ဉာဏ်များလွန်းသော ခင်ပွန်းသည်
By Shi_Sheng
482K 53.3K 1.2K
ဖေ့ကျင်းသည်​ ဝမ်းတွင်းမည်းမင်းသားတစ်​ပါး...အပြင်​လူ​တွေအမြင်​မှာတော့ သူက တည်​ငြိမ်​​အေး​ဆေးပြီး ကြင်​နာ... More
အခနျး (၁)
အခန်း (၂)/က
အခန်း (၂)/ ခ
အခန်း (၃)/ က
အခန်း (၃)/ ခ
အခန်း (၄)
အခန်း (၅)/ က
အခန်း (၅)/ ခ
အခန်း (၇)
အခန်း (၈)
Chapter (9)Part(A)
အခန်း (၉)/ (ခ)
အခန္း (၁၀)
အခန်း (၁၁)
အခန်း (၁၂)/(က)
အခန်း (၁၂)/ခ
အခန်း (၁၃)/က
အခန်း (၁၃)/ခ
အခန်း (၁၄)
အခန်း (၁၅)/က
အခန်း (၁၅)/ခ
အခန်း (၁၅)/ဂ
အခန်း (၁၆)/က
အခနျး (၁၆ ) / ခ
အခန်း (၁၇)/က
အခန်း (၁၇)/ခ
အခန်း (၁၈) / (က)
အခန်း (၁၈)/ခ
အခန်း (၁၉)
အခန်း (၂၀) / (က)
အခန်း (၂၀)/ ခ
အခန်း (၂၁)
အခန်း (၂၂)/ (က)
အခန်း (၂၂)/ (ခ)
အခန်း (၂၃)/(က)
အခန်း (၂၃)/ (ခ)
အခန်း (၂၄)
အခန်း (၂၅)/(က)
အခန်း (၂၅)/(ခ)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)/(က)
အခန်း (၃၆)/(ခ)
အခန်း (၃၇)
အခန်း (၃၈)/(က)
အခန်း (၃၈)/(ခ)
အခန်း (၃၉)/ က
အခန်း (၃၉)/(ခ)
အခန်း (၄၀)/(က)
အခန်း (၄၀)/ ခ
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)/ က
အခန်း (၅၄)/ ခ
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း
အခန်း (၆)
10.7K 1.1K 67
By Shi_Sheng
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၆)
TRANSLATOR - SS
--------------------
ရန်ရှီးနဉ်သည် ကုတင်ပေါ်ထိုင်နေရင်း မိမိ၏ ခြေနှစ်ဖက်ကို ဆုပ်ကိုင် ပိုက်ထားမိလေသည်။ 
ဖေ့ကျင်းကပြုံးလိုက်ပြီး နှုတ်ခမ်းကိုလျှာဖြင့် သပ်ပြ၏။
"အစ်ကိုကြီး ဘာလုပ်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ်ရောသိရဲ့လား" ရန်ရှီးနဉ် မေးလိုက်တော့သည်။
"စိတ်အေးအေးထား"ဟု ဖေ့ကျင်း ပြောလိုက်ရင်း သူ့လက်ကို ဆက်လက်လှုပ်ရှားနေလေသည်။
ရန်ရှီးနဉ်လည်း သာယာမှုနှင့် နာကျင်မှုကြောင့်အသံတိတ်မျက်ရည်ကျနေမိ၏။ ဒီလူရမ်းကား ခြေထောက်နှိပ်ခြင်းကို စတင် လေ့လာနေသည့်အကြောင်း မည်သူမျှ သူမကို ဘာကြောင့်မပြောကြသလဲ။ သူမ ခြေထောက်ကလေးကိုပါ စတေးခံဖို့ထိ လိုသလား။
