အမုန်းမျဉ်းပြိုင်နှစ်ကြောင်း၏...

Bởi Han_Me7012

612K 37.9K 5.4K

(Zawgyi) မျဉ်းပြိုင်နှစ်ကြောင်းဟာ ဘယ်တော့မှမဆုံနိုင်ဘူးလို့ သူများတွေပြောကြတယ် အမုန်းမျဉ်းပြိုင်နှစ်ကြောင်းက... Xem Thêm

Author's note
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Characters
Part 36
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Ending
❤ရင်ဖွင့်လွှာ❤
Extra❤
Happy AprilFool Day❤
အောက်မေ့သတိရခြင်း
Thingyan Special❤
Part 1(Unicode)
Part 2(Unicode)
Part 3(Unicode)
Part 4(Unicode)
Part 5(Unicode)
Part 6(Unicode)
Part 7(Unicode)
Part 8(Unicode)
Part 9(Unicode)
Part 10(Unicode)
Part 11(Unicode)
Part 12(Unicode)
Part 13(Unicode)
Part 14 (Unicode)
Part 15(Unicode)
Part 16(Unicode)
Part 17(Unicode)
Part 18(Unicode)
Part 19(Unicode)
Part 20(Unicode)
Part 21(Unicode)
Part 22(Unicode)
Part 23(Unicode)
Part 24(Unicode)
Part 25(Unicode)
Part 26(Unicode)
Part 27(Unicode)
Part 28(Unicode)
Part 29(Unicode)
Part 30(Unicode)
Part 31(Unicode)
Part 32(Unicode)
Part 33(Unicode)
Part 34(Unicode)
Part 35(Unicode)
Part 36(Unicode)
Part 37(Unicode)
Part 38(Unicode)
Part 39(Unicode)
Part 40(Unicode)
Part 41(Unicode)
Part 42(Unicode)
Part 43(Unicode)
Part 44(Unicode)
Part 45(Unicode)
Part 46(Unicode)
Part 47(Unicode)
Ending(Unicode)
❤ရင်ဖွင့်လွှာ❤(Unicode)
Extra❤(Unicode)
Valentine's Day Special(Unicode)
Happy Aprilfool Day(Unicode)
အောက်မေ့သတိရခြင်း
Thingyan Special(Unicode)
Announcement for Book

Part 37

4.9K 425 94
Bởi Han_Me7012

တိတ်ဆိတ်ငြိမ်သက်သော ဆိုင်လေးတစ်ဆိုင်၏ အတွင်းကျကျနေရာတွင် မိုးထက်ပိုင်ထူးနှင့်ပြာရောင်လဲ့တို့ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ပတ်ဝန်းကျင်တွင် လူတစ်ချို့၏စကားသံတို့အပြင် သီချင်းသံအချို့ကိုပါ
ခပ်တိုးတိုးကြားနေရသည်။

မိုးထက်သည် စားပွဲခုံပေါ်တွင်တင်ထားသော ပြာရောင်လဲ့၏လက်ရှည်ရှည်သွယ်သွယ်တို့ကို
ဆုပ်ကိုင်ထားသည်။

သူသည် မေးခွန်းတစ်ခုကို မေးသင့်၊မမေးသင့် စဉ်းစားနေခဲ့ရာမှ လေပူတို့ကိုမှုတ်ထုတ်ကာ အားတင်း၍

"တကယ်လို့....တကယ်လို့ပေါ့နော်.....
ကိုယ်သာတစ်ယောက်ယောက်ကို ချစ်နေမိတယ်ဆိုရင်
လဲ့ဘယ်လိုလုပ်မလဲ......"

ကျွန်တော်ဆုပ်ကိုင်ထားသော သူမရဲ့လက်တွေအေးစက်လာသည်ဟုပင် ထင်ရသည်။

လက်ချောင်းသွယ်လျလျတို့သည် အုပ်မိုးထားသော လက်တစ်စုံအောက်ကနေ ဖြည်းဖြည်းချင်း လျှောထွက်သွားသည်။

မျက်နှာကိုကြည့်မိတော့ လှပသောအပြာရောင် မျက်ဝန်းလေးများကိုပင် သေချာမမြင်ရ...။ စိတ်ခံစားချက်တွေ မပေါ်အောင် အောက်သို့ငုံ့ထားသည်ဟု ထင်ရသည်။

ပြာရောင်လဲ့သည် သူမ၏လက်ချောင်းလေးတွေကို အချင်းချင်းဆုပ်နယ်ပြီး ခဏလောက် စဉ်းစားနေသည်။
သူမမျက်နှာသည် အံ့သြခြင်းအလျဉ်းမရှိ...။ သို့သော် စိုးရိမ်ထိတ်လန့်နေခြင်းမျိုးတို့ ရှိနေသည်။

