အရောင်ပြောင်းသွားသောအန်စာတုံးလေးမှာ စားပွဲပေါ်တွင် မလှုပ်မယှက်ရှိနေသည်။
Winwin ၏လည်တိုင်တစ်လျှောက်ကို မက်မောစွာ နမ်းရှိုက်စုပ်ယူနေရင်း လက်များလှုပ်ရှားလာသည်။
Yuta ကျောပြင်တစ်ဝိုက်ကို လက်နှင့်ပရမ်းပတာပွတ်သပ်နေပြီး စုပ်ယူမှုများကို နှစ်သက်စွာ ခံယူနေသည်။
လည်တိုင်ကနေ ရင်ဘတ်ဆီလျှောကျလာသောအခါ Winwin မျက်နှာလေးကို Yuta တစ်ချက်မော့ကြည့်လိုက်သည်။
ရှက်ကိုးရှက်ကန်းဖြစ်နေသော နီရဲရဲပါးပြင်လေးများမှာ အထင်းသား။
Yuta ပြုံးကာကြည့်နေမိပြီး ပန်းနုရောင်နှုတ်ခမ်းများအပေါ်တက်လာပြီး အကြင်နာအနမ်းပေးရန်ပြင်သည်။
ဆုံစည်းခါနီးဖြစ်နေသော Yuta နှင့် Winwin မျက်နှာနှစ်ခုကြားတွင် ခရမ်းရောင်အလင်းတန်းအလင်းတန်းတစ်စုံဖြတ်ထိုးဝင်သွားသည်။
မျက်စိများစူးသွား၍ Yuta အနောက်ဆုတ်လိုက်မိသည်။
Winwin လည်း ရုတ်တရက်မို့ လန့်ကာအော်ပြီး မျက်လုံးကို လက်နှင့်ပိတ်ချလိုက်သည်။
မျက်လုံးပြန်ပွင့်လာသောအခါ ဘာအလင်းတန်းမှမရှိတော့။
တစ်ယောက်ကိုတစ်ယောက်ကြည့်နေမိကြပြီး Winwin ဘေးတွင် Yuta လဲချလိုက်သည်။
"အဲ့ဒါဘာလဲ Winwin.."
"ကျွန်တော်လည်း မသိဘူး.."
ထိုအလင်းတန်းအကြောင်းအတူစဉ်းစားနေကြရင်း အိပ်မောကျသွားတော့သည်။
မနက်အာရုံတက်ချိန်ရောက်သောအခါ Winwin အမေဖြစ်သူ အိမ်မှုကိစ္စများ စတင်လုပ်တော့သည်။
ခဏကြာသောအခါ Yuta အမေဖြစ်သူပါ နိုုးလာသည်။
နည်းနည်း ဟ နေသော Yuta အခန်းတံခါးရှေ့ရောက်တော့ Yuta ကို နှိုးရန်ဝင်သွားသည်။
"သား... ထတော့လေ.. Yuta.. ကျောင်းသွားရ..."
စကားမဆုံးသေးခင် ပါးစပ်အဟောင်းသားဖြင့် ကုတင်ပေါ်မှ နှစ်ယောက်ကိုကြည့်မိသည်။
အဝတ်ဗလာဖြစ်နေသော Yuta လက်မောင်းပေါ်တွင် Yuta နည်းတူ အဝတ်ဗလာဖြစ်နေသော Winwin အိပ်နေသည်ကို တွေ့လိုက်ရသည်။
နီးကပ်လှသောအနေအထားနှင့် သာမာန်မဟုတ်သည့်ပုံစံကြောင့် Yuta အမေ အံ့သြသွားသည်။
"Nakamoto Yuta..!!"
မာကျောသောလေသံဖြင့် အရှိန်မြှင့်အော်လိုက်သောအခါ နှစ်ယောက်လုံးလန့်နိုးလာကြသည်။
ထို့နောက် မနက်စာစားချိန်တွင်
Yuta နှင့် မိခင်ဖြစ်သူက အတူထိုင်နေပြီး Winwin နှင့် သူ့အမေမှာ Yuta တို့ သားအမိနှစ်ယောက်ရှေ့တွင် ကုတ်ကုတ်လေး ထိုင်နေသည်။
"ဒီနေ့ကစပြီး ရှင် ကျွန်မတို့အိမ်မှာ အလုပ်လုပ်စရာမလိုတော့ဘူး.."
"ရှင်... ဘယ်လို.. ဘယ်လိုများပြောလိုက်တာလဲ.. ကျွန်မ ဘာအမှားလုပ်မိလို့လဲ..."
"ရှင်ကအမှားမလုပ်မိပေမယ့် ရှင့်သားကတော့ လုပ်ခဲ့တယ်..."
"မေမေ.."
စကားဝိုင်းကို Yuta ဝင်တားသည်။
အမေဖြစ်သူကတော့ မဖြုံပဲ ဆက်ပြောသည်။
Winwin အမေ အံ့သြကာကြည့်နေချိန် အခွင့်ကောင်းယူပြီး ဆက်ပြောသည်။
"သူက ကျွန်မသားနဲ့ အနေအထိုင်မဆင်ခြင်ဘူး.. ကျွန်မတို့ကပဲ စီးပွားရေးကောင်းလို့ ရှင့်သားက Yuta ကို အပိုင်ကြံနေ....."
"မေမေ တော်တော့.."
