သက္ျပင္းေမာရိႈက္၏။ ထိုညက အျဖစ္အပ်က္ကို မေမ့ေသး။ အခန္းအျပင္အထြက္ ထိုေကာင္ေလးကို ျမင္ခ်ိန္တြင္ သူ အံ့အားသင့္သြားရသည္။ ေသြးဆာေနသည့္ အၾကည့္မ်ားျဖင့္ ေအးစက္ေနသည့္မ်က္ႏွာ။
သူ႔ကိုျမင္သည္ႏွင့္ စကၠန္႔ပိုင္းပင္မၾကာ ေႏြးေထြးသည့္ ညီငယ္ေလးဟန္ခ်က္ခ်င္းေျပာင္းသြားသည္ကို သူ ေတြ႔လိုက္ရသည္။ လူကဲခတ္ျခင္းႏွင့္ လူတို႔၏ စိတ္ေနသေဘာထားကို ခြဲျခမ္းစိတ္ျဖာသံုးသပ္ျခင္းက သူ႔ Professional အလုပ္မို႔ သူ Vincent ၏ အမူအရာတို႔ကို ခ်က္ခ်င္းရိပ္မိသည္က သူ႕အလြန္မဟုတ္ေပ။
နီေစြး၏ ဇာတ္လမ္းတစ္ခုခုကို ျမင္သြားပံုရသည္ကို သူ သိလုိက္ေသာ္လည္း ထိုေကာင္ေလး၏ ဟန္မပ်က္ေနႏိုင္မႈကို ၾကည့္ၿပီး သူ နီေစြးအတြက္ စိုးရိမ္သြားသည္ေတာ့ အမွန္။ နီေစြးသည္ မိမိကို အလြန္ဖက္တြယ္ၿပီး ခ်ဳယ္ခ်ယ္ဝန္တိုသူတို႔၏ လက္တြင္ ေနတတ္သူမဟုတ္ေခ်။
"ဘာပဲျဖစ္ျဖစ္ ငါ မင္းကို သတိထားေစခ်င္တယ္ မပတ္သက္သင့္တဲ့ လူမ်ိဳးထဲမွာပါတယ္...မင္း Type မဟုတ္ဘူး..."
မင္း Type မဟုတ္ဘူးဆိုသည့္ စကားကို သူ ေဖာ့ေျပာရင္း သူ႔ေရွ႕မွေကာ္ဖီခြက္ကို ေကာက္ေသာက္၏။ထို႔ေနာက္တြင္ေတာ့ သူတို႔အျခားေသာ ကိစၥတို႔ကိုသာ ေျပာျဖစ္ၾကသည္။ နာရီအနည္းငယ္ ကုန္လြန္ၿပီးေနာက္ သူတို႔ဆိုင္မွ ထြက္လာျဖစ္၏။
"ငါ လိုက္ပို႔ရမလား..."
"ဟင့္အင္း Taxi နဲ႔ပဲ ျပန္ေတာ့မယ္..."
"ကားေလး ဘာေလးေမာင္းပါကြာ..."
"ႏိိုးပါကြာ ငါ အျပင္သြားတာ နည္းတဲ့ဟာကို..."
"အင္း မင္းရဲ႕ စာအုပ္အသစ္ အဆင္ေျပပါေစ..."
"ဟုတ္ပါၿပီ ထံုးစံအတိုင္း စာမူခရရင္ ငါ ဒကာခံပါ့မယ္..."
"အဟ မ်ားမ်ားေရာင္းရပါေစ..."
ဆန္႔က်င္ဘက္သူတို႔ထြက္လာၿပီးေနာက္ နီေစြး ေတြ႔ရာ တက္စီတားၿပီး ေစ်းဆစ္၏။ ႏွစ္စီးသံုးစီးေလာက္သည္ အိုက္တင္ခံၿပီး မလိုက္။ ေနေပါ့ဆိုသည့္ ရုပ္ေလးျဖင့္ သူ တင္းခံကာ ေနာက္ဆံုးတြင္ေတာ့ သူ ေျပာသည့္ေစ်းႏွင့္ ကားငွား၍ရေလသည္။ ဟြန္း ရန္ကုန္ၿမိဳ႕ ႀကီးမွာ Taxi ငွားရင္ ေစ်းစစ္ရမယ္။ ေစ်းမွန္ေျပာတဲ့ ကားသမားက ရွားတယ္။ နီေစြးကားေနာက္ခန္းတြင္ ဝင္ထိိုင္ၿပီးေနာက္ေတြးသည့္ အေတြး။
"Dark Side တဲ့လား... သူက Psycho မွန္း ငါေကာင္းေကာင္းသိတာေပါ့ ငါ ဖန္တီးထားတာပဲဟာ..."
