Schmaltz [Own Creation]

By AnnaLynn666

229K 26.6K 1.4K

Schmaltz means artistic works, such as music or writing, that are intended to cause strong sad or romantic fe... More

Disclaimer! ဖတ္ေစခ်င္ပါတယ္!
Prologue
Part - 1 : The Character who transmigrate...
Part - 2 : The Author and The Protagonist
Part - 4 : Am I the wife or the son?
Part -5 : Skin Contact Problem...
Part - 6 : He is the sky and the world
Part - 7 : His Image
Part - 8 : He lives with someone?
Part - 9 : He is swinging both ways...
Part - 10 : His Job...
Part - 11 : Small Gestures...
Part - 12 : I got too many questions when it comes to you!
Part - 13 : Attachment...
Part - 14 : Transmigration Research
Part - 15 : He paints my world...
Part - 16 : Giving Encouragement...
Part - 17 : I don't want to go back
Part - 18 : Impossible! I encounter Blockage?
Part - 19 : The Reason of Blockage
Part - 20 : He who can't create...
Part - 21 : A stubborn confession...
Part - 22 : He always see through me...
Part - 23 : If you don't serious on me, I might get a taste you...
Part - 24 : He is just paranoid
Part - 25 : Write About Us
Part - 26 : Schmaltz is his last work!
Part - 27 : Emotions...
Part - 28 : He who had always left behind
Part - 29 : He who knows his little secret...
Part - 30 : I love you so much so can't you love me a little bit?
Part - 31 : Utopia
Part - 32 : All I can do is say I love you...
Part - 33 : I'll train your body so that you can only accept me.
Part - 34 : His Scheme
Part - 35 : I know he is not fully honest with me.
Part - 36 : I want to leave you because I don't want you to vanish forever
Part - 37 : I know everything but I don't mind.
Part - 38 : The end of his Schmaltz (Final)
Epilogue
Extra : Yes Your Higness, this servant of yours gladly accept the punishment.
Announcement
Novel Release
Comic Book Publishing
Comic V2 Ordering

Part - 3 : Because you are my son!

5.9K 832 32
By AnnaLynn666

Zawgyi

"ဆိုေတာ့ မင္းက ဇာတ္လမ္းထဲကေန ပလြတ္ဆိုၿပီး ငါ့ကုတင္ေပၚ ထြက္က်လာတယ္ေပါ့..."

နီေစြး မ်က္လံုးေထာင့္ကပ္ၿပီး ေျပာသည္။ သူက Fantasy စာေရးဆရာဆိုေပမဲ့လို႔ ကြ်န္ေတာ္ ခင္ဗ်ား ဇာတ္ေကာင္ပါဆိုၿပီး လာေျပာရေအာင္ လက္ခံရေအာင္ သူက ဘုရားစူး ၂၁ ရာစု သိပၸံေခတ္က လူသားပါ။

Fantasy ေရးျဖစ္မႈက သူ႔ စိတ္ဝင္စားမႈအရ ေလ့လာျဖစ္သည္တို႔ကို စာေရးပါလားဟု ရင္လူးေဆးဟု အမည္တြင္သည့္ ထက္လင္း ေျပာမႈေၾကာင့္ ေရးျဖစ္ရာမွ သူ စာေရးျဖစ္ရာမွ ဘယ္ကဘယ္လို ယခုလို အေနအထားသို႔ေရာက္လာမွန္းမသိ။

ထားေတာ့ ေလာေလာဆယ္ေတာ့ သူ႔ဇာတ္ေကာင္ဟု ေျပာသည့္ ႏိုင္ငံျခားသားတစ္ေယာက္က သူ႔အိမ္ထဲေရာက္ေနသည္။ ျမန္မာစကားေျပာတတ္သည့္ ႏိုင္ငံျခားသားမို႔ သူ႔စာဖတ္ပရိသတ္ျဖစ္ၿပီး သူက Bi မို႔ လာလံုးၿပီး ပါလာတာမ်ားလား။ Vincent သည္ သူတို႔ကမ႓ာမွ လူတစ္ေယာက္ျဖစ္သည္ ဆိုသည့္ အစြဲကို မေလ်ွာ့ခ်င္ေသးစြာျဖင့္ ေကာ္ဖီငံု႔ေသာက္ကာ မ်က္လံုးျပာမ်ားႏွင့္ ထိုသူကို ျပန္ၾကည့္သည္။

ေလာကကူးေျပာင္း ဇာတ္လမ္းတို႔သည္ Web Novel ေလာကတြင္မိႈလိုေပါက္ေနသည္မို႔ သူ လက္ခံရမခက္ခဲ။ သို႔ေသာ္လည္း ထိုကိစၥက သူ႔တြင္မွ လာေရာက္ျဖစ္လာသည္တဲ့။ အို ကမ႓ာေလာက ကြ်န္ေတာ္က သူတို႔ေျပာေျပာေနတဲ့ မိေထြးစာေရးဆရာမ်ား ျဖစ္ေနလို႔ေလလား။ စိတ္တြင္းတြင္ ဒရာမာခ်ိဳး ၿပီးေနာက္ မ်က္ႏွာေသေလးျဖင့္ သူ Vincent ကို ျပန္ၾကည့္သည္။

အကယ္၍ Vincent သည္ သူ႔သား Vincent အမွန္ဆိုလ်ွင္ မ်က္ႏွာျဖဴ ျဖစ္ေသာ္လည္း ျမန္မာစကားကို ေျပာတတ္ နားလည္ေနျခင္းကိစၥက လက္ခံရလြယ္ကူသြားေခ်ၿပီ။ Exculiber Destroyer ကို သူ Western Value ျဖင့္ ေရးသားေသာ္လည္း ျမန္မာစာ၊ ျမန္မာစကားျဖင့္ ပံုေဖာ္ခဲ့ျခင္းေၾကာင့္ ထိုအျဖစ္ကို သူ ရွင္းလင္းလက္ခံႏိုင္သည္။