မမျှော်လင့်ထားသောမေးခွန်းကို ကြားရသည့်အခါ တစ်ချို့လူတွေက ဘာအတွက်ကြောင့် မေးသည်လဲဟု ပြန်၍ မေးခွန်းထုတ်ကြလိမ့်မည်။ သို့သော် ပြာရောင်လဲ့ကတော့
ပြန်မမေးသည့်အပြင် မေးခွန်းအတွက် အဖြေကို စဉ်းစားနေပုံရသည်။

မိုးထက်သည် ပြာရောင်လဲ့ကို စေ့စေ့ကြည့်နေမိသည်။ သူမဆီမှတုံ့ပြန်မှုတစ်စုံတစ်ရာကို စောင့်မျှော်နေခဲ့သည်။ ဒေါသထွက်မလား...၊ ဝမ်းနည်းပြီးငိုမလား...၊ ဒါမှမဟုတ်
ဘာစကားမှမပြောဘဲ ထွက်သွားလေမလား...အစရှိသဖြင့် ဖြစ်နိုင်ချေရှိတာတွေကို စဉ်းစားနေသည်။

ခဏကြာတော့ အပြုံးချိုချိုလေးကို အဖော်ပြုကာ ညင်သာကြည်လင်သောအသံဖြင့် သူမစကားဆိုလာသည်။

"ဒီမေးခွန်းကို ဘယ်လိုပြန်ဖြေရမလဲဆိုတာ....
လဲ့တကယ်မသိဘူး...ဘာဖြစ်လို့လဲဆိုတော့...
လဲ့ဘဝမှာ ယောက်ျားတစ်ယောက်တည်းကိုသာ ချစ်ပြီး
အဲ့ယောက်ျားကလည်း လဲ့တစ်ယောက်တည်းကိုပင်
ချစ်လိမ့်မယ်လို့ မျှော်လင့်ထားလို့ပဲ...."

အပြုံးချိုချိုတို့သည် အနည်းငယ်ညှိုးနွမ်းနေသလိုခံစားရပြီး
ညင်သာကြည်လင်သောအသံသည်လည်း ထိန်းချုပ်ထားရသကဲ့သို့ တုန်ရီနေသည်ဟု မိုးထက်ခံစားလိုက်ရသည်။ ပြာရောင်လဲ့၏စကားအဆုံးတွင် မိုးထက်မျက်နှာသည် အောက်သို့ငုံ့ကျသွားရသည်။

ပြာရောင်လဲ့သည် မိုးထက်ကို ပြုံး၍ကြည့်နေသည်။ သူမ၏အပြာရောင်မျက်ဝန်းအတွင်းတွင် မျက်ရည်များဝိုင်းနေသည်ဟုပင် ထင်ရသည်။

"ခေါင်းမော့ထားပါ....ကို....
လူတစ်ယောက်ကို မျက်နှာချင်းမဆိုင်ရဲတဲ့အချိန်က..
အပြစ်လုပ်ထားတဲ့အချိန်ပဲ ဖြစ်ရမယ်...
ကို...လဲ့အပေါ်မှာ အပြစ်မလုပ်ထားဘူးဆိုရင်
လဲ့မျက်နှာကို တည့်တည့်ကြည့်ပါ...."

မိုးထက်သည် မဝံမရဲဖြင့် မော့ကြည့်လိုက်သည်။ အမှန်တကယ်ပင် လဲ့အပေါ် အပြစ်လုပ်မိသလို ခံစားရ၍ မျက်နှာချင်းဆိုင်ရမှာတောင် ရှက်နေမိသည်။

ပြာရောင်လဲ့သည် မိုးထက်တစ်ယောက် သူမကိုကြည့်လာမှ ဆက်ပြောလိုက်သည်။

"ကိုမေးတဲ့မေးခွန်းက လဲ့အတွက် ဖြေရခက်တယ်...
ဒါပေမဲ့ အဖြေကိုသိချင်တယ်ဆို လဲ့ပြောပြမယ်...

လဲ့ကမြန်မာသွေးတစ်ဝက်ပဲပါတယ်ဆိုပေမဲ့ မြန်မာမိန်းကလေးဖြစ်ရတာကို အရမ်းဂုဏ်ယူတယ်...
မိန်းကလေးတွေက အားနွဲ့တယ်...ပျော့ညံ့တတ်တယ်ဆိုပေမဲ့...
သူတို့အသက်နဲ့လဲပြီး ကာကွယ်တာ နှစ်ခုရှိတယ်...
သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ သူတို့တန်ဖိုးထားတဲ့အချစ်ကိုပဲ....