နောက်ဆုံးတော့ ဖေ့ကျင်းတစ်ယောက် သူမ၏ ခြေထောက်လေးကို ဆက်မနှိပ်စက်တော့ဘဲ လွှတ်ပေးလိုက်ပြီး သူမအိပ်ရာပေါ်မှာ လှဲအိပ်လိုက်တော့သည်။ သူမ ခြေထောက်ကို သူ ထပ်နှိပ်ခွင့် ပေးလိုက်ခြင်းနှင့်စာလျှင် သေသွားသည်ကမှကောင်းပေလိမ့်။ သူ့အနှိပ်ပညာက သေလောက်အောင်ညံ့ဖျင်းနေသည်။
ဖေ့ကျင်းကတော့ ရယ်၏။ မင်္ဂလာဆောင်လာဧည့်သည်များ အိပ်ခန်းနှင့် ဝေးရာရောက်သွားသည်ကို ကြားပြီးမှ သူ ရန်ရှီးနဉ်၏ ခြေထောက်အား နှိပ်နယ်ခြင်းကို ရပ်လိုက်လေသည်။
"ချစ်ဇနီး၊ မင်း ခုလိုအိပ်ရာထဲ လှဲအိပ်နေပြီဆိုတော့ စိတ်မရှည်တော့တာမျာလား"ဟု ဖေ့ကျင်းကစလိုက်သည်။ "ခဏလေးပဲစောင့်၊ မင်းရဲ့ခင်ပွန်းလင်က မင်းကို ကျေနပ်စေမှာပါ"
ဖေ့ကျင်းပြုံးသွားပြီး ကုတင်ပေါ်က ထထွက်သွားသည်။
ရန်ရှီးနဉ်လည်း ထိုကလိမ်ကကျစ်ကောင်၏ နောက်ကျောပြင်ကို စိုက်ကြည့်ရင်း စိတ်ထဲမှကျိန်ဆဲနေမိ၏။
ဖေ့ကျင်း မျက်နှာသစ်ခြင်း၊ ဆံပင်များ ဖီးသင်ခြင်းအလုပ်များကို မြန်မြန်သွက်သွက်လုပ်ပြီး အိပ်ရာကို ပြန်လာလေသောအခါတွင်မူ အိပ်ရာထောင့်ကပ်၍ စောင်ကိုဖက်ပြီး ထိုင်နေလေသည့် ရန်ရှီးနဉ်ကို တွေ့လေသည်။
"ရှင်မ... တကယ်ကြီး ဒီလိုဘဲအိပ်တော့မှာလား ဟင်" ဖေ့ကျင်း မေးလိုက်သည်။
ဖေ့ကျင်းသည် အပေါ်ပိုင်းကို ဗလာကျင်းထားပြီး အတွင်းဝတ်ဘောင်းဘီသာ ဝတ်ဆင်ထားလေသည်။ သူ့သွားဖြူဖြူလေးများပေါ်သည့်တိုင်အောင် ပြုံးဖြီးဖြီးလုပ်နေသေး။ ဤသည်ကို မြင်နေရသည့် ရန်ရှီးနဉ်အဖို့ သူ၏ ခံ့ညားမှုကိုဖော်ပြညွှန်းစရာ စကားမရှိသကဲ့သို့ ခံစားရမိစေသည်။ သို့သော် သူမကတော့ မိမိ၏ မင်္ဂလာဝတ်စုံကိုသာ မချွတ်တမ်းဝတ်ထားပြီး မျက်နှာထားတင်းတင်းနှင့် သူ့ကိုကြည့်နေလိုက်သည်။
ဖေ့ကျင်းက အိပ်ရာပေါ်လှဲအိပ်လိုက်ပြီး တင်းမာခက်ထန်နေသော မျက်နှာထားရှင် ရန်ရှီးနဉ်ဘက်လှည့်လိုက်လေသည်။ "ချစ်ဇနီး၊ မင်းက အနေအထိုင်ယဉ်ကျေးသိမ်မွေ့သူလေးလို့ လူသိများတာမဟုတ်လား၊ အဲ့ဒါဆို ဇနီးမယားတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမယ်ဆိုတာ သိမှာပေါ့နော်။ ဒီနားလာခဲ့ပါကွာ၊ မင်းရဲ့ခင်ပွန်းက မင်းရဲ့အပြုအစုအယုအယကိုခံချင်နေပြီ"
