SeKai KaiHun 🐻🧡🐣 one shot

By MyonewMinnie

36.4K 2.9K 180

Kai n Sehun one shots SeKai KaiHun 🐻🐥 More

Truly Madly Deeply
The World
HeartBeat
ချစ်ခြင်းမေတ္တာ
With You
Baby
The Boy who can't see me
Love Birds
Baby is My Eveything
သူ..... မင်းကို ဘယ်တော့မှ
မင်းစချော့ပါ
When Kai is dancing
သူ့ ထံပါး
Happy Birthday
My whole world is you
ကလေး နဲ့ ကိုကို
ကိုကြီးရဲ့ ကလေးငယ်
GoodNight
ချစ်တယ် ကိုကို
ကိုယ့်တိမ်တိုက်လေးအတွက်
ထပ်တူ
ကိုယ့်အပိုင်
Oh! Hot
Farewell my love
ထာဝရ အတွက်
My Little Bear

Moonlight

958 85 9
By MyonewMinnie

လရောင်လေး
KaiHun
🐻❤️🐣

For @KimZhangEXOL
မွေးနေ့လက်ဆောင်ပေးတာမေ့နေလို့ အခုမှ အမြန်ရေးရ
နောက်ကျသွားလို့ sorry hehe

🐻❤️🐥

သူ.....ကျတော် လရောင်ကလေး

မိုးဖွဲဖွဲလေးတွေရွာနေတာမို့ ဝရံတာမှာ လှမ်းထားတဲ့ အဝတ်တွေကို Jongin ရုတ်လိုက်တယ်
ဝရံတာ တံခါးမကြီးကို ပိတ်တော့မယ့်ဆဲဆဲ ကြားလိုက်ရတဲ့ အသံ ကြောင့် ခြံတံခါးဝကို ကြည့်တော့
ဪ ဒီကလေးငယ်ကွာ ဆို ထီးကိုယူလို့ အမြန်ထွက်လာရတယ်

"ကလေးငယ်ရယ် မိုးတွေရွာနေတာကိုကွာ လာလာ မြန်မြန်ဝင်" ဆို အဝါရောင်အင်္ကျီလေးနဲ့ သူ့ ကြက်ပေါက်ကလေး ကို မြန်မြန်ဆွဲခေါ်ရင်း သူ့ အခန်းထဲရေချိုးခန်းထဲ ထည့်ကာ
"ကဲ ကလေးငယ်ရေ မြန်မြန် ချိုး  ကိုကို စိတ်ပူလိုက်တာ တကိုယ်လုံးစိုနေတာပဲ ကဲကဲ ချိုး ချိုး ရေနွေးနဲ့ချိုးနော်"

"ကိုကို ကလေးဗိုက်ဆာတယ်နော် ထုံးစံအတိုင်းနော်"
"စိတ်ချ ကဲ အို ဆယ်ဟွန်းလေးရေ ချိုးတော့ ကိုကို အင်္ကျီထုတ်ပေးခဲ့မယ် " ဆို ပြောတော့
"ကိုကို ဒီနားခဏ"
လက်ကလေး လှမ်းပြလို့ခေါ်တာကြောင့်ဘီဒိုထဲက အင်္ကျီထုတ်ပေးရင်းတန်းလန်း
"အိုဆယ်လေးရေ ချိုးပါတော့ကွာ ကလေးငယ်ရေ"
"ကိုကိုး လာမှာလား မလာဖူးလား "နုတ်ခမ်းစူနေပြီဖြစ်တဲ့ သူ့ကလေးငယ်နားသွားတော့ Jongin
နုတ်ခမ်းလေးနွေးကနဲဖြစ်သွားတယ် 
"ကိုကို ကို ချစ်လို့ "

"အေးပါကွာ ကိုကိုလဲချစ်တယ်ကွာ ကဲကဲ ချိုးပါတော့ကလေးငယ်ရေ"

နောက်တကြိမ်ထပ်ရောက်လာတဲ့ နုတ်ခမ်းနုနုသေးသေးလေး Jongin နုတ်ခမ်း ထူထူအိအိလေးပေါ် သက်ရောက်လာစဉ် ငြိမ်ခံနေလိုက်တော့တယ် ခဏကြာ ခွာသွားတဲ့နုတ်ခမ်းလေးနဲ့ အနည်းငယ်ရှက်နေပုံရတဲ့ မျက်နှာလေးကြောင့်
Jongin ပြုံးမိရင်း "လူဆိုးလေး ချစ်စရာလေး ချိုးတော့နော် "ဆိုရေချိုးခန်းတံခါးလှမ်းပိတ်ပေးလိုက်ရတယ်