လဲ့အတွက်က လူတစ်ယောက်ကိုချစ်ပြီဆို အဲ့လူတစ်ယောက်တည်း ကသာလျှင် လဲ့ရဲ့လက်တွဲဖော် ဖြစ်ရမယ်...အကယ်၍...
လက်တွဲဖော်လို့သတ်မှတ်ထားတဲ့လူကသာ လဲ့ထက် အခြားတစ်ယောက်ကို ပိုချစ်သွားတယ်ဆိုရင်...
အချစ်ထက် လဲ့ပိုင်ဆိုင်တဲ့ ကိုယ်ကျင့်သိက္ခာကို ရွေးချယ်မိမှာပဲ....

ဘာလို့လဲဆိုတော့ လဲ့ကိုယ်လဲ့အထိခိုက်ခံပြီး တစ်ခြားတစ်ယောက်နဲ့ယှဉ်ပြိုင်လုနေရမယ့်အစား...လဲ့ချစ်ရတဲ့လူကိုပဲ အဆုံးရှုံးခံလိုက်တော့မယ်...."

မိုးထက်သည် လဲ့ရဲ့မျက်နှာကို မျက်တောင်မလွှဲဘဲ ကြည့်နေမိသည်။ ပြာရောင်လဲ့သည် မိုးထက်အား ဆို့နင့်ဖွယ်ကောင်းသောအပြုံးဖြင့် ပြုံးပြလိုက်ကာ....

"ဟုတ်တယ်ကို.....လဲ့ကအဲ့လိုမိန်းကလေးမျိုးပဲ....."

သူတို့နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
ခေတ္တခဏမျှ ငြိမ်နေကြသည်။ နှစ်ယောက်လုံးသည် အတွေးကိုယ်စီဖြင့် စီးချင်းထိုးနေကြပုံရသည်။ နောက်တော့ မိုးထက်သည် သက်ပြင်းတဆုံးရှိုက်ချလိုက်ပြီး....
အချိန်အတော်ကြာ ဖြေရှင်းရခက်နေသော ပုစ္ဆာတစ်ပုဒ်အား
ချပြလိုက်သည်။

"ကိုယ်ဝန်ခံစရာရှိတယ်လဲ့.....
လဲ့အပေါ်မတရားဘူးဆိုတာသိပေမဲ့ ကိုယ့်နှလုံးသားက
တစ်ခြားတစ်ယောက်ဆီကိုလည်း ရောက်နေတယ်...
ကိုယ်မကောင်းဘူးနော်လဲ့....ကိုယ်ကတကယ် မကောင်းတဲ့ကောင်တစ်ယောက်ပါ....."

မိုးထက်စကားကိုကြားပြီးနောက် သူမနှလုံးသားသည် အပြင်သို့ဆွဲထုတ်ယူခံလိုက်ရသလို ခံစားသွားရသည်။
ဤစကားသည် တကယ်တမ်းကြားရသည့်အချိန်တွင် တွေးထားတာထက်ပင် အဆတစ်ရာပို၍ နာကျင်စေသည်။

"လဲ့...သိတယ်........."

"ဟင်........."

"လဲ့....သိတယ်လို့........"

မိုးထက်သည် နားကြားမှားသည်ထင်၍ ပြန်မေးလိုက်သော်လည်း
ဒီအဖြေတစ်ခုတည်းကိုသာ.ထပ်ကြားလိုက်ရသည့်အခါ မယုံနိုင်လောက်အောင် အံ့သြသွားခဲ့သည်။

"လဲ့......ဘယ်လိုလုပ်......"

"လဲ့ကမိန်းကလေးတစ်ယောက်ပါ...ကို....
မိန်းကလေးတစ်ယောက်မှာ မွေးကတည်းကပါလာတဲ့ အရည်အချင်းတစ်ခုရှိတယ်...အဲ့တာက...
ကိုယ်ချစ်တဲ့သူတွေနဲ့ပတ်သတ်ပြီး သူတို့ရဲ့ခံစားချက်တွေ အပြုအမူတွေဟာ ဘယ်လိုအရာမျိုးကို ဖော်ပြနေသလဲဆိုတာ
အလိုလိုသိနိုင်တဲ့ အရည်အချင်းပဲ.....

ကို့ထက်အရင် လဲ့ကကြိုသိနေတယ်လို့တောင်
ပြောလို့ရတယ်...ဒါပေမဲ့ လဲ့စောင့်နေခဲ့တာ...
ကိုအခုလို ဝန်ခံလာမယ့်နေ့ကိုပဲ....

လဲ့ချစ်ရတဲ့ကိုက လဲ့ကိုအချိန်အကြာကြီး
လိမ်နေမလားဆိုတာကို ရင်နာနာနဲ့စောင့်နေခဲ့တာ....
အခုလို ဝန်ခံတာကိုကြားရတော့ ကံကောင်းတာလား...
ကံဆိုးတာလားတောင် လဲ့မသိတော့ဘူး....."