ရန်ရှီးနဉ်မျက်လုံးများက လူသတ်ချင်သည့်အရိပ်အယောင်များ လျှံထလာသည်။ ဒီလူရမ်းကားမှာ သူမ သေချင်စိတ်ပေါက်လာသည်အထိ ကြီးစွာသောဆင်းရဲဒုက္ခကို မပေးဘဲနှင့်တော့ ဒီညကို အေးအေးဆေးဆေးဖြတ်သန်းခွင့်မပြုမည်ကို သူမ ကြိုတင်မှန်းဆမိနေ၏။
ဖေ့ကျင်းလည်း ရန်ရှီးနဉ်၏ ဒေါသမီးတောက်နေသောမျက်ဝန်းများကို တွေ့လိုက်ရသောအခါ အပြုံးများ ပို၍တောက်ပသွားတော့လေသည်။ သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့၏။ "ဒီကိုလာစမ်းပါ၊ သာယာလှပတဲ့ နွေဦးညလေးကိုအချိန်မဖြုန်းဘဲနေကြရအောင်လေ"
ဖေ့ကျင်းသည် ရန်ရှီးနဉ်၏ ခါးကိုတင်းကြပ်စွာဖက်ထားသောကြောင့် သူမ၏ အသက်ရှူသံပြင်းပြင်းကိုပင် အတိုင်းသားကြားနေရ၏။
ရန်ရှီးနဉ်တစ်ယောက် ကြက်သေသေသွားလေသည်။ ခဏမျှကြာသော် သူမ အသိပြန်ဝင်လာပြီး ဖေ့ကျင်းရင်ဘတ်ကို ဆောင့်တွန်းထုတ်လိုက်တော့သည်။ သို့သော် သူမ ဖေ့ကျင်း၏ ဗလာကျင်းထားသော ရင်ဘတ်ကြီးကို ထိလိုက်မိသည်နှင့် ပူရှိန်းရှိန်းခံစားချက်ကို သူမလက်ကတဆင့်ခံစားလိုက်ရသောကြောင့် ချက်ချင်းပြန်ရုတ်လိုက်ရလေသည်။
ဖေ့ကျင်း ရန်ရှီးနဉ်၏ ခါးကိုလှမ်းဆွဲထားလိုက်သည်။ "မင်း ကိုယ့်ကိုထိချင်ရင်ထိလေ။ အကြိမ်တစ်ထောင်ပဲထိထိ မင်းယဉ်ကျေးမှုကို စောင့်ထိန်းနေစရာမလိုပါဘူး"
ဖေ့ကျင်း၏ လူယုတ်မာအပြုံးကြီးနှင့် အခြားဆန့်ကျင်ဘက်မှာတော့ ရန်ရှီးနဉ်တစ်ယောက် အံ့ကြိတ်နေရလေ၏။ သူမခေါင်းငုံ့လိုက်ပြီး သူ့လက်ကိုသာ ကုန်းကိုက်ပစ်လိုက်ချင်လာသည်။
ဖေ့ကျင်းလည်း ရန်ရှီးနဉ်၏ လှုပ်ရှားမှုကို ခန့်မှန်းမိကာ ကြိုတင်ပြင်ဆင်ထားသည်။ သူမ၏ လက်ကောက်ဝတ်များကို သူမခေါင်းပေါ်ကို ဆွဲမြောက်ကာ ချုပ်ထားလိုက်ပြီး ကိုယ်ကို တွန်းလှဲချလိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်နှင့် သူမအပေါ်မှ အုပ်မိုးကာ ဖိထားလိုက်လေသည်။ "မင်း ကိုယ့်ကို ထပ်ကိုက်ချင်သေးတာလား"