နီေစြး မီးပိြဳင့္နီေနသည္ကို မမိွတ္မသုန္ၾကည့္ကာ မည္သူမွမၾကားႏိုင္ေလာက္သည့္ အသံျဖင့္ေရရြတ္သည္။ Vincent အေၾကာင္းကို အသိဆံုးသည္သူ။ သူ႔ေရွ႕တြင္ပင္ Vincent သည္ မ်က္ႏွာဖံုးျဖင့္ေနဆဲ။
Vincent သည္ သူ႔ကိုပင္ မယံုေသးဘူးဆိုသည္ကို သူ သိသည္။ သူ႔ကို ယံုၾကည္လာေအာင္လုပ္ဖို႔လည္း သူ စိတ္ကူးမရိွ။ Vincent သည္ ယခုေလာကတြင္ေနထိုင္သူ မဟုတ္။ သံေယာဇဥ္ႀကိဳးတို႔ မ်ွင္တန္းေအာင္လည္း သူ လုပ္ရန္စိတ္မဝင္စား။ သူဆိုသည္က တစ္ေယာက္ေယာက္ႏွင့္ ရစ္ပတ္ခ်ည္ေႏွာင္မိမည္ကို မုန္းသည့္သူေလ။
=========== Schmaltz ============
"ျပန္ေရာက္ၿပီလား..."
သူ ဖိနပ္ႀကိဳးျဖည္ရမည္ကိုပင္ ပ်င္းရိလြန္းသျဖင့္ နံရံကို လက္တစ္ျဖင့္အားျပဳ တစ္ဖက္ေျခေထာက္ျဖင့္ ဖေနာင့္ေနရာကို နင္းကာ ငပ်င္းခြ်တ္နည္းျဖင့္အတင္းကာေရာဆြဲခြ်တ္ေနေသာ္လည္း ဖိနပ္ႀကိဳးမျဖည္ထားသျဖင့္ ခြ်တ္၍မရ။ နီေစြး ဖိနပ္ကို စိတ္ေကာက္သည့္ မ်က္လံုးအစံုျဖင့္ စူပုတ္ကာ ၾကည့္ေနစဥ္တြင္ ေမးခြန္းႏွင့္အတူ သူ႔ေရွ႕ ဒူးတစ္ဖက္ေထာက္ထိုင္ခ်ကာ ဖိနပ္ႀကိဳးျဖည္ေပးလာသည့္ Vincent...
"ရၿပီ..."
ႏွစ္ဖက္လံုးကိုႀကိဳးေျဖေပးၿပီးေနာက္ သူ႔ကို ေမာ့ၾကည့္ကာ အျပံဳးလင္းလင္းေလးျဖင့္ေျပာလာသည့္ Vincent... ထိုအျပံဳးသည္ မည္မ်ွႏွစ္လိုဖြယ္ေကာင္းသည္ကို သူ သိသည္။ အစစ္အမွန္မဟုတ္ဟူသည္ကိုလည္း သူ သိေသးသည္။
"အင္း ေက်းဇူးပဲ..."
သူ ဖိနပ္ခြ်တ္ၿပီးသည္ကို ေစာင့္ၿပီး စင္ေပၚေနရာတက်တင္ေပးသည့္ Vincent ကို သူ မထူးဆန္းသလိုၾကည့္ကာ အိမ္ထဲသို႔ဆက္ဝင္၏။ မည္သို႔ေသာ အမူအရာတို႔ကမွ သူ႔ကို တုန္လႈပ္ေစႏိုင္ျခင္း၊ ရင္ခုန္ေစႏိုင္ျခင္းမရိွ။ Vincent သည္ ခံစားခ်က္မဲ့သည့္ ဇာတ္ေကာင္ျဖစ္ေနျခင္းက သူ၏ အစိတ္အပိုင္းတစ္ခုကို ထည့္သြင္းထား၍။
"ကြ်န္ေတာ္ ညေနစာ ဘာခ်က္ေပးရမလဲ..."
"အင္း... အရြက္တစ္ခုခု ေၾကာ္လိုက္ေလ..."
အမ်ားႀကီး စဥ္းစားမေနဘဲ သူေျဖေတာ့ ေခါင္းေလးညိတ္လာသည့္ Vincent... ေခြးေပါက္ေလးလို အိပ္ခန္းဝထိ သူ႔ေနာက္ တေကာက္ေကာက္လိုက္လာသည့္ Vincent ကို သူ လွည့္ၾကည့္သည္။
အိပ္ခန္းဝမွ ရုတ္တရက္ သူ႔ဘက္မ်က္ႏွာခ်င္းဆိုင္ လွည့္လာသည့္ နီေစြးေၾကာင့္ Vincent ေျခလွမ္းတို႔ကို ရပ္၏။ သူ နီေစြးႏွင့္ဝင္မတိုက္လို။ နီေစြးက သူ႔ထက္ေသးေကြးသည့္ ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္ထားသျဖင့္ အမွတ္မထင္ဝင္ေဆာင့္မိလ်ွင္ နီေစြးနာက်င္သြားလိမ့္မည္။
"ေခါင္းငံု႔..."
