Schmaltz [Own Creation]

By AnnaLynn666

229K 26.6K 1.4K

Schmaltz means artistic works, such as music or writing, that are intended to cause strong sad or romantic fe... More

Disclaimer! ဖတ္ေစခ်င္ပါတယ္!
Prologue
Part - 1 : The Character who transmigrate...
Part - 2 : The Author and The Protagonist
Part - 3 : Because you are my son!
Part - 4 : Am I the wife or the son?
Part -5 : Skin Contact Problem...
Part - 6 : He is the sky and the world
Part - 7 : His Image
Part - 9 : He is swinging both ways...
Part - 10 : His Job...
Part - 11 : Small Gestures...
Part - 12 : I got too many questions when it comes to you!
Part - 13 : Attachment...
Part - 14 : Transmigration Research
Part - 15 : He paints my world...
Part - 16 : Giving Encouragement...
Part - 17 : I don't want to go back
Part - 18 : Impossible! I encounter Blockage?
Part - 19 : The Reason of Blockage
Part - 20 : He who can't create...
Part - 21 : A stubborn confession...
Part - 22 : He always see through me...
Part - 23 : If you don't serious on me, I might get a taste you...
Part - 24 : He is just paranoid
Part - 25 : Write About Us
Part - 26 : Schmaltz is his last work!
Part - 27 : Emotions...
Part - 28 : He who had always left behind
Part - 29 : He who knows his little secret...
Part - 30 : I love you so much so can't you love me a little bit?
Part - 31 : Utopia
Part - 32 : All I can do is say I love you...
Part - 33 : I'll train your body so that you can only accept me.
Part - 34 : His Scheme
Part - 35 : I know he is not fully honest with me.
Part - 36 : I want to leave you because I don't want you to vanish forever
Part - 37 : I know everything but I don't mind.
Part - 38 : The end of his Schmaltz (Final)
Epilogue
Extra : Yes Your Higness, this servant of yours gladly accept the punishment.
Announcement
Novel Release
Comic Book Publishing
Comic V2 Ordering

Part - 8 : He lives with someone?

4K 678 9
By AnnaLynn666

Zawgyi

"ငါ အခု အျပင္သြားလိုက္ဦးမယ္..."

"ဟုတ္..."

သူ ထိုကမ႓ာသို႔ေရာက္ေနသည္က ရက္သတၱပတ္အနည္းငယ္ ၾကာျမင့္ေနေသာ္လည္း နီေစြးသည္ သူ႔ကို အျပင္သို႔တစ္ခါမွ မေခၚေသး။ အျမဲတေစ ကြန္ပ်ဴတာဆိုသည့္ အရာေရွ႕တြင္ စာရိုက္ေနတတ္ၿပီး ရံဖန္ရံခါတြင္ ဖုန္းေျပာေလ့ရိွသည္။

ဖုန္းေျပာျခင္းအမႈကို သူ သတိထားမိသေလာက္ေတာ့ နံနက္ပိုင္းအဝင္ဖုန္းမ်ားသည္ အလုပ္ကိစၥျဖစ္ဟန္ရၿပီး မ်ားေသာအားျဖင့္ နီေစြးေျဖသည္က 'အင္း' 'ဟင့္အင္း' ႏွင့္ အျခားေသာတံုးတိအေျဖမ်ားသာ။ ညေနေစာင္းအဝင္ဖုန္းမ်ား ရသည္ႏွင့္ နီေစြးသည္ အိမ္မွထြက္ခြာေလ့ရိွၿပီး ျပန္လာသည္ႏွင့္ သူ႔ကိုယ္တြင္ အျခားသူ တစ္ေယာက္၏ အေငြ႔အသက္ကို ရေလ့ရိွသည္။

Vincent ၏ အနံခံအာရံုသည္ သာမန္လူမ်ားထက္ စူးရွသျဖင့္ နီေစြးျပန္လာတိုင္း ကပ္ပါလာသည့္ ရနံ႔မ်ားကို သူ မႏွစ္ၿမိဳ႕။ ရံဖန္ရံခါတြင္ မိန္းမရနံ႔၊ ရံဖန္ရံခါတြင္ေတာ့ ေယာက်ာ္းရနံ႔။ သို႔ေသာ္ အျပင္က ျပန္လာတိုင္း နီေစြးက သူ႔အတြက္ စားစရာတစ္မ်ိဳးမ်ိဳး မေမ့မေလ်ာ့ ဝယ္လာတတ္သည္။ သူ အိမ္တြင္က်န္ခဲ့သည္ကို ေမ့ပံုမေပၚ။

ယခုလည္း ညေနေစာင္းကာမွ ၿဖီးလိမ္းျပင္ဆင္ကာ သြားမည့္ နီေစြးကို Vincent သုန္မႈန္စြာၾကည့္သည္။ ဤကမ႓ာတြင္ နီေစြးသည္ သူ႔အားကိုးရာမို႔ သူ နီေစြးႏွင့္ ၂၄ နာရီလံုး အတူရိွခ်င္သည္။

ထို႔အတြက္ ယခုလိုမ်ိဳး ထြက္ထြက္သြားသည္ကို မႏွစ္ၿမိဳ႕ ခ်င္။ သူ ေရာက္ေနသည္က ရက္ႏွစ္ဆယ္ပင္ မျပည့္ခ်င္ေသးသည္ကို သံုးေလးရက္ျခားတစ္ခါ ထြက္ထြက္သြားသည္က မလြန္ဘူးလား!

"ဘယ္သြားမလို႔လဲ..."

ဖိနပ္ခြ်တ္ေနရာတြင္ ခံုပုတစ္လံုးျဖင့္ထိုင္ကာ ဖိနပ္ႀကိဳးခ်ည္ေနရာမွ အေနာက္နားမွ Jelly နင္သည့္ အသံျဖင့္ ေမးလာသည့္ Vincent ေၾကာင့္ နီေစြး အံ့ၾသတႀကီး လွည့္ၾကည့္ျဖစ္သည္။ အလိုငါ့သားေလးက တယ္အတၱႀကီးပါလား...သူ ေနာက္ေျပာင္ေတြးတစ္ခုေတြးေသာ္လည္း အလိုမက်သည့္ မ်က္ႏွာျဖင့္ သူ႔ကို ငံု႔ၾကည့္ေနသည့္ Vincent ကို ၾကည့္သည္။

"လိုက္ခ်င္လား..."

လိုက္ခ်င္လားဆိုသည့္ စကားၾကားသည္ႏွင့္ Vincent ၏ မ်က္လံုးတို႔သည္ လက္ခနဲ။ အလင္းတို႔ ျဖာထြက္လာသည္ဟု ထင္မွတ္မွားရေလာက္သည့္ အျပံဳးတစ္ခုျဖင့္ ေခါင္းညိတ္လာသည့္ Vincent ကိုၾကည့္ကာ နီေစြး ရယ္သည္။

"သြားအဝတ္သြားလဲ..."