အဝတ်ဗီဒိုလေးကို ဖွင့်စဉ် ကပ်ထားတဲ့ကလေးပုံလေး ပေးနေကြအနမ်းလေးပေးရင်း
အင်္ကျီလေးတွေထုတ်ပေးကာ ကုတင်ပေါ်တင်ပေးရင်း ရေချိုးခန်း အဆိုတော်လုပ်နေတဲ့ ကလေးငယ်စီ တချက်ပြေးကာ ရေချိုးခန်းဂတံခါးကို ထုရင်း
"ကိုကို အင်္ကျီထုတ်ပေးထားခဲ့တယ်ကလေးငယ်ရေ မြန်မြန်လုပ်"

အော်ပြောရင်း အခန်းထဲကထွက်ကာ မီးဖိုချောင်ထဲ ကလေးစားဖို့ ထမင်းကို ပြန်နွေးပေးရင်း မနက်က သူချက်ခိုင်းတဲ့ သူစားချင်တယ်ပြောတဲ့ kimchi ဟင်းရည်ကို ပြန်နွေးကာ ကြက်ဥခေါက်ကြော်ရယ် ဟင်းရွက်ကြော်ရယ်ကို ကြော်နေချိန်
ခါးကို ပွေ့ဖက်လာတဲ့လက်နုနုလေး

တချက်ငုံ့ကြည့်ကာ ပြုံးလိုက်ရင်း "ကိုကို အသည်းလေး ဗိုက်ဆာနေပြီမလား"

"ကိုကို ခွံကျွေးနော်"

"ဟုတ်ပါပြီဗျာ ရပြီ လာ "
လက်ကလေးဆွဲလို့ ခုံမှာထိုင်ခိုင်းရင်း  dryer မုတ်လာပုံရတဲ့ ဆံပင် လေးတွေကို ဖွလိုက်တယ်
"လိမ်မာတယ် ကိုယ်ဘာသာ ဆံပင်တွေကို သေချာ  dryerမှုတ်လာတာလား ကလေးငယ်က  ထိုင် ကိုကို ထမင်း ခူးလိုက်အုန်းမယ်နော် ခဏ"

"ကောင်းလား ကလေး ကိုကို က ကလေး မလာတော့ဖူးထင်လို့ နည်းနည်းလေးပဲ ချက်လိုက်တာ"

သူခွံ့ကျွေးတာကို ပါးလေးတွေဖောင်းနေအောင် ဝါးနေတဲ့ သူ့ ကလေး hunnieလေး

"ကိုကို စီကို ဘယ်တုန်းက မလာပဲနေဖူးလို့လဲ ခုလဲ umma  က မသွားနဲ့တဲ့ မိုးရွာမယ်ဆိုတာကို hunnie ကမှ မနေနိုင်တာ ကိုကို နဲ့မတွေ့ရပဲ "

"အေး အေး အဲလို အပြောလေးတွေကြောင့် ဒီကကောင်က အရူးလို ကြွေကြမြေခ နေရ တာ"

"ဟား ကာရန်ကိုက်တယ်ကွ ကြွေကြမြေခနေရ"

မျက်ဝန်းလေးတွေမှိတ်ကျသွားလောက်အောင်ရီမောနေတဲ့ Sehun ကို Jongin ငေးကြည့်မိရင်း နဖူးလေးကိုဖွဖွနမ်းကာ ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်

ကလေးငယ်က သူ့ရင်ခွင်ထဲ မှာ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ သူခွံ့ကျွေးတာလေးတွေပလုတ်ပလောင်းဝါးရင်း စားရင်းပြုံးနေလေရဲ့
"ချစ်တယ် ကိုကို ချစ်သည်းငယ်လေး"