လက္ကိုလွမ္းကာ ေျပာလာသည့္ နီေစြးေၾကာင့္ Vincent ေယာင္နနျဖင့္ ေခါင္းငံု႔ေပး၏။ ေခါင္းငံု႔ထားရင္းမွ သူ႔မ်က္လံုးတို႔ဝိုင္းစက္သြားရသည္။ နီေစြးသည္ သူ႔ဆံပင္တို႔ကို ထိုးဖြေနသည္။
"ရၿပီ အိမ္မွာ လိမ္လိမ္မာမာေနလို႔ မင္းကို Reward ေပးတာ... ငါေရခ်ိဳးလိုက္ဦးမယ္ ညေနစာ ျပင္ထားေပးမယ္ မဟုတ္လား..."
ဗိုက္မဆာေသာ္လည္း အခန္းထဲထိ လိုက္မလာေစခ်င္ေသးသျဖင့္ နီေစြး အလိမၼာသံုးကာ ပထုတ္သည္။ Vincent သည္ မရိပ္မိ။ သူ အံ့ၾသေနသလို သူ႔ရင္သည္လည္း ေႏြးခနဲ။ နီေစြးသည္ သူ လိမၼာမည္ဆိုလ်ွင္ အျမဲတမ္း ထိုသို႔လုပ္ေပးမည္လား။
တစ္စံုတစ္ေယာက္က သူ႔ကိုထိေတြ႔ျခင္းသည္ သူ႔ကို ဒဏ္ရာတို႔ေပးဖို႔ဟုသာ သူ ယံုၾကည္ထားသျဖင့္ မည္သူတစ္ဦးကိုမွ သူ႔အသားကို ထိခြင့္သူ မျပဳခဲ့။ ထို႔အတြက္ တစ္ဦးတစ္ေယာက္သည္ မိမိကို ယခုလိုျပဳမူျခင္းက ထိုမ်ွထိ ႏူးညံ့သိမ္ေမြ႔ၿပီး တသိမ့္သိမ့္လႈပ္ရွားေစႏိုင္သည့္ စိတ္ခံစားခ်က္ကို ေပးတတ္သည္ကို သူ မသိခဲ့။ ထိုခံစားခ်က္ကို ခံစားရသည္က နီေစြး ျဖစ္ေနသည္မို႔လား။
"ဟုတ္ ကြ်န္ေတာ္ျပင္ထားလိုက္မယ္..."
အေတြးကိုရပ္ကာ နီေစြးကို သူ ေျဖသည္။ နီေစြးသည္ အေရးႀကီးသည္။ ထို႔အတြက္ နီေစြးေမးခြန္းကို သူ ခ်က္ခ်င္းေျဖသည္။
"အင္း ငါေရခ်ိဳးလိုက္ဦးမယ္..."
ေျပာၿပီးေနာက္ အခန္းထဲသို႔ဝင္သြားသည့္ နီေစြး။ Vincent သည္လည္း နီေစြးအလိုက် ညေနစာျပင္ရန္ မီးဖိုခန္းဘက္သို႔ ဦးတည္ေလသည္။
အခန္းတြင္းတြင္ အေပၚဝတ္ကိုခြ်တ္ၿပီးေနာက္ နီေစြး သူ႔လက္ကိုသူ ျပန္ၾကည့္၏။ ထိုေကာင္ေလး၏ ေခါင္းကို ကိုင္ထားသည့္လက္။ ယုယ၏ ေခါင္းကို ဖြတုန္းက လက္သည္ ထိုလက္မဟုတ္။
"ဘယ္တုန္းက ငါက အခုလို အေရးမပါတဲ့ အမူအက်င့္ေတြကို ဂရုစိုက္တတ္သြားတာလဲ..."
နီေစြး ခံစားခ်က္မဲ့ေသာအသံမ်ိဳးျဖင့္ ေရရြတ္ေလသည္။
================================
Unicode
"ဒါဆို ကျွန်တော်တို့ ဒီလိုပဲလုပ်ကြရအောင်နော်..."
ဘယ်အပိုင်းထိထုတ်မည်။ ဘယ်လို အဖုံးဒီဇိုင်း၊ အတွင်းဒီဇိုင်း အစရှိသဖြင့် ဆွေးနွေးပြီးနောက် နီစွေး သူဌေးမင်းကို နှုတ်ဆက်ကာ အခန်းထဲမှထွက်လာတော့သည်။
"ဟာ ကိုနီစွေး ပြန်တော့မလို့လား..."
"အင်း ယုယရော..."
