Stalker 🐤🐣(Complete)

By tharaphy6194

83.6K 5.2K 647

" မင်း နောက်က တစ်ကောက်ကောက်လိုက်မနေနဲ့ ကောင်လေး" "ကောင်လေးလို့ မခေါ်နဲ့ ဒီပျက်ရှင်ရှိတယ်" "ဟာ နောက်က လိုက်မနေန... More

1🐣
2🐣🐣
3🐣🐣🐣
4🐣🐣🐣🐣
6🐣🐣🐣🐣🐣🐣
7🐣🐣🐣🐣🐣🐣🐣
8🐣🐣🐣🐣🐣🐣🐣🐣
9🐣🐣🐣🐣🐣🐣🐣🐣🐣
10🐣🐣🐣🐣🐣🐣🐣🐣🐣🐣
11🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣
12🐯🐣
13🐯🐣
14🐯🐣
15🐯🐣
16🐣🐯🐣🐯🐣🐯🐣🐯🐣🐯
17😇
Final
Extra
Extra2
Honeymoon
ဟန်နီးမွန်းမယ်🤤🤤🤤

5🐣🐣🐣🐣🐣

4K 290 63
By tharaphy6194

ချန်းယောလ် ဆီ ပုံမှန်အတိုင်း message လေး ဝင်လာခဲ့ပီးနောက်မှာ...

ချန်ယောလ် ရေချိုးကာ အင်္ကျီ ရွေးရန် မိမိ ဘီရို အတွင်း ကြည့်မိတော့

ချန်းယောလ် ဘယ်တုန်းက အဲ့လောက် တောင် အဝတ်အစားတွေ နည်းကုန်ရတာလဲ ...!!!

ဘယ်တုန်းက ဝတ်စရာတွေက ဒီလောက် ရှားပါသွားရတာလဲ!!!

တကယ် စိတ်ရှုပ်လိုက်တာ... 😖

အင်္ကျီ ရွေးနေရင်း အချိန်က နာရီဝက် ကျော်လာသည်...။

ချန်းယောလ် အိပ်ယာပေါ်မှာလဲ အဝတ်အစားပုံကြီးက တောင်ကြီးလို...

ဘာကို မှ စိတ်တိုင်း မကျ😣

နောက်ဆုံးတော့ shirt အနက်လေးပေါ်မှာ ဂျင်း ထပ်ဝတ်လို့ ဂျင်းဘောင်းဘီ ဒူး အပြဲနဲ့သာ တွဲ ဝတ်လိုက်သည်။

ဆံပင်ကိုလဲ ပုံမှန်လို အပေါ်သပ်မတင်ပဲ ရှေ့မှာ ချထားလိုက်သည်။

လူငယ်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းသည်ဟု ကိုယ့်ဘာသာ မှတ်ချက်ပေးလိုက်သည်😌

စိတ်တိုင်းမကျလို့လဲ မရတော့ဘူးမလား 😒

ဟိုကောင်လေးက ရောက်လာတော့မှာ😪

ကောင်းလေးတော့ ငါ့ကို ပိုကြွေတော့မှာပဲ😌

ဆယ်ဟွန်း ကိုကြီးတို့ အိမ်ရှေ့ရောက်တော့ ကိုကြီး ကို phလှမ်းဆက်ကာ

"ကိုကြီး ဟွန်းရောက်နေပီ ထွက်ခဲ့တော့"

"အေး အိမ်ထဲ ဝင်ခဲ့ မင်းစက်ဘီး ထားရဦးမှာမလား"

"ဟီး ဟုတ်သားပဲ "

ဆယ်ဟွန်း ခြံစောင့် ဦးလေးကြီးကို တံခါးဖွင့်ပေးခိုင်းကာ ခြံအတွက်း ဝင်ခဲ့လိုက်သည်။

ခြံစောင့်ဦးလေးကြီးနဲ့ကလဲ ဟွန်းနဲ့ အတော် အတန် ရင်နှီးပီးသားမို့ အလွယ် တကူပဲ တံခါးဖွင့်ပေးခဲ့သည်။