Vincent သည္ သူ႔သားဟု သူေျပာသည္က မလြန္။ Vincent သည္ သူ႔ကို ေကာင္းစြာနားလည္သည့္သူ။ သူ႔အက်င့္စရိုက္အခ်ိဳ႕ကို သူ Vincent တြင္ ေရာေႏွာေရးသားခဲ့သည္။ ထို႔အတြက္ Vincent သည္ သူ႔သားတစ္ေယာက္သဖြယ္။ ဇာတ္ေကာင္ဟူသည္က စာေရးသူတို႔၏ ရင္ႏွစ္သည္းခ်ာ သားသမီးမ်ား သို႔မဟုတ္ မိသားစုဝင္မ်ား မဟုတ္ပါလား။

လက္မခံခ်င္သည္က ေဟး! ကမ႓ာကူးေျပာင္းလာမယ္ ဆိုလည္း အနည္းဆံုးေတာ့ ေကာင္းတဲ့ေကာင္ေလး ငါ့ဆီလႊတ္ေလ! ဘာလို႔ Vincent မွလဲ! ငါ့သားသမီးေတြထဲက အဆိုးဆံုးေကာင္မွလဲ! ေဒါသေသြးတို႔အန္ထြက္ခ်င္ေသာ္လည္း သူ စိတ္တြင္းမွသာ ဆဲဆိုေနျခင္း။ သူ႔မ်က္ႏွာကေတာ့ ပကတိခံစားခ်က္မဲ့ မ်က္ႏွာျဖစ္ေနဆဲ။

"Trickster တစ္ေကာင္က မင္းတို႔စုၿပီး ငါ့အတင္းတုတ္ေနတုန္းမွာ ေရာက္လာၿပီး ေနာက္ဆံုးဇာတ္ေကာင္ျဖစ္တဲ့ မင္းကို ဒီဘက္ကမ႓ာကို ပို႔ေပးတယ္..."

"ဟုတ္..."

ေခါင္းဆတ္ခနဲၿငိမ့္ျပလာသည့္ အႏွီႏိုင္ငံျခားသားက လူအရြယ္အစားရိွ Golden Retriever ပမာ။ အာ အား ငါ သူ႔ဆံပင္ေတြကို ဖြခ်င္တယ္ သူက ေခြးႀကီးနဲ႔တူတယ္။

တိရိစၧာန္ခ်စ္တတ္သူတစ္ဦး ျဖစ္ေသာ္လည္း သူသည္ တာဝန္ယူလိုစိတ္မရိွသူလည္း ျဖစ္သျဖင့္ သူ႔မွာ အိမ္ေမြးတိရိစၧာန္တစ္ေကာင္တစ္ၿမီပင္ မေမြးထား။ သူဆိုသည္က သူ႔ကိုယ္သူ တာဝန္ယူေနရသည္ကိုပင္ ပင္ပန္းသည္ဟု မွတ္ယူသည့္သူမ်ိဳး။

"Trickster တစ္ေကာင္က မင္းတို႔ဆႏၵကို ျဖည့္ဆည္းေပးလိုက္တာ..."

"ကြ်န္ေတာ့္ဆႏၵရယ္ေတာ့ မဟုတ္ပါဘူး... အားလံုးဆႏၵပါ ကြ်န္ေတာ္က ကိုယ္စားလွယ္..."

"အမ္း ဟုတ္ၿပီ..."

ေကာ္ဖီခြက္ကို အေၾကာင္းမဲ့ ေမႊေနရာမွ ဇြန္းကိုခြက္ျဖင့္ေဒါက္ခနဲေခါက္ၿပီး Golden Retriever ကို သူ မ်က္လံုးလွန္ကာ ျပန္ၾကည့္သည္။ သူ႔ကို ၾကည့္ေနသည့္ မ်က္လံုးျပာမ်ား။ ေလပူတစ္ခ်က္မႈတ္ထုတ္ကာ သူစကားဆက္၏။

"မင္းတို႔ဆႏၵက ဘာလဲ..."

"အမ္..."

"မင္းက ကိုယ္စားလွယ္ဆိုေတာ့ မင္းတို႔ဆႏၵကိုေျပာေလ... ဇာတ္လမ္းေတြ ဇာတ္သိမ္းေတြေတာ့ မျပင္ႏိုင္ဘူး..."

"ကြ်န္ေတာ္နားလည္ပါတယ္..."

"ဆိုေတာ့..."

မ်က္ေထာင့္ေလးကပ္ကာ ေမးသည့္ သူ႔ကိုၾကည့္ၿပီး Vincent တံေထြးၿမိဳခ်မိ၏။ သူတို႔ကို ဖန္တီးသူအေၾကာင္း သူ ေကာင္းေကာင္းသိသည္။ သူတို႔က ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ ထက္ျမက္ၾကသည္ဟု စာဖတ္သူတို႔က ဆိုၾကလ်ွင္ သူတို႔ကို ဖန္တီးသူက မည္မ်ွထိဆိုးရြားေလာက္သည္လဲ။

"ေနာက္ပိုင္း ဇာတ္ေကာင္ေတြကို ညွာတာေပးဖို႔နဲ႔ကြ်န္ေတာ္တို႔က အသက္ရိွတယ္ဆိုတာေလးကို သတိထားေစခ်င္ပါတယ္..."

"အင္း..."