မိုးထက်ပိုင်ထူးသည် လဲ့ရဲ့လက်ကိုဆုပ်ကိုင်လိုက်ကာ...

"ကိုယ်....ကိုယ်တကယ်တောင်းပန်ပါတယ်လဲ့...
ကိုယ်လည်း....ဘာလုပ်ရမှန်းမသိဘဲ ဝေခွဲရခက်နေခဲ့တာ...
လဲ့လိုမိန်းကလေးကို မနာကျင်စေချင်လို့ ပြောသင့်မပြောသင့် စဉ်းစားနေခဲ့ရတာ.ဒါပေမဲ့တစ်ဖက်မှာလည်း..လဲ့အပေါ် အပြစ်လုပ်မိသလို ခံစားနေရတဲ့စိတ်က ကိုယ့်ကို တွန်းအားပေးနေပြန်တယ်...

တကယ်တော့ မဖြစ်သင့်ပါဘူး...
ကိုယ်လဲ့တစ်ယောက်တည်းကိုပဲ ချစ်ခဲ့ရမှာ...
ဒါပေမဲ့....."

"ဒါပေမဲ့......နှလုံးသားဆန္ဒကို ကိုလည်း
မလွန်ဆန်နိုင်ဘူးမှတ်လား......"

ပြာရောင်လဲ့သည် စကားဖြတ်၍ ပြောလိုက်သောအခါ မိုးထက်ပိုင်ထူးတစ်ယောက် ခေါင်းကိုလေးလေးပင်ပင် ညိတ်ပြသည်။

သူမသည် မိုးထက်ပိုင်ထူးကိုကြည့်ပြီး သက်ပြင်းဘယ်နှစ်ခါ ချမိမှန်းပင်မသိတော့....။ နာကျင်ရလွန်းလို့ မျက်ရည်တောင်မှ ထွက်ဖို့ မေ့နေခဲ့သည်။

မိုးထက်ပိုင်ထူးဆီမှ တောင်းပန်ပါတယ်ဆိုသောစကားသံကို
ထပ်ခါတလဲလဲကြားရသည့်အခါ သူမနာကျင်မိပြန်သည်။ တကယ်ဆို မုန်းတီးသင့်သည်၊ ဒေါသထွက်သင့်သည်ဆိုသော်လည်း
သူမရင်ထဲတွင် ဝမ်းနည်းစိတ်တွေကသာ တိုး၍ နေရာယူနေသည်။

"လဲ့ကိုမတောင်းပန်ပါနဲ့.....
ကိုကလဲ့ကိုလိမ်ညာခဲ့တာမှမဟုတ်ဘဲ အမှန်အတိုင်းပြောပြတယ်လေ...

ခံစားချက်ကိုထိန်းချုပ်လို့မရတာ လဲ့သိပါတယ်....
ကို့ကိုကျေးဇူးတင်တယ်...လဲ့ကိုအချိန်ကြာကြာ
စိတ်ထဲတနုံ့နုံ့ဖြစ်ပြီး မခံစားစေရတဲ့အတွက်...

လဲ့ထက်ပိုချစ်ရတဲ့ လူကဘယ်သူလဲဆိုတာ
သိချင်မိသား...ဒီလောက် ကံကောင်းတဲ့လူသားကို
တစ်ခါလောက်တော့ တွေ့ဖူးချင်သေးတယ်...."

"တကယ်တော့ လဲ့တွေ့ဖူးပါတယ်....."

ပြာရောင်လဲ့သည် မျက်လုံးတို့ဝိုင်းစက်သွားရသည်။ ထို့နောက်
တစ်ခါတုန်းက သူမသူငယ်ချင်းပြောခဲ့ဖူးသော စကားတို့အား ပြန်ကြားယောင်လာသည်။

"နင်အဲ့လောက်မရိုးသင့်ဘူးပြာရောင်....
နင်သာမသိတာ...အကုန်လုံးကပြောနေကြတယ်...
သူတို့နှစ်ယောက်ဆက်ဆံရေးက သူငယ်ချင်းထက်ပိုနေတယ်တဲ့...
နင်ကြည့်လေ....ထူးသစ်စနဲ့ပြတ်ခဲ့တဲ့ ကောင်မလေးတွေအားလုံးက အချောအလှတွေချည်း....
ဘာပြဿနာမှမရှိဘဲ ထူးသစ်စကဖြတ်ခဲ့တာ.....
အဲ့တာကလည်း မိုးထက်ကြောင့်......"

သူမသည် ထိုစကားသံအား စိတ်ထဲမှပင် ရှုတ်ချမိသည်။
သို့သော် သူမစဉ်းစားမိသည်က ထူးသစ်စသာရှိတော့သည်။
မိုးထက်အနားတွင် သူမကလွဲ၍ တစ်ခြားမိန်းကလေးတွေကို မတွေ့ခဲ့ဖူးသောကြောင့် ဤသို့သောအတွေးက ဝင်လာတာဖြစ်သည်။

"တကယ်တော့.....သူက ယောက်ျားလေးတစ်ယောက်ပါ...လဲ့..."

