ကိုယ္ေစာင့္နတ္ Bro (OC)
အလုပ္က ျပန္ေရာက္ေရာက္ခ်င္း ေက်ာပိုးအိတ္ေပ်ာ့ေလးကို ခံုေပၚနြမ္းလ်စြာခ်သည္
သူမ သမီးက ေအာက္ကေန ေညာင္ ဟု
ေအာ္ျပီး အစာေတာင္းေတာ့ သူမ အလို
မက်စြာ မ်က္ေမွာင္ျကုတ္ျပီေလ။
ကြ်န္ေတာ္ ဒီအတိုင္းသာျကည့္ေန
လိုက္သည္။
အဝတ္လဲဖို့ သူမ အိမ္ေနာက္ထဲ ဝင္သြား
သည္။ လိုက္မသြားျဖစ္။ လိုက္ဖို့ရာလည္း
မသင့္ဘူး မလား။
သူမ သမီးမွာလည္း တေကာက္
ေကာက္လိုက္ကာ အစာေတာင္းေနဆဲ
"ေကြ်းပါ့မယ္ ဟာ…ငါ အဝတ္ေလးေတာ့
လဲ ပါရေစဦး"
သံရွည္ဆြဲေျပာေနေသာ အသံေျကာင့္ ျပံဳး
မိေသးသည္။ ခဏျကာေတာ့ ထမင္းအိုး
ဖြင့္သံ ဘာညာနဲ႔ သူမ သမီးရဲ႕ တေညာင္
ေညာင္သံလည္း ျငိမ္သြား၏။
ဝတ္ေနက်ဖ်င္ျကမ္း ေဘာင္းဘီရွည္ျကီး
နွင့္ အလြန္ျကီးေသာTeeကို ဖို့ယို့ဖားယား
ဝတ္ထားလ်က္ ေလးတိေလးကန္ေျခလွမ္း
မ်ားျဖင့္အိမ္ေရွ႕ ျပန္ထြက္လာသည္။
ဟိုေန့က ရထားေသာ ေျခေထာက္ကဒဏ္
ရာေျကာင့္ ေထာ့ခ်ိုးေလးလည္းျဖစ္ေန
ေသး၏။
အိတ္ထဲမွ ဖုန္းနဲ႔ ကားေပၚမွာ ဖတ္ဖို့ယူ
သြားေသာ စာအုပ္ကိုထုတ္သည္။
အားသြင္းျကိုးကို လည္တြင္သိုင္းရင္း
ထပ္ခိုးေလးေပၚ ထပ္သြားသည္။ ဘာမွ
မေျပာ။ သူမက သိပ္ကို တိတ္ဆိတ္လြန္း
တဲ့ ကေလးမပဲ။
မျကာဘူး ေမွာင္ေနေသာ ထပ္ခိုးခန္းေလး
မီးလင္းလာသည္။ ဇာျခင္ေထာင္ နီေလး
ထဲ လွဲေနေသာ သဏၭာန္ေလး…
စာအုပ္ကိုေဘးခ်ျပီး ဖုန္းပြတ္သည္။ ေဘး
နားမွ ေငးရင္း သူမအျပံဳးေတြကို မွွ်ေဝမိ၏
သူမျကည့္ေနက် စာမ်က္ႏွာမ်ားထဲ တြင္ သူမ ျမင္ခ်င္တာသာျကည့္ျပီး က်န္တာ
အကုန္ဆြဲခ်သည္။ သူမ သေဘာက်သည္
မ်ားကို ျမင္ရင္ အေပၚေအာက္ေရြ႕
ေနေသာ မ်က္ႏွာျပင္ကို ရပ္ပစ္လိုက္ကာ
ျကည့္ျပီး ရယ္တတ္သည္။
ဒီေန့အတြက္ သူမ ေတြ႔ခ်င္သူမ်ား၏
သတင္းအစံုကို လိုက္မီျပီဆိုမွ…ဖုန္းကိုခ်ကာေဘးက စာအုပ္ကိုေကာက္ဖြင့္သည္။
ျငိမ္လြန္းမက ျငိမ္သက္သြားသည္။ေခါင္း
အံုးနီနီေပၚ ေပ်ာ့က်ေနေသာ ဆံသားမ်ား
ကို ဒီမနက္ေလးတင္မွ သူမေလွ်ာ္ထားခဲ့