နီေစြးေခါင္းသာညိတ္ျပလိုက္သည္။ ထို Vincent က သူ႔ one night stand ေလးပဲျဖစ္ျဖစ္ အရူးေလးပဲျဖစ္ျဖစ္ ေနာက္ၿပီးတကယ္ပဲ ထြက္က်လာတဲ့ဇာတ္ေကာင္ပဲျဖစ္ျဖစ္ သူထိုကိစၥကို အင္း ဟု ေခါင္းညိတ္လိုက္ရင္ ကိစၥျပတ္တာပဲမဟုတ္လား။

ေနာက္ၿပီး သူက အျမဲတမ္း သူ႔ဇာတ္ေကာင္ေတြကို အသက္ရိွတယ္ သေဘာထားပါတယ္။ သူ႔စာေရးဟန္ကိုက ဇာတ္လမ္းတိုင္းက အသက္ရိွေနတာ။ ဇာတ္ေကာင္တိုင္းက သူ႔ကိုေျပာျပသည့္ အရာကိုပဲ သူ ခ်ေရးတာ။ ထို႔ေၾကာင့္ Vincent ဆိုသူ၏ ေတာင္းဆိုခ်က္ကို သူ လိုက္ေလ်ာဖို႔က အခက္အခဲရယ္မရိွ။

အျခားတစ္ခုကေတာ့... ဒါကသူတို႔ေျပာျပသည့္ အေပၚမူတည္တာေပါ့။ သူတို႔က ဇာတ္နာသည့္ပံုစံျဖင့္ မေျပာျပလာဘူးဆိုရင္ေတာ့ သူကလည္း အဲ့ဒါမ်ိဳးမေရးပါဘူး။ ဒါေပမဲ့ လူဆိုတာက သုခတို႔ကို မ်ွေဝေျပာျပခ်င္တာထက္ ဒုကၡတို႔ကိုသာ အျခားသူကို ေျပာျပခ်င္သည္က ပိုမ်ားၾကသည္ေလ။

ဒါကိုသူ ထိုသူကိုေတာ့ မရွင္းျပခ်င္ပါဘူး။ သူက သူ႔အျမင္တို႔ကို ယခုမွေတြ႔ဖူးသူႏွင့္ စကားလက္ဆံုက် ေဆြးေႏြးလိုစိတ္ ရိွသူမ်ိဳးမွ မဟုတ္တာ။

"မျပန္ေသးဘူးလား..."

"ဗ်ာ..."

"မင္းေျပာတာ ငါ သေဘာတူတယ္ဆိုေတာ့ မင္းျပန္လို႔ရၿပီ မဟုတ္လား..."

ထမင္းစား စားပြဲမွထရပ္ကာ သူ ေမးေတာ့ သူ႔ကိုမ်က္လံုးျပာျပာဝိုင္းေလးျဖင့္သာ ၾကည့္ေနသည့္ Vincent... ခ်ီး ဒီေသာက္ဇာတ္ေကာင္က တကယ္ႀကီးလား။ ငါ့ရဲ႕ အားနည္းခ်က္ကို... ငါ တကယ္ Puppy Eyes ေတြဆို အားေပ်ာ့တယ္ေနာ္။ Gap Moe ေတြကို ငါ တကယ္ ျပဳတ္က်တတ္တာေနာ္။

"ကြ်န္ေတာ္ မသိဘူး..."

မ်က္ႏွာငယ္ေလးျဖင့္ ၾကည့္လာသည့္ Vincent ကို ဆြံ႔အစြာသာ နီေစြးၾကည့္လိုက္ႏိုင္သည္။ ဒါက ဘာလဲ! ဒါက မဟုတ္ေသးဘူးေလ! ဘယ္လိုႀကီးလဲ! ကိစၥၿပီးရင္ ျပန္ေတာ့ေလ။ ရွဴးရွဴးဟု ေမာင္းမထုတ္ရံုတမယ္ မ်က္လံုးမ်ားျဖင့္ သူ Vincent ကို ၾကည့္သည္။

Vincent သူ႔ကိုယံုၾကည္ပံုမရသည့္ နီေစြးကို ၾကည့္ကာ Trickster မွ သူ႔ကို ျဗဳန္းစားႀကီး ဤကမ႓ာေလာကကိုပို႔ၿပီး ဘာမွျပန္မေျပာျခင္းကို ရွင္းျပေလ၏။ ေနာက္ဆံုးေတာ့ နီေစြးလက္မခံခ်င္ခံခ်င္ျဖင့္...

"မင္းကို ျပန္ရမဲ့နည္းလမ္းကို မေျပာလိုက္ဘူးလား အဲ့ဒီ Trickster က..."

"ဟင့္အင္း..."

မ်က္ႏွာေသေလးျဖင့္ေခါင္းယမ္းျပလာသည့္ Vincent ကို သူ ဘာေျပာရမွန္းမသိ။

"ဒါကလြယ္လြယ္နဲ႔ေျဖရွင္းလို႔ ရမဲ့ ကိစၥမဟုတ္ဘူးလို႔ ငါထင္ေနတယ္..."

သူ မ်က္ႏွာကို လက္ျဖင့္အုပ္ကာသာ သူ စိတ္ပ်က္စြာ ေရရြတ္သည္။ သူ႔ကို Vincent ကေတာ့ မ်က္လံုးျပာဝိုင္းေလးျဖင့္ၾကည့္လို႔။

"ကြ်န္ေတာ့္ကို ျပန္ပို႔လို႔ရမဲ့နည္းလမ္းမရိွခင္ေတာ့ ဂရုစိုက္ေပးပါဦး..."

သူ႔ကို ယဥ္ေက်းစြာေျပာလာသည့္ Vincent ကို နီေစြးမ်က္ေစာင္းႀကီးသာ လွမ္းထိုးေတာ့သည္။ မုန္းစရာတကယ္ေကာင္းတယ္။ ဒီ Gap Moe ျဖစ္တဲ့ Character ေတြက သိပ္ကို မုန္းစရာေကာင္းတယ္။

အထူးသျဖင့္ ငါ ဖန္တီးထားၿပီး ငါ ပစ္က်မလိုျဖစ္ေနတာက ပိုၿပီး မုန္းစရာေကာင္းတယ္! ဒီ Vincent က ငါ ဖန္တီးသမ်ွထဲ အေကာက္က်စ္ဆံုးဆိုတာ ငါေကာင္းေကာင္းသိတယ္!