ရန်ရှီးနဉ် လက်တို့ကို လှုပ်မရတော့။ သူမခြေထောက်များလည်း သူ့ခြေတံများကြားမှာ ညပ်မိနေပြီး သူမ ဝမ်းဗိုက်ပေါ်၌ လေးလံမှုကြီးကိုလည်း ခံစားနေရသေးသည်။ ဖေ့ကျင်း ကိုယ်အောက်မှာ သူမ အကူအကယ် အင်အားမဲ့ ဖြစ်နေရင်းက သူမကိုယ် သူမ အကောင်လိုက်အမြိုချခံရတော့မည်ဟု အာရုံရနေမိသည်။
"မင်းက အစ်ကိုလုပ်သမျှ ငြိမ်ခံတာထက် သေပစ်ချင်စိတ်ဖြစ်နေတယ်လို့ ကိုယ် ဘာလို့ခံစားနေရတာပါလိမ့်" ဖေ့ကျင်းကမေးသည်။ "ဘာလဲ မင်းကိုယ်နဲ့ ဒါကိုတူတူမလုပ်ချင်ဖူးလား... တကယ်လို့မင်းတကယ်မလုပ်ချင်ရင်လဲ ကိုယ့်ကိုပြောလို့ရတယ်၊ ကိုယ် မင်းကိုအတင်းကြီးမလုပ်ပါဘူး။ မင်းကိုယ့်ကို ယုံကြည်လို့ရတယ်။ ကိုယ် မင်းရဲ့ဆုံးဖြတ်ချက်ကိုလေးစားမှာပါ"
ထိုလူရမ်းကား လူကြီးလူကောင်းဆန်ချင်ယောင်ဆောင်နေသည့် အတုအယောင်စကားများကိုကြားပြီးနောက် ရန်ရှီးနဉ်တစ်ယောက် ပိုပိုပြီးရုန်းတော့လေသည်။ ဘာလေးစားတာတဲ့လဲ။ သူ့လက်များက သူမဝတ်စုံများကို မြန်မြန်ဆန်ဆန် ချွတ်ပြီးလို့နေပြီ။ သူ့ကို ဘယ်လို ယုံရတော့မလဲ။ သူမမျက်တောင်ခတ်ဖို့ကိုပင် သတိမရတော့။ သူ့မျက်နှာကြီးက သူမလည်ပင်းမှသည် ခါးနေရာသို့ ဆင်းသွားလေသည်။
ရန်ရှီးနဉ်၏ ရုန်းကန်မှုက လွတ်မြောက်ဖို့ရာ အတွက် အချည်းနှီးသာဖြစ်နေသောကြောင့် သူမ အနုနည်းကို သုံးရန်သာ ဆုံးဖြတ်လိုက်တော့သည်။ "နဝမမင်းသား၊ ဘယ်မှာလဲ ကျွန်မရဲ့ရွေးချယ်ခွင့်က"
ဖေ့ကျင်း ခေါင်းငြိမ့်ပြလိုက်သည်။ "မင်းအနေအထားကို ရွေးချယ်လို့ရတယ်"
ရန်ရှီးနဉ် ပြုံးလိုက်သည်။ စိတ်ထဲမှာတော့ 'ကလိန်ကကျစ်လူယုတ်မာကောင်'ဟုကျိန်ဆဲနေမိလေသည်။
ဖေ့ကျင်းက ရန်ရှီးနဉ်၏ အပေါ်ရုံလွှာအဝတ်ကိုချွတ်လိုက်ပြီး ဘေးကို ပစ်ချလိုက်သည်။ သူမ ကိုယ်ပေါိ၌ ပါးလွှာသော အဖြူရောင်အတွင်းဝတ်သာ အရှက်လုံရုံ ကျန်တော့လေသည်။ သူ ခေါင်းခါလိုက်တော့၏။ မနေ့ညတုန်းကတော့ သူမအတွင်းဝတ်အင်္ကျီဝတ်မထားခဲ့။ သို့သော် မင်္ဂလာဦးနေ့မှာတော့ ဝတ်ထားခဲ့လေသည်။ သူ သံသယစဝင်လာမိတော့သည်။ သူ့အောက်က ခြင်္သေ့ပေါက်လေးက ဘာကြောင့်များ မရုန်းတော့သည်လဲ... 
