FALLING (Completed)

By XiaoHun_Deerwind

101K 11.1K 753

We are slowly slowly falling in love Oh Sehun x Xiao Luhan More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23 (Final)

Part 13

4.4K 528 35
By XiaoHun_Deerwind

(Zawgyi)

ဒီေန႔ေတာ့ Sehun ဆီကေနခြင့္ယူထားတာေၾကာင့္ Luhan သူအရင္အလုပ္လုပ္ခဲ့တဲ့ ေဆး႐ံုဆီသို႔ျပန္လာခဲ့လိုက္တယ္...။ ေဆးရံုအုပ္ႀကီးအတြက္ လက္ေဆာင္ပစၥည္းေတြလဲ ဝယ္လာၿပီးေတာ့ေပါ့...။ ဘာပဲေျပာေျပာဒီအလုပ္က ေဆး႐ံုအုပ္ႀကီးရဲ႕ေက်းဇူးေၾကာင့္ ရခဲ့တာမဟုတ္လား...။ ထို႔အတူ Sehun က သူ႕ကိုအလုပ္ဆက္ခန္႔ထားတဲ့အေၾကာင္းကို ရွင္းျပရဦးမယ္ေလ...။

Luhan ဟိုေရာက္သြားေတာ့ ေဆး႐ံုအုပ္ႀကီးကိုယ္တိုင္ operation ခန္းဝင္ေနတယ္ဆိုတာေၾကာင့္ ခဏထိုင္ေစာင့္ေနရတယ္...။ လူတို္င္းအလုပ္႐ႈပ္ေနခ်ိန္မွာ သူတစ္ေယာက္တည္းသာ family doctor အျဖစ္ သက္ေတာင့္သက္သာျဖစ္ေနတာေၾကာင့္ စိတ္ေတာ့သိပ္မလံု...။ တကယ္ဆိုခုလိုအလုပ္႐ႈပ္ေနတဲ့ ဆရာဝန္ေတြထဲမွာ သူလဲပါေနရမွာ...။ Sehun ကိုပဲ နားလည္ေအာင္ေျပာျပၿပီး အလုပ္ျပန္ဆင္းရင္ေကာင္းမလားလို႔ သူေတြးေနမိတယ္...။

"ေရာက္ေနတာၾကာၿပီလား Luhan..!!"

အၿပံဳးနဲ႔အတူ႐ံုးခန္းထဲျပန္ဝင္လာတဲ့ ေဆး႐ံုအုပ္ႀကီးကို သူထိုင္ေနရာမွထရပ္ကာ ဦးၫြတ္ႏႈတ္ဆက္လိုက္တယ္...။

"မၾကာေသးပါဘူး... ဒီရက္ပိုင္းအလုပ္မ်ားေနၾကတာလား... ေဆး႐ံုအုပ္ႀကီးကိုယ္တိုင္ေတာင္ ခြဲစိတ္ခန္းဝင္တယ္ဆိုေတာ့"

"အဲ့ေလာက္လဲမမ်ားပါဘူးကြာ.. ငါကဒီတိုင္းထိုင္မေနခ်င္လို႔ ခြဲစိတ္ခန္းဝင္တာပါ.. သင္ထားတဲ့ပညာေတြကို အလကားမျဖစ္ခ်င္ဘူးေလ"

ေဆး႐ံုအုပ္ႀကီးရဲ႕စကားေၾကာင့္ Luhan ေခါင္းတညိတ္ညိတ္နဲ႔ စၪ္းစားေနတယ္...။သူသည္လဲသင္ထားတဲ့ပညာေတြကို အလကားျဖဳန္းတီးေနသူ ျဖစ္ေနၿပီမဟုတ္လား...။ Sehun ဆီမွာေနရတာ သက္ေတာင့္သက္သာရိွလွေပမယ့္ ေန႔တိုင္းလဲေဆးကုေပးေနရတာ မဟုတ္တာေၾကာင့္မို႔ သူ႕ပညာေတြအလကားျဖစ္ၿပီေပါ့...။

"ကြၽန္ေတာ္ Mr. Oh နဲ႔ ၆လစာခ်ဳပ္ျပည့္ရင္ ဒီမွာပဲအလုပ္ျပန္ဝင္ပါ့မယ္... ဒီမွာစာခ်ဳပ္ခ်ဳပ္ထားတာ ၄ႏွစ္ေက်ာ္ေလာက္ က်န္ေသးတယ္မဟုတ္လား"

သူ႕စကားေၾကာင့္ ေဆး႐ံုအုပ္ႀကီးက ဟက္ဟက္ပက္ပက္ရယ္ေမာေလရဲ႕...။ Luhan အနည္းငယ္ေတာ့ အူေၾကာင္ေၾကာင္ျဖစ္သြားတယ္...။ သူေျပာတာရယ္စရာမွ မပါတာပဲ...။ တကယ္ပဲလဲသူက ေဆး႐ံုနဲ႔၇ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုထားရတယ္ေလ...။ အခုက ေဆး႐ံုအုပ္ႀကီးရဲ႕ခြင့္ျပဳခ်က္ေၾကာင့္သာ အျပင္မွာေဆးသြားကုလို႔ရတာကို...။

"မင္းဒီမွာဆက္လုပ္စရာမလိုေတာ့ဘူး Luhan... Mr. Oh ရဲ႕အိမ္ေတာ္ထိန္းႀကီးက မင္းရဲ႕စာခ်ဳပ္အတြက္ ငါ့ကိုေလ်ာ္ေၾကးေတြေပးသြားၿပီေလ.. အဲဒီ့စာခ်ဳပ္က အခုဆိုရင္ Mr. Oh ဆီမွာပဲအက်ံဳးဝင္ေတာ့တယ္... ၄ႏွစ္ေက်ာ္က်န္ေသးတယ္ဆိုတာ Mr. Oh ဆီမွာျဖစ္သြားၿပီေလ"

"ဟင္... ကြၽန္ေတာ္လဲဘာမွမသိရပါလား"