"ဟြန္႔ မင္းက Vincent အစစ္ မဟုတ္ဘဲ ငါ့ကို လာေရာတဲ့ ငနဲတစ္ေကာင္ ျဖစ္မေနဘူးလို႔ဘယ္သူ ေျပာႏိုင္မွာလဲ!"

"ဒါဆို ကြ်န္ေတာ္က ကြ်န္ေတာ့္ မိဘအရင္းက ဘယ္သူဆိုတာ ေျပာျပရင္ေရာ... ဒါက ကြ်န္ေတာ့္ကို ဖန္တီးသူနဲ႔ ကြ်န္ေတာ္ပဲ သိတဲ့ အေၾကာင္းအရာ မဟုတ္လား..."

ဒီေသာက္ေကာင္စုတ္ေလးက! ထိုေကာင္ေလး၏ လားရာကို သူ မည္သူတစ္ဦးကိုမွ မေျပာျပသလို ခန္႔မွန္းျခင္းတို႔သည္လည္း မမွန္ကန္ေသး။ Vincent သည္ Authur ႏွင့္ Morgana တို႔၏ သားဟုဆိုၾကသလို အခ်ိဳ႕က Merlin ႏွင့္ Morgana သားဟု ဆိုၾကသည္။

နီေစြးက မိခင္သည္ Morgana ျဖစ္သည္ဟု အတည္ျပဳခ်ိန္တြင္ အျငင္းပြားမႈတို႔က ပိုျပင္းထန္လာသည္။ ဖခင္ကိုမူ နီေစြးက မည္သူဟု ထုတ္ေဖာ္ေျပာျခင္းမရိွသျဖင့္ ဖခင္သည္ မည္သူမွန္း မသိၾက။

နီေစြး၏ Hardcore fan မ်ားပင္ ထိုအေျဖကို မထုတ္ႏိုင္ၾကေသး။ အေျဖမွန္ကို နီေစြးႏွင့္ ထိုဇာတ္ေကာင္မွတစ္ပါး မသိႏိုင္သည့္အတြက္ နီေစြးမ်က္ႏွာ သုန္မႈန္သြားရသည္။

"အဲ့ဒါဆို ကြ်န္ေတာ္က Vincent ပါလို႔ယံုမွာလား ကြ်န္ေတာ့္အေဖ ဘယ္သူပါလို႔ေျပာရင္..."

နီေစြး မ်က္ေစာင္းသာ နာနာထိုးေတာ့သည္။ ငါက Fantasy စာေရးသူ တစ္ေယာက္ဆိုေပမဲ့ ငါ့ဘဝက Fantasy ဇာတ္လမ္းဆန္ဆန္ျဖစ္စရာလိုလို႔လား! ေနာက္ၿပီး ငါ့ဇာတ္ေကာင္ေတြထဲမွာမွ အဆိုးဝါးဆံုး twisted အျဖစ္ဆံုး ဇာတ္ေကာင္က ငါ့ေရွ႕ေရာက္လာရလား။ Trickster ေသခ်င္းဆိုး နတ္! ငါဘယ္ဇာတ္လမ္းမွာ နစ္နစ္နာနာေရးဖူးလို႔လဲ မင္းကို! သူ Trickster ကို က်ိန္ဆဲေသာ္လည္း...

"မင္း ျပန္မဲ့နည္းကို ျပန္ရွာမေတြ႔ေသးတာမို႔ ငါတုိ႔ အခုအတူေနမွပဲ ျဖစ္မယ္..."

"ဟုတ္!"

သူေျပာလိုက္သည္ႏွင့္ ေခြးေပါက္ေလးသည္ သခင္၏ ဂရုစိုက္မႈေၾကာင့္ အလြန္တရာေပ်ာ္ရႊင္သြားသည့္ မ်က္ႏွာေလးျဖစ္သြားသျဖင့္ နီေစြး အဆံုးသတ္တြင္ဒါက သူဖန္တီးထားသည့္ ဇာတ္ေကာင္ပါဟု လက္မခံခ်င္ခံခ်င္ျဖင့္သာ လက္ခံလိုက္ရသည္။

Vincent ၏ အမူအက်င့္ကို သူ ေကာင္းေကာင္းသိသည္ေလ။ လူတစ္ေယာက္က ဘာႀကိဳက္တတ္လဲ သူ အဲ့ဒီသူရဲ႕ အႀကိဳက္ကို အခ်ိန္တိုေလးအတြင္းမွာ လိုက္ေလ်ာညီေထြျပဳမူ လိုက္ေနထိုင္ႏိုင္သည္။ Vinent ၏ မဟာဗ်ဴဟာေျမာက္ လက္နက္ပုန္းႀကီး။ ေယာာက်ာ္းတန္မဲ့ သူ Vincent ကို မ်က္ေစာင္းထိုးျပန္သည္။

ဘယ္လုိပဲျဖစ္ျဖစ္ မုန္းစရာေကာင္းတယ္ဆိုေပမဲ့ သူ ဘာတတ္ႏိုင္မွာလဲ။ ယခုေခတ္တြင္ ေငြမရိွဘဲ ဒီ Camelot ရဲ႕ ဘုရင္သစ္က ဘယ္လုိျဖစ္ၿပီးေတာ့ အခု ၂၁ ရာစုထဲတြင္ ရွင္သန္ႏိုင္မွာလဲ။ အရူးေထာင္သို႔သာ တန္းအပို႔ခံလုိက္ရလိမ့္မည္။

မဟုတ္လွ်င္လည္း တရုတ္ေတြနဲ႔ေတြ႔ၿပီး ေရာင္းစားခံရႏိုင္ေခ်ရိွသည္။ မိန္းကေလးမဟုတ္သျဖင့္ေတာ့ ေဖ်ာ္ေျဖေရးပစၥည္းေတာ့ မလုပ္ရဘဲ အထဲက ကလီစာအကုန္ ျဖတ္ထုတ္ခံရဖို႔မ်ားသည္။ ဒါေပမဲ့ Vincent က ေခ်ာတာမို႔ ဝတၳဳေတြထဲကလို သၾကားေမေမတစ္ေယာက္ကေတြ႔ၿပီး အိမ္ေခၚသြားတာေတြ ဘာေတြလည္း ျဖစ္ေတာ့ျဖစ္ႏိုင္သည္ေလ။