ကိုကြီး ကို မနက်တိုင်း လာစောင့်ရင်း စကားပြောဖြစ်ကြ၍ ရင်နှီးနေခဲ့ခြင်း...။

ဆယ်ဟွန်း စက်ဘီးလေးကို အိမ်ဝန်းရှေ့မှာ ရပ်နေတုန်း ကိုကြီး အိမ်ပေါ်မှ ဆင်းလာသည်။

*ဝါး...ကိုကြီးက ချောလိုက်တာ *

ဆယ်ဟွန်း မျက်တောင် မခက်ပဲ စိုက်ကြည့်နေမိသည်။

ကိုကြီးကြောင့်တော့ ခက်ပါရဲ့ နော်😞

ဆယ်ဟွန်း ကိုကြီး ကို အချစ်လွန်းပီး ရူးသွားရင် ဘယ်လိုလုပ်မလဲ 😞

စိုက်ကြည့် နေတဲ့ ကောင်လေး ကြောင့် ချန်းယောလ် လေး မျက်နာ မော့ခနဲ ဖြစ်သွားရသည်။

မတတ်နိုင် သူက စိုက်ကြည့်နေတော့ ကိုယ်က မာန် တတ်တာပေါ့လို့😌

" မင်း အဲ့လောက် စိုက်ကြည့်မနေနဲ့"

ချန်းယောလ် ပြောလိုက်တဲ့ စကားကို မကြာသလို လုပ်ကာ ဆက်ကြည့်နေသော ဆယ်ဟွန်းလေးရယ်ပါ...🙄

"ကိုကြီး နဲ့ ဟွန်းနဲ့ က soulmate ထင်တယ်နော် စိတ်ချုင်းဆက်နေတာ ထင်ရတယ် အဟိ အင်္ကျီ ဆင်တူလေး "

ဆယ်ဟွန်း ပြောမှ ချန်းယောလ် သေချာကြည့်မိသည်။

ဟုတ်သားပဲ တကယ် တူနေတာ couple ကျလို့..။

ကောင်လေးက shirtအနက်လေးကို သူလိုပဲ ဂျင်းထပ်ဝတ်ထားတာ ဘောင်ဘီး ဒူးဖုံး လေးနဲ့ဖြစ်သည်။

ဒီနေ့မှ ဆယ်ဟွန်း ဆိုတဲ့ ကောင်ကေ တမျိုးကြည့်ကောင်းနေသလို့လို ....ကလေးလေးကျလို့😇

ချန်ယောလ် စိတ်တွေတောင် ခုန်တယ်😵

"ကိုကြီးသွားရအောင်"

"အေး ကားပေါ်တတ် မင်းသူငယ်ချင်းတွေကရော "

"ဟွန်းသူငယ်ချင်းတွေကို ဝင်ခေါ်ရမှာ '..' အဲ့မှာ စောင့်နေတယ်"

"ငါ က အငှါးယာဉ်မောင်လား"

"ကိုကြီးကလဲ ဟွန်းက ကိုကြီးနဲ့တူတူသွားချင်လို့ခေါ်တာပါ..

ကိုကြီး မကြိုက်ရင် ဟွန်း သူတိုကို့phဆက်.."

ကောင်လေးက တကယ်ပင် phထုတ်နေပီမို့

"ထားလိုက် တော့ စီစဉ်ပီးသားပဲ"

"ဟုတ်"

မျက်နာငယ်လေးနဲ့ ပြောလာတဲ့ ကောင်လေးကို စကားပြန်မပြောမိတော့ပဲ ကားကိုသာ မောင်းထွက်လာခဲ့သည်။

လမ်းမှာလဲ ကျွန်တော်မျက်နာ ကိုတကြည့်ကြည့်နဲ့ကောင်လေးက..