တအံ့တဩနဲ႔ Luhan ေရရြတ္လိုက္ေတာ့ ေဆး႐ံုအုပ္ႀကီးလဲ အံ့အားသင့္သြားပံုရတယ္...။ တကယ္ဆို Luhan အေနနဲ႔ Sehun ကို တိတိပပအေျဖမေပးရေသးသလို စာခ်ဳပ္အသစ္ကိုလဲ မခ်ဳပ္ဆိုရေသးပါ...။

"တကယ္ပဲလား... သူတို႔ကမင္းကိုအသိ္မေပးပဲ စာခ်ဳပ္ကိုေျပာင္းခ်ဳပ္လိုက္တာေပါ့"

"ဟုတ္တယ္... Sehun အဲေလ Mr. Oh ကေတာ့ ကြၽန္ေတာ့္ကိုအလုပ္ဆက္လုပ္ဖို႔ ကမ္းလွမ္းေသးတယ္... ကြၽန္ေတာ္က ေသခ်ာမေျပာျဖစ္ေသးတာ"

ေဆး႐ံုအုပ္ႀကီးလဲ အတန္ငယ္စဥ္းစားလိုက္ၿပီးမွ သူ႕မ်က္ႏွာကတျဖည္းျဖည္း ၿပံဳးလာခဲ့တယ္...။

"ၾကည့္ရတာ Mr. Oh က မင္းကိုသေဘာက်ပံုပဲ"

"ဟင္... သေဘာက်တယ္...?? ဘယ္လို္ႀကီးလဲ"

Luhan အလန္႔တၾကားနဲ႔ထေအာ္မိတယ္...။ ၂ေယာက္လံုးက ေယာက်ၤားေလးေတြေလ ျဖစ္ႏိုင္ပါ့မလား...?? တကယ္ဆို Mr. Oh အေနနဲ႔ ေခ်ာေခ်ာလွလွမိန္းကေလးေတြကို စိတ္ႀကိဳက္ေရြးယူႏိုင္တာပဲ...။

"ဟုတ္တယ္ေလ မင္းပဲစဥ္းစားၾကည့္... အစပိုင္းမွာဘယ္ဆရာဝန္နဲ႔မွ အဆင္မေျပတဲ့သူက မင္းနဲ႔က်ေတာ့အဆင္ေျပတယ္... ၿပီးေတာ့မင္းအတြက္ စာခ်ဳပ္ကိုလဲေလ်ာ္ေပးတယ္... မင္းကိုသူ႕ရဲ႕ private doctor အျဖစ္ ယံုၾကည္စိတ္ခ်တဲ့သေဘာေလ"

"အာာ.. သေဘာက်တယ္ဆိုတာခုလို္မ်ဳိးလား...??"

"အင္းေလ... မင္းကဘာထင္လို႔လဲ"

"ဟင့္အင္း... ဘာမွမထင္ပါဘူး.. အဟီး..."

Luhan သူ႕ရဲ႕ေပါက္တတ္ကရအေတြးေၾကာင့္ Sehun ကို စိတ္ထဲအားနာမိသြားတယ္...။ အင္းေလ မျဖစ္ႏိုင္တာႀကီးကို အေတြးသြားေခ်ာ္ေနတယ္...။ သူနဲ႔အဆင္ေျပတဲ့ဆရာဝန္မို႔ သူ႕အနားမွာေခၚထားခ်င္တာ သဘာဝက်တာပဲကို္...။

"ကြၽန္ေတာ္ျပန္ေတာ့မယ္ေဆး႐ံုအုပ္ႀကီး... ေနာက္အားတဲ့ရက္ေတြလဲ လာလည္ပါဦးမယ္... တခါေလာက္ေတာ့ ေန႔လည္စာအတူတူသြားစားၾကတာေပါ့"

"ေအးပါကြာ.. မင္းအဆင္ေျပတာျမင္ေတာ့ ငါလဲဝမ္းသာပါတယ္"

Luhan လဲ သေဘာေကာင္းလွတဲ့ေဆး႐ံုအုပ္ႀကီးကို ႏႈတ္ဆက္ကာျပန္လာလိုက္တယ္...။ တျခားဘယ္မွလဲ သြားစရာမရိွေတာ့တာေၾကာင့္ အိမ္ကိုသာတန္းျပန္လာလိုက္တယ္...။ အိမ္ဆိုလို႔သူငွားထားတဲ့ တိုက္ခန္းေလးေတာင္ အလကားျဖစ္ေနၿပီပဲ...။ ၆လတခါ အိမ္လစာေပးထားတာေၾကာင့္ ပူစရာမရိွေပမယ့္ လူမေနျဖစ္တာကေတာ့ ႏွေမ်ာစရာေကာင္းသည္ေလ..။

"ေဒါက္တာေလးျပန္လာၿပီလား... ေန႔လည္စာမစားရေသးရင္ သူေဌးေလးနဲ႔အတူစားဖို႔ ျပင္ထားလိုက္မယ္ေနာ္"

အေဒၚႀကီးကေတာ့ သူ႕ကိုျမင္တာနဲ႔လွမ္းႏႈတ္ဆက္ရင္း ေမးရွာပါတယ္...။ သူလဲဒီအိမ္သားတပိုင္း ျဖစ္ေနၿပီပဲမဟုတ္လား...။

"Nae Arjuma... ဒါနဲ႔ Sehun က သူ႕အခန္းထဲမွာပဲလား"

"ဟုတ္မယ္ထင္တယ္... ခဏေနရင္သူေဌးေလးကိုပါေခၚၿပီး ထမင္းအတူလာစားၾကေလ"

"ဟုတ္ကဲ့...!!!"