မိုးထက်က ဆက်ပြောလိုက်သောအခါတွင် လဲ့သည် ရှုတ်ချခဲ့သောထင်မြင်ချက်အား ပြန်၍ဆုပ်ကိုင်ထားရမလိုပင်...။

တကယ်ပဲ....အနီးအနားကလူဖြစ်နေခဲ့တာလား......

ပြာရောင်လဲ့သည် မိုးထက်ရဲ့စကားကို စိတ်လှုပ်ရှားစွာဖြင့် စောင့်နေမိသည်။

"လဲ့ဟိုတစ်ခေါက် အိမ်လာတုန်းက
လှေကားထစ်မှာထိုင်နေတဲ့ ကောင်လေးပါ...
မှတ်မိမလားတော့မသိဘူး...ကိုယ်ချစ်နေတယ်ဆိုတာ
သူ့ကိုပါလဲ့...ယောက်ျားလေးတစ်ယောက်ကို
ချစ်နေတယ်လို့ပြောတော့ လဲ့အံ့သြသွားမှာပေါ့...

ကိုယ်ကဂေးဖြစ်ရက်နဲ့ လဲ့ကိုတွဲခဲ့တယ်ဆိုပြီး
ဒေါသထွက်ရင်လည်း ကိုယ်ခံပါ့မယ်...
ဒါပေမဲ့ လဲ့ကိုစချစ်ခဲ့တုန်းက ကိုယ်ယောက်ျားစစ်စစ်ပါလဲ့...
အဲ့တာတော့ယုံပေးပါ....

ကိုယ်လဲ့ကို အရူးလုပ်ခဲ့တာလည်း မဟုတ်သလို...
လုပ်လည်းမလုပ်ရက်ခဲ့ပါဘူး....လဲ့ကို အရမ်းတန်ဖိုးထားခဲ့တယ်ဆိုတာတော့
ယုံပါနော်....."

ပြာရောင်လဲ့သည် မှတ်ဥာဏ်တွေအား ပြန်အစဖော်မိသည်။
သူမသေချာမှတ်မိနေသည်။

မိုးထက်ဘက်ကစ၍ သူမလက်ကိုဖြုတ်ခဲ့သည့်နေ့ကို....
အဓိပ္ပါယ်ဖော်ရခက်သော မျက်ဝန်းများဖြင့် ဖြူဖြူသေးသေးကောင်လေးကို ငေးကြည့်နေခဲ့သောနေ့ကို သူမ ဦးနှောက်ထဲတွင် စွဲစွဲမြဲမြဲကို မှတ်မိနေခဲ့သည်။

မိုးထက်သည် သူမအပေါ်ပြောင်းလဲနေသည်ဟု စတက်ခံစားရသောနေ့သည်ကလည်း ထို့နေ့မှာပင်...။ သို့သော် သတိမပြုမိခဲ့.....။

ဘယ်ထင်လိမ့်မလဲ.....သူမချစ်ရသောယောက်ျားက...
ယောက်ျားလေးတစ်ယောက်ကို သူမထက်ပို၍ ချစ်နေတယ်ဆိုတာ.....

လဲ့သည် မိုးထက်အား တွေတွေလေးငေးကြည့်မိသည်။
သူမချစ်ရသောယောက်ျားသည် သူမရှေ့တွင် အမြဲတမ်း ခေါင်းမော့နေနိုင်ခဲ့သော်လည်း ယခုတွင်တော့ အပြစ်တင်စိတ်များနှင့် မျက်နှာပင် မဖော်နိုင်တော့....။

သူမသည် ဖြစ်သမျှအရာရာကို ခွင့်လွှတ်ပေးနေခဲ့သည်မှာ
မိုးထက်၏အားလျော့နေသောပုံစံကို ကြည့်ရဖို့မဟုတ်...
မိုးထက်ပျော်နေတာကိုသာ မြင်ချင်၍ဖြစ်သည်။

"ကျေးဇူးတင်ပါတယ်ကို....
ကိုချစ်နေတဲ့သူက ယောက်ျားတစ်ယောက် ဖြစ်နေခဲ့လို့...
လဲ့တကယ်ကျေးဇူးတင်တယ်...

အနည်းဆုံးတော့.....
လဲ့စိတ်ထဲမှာ ကို့အချစ်တွေရခဲ့တဲ့ မိန်းမဟာ...
လဲ့တစ်ယောက်တည်းရှိခဲ့ပါလားဆိုတာ တွေးမိတိုင်း...
ကို့ကိုမပိုင်ဆိုင်ရတဲ့အပေါ် လဲ့နောင်တမရတော့ဘူး....