ဘာပဲျဖစ္ျဖစ္ ဒါက သူ ဖန္တီးထားတဲ့ သူ႔ကေလးမို႔အထက္ပါအျဖစ္တစ္ခုကိုမွ သူ အျဖစ္မခံႏိုင္။ သူ႔ကေလးေတြ... ဟြန္း။ နီေစြးဆိုသည့္ သူက သူ႔ဇာတ္ေကာင္ႏွင့္ဇာတ္လမ္းမ်ားကို သူ႔ေသြးသားမ်ားကဲ့သို႔ တန္ဖိုးထားခ်စ္ျမတ္ႏိုးသည့္သူ။

ဒါကို ေသာက္ကေလးေတြက သူ႔ကို မညွာမတာ သူတို႔ကိုလုပ္သည္ဟု ထင္ၾကေသးသည္။ ထင္သည့္အျပင္ ဘာရယ္ စုေတာင္အတင္းတုတ္လုိက္ေသးဟမ္း အဲ့ဒါဆို နင္တုိ႔ေျပာထဲက နင္တုိ႔ဇာတ္လမ္းကို အေကာင္းတုိင္းပဲေျပာေလ။ ငါ အရိွကိုအရိွအတိုင္းေရးေပးတာေလ။ ေနာက္ၿပီး Trickster မင္း... မင္းကို ငါ အျငိွဳးႀကီးႀကီးထားတယ္။

"မင္း ျပံဳးၿဖီးမေနနဲ႔! မင္းက ငါ့သားမို႔လက္ခံတာ!"

ေလာေလာဆယ္တြင္ေတာ့ Trickster ကို လုပ္၍မရသည့္ အတူတူေတာ့ နီေစြး သူ႔ေဒါသတို႔ကို Vincent အေပၚတြင္ ပံုခ်လိုက္ေလသည္။

===================================

Unicode

"ဆိုတော့ မင်းက ဇာတ်လမ်းထဲကနေ ပလွတ်ဆိုပြီး ငါ့ကုတင်ပေါ် ထွက်ကျလာတယ်ပေါ့..."

နီစွေး မျက်လုံးထောင့်ကပ်ပြီး ပြောသည်။ သူက Fantasy စာရေးဆရာဆိုပေမဲ့လို့ ကျွန်တော် ခင်ဗျား ဇာတ်ကောင်ပါဆိုပြီး လာပြောရအောင် လက်ခံရအောင် သူက ဘုရားစူး ၂၁ ရာစု သိပ္ပံခေတ်က လူသားပါ။

Fantasy ရေးဖြစ်မှုက သူ့ စိတ်ဝင်စားမှုအရ လေ့လာဖြစ်သည်တို့ကို စာရေးပါလားဟု ရင်လူးဆေးဟု အမည်တွင်သည့် ထက်လင်း ပြောမှုကြောင့် ရေးဖြစ်ရာမှ သူ စာရေးဖြစ်ရာမှ ဘယ်ကဘယ်လို ယခုလို အနေအထားသို့ရောက်လာမှန်းမသိ။

ထားတော့ လောလောဆယ်တော့ သူ့ဇာတ်ကောင်ဟု ပြောသည့် နိုင်ငံခြားသားတစ်ယောက်က သူ့အိမ်ထဲရောက်နေသည်။ မြန်မာစကားပြောတတ်သည့် နိုင်ငံခြားသားမို့ သူ့စာဖတ်ပရိသတ်ဖြစ်ပြီး သူက Bi မို့ လာလုံးပြီး ပါလာတာများလား။ Vincent သည် သူတို့ကမ္ဘာမှ လူတစ်ယောက်ဖြစ်သည် ဆိုသည့် အစွဲကို မလျှော့ချင်သေးစွာဖြင့် ကော်ဖီငုံ့သောက်ကာ မျက်လုံးပြာများနှင့် ထိုသူကို ပြန်ကြည့်သည်။

လောကကူးပြောင်း ဇာတ်လမ်းတို့သည် Web Novel လောကတွင်မှိုလိုပေါက်နေသည်မို့ သူ လက်ခံရမခက်ခဲ။ သို့သော်လည်း ထိုကိစ္စက သူ့တွင်မှ လာရောက်ဖြစ်လာသည်တဲ့။ အို ကမ္ဘာလောက ကျွန်တော်က သူတို့ပြောပြောနေတဲ့ မိထွေးစာရေးဆရာများ ဖြစ်နေလို့လေလား။ စိတ်တွင်းတွင် ဒရာမာချိုး ပြီးနောက် မျက်နှာသေလေးဖြင့် သူ Vincent ကို ပြန်ကြည့်သည်။

အကယ်၍ Vincent သည် သူ့သား Vincent အမှန်ဆိုလျှင် မျက်နှာဖြူ ဖြစ်သော်လည်း မြန်မာစကားကို ပြောတတ် နားလည်နေခြင်းကိစ္စက လက်ခံရလွယ်ကူသွားချေပြီ။ Exculiber Destroyer ကို သူ Western Value ဖြင့် ရေးသားသော်လည်း မြန်မာစာ၊ မြန်မာစကားဖြင့် ပုံဖော်ခဲ့ခြင်းကြောင့် ထိုအဖြစ်ကို သူ ရှင်းလင်းလက်ခံနိုင်သည်။

Vincent သည် သူ့သားဟု သူပြောသည်က မလွန်။ Vincent သည် သူ့ကို ကောင်းစွာနားလည်သည့်သူ။ သူ့အကျင့်စရိုက်အချို့ကို သူ Vincent တွင် ရောနှောရေးသားခဲ့သည်။ ထို့အတွက် Vincent သည် သူ့သားတစ်ယောက်သဖွယ်။ ဇာတ်ကောင်ဟူသည်က စာရေးသူတို့၏ ရင်နှစ်သည်းချာ သားသမီးများ သို့မဟုတ် မိသားစုဝင်များ မဟုတ်ပါလား။