"ဟီးဟီး ကိုနီစွေးကိုခေါ်တွေ့မှတော့ သမီးလည်း အလုပ်ရပြီပေါ့..."
၂၁ သာရှိသေးသော ယုယမိုး ဟူသည့် ကလေးမကို ကြည့်ပြီး သူပြုံးသည်။ ထိုကောင်မလေးက သူ့ကိုတာဝန်ယူရသူ။
နီစွေးအလုပ်လုပ်နေသည့် စာပေတိုက်အကြောင်းထပ်ပြောရမည်ဆိုလျှင် သူတို့စာပေတိုက်သည် ကြီးမားသည့် ကုမ္ပဏီတစ်ခုနှင့်အလားတူသည်။ အယ်ဒီတာချုပ်သည် သူဌေးမင်းဟု သူတို့က နောက်ပြောင်ခေါ်ဝေါ်သည့် အမျိုးသား။ စာပေတိုက်ကိုကား သုတနှင့်ရသဟူ၍ အုပ်စုကြီး နှစ်ခုပြန်ခွဲသည်။
ယုယမိုးဟူသည့် ထိုကောင်မလေးသည် အယ်ဒီတာများထဲမှတစ်ဦး။ သူ့ကိုတာဝန်ယူသည့် မိန်းကလေးလည်းဖြစ်သည်။ ထိုကောင်မလေးသည် စာပေကို ချစ်မြတ်နိုးသောသူလည်းဖြစ်သည်။ နောက်ပြောရလျှင် သူ့ ယပ်တောင်အကြီးစား။
"အသစ်အတွက်ရော စဉ်းစားပြီးပြီလား..."
"ဟင့်အင်း အစ်ကိုနားဦးမလို့..."
သူ ခပ်ပျင်းပျင်းပြန်ဖြေတော့ ယုယသည် ရယ်လေ၏။ အမြဲတမ်း အသစ်အသစ်သော ဇာတ်လမ်းတို့သည် သူ့ခေါင်းထဲတွင် ရှိလင့်ကစား သူသည် အပျင်းအလွန်ကြီးသည့် စာရေးသူတစ်ဦး။ ထိုအကြောင်းကို သူ့ရှေ့ရှိကလေးမသည် ကောင်းကောင်းသိသည်။
"ကြို Spoil ပါ ကိုနီစွေးရာ... ဘာအမျိုးအစား ရေးမှာလဲ..."
"ဘာကိုလဲ..."
"အမှန်အတိုင်းပြောရရင် ကိုနီစွေးကို Romance နဲ့ပတ်သက်ပြီး ရေးစေချင်တယ်..."
"Romance..."
သူ မျက်မှောင်ကြုတ်ကာ ရေရွတ်သည်။ လာပြန်ပြီ ဒီ Romance ဟု သူစိတ်ထဲတွင် ညည်းတွားလေသည်။ Romance ဟူသည့် အမျိုးအစားက သူ လက်ရှောင်ဆုံးသော အမျိုးအစား။ အဘယ်ကြောင့်ဆိုသော် နီစွေးဆိုသည့် သူသည် ချစ်ခြင်းကို စိတ်မဝင်စား။ အချစ်ကို မယုံသည့် သူတစ်ယောက်လားဟု မေးလျှင်လည်းမဟုတ်။ အချစ်သည်ရှိသည်။ သို့သော် အချစ်ဟူသည်က ကမ္ဘာတစ်ခုတွင်နေပြီး သူက အခြားသော ကမ္ဘာတစ်ခုတွင်နေသည်။ ဘယ်သောအခါမှ သူ အချစ်နှင့် ပေါင်းစည်းလိုစိတ်မရှိ။
"အင်း audience ကို ပြန်ညှိသင့်တယ်လို့ ထင်တယ် အာ သမီး ကိုနီစွေးကို ဆရာလုပ်တာ မဟုတ်ဘူးနော်..."
သူ ဒေါသဖြစ်သွားမည်ကို ကြောက်ရွံ့သည့်အလား ခေါင်းလေးငုံ့ကပျာကယာ ရှင်းပြသည့် ယုယကြောင့် ထိုကလေးမ စိတ်သက်သာမှုရစေရန် ခေါင်းငုံ့နေသည့် သူမ ခေါင်းလေးကို အသာဖွကာ...
"အင်း အစ်ကို စိတ်မဆိုးဘူး... အဲ့အချက်ကို ထည့်စဉ်းစားကြည့်မယ်..."
"ဟုတ်..."