ပျော်ပျော်နေပါကို.....
တစ်ခါပဲရတဲ့လူ့ဘဝမှာ ကိုယ့်ခံစားချက်တွေကို
လူတိုင်းဖော်ထုတ်ခွင့်ရှိပါတယ်....ဒါကိုလဲ့အပြစ်မဆိုပါဘူး...

ပြောစရာတစ်ခုပဲရှိတယ်.....
ကိုယ့်ကိုစွန့်လွှတ်ပေးလိုက်ရတဲ့အတွက် လဲ့အရမ်းနာကျင်ရတယ်ဆိုတာပဲ...
အဲ့တာလေးတော့ သိစေချင်တယ်....

ကိုယ့်ကိုစွန့်လွှတ်ခဲ့ရတာ....
လဲ့အတွက် တကယ်မလွယ်ဘူးဆိုတာ..သိစေချင်တာပါ...

နောက်ပြီးတော့ ကျေနပ်မိသေးတယ်....
လဲ့ကအစွန့်ပစ်ခံရတဲ့မိန်းမ မဖြစ်ခဲ့တာကိုပေါ့...
လဲ့ရဲ့ဂုဏ်သိက္ခာကို လဲ့ကာကွယ်နိုင်ခဲ့တယ်...
ကိုနဲ့ပတ်သတ်ပြီး အရှုံးပေးတာမဟုတ်ဘူးဆိုတာတော့
သိစေချင်တယ်...

လဲ့ရဲ့သိက္ခာအတွက်၊ လဲ့ချစ်တဲ့သူရဲ့
ပျော်ရွှင်မှုအတွက် လဲ့ကိုယ်တိုင်က လိုလိုလားလားနဲ့
ထားခဲ့တာပါ....

နောက်ဆုံးအနေနဲ့ ပြောချင်တာက....
ကိုယ့်ကိုယ့်ကိုယ် အပြစ်မတင်ပါနဲ့....
အမှားလုပ်တာ ကိုမဟုတ်ဘူး....
မမြင်ရတဲ့နှလုံးသား ခံစားချက်တွေပါ....
အဲ့တာကြောင့် လဲ့စွန့်လွှတ်ခဲ့တာနဲ့တန်အောင်
ကိုကပျော်ပျော်နေပေးပါ......"

မိုးထက်ပိုင်ထူးသည် ပြာရောင်လဲ့၏လက်ကို နောက်ဆုံးအနေဖြင့်ခပ်ဖွဖွ ဆုပ်ကိုင်ထားလိုက်သည်။
တစ်ယောက်နှင့်တစ်ယောက် စိတ်ထဲကစကားသံကိုယ်စီနှင့်
ငေးကြည့်နေကြချိန်တွင် သီချင်းသံတိုးတိုးသည် ဆိုင်အတွင်းသို့ ငြိမ့်ငြိမ့်ညောင်းညောင်း ဖြတ်သန်းစီးဆင်းလာသည်။

🎼လမ်းခွဲရတော့မယ်....တို့နှစ်ယောက်ကိုယ်စီသိထားတဲ့....အချစ်တွေ ဆုံးရှုံးတော့မယ့်အချိန်လေး.....

ဘယ်သူပြောနိုင်မှာလဲ....တို့ရဲ့အတိတ်ဟာပြီးဆုံးပြီ...
ငါသိပ်ချစ်ခဲ့တာမင်းအသိဆုံး...မင်းအချစ်တွေငါနားလည်...

တို့နှစ်ယောက်ရဲ့ကမ္ဘာ အများဆုံး တူညီနိုင်ခဲ့တယ်....
အချစ်ရေ...မင်းအနမ်းတို့မေ့မရဘူး....

ဘယ်သူပြောနိုင်မှာလဲ...တို့အိပ်မက်တွေအေးခဲ့ပြီ....
ငါချစ်ခဲ့ဖူးတာမမေ့ပါနဲ့...တော်ရာမှာနေခဲ့ဦး.....

ပေးဆပ်ခဲ့အကောင်းဆုံးပေါ့...ငါ့မေတ္တာမင်းမြင်နိုင်မလား...
အချစ်များကိုရင်မှာသိုဝှက်ထား...ကိုယ်စီဆုတောင်းများ...
မေ့လိုက်ပါ....

အချိန်တန်တော့ ပြောင်းလဲမယ်....
ဘဝသစ်မှာ မင်းအဆင်ပြေမလား....
အချစ်များကို အချိန်ဟာအနိုင်ယူထား...
ကြာရင်ငါနဲ့မင်း....အိုမေ့မှာပါ......