လက်မခံချင်သည်က ဟေး! ကမ္ဘာကူးပြောင်းလာမယ် ဆိုလည်း အနည်းဆုံးတော့ ကောင်းတဲ့ကောင်လေး ငါ့ဆီလွှတ်လေ! ဘာလို့ Vincent မှလဲ! ငါ့သားသမီးတွေထဲက အဆိုးဆုံးကောင်မှလဲ! ဒေါသသွေးတို့အန်ထွက်ချင်သော်လည်း သူ စိတ်တွင်းမှသာ ဆဲဆိုနေခြင်း။ သူ့မျက်နှာကတော့ ပကတိခံစားချက်မဲ့ မျက်နှာဖြစ်နေဆဲ။

"Trickster တစ်ကောင်က မင်းတို့စုပြီး ငါ့အတင်းတုတ်နေတုန်းမှာ ရောက်လာပြီး နောက်ဆုံးဇာတ်ကောင်ဖြစ်တဲ့ မင်းကို ဒီဘက်ကမ္ဘာကို ပို့ပေးတယ်..."

"ဟုတ်..."

ခေါင်းဆတ်ခနဲငြိမ့်ပြလာသည့် အနှီနိုင်ငံခြားသားက လူအရွယ်အစားရှိ Golden Retriever ပမာ။ အာ အား ငါ သူ့ဆံပင်တွေကို ဖွချင်တယ် သူက ခွေးကြီးနဲ့တူတယ်။

တိရိစ္ဆာန်ချစ်တတ်သူတစ်ဦး ဖြစ်သော်လည်း သူသည် တာဝန်ယူလိုစိတ်မရှိသူလည်း ဖြစ်သဖြင့် သူ့မှာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်တစ်မြီပင် မမွေးထား။ သူဆိုသည်က သူ့ကိုယ်သူ တာဝန်ယူနေရသည်ကိုပင် ပင်ပန်းသည်ဟု မှတ်ယူသည့်သူမျိုး။

"Trickster တစ်ကောင်က မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာ..."

"ကျွန်တော့်ဆန္ဒရယ်တော့ မဟုတ်ပါဘူး... အားလုံးဆန္ဒပါ ကျွန်တော်က ကိုယ်စားလှယ်..."

"အမ်း ဟုတ်ပြီ..."

ကော်ဖီခွက်ကို အကြောင်းမဲ့ မွှေနေရာမှ ဇွန်းကိုခွက်ဖြင့်ဒေါက်ခနဲခေါက်ပြီး Golden Retriever ကို သူ မျက်လုံးလှန်ကာ ပြန်ကြည့်သည်။ သူ့ကို ကြည့်နေသည့် မျက်လုံးပြာများ။ လေပူတစ်ချက်မှုတ်ထုတ်ကာ သူစကားဆက်၏။

"မင်းတို့ဆန္ဒက ဘာလဲ..."

"အမ်..."

"မင်းက ကိုယ်စားလှယ်ဆိုတော့ မင်းတို့ဆန္ဒကိုပြောလေ... ဇာတ်လမ်းတွေ ဇာတ်သိမ်းတွေတော့ မပြင်နိုင်ဘူး..."

"ကျွန်တော်နားလည်ပါတယ်..."

"ဆိုတော့..."

မျက်ထောင့်လေးကပ်ကာ မေးသည့် သူ့ကိုကြည့်ပြီး Vincent တံထွေးမြိုချမိ၏။ သူတို့ကို ဖန်တီးသူအကြောင်း သူ ကောင်းကောင်းသိသည်။ သူတို့က ကြောက်ဖို့ကောင်းလောက်အောင် ထက်မြက်ကြသည်ဟု စာဖတ်သူတို့က ဆိုကြလျှင် သူတို့ကို ဖန်တီးသူက မည်မျှထိဆိုးရွားလောက်သည်လဲ။

"နောက်ပိုင်း ဇာတ်ကောင်တွေကို ညှာတာပေးဖို့နဲ့ကျွန်တော်တို့က အသက်ရှိတယ်ဆိုတာလေးကို သတိထားစေချင်ပါတယ်..."

"အင်း..."

နီစွေးခေါင်းသာညိတ်ပြလိုက်သည်။ ထို Vincent က သူ့ one night stand လေးပဲဖြစ်ဖြစ် အရူးလေးပဲဖြစ်ဖြစ် နောက်ပြီးတကယ်ပဲ ထွက်ကျလာတဲ့ဇာတ်ကောင်ပဲဖြစ်ဖြစ် သူထိုကိစ္စကို အင်း ဟု ခေါင်းညိတ်လိုက်ရင် ကိစ္စပြတ်တာပဲမဟုတ်လား။

နောက်ပြီး သူက အမြဲတမ်း သူ့ဇာတ်ကောင်တွေကို အသက်ရှိတယ် သဘောထားပါတယ်။ သူ့စာရေးဟန်ကိုက ဇာတ်လမ်းတိုင်းက အသက်ရှိနေတာ။ ဇာတ်ကောင်တိုင်းက သူ့ကိုပြောပြသည့် အရာကိုပဲ သူ ချရေးတာ။ ထို့ကြောင့် Vincent ဆိုသူ၏ တောင်းဆိုချက်ကို သူ လိုက်လျောဖို့က အခက်အခဲရယ်မရှိ။

အခြားတစ်ခုကတော့... ဒါကသူတို့ပြောပြသည့် အပေါ်မူတည်တာပေါ့။ သူတို့က ဇာတ်နာသည့်ပုံစံဖြင့် မပြောပြလာဘူးဆိုရင်တော့ သူကလည်း အဲ့ဒါမျိုးမရေးပါဘူး။ ဒါပေမဲ့ လူဆိုတာက သုခတို့ကို မျှဝေပြောပြချင်တာထက် ဒုက္ခတို့ကိုသာ အခြားသူကို ပြောပြချင်သည်က ပိုများကြသည်လေ။

ဒါကိုသူ ထိုသူကိုတော့ မရှင်းပြချင်ပါဘူး။ သူက သူ့အမြင်တို့ကို ယခုမှတွေ့ဖူးသူနှင့် စကားလက်ဆုံကျ ဆွေးနွေးလိုစိတ် ရှိသူမျိုးမှ မဟုတ်တာ။

"မပြန်သေးဘူးလား..."