တာ။ ေနနံ႔ ေမႊးေနေသာ ေခါင္းအံုးထက္မွ
ဆံသားနက္နက္ေပ်ာ့ေပ်ာ့မ်ားကို
ျငင္သာစြာသပ္ေပးရင္း ေအးေနေသာ ေခါင္းကိုလည္း ခပ္ဖြဖြ ပုတ္ေပးေနမိ၏။
သူမ၏ အျမဲေအးေနတတ္ေသာ ဦးေရျပား
ကို ကြ်န္ေတာ္ ႏွစ္သက္သည္။
စာမ်က္ႏွာေပါင္းမ်ားစြာ ျဖတ္ေက်ာ္အျပီး
ထိ သူမ အနားမွ မခြာျဖစ္။ စာဖတ္မီးအ
လင္းေရာင္ေအာက္တြင္မူကား
စာေရးသူ၏ ကြန့္ျမူးမႈအလိုက္ ေျပာင္းလဲတတ္ေသာ သူမ၏ မ်က္ႏွာထားကို
သေဘာတက်ငံု့၍သာျကည့္ေနမိသည္။
ခဏျကာေတာ့ ဖုန္းဖြင့္ကာ နာရီျကည့္၏
စာအုပ္ခ်ျပီး ဗိုက္ေလးကို ကိုင္ေနသည္
သိတယ္ သူမ ညစာစားေရးမစားေရး ေတြေဝေနျပီ။
ဗိုက္ဆာရင္ စားေပါ့…
တိုက္တြန္းစကား ဆိုျကည့္သည္။
မျကားမွန္းသိေပမဲ့ အက်င့္ကပါေနျပီ။
ေအာက္ဆင္းျပီး မူပိုင္ျကက္ဥ
ေျကာ္နံ႕ရ၏။
ထမင္းစားျပီးျပီးခ်င္း အခန္းထဲ ျပန္ဝင္ေခြ
တတ္တာကို မျကိုက္ေပမဲ့ မေျပာျဖစ္
စာအုပ္ျပန္မကိုင္ခင္ နာရီျကည့္သည္
မ်က္လံုးမ်ားကို မွိတ္ပစ္၏။
"စာမေရးခ်င္ဘူး…Scriptေတြေရးရမွာ
ပ်င္းေနတယ္"
ခပ္တိုးတိုးျငီးရင္း ခႏၶာကိုယ္ကို
ေကြးညြတ္ျပီး မ်က္လံုးမ်ားကို
မွိတ္ထားျပန္၏။
ေဘးတေစာင္းအေနအထားႏွင့္
ေသးေသးေလးျဖစ္ေနေသာ သူမကို
ျကည့္ရင္းရယ္မိသည္။ ဤအမ်ိုးသမီး
ငယ္ေလးဟာ
တစ္ခါတေလ အရမ္းပ်င္းတတ္၏
အထူးသျဖင့္သူ့စိတ္အတိုင္း လုပ္ေနရ
တာ မဟုတ္တဲ့ အလုပ္ေတြမွာေပါ့။
ထပ္မံကာ ဆံပင္ေပ်ာ့မ်ားကို ပြတ္သပ္
ေပးေနမိသည္။
"မေရးခ်င္ဘူး" အသံတိုးတိုးေလးႏွင့္
ညည္းညူပံုက ေက်ာင္းမသြားခ်င္တဲ့
ကေလးတစ္ေယာက္ ညည္းညူပံုအတိုင္း
သူ သေဘာတက်ရယ္ရင္း ေခါင္းေလးကို
ထပ္ပုတ္ေပးေနမိသည္။
"ျဖည္းျဖည္းခ်င္းလုပ္ေပါ့…ခု ခဏနား
ရင္နားလို့ရတာပဲ"
ဘယ္ေတာ့ မဆို ေက်ာခိုင္းထားတတ္သူ
သည္ ခုခါတြင္ေတာ့ ညာဖက္ျခမ္းကို
လွည့္လာ၍ သူ အင္း သူတို့ကရင္ခုန္
တယ္ဆိုတာမ်ိုးမရွိေပမဲ့
အထိတ္တလန့္ ကိုယ္ကိုေနာက္ဆုတ္မိ