အမိန္႔ေပးသံဆံုးသည္ႏွင့္ အေျပးတပိုင္း အခန္းတြင္းေျပးဝင္ကာ Vincent အဝတ္လဲ၏။ သူ အဝတ္လဲေနရင္းမွစဥ္းစားျဖစ္ေသးသည္။ သူ ဟူသည္က တစ္စံုတစ္ဦးႏွင့္ ႏွစ္ဦးတည္းပင္ မေနသည့္သူ။ သို႔ေသာ္ ယခု တစ္အိမ္တည္းတြင္ တစ္ခန္းတည္းေနသည့္အျပင္ တစ္ကုတင္တည္းပါ အိပ္သည္တဲ့။ သူ အေတာ္ေလးေျပာင္းလဲေနပါလား။ 

နီေစြးအဝတ္လဲရာကိုေစာင့္ေနရင္းမွ ေတာင္ေတာင္အီအီေတြးေနျဖစ္၏။ Vincent ရိွေနသျဖင့္ သူ႔အိမ္ေပၚသို႔ သူ အျခားသူကို ေခၚလာ၍မျဖစ္။ သူက အနည္းငယ္ရႈပ္ေပြသည့္ လူဆိုးေလးဆုိေပမ့ဲ အတူေနသူကို ေလးစားမႈတို႔ရိွပါသည္။

ေလးစားသည္ဆိုေသာ္လည္း သူ႔လုပ္ရိုးလုပ္စဥ္ ေပြလီမႈတို႔ကို ရပ္နားသည္မဆိုလို။ အျခားေနရာတစ္ခုတြင္ သူ လြတ္လြတ္လပ္လပ္သြားလုပ္သည္ေလ။ ေတြးေနစဥ္ အဝတ္လဲၿပီးထြက္လာသည့္ Vincent ကိုၾကည့္ၿပီး...

"ၾကာလိုက္တာ..."

ၾကာသည္ဟု ျမည္တြန္ေတာက္တီးေသာ္လည္း Vincent ျပံဳးေနဆဲ။ သူ ဝရန္တာမွ ၾကည့္ရသည့္ အရာတို႔ကို ယခု အနီးကပ္သူေတြ႔ရေတာ့မည္ေလ။

"အခုက သြားေသာက္တာ... သူရိန္႔ ေမြးေန႔မို႔လို႔..."

Taxi ေပၚေရာက္သည္ႏွင့္ သူ Vincent ကို ရွင္းျပသည္။ ယခုမွ ယာဥ္စီးနင္းဖူးသည့္ Vincent ကားကို လန္႔သည္ဆိုေသာ္လည္း နံေဘးတြင္ နီေစြးရိွေနသျဖင့္ သူ႔မ်က္ႏွာသည္ မေျပာင္းလဲ။ ဤကမ႓ာတြင္ နီေစြးသာ သူ႔ေဘးတြင္ ရိွေနမည္ဆိုလ်ွင္ သူ လံုျခံဳသည္ဟု ခံစားရသည္။ နီေစြးက သူ႔ထက္ေသးငယ္သည့္ ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္ေသာ္လည္းေပါ့။

"လာေလ..."

ကားေပၚမွဆင္းဆင္းခ်င္း စားေသာက္ဆိုင္ကို ရပ္ၾကည့္ေနသည့္ Vincent ကိုၾကည့္ကာ နီေစြးလက္လွမ္းဆြဲမည္အျပဳ Vincent ၏ စရိုက္ကို သတိရသြားကာ သူ လက္ျပန္ရုတ္၏။ သူ လူေရွ႕သူေရွ႕ေတာ့ ကိုင္ေပါက္ခံကာ ကိုယ့္အရွက္ကိုယ္ မခြဲခ်င္။

ေတာ္ေသးတာေပါ့... Vincent ၏ အလိုအေလ်ာက္တံု႔ျပန္မႈႀကီးကို သတိရလိုက္လို႔။ ဆံပင္စည္းေပးရန္ ျပင္တုန္းက အေျခအေနကို သူ သင္ခန္းစာေကာင္းေကာင္းယူထားသည္။

Vincent သူ႔ထံလက္လွမ္းၿပီးမွ လက္ျပန္ရုတ္သြားသည့္ နီေစြးကိုၾကည့္သည္။ သူ႔စိတ္ထဲတြင္ေတာ့ ေက်နပ္မႈအျပည့္။ နီေစြးသည္ အျမဲတစ္ခုခုမလုပ္ခင္ သူ႔ကိုအရင္ စဥ္းစားတတ္သည္။ သူ ထိုအရာကိုသေဘာက်သည္။

သူ႔ေလာကရိွလူတို႔သည္ကား ထိုသို႔မဟုတ္။ သူတို႔ျမင္ခ်င္ရာျမင္ၿပီး ထင္ခ်င္ရာထင္၊ ယူခ်င္ရာယူၾကသည္။ နီေစြးသည္ သူ႔ကို နားလည္သည့္ တစ္ဦးတည္းေသာသူ။ နီေစြးသည္ သူ႔ကို အျမဲတမ္း ေရွ႕တန္းတင္ကာ စဥ္းစားသည္။

ဆိုင္၏ အတြင္းခန္းအတြင္းသို႔ ဝင္သြားသည့္ နီေစြးေနာက္သို႔ Vincent ထပ္ခ်ပ္မကြာလိုက္၏။ ယမာကာဆိုင္သည္ သူတို႔ေလာကမွ ဆိုင္မ်ားအတိုင္း ဆူညံပြက္ေလာရိုက္ေနၾကသည္။ မိန္းကေလးမ်ား၊ေယာက်ာ္းေလးမ်ား အားလံုးသည္ ေသာက္စားေပ်ာ္ပါးေနၾကသည္။ ထို႔ေနာက္ အတြင္းခန္းတစ္ခုသို႔ဝင္သြားသည့္ နီေစြး။

"ေဟး နီေစြး!"

"ဟာ စာေရးဆရာႀကီးလာၿပီ!"

"ေဟ့ေကာင္ မေတြ႔တာၾကာၿပီ! မင္းရဲ႕ play thing ေတြပဲအခ်ိန္ေပးမေနနဲ႔!"

"ခီြး တိတ္ေနစမ္းပါကြာ! ငါ့ေတြ႔တာ မင္းတို႔အေမကို ေတြ႔တယ္မ်ားမွတ္ေနလား တစ္ေယာက္တစ္ေပါက္နဲ႔!"