"ဗျာ..."

"မင်းပြောတာ ငါ သဘောတူတယ်ဆိုတော့ မင်းပြန်လို့ရပြီ မဟုတ်လား..."

ထမင်းစား စားပွဲမှထရပ်ကာ သူ မေးတော့ သူ့ကိုမျက်လုံးပြာပြာဝိုင်းလေးဖြင့်သာ ကြည့်နေသည့် Vincent... ချီး ဒီသောက်ဇာတ်ကောင်က တကယ်ကြီးလား။ ငါ့ရဲ့ အားနည်းချက်ကို... ငါ တကယ် Puppy Eyes တွေဆို အားပျော့တယ်နော်။ Gap Moe တွေကို ငါ တကယ် ပြုတ်ကျတတ်တာနော်။

"ကျွန်တော် မသိဘူး..."

မျက်နှာငယ်လေးဖြင့် ကြည့်လာသည့် Vincent ကို ဆွံ့အစွာသာ နီစွေးကြည့်လိုက်နိုင်သည်။ ဒါက ဘာလဲ! ဒါက မဟုတ်သေးဘူးလေ! ဘယ်လိုကြီးလဲ! ကိစ္စပြီးရင် ပြန်တော့လေ။ ရှူးရှူးဟု မောင်းမထုတ်ရုံတမယ် မျက်လုံးများဖြင့် သူ Vincent ကို ကြည့်သည်။

Vincent သူ့ကိုယုံကြည်ပုံမရသည့် နီစွေးကို ကြည့်ကာ Trickster မှ သူ့ကို ဗြုန်းစားကြီး ဤကမ္ဘာလောကကိုပို့ပြီး ဘာမှပြန်မပြောခြင်းကို ရှင်းပြလေ၏။ နောက်ဆုံးတော့ နီစွေးလက်မခံချင်ခံချင်ဖြင့်...

"မင်းကို ပြန်ရမဲ့နည်းလမ်းကို မပြောလိုက်ဘူးလား အဲ့ဒီ Trickster က..."

"ဟင့်အင်း..."

မျက်နှာသေလေးဖြင့်ခေါင်းယမ်းပြလာသည့် Vincent ကို သူ ဘာပြောရမှန်းမသိ။

"ဒါကလွယ်လွယ်နဲ့ဖြေရှင်းလို့ ရမဲ့ ကိစ္စမဟုတ်ဘူးလို့ ငါထင်နေတယ်..."

သူ မျက်နှာကို လက်ဖြင့်အုပ်ကာသာ သူ စိတ်ပျက်စွာ ရေရွတ်သည်။ သူ့ကို Vincent ကတော့ မျက်လုံးပြာဝိုင်းလေးဖြင့်ကြည့်လို့။

"ကျွန်တော့်ကို ပြန်ပို့လို့ရမဲ့နည်းလမ်းမရှိခင်တော့ ဂရုစိုက်ပေးပါဦး..."

သူ့ကို ယဉ်ကျေးစွာပြောလာသည့် Vincent ကို နီစွေးမျက်စောင်းကြီးသာ လှမ်းထိုးတော့သည်။ မုန်းစရာတကယ်ကောင်းတယ်။ ဒီ Gap Moe ဖြစ်တဲ့ Character တွေက သိပ်ကို မုန်းစရာကောင်းတယ်။

အထူးသဖြင့် ငါ ဖန်တီးထားပြီး ငါ ပစ်ကျမလိုဖြစ်နေတာက ပိုပြီး မုန်းစရာကောင်းတယ်! ဒီ Vincent က ငါ ဖန်တီးသမျှထဲ အကောက်ကျစ်ဆုံးဆိုတာ ငါကောင်းကောင်းသိတယ်!

"ဟွန့် မင်းက Vincent အစစ် မဟုတ်ဘဲ ငါ့ကို လာရောတဲ့ ငနဲတစ်ကောင် ဖြစ်မနေဘူးလို့ဘယ်သူ ပြောနိုင်မှာလဲ!"

"ဒါဆို ကျွန်တော်က ကျွန်တော့် မိဘအရင်းက ဘယ်သူဆိုတာ ပြောပြရင်ရော... ဒါက ကျွန်တော့်ကို ဖန်တီးသူနဲ့ ကျွန်တော်ပဲ သိတဲ့ အကြောင်းအရာ မဟုတ်လား..."

ဒီသောက်ကောင်စုတ်လေးက! ထိုကောင်လေး၏ လားရာကို သူ မည်သူတစ်ဦးကိုမှ မပြောပြသလို ခန့်မှန်းခြင်းတို့သည်လည်း မမှန်ကန်သေး။ Vincent သည် Authur နှင့် Morgana တို့၏ သားဟုဆိုကြသလို အချို့က Merlin နှင့် Morgana သားဟု ဆိုကြသည်။

နီစွေးက မိခင်သည် Morgana ဖြစ်သည်ဟု အတည်ပြုချိန်တွင် အငြင်းပွားမှုတို့က ပိုပြင်းထန်လာသည်။ ဖခင်ကိုမူ နီစွေးက မည်သူဟု ထုတ်ဖော်ပြောခြင်းမရှိသဖြင့် ဖခင်သည် မည်သူမှန်း မသိကြ။

နီစွေး၏ Hardcore fan များပင် ထိုအဖြေကို မထုတ်နိုင်ကြသေး။ အဖြေမှန်ကို နီစွေးနှင့် ထိုဇာတ်ကောင်မှတစ်ပါး မသိနိုင်သည့်အတွက် နီစွေးမျက်နှာ သုန်မှုန်သွားရသည်။

"အဲ့ဒါဆို ကျွန်တော်က Vincent ပါလို့ယုံမှာလား ကျွန်တော့်အဖေ ဘယ်သူပါလို့ပြောရင်..."