သူ့ သူငယ်ချင်းတွေကို ကားပေါ် ခေါ်တင်ပီးတဲ့နောက်မှာတော့ အခြေအနေ တမျိုးပြောင်းသွားသည်။

ကျွန်တော် ဆိုတာ ရှိတယ်လို့ပင် ထင်သေးလားမသိ 😐

သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေလိုက်တာများ ဆယ်နှစ်လောက် မတွေ့လိုက်ရတဲ့လူတွေလိုမျိုး..။

ချန်းယောလ်လေးကို ဒီလို လာလုပ်လို့ မရပါနော်..။ ကားကို အရှိန်တင်ကာ ရှိသမျှ ကားတွေကို ကျော်ပီး မောင်းပစ်လိုက်သည်။ အဲ့မှ ကြောက်သွားတဲ့ကောင်လေး ခါးပတ်ကြိုးကို ကျစ်ကျစ်လေးကိုင်လို့... ။
မှတ်ထားလေ ပတ်ချန်းယောလ်ကို အဖတ်မလုပ်ချင်ဦး😌

သူတို့သွားမယ် နေရာကလား အထူးအဆန်းမဟုတ်ပါဘူး ဗျာ 😂😂 ကစားကွင်းတဲ့ 😂
ကလေး ကလား...

ရွယ်တူဆိုတာ တစ်တန်းထဲ တတ်နေလို့သာ ယုံရတယ် 😖

ဟို နှစ်ယောက် ကတော့ ထားပါတော့ ဂျပုတွေဆိုတော့ ကလေးတွေ ထင်ရပေမဲ့ ဆယ်ဟွန်း ဆိုတဲ့ကောင်လေးကကျ အရပ်ရှည်သည်လေ..။

ဟိုကောင်လေး နှစ်ယောက်ပဲ ပေးဆော့ပီး ကျွန်တော့ အနား ပဲ နေခိုင်းရမလား? ??

ကစားကွင်းထဲ မဝင်ရသေး တွေးမိတဲ့ အတွေးက ကတောက်ကချာ ...

ကောင်လေးကို အနားခေါ်ထားချင်တာရယ်မဟုတ်ပေမဲ့ အရပ်ရှည်ကြီးနဲ့ ကလေးလို ကစားနေရင် မြင်မကောင်းဘူး မလား ?

စေတနာနဲ့ပါ😌😌

ဒါပမဲ့လဲ ချစ်ဖို့ကောင်းမယ်ထင်တယ် အရပ်ကြီး ကလန့်ကလားနဲ့ ကလေးလို့ဆော့နေမှာလေးက

ချန်ယောလ် တစ်ယောက် ကိုအတွေးနဲ့ တင် မျက်နာကြီးက ပြုံးဖြီးဖြီး ဖြစ်လာသည်😅

"ကိုကြီး ဟွန်း ရေခဲမုန့်စားချင်တယ်"

သွားဝယ်ပေးမယ်ဆိုပီး ထမယ် ကြံပီးမှ ကားပေါ်မှာ ကျွန်တော်ကို အဖက်မလုပ်ခဲ့သည်ကို တွေးမိကာ

"မင်းဘာမင်းသွားဝယ်"

"ကိုကြီး assignment ကူညီပေးရမဲ့သူကိုဗျာ"

"ဘာအရသာနဲ့ယူမှာလဲ"

Assignment ကြောင့်နော်😐

"စတော်ပယ်ရီ"

အဟက် စတော် ဘယ်ရီလို့ပြောတာလဲ မပီဘူး..
ကလေး ကျလို့ 🙄

ရေခဲမုန့်လေး ဝယ်ပီး ပြန်လာတော့

"ရော့"

"ကျေးဇူးတင်ပါတယ် ကိုကြီး"

"ဒါနဲ့ မင်းသူငယ်ချင်းတွေရော"

ခုနက ချန်းယောလ် ထွက်သွားချိန်ထိရှိနေသေးတာမို့..

"Karaoke သွားဆိုတယ် ကိုကြီးကို ဟွန်းကစောင့်နေတာ သူတို့နှစ်ယောက်ထဲလဲ ရှိစေချင်လို့"

ချန်းယောလ် ဘာမှ ဆက် မပြောပဲ ရေခဲမုန့်စားနေတဲ့ ထိုကောင်လေး နှုတ်ခမ်းကို ကြည့်နေမိသည်။

အိ.. ဘယ်လိုတွေ စားနေတာလဲ ဘေးနားမှာလဲ ပေပွလို့...အူးတွေယားတာ😬

ချန်းယောလ် ထိုကောင်လေး နှုတ်ခမ်းကိုကြည့်ကာ စိတ်မသက်မသာ ဖြစ်လာတာမို့

"ရော့ တစ်ရှူး ပေပွနေတာ ကလေးကျနေတာပဲ စိတ်ပျက်စရာ"

ရွယ် လိုက်တဲ့ လက်ကို ပြန်ချကာ တစ်ရှူး ကိုသာ ပေးလိုက်သည်။

ချန်းယောလ် ထူးဆန်း နေသည် ။ ထိုကောင်လေးကို ဂရုစိုက်ပေးချင်နေတတ်သည်။ ဒါဘာကြောင့်လဲ ချန်းယောလ် မသိ🙃

ဆယ်ဟွန်း နီးလေး စိတ်ပျက်သွားပါပီနော်...

ကိုကြီး ရင်ခုန်မလား ဆိုတဲ့စိတ်နဲ့ ရေခဲမုန့်တွေ ပေပွအောင်စားပါတယ် ကိုကြီးက စိတ်ပျက်စရာတဲ့😭 ငိုနေပါပီနော် 😭😭😭

မရို တတ်တဲ့ crush စုတ်ကြီး...
ဒီလောက် ချစ်ဖို့ကောင်းအောင်နေပြတာတောင် ရေခဲမင်းသား ဖြစ်နေတုန်းပဲ😒😒

ဟာသိပီ Baekနဲ့ D.Oလဲ အဆင်ပြေသွားအောင် သရဲ အိမ်ဝင်ရမယ်😌 ငါနဲ့ ကိုကြီးလဲ အဆင်ပြေပေါ့ အဟိ

တစ်ချက် ခုတ် နှစ်ချက်ပြတ် ဘယ်လောက်တောင် တော်တဲ့ ငါလေးလဲ😌😌

မိမိ အစီစဉ်ကို အကောင်ထှည်ဖော်ရန်
Baekဆီကို messageလှမ်းပို့ရမည်...။

*Baek ထွက်ခဲ့ သရဲအိမ် ဝင်မယ်*

*ခဏ စောင့် ငါ ဒိုပြူးလေး သီးချင်း ဆိုနေသေးတယ်*

Baekhyunတစ်ယောက် ဆယ်ဟွန်းဆီကို Reply ပြန်လိုက်ပီး သူ့ ဒိုပြူးလေးနှင့် ဆက်လက်သာယာနေသည်။

အပြင်က ဆယ်ဟွန်းလေးကလဲ ငြိမ်ငြိမ်နေမယ် ထင်ပါသလား ? မထင်လိုက်ပါနဲ့နော်

သူ့ကိုကြီးကို ရိုလာကိုစတာစီးဖို့ ခေါ်နေလေရဲ့🙁

အဟိဟိ သူ့သူငယ်ချင်းနှစ်ယောက်ကို ကူညီပေးဖို့ လာတာဆိုပေမဲ့ ခုသူတို့နှစ်ယောက်က နှစ်ယောက်ထဲ သာယာနေတော့ ကိုတွေလဲ ကဲရုံပေါ့ နော် 😌ဟုတ်ဘူးလား😚

"ကိုကြီး ရိုလာ ကိုစတာ စီးမယ်လို့"

"မစီးချင်ပါဘူးဆိုကွာ"

"ဟွန်းစီချင်းတယ်လေဗျာ"

"မင်းဘာမင်းတစ်ယောက်ထဲသွားစီး "

"အေးကိုကြီးနော် assignment မကူပေးပဲနေမှာဗျ"

"မင်း ဒါနဲ့ပဲကွာ လာသွားမယ် "

ချန်းယောလ် စိတ်ပေါက်ပေါက်နဲ့ ထိုကောင်လေး လက်ကိုဆွဲကာ ရိုလာကိုစတာ ရှိရာဘက် ထွက်ခဲ့လိုက်သည်။

မသိရင် ကျွန်တော်တို့နှစ်ယောက်က အတွဲတွေလို..