Luhan လဲ အဝတ္အစားလဲမေနေတာ့ပဲ Sehun ရဲ႕အခန္းကိုသာ တန္းလာခဲ့လိုက္တယ္...။ ထံုးစံအတိုင္း တံခါး၃ခ်က္ေခါက္ကာအသံေပးၿပီးမွ အထဲကိုဝင္သြားလိုက္တယ္...။ Sehun ကေတာ့ အိပ္ယာေပၚမွာေျခဆင္းထိုင္ရင္း စာအုပ္ဖတ္ေနတယ္...။

"Sehun ေမးစရာရိွလို႔"

"အင္း... ေမးေလ"

ဖတ္လက္စစာအုပ္ကို္ ျပန္ခ်လိုက္ရင္း Sehun သူ႕ကို္ၾကည့္လာတယ္...။ သူတို႔၂ေယာက္ၾကားမွာ လူနာနဲ႔ဆရာဝန္ဆက္ဆံေရးထက္ အတန္ငယ္ပိုၿပီး ရင္းႏီွးလာခဲ့ၿပီပဲ...။ အင္း... မိတ္ေဆြသူငယ္ခ်င္းလို ဆက္ဆံေရးမ်ဳိးလို႔ ေျပာရမလားပဲ...။

"ေဆး႐ံုကကြၽန္ေတာ့္စာခ်ဳပ္ကို ေလ်ာ္ေပးလိုက္တယ္ဆို.. ကြၽန္ေတာ္လဲမသိရပါလား"

"အင္း ဟုတ္တယ္... Luhan ကို ကြၽန္ေတာ့္နားမွာပဲ private doctor အျဖစ္ေခၚထားခ်င္လို႔ လုပ္စရာရိွတာေတြ လုပ္လိုက္တာပါ... ၆လျပည့္လို႔စာခ်ဳပ္အသစ္ထပ္ခ်ဳပ္မွ အသိေပးမလို႔ပါပဲ... ေစာေစာသိသြားေတာ့လဲ ေကာင္းတာေပါ့"

Sehun ကေတာ့ ခပ္ေအးေအးပင္...။ Luhan သေဘာမက်တာက သူ႕ကိုအသိမေပးပဲ လုပ္လိုက္ျခင္းကိုပါ...။ တကယ္ဆိုကိုယ္က ကာယကံရွင္ေလ...။ ကိုယ္သေဘာတူခြင့္ျပဳမွ က်န္တဲ့အပိုင္းကိုသူတို႔လုပ္သင့္တာပါ...။

"ဘာလို႔လဲ Luhan က စိတ္ဆိုးသြားတာလား... ကြၽန္ေတာ္ဘယ္လိုျပန္ေခ်ာ့ရမလဲ"

"ဟင္...??"

သူ႕စကားက တမ်ဳိးႀကီးျဖစ္ေနေတာ့ Luhan အထိတ္တလန္႔နဲ႔ သူ႕ကိုၾကည့္လိုက္တယ္...။ သူ႕မ်က္ႏွာကေတာ့ ပကတိတည္ၾကည္ေနဆဲ...။ ေခါင္းထဲကိုေပါက္ကရအေတြးေတြခ်ည္း ဝင္ေရာက္ေနတာေၾကာင့္ Luhan သတိလက္လြတ္နဲ႔သူ႕ေခါင္းကို္သူ ျပန္႐ိုက္လိုက္တယ္...။

"ရ... ရပါတယ္... ဟိုေလ.. Arjuma က ထမင္းစားလို႔ရၿပီတဲ့.. ကြၽန္ေတာ္အဝတ္အစားလဲၿပီးရင္... ျပန္လာေခၚမယ္ေနာ္"

အထစ္ထစ္အေငါ့ေငါ့နဲ႔ေျပာၿပီး အခန္းထဲကေနျပန္ထြက္သြားတဲ့ Luhan ကိုၾကည့္ၿပီး Sehun ဟက္ခနဲရယ္မိတယ္...။ ပါးေလး၂ဖက္ကလဲ ရဲေနတာပဲ... ဘာေတြေလွ်ာက္ေတြးေနလဲမသိ...။

"ခ်စ္ဖို႔ေကာင္းလိုက္တာ"

ခပ္တိုးတိုးေရရြတ္လိုက္တဲ့ Sehun ရဲ႕စကားကို Luhan ၾကားရင္ျဖင့္ ဘယ္လိုေနမယ္မသိ...။ Sehun ကေတာ့ ျဖစ္ခ်င္တာကိုမရမကလုပ္တတ္တဲ့စိ္တ္ေၾကာင့္ Xiao Luhan ဆိုတဲ့ေဒါက္တာေလးကို သူ႕အပိုင္ျဖစ္ဖို႔ႀကိဳးစားရဦးမယ္...။

~•~•~•~•~•~•~•~•~•~

"ကြၽန္ေတာ့္ရဲ႕ အတြင္းေရးမွဴးလုပ္ပါလား"

"ဟင္... ကြၽန္ေတာ္မွမလုပ္တတ္တာ.. ေဆးပဲကုတတ္တာေလ"

ပ်င္းတယ္လို႔သူ႕ေရွ႕ညည္းမိတာ မွားၿပီထင္ပါရဲ႕လို႔ Luhan ေတြးလိုက္မိတယ္...။ ကိုယ္သင္လာခဲ့တဲ့ ေဆးပညာနဲ႔ဘာမွမဆိုင္တာကို္ သူခိုင္းတယ္ေလ...။

"ကြၽန္ေတာ္သင္ေပးမယ္ေလ.. ဘယ္သူမွေမြးကတည္းက မတတ္ၾကပါဘူး... ကြၽမ္းက်င္တဲ့သူကိုရွာလို႔ရေပမယ့္ ကြၽန္ေတာ့္ရဲ႕ေဒါသေၾကာင့္ ဘယ္အတြင္းေရးမွဴးမွ ၂လထက္ပိုမခံၾကဘူး... Luhan ကေတာ့ ကြၽန္ေတာ္နဲ႔ေတာ္ေတာ္ေလး အဆင္ေျပတယ္မလား"

သူေျပာတာလဲမွန္ေနတာေၾကာင့္ Luhan ကိုယ့္ကိုကိုယ္ေတာင္ ဂုဏ္ယူမိသြားတယ္...။ ဘယ္သူနဲ႔မွအဆင္မေျပတဲ့ လူ႕ဂြစာသူေဌးက သူနဲ႔က်ေတာ့ ရန္ျဖစ္လိုက္ျပန္တည့္လိုက္နဲ႔ အဆင္ေျပေနတာပဲကို္...။