🐻❤️🐣

Kim family နဲ့  Oh family ဆိုတာ အိမ်ချင်းကပ်ရပ်နဲ့ အဖိုးအဖွားတွေလက်ထက်ကထဲက ရင်းနှီးနေတာကြောင့် အဖိုးအဖွားတွေမှာ မွေးလာတဲ့ သားသမီးတွေကို အချင်းချင်း ပေးစားချင်ကြပေမယ့်လဲ 
ဖူးစာ မပါသောကြောင့် အိမ်ထောင်ဖက်ဖြစ်မလာကြ
သားတွေလက်ထက်က ကိစ္စမှာ မြေးများဖြစ်တဲ့
Kim Jongin နဲ့  Oh Sehun အား ပေးစားဖို့တိုင်ပင်နေကြစဉ်တွင်မှာတော့ Sehun တစ်ယောက် Jongin အား ကြည့်မရ
ငယ်ငယ်လေးကထဲက စာအုပ်နဲ့  အမြဲမြင်နေကြ ကိုကို ဟာ စာအုပ်ကြီးသမား မို့ ဒီလို ယောင်္ကျားလေးချင်းချင်း ပေးစားတာကို Sehun မငြင်းရပဲ ကိုကို က ငြင်းမယ်ထင်ထားပေမယ့်
ကိုကိုက မငြင်းပဲ လက်ခံလိုက်တယ်ဆိုတာသိရချိန် Sehun ပေါက်ကွဲလေပြီ

"ကိုကို "
ဆို စိတ်ကို အတင်း တင်းထားသမျှက ကိုကို အခန်းထဲအရောက် ကိုကို ရေချိုးခန်းထဲက ထွက်လာချိန် ဗလာကျင်းထားတဲ့ ကိုကိုအပေါ်ပိုင်း အလှကို တွေ့ချိန် ကြောင်အ သွားတာကို အခွင့်ကောင်းယူကာ Sehun နုတ်ခမ်းကို နမ်းလာတဲ့ ကိုကို ဝက်ဝံကြီး အနမ်းကြောင့် လွှင့်စင်သွားကာ
"ကလေးကို ချစ်တယ် "ဆိုတဲ့ စကားအောက် ရင်ခုန်သံတွေက အလူးအလဲရယ်
အဲဒီတုန်းက Sehun အသက်လေး 17နှစ်လေးပဲရှိသေးတာကြောင့် ကိုကိုပေးလာတဲ့  အနမ်းတွေထဲ အလူးအလိမ့်လိမ့်ရင်ခုန်သံတွေထိန်းမရနိုင်ခဲ့
အဲဒီလိုနဲ့ ကိုကို နဲ့ ချစ်သူတွေဖြစ်ခဲ့ကြတယ်
အရမ်းချစ်တတ်တဲ့ ကိုကို အချစ်တွေ အကြင်နာ အနမ်းတွေ ဂရုစိုက်ခံရ အလိုလိုက် အကြိုက်ဆောင်ပေးတတ်တဲ့ က်ုကို ကို Sehun အရမ်းချစ်မိသွားရကာ ကိုကို နဲ့ချစ်သူဘဝကို ပျော်ပျော်ကြီးဖြတ်သန်းကြရင်း
နောက်နှစ်မှာတော့ Sehun ကျောင်းပြီးတာနဲ့ လက်ထပ်ဖို့ တိုင်ပင်ထားကြရင်း

ကိုကို က အမြဲပြောတဲ့ စကားက Sehun က သူ့ဘဝရဲ့ လရောင်လေး တဲ့ သူ့ရင်ကို အရမ်းငြိမ်းချမ်းအေးမြစေတယ်တဲ့

အင်း ဟုတ်ပါပြီ ကိုကိုရေသိပ်ချစ်တယ် အစွဲကြီးစွဲလန်းရပါတယ် ကိုကိုကို
ယုံပါ ကိုကို

ချစ်တယ် ကလေးငယ်လေး ကိုကို လရောင်လေးရေ

အဲဒီ လရောင်လေးက ခုများတော့ ကိုကို ရင်ခွင်ထဲတိုးဝှေ့အိပ်မောကျနေလေရဲ့

ရင်ခွင်ထဲက သူ့ လရောင်လေး ကို ငေးကြည့်ရင်း ပြုံးလိုက်တယ် နဖူးလေးကို မြတ်မြတ်နိုးနိုးငုံနမ်းရင်း

"ချစ်တယ် ကလေးငယ်လေး ထာဝရအတွက်ပါ"

🐻🐣❤️

Happy Birthday kokoရေ
နောက်ကျသွားတာမို့ ရယ် တိုသွားတာမို့ sorryပါလို့

တိုတိုလေးရေးရတာက ဒီနေ့ညမှာ ဖတ်စရာတွေများနေသောကြောင့် တိုတိုလေးပဲရေးပေးလိုက်တယ်

အဟီး ပျင်းလို့ကို ဝန်မခံပဲ သူများလွဲချ xD

Happy birthday 🎁  KimZhangEXOL
မွေးနေ့လက်ဆောင် က နောက်ကျသွားတာ မို့ အားနာမိ

Words 1680

Continue Reading

You'll Also Like

3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
538K 12.3K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
791K 25.6K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
530K 47.8K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်