ပြာရောင်လဲ့သည် သီချင်းသံကိုနားထဲကြားလာမိသည့်အခါ သူမရင်ထဲတင်းကြပ်လာခဲ့သည်။ သူမသည် မိုးထက်အား အတတ်နိုင်ဆုံး ပြုံးပြနှုတ်ဆက်ခဲ့ကာ......ဆိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။

ဆိုင်အပြင်သို့ရောက်သည်နှင့် ထိန်းချုပ်ထားခဲ့သော စိတ်တို့သည် ပွင်အံကျလာကာ မျက်ရည်စက်တို့က တရဟောစီးကျလာခဲ့သည်။သူမသည် အားတင်း၍ ကားထဲသို့ရောက်အောင် သွားလိုက်သည်။

ပတ်ဝန်းကျင်တွင် သူမတစ်ယောက်တည်းသာ ရှိနေသည်ဟု ခံစားသိရှိရတော့မှ စတီယာရင်ပေါ် မျက်နှာအပ်၍ ချုံးပွဲချကာ အော်ငိုခဲ့သည်။

သူမသည်လည်း သာမန်မိန်းကလေးတစ်ယောက်ပါပင်.....။

ခံစားတတ်သောနှလုံးသားရှိသည်။ ဒေါသထွက်တတ်သောစိတ်ရှိသည်။
ချစ်တဲ့သူကို ပိုင်ဆိုင်ချင်သည်။.သို့သော် ပြာရောင်လဲ့ဆိုသောသူမသည် သာမန်မိန်းကလေးထဲမှ မိန်းကလေးတစ်ယောက် မဖြစ်ချင်ပါ....။

အခြားသူများရှေ့တွင် ဖြစ်လာသမျှကို ကြံ့ကြံ့ခံနိုင်သောစိတ်ရှိရမည်။
ပျော့ညံ့သည်ဆိုရင်တောင် ဟန်ဆောင်ကောင်းသူတစ်ယောက်တော့
ဖြစ်ရမည်။

ချစ်ရသူကို စွန့်လွှတ်ရခြင်းသည် အလွန်တရာမှ နာကျင်ရသောခံစားချက်တို့ကို ဖြစ်ပေါ်စေသည်။ အချစ်တွေအားလုံးအား တစ်ယောက်တည်းကိုသာ ပုံအပ်ခဲ့သောသူမအဖို့တော့ ရူးမတက်ခံစားရသည်။

သူမ၏စွန့်လွှတ်ပေးမှုအတွက် မိုးထက်စိတ်ထဲတွင် သူမနှင့်ပတ်သတ်၍ အချိန်ကြာကြာ ပြောစမှတ်ပြုပြီး သတိရနေခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။ထို့ကြောင့် အတင်းဖက်တွယ်ထားပြီး စိတ်ရှုပ်စေရမှာထက် နာကျင်ရသောနည်းလမ်းကိုသာ သူမရွေးချယ်တော့မည်။

သူမအတွက်တော့ ချစ်ခြင်းကိုဖော်ပြသောနည်းလမ်းသည်
ကိုယ့်နှလုံးသားကို ကိုယ်တိုင်စွန့်ပစ်ခဲ့ခြင်းပင်ဖြစ်သည်။

မျက်ရည် ရစ်ဝိုင်းနေသော မြင်ကွင်းထဲတွင်
မိုးထက်နှင့်စတွေ့ခဲ့သောပုံရိပ်သည် တရိပ်ရိပ်နှင့်ပေါ်လာခဲ့သည်။

ရန်ကုန်မြို့၏ရှုပ်ထွေးနေသော လမ်းမထက်တွင်
ကားတိုက်ခံရတော့မည့်သူမကို မိုးထက်သည် ကယ်တင်ခဲ့ဖူးသည်။

သူမတို့တွေ့ဆုံပုံသည် ရုပ်ရှင်ဆန်သော်လည်း အဲ့ဒီ့အချိန်ကတည်းက သူမအတွက်တော့ မိုးထက်ပိုင်ထူးဆိုသော လူသားတစ်ယောက်သည် အားကိုးချင်စရာကောင်းသော ပုံပြင်ထဲက မင်းသားလေး ဖြစ်ခဲ့သည်။

သူမသည် ပုံပြင်တွေကိုနှစ်သက်သည်။ အထူးသဖြင့် ပုံပြင်တွေရဲ့ပျော်စရာကောင်းသော အဆုံးသတ်ကိုပို၍ သဘောကျသည်။ အပြင်လောကတွင် လက်တွေ့ဆန်ခြင်းကိုသာ လက်ကိုင်ထားသောသူမသည် မမြင်ရသောတစ်ဖက်ခြမ်းတွင် ဤကဲ့သို့သော ကလေးဆန်မှုမျိုးလည်း ရှိနေခဲ့သည်။

တကယ့်လူ့ဘဝသည် သူမ ထင်ထားသောပုံပြင်တွေလို မလှပဘဲ သူမဟန်ဆောင်ရယူထားသော လက်တွေ့ဆန်ခြင်းတွေသာ ရှိနေသည်။

