Deep Inside My Heart βœ…

By _KimAlice_

24.6K 3K 484

Main Cast - Kim Seokjin X OC Genre - Mystery , Drama { Zaw Gyi + Unicode } -Written in Burmese- More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 15
Part 16
Part 17
Part 18
Coming Soon
Part 19
Part 20
Part 21
Part 22
FINAL

Part 14

715 131 22
By _KimAlice_

(Zaw Gyi)    

က်စ္!

ဟာကြာ...ေခါင္းထဲက ဘာမွလည္းထြက္မလာပါလား။

မနက္ျဖန္တြင္ အၿပီးတင္ရေတာ့မည္ျဖစ္သည့္ ဝတၳဳတို၏ ဇာတ္သိမ္းပိုင္းကို Seokjin အၿပီးသတ္ ေရးေနျခင္းျဖစ္သည္။
မနက္က Jungkook လာၿပီးကတည္းက စိတ္ေတြက အစိုးမရ။

သူ၏စိတ္ထဲ၌ ဝတၳဳအေၾကာင္းႏွင့္ ပတ္သက္၍ အခ်က္အလက္တစ္စက္ကေလးမွ မရွိျဖစ္ေနသေလာက္ ထိုစာရြက္ႏွင့္လက္စြပ္ကေလးဟာေတာ့ ဲအာရံုထဲ အျပည့္အဝေနရာယူလို႔ထားသည္။

ေန႔လည္ထမင္းစားၿပီးကတည္းက Seokjin ဤစာေရးစားပြဲ၌ ထိုင္ေနသည္မွာ တစ္နာရီ ေက်ာ္ေက်ာ္ပင္ ၾကာျမင့္ေနေလၿပီ။
သို႔ေသာ္ စာတစ္ေၾကာင္းေလာင္ေတာင္ ေခါင္းထဲက ထြက္မလာခဲ့သည္မို႔ အေတာ္႐ူးခ်င္ေနၿပီျဖစ္သည္။

Han Yuri..။ Lee Jinyoung..။
ထိုနာမည္ႏွစ္ခုက အခ်ိန္တိုင္းေခါင္းထဲဝင္လာလ်က္ ေႏွာင့္ယွက္လို႔ေနေပသည္။

သူႏွင့္ ပတ္သက္ေနေသာ လူႏွစ္ေယာက္လံုး၏နာမည္တို႔က ဘယ္ကေပၚလာသည္မသိသည့္ စာရြက္အၿပဲေလးထဲ၌ ေရာက္ရွိေနျခင္းသည္ တိုက္ဆိုင္ျခင္းေတာ့ မဟုတ္ေလဘူးမလား...။

Yuri ကို စာရြက္ေလးအားသြားျပၿပီး ေမးျမန္းတိုင္ပင္ၾကည့္ရင္ေကာင္းမလား ဟု အေတြးတို႔က ဝင္လာေသးသည္။
သို႔ေသာ္ သူမ စိတ္အေႏွာင့္အယွက္ျဖစ္မွာလည္း စိုးရေသးသည္မို႔..။

တကယ္ ႐ူးေတာ့မွာပဲ...။

ေရခဲေသတၱာထဲမွ ေရခဲေရဘူးအား ထုတ္လိုက္ကာ အပူအပင္တစ္ခ်ိဳ႕ကို ေအးစက္စက္ေရတို႔ႏွင့္အတူ ေမွ်ာခ်ရင္း အနည္းငယ္ေျဖေဖ်ာက္လိုက္မိသည္။

                   🍀🍀🍀

အခန္းေထာင့္၌ထိုင္ကာ အရက္ပုလင္းတစ္ခ်ိဳ႕ႏွင့္ မူးယစ္ေနျပန္ေသာ Jinyoung ကိုၾကည့္ကာ SoAh စိတ္ညစ္ရျပန္သည္။

ေတာ္ေသးတယ္..။
မေန႔ညက ကိစၥေတြကို သူျပန္အစမေဖာ္ေတာ့လို႔။
အစ္ကို Seokjin ကို သူထပ္ၿပီး ရန္ရွာမွာစိုးတာ။

သူညတုန္းက ျပႆနာတက္တာေတြကို အမူးလြန္ၿပီး မမွတ္မိေတာ့တာမ်ားလား..။

ညတုန္းကေတာ့ ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ ျဖစ္ပ်က္ခဲ့သည့္ သူက အခုမနက္ႏိုးလာေတာ့ တည္တည္ၿငိမ္ၿငိမ္ႏွင့္ ဘာမွကိုစိတ္ထဲမထားေတာ့သလို...။

မျဖစ္ႏိုင္တာ..ညက ဒီေလာက္အႀကီးအက်ယ္ျပႆနာျဖစ္ခဲ့တာ သူကမမွတ္မိဘဲေနမလား..။
သူဘာေတြၾကံစည္ေနျပန္ၿပီလဲ မသိ။

ေသြးေအးေအးႏွင့္ ေသာက္စားေနသည့္ သူ႔ကိုၾကည့္ကာ ေၾကာက္စိတ္တို႔က တစိမ့္စိမ့္ျဖစ္လာရျပန္သည္။

" ဟဲ့...လာဦး! "

႐ုတ္တရက္ က်ယ္ေလာင္စြာ ထြက္ေပၚလာသည့္ လွမ္းေခၚသံေၾကာင့္ သူ႔ကို လွည့္ၾကည့္လိုက္မိ၏။
သူမအား ျပန္၍စူးစိုက္ၾကည့္ေနေသာ သူ႔မ်က္လံုးတို႔ကို ရင္မဆိုင္ရဲတာေၾကာင့္ ခ်က္ခ်င္းမ်က္လႊာခ်ကာ သူ႔ထံေလွ်ာက္သြားလိုက္သည္။

" ဘာေျပာမလို႔လဲ "

သူမဘက္မွ ေမးခြန္းထုတ္မိေတာ့ သူက လက္ထဲ၌ကိုင္ထားေသာ အရက္ပုလင္းကိုေျမႇာက္ျပၿပီး..

" ဒီမွာ ကုန္ေတာ့မယ္..
လမ္းထိပ္ကဆိုင္မွာ သြားထပ္ဝယ္ခဲ့..
ထမင္းသုပ္တစ္ပြဲနဲ႔ "

ထင္ထားသည့္အတိုင္း...။
SoAh ဒီလိုလူနဲ႔ ဘယ္လိုေရွ႕ဆက္ရပါ့မလဲ..။

" ငါ့ကို ေက်းဇူးျပဳၿပီး ကြာရွင္းေပးပါ "

မျဖစ္ႏိုင္မွန္းသိေသာ္လည္း ထပ္တလဲလဲျဖစ္ေနၿပီျဖစ္သည့္ ထိုစကားကို သူမ အရဲစြန္႔ကာ ေျပာမိျပန္ေတာ့ သိသိသာသာပင္ သူေဒါသထြက္သြားေလ၏။

သို႔ေသာ္ မၾကာလိုက္။ သူက သူမအား ၾကည့္ကာ ရယ္ေနျပန္သည္။

" ဟား..ဟား.."

တကယ္ အ႐ူးပဲ။

" မျဖစ္ႏိုင္မွန္းသိတယ္မလား
Kang SoAh
ဟား..
ဘယ္ေတာ့မွျဖစ္မလာႏိုင္တဲ့အရာကို ဘာလို႔မ်ား ေတာင္းဆိုေနရတာလဲကြာ "

" ဘာလို႔..ဘာလို႔ငါ့ကို အခုခ်ိန္ထိ လြတ္ေျမာက္ခြင့္မေပးတာလဲ
နင္မွငါ့ကိုမခ်စ္တာ.."

" အဟား...ဟုတ္တယ္ ငါမင္းကို မခ်စ္ဘူး
ဒါေပမယ့္လည္း မကြာရွင္းေပးႏိုင္ဘူး..
ဘာလို႔ဆို မင္းက ငါခိုင္းသမွ်လုပ္ေပးတယ္ ငါ့စကားနားေထာင္တယ္ ငါ့အတြက္ဆို ဘာျဖစ္ျဖစ္လုပ္ေပးမယ့္မိန္းမမ်ိဳးဆိုေတာ့ အဟက္ သိတယ္မလား..ငါ့အတြက္ ကစားရတာ ပိုၿပီးေပ်ာ္ဖို႔ေကာင္းတာေပါ့..ဒီလို သိတတ္တဲ့ အခိုင္းအေစမ်ိဳးရထားတာ ငါကံေကာင္းတယ္ဟ"

ျဖန္း...

သူ႔ဆီမွ စကားဆံုးေတာ့ သူမလက္က အလိုေလ်ာက္ပင္ သူ႔ပါးျပင္ထက္သို႔ အားျပင္းျပင္းႏွင့္က်ေရာက္သြားၿပီျဖစ္သည္။

" နင္ အဲ့ေလာက္ထိ ေအာက္တန္းက်ရလား!
႐ူးေနၿပီပဲ Jinyoung..နင္တကယ္႐ူးေနၿပီ "

SoAh ထိန္းထားသည့္ၾကားက မ်က္ရည္တို႔က အဆက္မျပတ္စီးက်လို႔လာျပန္သည္။

" ဟုတ္တယ္..ငါက အ႐ူးပဲ
ငိုေလ ငိုစမ္းပါ Kang SoAh!
မင္းဘယ္လိုမွငါ့ဆီက ထြက္မေျပးႏိုင္ဘူး
ဟား..ငိုလိုက္စမ္းပါ..မင္းမ်က္ရည္က်ရင္ ငါရဲ႕ကစားပြဲက ပိုၿပီးေပ်ာ္စရာေကာင္းလြန္းလို႔..ဟား..ဟား "

သူ႔ရဲ႕က်က္သေရမရွိ ရယ္ေမာကာ ေလွာင္ေျပာင္ေနသည့္ မ်က္ႏွာကို SoAh ဆက္မၾကည့္ခ်င္ေတာ့တာမို႔ အခန္းထဲမွ ေျပးထြက္ခဲ့မိသည္။

သူကေတာ့ သူမအား ရယ္ေမာလ်က္ က်န္ခဲ့ေလ၏။

တစက္ၿပီးတစက္စီးက်ေနသည့္ မ်က္ရည္တို႔အား လက္ျဖင့္ခပ္ၾကမ္းၾကမ္းဖိသုတ္၍
တိုက္ေလွကားမွ တထစ္ၿပီးတထစ္ ေအာက္သို႔ေျပးဆင္းလ်က္...။

                   🍃🍃🍃

ဂ်ိမ္း...

မိုးၿခိမ္းသံတို႔က က်ယ္က်ယ္ေလာင္ေလာင္ႏွင့္ ေပၚထြက္လာေတာ့ ေမွာင္မည္းေနသည့္ ေကာင္းကင္က်ယ္ႀကီးကို SoAh ေမာ့ၾကည့္လိုက္မိသည္။

မိုးရြာေတာ့မယ္ ထင္ပါရဲ႕...။
သူမ၏အေတြးမဆံုးလိုက္..။
႐ုတ္ခ်ည္းရြာခ်လာသည့္ မိုးစက္မိုးေပါက္တို႔က ေတာ္ေတာ္သည္းေလေတာ့ မ်က္စိတစ္မွိတ္အတြင္း သူမ၏တစ္ကိုယ္လံုးစိုရႊဲလို႔သြား၏။

တကယ္ေအးသြားတာပဲ။

အိမ္ကေန တစ္လွမ္းခ်င္း ေျခဦးတည့္ရာအတိုင္း ေလွ်ာက္လာမိလိုက္တာ၊ သူမ ဘယ္ဆီသို႔သြားေနမိမွန္းေတာင္မသိ။
ျဖစ္ႏိုင္ရင္ Lee Jinyoung ဆိုတဲ့ သူနဲ႔ အေဝးဆံုးေသာ ေနရာတစ္ခုကို ေျပးထြက္သြားလိုက္ခ်င္တာ...။ သူနဲ႔ဘယ္ေတာ့မွ ထပ္ၿပီးမ်က္ႏွာခ်င္းမဆိုင္မိမယ့္ ေနရာတစ္ခုကိုေပါ့။

မိုးကလည္း မရြာတာၾကာၿပီမို႔လားမသိ။ ဒီကေန႔မွ သည္းသည္းမည္းမည္းႏွင့္ အညႇိဳးႀကီးစြာ ရြာလို႔ပါလား..။
မိုးေရထဲ တစ္ကိုယ္လံုးလည္း ရစရာမရွိရႊဲစိုေနေသာ သူမဟာေတာ့ တျဖည္းျဖည္းနွင့္ ခ်မ္းစျပဳလို႔လာၿပီျဖစ္သည္။
လက္ႏွစ္ဖက္ကိုသာ တစ္ဖက္ပုခံုးတစ္ဖက္ယွက္ကာ ပြတ္လ်က္ ကိုယ့္ကိုယ္ကိုေႏြးေထြးေအာင္ျပဳရင္း ထိုဦးတည္ရာမရွိေသာ ေနရာတစ္ခုဆီသို႔ ဆက္ေလွ်ာက္လာမိသည္။

႐ုတ္တရက္ေခါင္းေပၚသို႔အုပ္မိုးလာေလေသာ ထီးတစ္ေခ်ာင္းေၾကာင့္ ေဘးသို႔လွည့္ၾကည့္မိေတာ့...

" အစ္ကို "

အစ္ကို Seokjin က ဘာစကားမွမဆိုပဲ သူမလက္ထဲသို႔ ထီးကို ထည့္ေပးကာ ေဆာင္းေစၿပီး သူက အသင့္ပါလာေသာ ေနာက္ထီးတစ္ေခ်ာင္းကို ဖြင့္ေဆာင္းေလ၏။

" မိုးက ေတာ္ေတာ္သည္းေနတာ! ျပန္ရေအာင္ "

ေျပာၿပီး သူမေရွ႕မွ လွည့္ထြက္သြားေသာ သူ႔ေက်ာျပင္ကို ၾကည့္ကာ ဘာလုပ္ရမွန္းမသိ ေနရာမွာတင္ရပ္လ်က္က်န္ခဲ့မိ၏။

" အဲ့တိုင္းဆက္ရပ္ေနရင္ ဖ်ားသြားလိမ့္မယ္.."

ူူခပ္လွမ္းလွမ္းေရာက္ေနၿပီျဖစ္ေသာ သူက သည္းထန္စြာရြာသြန္းလ်က္ရွိေသာ မိုးသံကို ဖံုးအုပ္သြားေအာင္ အနည္းငယ္ အသံက်ယ္က်ယ္ျပဳလ်က္ သူမထံ လွည့္ေအာ္ေျပာလာသည္။
ၿပီးေနာက္ အစ္ကို Seokjin က သူမဆီမွ လႈပ္ရွားမႈမရွိမခ်င္း ရပ္ေစာင့္ေနသည္မို႔
သက္ျပင္းဖြဖြခ်လ်က္ သူရပ္ေနေသာ ေနရာဆီသို႔သာ ေလ်ွာက္သြားလိုက္ေတာ့သည္။

                   ☔☔☔

SoAh တို႔ ႏွစ္ေယာက္လံုး တိုက္ေအာက္သို႔ ေရာက္ေတာ့ မိုးပင္စဲလုနီးပါးျဖစ္သြားေလၿပီ။

သူမကေတာ့ တစ္ကိုယ္လံုးရႊဲစိုထားသည္မို႔ ခိုက္ခိုက္တုန္ေအာင္ မခ်မ္းရံုတမယ္။ နႈတ္ခမ္းတို႔ျပာႏွမ္းကာ ခႏၶာကိုယ္တစ္ခုလံုး ေတာ္ေတာ္ေလးေအးစက္လို႔ေနၿပီျဖစ္သည္။

" တက္ေတာ့ SoAh! ျမန္ျမန္လဲဖယ္ၿပီး ေရေတြေသခ်ာေျခာက္ေအာင္သုတ္..ၿပီးရင္ ေႏြးေႏြးေထြးေထြးေနလိုက္..
မဟုတ္ရင္ ညီမ ဖ်ားသြားလိမ့္မယ္"

အနည္းငယ္စိတ္ပူေနဟန္ရွိသည့္ အရိပ္အေယာင္တို႔က သူ႔မ်က္ႏွာ၌ အထင္းသား။
သူမဘာေတြျဖစ္ခဲ့တာလဲဆိုတာ မေမးေတာ့ဘူးလား အစ္ကို...။

" ညီမ ဘာေတြျဖစ္ခဲ့လဲဆိုတာ မေမးေတာ့ဘူးလား? "

သူမက သူ႔ကိုၾကည့္ကာ တိုးဖြဖြဆိုမိေတာ့ သူက ဘာမွျပန္မေျဖဘဲ မ်က္ႏွာကိုေအာက္ငံု႔လို႔ထားသည္။
ခဏၾကာေတာ့ သူမေမးခြန္းႏွင့္ မသက္ဆိုင္သည့္ အေၾကာင္းအရာတို႔ကို ႐ုတ္တရက္ဆိုသလို သူက ေျပာလာေလ၏။

" အရမ္းစိတ္ပူေနခဲ့တာ! မငိုပါနဲ႔လို႔မွာထားတာကို ထပ္ၿပီးစကားနားမေထာင္လို႔ေလ "

ေတာင္းပန္ပါတယ္..အစ္ကို႔စကားကို နားမေထာင္ႏိုင္ခဲ့လို႔..။

" ညီမ..."

" အေပၚတက္သင့္ၿပီ SoAh.."

ထပ္ၿပီးေတာ့ သူက သူမစကားကို ျဖတ္ေျပာလိုက္ျပန္သည္။

သူ႔ကို မ်က္ႏွာခ်င္းဆိုင္ၾကည့္လိုက္မိေတာ့ ဝမ္းနည္းရိပ္သန္းေနေလသည့္ သူ႔မ်က္ဝန္းတို႔ကို မျပလိုသည့္အတြက္လားမသိ၊
တစ္ဖက္သို႔ အနည္းငယ္မ်က္ႏွာလႊဲသြား၏။
ဘာစကားမွ ထပ္ၿပီးမဆိုလာေတာ့ၿပီမို႔ သူ၏ေျပာစကားအတိုင္း SoAh သူ႔ကိုေက်ာခိုင္းၿပီး အေပၚတက္ရန္သာ ဆံုးျဖတ္လိုက္ေတာ့သည္..။

အမွန္ေတာ့ SoAh သူ႔ကို ဖံုးကြယ္ကာ လွ်ိဳ႕ဝွက္ထားခဲ့မိတဲ့ ကိစၥကို ေျပာျပေတာ့မယ္လို႔ စဥ္းစားထားခဲ့တာ..။

သူမ အစ္ကို႔ကို ေသခ်ာေပါက္ အဲ့ဒီအေၾကာင္း ဖြင့္ေျပာလိုက္သင့္ၿပီမလား..။

To be continued......🌿

                                  ( 10.1.19 )
                                #Kim_Alice
______________________________
(Unicode)

ကျစ်!

ဟာကွာ...ခေါင်းထဲက ဘာမှလည်းထွက်မလာပါလား။

မနက်ဖြန်တွင် အပြီးတင်ရတော့မည်ဖြစ်သည့် ဝတ္ထုတို၏ ဇာတ်သိမ်းပိုင်းကို Seokjin အပြီးသတ် ရေးနေခြင်းဖြစ်သည်။
မနက်က Jungkook လာပြီးကတည်းက စိတ်တွေက အစိုးမရ။

သူ၏စိတ်ထဲ၌ ဝတ္ထုအကြောင်းနှင့် ပတ်သက်၍ အချက်အလက်တစ်စက်ကလေးမှ မရှိဖြစ်နေသလောက် ထိုစာရွက်နှင့်လက်စွပ်ကလေးဟာတောဲ့အာရုံထဲ အပြည့်အဝနေရာယူလို့ထားသည်။

နေ့လည်ထမင်းစားပြီးကတည်းက Seokjin ဤစာရေးစားပွဲ၌ ထိုင်နေသည်မှာ တစ်နာရီ ကျော်ကျော်ပင် ကြာမြင့်နေလေပြီ။
သို့သော် စာတစ်ကြောင်းလောင်တောင် ခေါင်းထဲက ထွက်မလာခဲ့သည်မို့ အတော်ရူးချင်နေပြီဖြစ်သည်။

Han Yuri..။ Lee Jinyoung..။
ထိုနာမည်နှစ်ခုက အချိန်တိုင်းခေါင်းထဲဝင်လာလျက် နှောင့်ယှက်လို့နေပေသည်။

သူနှင့် ပတ်သက်နေသော လူနှစ်ယောက်လုံး၏နာမည်တို့က ဘယ်ကပေါ်လာသည်မသိသည့် စာရွက်အပြဲလေးထဲ၌ ရောက်ရှိနေခြင်းသည် တိုက်ဆိုင်ခြင်းတော့ မဟုတ်လေဘူးမလား...။

Yuri ကို စာရွက်လေးအားသွားပြပြီး မေးမြန်းတိုင်ပင်ကြည့်ရင်ကောင်းမလား ဟု အတွေးတို့က ဝင်လာသေးသည်။
သို့သော် သူမ စိတ်အနှောင့်အယှက်ဖြစ်မှာလည်း စိုးရသေးသည်မို့..။

တကယ် ရူးတော့မှာပဲ...။

ရေခဲသေတ္တာထဲမှ ရေခဲရေဘူးအား ထုတ်လိုက်ကာ အပူအပင်တစ်ချို့ကို အေးစက်စက်ရေတို့နှင့်အတူ မျှောချရင်း အနည်းငယ်ဖြေဖျောက်လိုက်မိသည်။

                   🍀🍀🍀

အခန်းထောင့်၌ထိုင်ကာ အရက်ပုလင်းတစ်ချို့နှင့် မူးယစ်နေပြန်သော Jinyoung ကိုကြည့်ကာ SoAh စိတ်ညစ်ရပြန်သည်။

တော်သေးတယ်..။
မနေ့ညက ကိစ္စတွေကို သူပြန်အစမဖော်တော့လို့။
အစ်ကို Seokjin ကို သူထပ်ပြီး ရန်ရှာမှာစိုးတာ။

သူညတုန်းက ပြဿနာတက်တာတွေကို အမူးလွန်ပြီး မမှတ်မိတော့တာများလား..။

ညတုန်းကတော့ ကြောက်ဖို့ကောင်းလောက်အောင် ဖြစ်ပျက်ခဲ့သည့် သူက အခုမနက်နိုးလာတော့ တည်တည်ငြိမ်ငြိမ်နှင့် ဘာမှကိုစိတ်ထဲမထားတော့သလို...။

မဖြစ်နိုင်တာ..ညက ဒီလောက်အကြီးအကျယ်ပြဿနာဖြစ်ခဲ့တာ သူကမမှတ်မိဘဲနေမလား..။
သူဘာတွေကြံစည်နေပြန်ပြီလဲ မသိ။

သွေးအေးအေးနှင့် သောက်စားနေသည့် သူ့ကိုကြည့်ကာ ကြောက်စိတ်တို့က တစိမ့်စိမ့်ဖြစ်လာရပြန်သည်။

" ဟဲ့...လာဦး! "

ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသည့် လှမ်းခေါ်သံကြောင့် သူ့ကို လှည့်ကြည့်လိုက်မိ၏။
သူမအား ပြန်၍စူးစိုက်ကြည့်နေသော သူ့မျက်လုံးတို့ကို ရင်မဆိုင်ရဲတာကြောင့် ချက်ချင်းမျက်လွှာချကာ သူ့ထံလျှောက်သွားလိုက်သည်။

" ဘာပြောမလို့လဲ "

သူမဘက်မှ မေးခွန်းထုတ်မိတော့ သူက လက်ထဲ၌ကိုင်ထားသော အရက်ပုလင်းကိုမြှောက်ပြပြီး..

" ဒီမှာ ကုန်တော့မယ်..
လမ်းထိပ်ကဆိုင်မှာ သွားထပ်ဝယ်ခဲ့..
ထမင်းသုပ်တစ်ပွဲနဲ့ "

ထင်ထားသည့်အတိုင်း...။
SoAh ဒီလိုလူနဲ့ ဘယ်လိုရှေ့ဆက်ရပါ့မလဲ..။

" ငါ့ကို ကျေးဇူးပြုပြီး ကွာရှင်းပေးပါ "

မဖြစ်နိုင်မှန်းသိသော်လည်း ထပ်တလဲလဲဖြစ်နေပြီဖြစ်သည့် ထိုစကားကို သူမ အရဲစွန့်ကာ ပြောမိပြန်တော့ သိသိသာသာပင် သူဒေါသထွက်သွားလေ၏။

သို့သော် မကြာလိုက်။ သူက သူမအား ကြည့်ကာ ရယ်နေပြန်သည်။

" ဟား..ဟား.."

တကယ် အရူးပဲ။

" မဖြစ်နိုင်မှန်းသိတယ်မလား
Kang SoAh
ဟား..
ဘယ်တော့မှဖြစ်မလာနိုင်တဲ့အရာကို ဘာလို့များ တောင်းဆိုနေရတာလဲကွာ "

" ဘာလို့..ဘာလို့ငါ့ကို အခုချိန်ထိ လွတ်မြောက်ခွင့်မပေးတာလဲ
နင်မှငါ့ကိုမချစ်တာ.."

" အဟား...ဟုတ်တယ် ငါမင်းကို မချစ်ဘူး
ဒါပေမယ့်လည်း မကွာရှင်းပေးနိုင်ဘူး..
ဘာလို့ဆို မင်းက ငါခိုင်းသမျှလုပ်ပေးတယ် ငါ့စကားနားထောင်တယ် ငါ့အတွက်ဆို ဘာဖြစ်ဖြစ်လုပ်ပေးမယ့်မိန်းမမျိုးဆိုတော့ အဟက် သိတယ်မလား..ငါ့အတွက် ကစားရတာ ပိုပြီးပျော်ဖို့ကောင်းတာပေါ့..ဒီလို သိတတ်တဲ့ အခိုင်းအစေမျိုးရထားတာ ငါကံကောင်းတယ်ဟ"

ဖြန်း...

သူ့ဆီမှ စကားဆုံးတော့ သူမလက်က အလိုလျောက်ပင် သူ့ပါးပြင်ထက်သို့ အားပြင်းပြင်းနှင့်ကျရောက်သွားပြီဖြစ်သည်။

" နင် အဲ့လောက်ထိ အောက်တန်းကျရလား!
ရူးနေပြီပဲ Jinyoung..နင်တကယ်ရူးနေပြီ "

SoAh ထိန်းထားသည့်ကြားက မျက်ရည်တို့က အဆက်မပြတ်စီးကျလို့လာပြန်သည်။

" ဟုတ်တယ်..ငါက အရူးပဲ
ငိုလေ ငိုစမ်းပါ Kang SoAh!
မင်းဘယ်လိုမှငါ့ဆီက ထွက်မပြေးနိုင်ဘူး
ဟား..ငိုလိုက်စမ်းပါ..မင်းမျက်ရည်ကျရင် ငါရဲ့ကစားပွဲက ပိုပြီးပျော်စရာကောင်းလွန်းလို့..ဟား..ဟား "

သူ့ရဲ့ကျက်သရေမရှိ ရယ်မောကာ လှောင်ပြောင်နေသည့် မျက်နှာကို SoAh ဆက်မကြည့်ချင်တော့တာမို့ အခန်းထဲမှ  ပြေးထွက်ခဲ့မိသည်။

သူကတော့ သူမအား ရယ်မောလျက် ကျန်ခဲ့လေ၏။

တစက်ပြီးတစက်စီးကျနေသည့် မျက်ရည်တို့အား လက်ဖြင့်ခပ်ကြမ်းကြမ်းဖိသုတ်၍
တိုက်လှေကားမှ တထစ်ပြီးတထစ် အောက်သို့ပြေးဆင်းလျက်...။

                   🍃🍃🍃

ဂျိမ်း...

မိုးခြိမ်းသံတို့က ကျယ်ကျယ်လောင်လောင်နှင့် ပေါ်ထွက်လာတော့ မှောင်မည်းနေသည့် ကောင်းကင်ကျယ်ကြီးကို SoAh မော့ကြည့်လိုက်မိသည်။

မိုးရွာတော့မယ် ထင်ပါရဲ့...။
သူမ၏အတွေးမဆုံးလိုက်..။
ရုတ်ချည်းရွာချလာသည့် မိုးစက်မိုးပေါက်တို့က တော်တော်သည်းလေတော့ မျက်စိတစ်မှိတ်အတွင်း သူမ၏တစ်ကိုယ်လုံးစိုရွှဲလို့သွား၏။

တကယ်အေးသွားတာပဲ။

အိမ်ကနေ တစ်လှမ်းချင်း ခြေဦးတည့်ရာအတိုင်း လျှောက်လာမိလိုက်တာ၊ သူမ ဘယ်ဆီသို့သွားနေမိမှန်းတောင်မသိ။
ဖြစ်နိုင်ရင် Lee Jinyoung ဆိုတဲ့ သူနဲ့ အဝေးဆုံးသော နေရာတစ်ခုကို ပြေးထွက်သွားလိုက်ချင်တာ...။ သူနဲ့ဘယ်တော့မှ ထပ်ပြီးမျက်နှာချင်းမဆိုင်မိမယ့် နေရာတစ်ခုကိုပေါ့။

မိုးကလည်း မရွာတာကြာပြီမို့လားမသိ။ ဒီကနေ့မှ သည်းသည်းမည်းမည်းနှင့် အညှိုးကြီးစွာ ရွာလို့ပါလား..။
မိုးရေထဲ တစ်ကိုယ်လုံးလည်း ရစရာမရှိရွှဲစိုနေသော သူမဟာတော့ တဖြည်းဖြည်းနှင့် ချမ်းစပြုလို့လာပြီဖြစ်သည်။
လက်နှစ်ဖက်ကိုသာ တစ်ဖက်ပုခုံးတစ်ဖက်ယှက်ကာ ပွတ်လျက် ကိုယ့်ကိုယ်ကိုနွေးထွေးအောင်ပြုရင်း ထိုဦးတည်ရာမရှိသော နေရာတစ်ခုဆီသို့ ဆက်လျှောက်လာမိသည်။

ရုတ်တရက်ခေါင်းပေါ်သို့အုပ်မိုးလာလေသော ထီးတစ်ချောင်းကြောင့် ဘေးသို့လှည့်ကြည့်မိတော့...

" အစ်ကို "

အစ်ကို Seokjin က ဘာစကားမှမဆိုပဲ သူမလက်ထဲသို့ ထီးကို ထည့်ပေးကာ ဆောင်းစေပြီး သူက အသင့်ပါလာသော နောက်ထီးတစ်ချောင်းကို ဖွင့်ဆောင်းလေ၏။

" မိုးက တော်တော်သည်းနေတာ! ပြန်ရအောင် "

ပြောပြီး သူမရှေ့မှ လှည့်ထွက်သွားသော သူ့ကျောပြင်ကို ကြည့်ကာ ဘာလုပ်ရမှန်းမသိ နေရာမှာတင်ရပ်လျက်ကျန်ခဲ့မိ၏။

" အဲ့တိုင်းဆက်ရပ်နေရင် ဖျားသွားလိမ့်မယ်.."

ူခပ်လှမ်းလှမ်းရောက်နေပြီဖြစ်သော သူက သည်းထန်စွာရွာသွန်းလျက်ရှိသော မိုးသံကို ဖုံးအုပ်သွားအောင် အနည်းငယ် အသံကျယ်ကျယ်ပြုလျက် သူမထံ လှည့်အော်ပြောလာသည်။
ပြီးနောက် အစ်ကို Seokjin က သူမဆီမှ လှုပ်ရှားမှုမရှိမချင်း ရပ်စောင့်နေသည်မို့
သက်ပြင်းဖွဖွချလျက် သူရပ်နေသော နေရာဆီသို့သာ လျှောက်သွားလိုက်တော့သည်။

                   ☔☔☔

SoAh တို့ နှစ်ယောက်လုံး တိုက်အောက်သို့ ရောက်တော့ မိုးပင်စဲလုနီးပါးဖြစ်သွားလေပြီ။

သူမကတော့ တစ်ကိုယ်လုံးရွှဲစိုထားသည်မို့ ခိုက်ခိုက်တုန်အောင် မချမ်းရုံတမယ်။ နှုတ်ခမ်းတို့ပြာနှမ်းကာ ခန္ဓာကိုယ်တစ်ခုလုံး တော်တော်လေးအေးစက်လို့နေပြီဖြစ်သည်။

" တက်တော့ SoAh! မြန်မြန်လဲဖယ်ပြီး ရေတွေသေချာခြောက်အောင်သုတ်..ပြီးရင် နွေးနွေးထွေးထွေးနေလိုက်..
မဟုတ်ရင် ညီမ ဖျားသွားလိမ့်မယ်"

အနည်းငယ်စိတ်ပူနေဟန်ရှိသည့် အရိပ်အယောင်တို့က သူ့မျက်နှာ၌ အထင်းသား။
သူမဘာတွေဖြစ်ခဲ့တာလဲဆိုတာ မမေးတော့ဘူးလား အစ်ကို...။

" ညီမ ဘာတွေဖြစ်ခဲ့လဲဆိုတာ မမေးတော့ဘူးလား? "

သူမက သူ့ကိုကြည့်ကာ တိုးဖွဖွဆိုမိတော့ သူက ဘာမှပြန်မဖြေဘဲ မျက်နှာကိုအောက်ငုံ့လို့ထားသည်။
ခဏကြာတော့ သူမမေးခွန်းနှင့် မသက်ဆိုင်သည့် အကြောင်းအရာတို့ကို ရုတ်တရက်ဆိုသလို သူက ပြောလာလေ၏။

" အရမ်းစိတ်ပူနေခဲ့တာ! မငိုပါနဲ့လို့မှာထားတာကို ထပ်ပြီးစကားနားမထောင်လို့လေ "

တောင်းပန်ပါတယ်..အစ်ကို့စကားကို နားမထောင်နိုင်ခဲ့လို့..။

" ညီမ..."

" အပေါ်တက်သင့်ပြီ SoAh.."

ထပ်ပြီးတော့ သူက သူမစကားကို ဖြတ်ပြောလိုက်ပြန်သည်။

သူ့ကို မျက်နှာချင်းဆိုင်ကြည့်လိုက်မိတော့ ဝမ်းနည်းရိပ်သန်းနေလေသည့် သူ့မျက်ဝန်းတို့ကို မပြလိုသည့်အတွက်လားမသိ၊
တစ်ဖက်သို့ အနည်းငယ်မျက်နှာလွှဲသွား၏။
ဘာစကားမှ ထပ်ပြီးမဆိုလာတော့ပြီမို့ သူ၏ပြောစကားအတိုင်း SoAh သူ့ကိုကျောခိုင်းပြီး အပေါ်တက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်..။

အမှန်တော့ SoAh သူ့ကို ဖုံးကွယ်ကာ လျှို့ဝှက်ထားခဲ့မိတဲ့ ကိစ္စကို ပြောပြတော့မယ်လို့ စဉ်းစားထားခဲ့တာ..။

သူမ အစ်ကို့ကို သေချာပေါက် အဲ့ဒီအကြောင်း ဖွင့်ပြောလိုက်သင့်ပြီမလား..။

To be continued......🌿

                                  ( 10.1.19 )
                                #Kim_Alice

Continue Reading

You'll Also Like

88.7K 9.7K 31
Cast - Min Yoongi x OC Genre - Romance
105K 8.6K 15
The Destiny Chose Us ❀
28.7K 3.2K 13
Casts- Jung Hoseok X oc We may hate each other but somehow we fell in love....πŸ’œ