သူ ယုယကို လက်ပြထွက်လာတော့ သူ့နောက်ကျောကို ကြည့်ကျန်ခဲ့သည့် ကလေးမ။ သူမတာဝန်ယူရသည့် စာရေးဆရာနီစွေးသည် လူတိုင်းကို နွေးထွေးစွာဆက်ဆံတတ်သည်။ သို့သော် မည်သူတစ်ဦးမှ သူနှင့်နီးကပ်စွာနေ၍မရ။ သူသည် လူတစ်ယောက်ကို သူ့ Personal Space ထဲ မည်သည့်အခါမှမထည့်။ နီစွေးသည် ရှုပ်ပွေသည်ဟုဆိုသည့် သတင်းအချို့ကြားမိသော်လည်း ထိုနီစွေးသည် အလုပ်နှင့်ကိုယ်ရေးကိုယ်တာကို အလွန်ခွဲခြားနိုင်လွန်းသည်။
============ Schmaltz ============
"ရောက်နေတာကြာပြီလား..."
ကော်ဖီကိုအရသာခံသောက်ကာ ပြတင်းအပြင်မှ ဖြတ်သန်းသွားလာအလုပ်များနေသော သူများကို သူ ကြည့်နေစဉ် ပခုံးကို အသာရိုက်ကာနှုတ်ဆက်လာသည့် ထက်လင်း...
"ထိုင်..."
နီစွေး စာပေတိုက်ရောက်နေစဉ် အားလျှင် သူ့ဆေးခန်းရှိရာ ရပ်ကွက်မှ Bakery လေးထံသို့လာပါလားဟု ထက်လင်းလှမ်းခေါ်ထားသဖြင့် အလုပ်မရှိသလို အိမ်လည်း မပြန်ချင်သေးသည်နှင့် သူ ထိုင်နေဖြစ်ခြင်း။ ထို Bakery မှ ကော်ဖီကို သဘောကျ၍လည်းပါသည်။ အမြဲတမ်းတေးသွားသံငြိမ့်ငြိမ့်သာ ဖွင့်ထားလေ့ရှိသည့် ထိုဆိုင်လေးကို သူနှစ်သက်သည်။ များသောအားဖြင့် Bakery အများစုက သီချင်းများကို ဖွင့်လေ့ရှိသည်မို့ သူ ထိုင်ရခြင်းကို မနှစ်သက်။
"မင်း Client မရှိဘူးလား..."
"ငါက Monday ပဲ Client လက်ခံတာ သိသားနဲ့... အစ်ကို့ကို မှာနေကြပဲပေး..."
ပုံမှန်လာနေကြသူ ပီပီ သူသောက်နေကြ ကော်ဖီကိုသာ မှာပြီးနောက် ထက်လင်း သူ့ရှေ့တွင် Cake ကို ဇွန်းတစ်ချောင်းနှင့် တတိတိဖဲ့နေသည့် နီစွေးကိုကြည့်သည်။
"မင်းနဲ့အတူနေတဲ့ ကောင်လေး..."
လိုရင်းကို သူပြောတော့ ဖဲ့ထားသည့် ကိတ်မုန့်ကို ပါးစပ်ထဲထည့်ပြီးနောက် သူ့ကိုခပ်အေးအေး ကြည့်လာသည့် နီစွေး။
'ယောကျာ်းလေး အချိုမကြိုက်ဘူးလို့ ဘယ်သူတွေကများပြောလဲ! ဦးနှောက်ကို အလုပ်များများပေးရသည့် သူများသည် အချိုများများစားသင့်တယ်!'
နီစွေး ကိတ်မုန့်စားနေသည်ကို ကြည့်ရင်း ထက်လင်းပြုံးမိသည်။ သူ နီစွေးကို ယောကျာ်းကြီးတန်မဲ့ ကိတ်မုန့်ကို ကြိုက်ရလား ပြောဖူးတော့ နီစွေးက သူ့ကိုထိုသို့ရန်တွေ့ခဲ့ဖူးသည်လေ။
"မင်းဘာပြောချင်လို့ငါ့ကိုခေါ်တာလဲ..."
ပြောစရာမရှိဘဲ ထက်လင်းဆိုသည့် သကောင့်သားက သူ့ထံလာဖို့ခေါ်တတ်သည့် သူမျိုးမဟုတ်သည်ကို သိစွာဖြင့် နီစွေး မေးခွန်းထုတ်လာတော့...
"အဲ့ကောင်လေးနဲ့ နေရတာ အဆင်ပြေရဲ့လား..."
"အင်း ပြေပါတယ်..."
တကယ်လည်း ပြဿနာတစ်ခုမှ မရှိသည်မို့ နီစွေး ခပ်ပေါ့ပေါ့သာ ဖြေသည်။
"သူက adapt ဖြစ်နိုင်စွမ်းမြန်လွန်းတယ်..."
"အင်း..."
"အဲ့ဒါက ပုံမှန်မဟုတ်ဘူး..."
ခပ်အေးအေး ကော်ဖီခွက်ငုံ့သောက်သည့် ထက်လင်းကို သူ လေးနက်စွာ စိုက်ကြည့်သည်။
"အပေါ်ယံမျက်နှာဖုံးက သိပ်လင်းလွန်းတယ်ဆိုရင် သူ့ရဲ့ အတွင်းစိတ်က မှောင်မိုက်လွန်းတယ်..."
