" ဆက္မႏိုးေသးဘူးလားေမေမ... ''
ေနျမင့္သည္ထိ ဘယ္ေတာ့မွမအိပ္တတ္ေသာ ဆက္အက်င့္ေၾကာင့္ေရာ... ၊ ေက်ာင္းဖြင့္ရက္ျဖစ္တာေၾကာင့္ေရာ... ခုနစ္နာရီေက်ာ္သည္ထိ မထေသးေသာ ဆက္သည္ထူးဆန္းေန၏ ။
" မႏိုးေသးဘူးထင္ပါရဲ႕ကြယ္... သြားႏိႈးလိုက္ဦးသမီး... ေက်ာင္းေနာက္က်ေနဦးမယ္... ''
ေဒၚမိမိတာ ေသာက္လက္စေကာ္ဖီခြက္ကေလးကိုခ်ၿပီး ဆက္႐ွိရာအိမ္ေပၚထပ္ဆီသို႔...
" ဆက္ေရ... သမီး ထေတာ့ေလ ခုနစ္နာရီေက်ာ္ေနၿပီ.... ''
တံခါးကို တေဒါက္ေဒါက္ေခါက္ရင္း ႏိႈးေနေသာ္လည္း အထဲကတုန္႔ျပန္သံမၾကားရ ။ ဖြင့္ၾကည့္ျပန္ေတာ့လဲ အထဲက lock ခ်ထားျပန္သည္ ။
တစ္ခါမွ ဒီလိုမျဖစ္တတ္တဲ့ကေလးမို႔ စိတ္ပူသြားမိ၏ ။
" ဆက္ေရ... သမီး.... ပတၱျမားဆက္... ''
ဘယ္လိုမွေခၚမရေတာ့ ။ ေဒၚမိမိတာေအာက္ကို အျမန္ေျပးဆင္းကာ အပိုေဆာင္ထားေသာ ေသာ့ေတြကိုယူသည္ ။ အေပၚကိုအျမန္ျပန္တက္ရင္း ဆက္ရဲ႕အခန္းေသာ့ကိုလည္း အေမာတေကာ႐ွာရေသး၏ ။ ေလွကားထစ္ေဇာင္းႏွင့္ ေျခသန္းႏွင့္ တိုက္မိၿပီး ေသြးေတြထြက္လာတာကိုသိပါေသာ္လည္း သမီးေဇာႏွင့္မို႔ အေရးမလုပ္မိ ။ အေပၚေရာက္သြားျပန္ေတာ့ စိတ္လႈပ္႐ွားၿပီး လက္ေတြတုန္ေနျပန္သည္မို႔ ေသာ့ေပါက္ကတန္းမဝင္ ။
ေနာက္ဆံုး တစ္ခ်က္အဖြင့္မွာ ေသာ့ပြင့္သြားၿပီး တံခါးကိုဖြင့္ဖြင့္ခ်င္းျမင္လိုက္ရသည္က...
" ဆက္... သမီးေလး..... ''
ၾကမ္းျပင္ေပၚမွာ ပံုပံုေလးလဲက်ေနေသာသမီးျဖစ္သူကိုျမင္လိုက္ရေသာအခါ ေဒၚမိမ္ိတာအလန္႔တၾကားေအာ္လိုက္မိ၏ ။
" ဆက္... သမီးေရ.... သမီး.... ''
ပါးစပ္ကတတြတ္တြတ္ေအာ္ရင္း သူမေလးကိုေကာက္ေပြ႔ကာ ပါးေလးေတြကိုပုတ္ရင္း ႏိႈးေနမိသည္ ။ ငိုေနတာမဟုတ္ပါဘဲႏွင့္ မ်က္ရည္ေတြကစီးက်လွၽက္...
" ေမေမေရ...... ဒိမွာဆက္ ေမ့လဲေနလို႔... ဆရာဝန္ေခၚေပးပါ.... ဆရာဝန္ေခၚေပးၾကပါ... ''
ေဒၚမိမိတာ ႐ွိသမွၽအားအကုန္သံုးကာ ေအာ္လိုက္မိသည္ ။ သူမအသံေၾကာင့္မိခင္ျဖစ္သူသည္လည္း အိမ္ေပၚသို႔ေျပးတက္လာၿပီး ဖခင္ျဖစ္သူက ဖုန္းဆက္ကာဆရာဝန္ပင့္ေနသည္ ။
ေဒၚမိမိတာ ေတာင့္ေတာင့္ေလးျဖစ္ေနေသာ ဆက္ကိုယ္ေလးကိုမၿပီးကုတင္ေပၚေပြ႕တင္လိုက္သည္ ။
ေအးစက္ေနေသာ ေျခဖ်ားေလးေတြ ေႏြးသြားေစရန္အလို႔ငွါ ေစာင္ျခံဳေပးလိုက္ၿပီး လက္ဖ်ားေလးေတြကိုေတာ့ သူမကိုယ္တိုင္ဆုပ္နယ္ကာအေႏြးဓာတ္ေပးေနမိသည္ ။
ေျခဖ်ာလက္ဖ်ားေတြသာ ေအးေနေသာ္လည္း ကိုယ္ေတြကျခစ္ျခစ္ေတာက္ပူေနသည္ေၾကာင့္ အဘြားျဖစ္သူက နဖူးေပၚေရပတ္ဝတ္တင္ေပးေန၏ ။
ဆက္မွာ လူကသာသတိမ႐ွိေသာ္လည္း လက္ဖ်ားေတြေအးစက္ကာ တစ္ခါတစ္ခါ အေၾကာေတြကပ္သြားေသးသည္မို႔ ေဒၚမိမိတာသည္ ေဆးပူေတြလိမ္းေပးလိုက္ ႏွိပ္လိုက္ႏွင့္ အလုပ္မ်ားေန႐ွာ၏ ။
ေျခေထာက္ဒဏ္ရာကိုလည္း ဂ႐ုမထားႏိုင္ေတာ့ ။ သူမစိတ္ထဲတြင္ သူမသမီး ပတၱျမားဆက္သည္သာ သူမ၏ဘဝ ။ သူမဘဝ၏အရာရာျဖစ္ေနသည္မဟုတ္ပါလား ။
မိဘေမတၱာကို သူေလးတစ္ေန႔နားလည္မွာပါေလ....
🌺🌺
ေန႔လည္ပိုင္း.....
ဆက္ကအခုထိ သတိရမလာေသး...
ဆရာဝန္က shock တစ္ခုခုျဖစ္ကာလဲက်သြားသည္ဆိုၿပီး ေဆးပုလင္းေတြခ်ိတ္ ၊ ေဆးေတြထိုးေပးခဲ့ေသာ္လည္း သတိရမလာမခ်င္းစိတ္ပူေနရေသးသည္သာ...။
တစ္ရက္ေတာင္မျပည့္ေသး ဆက္မ်က္ႏွာေလးကလည္းသိသိသာသာကို ပိန္က်သြားသည္ ။ သားသမီးက သတိမဲ့ကာကုတင္ေပၚမွာပက္လက္ျဖစ္ေနေတာ့ မိခင္ကလည္း မ်က္ရည္ႏွင့္မ်က္ခြက္ ။
📲📲📲📲📲
႐ုတ္တရက္ ဆက္ဖုန္းေလး ထျမည္လာေသာေၾကာင့္ ေဒၚမိမိတာ ေကာက္ကိုင္လိုက္မိသည္ ။
Caller ID မွာေပၚေနတာက တစ္လံုးထဲ...
ခ်မ္း 💞
" ဟဲလို... ''
' ဟဲလို... ဒါ ဆက္ရဲ႕ဖုန္း မဟုတ္ဘူးလား႐ွင့္... ''
' ဆက္က မေန႔ညက သတိလစ္သြားလို႔ ေဆးခ်ိတ္ထားရတယ္သမီး ခုထိလည္းသတိရမလာေသးဘူး... ''
' ႐ွင္... ဒါဆို ခ်မ္းအခုလာခဲ့မယ္ေနာ္... ခ်မ္းလာခဲ့မယ္အန္တီ.... ''
'' အင္း လာခဲ့ေလကြယ္... ''
ခ်မ္း ဖုန္းခ်ခ်ခ်င္း စာသင္ခန္းထဲကေနေျပးထြက္လာခဲ့မိသည္ ။ ေနာက္စာသင္ခ်ိန္ေတြအတြက္လည္း မစိုးရိမ္မိ ။ သူမစိတ္ထဲတြင္ ဆက္သာ႐ွိသည္ ။
ေျခလွမ္းေတြကိုအေျပးတစ္ပိုင္းႏွင္ရင္း ေတြ႔ရာ Taxi တစ္စီးကိုငွါးစီကာ သူမဆီသို႔အေရာက္လာခဲ့သည္ ။
ခ်စ္သူဆီကိုသြားသည့္ခရီးမို႔ တစ္စကၠန္႔ကတစ္ကမာၻေလာက္ၾကာေနသလိုပင္။
ေဝးကြာေနတဲ့အခ်ိန္မွာ ေနမေကာင္းမျဖစ္ပါနဲ႔ကေလးငယ္... ။ ဂ႐ုစိုက္ခြင့္မ႐ွိေသးတဲ့သူမို႔ ႐ူးေလာက္ေအာင္ခံစားရတယ္...သိရဲ႕လား ။
အိမ္ေ႐ွ႕ေရာက္သည္ႏွင့္ ျခံထဲမွာဆင္းထိုင္ေနေသာ အဘိုးျဖစ္သူကိုပင္ ႏႈတ္မဆက္ႏိုင္ေတာ့ ။ ဘာကိုမွလည္းသတိမထားႏိုင္ ။ ဆက္႐ွိရာ အေပၚထပ္အခန္းေလးဆီသို႔သာ ေျပးတက္ခဲ့ေတာ့သည္ ။
ဟထားေသာအခန္းတံခါးေလးကို အသာဆြဲဖြင့္လိုက္ေတာ့ အိပ္ရာေပၚမွာ ပိုက္တန္းလန္းေတြႏွင့္ သူမ၏ခ်စ္ရသူ ပတၱျမားဆက္က ပက္လက္ကေလး႐ွိေနသည္ ။
တစ္လွမ္းခ်င္းေလွၽာက္သြားၿပီး ေဆးပိုက္တန္းလန္းျဖစ္ေနေသာ သူမလက္ကေလးကိုဖြဖြေလးဆုပ္ကိုင္လိုက္မိသည္ ။
တစ္စက္ခ်င္းက်ေနေသာ မ်က္ရည္ေတြကသူမလက္ေပၚသို႔.....
သတိရေပးပါ ဆက္ရယ္......
သတိရေပးပါ....
" ဆက်မနိုးသေးဘူးလားမေမေ... ''
နေမြင့်သည်ထိ ဘယ်တော့မှမအိပ်တတ်သော ဆက်အကျင့်ကြောင့်ရော... ၊ ကျောင်းဖွင့်ရက်ဖြစ်တာကြောင့်ရော... ခုနစ်နာရီကျော်သည်ထိ မထသေးသော ဆက်သည်ထူးဆန်းနေ၏ ။
" မနိုးသေးဘူးထင်ပါရဲ့ကွယ်... သွားနှိုးလိုက်ဦးသမီး... ကျောင်းနောက်ကျနေဦးမယ်... ''
ဒေါ်မိမိတာ သောက်လက်စကော်ဖီခွက်ကလေးကိုချပြီး ဆက်ရှိရာအိမ်ပေါ်ထပ်ဆီသို့...
" ဆက်ရေ... သမီး ထတော့လေ ခုနစ်နာရီကျော်နေပြီ.... ''
တံခါးကို တဒေါက်ဒေါက်ခေါက်ရင်း နှိုးနေသော်လည်း အထဲကတုန့်ပြန်သံမကြားရ ။ ဖွင့်ကြည့်ပြန်တော့လဲ အထဲက lock ချထားပြန်သည် ။
တစ်ခါမှ ဒီလိုမဖြစ်တတ်တဲ့ကလေးမို့ စိတ်ပူသွားမိ၏ ။
" ဆက်ရေ... သမီး.... ပတ္တမြားဆက်... ''
ဘယ်လိုမှခေါ်မရတော့ ။ ဒေါ်မိမိတာအောက်ကို အမြန်ပြေးဆင်းကာ အပိုဆောင်ထားသော သော့တွေကိုယူသည် ။ အပေါ်ကိုအမြန်ပြန်တက်ရင်း ဆက်ရဲ့အခန်းသော့ကိုလည်း အမောတကောရှာရသေး၏ ။ လှေကားထစ်ဇောင်းနှင့် ခြေသန်းနှင့် တိုက်မိပြီး သွေးတွေထွက်လာတာကိုသိပါသော်လည်း သမီးဇောနှင့်မို့ အရေးမလုပ်မိ ။ အပေါ်ရောက်သွားပြန်တော့ စိတ်လှုပ်ရှားပြီး လက်တွေတုန်နေပြန်သည်မို့ သော့ပေါက်ကတန်းမဝင် ။
နောက်ဆုံး တစ်ချက်အဖွင့်မှာ သော့ပွင့်သွားပြီး တံခါးကိုဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က...
" ဆက်... သမီးလေး..... ''
ကြမ်းပြင်ပေါ်မှာ ပုံပုံလေးလဲကျနေသောသမီးဖြစ်သူကိုမြင်လိုက်ရသောအခါ ဒေါ်မိမိတာအလန့်တကြားအော်လိုက်မိ၏ ။
" ဆက်... သမီးရေ.... သမီး.... ''
ပါးစပ်ကတတွတ်တွတ်အော်ရင်း သူမလေးကိုကောက်ပွေ့ကာ ပါးလေးတွေကိုပုတ်ရင်း နှိုးနေမိသည် ။ ငိုနေတာမဟုတ်ပါဘဲနှင့် မျက်ရည်တွေကစီးကျလျှက်...
" မေမေရေ...... ဒိမှာဆက် မေ့လဲနေလို့... ဆရာဝန်ခေါ်ပေးပါ.... ဆရာဝန်ခေါ်ပေးကြပါ... ''
ဒေါ်မိမိတာ ရှိသမျှအားအကုန်သုံးကာ အော်လိုက်မိသည် ။ သူမအသံကြောင့်မိခင်ဖြစ်သူသည်လည်း အိမ်ပေါ်သို့ပြေးတက်လာပြီး ဖခင်ဖြစ်သူက ဖုန်းဆက်ကာဆရာဝန်ပင့်နေသည် ။
ဒေါ်မိမိတာ တောင့်တောင့်လေးဖြစ်နေသော ဆက်ကိုယ်လေးကိုမပြီးကုတင်ပေါ်ပွေ့တင်လိုက်သည် ။
အေးစက်နေသော ခြေဖျားလေးတွေ နွေးသွားစေရန်အလို့ငှါ စောင်ခြုံပေးလိုက်ပြီး လက်ဖျားလေးတွေကိုတော့ သူမကိုယ်တိုင်ဆုပ်နယ်ကာအနွေးဓာတ်ပေးနေမိသည် ။
ခြေဖျာလက်ဖျားတွေသာ အေးနေသော်လည်း ကိုယ်တွေကခြစ်ခြစ်တောက်ပူနေသည်ကြောင့် အဘွားဖြစ်သူက နဖူးပေါ်ရေပတ်ဝတ်တင်ပေးနေ၏ ။
ဆက်မှာ လူကသာသတိမရှိသော်လည်း လက်ဖျားတွေအေးစက်ကာ တစ်ခါတစ်ခါ အကြောတွေကပ်သွားသေးသည်မို့ ဒေါ်မိမိတာသည် ဆေးပူတွေလိမ်းပေးလိုက် နှိပ်လိုက်နှင့် အလုပ်များနေရှာ၏ ။
ခြေထောက်ဒဏ်ရာကိုလည်း ဂရုမထားနိုင်တော့ ။ သူမစိတ်ထဲတွင် သူမသမီး ပတ္တမြားဆက်သည်သာ သူမ၏ဘဝ ။ သူမဘဝ၏အရာရာဖြစ်နေသည်မဟုတ်ပါလား ။
မိဘမေတ္တာကို သူလေးတစ်နေ့နားလည်မှာပါလေ....
🌺🌺
နေ့လည်ပိုင်း.....
ဆက်ကအခုထိ သတိရမလာသေး...
ဆရာဝန်က shock တစ်ခုခုဖြစ်ကာလဲကျသွားသည်ဆိုပြီး ဆေးပုလင်းတွေချိတ် ၊ ဆေးတွေထိုးပေးခဲ့သော်လည်း သတိရမလာမချင်းစိတ်ပူနေရသေးသည်သာ...။
တစ်ရက်တောင်မပြည့်သေး ဆက်မျက်နှာလေးကလည်းသိသိသာသာကို ပိန်ကျသွားသည် ။ သားသမီးက သတိမဲ့ကာကုတင်ပေါ်မှာပက်လက်ဖြစ်နေတော့ မိခင်ကလည်း မျက်ရည်နှင့်မျက်ခွက် ။
📲📲📲📲📲
ရုတ်တရက် ဆက်ဖုန်းလေး ထမြည်လာသောကြောင့် ဒေါ်မိမိတာ ကောက်ကိုင်လိုက်မိသည် ။
Caller ID မှာပေါ်နေတာက တစ်လုံးထဲ...
ချမ်း 💞
" ဟဲလို... ''
' ဟဲလို... ဒါ ဆက်ရဲ့ဖုန်း မဟုတ်ဘူးလားရှင့်... ''
' ဆက်က မနေ့ညက သတိလစ်သွားလို့ ဆေးချိတ်ထားရတယ်သမီး ခုထိလည်းသတိရမလာသေးဘူး... ''
' ရှင်... ဒါဆို ချမ်းအခုလာခဲ့မယ်နော်... ချမ်းလာခဲ့မယ်အန်တီ.... ''
'' အင်း လာခဲ့လေကွယ်... ''
ချမ်း ဖုန်းချချချင်း စာသင်ခန်းထဲကနေပြေးထွက်လာခဲ့မိသည် ။ နောက်စာသင်ချိန်တွေအတွက်လည်း မစိုးရိမ်မိ ။ သူမစိတ်ထဲတွင် ဆက်သာရှိသည် ။
ခြေလှမ်းတွေကိုအပြေးတစ်ပိုင်းနှင်ရင်း တွေ့ရာ Taxi တစ်စီးကိုငှါးစီကာ သူမဆီသို့အရောက်လာခဲ့သည် ။
ချစ်သူဆီကိုသွားသည့်ခရီးမို့ တစ်စက္ကန့်ကတစ်ကမ္ဘာလောက်ကြာနေသလိုပင်။
ဝေးကွာနေတဲ့အချိန်မှာ နေမကောင်းမဖြစ်ပါနဲ့ကလေးငယ်... ။ ဂရုစိုက်ခွင့်မရှိသေးတဲ့သူမို့ ရူးလောက်အောင်ခံစားရတယ်...သိရဲ့လား ။
အိမ်ရှေ့ရောက်သည်နှင့် ခြံထဲမှာဆင်းထိုင်နေသော အဘိုးဖြစ်သူကိုပင် နှုတ်မဆက်နိုင်တော့ ။ ဘာကိုမှလည်းသတိမထားနိုင် ။ ဆက်ရှိရာ အပေါ်ထပ်အခန်းလေးဆီသို့သာ ပြေးတက်ခဲ့တော့သည် ။
ဟထားသောအခန်းတံခါးလေးကို အသာဆွဲဖွင့်လိုက်တော့ အိပ်ရာပေါ်မှာ ပိုက်တန်းလန်းတွေနှင့် သူမ၏ချစ်ရသူ ပတ္တမြားဆက်က ပက်လက်ကလေးရှိနေသည် ။
တစ်လှမ်းချင်းလျှောက်သွားပြီး ဆေးပိုက်တန်းလန်းဖြစ်နေသော သူမလက်ကလေးကိုဖွဖွလေးဆုပ်ကိုင်လိုက်မိသည် ။
တစ်စက်ချင်းကျနေသော မျက်ရည်တွေကသူမလက်ပေါ်သို့.....
သတိရပေးပါ ဆက်ရယ်......
သတိရပေးပါ....