Chenအကူအညီနဲ႔Phဆက္ထားရတဲ့Sehoလဲ အေျပးအလႊားျပန္ေရာက္လာတယ္..။
"Chan! "
မ်က္ရည္လည္ရဲႊနဲ႔ ေဖ်ာ့ေတာ့ေနတဲ့Chanကိုျမင္ေတာ့ Seho ႏွစ္ေယာက္လံုးအတြက္ စိတ္ပူေနရတယ္..။
"အေျခအေနဘယ္လိုလဲခင္ဗ်ာ"
"စိတ္ခ်သြားရပါၿပီ..အခု ေဆးေတြသြင္းထားေပးတယ္...အေျခအေနေတာ့နည္းနည္းေစာင့္ၾကည့္ရဦးမယ္"
အေျခအေနစိတ္ခ်ရေၾကာင္းသိၿပီးမွ Chanကို ၾကည့္မိေတာ့ ခါတိုင္းထက္ ျဖဴေဖ်ာ့ေနတယ္..။
"Chanေနမေကာင္းဘူးလား..အရမ္းလန္႔သြားတာလား"
ေစာင့္ေပးတဲ့Chanသူငယ္ခ်င္းေလးလဲ အေရးႀကီးကိစၥ႐ွိတာမို႔ ျပန္သြားတယ္..။
"ဘာမွမျဖစ္ပါဘူး..Sehoဦးဦး..ကိုကို႔ဆီသြားရေအာင္ေနာ္.."
ကုတင္ေပၚမွာ ပတ္တီးေတြ..Oxygen Maskေတြနဲ႔ ကိုကို႔ကိုေတြ႔ေတာ့ Chanကိုယ္Chanထု႐ိုက္ပစ္ခ်င္တယ္..။
Chanသာမေခၚရင္ ကိုကိုအခုလို ျဖစ္မွာမဟုတ္ဘူး...Chanက ကိုကို႔ကိုအတင္းေခၚလို႔ျဖစ္ရတာ...
"မငိုနဲ႔ေလ Chanရယ္..Yifanက ဘာမွမျဖစ္ေတာ့ပါဘူး..ခဏပဲအိပ္ၿပီးရင္ ျပန္ႏိုးလာမွာ..ေကာင္းသြားမွာ..."
"ဟင့္..Chanေၾကာင့္...Chanက ကိုကို႔ကိုအတင္းေခၚလိုက္လို႔ျဖစ္ရတာ...Chanေတာင္းပန္ပါတယ္..အဟင့္...Chanေၾကာင့္ ျဖစ္ရတာ....."
"မဟုတ္ပါဘူး Chanရယ္...မငိုနဲ႔ေတာ့ေနာ္..Yifanႏိုးလာလို႔ငိုေနတာျမင္ရင္ စိတ္မေကာင္းျဖစ္သြားလိမ့္မယ္..တိတ္.."
တစ္ေနကုန္ Yifanနားမွာ ထိုင္ၿပီး ဘာမွေကြၽးလို႔မရ ေရေတာင္ မေသာက္ေတာ့တဲ့ Chanကို Sehoစိတ္ပူလာတယ္..။
မငိုနဲ႔ေတာ့ဆိုလို႔ တိတ္႐ွာပါတယ္...မ်က္ႏွာငယ္ေလးနဲ႔...မ်က္ရည္ေတြဝဲလာလိုက္..က်လာတဲ့မ်က္ရည္ေတြကို အျမန္သုတ္လိုက္နဲ႔...သူပါစိတ္မေကာင္းျဖစ္ရတယ္...။
Chanနဲ႔Yifanနဲ႔ၾကားမွာ ခ်ည္ေႏွာင္ထားတဲ့ႀကိဳးကလဲ ေတာ္ရံုမွမဟုတ္တာ...။Chanကိုဆို ကေလးေလးတည္းက အရိပ္တၾကည့္ၾကည့္နဲ႔ အခုထိ သည္းသည္းလႈပ္ ျဖစ္ေနတဲ့ Yifan...ငယ္ငယ္ေလးတည္းက တြယ္တာခဲ့ၿပီး စိတ္နာေအာင္လုပ္ခဲ့တာေတာင္မနာႏိုင္ပဲ မရရေအာင္ Yifanဆီျပန္ေရာက္လာခဲ့တဲ့Chan..သူတို႔ႏွစ္ေယာက္ၾကားက သံေယာဇဥ္ေတြက မေျပာျပလဲ အလိုလိုခံစားမိၿပီးသား...။
"ကုိကို ျမန္ျမန္ႏိုးလာပါေနာ္"
အေဝးက လြင့္လာတဲ့ Chanအသံေလးၾကားေတာ့ သူပါဆုေတာင္းမိတယ္...။
"Yifan..ျမန္ျမန္ႏိုးလာခဲ့ပါ..ငါတို႔ေစာင့္ေနတယ္ေလ..."
_________________________________
ပထမဦးဆံုးသတိဝင္လာတာနဲ႔ သူ႔စိတ္ထဲေရာက္လာတာက Chan
မ်က္လံုးတို႔ကိုအားယူၿပီးဖြင့္ၾကည့္မိေတာ့ ေခ်ာင္က်ေနတဲ့ ကေလးမ်က္ႏွာေလးကို ေတြ႔လိုက္ရတယ္..။
သူ႔လက္ကိုဆုပ္ကိုင္ထားတဲ့ကေလးလက္ေလးက ေႏြးေထြးမႈကိုလဲခံစားရတယ္...။
"ကေလး.."
သူေခၚလိုက္ေတာ့မွ အသိျပန္ဝင္လာပံုရတဲ့ကေလးက မ်က္လံုးေလးေတြဝိုင္းၿပီး အံ့ျသေနပံုေလး..။
"ကိုကို..ကိုကို ႏိုးလာၿပီ..."
အျပင္ကိုေျပးထြက္သြားၿပီး sehoကို "ကိုကိုႏိုးလာၿပီ"ဆိုၿပီးေျပာေနတဲ့ အသံေလးကိုလဲၾကားရတယ္..။
မၾကာပါဘူး..အခန္းထဲျပန္ဝင္လာၿပီး သူ႔ကိုဖက္ထားတယ္..။
"Chanေတာင္းပန္ပါတယ္ေနာ္...Chanသာမေခၚခဲ့ရင္ေလ..ကိုကို..ကုိကိုက ဒီလိုျဖစ္မွာမဟုတ္ဘူး ...ေတာင္းပန္ပါတယ္...အဟင့္.."
သူဘာမွျပန္မေျပာႏုိင္ခင္ Sehoနဲ႔ ဆရာဝန္ေရာက္လာတာမို႔ ကေလးက ေထာင့္ေလးမွာကပ္ၿပီး မ်က္ရည္ေလးေတြ တဝဲဝဲနဲ႔ၾကည့္ေန႐ွာတယ္..။
ကေလးက သူ႔ကိုယ္သူအျပစ္တင္ေနတာ ဘယ္လိုလုပ္ရပါ့...သူကိုယ္တိုင္ကိုက ကေလးမေခၚလဲ လိုက္လာခ်င္မိတာ...စိတ္မခ်ဘူးေလ....။
____________________________
အေျခအေနနည္းနည္းျပန္ေကာင္းလာတဲ့အထိ Chanက သူ႔ကို ဘာမွမလုပ္ခိုင္းပဲ အကုန္လံုးကိုယ္တိုင္လုပ္ေပးေနတယ္..။
"ကုိကို..ဘာလုပ္မလို႔လဲ..ေရေသာက္ခ်င္လို႔လားဟင္ ...ခဏေလးေနာ္"
"ေနပါဦး ကေလးရဲ႕..."
လက္ကိုအတင္းဆဲြထားၿပီး ကုတင္ေပၚထိုင္ခိုင္းေတာ့မွ မ်က္လံုးေလးကလယ္ကလယ္နဲ႔ၾကည့္ေနတယ္..။
"ကိုကို႔ကို ေသခ်ာၾကည့္ပါဦး..ကိုကို႔Chanေလးရဲ႕ မ်က္ႏွာေလး ေသခ်ာမၾကည့္ရတာ ၾကာၿပီ..ေခ်ာင္က်သြားလိုက္တာ.."
ပါးေလးႏွစ္ဖက္အုပ္ကိုင္ၾကည့္ေတာ့ အရင္က ေဖာင္းအိအိေလးေတြက ေပ်ာက္ခ်င္ခ်င္ျဖစ္ေနၿပီ..။
ကေလးက သူ႔ကို ေသခ်ာလဲမ်က္ႏွာခ်င္းမဆိုင္ပဲ အျပစ္လုပ္ထားတဲ့သူလိုမ်ိဳး ရင္မဆိုင္ရဲျဖစ္ေနတာ သူသတိရၿပီးတည္းက..။
အရင္ကလို ဆိုးတာ ခြၽဲတာမ်ိဳးမ႐ွိေတာ့ပဲ ၿငိမ္ေနတယ္...သူလိုခ်င္တာ ျဖစ္ခ်င္တာ တစ္ခ်က္မညည္းညဴပဲ အကုန္လံုး ကိုယ္တိုင္လုပ္ေပးေနတယ္..။
"ကေလးေလး..ဘာျဖစ္ေနတာလဲ..ကိုကို႔ကိုေျပာ..ကေလး တစ္ခုခုျဖစ္ေနတာ ကိုကိုသိသားပဲ...မလိ္မ္ရဘူးေနာ္...ကိုကိုလိမ္တာမႀကိဳက္ဘူးဆိုတာကေလးသိတယ္မဟုတ္လား"
ဒီေတာ့မွ မ်က္ႏွာေလးေအာက္ငံု႔သြားၿပီး ေျပာတယ္...။
"Chanေၾကာင့္ ကိုကိုက ေဆးရံုေရာက္လာရတာေလ..မေတာ္လို႔ တစ္ခုခုျဖစ္သြားခဲ့ရင္..Chanမွားတာ...Chanသာ ကိုကို႔ကိုမေခၚခဲ့ဘူးဆိုရင္ ကိုကိုလဲ နာမွာမဟုတ္ဘူး...အဟင့္..Chanက တကယ္မေကာင္းတဲ့သူပဲ..ငယ္ငယ္ေလးတည္းက ကိုကို႔ကို ဒုကၡပဲေပးလာတာ..စိတ္ညစ္ေအာင္လဲလုပ္တယ္..လူကိုလဲနာေအာင္လုပ္တယ္...အင့္..အီးဟီး.."
ေျပာလဲေျပာငိုလဲငိုတဲ့ကေလးကို ရင္ခြင္ထဲထည့္ထားရင္း သူလဲရင္နာလွပါၿပီ..။
ကေလးကို ဒီလိုအေတြးမ်ိဳးေတြ ဝင္မိေစတဲ့ ကိုယ့္ကိုယ္ကိုသာ ေဒါသထြက္မိတယ္..။
"ကေလးကလဲ..မဟုတ္တာေတြ မေတြးနဲ႔..ကေလးက တစ္ခါမွ ကိုကို႔ကိုစိတ္မညစ္ေစပါဘူး..ကုိကိုက ကေလးကို အရမ္းခ်စ္တယ္ေလ..သိတယ္မဟုတ္လား...Chanကိုေလ ဘယ္ေတာ့မွ ၿငိဳျငင္မွာမဟုတ္ဘူး...ဒီကိစၥကလဲ ကေလးမေခၚရင္ေတာင္ ကိုကိုက လိုက္လာမွာ..အဲ့တာေၾကာင့္ ေလွ်ာက္မေတြးရဘူး...ကိုကို႔ကိုမခ်စ္ဘူးလားChanက..."
"ခ်စ္တယ္.."
ငိုေနတဲ့ၾကားက စကၠန္႔ပိုင္းေတာင္မျခားထြက္လာတဲ့ အသံေလးေၾကာင့္ အလုိလိုျပံဳးမိတယ္
..။
"အဲ့တာဆို မငိုနဲ႔ေတာ့ တိတ္.."
"အင့္..ကိုကို"
ေျပာကာမွ တစ္ကိုယ္လံုးရင္ခြင္ထဲပစ္ဝင္ၿပီး ငိုေနတဲ့ အေကာင္ေပါက္ေလး...။
ငိုလို႔ဝေတာ့မွ လက္ေလးေတြကို ပိုတင္းက်ပ္ေအာင္ တိုးဖက္ရင္း တိုးတိုးေလးေျပာတယ္..။
"ကိုကို႔ကို အရမ္းခ်စ္တယ္...ကိုကိုက Chanရဲ႕ မိုးေပၚကနတ္သားႀကီးပဲ.."