အတွဲတွေလို့မထင်ထင်အောင် သက်သက်မဲ့ သူ့လက်ကိုဆွဲလာတာ....

အင်္ကျီ ကလဲ တူနေတော့ ကွက်တိပဲ ပေါ့😌

ဟုတ်တယ်လေ
အထက်တန်း ကျောင်းသူ တစ်သိုက်က သူ့ကိုငေးနေတာကို 😈

ကျွန်တော်မကြိုက်ပါဘူး ထိုကောင်လေးကို သူများတွေကြည့်တာကို😒 ကောင်လေးတော့ မသိစေနဲ့နော်😒

"ကိုကြီး ဟွန်းလက်နာနေပီ "

နောက်က အသံသေးလေးကိုကြားမှ လက်ကို လွှတ်ပေးလိုက်သည် ။

ရိုလာကိုစတာ ရှေ့လဲ ရောက်နေပီကို...

ကျွန်တော်တို့ရောက်တော့ မမှီတော့တာမို့ စောင့်မေရင်း

ကျွန်တော် လဲ ရှက်ရမ်းရမ်းနဲ့ စကားမရှိ စကားရှာကာ

"မင်းသူငယ်ချင်းတွေကို ဘာကူညီရမှာလဲ"

"awwဒီလိုလေ Baekက D.Oကိုဖွင့်ပြောမလို့တဲ့ အ့မို့ ကိုကြီးကို အကူညီတောင်းတာ "

"Aww "

"ကိုကြီး ကစားကွင်းက ထွက်ရင် ဟန်မြစ်ဘက်လိုက်ပို့နော် အဲ့မှာ ဖွင့်ပြောမှာတဲ့ "

"အင်း "

"ကိုကြီး သူငယ်ချင်းနှစ်ယောက်ရော ကိုကြီး ဟွန်းနဲ့လိုက်လာတာသိလား?"

"အင်း မနေ့ညက လိုင်းပေါ်ပြောဖစ်လို့"

ဟိုကောင်တွေ ဝိုင်းစနေတဲ့ အကြောင်းတွေ ထည့်မပြောမိ.. ။
ခရစ်ကတောင် မင်းတို့ wedding မှာ ရွှေတစ်ဆင်စာ လက်ဖွဲ့မယ်ဆိုပီး ရုပ်တည်ကြီးနဲ့ နောက်နေသေးတာ😂

ရိုလာကိုစတာပေါ်မှာတော့ ဆယ်ဟွန်းလေး ပတ်ချန်းယောလ်ကြီးကို အခွင့်ရေး ယူပါမယ်နော်😌အသားလဲ ယူပါမယ်နော်😌

"အားကိုကြီး အား အမြင့်ကြီးပဲ ဟွန်းကိုဖက်ထားပေး"

ဆယ်ဟွန်းရဲ့ ညာတာပါတေး စကားကို ယုံတဲ့ ချန်းယောလ် လေးကတော့ တကယ်ပဲ ကြောက်နေတယ် ထင်ကာ ဖက်ထားပေးလို့...*တင်းတင်းကြပ်ကြပ်လေး *😍
အိုဆယ်ဟွန်းလေးကလဲ ရင်ခွင်ထဲ အတင်းတိုးဝင်လို့...

ရင်ခွင်ထဲက ဆယ်ဟွန်း လေး ပြုံးနေတာတော့ ချန်းယောလ် သတိထားလိုက်ပါတယ်လေ..။
စိတ်ချမ်းသာအောင် မသိချင်ယောင် ဆောင်ပေးထားတာ..😊

အောက်ရောက်တော့ ကြောက်နေဟန် ဆယ်ဟွန်းလေးက သူ့သူငယ်ချင်းနှစ်ယောက်ကို မြင်ကတာနဲ့ ခုနက သူမဟုတ်တဲ့အတိုင်း ချက်ချင်းကို ပြေးသွားပါတော့တယ် ..။

ချန်းယောလ် လေးကတော့ ခေါင်းတခါခါနဲ့ ပြုံးပြုံးလေးနဲ့ ဆယ်ဟွန်းကို လှမ်းကြည့်နေခဲ့လျက်😌

"ကိုကြီး သရဲ အိမ်ဝင်မယ် "

Baekတို့နဲ့ သရဲအိမ် ဝင်ဖို့ တိုင်ပင်ခဲ့ပီး ချန်းယောလ်အနားကို အပြေးပြန်လာ၍ပြောလာသော ကောင်လေး

ဟင်မဖြစ်ပါ ပတ်ချန်းယောလ် ဘာမှမကြောက်တတ်ပေမဲ့ သရဲကြောက်တယ် 😞😖

"ကိုကြီးကြောက်တတ်လို့လား "

ကိုကြီးရဲ့ မျက်နားက ရှုံး မဲ့နေတာမို့ ဆယ်ဟွန်း မေးလိုက်ခြင်း...။

ဒါကို မာနကြီးတဲ့ ပတ်ချန်းယောလ် လေးက မကြောက်ဟန်ဆောင်ကာ သရဲ အိမ်ထဲ ဝင်ဖို့ သဘောတူလိုက်လေရဲ့

သူ့ကို ချစ်ပါတယ် ဖွင့်ပြောထားတဲ့ကောင်လေးရှေ့မှာ အရှက်မကွဲချင်တာနေမှာပေါ့😂😅

သရဲ အိမ်ထဲ စ ဝင်ဝင်ခြင်းကတော့ ဟုတ်တိ ပတ်တိ ပင်.. ။

Baekကလဲ D.Oကြောက်တတ်တဲ့ အခွင့်ရေးကို အမိအရ ယူက အသားကုန်အသားယူသည်။

ဘေးကနေ ဖက်ထားပေးသလိုလိုနဲ့ ချိဖ Baekhyun က သာယာနေရဲ့။

မသာယာတာက ဆယ်ဟွန်းနီးလေးပင်....

ကိုကြီးဆီကို ကပ်ရန်ပြင်ပေမဲ့ ကိုကြီးပုံစံက..က...

ဆယ်ဟွန်း အတွေးတောင် အဆုံးမသတ်ရသေး

ရင်ခွင်ထဲ ပြေးဝင်လာတဲ့ ပတ်ချန်းယောလ်လေး..😅

ဘေးမှာရှိတဲ့ ခေါင်းကို ဖြတ်နေတာတွေ
အရှေ့တည့်တည့်က ခေါင်းကြီး ကျလာတာတွေ အပြင်
....
ချန်းယောလ်လေး ခြေထောက်ကို လှမ်းဆွဲလိုက်တာကြောင့်.... ဆယ်ဟွန်းရင်ခွင်ထဲသာ ဝင်လိုက်မိသည်။

ဆယ်ဟွန်း လေးကရတဲ့ အခွင့်ရေးကို အသုံးချရာမှာတော်သည်။

ခုလဲ ကြည့် ရင်ခွင်ထဲ မဆန့်မပြဲ တိုးဝင်နေတဲ့ ပတ်ချန်ယောလ်ရဲ့ ဆံပင် ခပ်ပွပွလေးကို မသိမသာ အနမ်းလေးပေးလိုက်...

လည်တိုင်လေးကို မတော်တဆ ထိမိသလို ဘာလိုလိုနဲ့ အနမ်းလေးပေးလိုက် နဲ့ အလန်းလွင် အလွင်လန်းပါပဲနော်😌

ပတ်ချန်းယောလ်လား ?သူလားသတိထားမိမှာ😒 ဒီလောက် ကြောက်နေတာကို😏😏

ဒါလဲ ဆယ်ဟွန်း အတွက်အမြတ်ပါပဲနော်😌

အပြင်ရောက်တော့ ကြောက်နေပုံရသေးတဲ့ ချန်းယောလ်လေးကို ဆယ်ဟွန်းမှာ ရေဘူးအမြန်ပြေးဝယ်လို့ ရေတွေဝယ်တိုက်ရ
ချွေးတွေသုတ်ပေးရနဲ့ မျက်နားလေးကို ပြုံးလို့။

သူမျှော်လင့်ထားသလိုမဖြစ်ပေမဲ့ သူ့crushကြီးကို ဂရုစိုက်ပေးနေရတော့ မျက်နာလေးက ပြုံးလို့☺

ဘေးက Baeksooလား အဲ့နှစ်ယောက်ကတော့ ပြောမနေနဲ့ ။သာယာနေတာ သာယာနေတာ မြင်မကောင်းဘူး ။

ရည်းစားမဖြစ်သေးလို့သာပဲ ဖြစ်သွားရင် မလွယ်ဘူး 😒

ဘာမှတော့ မဟုတ်ပါဘူး အကြောက်လွန်ချင်ယောင်ဆောင်နေတဲ့ D.Oက baekရင်ခွင်ထဲက ခုထိ မထွက်သေးတာပဲ😒😒

အရင်က D.Oက အဲ့လောက်မကြောက်တတ်ဘူးလားလို့😩

ဟိုတစ်ယောက်ကလဲ ဖက်ထားတာမှ တင်းကြပ်လို့ ရေဘူးတောင် ဆယ်ဟွန်းလေးပဲ သူတို့ အတွက်ဝယ်ပေးလာရတာ😒

နှစ်ယောက်ကမ္ဘာ တည်နေခြင်းကြောင့်
ရေဘူးကိုပစ်ချပေးပီး မျက်စောင်းသာ နာနာလေးထိုးပေးလိုက်သည်😒

"ကိုကြီး အဆင်ပြေလား"

"အင်း ကျေးဇူး"

ကိုကြီး ကကျေးဇူး ဆိုတာကိုပဲ ပြောသွားကာ ထွက်သွားသည်။ ကားဘက်ထွက်သွားတာမို့ ကိုကြီးရှက်သွားမှန်း ရိပ်မိတာမို့ မလိုက်သွားတော့ပဲ ဆက်ထိုင်နေလိုက်သည်။

ခဏ ကြာမှ

"Baek ဟန်မြစ်ဘက်သွားမှာဆို"

ဆယ်ဟွန်း အမေးကြောင့် d.oက

"ဟင်သွားဦးမှာလား "

"အင်း သွားရအောင် ညနေလဲ စောင်းနေပီ D.Oအိမ်က စိတ်ပူနေဦးမယ် "

"အေးပါ ကွာ "

ဒီချိန်မှာ Baekရဲ့ ရင်တုန်နေတဲ့ အသံနဲ့ အားကိုးသလို လှမ်းကြာ့်တာကိုလဲ ဂရုမစိုက်အား ကိုကြီးကို ဘယ်လိုချော့ရမလဲပဲတွေးနေရသည်။

.....
ဟန်းမြစ်ဘေး တစ်နေရာတွင်....

"D.O ငါတို့ လမ်းလျှောက်ရအောင် ခဏ "

"အိုခေ ဆယ်ဟွန်း ရော "

"ငါမလိုက်တော့ဘူး ကိုကြီးနား ခဏနေမလို့"

"အေး သဘော"

Baekhyun နဲ့ D.Oနဲ့ ထွက်သွားမှ ကားပေါ်က မဆင်းသေးတဲ့ ကိုကြီးကို ခဏ လမ်းလျှောက်ရန် ခေါ်မိသည်။

"ကိုကြီး လမ်းခဏလျှောက်ရအောင်"

"Aww "

ကိုကြီး ကားပေါ်က ဆင်းလာမှ ခပ်လှမ်းလှမ်းကနေ လမ်းလျှောက်ရင်း Baekတို့အခြေအနေကို လှမ်းကြည့်ရသည်။

"Soo ငါ ငါ မင်းကို"

"ဘာလဲ"

မထင်ကြဘူးမလား D.Oတစ်ယောက် ရှက်နေတာလေ.. ။
မျက်နာများနီရဲလို့ ခေါင်းကြီးကလဲ ငုတ်လို့😂 မြေကြီးထဲ ဝင်တော့မယ်😛

"Soo ငါမင်းကိုချစ်တယ် "

Baekhyun ဖွင့်ပြောပီးတဲ့နောက်မှာတော့ D.Oက Baekhyun ကိုဖက်လိုက်ကာ

"ငါစောင့်နေတာ မင်းဖွင့်ပြောမဲ့အချိန်ကို"

"ဒါဆို"

"ဟုတ်တယ် Baekhyun ငါလဲ မင်းကိုချစ်တယ် "

"ချစ်သူတွေဖြစ်ပီပေါ့နော်"

Baekhyun ရဲ့ အမေးအပီး ရှက်ရှက်လေးနဲ့ ခေါင်းငြိမ့်ပြနေတာလေးက Baekhyun ရဲ့ မူပိုင် ဂတုံးလူသားလေးတဲ့😚

ချစ်စရာကောင်းလိုက်တာ😚 ခုချိန် ဆံပင်ရှည်နေပေမဲ့ စိတ်ကူးပေါက်ရင် ပေါက်သလို ညှပ်ပစ်လေးရှိတာကြောင့် ဂတုံးလူသားလေးဟု ချစ်စနိုးခေါ်မိခြင်း.. ။

သူလေးက ရှက်တန်သည်တဲ့လား...။
အူးယားလို့ သေမယ်ဆို Baekhyun တစ်ယောက် သေနေလောက်ပီ🙃

ချစ်သူနှစ်ဦး ကြည်နူးစွာ အကြည့်ချင်း ဖလှယ်ရင်း နှုတ်ခမ်း နှစ်ခု ထိတွေ့လိုက်သည်။

ထို မြင်ကွင်းကို အဝေးတစ်နေရာမှ ကြည့်နေတဲ့ ဆယ်ဟွန်း လေးနဲ့ ချန်းယောလ် လေးတို့ဟာ ရှက်ရှက်နဲ့ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်လိုက် ၊ လည်းပင် ကုတ်သလိုလို၊ နားကုတ်သလိုလို ဖြစ်နေလေရဲ့....။

ထိုအချိန်မှာပဲ ဆယ်ဟွန်း လေးက ပတ်ချန်းယောလ် ပါးလေးကို ခြေဖျားထှောက်လို့ လှမ်းနမ်းလိုက်လေရဲ့😚😚😚..............

အရေးအသား သည်းခံပေးဘာ😞😞

Continue Reading

You'll Also Like

20.5K 3.5K 57
စစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာကွယ်နေတဲ့ဒီဂိုဂူလျောမြေဆီကနေ လိုချင်မိတာ...
272K 3.9K 17
"Excuse my sudden visit, but I saw your fiasco on the picture show and I just couldn't resist. What a performance! Why, I haven't been that entertain...
3K 191 20
Kim Taerae 💘 Ricky Shen Kim Taerae ကိုယ်ရေးစပ်ပေးတဲ့ သံစဉ်တွေဟာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ လာခဲ့တာပါ ရစ်ခီ.... Ricky Shen ထယ်ရယ်က မောင့်အတွ...
105K 2.5K 20
What happens when Izuku Midoriya breaks after relentless bullying and abuse from his family, friends and society? He gives up. But, fate had other pl...