နီစွေး မျက်စောင်းသာ နာနာထိုးတော့သည်။ ငါက Fantasy စာရေးသူ တစ်ယောက်ဆိုပေမဲ့ ငါ့ဘဝက Fantasy ဇာတ်လမ်းဆန်ဆန်ဖြစ်စရာလိုလို့လား! နောက်ပြီး ငါ့ဇာတ်ကောင်တွေထဲမှာမှ အဆိုးဝါးဆုံး twisted အဖြစ်ဆုံး ဇာတ်ကောင်က ငါ့ရှေ့ရောက်လာရလား။ Trickster သေချင်းဆိုး နတ်! ငါဘယ်ဇာတ်လမ်းမှာ နစ်နစ်နာနာရေးဖူးလို့လဲ မင်းကို! သူ Trickster ကို ကျိန်ဆဲသော်လည်း...

"မင်း ပြန်မဲ့နည်းကို ပြန်ရှာမတွေ့သေးတာမို့ ငါတို့ အခုအတူနေမှပဲ ဖြစ်မယ်..."

"ဟုတ်!"

သူပြောလိုက်သည်နှင့် ခွေးပေါက်လေးသည် သခင်၏ ဂရုစိုက်မှုကြောင့် အလွန်တရာပျော်ရွှင်သွားသည့် မျက်နှာလေးဖြစ်သွားသဖြင့် နီစွေး အဆုံးသတ်တွင်ဒါက သူဖန်တီးထားသည့် ဇာတ်ကောင်ပါဟု လက်မခံချင်ခံချင်ဖြင့်သာ လက်ခံလိုက်ရသည်။

Vincent ၏ အမူအကျင့်ကို သူ ကောင်းကောင်းသိသည်လေ။ လူတစ်ယောက်က ဘာကြိုက်တတ်လဲ သူ အဲ့ဒီသူရဲ့ အကြိုက်ကို အချိန်တိုလေးအတွင်းမှာ လိုက်လျောညီထွေပြုမူ လိုက်နေထိုင်နိုင်သည်။ Vinent ၏ မဟာဗျူဟာမြောက် လက်နက်ပုန်းကြီး။ ယောာကျာ်းတန်မဲ့ သူ Vincent ကို မျက်စောင်းထိုးပြန်သည်။

ဘယ်လိုပဲဖြစ်ဖြစ် မုန်းစရာကောင်းတယ်ဆိုပေမဲ့ သူ ဘာတတ်နိုင်မှာလဲ။ ယခုခေတ်တွင် ငွေမရှိဘဲ ဒီ Camelot ရဲ့ ဘုရင်သစ်က ဘယ်လိုဖြစ်ပြီးတော့ အခု ၂၁ ရာစုထဲတွင် ရှင်သန်နိုင်မှာလဲ။ အရူးထောင်သို့သာ တန်းအပို့ခံလိုက်ရလိမ့်မည်။

မဟုတ်လျှင်လည်း တရုတ်တွေနဲ့တွေ့ပြီး ရောင်းစားခံရနိုင်ချေရှိသည်။ မိန်းကလေးမဟုတ်သဖြင့်တော့ ဖျော်ဖြေရေးပစ္စည်းတော့ မလုပ်ရဘဲ အထဲက ကလီစာအကုန် ဖြတ်ထုတ်ခံရဖို့များသည်။ ဒါပေမဲ့ Vincent က ချောတာမို့ ဝတ္ထုတွေထဲကလို သကြားမေမေတစ်ယောက်ကတွေ့ပြီး အိမ်ခေါ်သွားတာတွေ ဘာတွေလည်း ဖြစ်တော့ဖြစ်နိုင်သည်လေ။

ဘာပဲဖြစ်ဖြစ် ဒါက သူ ဖန်တီးထားတဲ့ သူ့ကလေးမို့အထက်ပါအဖြစ်တစ်ခုကိုမှ သူ အဖြစ်မခံနိုင်။ သူ့ကလေးတွေ... ဟွန်း။ နီစွေးဆိုသည့် သူက သူ့ဇာတ်ကောင်နှင့်ဇာတ်လမ်းများကို သူ့သွေးသားများကဲ့သို့ တန်ဖိုးထားချစ်မြတ်နိုးသည့်သူ။

ဒါကို သောက်ကလေးတွေက သူ့ကို မညှာမတာ သူတို့ကိုလုပ်သည်ဟု ထင်ကြသေးသည်။ ထင်သည့်အပြင် ဘာရယ် စုတောင်အတင်းတုတ်လိုက်သေးဟမ်း အဲ့ဒါဆို နင်တို့ပြောထဲက နင်တို့ဇာတ်လမ်းကို အကောင်းတိုင်းပဲပြောလေ။ ငါ အရှိကိုအရှိအတိုင်းရေးပေးတာလေ။ နောက်ပြီး Trickster မင်း... မင်းကို ငါ အငြှိုးကြီးကြီးထားတယ်။

"မင်း ပြုံးဖြီးမနေနဲ့! မင်းက ငါ့သားမို့လက်ခံတာ!"

လောလောဆယ်တွင်တော့ Trickster ကို လုပ်၍မရသည့် အတူတူတော့ နီစွေး သူ့ဒေါသတို့ကို Vincent အပေါ်တွင် ပုံချလိုက်လေသည်။

===================================


Continue Reading

You'll Also Like

204K 27.6K 48
ကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလု.....ဒီစကားလုံးတွေက အထပ်ထပ်အခါခါဖြစ်ပြီ...
313K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
479K 40.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
28.1K 4.5K 22
လူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချ...