အဖိုးတန် ရတနာ ပစ္စည်းတပုံတခေါင်းကို ယွမ်ဆွေဖုန်း အေးစက်စက်မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။ အဲဒီအဖိုးတန်ပစ္စည်းတွေကြားထဲမှာ တန်ဖိုးကြီး ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ လက်တဖ၀ါးသာသာ ကြာပန်းနှစ်ခိုင်ပါတယ်။
အဲဒီကြာဖတ်လေးတခုစီတိုင်းက လက်ရာမြောက်လွန်းလို့ အစစ်ထက်တောင်လှပနေသေးရဲ့။ နေရောင်အောက်မှာတွေ့ရပုံက တောက်ပလင်းလက်ပြီး မျက်စိမလွှဲနိုင်အောင်ကို လှတဲ့ပုံပဲ။ ဒီပစ္စည်းဟာ ရှားပါးပြီး တွေ့ရခဲတဲ့ ရတနာတပါးပဲ။
အဲဒီရတနာပုံထဲမှာ နောက်ထပ်တွေ့ရတာက မဲနက်ပြောင်လက်နေတဲ့ ဓား၇ှည်တချောင်း။ သူ့ရဲ့အရောင်အ၀ါက အေးစိမ့်တဲ့ အငွေ့အသက်ကို ထုတ်လွှတ်နေတယ်။ ဓားကိုင်ထားသူက ကိုင်ထားတဲ့ဓားကို ထုတ်ပြီး လုံးဝမလှုပ်ဘူး။ သူက ပိုးချည်မျှင်တချောင်းကို ဓားသွားပေါ်တင်လိုက်တော့ အသံတစက်မှ မထွက်ဘဲ ပြတ်တောက်သွားတယ်။ တကယ့်ကို ဓားကောင်းတလက်ပဲ။ ။
လာရောက်သမျှသူတွေရဲ့ ရှားရှားပါးပါးအဖိုးတန်ပစ္စည်းတွေပဲ မျက်စိရှေ့ပုံထားတာ။ အကယ်၍များ အကျင့်မကောင်းတဲ့သူ တယောက်တလေများ ပါခဲ့ရင်ဖြင့် သေချာတယ် သူဟာ တပ်မက်လွန်းလို့ အာခေါင်တွေခြောက်ကပ်ပြီး မူးလဲသွားနိုင်တယ်။
ပိုင်ရွဲ့ခေါင်းဆောင် တုန်ဇီက တဟားဟား အော်ရယ်ရင်း ပစ္စည်းတွေကို တချက်ပွတ်သပ်လိုက်တယ်။ ထိတွေ့လိုက်တယ်။ သဘောကျတဲ့ပုံပါဘဲ။ ဒါပေမယ့် ဆေးကုဖို့လာတဲ့သူတွေကိုတော့ နှစ်သက်ပုံမရဘူး။
ယွမ်ဆွေဖုန်း အမြင်မှာတော့ တန့်တုန်း ဆိုတဲ့ ဒီလူထူးလူဆန်းက ဒီပစ္စည်းတွေအပေါ် တပ်မက်ပုံမရဘူး။ ဒါပေမဲ့ သူ့အမူအ၇ာကတော့ အဲ့ဒီ လူတစ်အုပ်ရဲ့ ဖားယားမှုက သုံးစားလို့ ရပါတယ်ဆိုတဲ့ သဘော ပြသနေတယ်။
"တည်တည်တံ့တံ့နေစမ်း" ဘေးက ပင်းအယ်ဟာ တန့်တုန်းရဲ့ နားရွက်ကို ဆွဲရင်း သာယာတဲ့ အသံနဲ့ ဆူတယ်။
" ဟေး ... ငါလည်း ဒီရတနာတွေကို အရမ်းလိုချင်တယ်လေ" တန့်တုန်း နာကျင်စွာအော်ပြီး သူ့ဇနီးလက်က လွတ်အောင် ရုန်းရင်းပြောတယ်။ သူက အနက်ရောင် ပြောင်လက်နေတဲ့ ဓားရှည်ကို တပ်မက်စွာတချက်ကြည့်လိုက်ပြီး လူအုပ်ဖက် မျက်လုံးဝေ့ကာ လေသံအေးအေးနဲ့ မြှင့်ပြီး "ဒါပေမယ့် စည်းကမ်းက စည်းကမ်းဘဲ......ဒါတွေက ငါ့ဘိုးဘေးဘီဘင်တွေက ချမှတ်ထားခဲ့တာ ဆိုမှတော့ ငါကလိုက်နာရုံပဲပေါ့........"
"ဒါဆို.... တန့်ခေါင်းဆောင်က ဘယ်လိုလုပ်မှ ဆေးကုပေးမှာပါလဲ?...."
လူအုပ်ထဲက စိတ်မရှည်တော့တဲ့ လူတယောက်က ဖြတ်ပြောလေတယ်။ သူတို့ကြားထဲက တယောက်မှ အတင့်မရဲ ရဲဘူး။
သူတို့ တခုခု လုပ်လိုက်လို့ တန့်တုန်း ဆေးမကုပေးမှာ ကြောက်တယ်။ နောက်ပြီး ဒီအရပ်မှာ ဒီတောင်ပေါ်မှာ သူတို့အနီးနားမှာ ပြည့်နက်နေတဲ့ အဆိပ်ကောင်တွေက သူတို့ပေါ် ဘယ်တော့ တွားသွားတက်လာမလဲဆိုတာ စိုးရိမ်နေကြတယ်။
ဒါပေမယ့် ကျောက်ယွင်ချီ အတွက်ကတော့ အရာရာတိုင်းဟာ စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစ၇ာ တွေချည်းပဲ။ အကယ်၍ ယွမ်ဆွေဖုန်းကသာ သူ့ကို မဆူထားဘူးဆိုရင်တော့ သူဟာ သစ်ပင်ပေါ် တွားသွားတက်ပြီးနေပြီး၊ ကျောက်ဆောင်တွေပေါ်တက်ပြီး သူ့မျက်စိအမြင်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကောင်ငယ်၊ အင်းဆက်ပိုးကောင်တွေ၊ မြွေဘုရင်၊ ရောင်စုံတဲ့ ကင်းမြီးကောက်တွေ နောက်ပြီး အမည်မသိတဲ့ အကောင်ပလောင်တွေ အစုံနဲ့ ကစားနေပြီ။
" ငါနဲ့လိုက်ခဲ့"
ပင်းအယ်က တန့်တုန်း လှည့်ထွက်သွားပြီးနောက် လူအုပ်ကို အေးစက်စက် အကြည့်တွေနဲ့ ကြည့်ပြီး ပြောလိုက်တယ်။
လူတအုပ်က တိတ်ဆိတ်ငြိမ်သက်စွာပဲ တန့်တုန်းနဲ့ ပင်းအယ်တို့ရဲ့ နောက်ကို လိုက်သွားတယ်။ တောင်တခုလုံး အဆိပ်ရှိ သတ္တ၀ါတွေ၊ ရိုင်းစိုင်းတဲ့ သတ္တ၀ါတွေနဲ့ ပြည့်နေတာတွေ့တော့ တယောက်မှ ဆူညံခြင်း မပြုဝံကြဘူး။
သူတို့သွားနေတဲ့ လမ်းတလျှောက်လုံး မြွေတွေ ... ပြီးတော့ ပြောမပြတတ်တဲ့ အကောင်တွေရဲ့ 'ရှလဲ ရှလဲ' မြည်တဲ့ တွားသွားသံတွေပဲ ကြားနေရတယ်။ ယွမ်ဆွေဖုန်း နဲ့ ကျောက်ယွင်ချီကလွဲပြီး အဲ့ဒီအသံ ကကြားရတဲ့ သူတိုင်းကို အရိုးထဲစိမ့်အောင် ကြောက်လန့်စေပြီး ဘယ်သူမှ အတင့်ရဲစွာ အသံမထွက်ရဲကတော့ဘူး။
" ပြောရမယ်ဆိုရင်တော့ ငါ့ရဲ့ စည်းကမ်းက အရမ်းလွယ်ပါတယ်..... " ပြောရင်း တုန်းဇီက ချောက်ကမ်းပါးစွန်းထိပ်မှာ ၇ပ်လိုက်တယ်။ ချောက်အောက်မှာတော့ မြစ်ငယ်လေး တစင်း စီးဆင်းနေတယ်။ သူဟာ သူ့ရှေ့က မြူနှင်းတွေ ပိန်းပိတ်မတတ် မြူခိုးတွေနဲ့ ဝေနေတဲ့ မြစ်ကို ညွှန်ပြပြီး ညစ်ကျယ်ကျယ် ပြုံးကာ " မင်းတို့အထဲက ဘယ်သူဖြစ်ဖြစ် ဒီမြစ်ထဲ ခုန်ချရဲမယ် ဆိုရင်တော့ ငါဟာ အဲ့ဒီလူရဲ့ လူနာကို ပျောက်အောင် ကုသပေးမယ်....."
ပိုင်ရွဲ့ခေါင်းဆောင်ရဲ့ စည်းကမ်းက ဒါပဲ ? ဒီလောက်တောင် လွယ်တယ်ပေါ့ ?
ဒါပေမယ့် သေချာစဉ်းစားမယ်ဆိုရင်တော့ ဘာကြောင့် ဒီလောက်နှစ်တွေ အကြာကြီးမှာ ဘယ်သူတဦးတယောက်ကမှ သူ့ရဲ့ ကုသမှုကို မခံယူဖူးကြတာလဲ ?
ဒါပေမယ့် ငတုံး ကျောက်ယွင်ချီက အဲ့လောက်ထိ တွေးမနေဘူး။ လေတချက်ချွန်လိုက်ကာ သူ့လက်ကို ဆွဲထားတဲ့ ဆွေဖုန်းလက်က ရုန်းထွက်ပြီး ရှေ့တိုးကာ မြစ်ထဲ ခုန်ချဖို့ ပြင်တယ်။
ယွမ်ဆွေဖုန်း မျက်မှောင်ကြုတ်ကာ ခပ်တင်းတင်း စိုက်ကြည့်ရင်း ကျောက်ယွင်ချီရဲ့ အကျီင်္လက်ကို ဆွဲထားတော့ မြင့်မြင့်မားမားနဲ့ လူထွားကြီး ကျောက်ယွင်ချီက သတ္တိရှိစွာ မလှုပ်ရှားရဲတော့ဘူး။
" တန့်ခေါင်းဆောင် .... ခင်ဗျား ရယ်စရာပြောနေတာတော့ မဟုတ်ပါဘူးနော်" ဇနီးကို ညင်သာစွာ ပွေ့ပိုက်ထားတဲ့ လူငယ်ကပြောတယ်။
" ဟား ဟား ..... ငါ ဘယ်တုန်းကမှ ဆေးကုတာနဲ့ ပက်သက်ပြီး ရယ်စရာ မပြောဘူး" တန့်တုန်းဟာ လူငယ်ကိုပြောရင်း ဘေးက မိန်းမပျိုကို တချက်ကြည့်ကာ... "မင်းဇနီးရဲ့ မျက်ခုံးတွေက တနေရာတည်းစုစည်းနေတယ်..... အသက်ရှူပုံကလည်း တချက်ရှည် နှစ်ချက်တိုတယ်... သူ့ရဲ့ ယင်ဖွဲ့စည်းပုံ ပျက်နေတာပဲ ဖြစ်ရမယ်......နောက်ပြီး သူဟာ ကိုယ်ဝန် လေး ငါးလထဲ ရောက်နေပြီ....မင်းတို့က ကလေးကိုလည်း နှမြောတယ်......မိခင်ကိုလည်း ကုချင်တယ်.... ပုံမှန် သမားတော်တွေကလည်း ဆေးပေးပြီးမကုချင်ကြဘူး....ကလေးထိခိုက်မှာစိုးလို့.... အကယ်၍ မင်းတို့ အခု တောင်အောက်ဆင်းပြီး ဆေးပညာတော်တဲ့ သမားတော်ကို ရွှေအပ်နဲ့ ကုခိုင်းမယ်ဆိုရင်.......ပြီးတော့ ကလေးကို ဖျက်ချလိုက်ရင်တော့.... မင်းဇနီးသည်ရဲ့ အသက်ကို ကယ်ထားနိုင်မှာပါပဲ...... ဒါမှမဟုတ်ဘဲ ကလေး ၈ လသား အရွယ်မှ ကုမယ်ဆိုရင်တော့ နှစ်ယောက်စလုံးရဲ့ အသက်က ကယ်လို့ မရနိုင်တော့ဘူး "
" ဟုတ်တယ် ... ဟုတ်တယ် တန့်ခေါင်းဆောင်ပြောတာ မှန်ပါ့" လူငယ်က တအံတသြနဲ့ပြောတယ်။ တချက်ကြည့်ရုံနဲ့ ဒီလောက်ပြောနိုင်တယ် ဆိုရင်တော့ သူ့ရဲ့ ဇနီးကို ကုပေးနိုင်မှာ အသေအချာပါပဲ။ သူ့ရင်ထဲကနေပြီး လေးစားကာ မျှော်လင့်ချက်တွေ ပြည့်လာသလိုဘဲ။
" ဒါပေမယ့် ကျွန်တော့်ဇနီးက ကလေးကို ဖျက်မချချင်ဘူး..... ငါတွေးတာ မမှားဘူးဆိုရင် တန့်ခေါင်းဆောင်ရဲ့ ဖေးမမှု ရခဲ့မယ် ဆိုရင်တော့ ကလေးရော လူကြီးပါ ကယ်နိုင်မှာ အသေအချာပဲ ဟုတ်တယ်မလား ? "
" ဟား ဟား ... ဒါပေါ့ အသေအချာပဲ။ မင်းသာငါ့ရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ရင် မင်းရဲ့ ဇနီးနဲ့ သားကို ကယ်တာက ဟင်းချက်သလောက် မခက်ခဲပါဘူး" တန့်တုန်းပြောရင်း ပင်းအယ် ကို လက်ဝေ့ယမ်း ပြလိုက်တယ်။
လူအားလုံးက အနီရောင် ၀တ်ဆင်ထားတဲ့ သူငယ်မကို ကြည့်လိုက်တော့ သူမဟာ ခပ်သောသော ရယ်မောလိုက်ပြီး သူမ ခုနက မြစ်ကိုလာတဲ့ တလျှောက်မှာ ဖမ်းခဲ့တဲ့ အ၇ွယ်ေ၇ာက်ပြီး ၀ံပုလွေ တကောင်ကို မ ကာ မြစ်ထဲ ပစ်ချလိုက်တယ်။
ပစ်ချလိုက်ပြီးနောက် ၀ံပုလွေ ကြီးတကောင်ရဲ့ ရှည်လျားပြီး ကြောက်လန့်တဲ့ အသံကို ကြားရပြီးနောက် ဘာသံမှ ထွက်ပေါ်မလာတော့ဘူး။
ပင်းအယ်ရဲ့ စပ်ဖြဲဖြဲ အားရပါးရ အပြုံးကို ကြည့်ပြီး ဆေးကုလာတဲ့ လူတအုပ်က ရေပြင်ကို ကြောင်ငေးကာ ကြည့်နေတယ်။ ၀ံပုလွေ ဟာ ရေထဲမကျခင်တော့ အကောင်ကြီးပြီး ထွားကျိုင်းပါရဲ့၊ ရေပေါ်ပြန်ပေါ်လာစဉ်မှာတော့ သူဟာ ခေါင်းနဲ့ ခန္ဓာက အရိုးသာ ကျန်ခဲ့လေတယ်။
ပင်းအယ်ရဲ့ လက်လှုပ်ရှားမှု တချက်အောက်မှာတော့ အရိုးပါ မကျန်တော့ဘဲ အရိုးပါ ပျောက်ကွယ်သွားတော့တယ်။
" အား ..... ငါ မင်းတို့ကို ပြောဖို့ မေ့နေတာ၊ ဒီမြစ်က. အရိုးကိုတောင် ပျော်စေနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်"
တုန်းဇီဟာ သူ့မေးရိုးကို စိမ်ပြေနပြေ ပွတ်ရင်း ပြုံးဖြဲဖြဲနဲ့ အကြီးအကျယ် မျက်နှာပျက်သွားတဲ့ လူအုပ်ကြီးကို ကြည့်နေတယ်။ သူ့မျက်ဝန်းထဲမှာတော့ လူအုပ်ကြီး ကိုအနည်းငယ် စိတ်ပျက်သွားပုံ ပေါ်သွားပေမယ့် ကြည့်လိုက်ရင်တော့ ဘာခံစားချက်မှ ရှိပုံမပေါ်ဘူး။
တော်သေးတယ်......အဲငတုံး ခုနတုန်းကခုန်မဆင်းသွားခဲ့လို့......ယွမ်ဆွေဖုန်း ကသူဆေးကုဖို့မျှော်လင့်လို့ မရတော့မှန်းသိလိုက်ပေမယ့် ဘာကြောင့်မှန်းမသိ သူ့ရင်ထဲတင်းကြပ်နေတဲ့ အလုံကြီး ပြေလျှော့သွားသလိုပဲ။ သူက မျက်လုံးပြူးကာ ခေါင်းပွတ်ပြီး ရေထဲကို ငေးကြည့်နေတဲ့ကျောက်ယွင်ချီကို ကြည့်လိုက်တယ် ။ သူက ကျောက်ယွင်ချီဟာ အဲဒီဝံပုလွေ ဘာလို့တခဏတွင်းချင်းပျောက်ကွယ်သွားသလဲဆိုတာကို တွေးနေမှန်းသိတယ် ။ ယွင်ချီက ခေါင်းကုတ်လိုက်ဘေးဘီကြည့်လိုက်တအံ့တသြ စဉ်းစားမ၇ ဖြစ်နေပုံကိုကြည့်ုပြီး ယွမ်ဆွေဖုန်း နားလည်စွာ သဘောကျပြီး အသံထွက်ပြီးရယ်မိတော့မလိုပဲ။
တုန်းဇီနဲ့ပင်အယ်ဟာ သူတို့ရှေ့ကလူတွေရဲ့အမူအယာတွေကို အကဲခတ်ကြည့်ရှုနေတယ် ။ သူတို့အကြည့်က ကျောက်ယွင်ချီနဲ့ ဟွမ်ဆွေဖုန်းတို့ဆီမှာ အကြည့်တွေရပ်သွားတယ်၊။
"ဘယ်လိုလဲ ?မင်းတို့မြစ်ထဲဆင်းမလား မဆင်းဘူးလား ..?" တုန်းဇီ မေးတယ် ။ နောက်လက်ချောင်းလေးတွေကိုမြှောက်ပြီး "အကယ်၍ မင်းတို့လုပ်နိုင်ရင်တော့......ငါကတိအတိုင်း မင်းတို့ရဲ့ဆွေမျိုး (လူနာ)တွေကို ပျောက်အောင်ကုပေးမယ်.....”
“ဒါ......ဒါက..... ”
“ဒါ....ဘာဒါလဲ?......မဆင်းဘူးဆိုရင်တော့ ငါ့အချိန်တွေကို မဖြုန်းပဲ.....မြန်မြန်လေးသာ တောင်အောက်ဆင်းကြပေတော့.....ရှောင်ချင် ကမင်းတို့ကိုလမ်းပြပေးလိမ့်မယ်......”
ပင်းအယ်ပြောပြီး လေချွန်လိုက်တော့ ကြီးမားတဲ့သိမ်းငှက်တစ်ကောင်က သူမ ပခုံးပေါ်နားလေတယ် ။ ငှက်ကြီးက ခေါင်းကိုမော့ကာ ဘဝင်မြှင့်စွာနဲ့သူ့အောက်ကလူအုပ်ကို အထင်သေးစွာ စိုက်ကြည့်နေတယ်။
“တန့်ခေါင်ဆောင် ....ဒါ.....ဒါ..... ခင်ဗျားက ကျုပ်တို့ကို အခက်တွေ့စေတာပဲ မဟုတ်ဘူးလား..?”. လူနာလူအိုကြီးရဲ့သားငယ်နစ်ယောက်ထဲက တယောက်ကဝင်ပြောတယ် "ခင်ဗျား... ဒီလိုလုပ်တာ ခင်ဗျားအတွက် ဘာတွေကောင်းကျိုးများရနိင်သလဲ?....ဒါကလူကောင်း တစ်ယောက်ကို အတင်းအဓ္ဓမ....."
"ငါသဘောကျတယ်လေ.....မင်းနဲ့ဆိုင်လို့လား.?....မင်း မခုန်ချချင်ဘူးဆိုရင် မင်းမခုန်ပဲ နဲ့ပြန်သွားလိုက်ပေါ့....ဒါပေမယ့်.... တခုတော့ပြောလိုက်မယ်...... မင်း ခုန်ချပြီး ရေဆင်းပြီး မကူးချင်ဘူးဆိုရင် ......မင်းဖခင်ကိုကြည့်ရတာနောက်တလကို လုံးဝကျော်မှာမဟုတ်ဘူး...” တုန်းဇီ ညစ်ကျယ်ကျယ် ပြုံး၇င်းပြောတယ်။
"မင်း.....မင်း...ဒါဘာအဓိပ္ပါယ်လဲ.?
"ဟွန့် ..မင်းအဖေရဲ့ အဆုတ်ကပျက်စီးနေပြီး အသက်ရူနူန်းက အရည်ပျော်နေပြီ။ တကိုယ်လုံးကသွေးကြေောတွကလည်း မကောင်းတော့ဘူး.... မင်းတို့ သူ့ကို အားဆေးကျွေးလေ... သူကပိုပြီးတော့အားနည်းလေ ဖြစ်မှာပဲ.... ” တန့်တုန်း အသံသာသာနဲ့ပြန်ပြောတယ် ။ နောက် မျက်လုံးမှေးကာ "မင်းတို့ ငါတောင်းဆိုတာ မလုပ်နိင်ရင်တော့ ..... ငါယုံတယ်ဒီလောကကြီးမှာ ငါကလွဲပြီးတော့ သူရောဂါကိုကုပေးနိင်တဲ့သူမရှိဘူး...."
"ငါ....ငါ...မင်ကိုအမိန့်ပေးမယ်......မင်း ငါအဖေကို ချက်ချင်းကုဖို့..ဒါမှမဟုတ် ရင်တော့...." အဲဒီ လူငယ်လေးက အံကြိတ်ပြီးပြော ကာတချိန်တည်းမှာပဲ ဓားထုတ်ကတိုက်ခိုက်လေတယ်။
သူကလှုပ်ရှား မလို့ပဲရှိသေးတယ်။ လူအုပ်ကလူတွေဟာ တန့်တုန်းရဲ့အင်္ကျီလက်လေး လှုပ်၇ှားတာကိုပဲတွေ့လိုက်ရတယ်။ ဒါပေမယ့် သူတို့ခြေထောက်အောက်က မြေတချက်တုန်သွားတယ်။
လူငယ်လေးဟာ တန့်တုန်းဆီပြေးလာတုန်း တန့်တုန်းက မြေအောက်က ခဲငယ်လေးကို အတွင်းအားသုံးပြီး စုပ်ယူကာ လက်ထဲရောက်စေပြီး တွေဝေမှုတွန့်ဆုတ်မှုမရှိစွာနဲ့ လူငယ်လေး ထံသို့ လူငယ်လေး အရင်၇ပ်နေသော နေရာစီရောက်အောင် လက်ချောင်းလေးတွေကို အသုံးပြုပြီးတော့ ပစ်လွှတ်လိုက်တယ်။
"ဒီနေ့ ငါသဘောကျတဲ့ သူငယ်ချင်းကိုပြန်တွေ့ရလို့ ငါ့ စိတ်ကောင်းနေတုန်းမို့ မင်းကို အိပ်ယာပေါ်နှစ်ဝက်လောက် အနားယူ ခိုင်းလိုက်တယ် မှတ်ပါ...."တုန်းဇီ လူငယ်ကိုခပ်စိမ်းစိမ်း ကြည့်ကာ ကျောက်ယွင်းချီထံ လက်ညှိုးထိုးရင်းပြောတယ်။
"မင်း ဒီလူထွားကြီးကို ကျေးဇူးတင်သင့်တယ်။မဟုတ်ရင် ငါ့ကို ဒီလို မထီမဲ့မြင်ပြုတဲ့ လူကိုငါဘယ်တုန်းကမှ ရှင်လျက်မထားခဲ့ဘူး...."
တန့်တုန်း ပြောပြီးရော လူငယ်ရဲ့ ပါးစပ်ထဲကသွေးစိမ်းရှင်ရှင် အန်ထွက်လာတယ်။ ပြီးသူ့ရဲ့အကိုရင်ခွင်ထဲလဲသွားကာ မရပ်နိုင် မ မတ်နိုင်တော့ဘူး။
ယွမ်ဆွေဖုန်းက ဒီအဖြစ်အပျက်တွေကို ဘေးကနေကြည့်နေတယ်။ဒီလူအုပ်ထဲကလူတွေဟာတစ်ယောက်မှပိုင်ရွဲ့ခေါင်းဆောင်ရဲ့တောင်းဆိုမှုကိုမလိုက်လျောချင်ကြဘူး။ အဲဒီကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးဟာလည်း သူချစ်တဲ့သူရဲ့အသက်ကိုစွန့်ပြီး သူ့ကိုကယ်မှာ မလိုလားတော့ သူ့ယောက်ျားကိုဆွဲခေါ်ပြီး တောင်အောက်ဆင်းသွားတော့တယ်။
အဲဒီကောင်လေးပုံက ဝေခွဲမရဖြစ်နေပုံပဲ ။အဖက်ဖက်ကတွေပြီး။ ခုန်ဆင်းဖို့လုပ် သေးတယ်။ ဒါပေမဲ့သူ့ဇနီးက သူ့ယောက်ကျားကို ဒီလိုကိစ္စဘယ်လုပ်ခိုင်းပါ့မလဲ၊ တခဏလောက် အငြင်းပွားကြပြီး နောက်မှာတော့ သူဟာ သူ့ဇနီးလေးကို ပြောလို့ မနိုင်ပုံမျိုးနဲ့ လက်လျော့လိုက်ဟန်ဖြင့် သူ့ဇနီးပခုံးကို ဖေးမပြီးသိမ်းငှက်ကြီးရဲ့လမ်းပြမှုအောက်မှာ တောင်အောက်ကိုဆင်းသွားတော့တယ်။
နောက်တဖွဲ့ လူအိုအဖွဲ့ကိုကြည့်မယ်ဆိုရင်ဒဏ်ရာမရတဲ့လူငယ်က သူ့ရဲ့ညီကိုကို သူလက်အောက်ငယ်သားဆီကို ပေးလိုက်တယ်။
နောက်သူကရေထဲ ဆင်းဖိုပြင်တော့ လူအိုရဲ့တားဆီမူကိုခံလိုက်ရတယ်။ လူအိုအနေနင့်ပြောရမယ်ဆိုရင် သူ့လိုအလကား လူတယောက်အတွက်နဲ့ သူရဲ့ ကျန်းမာပြီး ငယ်၇ွယ်တဲ့ သားကောင်းတယောက် ဆုးံရူးံဖို့ သူဘယ်လိုလုပ် ခွင့်ပြုနိင့်ပါမလဲ?
ယွမ်ဆွေဖုန်း ကတော့ သူတို့ ပြသနေတဲ့ ဇာတ်၇ုပ်တွေကို ကြည်ရင်းအေးစက်စက်ရယ်တယ်။
သူ အဲ့လင်မယားကိုစတွေတုန်းက လမ်းတစ်လျောက်လုံး သူတို့ တယောက်ကို တယောက် ဘယ်လောက်ချစ်ခင် ဖေးမခဲ့လဲဆိုတာ သူမျက်မြင်ပဲ။ တောင်ပေါ်တက်လာတဲ့တလျောက်မှာလဲ ယောကျာ်းက သူဇနီး သေသွားမှာ သူ့မျက်စိေ၇ှ့ကနေ ပျောက်သွားမှာကိုကြောက်ရွံ့နေတဲ့ အကြည့်တွေနဲ့။
ဒါပေမဲ့ အခုကသူဟာ မြစ်ထဲခုန်ချမယ့် ဖြစ်စဉ်မှာ ဘာကြောင့် သူရောဂါသည်ဇနီးရဲ့ စကားလေး..၃..၄ခွန်းနဲ့ လက်လျော့လိုက်ပါလိမ့်? ဒါက သူ့ကိုယ်သူ ပိုချစ်တာ။ သူ့အသက်ကို သူ့ဇနီး သူ့သားထက် နှမျောတယ် ဆိုတာ ထင်၇ှားလွန်းနေတာပဲ။
နောက်တစ်ခု လူအိုအုပ်စုက လူအို၇ဲ့ သားငယ်လေးက တန့်တုန်းကို တိုက်ခိုက်ဖို့ ဓားထုတ်ပြန်တယ်။သေသပ်တယ။် မြန်ဆန်တယ။် ဒါပေမဲ့ မကြမ်းတမ်းဘူး။ ဒီသဘောက သူဟာတန့်တုန်း သူအပေါ်ကိုဒဏ်ရာတခုခုလုပ်စေချင်လို့အကွက်ဆင်တာပဲ..။ပြီးတော့ အပြင်းအထန်လည်း မဖြစ်စေချင်ဘူး..
ပြောရမယ်ဆိုရင် သူဟာ ရေထဲလဲ မခုန်ချနိင် သလို သူတပါးအမြင်မှာလည်း သားလိမ္မာဆိုတဲ့နာမည် မပျက်စေချင်ဘူး.. မသိတတ်တဲ့သား လို့ သူ့ကို ထင်မှာစိုးတယ်။ ဒါကြောင့် တန်တုန်း ဒီလူတွေကိုကြည့်တဲ့အချိန်တိုင်း မျက်လုံးထဲက လှောင်ရယ်နေပြီး မျက်နှာ ကတစက်မှ တုန်လူပ်မူမရှိတာ ဘာကြောင့်မှန်း ယွမ်ဆွေဖုန်း တွေးမိပြီ။
လင်မယား ဘယ်လိုပဲချစ်ခင်လှပါတယ် ပြောပြော သားလိမ္မာလို့ သူတပါးမျက်စိထဲမှာ ဘယ်လိုပဲ ဖြစ်နေပေမယ့် ဒီအလယ်ပိုင်းသားတွေဟာ သူတို့ရ့ဲရင်းနီးတဲ့သူတွေရဲ့ရောဂါကို ပျောက်စေချင်တာက စိတ်ထဲမပါဘူးဆိုတာ တန်တုန်းသိလို့ တမင်သက်သက်သူတို့စိတ်ပေါ်စေပြီး လှောင်နေတာလား?
ဘေးကကြည့် နေတဲ့ယွမ်ဆွေဖုန်း တောင်မျက်နာပူယ်။ ဒီလို အလယ်ပိုင်းသားဖြစ်ပြီးမှ တုန်းဇီနဲ့တွေ့မိတဲ့အတွက်။(Eg. မြန်မာပြည်သားတွေက တခြားတိုင်းပြည်မှာ အလုပ် ဘာညာ သွားလုပ်ပေမယ့်လဲ မကောင်းတာ တခုခု စိတ်ဓာတ် ဘာညာ တွေက တပါးတိုင်းပြည်မှာ အ၇ှက်၇စေတာကြောင့် “သူတို့က မြန်မာကလေ ဘယ်လိုတောင်ယုတ်တာ ဘယ်လို ဘယ်ဝါ.... ”)
"တုန်းဇီ.. ငါဆင်းသွားမယ်ဆိုရင် ခင်ဗျားက ရှောင်ယွမ်ရဲ့ ရောဂါကိုကုပေးမှာပေါ့ဟုတ်လား"
ကျောက်ယွင်ချီက ဒီအချိန် မှာတန်တုန်း ရဲ့အင်္ကျီလက်ကိုဆွဲပြီး မျက်ဝန်းတွေက တလက်လက် တောက်ပကာ ရယ်၇ယ်မောမော ပြောလာတယ်။
"လအ..မသွားရဘူး! ..."
ယွမ်ဆွေဖုန်း အလောတကြီး တားတယ်။ မာထန်ထန်ခပ်ပြင်းပြင်း သတိပေးတဲ့အကြည့်နဲ့ ယွင်ချီကိုကြည့်တယ်။ သူက ဒီငတုံးလေးပေါ် အကြွေးမတင်ချင်ပါဘူး။
"ဒါပေါ့..." တန်တုန်းက ရယ်မောရင်း ဆွေဖုန်း ကိုတချက်ကြည့်လိုက်ကာ "မင်းရဲ့ ဒီသူငယ်ချင်းရောဂါက တကယ်ပြင်းထန်တာနော့်...... အကယ်၍ ရက်နည်းနည်းလေးလောက် ထပ်နောက်ကျမယ်ဆိုရင်တော့ ငါလည်းကုဖို့ တက်နိင်မှာမဟုတ်ဘူးနော်...."
"အား....ဒါဆို ရှောင်ယွမ်ကဘယ်လိုပုံဖြစ်သွားမှာလဲ?...” ကျောက်ယွင်ချီရဲ့ မျက်နှာတွေက စိတ်လူပ်ရှား သိချင်လွန်းပုံပဲ။ ပထမဦးဆုးံအဖြစ် ယွမ်ဆွေဖုန်းရဲ့ လက်ကိုရုန်းကာ စကားပြော၇င်း အဝေးကို လှမ်းသွားတဲ့ တန့်တုန်းကို အမှီလိုက်ပြီးမေးတယ်။
"အင်း...လွယ်လွယ်ပြောရမယ်ဆိုရင်တော့...မင်းရဲ့ရှောင်ယွမ်က ပျက်စီးသွားမှာ..ခန္ဓာကိုယ်ထဲက ပူပြီး အပေါက်တွေ တပေါက်ပြီး တပေါက်ဖြစ်လာမှာနော့ 😁 နောက်ပြီး သူရဲ့အသားတွေ နှလုးံတွေ အရိုးတွေက ထဲကသွေးတွေဟာ အပေါက်တွေထဲကနေပြီး စိမ့်ထွက်လာမှာ..😏"
တုန်းဇီက နှုတ်ခမ်းတွန့်ကာ စနောက်ချင်ပုံခပ်ညစ်ညစ်ပြုံးပြီး ကျောက်ယွင်ချီ နားထောင်ရတာ နားလည်အောင်ပြောပြတယ်။
ဒီလိုပြောလိုက်တော့ ယွမ်ဆွေဖုန်းက ပိုပြီးတော့တောင်တုန်းဇီကို မုန်းလာသေးတယ်။ တဖက်ကလည်း အဲဒီငတုံးလေး သူတွေးမရတဲ့ တစုံတခုကို ခပ်အအ ခပ်တုံးတုံး ရှေ့မကြည့် နောက်မကြည့် လုပ်ချလိုက်မှာလဲစိုးရိမ်နေတယ်။
“ဝါး 😭....ရှောင်ယွမ် ... ..😭အဲလိုရုပ်ဆိုး စုတ်ပြတ်သတ်နေမှာ ငါမမြင်ချင်ဘူး ....😱 ငါမကြိုက်ဘူး 😭😭😭”
ယွင်ချီရင်ထဲ အသဲထဲက မနှစ်သက်စွာ ငိုပါလေရော။ မျက်နှာက သွေးရောင်အမြဲသမ်းနေတဲ့ဆွေဖုန်းဟာ ဒီရက်တွေ အတောအတွင်း ဖြူဖျော့ပြီး အားနည်းနေတဲ့ပုံကို တွေ့ရတော့ သူ့ရင်ထဲ အသဲထဲက နာကျင်ခံစားပြီး ဆွေဖုန်းကိုဆုံးရှုံးရမှာ ကြောက်နေတယ်။
သူဘယ်လိုလုပ်တွေဝေနေရဲမှာလဲ?????
ယွမ်ဆွေဖုန်း သူ့ကိုမတားဆီးနိုင်ခင်မှာပဲကျောက်ယွင်ချီက မြစ်ဝကနေ မြစ်ထဲကိုခုန်ချလိုက်တယ်။
တွေဝေမှုမရှိတွန့်ဆုတ်မှုမရှိစွာနဲ့ပေါ့.....
' ပလုံ..´
ထိုသို့ အသံလေးတခုသာ ချန်ထားခဲ့ပြီး
ကျောက်ယွင်းချီ ရေထဲသို့
တစ
တစ
စုန်း
စုန်း
မြုတ်............
******************************
6300
乐死了哟~
😝😝😝😝😝
ဒီအပိုင်း၇ဲ့ အပေါ်ပိုင်းကို ကူေ၇းပေးတဲ့ သူလေး
atzt_061127ေ၇ာ
အောက်ပိုင်းကို ကူေ၇းပေးတဲ့ မ user27154303 နဲ့ မ တပည့်လေးတွေေ၇ာ
မ က 😪😪ကိုယ့်စာ မဖတ်လို့ မန်း၇ှင်း ခေါ်လော့ဘာဘူးတွာ 😝😝😝😝
All all thanks ပါလို့
နောက်ပိုင်းတွေကလည်း ဒီလိုပဲ စာလုံးေ၇ ၆၀၀၀ကျော်ပါမယ်လို့နော်။
စာေ၇းသူ ကိုယ် ငပျင်းမို့
နှုတ်ဆက်ခဲ့ပါတယ် လို့......
😝😝😝😚😝😝😝
ကူေ၇းပေးမယ့်သူ ၂ယောက်ပေါ့နော်
ထပ်မ၇ှိ မချင်း အပိုင်းသစ် မေ၇းပါဘူးလို့
စာေ၇းသူ ငပျင်းလေး မိုး (雨)
雨for雨