ေအာ္ဟစ္ေခၚလာသည့္ ေျပာမနာဆိုမနာမ်ားကို သူ ၾကည့္ေငါက္ငမ္းၿပီးေနာက္ အခန္းထဲဝင္လိုက္သည္ႏွင့္ သူ႔ေနာက္မွ ကပ္ဝင္လာသည့္ Vincent... သူ႔ေငါက္ငမ္းမႈကို တိုးတိုး တိုးတိုးျဖင့္ ေစာဒကတက္ေနမႈသည္ Vincent ကို ျမင္လိုက္ခ်ိန္တြင္ မီးကိုေရႏွင့္ၿငိွမ္းသကဲ့သို႔ ရုတ္ခ်ည္းၿငိမ္က်သြားခဲ့သည္။

သူဟူသည္က သူ႔ငယ္ေပါင္းမ်ားႏွင့္ ေတြ႔ဆံုလ်ွင္ မည္သူတစ္ဦးကိုမွ ေခၚလာေလ့မရိွတာ။ အခန္႔မသင့္ဘဲ ေတြ႔ဆံုသည္ဆိုလ်ွင္ေတာင္မွ မ်က္ႏွာေျပာင္ကာ မိတ္ဆက္ပင္မေပး။ ခဏတာ စိတ္ေပ်ာ္ရာ လြင့္သည့္ သူမ်ားကို သူ ေရရွည္လက္တြဲသည့္ သူငယ္ခ်င္းေရာင္းရင္းမ်ားႏွင့္ မိတ္ဆက္ေပးစရာမလိုဟု သူ ထင္သည္ေလ။

သရဲတေစၧတစ္ေကာင္ကို ေတြ႔ျမင္ရသည့္အလား မ်က္လံုးျပဴးမ်ားျဖင့္ ၾကည့္ေနသည့္ သူ႔အေပါင္းအပါမ်ားကို သူ မခိုးမခန္႔တစ္ခ်က္ရယ္ကာ...

"ႏွစ္ေနရာေပး ငါတို႔က မတ္တပ္ရပ္ေနရမွာလား..."

"လာ! လာ! ဒီဘက္ကို..."

ႏွစ္ေယာက္အတူထိုင္၍ ရရန္ေနရာစီစဥ္ေပးသည့္ ထက္လင္းကို ၾကည့္ၿပီး နီေစြးရယ္မိရျပန္သည္။ သူ႔သူငယ္ခ်င္းေတြက Vincent ကို အေတာ္သိခ်င္ရပံုရသည္။ ဒီလိုျဖစ္မယ္မွန္း သူ သိေသာ္လည္း Vincent ကို ေခၚလာျခင္း။ သူတို႔က အတူေနေနရသူမ်ားမို႔ ထိုသေကာင့္သားမ်ား သူ႔ထံလာလည္လ်ွင္လည္း ေတြ႔ၾကမည္ပဲကို။ ေစာေစာမိတ္ဆက္ေပးထားသည္က ရန္ေအးသည္ေလ။ ေနာက္ၿပီး အကင္းပါးေသာ ထက္လင္းသည္ သူႏွင့္အတူေနသည့္ သူကို သူ႔ဘာသာ မေခၚလာလ်ွင္ Group Chat ထဲတြင္ဖြမည္ဟုလည္း ေျပာထားသည္ေလ။ ထို႔အတြက္သူ ေခၚလာရမည္ေပါ့

"ဘီယာပဲေသာက္..."

မည္သူ႔ကိုမွ အလ်င္မေမးခင္ သူ႔ေဘးတြင္ ထိုင္ေနသည့္ Vincent ကို သူ လွည့္ေျပာသည္။ အမိန္႔ေပးျခင္း အသြင္ဆန္ေသာ္လည္း Vincent ေခါင္းသာညိတ္၏။ မည္သို႔ပင္ ဘုရင္တစ္ပါးဆိုပါေစ သူက နီေစြး၏ ဖန္တီးမႈတစ္ခုမို႔ နီေစြးသည္ သူ႔သခင္၊ သူ႔ဖခင္။ သူက ရိုက်ိဳးသည့္ ေက်းကြ်န္ သို႔မဟုတ္ လိမၼာသည့္ သားငယ္အျဖစ္ သာ လူေရွ႕သူေရွ႕တြင္ ေနရမည္။ ဒါက မည္သူမွ သင္ေပးေနစရာမလိုသည့္ ကိစၥတစ္ခု။

နာခံစြာေခါင္းညိတ္ျပသည့္ Vincent ကိုၾကည့္ၿပီး နီေစြးျပံဳးသည္။ Vincent ကို သူ အရက္မတိုက္ဘူးဆိုသည္က ထိုေကာင္ေလး မူးၿပီးေမွာက္လ်ွင္ သူ လံုးဝထမ္းမျပန္ႏိုင္။ လူေကာင္ခ်င္းက အကြာႀကီးကို ပင္ပန္းသည့္ ကိစၥဟူသည္ကို ေမာင္နီေစြးတို႔က စိတ္ကူးျဖင့္ပင္ေယာင္၍မေတြး။ ထို႔အတြက္ ေသးေပါက္လိုက္လ်ွင္ အမူးေျပသြားမည့္ ဘီယာကို သူ ေရြးခ်ယ္ျခင္း။ ဒါကို Vincent က လက္ခံေတာ့ အဆင္ေျပသည္ေပါ့ေလ။

"သူက Vincent... ငါ့အိမ္မွာ ငါနဲ႔အတူေနတယ္..."

သူ မွန္ရာကိုသာေျပာ၍ မိတ္ဆက္ေပးလိုက္သည္။ သူႏွင့္ေပါင္းသင္းေနၾကသူမ်ားမို႔ သူ႔စကားသည္ မည္သည့္ အဓိပၸာယ္ကိုေဆာင္သည္ကို သူ႔မိတ္ေဆြတလြဲေကာင္တို႔က အမွန္တစ္ဝက္ အမွားတစ္ဝက္ ေကာက္ယူေပလိမ့္မည္။ အမွန္တစ္ဝက္၊ အမွားတစ္ဝက္... Vincent သည္ အမွန္တကယ္ သူႏွင့္အတူေနထိုင္သည့္သူ ျဖစ္ၿပီး သူ႔အတြက္အေရးႀကီးေသာသူ။ သူကား Vincent ႏွင့္ေတြ႔မွ ေျခၿငိမ္သြားေခ်ၿပီ။

အဘယ္ေၾကာင့္ဆိုေသာ္ နီေစြးသည္ မည္မ်ွေပြရႈပ္သည္ဆိုဆို အတူေနဖို႔ေဝးစြ သူ႔အိမ္တြင္ ညအိပ္ပင္ လက္မခံ။ ထို႔ေၾကာင့္ သူႏွင့္အတူေနသည္ဆိုကတည္းက Vincent ကို သူ႔ကို ေျခၿငိမ္ေအာင္ လုပ္သည့္သူဆိုၿပီး အထင္ေတြစြတ္ႀကီး ကုန္လိမ့္မည္။