အခုခ်ိန္မွာ သူ႔အျပံဳးေတြက ျပတင္းေပါက္ကက်ေရာက္ေနတဲ့ ေနေရာင္ျခည္ထက္ေတာင္ ေတာက္ပေနမယ္ဆိုတာ သူခံစားမိေနသလိုပဲ....။
______________________________
Updateက ၾကာသြားတယ္ေနာ္ ႏွစ္ကူးၿပီးမွ ေရာက္ခ်လာတယ္:3
အမွန္အတိုင္းဆို အခုChanအရြယ္ေရာက္ၿပီးေနာက္ပိုင္း အပိုင္းေတြမွာ ေတာ္ေတာ္အားနည္းလာပါတယ္...ဇာတ္လမ္းကလဲ ဒီတိုင္း ဘာမွန္းမသိ ေမ်ာေနတာကို တကယ္အားနာပါတယ္..ကိုယ့္လိုအပ္ခ်က္ေတြေၾကာင့္ Wu Chanေလးကို ခ်စ္ေပးၾကတဲ့သူေတြ ဖတ္ရတာ အားပ်က္ေနမွာသိပါတယ္ ေတာင္းပန္ပါတယ္ေနာ္...ဆက္ေရးလဲ ဒီအတိုင္းပဲ ပ်င္းဖ္ို႔ေကာင္းေနဦးမွာဆိုေတာ့ ဇာတ္သိမ္းဖို႔က သိပ္မလိုေတာ့ပါဘူး...အားလံုးကိုခ်စ္ပါတယ္ေနာ္....
❤UNICODE❤
Chenအကူအညီနဲ့Phဆက်ထားရတဲ့Sehoလဲ အပြေးအလွှားပြန်ရောက်လာတယ်..။
"Chan! "
မျက်ရည်လည်ရွဲှနဲ့ ဖျော့တော့နေတဲ့Chanကိုမြင်တော့ Seho နှစ်ယောက်လုံးအတွက် စိတ်ပူနေရတယ်..။
"အခြေအနေဘယ်လိုလဲခင်ဗျာ"
"စိတ်ချသွားရပါပြီ..အခု ဆေးတွေသွင်းထားပေးတယ်...အခြေအနေတော့နည်းနည်းစောင့်ကြည့်ရဦးမယ်"
အခြေအနေစိတ်ချရကြောင်းသိပြီးမှ Chanကို ကြည့်မိတော့ ခါတိုင်းထက် ဖြူဖျော့နေတယ်..။
"Chanနေမကောင်းဘူးလား..အရမ်းလန့်သွားတာလား"
စောင့်ပေးတဲ့Chanသူငယ်ချင်းလေးလဲ အရေးကြီးကိစ္စရှိတာမို့ ပြန်သွားတယ်..။
"ဘာမှမဖြစ်ပါဘူး..Sehoဦးဦး..ကိုကို့ဆီသွားရအောင်နော်.."
ကုတင်ပေါ်မှာ ပတ်တီးတွေ..Oxygen Maskတွေနဲ့ ကိုကို့ကိုတွေ့တော့ Chanကိုယ်Chanထုရိုက်ပစ်ချင်တယ်..။
Chanသာမခေါ်ရင် ကိုကိုအခုလို ဖြစ်မှာမဟုတ်ဘူး...Chanက ကိုကို့ကိုအတင်းခေါ်လို့ဖြစ်ရတာ...
"မငိုနဲ့လေ Chanရယ်..Yifanက ဘာမှမဖြစ်တော့ပါဘူး..ခဏပဲအိပ်ပြီးရင် ပြန်နိုးလာမှာ..ကောင်းသွားမှာ..."
"ဟင့်..Chanကြောင့်...Chanက ကိုကို့ကိုအတင်းခေါ်လိုက်လို့ဖြစ်ရတာ...Chanတောင်းပန်ပါတယ်..အဟင့်...Chanကြောင့် ဖြစ်ရတာ....."
"မဟုတ်ပါဘူး Chanရယ်...မငိုနဲ့တော့နော်..Yifanနိုးလာလို့ငိုနေတာမြင်ရင် စိတ်မကောင်းဖြစ်သွားလိမ့်မယ်..တိတ်.."
တစ်နေကုန် Yifanနားမှာ ထိုင်ပြီး ဘာမှကျွေးလို့မရ ရေတောင် မသောက်တော့တဲ့ Chanကို Sehoစိတ်ပူလာတယ်..။
မငိုနဲ့တော့ဆိုလို့ တိတ်ရှာပါတယ်...မျက်နှာငယ်လေးနဲ့...မျက်ရည်တွေဝဲလာလိုက်..ကျလာတဲ့မျက်ရည်တွေကို အမြန်သုတ်လိုက်နဲ့...သူပါစိတ်မကောင်းဖြစ်ရတယ်...။
Chanနဲ့Yifanနဲ့ကြားမှာ ချည်နှောင်ထားတဲ့ကြိုးကလဲ တော်ရုံမှမဟုတ်တာ...။Chanကိုဆို ကလေးလေးတည်းက အရိပ်တကြည့်ကြည့်နဲ့ အခုထိ သည်းသည်းလှုပ် ဖြစ်နေတဲ့ Yifan...ငယ်ငယ်လေးတည်းက တွယ်တာခဲ့ပြီး စိတ်နာအောင်လုပ်ခဲ့တာတောင်မနာနိုင်ပဲ မရရအောင် Yifanဆီပြန်ရောက်လာခဲ့တဲ့Chan..သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေက မပြောပြလဲ အလိုလိုခံစားမိပြီးသား...။
"ကိုကို မြန်မြန်နိုးလာပါနော်"
အဝေးက လွင့်လာတဲ့ Chanအသံလေးကြားတော့ သူပါဆုတောင်းမိတယ်...။
"Yifan..မြန်မြန်နိုးလာခဲ့ပါ..ငါတို့စောင့်နေတယ်လေ..."
_________________________________
ပထမဦးဆုံးသတိဝင်လာတာနဲ့ သူ့စိတ်ထဲရောက်လာတာက Chan
မျက်လုံးတို့ကိုအားယူပြီးဖွင့်ကြည့်မိတော့ ချောင်ကျနေတဲ့ ကလေးမျက်နှာလေးကို တွေ့လိုက်ရတယ်..။
သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ကလေးလက်လေးက နွေးထွေးမှုကိုလဲခံစားရတယ်...။
"ကလေး.."
သူခေါ်လိုက်တော့မှ အသိပြန်ဝင်လာပုံရတဲ့ကလေးက မျက်လုံးလေးတွေဝိုင်းပြီး အံ့သြနေပုံလေး..။
"ကိုကို..ကိုကို နိုးလာပြီ..."
အပြင်ကိုပြေးထွက်သွားပြီး sehoကို "ကိုကိုနိုးလာပြီ"ဆိုပြီးပြောနေတဲ့ အသံလေးကိုလဲကြားရတယ်..။
မကြာပါဘူး..အခန်းထဲပြန်ဝင်လာပြီး သူ့ကိုဖက်ထားတယ်..။
"Chanတောင်းပန်ပါတယ်နော်...Chanသာမခေါ်ခဲ့ရင်လေ..ကိုကို..ကိုကိုက ဒီလိုဖြစ်မှာမဟုတ်ဘူး ...တောင်းပန်ပါတယ်...အဟင့်.."
သူဘာမှပြန်မပြောနိုင်ခင် Sehoနဲ့ ဆရာဝန်ရောက်လာတာမို့ ကလေးက ထောင့်လေးမှာကပ်ပြီး မျက်ရည်လေးတွေ တဝဲဝဲနဲ့ကြည့်နေရှာတယ်..။
ကလေးက သူ့ကိုယ်သူအပြစ်တင်နေတာ ဘယ်လိုလုပ်ရပါ့...သူကိုယ်တိုင်ကိုက ကလေးမခေါ်လဲ လိုက်လာချင်မိတာ...စိတ်မချဘူးလေ....။
____________________________
အခြေအနေနည်းနည်းပြန်ကောင်းလာတဲ့အထိ Chanက သူ့ကို ဘာမှမလုပ်ခိုင်းပဲ အကုန်လုံးကိုယ်တိုင်လုပ်ပေးနေတယ်..။
"ကိုကို..ဘာလုပ်မလို့လဲ..ရေသောက်ချင်လို့လားဟင် ...ခဏလေးနော်"
"နေပါဦး ကလေးရဲ့..."
လက်ကိုအတင်းဆွဲထားပြီး ကုတင်ပေါ်ထိုင်ခိုင်းတော့မှ မျက်လုံးလေးကလယ်ကလယ်နဲ့ကြည့်နေတယ်..။
"ကိုကို့ကို သေချာကြည့်ပါဦး..ကိုကို့Chanလေးရဲ့ မျက်နှာလေး သေချာမကြည့်ရတာ ကြာပြီ..ချောင်ကျသွားလိုက်တာ.."
ပါးလေးနှစ်ဖက်အုပ်ကိုင်ကြည့်တော့ အရင်က ဖောင်းအိအိလေးတွေက ပျောက်ချင်ချင်ဖြစ်နေပြီ..။
ကလေးက သူ့ကို သေချာလဲမျက်နှာချင်းမဆိုင်ပဲ အပြစ်လုပ်ထားတဲ့သူလိုမျိုး ရင်မဆိုင်ရဲဖြစ်နေတာ သူသတိရပြီးတည်းက..။
အရင်ကလို ဆိုးတာ ချွဲတာမျိုးမရှိတော့ပဲ ငြိမ်နေတယ်...သူလိုချင်တာ ဖြစ်ချင်တာ တစ်ချက်မညည်းညူပဲ အကုန်လုံး ကိုယ်တိုင်လုပ်ပေးနေတယ်..။
"ကလေးလေး..ဘာဖြစ်နေတာလဲ..ကိုကို့ကိုပြော..ကလေး တစ်ခုခုဖြစ်နေတာ ကိုကိုသိသားပဲ...မလိမ်ရဘူးနော်...ကိုကိုလိမ်တာမကြိုက်ဘူးဆိုတာကလေးသိတယ်မဟုတ်လား"
ဒီတော့မှ မျက်နှာလေးအောက်ငုံ့သွားပြီး ပြောတယ်...။
"Chanကြောင့် ကိုကိုက ဆေးရုံရောက်လာရတာလေ..မတော်လို့ တစ်ခုခုဖြစ်သွားခဲ့ရင်..Chanမှားတာ...Chanသာ ကိုကို့ကိုမခေါ်ခဲ့ဘူးဆိုရင် ကိုကိုလဲ နာမှာမဟုတ်ဘူး...အဟင့်..Chanက တကယ်မကောင်းတဲ့သူပဲ..ငယ်ငယ်လေးတည်းက ကိုကို့ကို ဒုက္ခပဲပေးလာတာ..စိတ်ညစ်အောင်လဲလုပ်တယ်..လူကိုလဲနာအောင်လုပ်တယ်...အင့်..အီးဟီး.."
ပြောလဲပြောငိုလဲငိုတဲ့ကလေးကို ရင်ခွင်ထဲထည့်ထားရင်း သူလဲရင်နာလှပါပြီ..။
ကလေးကို ဒီလိုအတွေးမျိုးတွေ ဝင်မိစေတဲ့ ကိုယ့်ကိုယ်ကိုသာ ဒေါသထွက်မိတယ်..။
"ကလေးကလဲ..မဟုတ်တာတွေ မတွေးနဲ့..ကလေးက တစ်ခါမှ ကိုကို့ကိုစိတ်မညစ်စေပါဘူး..ကိုကိုက ကလေးကို အရမ်းချစ်တယ်လေ..သိတယ်မဟုတ်လား...Chanကိုလေ ဘယ်တော့မှ ငြိုငြင်မှာမဟုတ်ဘူး...ဒီကိစ္စကလဲ ကလေးမခေါ်ရင်တောင် ကိုကိုက လိုက်လာမှာ..အဲ့တာကြောင့် လျှောက်မတွေးရဘူး...ကိုကို့ကိုမချစ်ဘူးလားChanက..."
"ချစ်တယ်.."
ငိုနေတဲ့ကြားက စက္ကန့်ပိုင်းတောင်မခြားထွက်လာတဲ့ အသံလေးကြောင့် အလိုလိုပြုံးမိတယ်
..။
"အဲ့တာဆို မငိုနဲ့တော့ တိတ်.."
"အင့်..ကိုကို"
ပြောကာမှ တစ်ကိုယ်လုံးရင်ခွင်ထဲပစ်ဝင်ပြီး ငိုနေတဲ့ အကောင်ပေါက်လေး...။
ငိုလို့ဝတော့မှ လက်လေးတွေကို ပိုတင်းကျပ်အောင် တိုးဖက်ရင်း တိုးတိုးလေးပြောတယ်..။
"ကိုကို့ကို အရမ်းချစ်တယ်...ကိုကိုက Chanရဲ့ မိုးပေါ်ကနတ်သားကြီးပဲ.."
အခုချိန်မှာ သူ့အပြုံးတွေက ပြတင်းပေါက်ကကျရောက်နေတဲ့ နေရောင်ခြည်ထက်တောင် တောက်ပနေမယ်ဆိုတာ သူခံစားမိနေသလိုပဲ....။
______________________________