"အင္းေလ.. Sehun က ေတာင္းဆိုလာမွေတာ့ ကြၽန္ေတာ္ကူညီေပးရမွာေပါ့... အစကေနသင္ရမွာဆိုေတာ့ စိတ္ေတာ့ရွည္ေပးေပါ့"

"ကြၽန္ေတာ္ေအာ္ရင္ေရာ Luhan က ေၾကာက္လို႔လား"

Sehun စကားအဆံုးမွာ ၂ေယာက္လံုးၿပိဳင္တူရယ္ေမာမိၾကတယ္...။ မဟုတ္မခံဆတ္ဆတ္ႀကဲ ဆရာဝန္ေလးနဲ႔ ေဒါသႀကီးတဲ့သူေဌးေလးတို႔ရဲ႕ မ႐ိုးႏိုင္တဲ့အေသးစားရန္ပြဲေလးေတြ ျဖစ္လာဦးမွာပါပဲ...။ ၿပီးရင္လဲတေန႔ေတာင္မကူးပဲ ျပန္အဆင္ေျပသြားၾကမွာပါပဲ...။ ဒါကိုသူတို႔၂ေယာက္လံုး သိေနၿပီးသားပါ...။

"Sehun နဲ႔ကြၽန္ေတာ္က ေရစက္ေတာ္ေတာ္ရိွတာပဲ... စေတြ႕ကာစက အဆင္မေျပေလာက္ဘူးလို႔ ထင္ခဲ့မိေပမယ့္ ခုထိေတာ့ႀကီးႀကီးမားမား ဘာျပႆနာမွမျဖစ္ခဲ့ဖူးေနာ္"

"ဟုတ္တယ္ တကယ္ဆို္ေဒါက္တာေလးတို႔၂ေယာက္က ႐ုပ္ခ်င္းပါဆင္ၾကေသးတာ"

ဒါကေတာ့အခ်ဳိပြဲအျဖစ္ လီွးစိတ္ထားတဲ့သစ္သီးေတြကို လာခ်ေပးတဲ့ Arjuma ဝင္ေျပာလိုက္ျခင္းသာ...။ Sehun ကေတာ့ ၿပံဳးလို႔သာေနတယ္...။ တကယ္ေတာ့ Sehun ရဲ႕အၿပံဳးေတြကို Luhan ဒီအိမ္ကိုေရာက္လာၿပီးမွသာ ျမင္ေတြ႕ရျခင္းသာ...။

"ဟုတ္မွာ.. အဲဒါေၾကာင့္မို႔ Sehun က ေခ်ာတာပဲ... ကြၽန္ေတာ္နဲ႔တူလို႔ေလ... ဟုတ္တယ္မလား"

အၿမဲတမ္းသူ႕ကို္ယ္သူအမႊန္းတင္တတ္တဲ့ Luhan ကို ဘယ္သူကမွၿငိဳျငင္ျခင္းမရိွပါ...။ သူ႕ရဲ႕ပြင့္လင္းျပီး ခ်စ္ဖို႔ေကာင္းတဲ့အက်င့္စ႐ိုက္ေလးလို႔သာ သတ္မွတ္ထားလိုက္တယ္...။

Luhan ကိုေငးၾကည့္ေနတဲ့ Sehun ရဲ႕မ်က္ဝန္းေတြဆီမွ ခ်စ္ျခင္းရဲ႕အဓိပၸာယ္ကို္ ကာယကံရွင္ကမသိေပမယ့္ ေဘးလူေတြကသိေနတယ္...။ ေယာက်ၤားေလးခ်င္းပင္ ျဖစ္လင့္ကစား အခ်စ္ဟာအခ်စ္ပဲမို႔ ဘယ္သူကမွလဲ ကန္႔ကြက္ျခင္းအလ်ဥ္းမရိွပါ...။

တစ္ခုေတာ့ရိွတာေပါ့... ဒါကို္ Luhan သိရင္ ဘယ္လိုတုန္႔ျပန္မလဲဆိုတာကေတာ့ စိတ္ဝင္စားစရာ ေကာင္းလြန္းလွတယ္...။ မိန္းကေလးခ်စ္သူထားခဲ့ဖူးတဲ့ Luhan က ေယာက်ၤားေလးတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ႏိုင္ပါ့မလားဆိုတာ စဥ္းစားစရာပင္...။

ထို႔အတူသူတို႔ဆီမွာ မျမင္ရေသးတဲ့ အႏၲရာယ္တစ္ခုရိွေနေသးတယ္...။ ဒါကို႐ိုးသားလြန္းတဲ့ Luhan လဲ မသိႏိုင္သလို အၿမဲသတိဝီရိယရိွေပမယ့္ အခ်စ္နဲ႔ပတ္သတ္ရင္ သတိလက္လြတ္ျဖစ္သြားတဲ့ Sehun သည္လဲ ဂ႐ုမထားမိေခ်...။

"Oh Sehun က ဒီေလာက္လုပ္ႀကံတာေတာင္မွ ေသမသြားပဲ ဒုကၡိတပဲျဖစ္သြားတယ္... ခုလဲအဲဒီ့ေျခေထာက္ေတြက ျပန္ေကာင္းလာဦးမယ္.. အဟက္ ေတာ္ေတာ္အသက္ျပင္းတဲ့ေကာင္"

"ဘာမွမပူပါနဲ႔ဆရာ... သူ႕ရဲ႕အားနည္းခ်က္ကို္ ကြၽန္ေတာ္တို႔ရွာေတြ႕ႏိုင္ရင္ သူ႕ကို္လြယ္လြယ္နဲ႔ရွင္းပစ္ႏိုင္မွာပါ"

"ေအး.. အဲဒီ့အားနည္းခ်က္ဆိုတာကို္ ရေအာင္ရွာခဲ့ၾက... ခုတေခါက္မေအာင္ျမင္ရင္ ငါတို႔ဒုကၡေရာက္သြားႏိုင္တယ္.. နားလည္လား...??"

"ဟုတ္ကဲ့... ကြၽန္ေတာ္အျမန္ဆံုးစံုစမ္းပါ့မယ္"

အခန္းထဲကေနျပန္ထြက္သြားတဲ့ လူယံုျဖစ္သူ...။
သူကေတာ့ၿမိဳ႕တစ္ခုလံုးကို္ လွမ္းျမင္ေနရတဲ့သူ႕႐ံုးခန္းဆီကေန အျပင္ကိုေငးေနရင္း သက္ျပင္းခ်လိုက္တယ္...။ ပါးလ်လ်သူ႕ရဲ႕ႏႈတ္ခမ္းထက္မွာ ေကာက္က်စ္တဲ့အၿပံဳးတစ္ခုကိုလဲ ခ်ိတ္တြဲထားေသးတယ္...။

သူဆိုတာ Oh Sehun ရဲ႕ၿပိဳင္ဘက္...။
ဘယ္ေတာ့မွခ်ဳပ္ၿငိမ္းမသြားႏိုင္တဲ့ ၿပိဳင္ဆိုင္မႈေတြၾကားမွာ ဒီတစ္ခုကေတာ့ ေၾကးအႀကီးဆံုးပင္...။

သူရပိုင္ခြင့္ရိွတာေတြ ရရိွဖို႔အတြက္
Oh Sehun ၿပိဳလဲသြားရမယ္...။

To Be Continued~~~~~


(Unicode)

ဒီနေ့တော့ Sehun ဆီကနေခွင့်ယူထားတာကြောင့် Luhan သူအရင်အလုပ်လုပ်ခဲ့တဲ့ ဆေးရုံဆီသို့ပြန်လာခဲ့လိုက်တယ်...။ ဆေးရုံအုပ်ကြီးအတွက် လက်ဆောင်ပစ္စည်းတွေလဲ ဝယ်လာပြီးတော့ပေါ့...။ ဘာပဲပြောပြောဒီအလုပ်က ဆေးရုံအုပ်ကြီးရဲ့ကျေးဇူးကြောင့် ရခဲ့တာမဟုတ်လား...။ ထို့အတူ Sehun က သူ့ကိုအလုပ်ဆက်ခန့်ထားတဲ့အကြောင်းကို ရှင်းပြရဦးမယ်လေ...။

Luhan ဟိုရောက်သွားတော့ ဆေးရုံအုပ်ကြီးကိုယ်တိုင် operation ခန်းဝင်နေတယ်ဆိုတာကြောင့် ခဏထိုင်စောင့်နေရတယ်...။ လူတိုင်းအလုပ်ရှုပ်နေချိန်မှာ သူတစ်ယောက်တည်းသာ family doctor အဖြစ် သက်တောင့်သက်သာဖြစ်နေတာကြောင့် စိတ်တော့သိပ်မလုံ...။ တကယ်ဆိုခုလိုအလုပ်ရှုပ်နေတဲ့ ဆရာဝန်တွေထဲမှာ သူလဲပါနေရမှာ...။ Sehun ကိုပဲ နားလည်အောင်ပြောပြပြီး အလုပ်ပြန်ဆင်းရင်ကောင်းမလားလို့ သူတွေးနေမိတယ်...။

"ရောက်နေတာကြာပြီလား Luhan..!!"

အပြုံးနဲ့အတူရုံးခန်းထဲပြန်ဝင်လာတဲ့ ဆေးရုံအုပ်ကြီးကို သူထိုင်နေရာမှထရပ်ကာ ဦးညွတ်နှုတ်ဆက်လိုက်တယ်...။

"မကြာသေးပါဘူး... ဒီရက်ပိုင်းအလုပ်များနေကြတာလား... ဆေးရုံအုပ်ကြီးကိုယ်တိုင်တောင် ခွဲစိတ်ခန်းဝင်တယ်ဆိုတော့"

"အဲ့လောက်လဲမများပါဘူးကွာ.. ငါကဒီတိုင်းထိုင်မနေချင်လို့ ခွဲစိတ်ခန်းဝင်တာပါ.. သင်ထားတဲ့ပညာတွေကို အလကားမဖြစ်ချင်ဘူးလေ"

ဆေးရုံအုပ်ကြီးရဲ့စကားကြောင့် Luhan ခေါင်းတညိတ်ညိတ်နဲ့ စဉ်းစားနေတယ်...။သူသည်လဲသင်ထားတဲ့ပညာတွေကို အလကားဖြုန်းတီးနေသူ ဖြစ်နေပြီမဟုတ်လား...။ Sehun ဆီမှာနေရတာ သက်တောင့်သက်သာရှိလှပေမယ့် နေ့တိုင်းလဲဆေးကုပေးနေရတာ မဟုတ်တာကြောင့်မို့ သူ့ပညာတွေအလကားဖြစ်ပြီပေါ့...။

"ကျွန်တော် Mr. Oh နဲ့ ၆လစာချုပ်ပြည့်ရင် ဒီမှာပဲအလုပ်ပြန်ဝင်ပါ့မယ်... ဒီမှာစာချုပ်ချုပ်ထားတာ ၄နှစ်ကျော်လောက် ကျန်သေးတယ်မဟုတ်လား"

သူ့စကားကြောင့် ဆေးရုံအုပ်ကြီးက ဟက်ဟက်ပက်ပက်ရယ်မောလေရဲ့...။ Luhan အနည်းငယ်တော့ အူကြောင်ကြောင်ဖြစ်သွားတယ်...။ သူပြောတာရယ်စရာမှ မပါတာပဲ...။ တကယ်ပဲလဲသူက ဆေးရုံနဲ့၇နှစ်စာချုပ် ချုပ်ဆိုထားရတယ်လေ...။ အခုက ဆေးရုံအုပ်ကြီးရဲ့ခွင့်ပြုချက်ကြောင့်သာ အပြင်မှာဆေးသွားကုလို့ရတာကို...။

"မင်းဒီမှာဆက်လုပ်စရာမလိုတော့ဘူး Luhan... Mr. Oh ရဲ့အိမ်တော်ထိန်းကြီးက မင်းရဲ့စာချုပ်အတွက် ငါ့ကိုလျော်ကြေးတွေပေးသွားပြီလေ.. အဲဒီ့စာချုပ်က အခုဆိုရင် Mr. Oh ဆီမှာပဲအကျုံးဝင်တော့တယ်... ၄နှစ်ကျော်ကျန်သေးတယ်ဆိုတာ Mr. Oh ဆီမှာဖြစ်သွားပြီလေ"