ဝမ္းကြဲပါတို႔ ေဆြမ်ိဳးသားခ်င္းပါဟု မိတ္ဆက္ေပး၍မွမရေပပဲ။ Vincent ၏ ရုပ္ရည္သြင္ျပင္က သူတို႔အားလံုးႏွင့္ ကြဲျပားျခားနားလြန္းသည္ေလ။ ဥေရာပအႏြယ္ဝင္ျဖစ္ေသာ္လည္း အလြန္ခန္႔ျငား ေယာက်ာ္းပီသသည့္ ရုပ္ရည္မျဖစ္ေသး ထိုေကာင္ေလးက ႏွစ္ဆယ္ေက်ာ္ေလး ရိွေသးသည္ကို ေျပာင္းဖူးေမႊးေရာင္ဆံပင္ မ်က္လံုးျပာမ်ားႏွင့္ ထိုကေလးကို သူက ဘယ္လို မ်က္ႏွာႏွင့္ ေဆြမ်ိဳးပါ ဝမ္းကြဲညီပါဟု မိတ္ဆက္ေပးရမည္လဲ။ ကေလးေတြလည္း မဟုတ္ၾကေတာ့ဘူး။

"မင္း... မင္း ေနာက္ဆံုးေတာ့..."

အံ့ၾသမႈျဖင့္ တိတ္ဆိတ္ေနသည့္ လူစုတြင္ ပထမဆံုး သတိဝင္လာသူက ေမြးေန႔ရွင္။ ဘာလဲဆိုသည့္ ရုပ္ျဖင့္ သူ ေပေစာင္းေစာင္း ေမးဆတ္ျပေတာ့ ေဟးခနဲ ဝိုင္းေအာ္ကာ ခြက္မ်ားေျမွာက္ၾကသည့္ ေဘာ္ဒါတစ္သိုက္။

"ေနာက္ဆံုးေတာ့ နီေစြးတစ္ေယာက္ ေျခၿငိမ္သြားၿပီ!"

သူ မ်က္လံုးေဝ့ကာ စိတ္ပ်က္စြာသာ ေလပူတစ္ခ်က္မႈတ္ထုတ္သည္။ ဘယ္လိုျဖစ္လို႔ သူ႔ကို ရည္းစားအတည္ရွာေစခ်င္ေနရတာလဲ။ သူသည္ လူတစ္ေယာက္ႏွင့္ လက္တြဲ၍ မျဖစ္ႏိုင္သည့္သူ။ ေယာက်ာ္းျဖစ္ေစ၊ မိန္းမျဖစ္ေစ သူ မည္သူတစ္ေယာက္ကိုမွ ဘဝတစ္ေလ်ွာက္လံုး အတူေလ်ွာက္ၾကမည္ဟု ကတိမျပဳႏိုင္သည့္သူ။ ဤသည္ကိုသူမွတစ္ပါး မည္သူမွ မသိ။

"ေသာက္ ေသာက္ ညီေလးေသာက္! နီေစြးကို ေျခၿငိမ္ေအာင္ လုပ္ႏုိင္တာ ညီေလးအရမ္းေတာ္တယ္!"

ခြက္ခ်င္းလာတိုက္သူမ်ားကို Vincent အလိုက္အထိုက္ျပံဳးျပကာ ေသာက္ရ၏။ ေအးျမခါးသက္သည့္ အရသာသည္ သူ႔လည္ေခ်ာင္းထဲစီးဝင္ၿပီးခ်ိန္တြင္ ထိုလူစုႏွင့္ သူ သိပ္မစိမ္းကားေတာ့။ ျမန္မာစကားမြတ္ေနေအာင္ ေျပာတတ္မႈႏွင့္ နားလည္မႈကို အံ့ၾသတႀကီး ျဖစ္ၾကေသာ္လည္း မည္သူမွ မေမး။

"ဘယ္လိုမ်ား မင္းကို ဒီေကာင္ေလးက ခ်ဳပ္လိုက္တာလား ဟမ္ ဟမ္..."

ပခံုးကိုဖက္ကာ သူ႔ကို အတင္းဆြဲေမးသည့္ ေနမင္းကို လက္ထဲမွခြက္ကို ေအးေအးေဆးေဆး ေကာက္ေမာ့ရင္း သူ ေျဖသည္။

"ဒီလိုပါပဲ..."

"ဘာဒီလိုပါပဲလဲ! အနည္းဆံုး မင္းသူ႔ကို သေဘာက်တဲ့ အခ်က္တစ္ခ်က္ကို ေျပာျပသင့္တယ္ မင္းဘယ္ေလာက္ေပြေပြ မင္းရဲ႕ Type က ဘယ္သူဆိုတာ ငါတို႔ေတာင္မသိဘူး..."

ေရခ်ိန္ကိုက္ အမူးသမားတစ္သိုက္ကို နီေစြမ်က္ေစာင္းထိုးသည္။ ဒီေကာင္ေတြ မူးလာရင္ ဘယ္ေတာ့မွ လြယ္လြယ္ႏွင့္သူ႔ကိုမလႊတ္။ သူ႔ေဘးေတြထိုင္ေနသည့္ Vincent ကလည္း နားရြက္ေလး ေထာင္လာေလသည္။

ဘာေၾကာင့္ နီေစြး၏ မိတ္ေဆြမ်ားက သူႏွင့္နီေစြးကို စံုတြဲအျဖစ္ထင္မွန္း သူနားမလည္ေသာ္လည္း နီေစြးမွ သူ႔ကိုသေဘာက်သည္ဆိုသည့္ အခ်က္။ သူလည္း သိခ်င္သည္။

နီေစြး သူ႔မ်က္စိေရွ႕တြင္ နားရြက္ေလးခက္၊ လ်ွာတစ္လစ္တစ္လစ္ထုတ္ကာ အၿမီးေလးယမ္းေနသည့္အလား ရႊင္ျပကာ ေမ်ွာ္လင့္တႀကီး ၾကည့္ေနသည့္ Vincent ပံုစံကို ၾကည့္ၿပီး သူ သက္ျပင္းေမာတစ္ခ်က္ရိႈက္၏။

"သူက ခ်စ္စရာေကာင္းတယ္ေလ သူ႔ကိုယ္သူလည္း တာဝန္ယူႏိုင္တဲ့အျပင္ ငါ့ကိုလည္း တာဝန္ယူႏိုင္တယ္..."

ေျပာၿပီးမွ သူရယ္၏။ Vincent ၏ ငါ့ကိုသူ သေဘာက်တာ ငါက အသံုးဝင္ေနလို႔ဆိုသည့္ မ်က္ႏွာကို ၾကည့္ၿပီး ထိုေကာင္ေလး ဘာေတြေတြးေနသည္ ဆိုသည္ကို သူ မသိဘဲဘယ္ေနပါ့မလဲ။

"လူတစ္ေယာက္ကို သေဘာက်တာ အေၾကာင္းျပခ်က္တစ္မလိုပါဘူး ငါ သူ႔ကို သေဘာက်တဲ့အတြက္ သူက ငါသေဘာက်တဲ့သူျဖစ္တယ္ ဒါပါပဲ... အေၾကာင္းျပခ်က္တစ္ခုေၾကာင့္ သေဘာက်တယ္ဆိုရင္ အဲ့ဒီအရာ သူ႔မွာ မရိွေတာ့တဲ့တစ္ခ်ိန္က်ရင္ ငါ သူ႔ကို မႀကိဳက္ဘဲ ေနလိမ့္မယ္သူ ဘာပဲျဖစ္ေနေန ငါ သေဘာက်ေနမွာပဲ..."

စာေရးသူတစ္ေယာက္ပီပီ ေတာ္ကီၾကြယ္ေသာ သူ႔ကို မည္သူမွ ေစာဒကမတက္။ ရိုလိုက္တာ ဘရိုရာ ဆိုသည့္ မ်က္လံုးမ်ားျဖင့္သာ ဝိုင္းၾကည့္ၾကသလို Vincent ၏ ျဖဴဝင္းလွေသာ မ်က္ႏွာထက္တြင္ ပန္းေသြးေရာင္ႏုႏု။ ဘီယာရိွန္ေၾကာင့္ နီျမန္းသည္လား သူ႔စကားေၾကာင့္ နီျမန္းသြားသည္လား နီေစြးမသိ။ သို႔ေသာ္လည္း သူ ဂရုမစိုက္ပါေခ်။

================================

Unicode

"ငါ အခု အပြင်သွားလိုက်ဦးမယ်..."

"ဟုတ်..."

သူ ထိုကမ္ဘာသို့ရောက်နေသည်က ရက်သတ္တပတ်အနည်းငယ် ကြာမြင့်နေသော်လည်း နီစွေးသည် သူ့ကို အပြင်သို့တစ်ခါမှ မခေါ်သေး။ အမြဲတစေ ကွန်ပျူတာဆိုသည့် အရာရှေ့တွင် စာရိုက်နေတတ်ပြီး ရံဖန်ရံခါတွင် ဖုန်းပြောလေ့ရှိသည်။

ဖုန်းပြောခြင်းအမှုကို သူ သတိထားမိသလောက်တော့ နံနက်ပိုင်းအဝင်ဖုန်းများသည် အလုပ်ကိစ္စဖြစ်ဟန်ရပြီး များသောအားဖြင့် နီစွေးဖြေသည်က 'အင်း' 'ဟင့်အင်း' နှင့် အခြားသောတုံးတိအဖြေများသာ။ ညနေစောင်းအဝင်ဖုန်းများ ရသည်နှင့် နီစွေးသည် အိမ်မှထွက်ခွာလေ့ရှိပြီး ပြန်လာသည်နှင့် သူ့ကိုယ်တွင် အခြားသူ တစ်ယောက်၏ အငွေ့အသက်ကို ရလေ့ရှိသည်။

Vincent ၏ အနံခံအာရုံသည် သာမန်လူများထက် စူးရှသဖြင့် နီစွေးပြန်လာတိုင်း ကပ်ပါလာသည့် ရနံ့များကို သူ မနှစ်မြို့။ ရံဖန်ရံခါတွင် မိန်းမရနံ့၊ ရံဖန်ရံခါတွင်တော့ ယောကျာ်းရနံ့။ သို့သော် အပြင်က ပြန်လာတိုင်း နီစွေးက သူ့အတွက် စားစရာတစ်မျိုးမျိုး မမေ့မလျော့ ဝယ်လာတတ်သည်။ သူ အိမ်တွင်ကျန်ခဲ့သည်ကို မေ့ပုံမပေါ်။

ယခုလည်း ညနေစောင်းကာမှ ဖြီးလိမ်းပြင်ဆင်ကာ သွားမည့် နီစွေးကို Vincent သုန်မှုန်စွာကြည့်သည်။ ဤကမ္ဘာတွင် နီစွေးသည် သူ့အားကိုးရာမို့ သူ နီစွေးနှင့် ၂၄ နာရီလုံး အတူရှိချင်သည်။

ထို့အတွက် ယခုလိုမျိုး ထွက်ထွက်သွားသည်ကို မနှစ်မြို့ ချင်။ သူ ရောက်နေသည်က ရက်နှစ်ဆယ်ပင် မပြည့်ချင်သေးသည်ကို သုံးလေးရက်ခြားတစ်ခါ ထွက်ထွက်သွားသည်က မလွန်ဘူးလား!

"ဘယ်သွားမလို့လဲ..."

ဖိနပ်ချွတ်နေရာတွင် ခုံပုတစ်လုံးဖြင့်ထိုင်ကာ ဖိနပ်ကြိုးချည်နေရာမှ အနောက်နားမှ Jelly နင်သည့် အသံဖြင့် မေးလာသည့် Vincent ကြောင့် နီစွေး အံ့သြတကြီး လှည့်ကြည့်ဖြစ်သည်။ အလိုငါ့သားလေးက တယ်အတ္တကြီးပါလား...သူ နောက်ပြောင်တွေးတစ်ခုတွေးသော်လည်း အလိုမကျသည့် မျက်နှာဖြင့် သူ့ကို ငုံ့ကြည့်နေသည့် Vincent ကို ကြည့်သည်။

"လိုက်ချင်လား..."

လိုက်ချင်လားဆိုသည့် စကားကြားသည်နှင့် Vincent ၏ မျက်လုံးတို့သည် လက်ခနဲ။ အလင်းတို့ ဖြာထွက်လာသည်ဟု ထင်မှတ်မှားရလောက်သည့် အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လာသည့် Vincent ကိုကြည့်ကာ နီစွေး ရယ်သည်။

"သွားအဝတ်သွားလဲ..."

အမိန့်ပေးသံဆုံးသည်နှင့် အပြေးတပိုင်း အခန်းတွင်းပြေးဝင်ကာ Vincent အဝတ်လဲ၏။ သူ အဝတ်လဲနေရင်းမှစဉ်းစားဖြစ်သေးသည်။ သူ ဟူသည်က တစ်စုံတစ်ဦးနှင့် နှစ်ဦးတည်းပင် မနေသည့်သူ။ သို့သော် ယခု တစ်အိမ်တည်းတွင် တစ်ခန်းတည်းနေသည့်အပြင် တစ်ကုတင်တည်းပါ အိပ်သည်တဲ့။ သူ အတော်လေးပြောင်းလဲနေပါလား။

နီစွေးအဝတ်လဲရာကိုစောင့်နေရင်းမှ တောင်တောင်အီအီတွေးနေဖြစ်၏။ Vincent ရှိနေသဖြင့် သူ့အိမ်ပေါ်သို့ သူ အခြားသူကို ခေါ်လာ၍မဖြစ်။ သူက အနည်းငယ်ရှုပ်ပွေသည့် လူဆိုးလေးဆိုပေမဲ့ အတူနေသူကို လေးစားမှုတို့ရှိပါသည်။

လေးစားသည်ဆိုသော်လည်း သူ့လုပ်ရိုးလုပ်စဉ် ပွေလီမှုတို့ကို ရပ်နားသည်မဆိုလို။ အခြားနေရာတစ်ခုတွင် သူ လွတ်လွတ်လပ်လပ်သွားလုပ်သည်လေ။ တွေးနေစဉ် အဝတ်လဲပြီးထွက်လာသည့် Vincent ကိုကြည့်ပြီး...

"ကြာလိုက်တာ..."

ကြာသည်ဟု မြည်တွန်တောက်တီးသော်လည်း Vincent ပြုံးနေဆဲ။ သူ ဝရန်တာမှ ကြည့်ရသည့် အရာတို့ကို ယခု အနီးကပ်သူတွေ့ရတော့မည်လေ။

"အခုက သွားသောက်တာ... သူရိန့် မွေးနေ့မို့လို့..."

Taxi ပေါ်ရောက်သည်နှင့် သူ Vincent ကို ရှင်းပြသည်။ ယခုမှ ယာဉ်စီးနင်းဖူးသည့် Vincent ကားကို လန့်သည်ဆိုသော်လည်း နံဘေးတွင် နီစွေးရှိနေသဖြင့် သူ့မျက်နှာသည် မပြောင်းလဲ။ ဤကမ္ဘာတွင် နီစွေးသာ သူ့ဘေးတွင် ရှိနေမည်ဆိုလျှင် သူ လုံခြုံသည်ဟု ခံစားရသည်။ နီစွေးက သူ့ထက်သေးငယ်သည့် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်သော်လည်းပေါ့။

"လာလေ..."

ကားပေါ်မှဆင်းဆင်းချင်း စားသောက်ဆိုင်ကို ရပ်ကြည့်နေသည့် Vincent ကိုကြည့်ကာ နီစွေးလက်လှမ်းဆွဲမည်အပြု Vincent ၏ စရိုက်ကို သတိရသွားကာ သူ လက်ပြန်ရုတ်၏။ သူ လူရှေ့သူရှေ့တော့ ကိုင်ပေါက်ခံကာ ကိုယ့်အရှက်ကိုယ် မခွဲချင်။

တော်သေးတာပေါ့... Vincent ၏ အလိုအလျောက်တုံ့ပြန်မှုကြီးကို သတိရလိုက်လို့။ ဆံပင်စည်းပေးရန် ပြင်တုန်းက အခြေအနေကို သူ သင်ခန်းစာကောင်းကောင်းယူထားသည်။

Vincent သူ့ထံလက်လှမ်းပြီးမှ လက်ပြန်ရုတ်သွားသည့် နီစွေးကိုကြည့်သည်။ သူ့စိတ်ထဲတွင်တော့ ကျေနပ်မှုအပြည့်။ နီစွေးသည် အမြဲတစ်ခုခုမလုပ်ခင် သူ့ကိုအရင် စဉ်းစားတတ်သည်။ သူ ထိုအရာကိုသဘောကျသည်။

သူ့လောကရှိလူတို့သည်ကား ထိုသို့မဟုတ်။ သူတို့မြင်ချင်ရာမြင်ပြီး ထင်ချင်ရာထင်၊ ယူချင်ရာယူကြသည်။ နီစွေးသည် သူ့ကို နားလည်သည့် တစ်ဦးတည်းသောသူ။ နီစွေးသည် သူ့ကို အမြဲတမ်း ရှေ့တန်းတင်ကာ စဉ်းစားသည်။

ဆိုင်၏ အတွင်းခန်းအတွင်းသို့ ဝင်သွားသည့် နီစွေးနောက်သို့ Vincent ထပ်ချပ်မကွာလိုက်၏။ ယမာကာဆိုင်သည် သူတို့လောကမှ ဆိုင်များအတိုင်း ဆူညံပွက်လောရိုက်နေကြသည်။ မိန်းကလေးများ၊ယောကျာ်းလေးများ အားလုံးသည် သောက်စားပျော်ပါးနေကြသည်။ ထို့နောက် အတွင်းခန်းတစ်ခုသို့ဝင်သွားသည့် နီစွေး။

"ဟေး နီစွေး!"

"ဟာ စာရေးဆရာကြီးလာပြီ!"

"ဟေ့ကောင် မတွေ့တာကြာပြီ! မင်းရဲ့ play thing တွေပဲအချိန်ပေးမနေနဲ့!"

"ခွီး တိတ်နေစမ်းပါကွာ! ငါ့တွေ့တာ မင်းတို့အမေကို တွေ့တယ်များမှတ်နေလား တစ်ယောက်တစ်ပေါက်နဲ့!"

အော်ဟစ်ခေါ်လာသည့် ပြောမနာဆိုမနာများကို သူ ကြည့်ငေါက်ငမ်းပြီးနောက် အခန်းထဲဝင်လိုက်သည်နှင့် သူ့နောက်မှ ကပ်ဝင်လာသည့် Vincent... သူ့ငေါက်ငမ်းမှုကို တိုးတိုး တိုးတိုးဖြင့် စောဒကတက်နေမှုသည် Vincent ကို မြင်လိုက်ချိန်တွင် မီးကိုရေနှင့်ငြှိမ်းသကဲ့သို့ ရုတ်ချည်းငြိမ်ကျသွားခဲ့သည်။

သူဟူသည်က သူ့ငယ်ပေါင်းများနှင့် တွေ့ဆုံလျှင် မည်သူတစ်ဦးကိုမှ ခေါ်လာလေ့မရှိတာ။ အခန့်မသင့်ဘဲ တွေ့ဆုံသည်ဆိုလျှင်တောင်မှ မျက်နှာပြောင်ကာ မိတ်ဆက်ပင်မပေး။ ခဏတာ စိတ်ပျော်ရာ လွင့်သည့် သူများကို သူ ရေရှည်လက်တွဲသည့် သူငယ်ချင်းရောင်းရင်းများနှင့် မိတ်ဆက်ပေးစရာမလိုဟု သူ ထင်သည်လေ။

သရဲတစ္ဆေတစ်ကောင်ကို တွေ့မြင်ရသည့်အလား မျက်လုံးပြူးများဖြင့် ကြည့်နေသည့် သူ့အပေါင်းအပါများကို သူ မခိုးမခန့်တစ်ချက်ရယ်ကာ...

"နှစ်နေရာပေး ငါတို့က မတ်တပ်ရပ်နေရမှာလား..."

"လာ! လာ! ဒီဘက်ကို..."

နှစ်ယောက်အတူထိုင်၍ ရရန်နေရာစီစဉ်ပေးသည့် ထက်လင်းကို ကြည့်ပြီး နီစွေးရယ်မိရပြန်သည်။ သူ့သူငယ်ချင်းတွေက Vincent ကို အတော်သိချင်ရပုံရသည်။ ဒီလိုဖြစ်မယ်မှန်း သူ သိသော်လည်း Vincent ကို ခေါ်လာခြင်း။ သူတို့က အတူနေနေရသူများမို့ ထိုသကောင့်သားများ သူ့ထံလာလည်လျှင်လည်း တွေ့ကြမည်ပဲကို။ စောစောမိတ်ဆက်ပေးထားသည်က ရန်အေးသည်လေ။ နောက်ပြီး အကင်းပါးသော ထက်လင်းသည် သူနှင့်အတူနေသည့် သူကို သူ့ဘာသာ မခေါ်လာလျှင် Group Chat ထဲတွင်ဖွမည်ဟုလည်း ပြောထားသည်လေ။ ထို့အတွက်သူ ခေါ်လာရမည်ပေါ့

"ဘီယာပဲသောက်..."

မည်သူ့ကိုမှ အလျင်မမေးခင် သူ့ဘေးတွင် ထိုင်နေသည့် Vincent ကို သူ လှည့်ပြောသည်။ အမိန့်ပေးခြင်း အသွင်ဆန်သော်လည်း Vincent ခေါင်းသာညိတ်၏။ မည်သို့ပင် ဘုရင်တစ်ပါးဆိုပါစေ သူက နီစွေး၏ ဖန်တီးမှုတစ်ခုမို့ နီစွေးသည် သူ့သခင်၊ သူ့ဖခင်။ သူက ရိုကျိုးသည့် ကျေးကျွန် သို့မဟုတ် လိမ္မာသည့် သားငယ်အဖြစ် သာ လူရှေ့သူရှေ့တွင် နေရမည်။ ဒါက မည်သူမှ သင်ပေးနေစရာမလိုသည့် ကိစ္စတစ်ခု။

နာခံစွာခေါင်းညိတ်ပြသည့် Vincent ကိုကြည့်ပြီး နီစွေးပြုံးသည်။ Vincent ကို သူ အရက်မတိုက်ဘူးဆိုသည်က ထိုကောင်လေး မူးပြီးမှောက်လျှင် သူ လုံးဝထမ်းမပြန်နိုင်။ လူကောင်ချင်းက အကွာကြီးကို ပင်ပန်းသည့် ကိစ္စဟူသည်ကို မောင်နီစွေးတို့က စိတ်ကူးဖြင့်ပင်ယောင်၍မတွေး။ ထို့အတွက် သေးပေါက်လိုက်လျှင် အမူးပြေသွားမည့် ဘီယာကို သူ ရွေးချယ်ခြင်း။ ဒါကို Vincent က လက်ခံတော့ အဆင်ပြေသည်ပေါ့လေ။

"သူက Vincent... ငါ့အိမ်မှာ ငါနဲ့အတူနေတယ်..."

သူ မှန်ရာကိုသာပြော၍ မိတ်ဆက်ပေးလိုက်သည်။ သူနှင့်ပေါင်းသင်းနေကြသူများမို့ သူ့စကားသည် မည်သည့် အဓိပ္ပာယ်ကိုဆောင်သည်ကို သူ့မိတ်ဆွေတလွဲကောင်တို့က အမှန်တစ်ဝက် အမှားတစ်ဝက် ကောက်ယူပေလိမ့်မည်။ အမှန်တစ်ဝက်၊ အမှားတစ်ဝက်... Vincent သည် အမှန်တကယ် သူနှင့်အတူနေထိုင်သည့်သူ ဖြစ်ပြီး သူ့အတွက်အရေးကြီးသောသူ။ သူကား Vincent နှင့်တွေ့မှ ခြေငြိမ်သွားချေပြီ။

အဘယ်ကြောင့်ဆိုသော် နီစွေးသည် မည်မျှပွေရှုပ်သည်ဆိုဆို အတူနေဖို့ဝေးစွ သူ့အိမ်တွင် ညအိပ်ပင် လက်မခံ။ ထို့ကြောင့် သူနှင့်အတူနေသည်ဆိုကတည်းက Vincent ကို သူ့ကို ခြေငြိမ်အောင် လုပ်သည့်သူဆိုပြီး အထင်တွေစွတ်ကြီး ကုန်လိမ့်မည်။

ဝမ်းကွဲပါတို့ ဆွေမျိုးသားချင်းပါဟု မိတ်ဆက်ပေး၍မှမရပေပဲ။ Vincent ၏ ရုပ်ရည်သွင်ပြင်က သူတို့အားလုံးနှင့် ကွဲပြားခြားနားလွန်းသည်လေ။ ဥရောပအနွယ်ဝင်ဖြစ်သော်လည်း အလွန်ခန့်ငြား ယောကျာ်းပီသသည့် ရုပ်ရည်မဖြစ်သေး ထိုကောင်လေးက နှစ်ဆယ်ကျော်လေး ရှိသေးသည်ကို ပြောင်းဖူးမွှေးရောင်ဆံပင် မျက်လုံးပြာများနှင့် ထိုကလေးကို သူက ဘယ်လို မျက်နှာနှင့် ဆွေမျိုးပါ ဝမ်းကွဲညီပါဟု မိတ်ဆက်ပေးရမည်လဲ။ ကလေးတွေလည်း မဟုတ်ကြတော့ဘူး။

"မင်း... မင်း နောက်ဆုံးတော့..."

အံ့သြမှုဖြင့် တိတ်ဆိတ်နေသည့် လူစုတွင် ပထမဆုံး သတိဝင်လာသူက မွေးနေ့ရှင်။ ဘာလဲဆိုသည့် ရုပ်ဖြင့် သူ ပေစောင်းစောင်း မေးဆတ်ပြတော့ ဟေးခနဲ ဝိုင်းအော်ကာ ခွက်များမြှောက်ကြသည့် ဘော်ဒါတစ်သိုက်။

"နောက်ဆုံးတော့ နီစွေးတစ်ယောက် ခြေငြိမ်သွားပြီ!"

သူ မျက်လုံးဝေ့ကာ စိတ်ပျက်စွာသာ လေပူတစ်ချက်မှုတ်ထုတ်သည်။ ဘယ်လိုဖြစ်လို့ သူ့ကို ရည်းစားအတည်ရှာစေချင်နေရတာလဲ။ သူသည် လူတစ်ယောက်နှင့် လက်တွဲ၍ မဖြစ်နိုင်သည့်သူ။ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ သူ မည်သူတစ်ယောက်ကိုမှ ဘဝတစ်လျှောက်လုံး အတူလျှောက်ကြမည်ဟု ကတိမပြုနိုင်သည့်သူ။ ဤသည်ကိုသူမှတစ်ပါး မည်သူမှ မသိ။

"သောက် သောက် ညီလေးသောက်! နီစွေးကို ခြေငြိမ်အောင် လုပ်နိုင်တာ ညီလေးအရမ်းတော်တယ်!"

ခွက်ချင်းလာတိုက်သူများကို Vincent အလိုက်အထိုက်ပြုံးပြကာ သောက်ရ၏။ အေးမြခါးသက်သည့် အရသာသည် သူ့လည်ချောင်းထဲစီးဝင်ပြီးချိန်တွင် ထိုလူစုနှင့် သူ သိပ်မစိမ်းကားတော့။ မြန်မာစကားမွတ်နေအောင် ပြောတတ်မှုနှင့် နားလည်မှုကို အံ့သြတကြီး ဖြစ်ကြသော်လည်း မည်သူမှ မမေး။

"ဘယ်လိုများ မင်းကို ဒီကောင်လေးက ချုပ်လိုက်တာလား ဟမ် ဟမ်..."

ပခုံးကိုဖက်ကာ သူ့ကို အတင်းဆွဲမေးသည့် နေမင်းကို လက်ထဲမှခွက်ကို အေးအေးဆေးဆေး ကောက်မော့ရင်း သူ ဖြေသည်။

"ဒီလိုပါပဲ..."

"ဘာဒီလိုပါပဲလဲ! အနည်းဆုံး မင်းသူ့ကို သဘောကျတဲ့ အချက်တစ်ချက်ကို ပြောပြသင့်တယ် မင်းဘယ်လောက်ပွေပွေ မင်းရဲ့ Type က ဘယ်သူဆိုတာ ငါတို့တောင်မသိဘူး..."

ရေချိန်ကိုက် အမူးသမားတစ်သိုက်ကို နီစွေမျက်စောင်းထိုးသည်။ ဒီကောင်တွေ မူးလာရင် ဘယ်တော့မှ လွယ်လွယ်နှင့်သူ့ကိုမလွှတ်။ သူ့ဘေးတွေထိုင်နေသည့် Vincent ကလည်း နားရွက်လေး ထောင်လာလေသည်။

ဘာကြောင့် နီစွေး၏ မိတ်ဆွေများက သူနှင့်နီစွေးကို စုံတွဲအဖြစ်ထင်မှန်း သူနားမလည်သော်လည်း နီစွေးမှ သူ့ကိုသဘောကျသည်ဆိုသည့် အချက်။ သူလည်း သိချင်သည်။

နီစွေး သူ့မျက်စိရှေ့တွင် နားရွက်လေးခက်၊ လျှာတစ်လစ်တစ်လစ်ထုတ်ကာ အမြီးလေးယမ်းနေသည့်အလား ရွှင်ပြကာ မျှော်လင့်တကြီး ကြည့်နေသည့် Vincent ပုံစံကို ကြည့်ပြီး သူ သက်ပြင်းမောတစ်ချက်ရှိုက်၏။

"သူက ချစ်စရာကောင်းတယ်လေ သူ့ကိုယ်သူလည်း တာဝန်ယူနိုင်တဲ့အပြင် ငါ့ကိုလည်း တာဝန်ယူနိုင်တယ်..."

ပြောပြီးမှ သူရယ်၏။ Vincent ၏ ငါ့ကိုသူ သဘောကျတာ ငါက အသုံးဝင်နေလို့ဆိုသည့် မျက်နှာကို ကြည့်ပြီး ထိုကောင်လေး ဘာတွေတွေးနေသည် ဆိုသည်ကို သူ မသိဘဲဘယ်နေပါ့မလဲ။

"လူတစ်ယောက်ကို သဘောကျတာ အကြောင်းပြချက်တစ်မလိုပါဘူး ငါ သူ့ကို သဘောကျတဲ့အတွက် သူက ငါသဘောကျတဲ့သူဖြစ်တယ် ဒါပါပဲ... အကြောင်းပြချက်တစ်ခုကြောင့် သဘောကျတယ်ဆိုရင် အဲ့ဒီအရာ သူ့မှာ မရှိတော့တဲ့တစ်ချိန်ကျရင် ငါ သူ့ကို မကြိုက်ဘဲ နေလိမ့်မယ်သူ ဘာပဲဖြစ်နေနေ ငါ သဘောကျနေမှာပဲ..."

စာရေးသူတစ်ယောက်ပီပီ တော်ကီကြွယ်သော သူ့ကို မည်သူမှ စောဒကမတက်။ ရိုလိုက်တာ ဘရိုရာ ဆိုသည့် မျက်လုံးများဖြင့်သာ ဝိုင်းကြည့်ကြသလို Vincent ၏ ဖြူဝင်းလှသော မျက်နှာထက်တွင် ပန်းသွေးရောင်နုနု။ ဘီယာရှိန်ကြောင့် နီမြန်းသည်လား သူ့စကားကြောင့် နီမြန်းသွားသည်လား နီစွေးမသိ။ သို့သော်လည်း သူ ဂရုမစိုက်ပါချေ။

================================

Continue Reading

You'll Also Like

1.9M 156K 129
Title......Inherited Estate ""Permission granted from English translator"" English translator.....PastTimer English translation link👇 https://www.wa...
62.5K 6.4K 20
Love yourself... we usually talk to each other. So what abt we love ourself with Obessive love. The only one who can fill my void is me. That's wha...
OUR FATE By Nyan & Minnie

Historical Fiction

274K 24K 43
ချင့်ဟွေ့ဟွား ချင့်သူဌေးကြီး၏ကြီးမားသော ရည်ရွယ်ချက်ကြောင့် ယောကျာ်လေးဖြစ်နေပေမယ့် မိန်းကလေးဟန်ဆောင်ကာ နိုင်ငံ၏ မင်းသား နှင့် လက်ထပ်ထိမ်မြားခဲ့ရသူ ရ...
12.2K 1.6K 11
အိမ်ရှေ့အိမ်က လူမနေဘူးလို့ ပြောကြပေမဲ့ ကျွန်တော်တော့ ဂစ်တာသံကို ညတိုင်းကြားနေရတယ်ဗျ အိမ္ေရ႔ွအိမ္က လူမေနဘူးလို႔ ေျပာၾကေပမဲ့ ကၽြန္ေတာ္ေတာ့ ဂစ္တာသံကို ည...