သည္။ သူမသည္ကား သူ့လက္အေငြ႔အသက္ကိုခံစားေနမိသည့္အလား သူ့လက္ရွိရာသို့ေခါင္းဝင္တိုးသည္။
သူမ သိေနတာလား။ သူဇေဝဇဝါႏွင့္ သူမ
ေခါင္းေလးကို ထပ္ပုတ္ျကည့္သည္။
ထပ္တိုးမဝင္ေတာ့ဘဲ ျငိမ္သက္သြားျပီး
ခႏၶာကိုယ္ေသးေသးေလး က်ံဳဝင္သြား
၏။
"ခဏပါပဲ…ခဏေလး အိပ္ခ်င္တယ္"
သူမကိုယ္သူမခြင့္ေတာင္းသလိုေျပာရင္း
အသက္ရႈသံ တိုးညင္းညင္းေလးနဲ႔ ျငိမ္
သက္သြားသည္။ သူ့တာဝန္အတိုင္း သူမ
ေခါင္းေလးကိုသာ ပုတ္ေပးေနမိသည္
အင္း ဒီမိန္းမငယ္ေလး သူ့ကိုမသိ
ေလာက္ေပမဲ့လို့ ဒီလိုေတြျဖစ္တိုင္း
သူလုပ္ေပးနိုင္တာ ဒီတစ္ခုတည္းမို့
လိုေပါ့…
သူက မိန္းမငယ္ေလးေရးတဲ့ စာေတြကို
လည္း မဖတ္နိုင္ေတာ့ သူမကို ေရးပါရယ္
လို့လည္း တိုက္တြန္းရမွာ အားနာတယ္
ပ်င္းနိုင္သေလာက္ ပ်င္းပါေစေပါ့…
ဟုတ္ပါတယ္။ ကိုယ္ေစာင့္နတ္Broက
ငယ္ေရးေနတာေတြကို ဘယ္ေတာ့မွ
ဖတ္တတ္ေအာင္မွ မျကိုးစားခဲ့တာ
ဒီလိုပါပဲ နားနားရွိေနရင္းမွ မနီးနိုင္သူေတြ
ျကား ဘံုလႊာေတြျခား…
Unicode
ကိုယ်စောင့်နတ် Bro (OC)
အလုပ်က ပြန်ရောက်ရောက်ချင်း ကျောပိုးအိတ်ပျော့လေးကို ခုံပေါ်နွမ်းလျစွာချသည်
သူမ သမီးက အောက်ကနေ ညောင် ဟု
အော်ပြီး အစာတောင်းတော့ သူမ အလို
မကျစွာ မျက်မှောင်ကြုတ်ပြီလေ။
ကျွန်တော် ဒီအတိုင်းသာကြည့်နေ
လိုက်သည်။
အဝတ်လဲဖို့ သူမ အိမ်နောက်ထဲ ဝင်သွား
သည်။ လိုက်မသွားဖြစ်။ လိုက်ဖို့ရာလည်း
မသင့်ဘူး မလား။
သူမ သမီးမှာလည်း တကောက်
ကောက်လိုက်ကာ အစာတောင်းနေဆဲ
"ကျွေးပါ့မယ် ဟာ…ငါ အဝတ်လေးတော့
လဲ ပါရစေဦး"
သံရှည်ဆွဲပြောနေသော အသံကြောင့် ပြုံး
မိသေးသည်။ ခဏကြာတော့ ထမင်းအိုး
ဖွင့်သံ ဘာညာနဲ့ သူမ သမီးရဲ့ တညောင်
ညောင်သံလည်း ငြိမ်သွား၏။
ဝတ်နေကျဖျင်ကြမ်း ဘောင်းဘီရှည်ကြီး
နှင့် အလွန်ကြီးသောTeeကို ဖို့ယို့ဖားယား
ဝတ်ထားလျက် လေးတိလေးကန်ခြေလှမ်း
များဖြင့်အိမ်ရှေ့ ပြန်ထွက်လာသည်။
ဟိုနေ့က ရထားသော ခြေထောက်ကဒဏ်
ရာကြောင့် ထော့ချိုးလေးလည်းဖြစ်နေ
သေး၏။
အိတ်ထဲမှ ဖုန်းနဲ့ ကားပေါ်မှာ ဖတ်ဖို့ယူ
သွားသော စာအုပ်ကိုထုတ်သည်။
အားသွင်းကြိုးကို လည်တွင်သိုင်းရင်း
ထပ်ခိုးလေးပေါ် ထပ်သွားသည်။ ဘာမှ
မပြော။ သူမက သိပ်ကို တိတ်ဆိတ်လွန်း
တဲ့ ကလေးမပဲ။
မကြာဘူး မှောင်နေသော ထပ်ခိုးခန်းလေး
မီးလင်းလာသည်။ ဇာခြင်ထောင် နီလေး
ထဲ လှဲနေသော သဏ္ဌာန်လေး…
စာအုပ်ကိုဘေးချပြီး ဖုန်းပွတ်သည်။ ဘေး
နားမှ ငေးရင်း သူမအပြုံးတွေကို မျှဝေမိ၏
သူမကြည့်နေကျ စာမျက်နှာများထဲ တွင် သူမ မြင်ချင်တာသာကြည့်ပြီး ကျန်တာ
အကုန်ဆွဲချသည်။ သူမ သဘောကျသည်
များကို မြင်ရင် အပေါ်အောက်ရွေ့
နေသော မျက်နှာပြင်ကို ရပ်ပစ်လိုက်ကာ
ကြည့်ပြီး ရယ်တတ်သည်။
ဒီနေ့အတွက် သူမ တွေ့ချင်သူများ၏
သတင်းအစုံကို လိုက်မီပြီဆိုမှ…ဖုန်းကိုချကာဘေးက စာအုပ်ကိုကောက်ဖွင့်သည်။
ငြိမ်လွန်းမက ငြိမ်သက်သွားသည်။ခေါင်း
အုံးနီနီပေါ် ပျော့ကျနေသော ဆံသားများ
ကို ဒီမနက်လေးတင်မှ သူမလျှော်ထားခဲ့
တာ။ နေနံ့ မွှေးနေသော ခေါင်းအုံးထက်မှ
ဆံသားနက်နက်ပျော့ပျော့များကို
ငြင်သာစွာသပ်ပေးရင်း အေးနေသော ခေါင်းကိုလည်း ခပ်ဖွဖွ ပုတ်ပေးနေမိ၏။
သူမ၏ အမြဲအေးနေတတ်သော ဦးရေပြား
ကို ကျွန်တော် နှစ်သက်သည်။
စာမျက်နှာပေါင်းများစွာ ဖြတ်ကျော်အပြီး
ထိ သူမ အနားမှ မခွာဖြစ်။ စာဖတ်မီးအ
လင်းရောင်အောက်တွင်မူကား
စာရေးသူ၏ ကွန့်မြူးမှုအလိုက် ပြောင်းလဲတတ်သော သူမ၏ မျက်နှာထားကို
သဘောတကျငုံ့၍သာကြည့်နေမိသည်။
ခဏကြာတော့ ဖုန်းဖွင့်ကာ နာရီကြည့်၏
စာအုပ်ချပြီး ဗိုက်လေးကို ကိုင်နေသည်
သိတယ် သူမ ညစာစားရေးမစားရေး တွေဝေနေပြီ။
ဗိုက်ဆာရင် စားပေါ့…
တိုက်တွန်းစကား ဆိုကြည့်သည်။
မကြားမှန်းသိပေမဲ့ အကျင့်ကပါနေပြီ။
အောက်ဆင်းပြီး မူပိုင်ကြက်ဥ
ကြော်နံ့ရ၏။
ထမင်းစားပြီးပြီးချင်း အခန်းထဲ ပြန်ဝင်ခွေ
တတ်တာကို မကြိုက်ပေမဲ့ မပြောဖြစ်
စာအုပ်ပြန်မကိုင်ခင် နာရီကြည့်သည်
မျက်လုံးများကို မှိတ်ပစ်၏။