"ဟင်... ကျွန်တော်လဲဘာမှမသိရပါလား"

တအံ့တဩနဲ့ Luhan ရေရွတ်လိုက်တော့ ဆေးရုံအုပ်ကြီးလဲ အံ့အားသင့်သွားပုံရတယ်...။ တကယ်ဆို Luhan အနေနဲ့ Sehun ကို တိတိပပအဖြေမပေးရသေးသလို စာချုပ်အသစ်ကိုလဲ မချုပ်ဆိုရသေးပါ...။

"တကယ်ပဲလား... သူတို့ကမင်းကိုအသိမပေးပဲ စာချုပ်ကိုပြောင်းချုပ်လိုက်တာပေါ့"

"ဟုတ်တယ်... Sehun အဲလေ Mr. Oh ကတော့ ကျွန်တော့်ကိုအလုပ်ဆက်လုပ်ဖို့ ကမ်းလှမ်းသေးတယ်... ကျွန်တော်က သေချာမပြောဖြစ်သေးတာ"

ဆေးရုံအုပ်ကြီးလဲ အတန်ငယ်စဉ်းစားလိုက်ပြီးမှ သူ့မျက်နှာကတဖြည်းဖြည်း ပြုံးလာခဲ့တယ်...။

"ကြည့်ရတာ Mr. Oh က မင်းကိုသဘောကျပုံပဲ"

"ဟင်... သဘောကျတယ်...?? ဘယ်လိုကြီးလဲ"

Luhan အလန့်တကြားနဲ့ထအော်မိတယ်...။ ၂ယောက်လုံးက ယောကျၤားလေးတွေလေ ဖြစ်နိုင်ပါ့မလား...?? တကယ်ဆို Mr. Oh အနေနဲ့ ချောချောလှလှမိန်းကလေးတွေကို စိတ်ကြိုက်ရွေးယူနိုင်တာပဲ...။

"ဟုတ်တယ်လေ မင်းပဲစဉ်းစားကြည့်... အစပိုင်းမှာဘယ်ဆရာဝန်နဲ့မှ အဆင်မပြေတဲ့သူက မင်းနဲ့ကျတော့အဆင်ပြေတယ်... ပြီးတော့မင်းအတွက် စာချုပ်ကိုလဲလျော်ပေးတယ်... မင်းကိုသူ့ရဲ့ private doctor အဖြစ် ယုံကြည်စိတ်ချတဲ့သဘောလေ"

"အာာ.. သဘောကျတယ်ဆိုတာခုလိုမျိုးလား...??"

"အင်းလေ... မင်းကဘာထင်လို့လဲ"

"ဟင့်အင်း... ဘာမှမထင်ပါဘူး.. အဟီး..."

Luhan သူ့ရဲ့ပေါက်တတ်ကရအတွေးကြောင့် Sehun ကို စိတ်ထဲအားနာမိသွားတယ်...။ အင်းလေ မဖြစ်နိုင်တာကြီးကို အတွေးသွားချော်နေတယ်...။ သူနဲ့အဆင်ပြေတဲ့ဆရာဝန်မို့ သူ့အနားမှာခေါ်ထားချင်တာ သဘာဝကျတာပဲကို...။

"ကျွန်တော်ပြန်တော့မယ်ဆေးရုံအုပ်ကြီး... နောက်အားတဲ့ရက်တွေလဲ လာလည်ပါဦးမယ်... တခါလောက်တော့ နေ့လည်စာအတူတူသွားစားကြတာပေါ့"

"အေးပါကွာ.. မင်းအဆင်ပြေတာမြင်တော့ ငါလဲဝမ်းသာပါတယ်"

Luhan လဲ သဘောကောင်းလှတဲ့ဆေးရုံအုပ်ကြီးကို နှုတ်ဆက်ကာပြန်လာလိုက်တယ်...။ တခြားဘယ်မှလဲ သွားစရာမရှိတော့တာကြောင့် အိမ်ကိုသာတန်းပြန်လာလိုက်တယ်...။ အိမ်ဆိုလို့သူငှားထားတဲ့ တိုက်ခန်းလေးတောင် အလကားဖြစ်နေပြီပဲ...။ ၆လတခါ အိမ်လစာပေးထားတာကြောင့် ပူစရာမရှိပေမယ့် လူမနေဖြစ်တာကတော့ နှမျောစရာကောင်းသည်လေ..။

"ဒေါက်တာလေးပြန်လာပြီလား... နေ့လည်စာမစားရသေးရင် သူဌေးလေးနဲ့အတူစားဖို့ ပြင်ထားလိုက်မယ်နော်"

အဒေါ်ကြီးကတော့ သူ့ကိုမြင်တာနဲ့လှမ်းနှုတ်ဆက်ရင်း မေးရှာပါတယ်...။ သူလဲဒီအိမ်သားတပိုင်း ဖြစ်နေပြီပဲမဟုတ်လား...။

"Nae Arjuma... ဒါနဲ့ Sehun က သူ့အခန်းထဲမှာပဲလား"

"ဟုတ်မယ်ထင်တယ်... ခဏနေရင်သူဌေးလေးကိုပါခေါ်ပြီး ထမင်းအတူလာစားကြလေ"

"ဟုတ်ကဲ့...!!!"

Luhan လဲ အဝတ်အစားလဲမနေတော့ပဲ Sehun ရဲ့အခန်းကိုသာ တန်းလာခဲ့လိုက်တယ်...။ ထုံးစံအတိုင်း တံခါး၃ချက်ခေါက်ကာအသံပေးပြီးမှ အထဲကိုဝင်သွားလိုက်တယ်...။ Sehun ကတော့ အိပ်ယာပေါ်မှာခြေဆင်းထိုင်ရင်း စာအုပ်ဖတ်နေတယ်...။

"Sehun မေးစရာရှိလို့"

"အင်း... မေးလေ"

ဖတ်လက်စစာအုပ်ကို ပြန်ချလိုက်ရင်း Sehun သူ့ကိုကြည့်လာတယ်...။ သူတို့၂ယောက်ကြားမှာ လူနာနဲ့ဆရာဝန်ဆက်ဆံရေးထက် အတန်ငယ်ပိုပြီး ရင်းနှီးလာခဲ့ပြီပဲ...။ အင်း... မိတ်ဆွေသူငယ်ချင်းလို ဆက်ဆံရေးမျိုးလို့ ပြောရမလားပဲ...။

"ဆေးရုံကကျွန်တော့်စာချုပ်ကို လျော်ပေးလိုက်တယ်ဆို.. ကျွန်တော်လဲမသိရပါလား"

"အင်း ဟုတ်တယ်... Luhan ကို ကျွန်တော့်နားမှာပဲ private doctor အဖြစ်ခေါ်ထားချင်လို့ လုပ်စရာရှိတာတွေ လုပ်လိုက်တာပါ... ၆လပြည့်လို့စာချုပ်အသစ်ထပ်ချုပ်မှ အသိပေးမလို့ပါပဲ... စောစောသိသွားတော့လဲ ကောင်းတာပေါ့"

Sehun ကတော့ ခပ်အေးအေးပင်...။ Luhan သဘောမကျတာက သူ့ကိုအသိမပေးပဲ လုပ်လိုက်ခြင်းကိုပါ...။ တကယ်ဆိုကိုယ်က ကာယကံရှင်လေ...။ ကိုယ်သဘောတူခွင့်ပြုမှ ကျန်တဲ့အပိုင်းကိုသူတို့လုပ်သင့်တာပါ...။

"ဘာလို့လဲ Luhan က စိတ်ဆိုးသွားတာလား... ကျွန်တော်ဘယ်လိုပြန်ချော့ရမလဲ"

"ဟင်...??"

သူ့စကားက တမျိုးကြီးဖြစ်နေတော့ Luhan အထိတ်တလန့်နဲ့ သူ့ကိုကြည့်လိုက်တယ်...။ သူ့မျက်နှာကတော့ ပကတိတည်ကြည်နေဆဲ...။ ခေါင်းထဲကိုပေါက်ကရအတွေးတွေချည်း ဝင်ရောက်နေတာကြောင့် Luhan သတိလက်လွတ်နဲ့သူ့ခေါင်းကိုသူ ပြန်ရိုက်လိုက်တယ်...။

"ရ... ရပါတယ်... ဟိုလေ.. Arjuma က ထမင်းစားလို့ရပြီတဲ့.. ကျွန်တော်အဝတ်အစားလဲပြီးရင်... ပြန်လာခေါ်မယ်နော်"

အထစ်ထစ်အငေါ့ငေါ့နဲ့ပြောပြီး အခန်းထဲကနေပြန်ထွက်သွားတဲ့ Luhan ကိုကြည့်ပြီး Sehun ဟက်ခနဲရယ်မိတယ်...။ ပါးလေး၂ဖက်ကလဲ ရဲနေတာပဲ... ဘာတွေလျှောက်တွေးနေလဲမသိ...။

"ချစ်ဖို့ကောင်းလိုက်တာ"

ခပ်တိုးတိုးရေရွတ်လိုက်တဲ့ Sehun ရဲ့စကားကို Luhan ကြားရင်ဖြင့် ဘယ်လိုနေမယ်မသိ...။ Sehun ကတော့ ဖြစ်ချင်တာကိုမရမကလုပ်တတ်တဲ့စိတ်ကြောင့် Xiao Luhan ဆိုတဲ့ဒေါက်တာလေးကို သူ့အပိုင်ဖြစ်ဖို့ကြိုးစားရဦးမယ်...။

~•~•~•~•~•~•~•~•~•~

"ကျွန်တော့်ရဲ့ အတွင်းရေးမှူးလုပ်ပါလား"

"ဟင်... ကျွန်တော်မှမလုပ်တတ်တာ.. ဆေးပဲကုတတ်တာလေ"

ပျင်းတယ်လို့သူ့ရှေ့ညည်းမိတာ မှားပြီထင်ပါရဲ့လို့ Luhan တွေးလိုက်မိတယ်...။ ကိုယ်သင်လာခဲ့တဲ့ ဆေးပညာနဲ့ဘာမှမဆိုင်တာကို သူခိုင်းတယ်လေ...။

"ကျွန်တော်သင်ပေးမယ်လေ.. ဘယ်သူမှမွေးကတည်းက မတတ်ကြပါဘူး... ကျွမ်းကျင်တဲ့သူကိုရှာလို့ရပေမယ့် ကျွန်တော့်ရဲ့ဒေါသကြောင့် ဘယ်အတွင်းရေးမှူးမှ ၂လထက်ပိုမခံကြဘူး... Luhan ကတော့ ကျွန်တော်နဲ့တော်တော်လေး အဆင်ပြေတယ်မလား"

သူပြောတာလဲမှန်နေတာကြောင့် Luhan ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူမိသွားတယ်...။ ဘယ်သူနဲ့မှအဆင်မပြေတဲ့ လူ့ဂွစာသူဌေးက သူနဲ့ကျတော့ ရန်ဖြစ်လိုက်ပြန်တည့်လိုက်နဲ့ အဆင်ပြေနေတာပဲကို...။

"အင်းလေ.. Sehun က တောင်းဆိုလာမှတော့ ကျွန်တော်ကူညီပေးရမှာပေါ့... အစကနေသင်ရမှာဆိုတော့ စိတ်တော့ရှည်ပေးပေါ့"

"ကျွန်တော်အော်ရင်ရော Luhan က ကြောက်လို့လား"

Sehun စကားအဆုံးမှာ ၂ယောက်လုံးပြိုင်တူရယ်မောမိကြတယ်...။ မဟုတ်မခံဆတ်ဆတ်ကြဲ ဆရာဝန်လေးနဲ့ ဒေါသကြီးတဲ့သူဌေးလေးတို့ရဲ့ မရိုးနိုင်တဲ့အသေးစားရန်ပွဲလေးတွေ ဖြစ်လာဦးမှာပါပဲ...။ ပြီးရင်လဲတနေ့တောင်မကူးပဲ ပြန်အဆင်ပြေသွားကြမှာပါပဲ...။ ဒါကိုသူတို့၂ယောက်လုံး သိနေပြီးသားပါ...။

"Sehun နဲ့ကျွန်တော်က ရေစက်တော်တော်ရှိတာပဲ... စတွေ့ကာစက အဆင်မပြေလောက်ဘူးလို့ ထင်ခဲ့မိပေမယ့် ခုထိတော့ကြီးကြီးမားမား ဘာပြဿနာမှမဖြစ်ခဲ့ဖူးနော်"

"ဟုတ်တယ် တကယ်ဆိုဒေါက်တာလေးတို့၂ယောက်က ရုပ်ချင်းပါဆင်ကြသေးတာ"

ဒါကတော့အချိုပွဲအဖြစ် လှီးစိတ်ထားတဲ့သစ်သီးတွေကို လာချပေးတဲ့ Arjuma ဝင်ပြောလိုက်ခြင်းသာ...။ Sehun ကတော့ ပြုံးလို့သာနေတယ်...။ တကယ်တော့ Sehun ရဲ့အပြုံးတွေကို Luhan ဒီအိမ်ကိုရောက်လာပြီးမှသာ မြင်တွေ့ရခြင်းသာ...။

"ဟုတ်မှာ.. အဲဒါကြောင့်မို့ Sehun က ချောတာပဲ... ကျွန်တော်နဲ့တူလို့လေ... ဟုတ်တယ်မလား"

အမြဲတမ်းသူ့ကိုယ်သူအမွှန်းတင်တတ်တဲ့ Luhan ကို ဘယ်သူကမှငြိုငြင်ခြင်းမရှိပါ...။ သူ့ရဲ့ပွင့်လင်းပြီး ချစ်ဖို့ကောင်းတဲ့အကျင့်စရိုက်လေးလို့သာ သတ်မှတ်ထားလိုက်တယ်...။

Luhan ကိုငေးကြည့်နေတဲ့ Sehun ရဲ့မျက်ဝန်းတွေဆီမှ ချစ်ခြင်းရဲ့အဓိပ္ပာယ်ကို ကာယကံရှင်ကမသိပေမယ့် ဘေးလူတွေကသိနေတယ်...။ ယောကျၤားလေးချင်းပင် ဖြစ်လင့်ကစား အချစ်ဟာအချစ်ပဲမို့ ဘယ်သူကမှလဲ ကန့်ကွက်ခြင်းအလျဉ်းမရှိပါ...။

တစ်ခုတော့ရှိတာပေါ့... ဒါကို Luhan သိရင် ဘယ်လိုတုန့်ပြန်မလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလွန်းလှတယ်...။ မိန်းကလေးချစ်သူထားခဲ့ဖူးတဲ့ Luhan က ယောကျၤားလေးတစ်ယောက်နဲ့ ချစ်ကြိုက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပင်...။

ထို့အတူသူတို့ဆီမှာ မမြင်ရသေးတဲ့ အန္တရာယ်တစ်ခုရှိနေသေးတယ်...။ ဒါကိုရိုးသားလွန်းတဲ့ Luhan လဲ မသိနိုင်သလို အမြဲသတိဝီရိယရှိပေမယ့် အချစ်နဲ့ပတ်သတ်ရင် သတိလက်လွတ်ဖြစ်သွားတဲ့ Sehun သည်လဲ ဂရုမထားမိချေ...။

"Oh Sehun က ဒီလောက်လုပ်ကြံတာတောင်မှ သေမသွားပဲ ဒုက္ခိတပဲဖြစ်သွားတယ်... ခုလဲအဲဒီ့ခြေထောက်တွေက ပြန်ကောင်းလာဦးမယ်.. အဟက် တော်တော်အသက်ပြင်းတဲ့ကောင်"

"ဘာမှမပူပါနဲ့ဆရာ... သူ့ရဲ့အားနည်းချက်ကို ကျွန်တော်တို့ရှာတွေ့နိုင်ရင် သူ့ကိုလွယ်လွယ်နဲ့ရှင်းပစ်နိုင်မှာပါ"

"အေး.. အဲဒီ့အားနည်းချက်ဆိုတာကို ရအောင်ရှာခဲ့ကြ... ခုတခေါက်မအောင်မြင်ရင် ငါတို့ဒုက္ခရောက်သွားနိုင်တယ်.. နားလည်လား...??"

"ဟုတ်ကဲ့... ကျွန်တော်အမြန်ဆုံးစုံစမ်းပါ့မယ်"

အခန်းထဲကနေပြန်ထွက်သွားတဲ့ လူယုံဖြစ်သူ...။
သူကတော့မြို့တစ်ခုလုံးကို လှမ်းမြင်နေရတဲ့သူ့ရုံးခန်းဆီကနေ အပြင်ကိုငေးနေရင်း သက်ပြင်းချလိုက်တယ်...။ ပါးလျလျသူ့ရဲ့နှုတ်ခမ်းထက်မှာ ကောက်ကျစ်တဲ့အပြုံးတစ်ခုကိုလဲ ချိတ်တွဲထားသေးတယ်...။

သူဆိုတာ Oh Sehun ရဲ့ပြိုင်ဘက်...။
ဘယ်တော့မှချုပ်ငြိမ်းမသွားနိုင်တဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ဒီတစ်ခုကတော့ ကြေးအကြီးဆုံးပင်...။

သူရပိုင်ခွင့်ရှိတာတွေ ရရှိဖို့အတွက်
Oh Sehun ပြိုလဲသွားရမယ်...။

To Be Continued~~~~~

Continue Reading

You'll Also Like

8.9K 1K 27
အငြှိုးနဲ့လာတဲ့ မိုးငယ် ပွင့်ချပ်တွေပေါ် ကလူလို့ကျီဆယ် အချစ်မပါ ရက်စက်ယုံသက်သက်သာ ရွာတဲ့မိုးငယ်က လှပသင်းထုံခြင်းကို ဝပ်ဆင်းစေတယ် အော်... ပန်းကိုခြွေတ...
320K 34.2K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
60.3K 9.2K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
311K 31K 27
ကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