"မင်းက ဘာကိုပြောချင်တာလဲ..."
"အဲ့ဒီကောင်လေးက သာမန်လူတစ်ယောက်လို မတွေးဘူးလို့ပြောချင်တာ..."
သူ့မေးခွန်းကို ပွင့်လင်းစွာဖြေလာသည့် ထက်လင်းကို ကြည့်ပြီး သူ ခေါင်းညိတ်သည်။
"အင်း ငါသိတယ်..."
"နောက်ပြီး မင်းနဲ့သူနဲ့က တွဲနေတာလား..."
"ငါနဲ့တောင် အတူနေနေတာပဲကို..."
ခပ်ဟဟရယ်ပြောလာသည့် သူ့ကို ကြည့်ကာ ထက်လင်းခေါင်းယမ်းသည်။
"မင်းအကြောင်း ငါ မသိတာလည်း မဟုတ်ဘူး နီစွေးရာ..."
"ဘာမှမဖြစ်ပါဘူး... ငါ့ အန္တရာယ်ငါသိပါတယ် သူက ဘယ်တော့မှ ငါ့ကို ထိခိုက်အောင် လုပ်မဲ့သူမဟုတ်ဘူး..."
ဘယ်သားက ကိုယ့်အဖေကို ထိခိုက်အောင်လုပ်မှာလဲ! လုပ်ချင်းလုပ် သူ့ခန္ဓာကိုယ်ကို ညရေးညတာ လူမှုရေးကိစ္စွတွင်သာ လုပ်ကောင်းလုပ်လိမ့်မည်။ ယခုတော့ မဟုတ်သေးဘူးဆိုပေမဲ့ပေါ့။
"မင်းဟာလေ..."
ဆက်ပြောချင်စိတ်ရှိပုံမပေါ်သည့် နီစွေးကို ကြည့်ပြီး ထက်လင်း သက်ပြင်းမောရှိုက်၏။ ထိုညက အဖြစ်အပျက်ကို မမေ့သေး။ အခန်းအပြင်အထွက် ထိုကောင်လေးကို မြင်ချိန်တွင် သူ အံ့အားသင့်သွားရသည်။ သွေးဆာနေသည့် အကြည့်များဖြင့် အေးစက်နေသည့်မျက်နှာ။
သူ့ကိုမြင်သည်နှင့် စက္ကန့်ပိုင်းပင်မကြာ နွေးထွေးသည့် ညီငယ်လေးဟန်ချက်ချင်းပြောင်းသွားသည်ကို သူ တွေ့လိုက်ရသည်။ လူကဲခတ်ခြင်းနှင့် လူတို့၏ စိတ်နေသဘောထားကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းက သူ့ Professional အလုပ်မို့ သူ Vincent ၏ အမူအရာတို့ကို ချက်ချင်းရိပ်မိသည်က သူ့အလွန်မဟုတ်ပေ။
နီစွေး၏ ဇာတ်လမ်းတစ်ခုခုကို မြင်သွားပုံရသည်ကို သူ သိလိုက်သော်လည်း ထိုကောင်လေး၏ ဟန်မပျက်နေနိုင်မှုကို ကြည့်ပြီး သူ နီစွေးအတွက် စိုးရိမ်သွားသည်တော့ အမှန်။ နီစွေးသည် မိမိကို အလွန်ဖက်တွယ်ပြီး ချုယ်ချယ်ဝန်တိုသူတို့၏ လက်တွင် နေတတ်သူမဟုတ်ချေ။
"ဘာပဲဖြစ်ဖြစ် ငါ မင်းကို သတိထားစေချင်တယ် မပတ်သက်သင့်တဲ့ လူမျိုးထဲမှာပါတယ်...မင်း Type မဟုတ်ဘူး..."
မင်း Type မဟုတ်ဘူးဆိုသည့် စကားကို သူ ဖော့ပြောရင်း သူ့ရှေ့မှကော်ဖီခွက်ကို ကောက်သောက်၏။ထို့နောက်တွင်တော့ သူတို့အခြားသော ကိစ္စတို့ကိုသာ ပြောဖြစ်ကြသည်။ နာရီအနည်းငယ် ကုန်လွန်ပြီးနောက် သူတို့ဆိုင်မှ ထွက်လာဖြစ်၏။
"ငါ လိုက်ပို့ရမလား..."
"ဟင့်အင်း Taxi နဲ့ပဲ ပြန်တော့မယ်..."
"ကားလေး ဘာလေးမောင်းပါကွာ..."
"နိုးပါကွာ ငါ အပြင်သွားတာ နည်းတဲ့ဟာကို..."