"စာမရေးချင်ဘူး…Scriptတွေရေးရမှာ
ပျင်းနေတယ်"
ခပ်တိုးတိုးငြီးရင်း ခန္ဓာကိုယ်ကို
ကွေးညွတ်ပြီး မျက်လုံးများကို
မှိတ်ထားပြန်၏။
ဘေးတစောင်းအနေအထားနှင့်
သေးသေးလေးဖြစ်နေသော သူမကို
ကြည့်ရင်းရယ်မိသည်။ ဤအမျိုးသမီး
ငယ်လေးဟာ
တစ်ခါတလေ အရမ်းပျင်းတတ်၏
အထူးသဖြင့်သူ့စိတ်အတိုင်း လုပ်နေရ
တာ မဟုတ်တဲ့ အလုပ်တွေမှာပေါ့။
ထပ်မံကာ ဆံပင်ပျော့များကို ပွတ်သပ်
ပေးနေမိသည်။
"မရေးချင်ဘူး" အသံတိုးတိုးလေးနှင့်
ညည်းညူပုံက ကျောင်းမသွားချင်တဲ့
ကလေးတစ်ယောက် ညည်းညူပုံအတိုင်း
သူ သဘောတကျရယ်ရင်း ခေါင်းလေးကို
ထပ်ပုတ်ပေးနေမိသည်။
"ဖြည်းဖြည်းချင်းလုပ်ပေါ့…ခု ခဏနား
ရင်နားလို့ရတာပဲ"
ဘယ်တော့ မဆို ကျောခိုင်းထားတတ်သူ
သည် ခုခါတွင်တော့ ညာဖက်ခြမ်းကို
လှည့်လာ၍ သူ အင်း သူတို့ကရင်ခုန်
တယ်ဆိုတာမျိုးမရှိပေမဲ့
အထိတ်တလန့် ကိုယ်ကိုနောက်ဆုတ်မိ
သည်။ သူမသည်ကား သူ့လက်အငွေ့အသက်ကိုခံစားနေမိသည့်အလား သူ့လက်ရှိရာသို့ခေါင်းဝင်တိုးသည်။
သူမ သိနေတာလား။ သူဇဝေဇဝါနှင့် သူမ
ခေါင်းလေးကို ထပ်ပုတ်ကြည့်သည်။
ထပ်တိုးမဝင်တော့ဘဲ ငြိမ်သက်သွားပြီး
ခန္ဓာကိုယ်သေးသေးလေး ကျုံဝင်သွား
၏။
"ခဏပါပဲ…ခဏလေး အိပ်ချင်တယ်"
သူမကိုယ်သူမခွင့်တောင်းသလိုပြောရင်း
အသက်ရှုသံ တိုးညင်းညင်းလေးနဲ့ ငြိမ်
သက်သွားသည်။ သူ့တာဝန်အတိုင်း သူမ
ခေါင်းလေးကိုသာ ပုတ်ပေးနေမိသည်
အင်း ဒီမိန်းမငယ်လေး သူ့ကိုမသိ
လောက်ပေမဲ့လို့ ဒီလိုတွေဖြစ်တိုင်း
သူလုပ်ပေးနိုင်တာ ဒီတစ်ခုတည်းမို့
လိုပေါ့…
သူက မိန်းမငယ်လေးရေးတဲ့ စာတွေကို
လည်း မဖတ်နိုင်တော့ သူမကို ရေးပါရယ်
လို့လည်း တိုက်တွန်းရမှာ အားနာတယ်
ပျင်းနိုင်သလောက် ပျင်းပါစေပေါ့…
ဟုတ်ပါတယ်။ ကိုယ်စောင့်နတ်Broက
ငယ်ရေးနေတာတွေကို ဘယ်တော့မှ
ဖတ်တတ်အောင်မှ မကြိုးစားခဲ့တာ
ဒီလိုပါပဲ နားနားရှိနေရင်းမှ မနီးနိုင်သူတွေ
ကြား ဘုံလွှာတွေခြား…