ဖေ့ကျင်းတစ်ယောက် ကြွက်က မရုန်းတော့သောအခါ မပျော်နိုင်သော ကြောင်တစ်ကောင်အလား ခံစားမိလေသည်။ "မင်း ဘာလို့ငြိမ်သွားတာလဲ"
ရန်ရှီးနဉ် ပြုံးလိုက်သည်။ "ကျွန်မ ရုတ်တရက်တွေးလိုက်မိတာက ကျွန်မ ဘယ်သူ့ကိုလက်ထပ်လဲဆိုတာအရေးမကြီးဘူးလေ။ လူတိုင်းပထမဆုံးအကြိမ်ဆိုတာကို ကြုံကြရတာပဲ၊ စောစောသေသေ နောက်ကျမှသေသေ သေတဲ့သူကသေရမှာပဲလေ... စောစောပြန်ဝင်စားဖို့ စောစောသေတာပိုကောင်းတယ်။ နဝမမင်းသား၊ ရှင် ကျွန်မရဲ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း စိတ်ကြိုက်အသုံးတော်ခံနိုင်ပါတယ်"
ရန်ရှီးနဉ်တစ်ယောက် အိပ်ရာထက်တွင် နွမ်းနယ်စွာလှဲအိပ်နေပြီး ထိုလူရမ်းကားအား သူ လိုချင်တာလုပ်ရန် အသာတကြည်ခွင့်ပြုထားလိုက်တော့သည်။ သူမကို သူ ပျော်ဖို့တစ်ခုအတွက်နှင့် စနောက်နေခြင်းဖြစ်ကြောင်း သူမ နားလည်သွားသောကြောင့် ဖြစ်သည်။ ဆက်ရုန်းနေလျှင် သူ့ကိုစိတ်ပျော်ရွှင်ဖို့အတွက် ကျေနပ်အောင်လုပ်ပေးနိုင်မှာမဟုတ်ပေ။ ခင်ပွန်းနှင့် ဇနီးကြားက ကံကြမ္မာကိုရှောင်လွှဲမရနိုင်မည့်အဆုံး သူ့အကြိုက်လိုက်ပြီး သူနှင့် ပူးပေါင်းလိုက်လျှင် ပိုအဆင်ပြေလိမ့်မည်။ 
သူ သူမကို ဘာလုပ်လုပ် သူမဂရုမစိုက်ဘူးဟူသော ထီမထင်သည့် ရန်ရှီးနဉ်၏ မျက်နှာပေးကို ဖေ့ကျင်း မြင်လိုက်ရ၏။ သူ့ကိုယ်သူ အောင်နိုင်သူဟု မခံစားရတော့သောကြောင့် သူမ အသေကောင်ပမာ ပြုမူနေသည်ကို ပြောင်းလဲနိုင်ဖို့ နောက်ထပ် တိုက်စစ်တစ်မျိုးပြောင်းသုံးရန် ဆုံးဖြတ်လိုက်လေသည်။ သူ ပြုံးလိုက်ပြီး သူ့လက်က ​ဖြည်းညင်းစွာ လှုပ်ရှားလာတော့သည်။
မူလအစကတည်းက ရန်ရှီးနဉ်မှာ ဖေ့ကျင်းဘာပြောပြော ဘာလုပ်လုပ် ဂရုမစိုက်ခဲ့ပေ။ သူမ သေသလိုသာနေနေပြီး လုံးဝမလှုပ်။ သို့သော် သူ့လက်က သူမအတွင်းဝတ်ကို လှန်လိုက်ပြီးနောက် သူမအသားကို လာထိသောအခါ သူမ၏ ဆန္ဒနှင့်ဆန့်ကျင်လျက် ကြက်သီးများ ထလာမိတော့သည်။
ဖေ့ကျင်း မျက်လုံးများက ရန်ရှီးနဉ်၏ မျက်တောင်ကလေးများနှင့် နှုတ်ခမ်းဖူးဖူးတို့ အပေါ်အကြည့်ရောက်သွားပြီး လက်တွေကလည်း အောက်ကို ပိုလျှောဆင်းသွားလေသည်။ "ဖူးရန်၊ မင်းကိုယ်မင်း စွန့်လွှတ်ဖို့ပြင်ထားပြီးပြီဆိုတော့ စိတ်လှုပ်ရှားဖို့မလိုတော့ပါဘူး။ မင်းရဲ့ခင်ပွန်းကမင်းအပေါ်ညင်သာမှာပါ"