"အင်း မင်းရဲ့ စာအုပ်အသစ် အဆင်ပြေပါစေ..."
"ဟုတ်ပါပြီ ထုံးစံအတိုင်း စာမူခရရင် ငါ ဒကာခံပါ့မယ်..."
"အဟ များများရောင်းရပါစေ..."
ဆန့်ကျင်ဘက်သူတို့ထွက်လာပြီးနောက် နီစွေး တွေ့ရာ တက်စီတားပြီး ဈေးဆစ်၏။ နှစ်စီးသုံးစီးလောက်သည် အိုက်တင်ခံပြီး မလိုက်။ နေပေါ့ဆိုသည့် ရုပ်လေးဖြင့် သူ တင်းခံကာ နောက်ဆုံးတွင်တော့ သူ ပြောသည့်ဈေးနှင့် ကားငှား၍ရလေသည်။ ဟွန်း ရန်ကုန်မြို့ ကြီးမှာ Taxi ငှားရင် ဈေးစစ်ရမယ်။ ဈေးမှန်ပြောတဲ့ ကားသမားက ရှားတယ်။ နီစွေးကားနောက်ခန်းတွင် ဝင်ထိုင်ပြီးနောက်တွေးသည့် အတွေး။
"Dark Side တဲ့လား... သူက Psycho မှန်း ငါကောင်းကောင်းသိတာပေါ့ ငါ ဖန်တီးထားတာပဲဟာ..."
နီစွေး မီးပွိုင့်နီနေသည်ကို မမှိတ်မသုန်ကြည့်ကာ မည်သူမှမကြားနိုင်လောက်သည့် အသံဖြင့်ရေရွတ်သည်။ Vincent အကြောင်းကို အသိဆုံးသည်သူ။ သူ့ရှေ့တွင်ပင် Vincent သည် မျက်နှာဖုံးဖြင့်နေဆဲ။
Vincent သည် သူ့ကိုပင် မယုံသေးဘူးဆိုသည်ကို သူ သိသည်။ သူ့ကို ယုံကြည်လာအောင်လုပ်ဖို့လည်း သူ စိတ်ကူးမရှိ။ Vincent သည် ယခုလောကတွင်နေထိုင်သူ မဟုတ်။ သံယောဇဉ်ကြိုးတို့ မျှင်တန်းအောင်လည်း သူ လုပ်ရန်စိတ်မဝင်စား။ သူဆိုသည်က တစ်ယောက်ယောက်နှင့် ရစ်ပတ်ချည်နှောင်မိမည်ကို မုန်းသည့်သူလေ။
=========== Schmaltz ============
"ပြန်ရောက်ပြီလား..."
သူ ဖိနပ်ကြိုးဖြည်ရမည်ကိုပင် ပျင်းရိလွန်းသဖြင့် နံရံကို လက်တစ်ဖြင့်အားပြု တစ်ဖက်ခြေထောက်ဖြင့် ဖနောင့်နေရာကို နင်းကာ ငပျင်းချွတ်နည်းဖြင့်အတင်းကာရောဆွဲချွတ်နေသော်လည်း ဖိနပ်ကြိုးမဖြည်ထားသဖြင့် ချွတ်၍မရ။ နီစွေး ဖိနပ်ကို စိတ်ကောက်သည့် မျက်လုံးအစုံဖြင့် စူပုတ်ကာ ကြည့်နေစဉ်တွင် မေးခွန်းနှင့်အတူ သူ့ရှေ့ ဒူးတစ်ဖက်ထောက်ထိုင်ချကာ ဖိနပ်ကြိုးဖြည်ပေးလာသည့် Vincent...
"ရပြီ..."
နှစ်ဖက်လုံးကိုကြိုးဖြေပေးပြီးနောက် သူ့ကို မော့ကြည့်ကာ အပြုံးလင်းလင်းလေးဖြင့်ပြောလာသည့် Vincent... ထိုအပြုံးသည် မည်မျှနှစ်လိုဖွယ်ကောင်းသည်ကို သူ သိသည်။ အစစ်အမှန်မဟုတ်ဟူသည်ကိုလည်း သူ သိသေးသည်။
"အင်း ကျေးဇူးပဲ..."
သူ ဖိနပ်ချွတ်ပြီးသည်ကို စောင့်ပြီး စင်ပေါ်နေရာတကျတင်ပေးသည့် Vincent ကို သူ မထူးဆန်းသလိုကြည့်ကာ အိမ်ထဲသို့ဆက်ဝင်၏။ မည်သို့သော အမူအရာတို့ကမှ သူ့ကို တုန်လှုပ်စေနိုင်ခြင်း၊ ရင်ခုန်စေနိုင်ခြင်းမရှိ။ Vincent သည် ခံစားချက်မဲ့သည့် ဇာတ်ကောင်ဖြစ်နေခြင်းက သူ၏ အစိတ်အပိုင်းတစ်ခုကို ထည့်သွင်းထား၍။
"ကျွန်တော် ညနေစာ ဘာချက်ပေးရမလဲ..."
"အင်း... အရွက်တစ်ခုခု ကြော်လိုက်လေ..."
အများကြီး စဉ်းစားမနေဘဲ သူဖြေတော့ ခေါင်းလေးညိတ်လာသည့် Vincent... ခွေးပေါက်လေးလို အိပ်ခန်းဝထိ သူ့နောက် တကောက်ကောက်လိုက်လာသည့် Vincent ကို သူ လှည့်ကြည့်သည်။
အိပ်ခန်းဝမှ ရုတ်တရက် သူ့ဘက်မျက်နှာချင်းဆိုင် လှည့်လာသည့် နီစွေးကြောင့် Vincent ခြေလှမ်းတို့ကို ရပ်၏။ သူ နီစွေးနှင့်ဝင်မတိုက်လို။ နီစွေးက သူ့ထက်သေးကွေးသည့် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသဖြင့် အမှတ်မထင်ဝင်ဆောင့်မိလျှင် နီစွေးနာကျင်သွားလိမ့်မည်။
"ခေါင်းငုံ့..."
လက်ကိုလှမ်းကာ ပြောလာသည့် နီစွေးကြောင့် Vincent ယောင်နနဖြင့် ခေါင်းငုံ့ပေး၏။ ခေါင်းငုံ့ထားရင်းမှ သူ့မျက်လုံးတို့ဝိုင်းစက်သွားရသည်။ နီစွေးသည် သူ့ဆံပင်တို့ကို ထိုးဖွနေသည်။
"ရပြီ အိမ်မှာ လိမ်လိမ်မာမာနေလို့ မင်းကို Reward ပေးတာ... ငါရေချိုးလိုက်ဦးမယ် ညနေစာ ပြင်ထားပေးမယ် မဟုတ်လား..."
ဗိုက်မဆာသော်လည်း အခန်းထဲထိ လိုက်မလာစေချင်သေးသဖြင့် နီစွေး အလိမ္မာသုံးကာ ပထုတ်သည်။ Vincent သည် မရိပ်မိ။ သူ အံ့သြနေသလို သူ့ရင်သည်လည်း နွေးခနဲ။ နီစွေးသည် သူ လိမ္မာမည်ဆိုလျှင် အမြဲတမ်း ထိုသို့လုပ်ပေးမည်လား။
တစ်စုံတစ်ယောက်က သူ့ကိုထိတွေ့ခြင်းသည် သူ့ကို ဒဏ်ရာတို့ပေးဖို့ဟုသာ သူ ယုံကြည်ထားသဖြင့် မည်သူတစ်ဦးကိုမှ သူ့အသားကို ထိခွင့်သူ မပြုခဲ့။ ထို့အတွက် တစ်ဦးတစ်ယောက်သည် မိမိကို ယခုလိုပြုမူခြင်းက ထိုမျှထိ နူးညံ့သိမ်မွေ့ပြီး တသိမ့်သိမ့်လှုပ်ရှားစေနိုင်သည့် စိတ်ခံစားချက်ကို ပေးတတ်သည်ကို သူ မသိခဲ့။ ထိုခံစားချက်ကို ခံစားရသည်က နီစွေး ဖြစ်နေသည်မို့လား။
"ဟုတ် ကျွန်တော်ပြင်ထားလိုက်မယ်..."
အတွေးကိုရပ်ကာ နီစွေးကို သူ ဖြေသည်။ နီစွေးသည် အရေးကြီးသည်။ ထို့အတွက် နီစွေးမေးခွန်းကို သူ ချက်ချင်းဖြေသည်။
"အင်း ငါရေချိုးလိုက်ဦးမယ်..."
ပြောပြီးနောက် အခန်းထဲသို့ဝင်သွားသည့် နီစွေး။ Vincent သည်လည်း နီစွေးအလိုကျ ညနေစာပြင်ရန် မီးဖိုခန်းဘက်သို့ ဦးတည်လေသည်။
အခန်းတွင်းတွင် အပေါ်ဝတ်ကိုချွတ်ပြီးနောက် နီစွေး သူ့လက်ကိုသူ ပြန်ကြည့်၏။ ထိုကောင်လေး၏ ခေါင်းကို ကိုင်ထားသည့်လက်။ ယုယ၏ ခေါင်းကို ဖွတုန်းက လက်သည် ထိုလက်မဟုတ်။
"ဘယ်တုန်းက ငါက အခုလို အရေးမပါတဲ့ အမူအကျင့်တွေကို ဂရုစိုက်တတ်သွားတာလဲ..."
နီစွေး ခံစားချက်မဲ့သောအသံမျိုးဖြင့် ရေရွတ်လေသည်။
================================