သူမမျှော်လင့်ထားသလို ပုံပြင်ထဲကမင်းသားလေးနှင့် အသက်ထက်ဆုံး ပျော်ပျော်ရွှင်ရွှင်နေသွားရဖို့သည် စိတ်ကူးယဉ်အိပ်မက်တစ်ခုလိုသာဖြစ်နေသည်။

အတွေးတွေ မှားယွင်းခဲ့သည်။
ထင်မြင်ချက်တွေ တစ်မျိုးပြောင်းခဲ့သည်။

တကယ်တော့ ပုံပြင်သည် လက်တွေ့ကျအမှန်မဖြစ်နိုင်သလို...
မှန်သည်ဟုလည်း စိတ်ကူးယဉ်၍မရသော အရာတစ်ခုပါပင်....

စွန့်လွှတ်ခဲ့ရသော အချစ်တစ်ခုသည်
ရင်နာစရာကောင်းသည်ဟု ထင်ရသော်ငြား...
နောင်တတော့မရမိပါ.....

အဘယ့်ကြောင့်ဆိုသော် သူမသည်......
ချစ်ရသူအပေါ် အကောင်းဆုံး...
ချစ်ပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်......

ကျွန်မက တိမ်လေးပါ....
ရှင်မနှင်ခင် လွင့်မယ့်တိမ်လေး....
ကိုယ်တိုင်လွင့်မြောခဲ့ရတယ်ဆိုတဲ့အသိက
အနည်းဆုံးတော့ ကျွန်မကိုယ်ကျွန်မ ကျေနပ်စေနိုင်ခဲ့ပါတယ်....

ပြာရောင်လဲ့.......

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

AN/

လဲ့အစားရင်တွေနာလိုက်တာ.....
ပြတ်စဲတော့မယ့် relationship တစ်ခုအတွက် အပိုင်းတစ်ခုစာလောက်တော့ ပေးခဲ့သင့်တယ် မဟုတ်လား...
ကိုယ့်ရဲ့လဲ့လေးအတွက် တစ်ခြားဇာတ်ကောင်တွေမပါတဲ့ အပိုင်းလေးကို ဖန်တီးပေးချင်လို့ပါ...ခွင့်ပြုမယ်ဟုတ်...

အကယ်၍ လဲ့လိုမိန်းကလေးမျိုးကိုသာ ချစ်သူအဖြစ်ရခဲ့ရင်
လုံးဝလက်မလွှတ်ပါနဲ့လို့ အကြံပေးချင်...နူးညံ့ပြီး
အချစ်ကြီးသလို ရိုးရှင်းတယ်ထင်ရပေမဲ့ တကယ်တော့ သူတို့အတွေးကို လွယ်လွယ်မသိနိုင်ပြန်ဘူး....

သိပ်ချစ်တယ်ဆိုတာ လက်မလွှတ်တမ်း ဆုပ်ကိုင်ထားမှ မဟုတ်ဘူးဆိုတာ လဲ့နဲ့ပုံဖော်ချင်တာပါ...သူမကြောင့်.
ကိုယ်လည်း တကယ်နာကျင်ရပါတယ်💔

Ps.သီချင်းနာမည်က မေ့မှာပါတဲ့ ဝိုင်ဝိုင်းဆိုထားတာ
.....ဘယ်လိုဖြစ်တယ်မသိ mediaမှာ သီချင်းထည့်ပေးဖို့ ရှာတာလုံးဝမတွေ့....

Love you all❤
Han_Me
(27.12.2018)








Đọc tiếp

Bạn Cũng Sẽ Thích

877K 98.5K 76
ကိုယ်က ဇာတ်ကြောင်းပြောပုံစံလေးတွေဆို တအားကြိုက်တာမို့... ဇာတ်ကြောင်းပြောပုံစံမျိုးပဲရေးမှာပါနော်။ ကိုယ့်အကြောင်းကို ကိုယ်ဘာသာပြောပြနေသလိုမျိုးပါ ကိုယ...
1.9M 123K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
11.2K 460 26
Hello everyone,🍁 ဒီ fictionလေးကအေးအေးငြိမ့်ငြိမ့်လေးနဲ့ ရေးသွားဖို့ရှိပါတယ်... မုန်တိုင်းနည်းပါမယ်... ကျေးလက်ရဲ့သဘာ၀အငွေ့သက်တွေပါမယ်... သာမန်မဟုတ်တဲ...
117K 8.4K 37
"အမြဲပြုံးနေရမယ်၊ ဟုတ်တယ်၊ အမြဲပြုံးနေမှ လူချစ်လူခင် ပေါမှာ" အက်ဒရစ် "တစ်ခုပဲပြောချင်တယ...