ရန်ရှီးနဉ် သူမ၏ ဒေါသကိုထိန်းထားရတော့၏။ သူမ ဖေ့ကျင်း၏ လက်တွေကို တားဆီးရန် မကြိုးစားတော့ကတည်းက သူ့လက်များ ပိုပြီးရဲတင်းလာခဲ့ခြင်းဖြစ်သည်။ သူ့လက်များက သူမ၏ ဝမ်းဗိုက်မှသည် ခါးကိုရောက်သွားခဲ့သောကြောင့် သူမ တစ်ကိုယ်လုံး တုန်ရီလာခဲ့သည်။ သူ့လက်က သူမ နောက်ကျောကို ရောက်သွားပြီး ကျောပြင်တစ်ခုလုံးကို အထက်အောက်ပွတ်သပ်နေသဖြင့် သူမ စိတ်တွေကို ရိုးတိုးရွတဖြစ်လာစေသည်။ သူမခန္ဓာကိုယ်က သူမကိုသစ္စာဖောက်ပြီး သူ့ကိုယ်နှင့် ပို၍ နီးစပ်သွားအောင် ကော့သွားတော့သည်။ သို့သော်လည်း သူမ နှုတ်ခမ်းကိုဆက်ကိုက်ထားပြီး လည်ချောင်းထဲကနေ အသံထွက်မလာအောင် တားဆီးနေခဲ့သည်။
ရန်ရှီးနဉ်က မရုန်းသောကြောင့် ဖေ့ကျင်းမျက်မှောင်ကျုံ့လိုက်တော့သည်။ "ဖူးရန်၊ မင်းက မင်းခင်ပွန်းရဲ့အားထုတ်မှုကို လုံးဝမတုံ့ပြန်ဘူးဆိုတော့ကား ကြည့်ရတာ ဒီခင်ပွန်းက အားပိုစိုက်ပြီး ကြိုးပမ်းရတော့မယ်နဲ့တူတယ်"
ဖေ့ကျင်း ရန်ရှီးနဉ်၏ အတွင်းခံကြိုးကို ဖြည်လိုက်တော့သည်။ သူမ၏ ဗလာကျင်းနေသော ရင်ဘတ်က အနည်းငယ် အေးစိမ့်လာသည်။ သူမ အတွင်းခံအချွတ်ခံရတာကို လှမ်းကြည့်မိလိုက်ရင်း မျက်နှာ ပူလာမိလေသည်။ သူမ အတွင်းဝတ်များ အားလုံးဖယ်ရှားခံလိုက်ရသော အခါမှာတော့  သူမ၏ လက်နှစ်ဖက်မှလွဲ၍ မိမိကိုယ်ကို ကာကွယ်နိုင်သည့်အရာဆိုတာ ဘာဆိုဘာမှ မရှိတော့ချေ။
ရန်ရှီးနဉ် အနည်းငယ်ထိတ်လန့်သွားပြီး ဖေ့ကျင်းကို ခေါင်းထောင်ကြည့်လိုက်မိသည်။ လူရမ်းကားကတော့ ပြုံးမြဲပြုံးဆဲ။
"ဒီနေ့ည မအေးဘူးမဟုတ်လား..." ဖေ့ကျင်းက စကားစလိုက်သည်။
"ဒီတော့ မင်း အင်္ကျီဝတ်ထားဖို့ မလိုဘူးပေါ့၊ ဘာမှမဝတ်ပဲနေရတာ ပိုကြီးသက်တောင့်သက်သာရှိတယ်လေ"
(Grace : ဖေ့ကျင်း ရေရရရရရရရရရ)
ဖေ့ကျင်း၏ လက်များ သူမခန္ဓာအောက်ပိုင်းဆီသို့တဖြည်းဖြည်းရွေ့လျားလာသည်။ သူမမှာ အတွင်းဝတ်တွေလည်း မကပ်တော့ပြီမို့ ခန္ဓာကိုယ်ကို ဘာနှင့် ဖုံးကွယ်ရတော့မည်လဲ။ အိပ်ရာပေါ်က နှင်းဆီလွှာတွေကိုသာ သူမ တင်းကြပ်နေအောင်
ဆုပ်ထားမိတော့သည်။ သို့သော် မမျှော်လင့်ပါဘဲ သူ့လက်များက သူမ ခါးနောက်ပိုင်းဆီကိုသာ ဦးတည်ချက်ပြောင်းသွားခဲ့၏။ သူမ ခါးလေးကိုဆွဲယူပြီး သူမတစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲကို ထည့်ထားလိုက်လေသည်။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်မှာ ကြားလေသွေး၍ပင် မရအောင်ပူးကပ်နေခဲ့၏။ ထိုစဥ် သူမ၏ ဝမ်းဗိုက်နား  တစ်စုံတစ်ခု လာထောက်သည်ကို ရန်ရှီးနဥ် ခံစားလိုက်ရလေသည်။ သူမ နှလုံးသားက အခုန်မြန်လွန်းနေ၍ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ်။
(Grace: အင်နိုးမဆန့်ရင် ဘာလဲဆိုတာ သိတဲ့သူတွေ သိကြလိမ့်မယ်😆😆😆😆)
သူမမှာ တုံ့ပြန်ဖို့ အခွင့်အရေးလေးတောင် မရလိုက်ခင်မှာပဲ နှုတ်ခမ်းဖျားတွေကို သူ့နှုတ်ခမ်းများက သိမ်းပိုက်ခြင်းအား ခံလိုက်ရတော့၏။
ထိုတဒင်္ဂ... သူမ၏ ကမ္ဘာလောကကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အရာအားလုံးဟာလည်း အမှောင်အတိကျသွားပြီး သူမ ဝိညာဉ်မှာ သူမကိုယ်ခန္ဓာကို စွန့်ခွာသွားသည့်အလား။ သူမ မှတ်ဉာဏ်ထဲ ကျန်ရှိနေသေးသည့် တစ်ခုတည်းသော အရာက တပ်မက်မှုဖြင့် ပြည့်ဝနေသော ဖေ့ကျင်း၏ မျက်ဝန်းညိုများသာ ရှိတော့လေသည်။
ဖေ့ကျင်း၏ နှုတ်ခမ်းများကလည်း သူမ နှုတ်ခမ်းလွှာတွေအပေါ် နူးနူးညံ့ညံ့ပြေးလွှားနေသည်။ တစ်ခဏလောက်အကြာမှာတော့ သူမ၏ နှုတ်ခမ်းလေးကို ငုံစုပ်လိုက်ပြီး သူ့လျှာဖျားလျလျသည် ခံတွင်းထဲထိ ကျူးကျော်လာခဲ့လေသည်။ သူမ၏ လျှာဖျားလေးကို သူ့လျှာနှင့် လုတ်တိုက်မိသည့် တစ်ခဏ၌ အသက်ရှူဖို့ကိုပင် သူမ မေ့လျော့သွားရလေသည်။
သူကတော့ အသက်ကို ခိုးရှူလိုက်ပြီး သူမ ခါးကို ပွေ့ဖက်ထားသည့် လက်အစုံကို ပိုမိုတင်းကြပ်လိုက်တော့သည်။ သူမတို့၏ ခန္ဓာကိုယ်များကတော့ တစ်သားတည်းကျ အံဝင်ခွင်ကျရှိလေ၏။ နွေဦးညလေး၏ လှပသော ပန်းချီကားကို သူမကိုယ်တိုင် ပါဝင်ဆေးခြယ်နေမိသည်။ သို့သော် ရုတ်တရက်ကြီး ဖေ့ကျင်းက သူမကို လွှတ်လိုက်လေသည်။
"ဖူးရန်... မင်းကျေနပ်ရဲ့လား" ဖေ့ကျင်းက သူ့နှုတ်ခမ်းဖျားတွေကို လျှာနှင့် သပ်ရင်း ပြောလိုက်သည်။
ရန်ရှီးနဉ် အသက်ရှူရန် မေ့လျော့နေခဲ့သည်ကို သတိရသွားသည်မို့ ချက်ချင်းပင် အသက်ကို
ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ ဖေ့ကျင်း၏ ကြည်လင်နေသော မျက်ဝန်းများအထဲ လောင်မြိုက်နေခဲ့သည့် စိတ်ဆန္ဒများ လျော့ပါးသွားသည်ကိုလည်း သူမ မြင်လိုက်ရသည်။ မည်သို့ မည်ပုံဖြစ်သွားသည်ကို သူမ ယခုထိ လိုက်မမီနိုင်သေး။ သူ တကယ်ပဲ စိတ်ဆန္ဒ မဖြစ်ပေါ်ခဲ့သည်လား။
မဖြစ်နိုင်... သူမ သေချာတွေ့လိုက်ရပါရဲ့နှင့်။ သူမ နောက်တစ်ခါ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။ လူရမ်းကား၏ လှည့်စားမှုကို သူမ ခံလိုက်ရပြန်ပြီ။
"ငါ မင်းကို စားလိမ့်မယ်လို့ မင်းထင်နေတာလား"
ဖေ့ကျင်း မေးလိုက်ရင်း သူမကို ဆွဲယူလိုက်သည်။
ရန်ရှီးနဉ်၏ နှလုံးသားမှာလည်း ဗရမ်းဗတာ ခုန်နေဆဲ။ ဖေ့ကျင်း သူမကို ဝါးမြိုတော့မည်ဟု သူမယုံကြည်ခဲ့မိသည်ကို လက်မခံချင်ဖြစ်နေသည်။
"အစ်ကိုက မင်းကို နည်းနည်းလေး လှန့် ကြည့်ယုံပါ" ဖေ့ကျင်းကပြောလိုက်သည်။ "မင်းရဲ့ အမျိုးသားက လူကြီးလူကောင်းတစ်ယောက်
ပဲဟာ။ ကိုယ် ဘယ်သူ့ကိုမှ အတင်းအဓမ္မ လုပ်ခိုင်းခဲ့ဖူးတာမျိုး မရှိခဲ့ဖူးဘူး။ ပြီးတော့ မင်းကိုလဲ ဖိအားမပေးပါဘူးလို့ ကိုယ် ကတိပေးထားခဲ့သားပဲ။ မင်းဆန္ဒမပါပဲ ကိုယ် ဘာကိုမှ အတင်းအကျပ်မလုပ်မှာမို့ စိတ်အေးလက်အေးနေလို့ရတယ်"
ရန်ရှီးနဉ်သည် သူမကို ဖေ့ကျင်းက အရူးလုပ်နေသလား၊ စိတ်ထဲက တကယ့်အစစ်အမှန်တွေပြောနေသလားဆိုတာကို မဝေခွဲတတ်တော့ပေ။
.....
Yes! Chapter 6လေး အောင်မြင်စွာပြီးဆုံး><
တကယ့် အဓိက အပိုင်းကို Jinnie Graceလေးက
ဒူးနှန့်ပြီး ပြန်ပေးသွားပါတယ်တဲ့။ ဂုဂျော့လို့ ပြောသွားပေး <3
_
_
[Zawgyi]
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၆)
TRANSLATOR - SS
--------------------
ဖေ့ကျင်းကတော့ ရယ်၏။ မင်္ဂလာဆောင်လာဧည့်သည်များ အိပ်ခန်းနှင့် ဝေးရာရောက်သွားသည်ကို ကြားပြီးမှ သူ ရန်ရှီးနဉ်၏ ခြေထောက်အား နှိပ်နယ်ခြင်းကို ရပ်လိုက်ူလေသည်။