ထမင်းစားပွဲမှ Yuta ထရပ်လိုက်သည်။
ဒီတစ်ခါကြားဖြတ်ပြောသောအသံမှာ စောနကထက် ကျယ်သည်။
သို့သော် ထိုကျယ်လောင်သော Yuta အသံမှာ ဘယ်အရာကိုမှ မတားမြစ်နိုင်ခဲ့ပါ။
Winwin တို့ သားအမိ Yuta အိမ်ပေါ်မှ ဆင်းသွားကြရပြီဖြစ်သည်။
ပစ္စည်းများအားလုံးကို သိမ်းရင်း စားပွဲပေါ်မှ အန်စာတုံးလေးကိုပါ စိတ်နာနာနှင့် Winwin ယူခဲ့သည်။
နောက်နေ့ကျောင်းသွားသောအခါ ဘေးမှခုံအလွတ်က်ိုတွေ့သည်။
သုံး၊လေး ပတ်လောက်အထိ Kun ထိုင်ခုံကလွတ်နေသည်။
ထိုနေ့ညနေကျောင်းဆင်းသောအခါ ကောင်လေးတစ်ယောက် Winwin ကိုလာနှုတ်ဆက်သည်။
"Si Cheng.."
"Kun..."
တော်ရုံမမှတ်မိနိုင်သောမျက်နှာဆိုပေမယ့် အနီးကပ်မို့ Winwin တန်းသိလိုက်သည်။
အရင်လိုချောမောလွန်းလို့ ရေပန်းစားခဲ့တဲ့ Kun ဟာ အခုတော့ မျက်နှာမှာသွေးရောင်တောင် မရှိတော့။
ပိန်ခေါနေပြီး ချုံးကျနေသည်။
အရင်က Winwin ပုံစံလို ဖြစ်နေမှန်း Winwin ကြည့်ရင်းနှင့် နားလည်သွားသည်။
စိတ်မကောင်းစွာနှင့် Kun လက်က်ိုဆွဲလိုက်သည်။
"မင်းဘယ်လိုဖြစ်တာလဲ Kun ရာ.."
"ငါကျောင်းထွက်သွားတာလေ.. မင်းမသိလိုက်ဘူးမဟုတ်လား... အဲ့ဒါကြောင့် ငါမင်းကိုလာနှုတ်ဆက်တာ.."
"ဘာလို့လဲ... ဘာလို့ကျောင်းထွက်ရတာလဲ Kun.."
Winwin ဆွဲထားသော လက်ကိုလွှတ်ချလိုက်ပြီး ခေါင်းခါပြကာထွက်သွားသည်။
လှည့်ကြည့်ပြီးပြုံးပြသွားသေးသည်။
လက်ပြပြီး ကျောင်းဝင်းထဲမှ ထွက်ခွာသွားသော Kun နောက်ကျောကို မမြင်ရတော့။
အဝေးက သေးသေးလေးကနေ သေးသထက်သေးပြီး ပျောက်ကွယ်သွားသော Kun ၏ ပုံရိပ်အသေးလေးက်ို အဆုံးထိကြည့်ရင်း Winwin မျက်ဝန်းမှ မျက်ရည်တစ်ပေါက် စီးကျလာသည်။
မိခင်ဖြစ်သူ ရောဂါကြောင့် ဆုံးပါးသွားပြီးကတည်းက တစ်ယောက်တည်းကြိတ်ပြီး ဝမ်းနည်းနေခဲ့ရတာဖြစ်သည်။
ဘယ်လိုပဲဲဖြစ်ဖြစ် Kun ဟာ သူ့အတွက် ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သလို ပထမဆုံးသော Dice ကို ပေးခဲ့သူလည်း ဖြစ်သည်။
သူပေးခဲ့သော Dice ကြောင့် ပြောင်းလဲခွင့်ရခဲ့သော Winwin မှာ အခုတော့ ဝမ်းနည်းနေရပြီ။
"X ခင်ဗျား ဘာတွေလုပ်နေတာလဲ.."
မျက်ရည်များက်ိုသုတ်ပြီး ဖုန်းကိုထုတ်ကာ X ကို စာပို့လိုက်သည်။
စာမပြန်လာ။
သတိထားမိသည်တစ်ခုကတော့ Dice လေးဟာ ခရမ်းရောင်သို့ပြောင်းသွားခဲ့တာ Yuta တို့အိမ်မှ ဆင်းလာသော နေ့ကတည်းကပင်။
ညရောက်တော့ Yuta ဆီမှဖုန်းဝင်လာသည်။
ဖုန်းကိုလက်ခံပြောလိုက်တော့ မနက်ဖြန်တွေ့ရန်ချိန်းသည်။
"ကိုယ် မင်းကို လွယ်လွယ်နဲ့ အဆုံးရှုံးမခံနိုင်ဘူး Winwin.."
ကော်ဖီခွက်များကို ရှေ့ထားပြီး လူရှင်းသောဆိုင်ထဲတွင် ခပ်တိုးတိုးပြောလိုက်သည်။
Winwin နှုတ်ဆိတ်နေသည်။
"မင်းကိုယ့်ကို မချစ်တော့ဘူးလား.."
"မဟုတ်ဘူး...မချစ်တော့လို့ မဟုတ်ဘူး.. ကျွန်တော်တို့ မိုက်ရူးရဲဆန်ပြီး ရှေ့ဆက်တိုးလိုက်ရင် ဒီထက်ပိုဝေးရမှာစိုးလို့..."
Yuta ဘာမှဆက်မပြောတော့ပဲ နားထောင်နေသည်။
Winwin ပြောလိုက်သောစကားများအားလုံးက အမှန်ဖြစ်နေသောကြောင့်။
တစ်နှစ်ခန့်ကြာသောအခါ
ခရမ်းရောင် Dice လေးကို ကိုင်၍ Yuta ရောက်လာသည်။
လွန်ခဲ့သော တစ်နှစ်က Winwin ပြောပြခဲ့ဖူးသော Dice အကြောင်းကို နားလည်ခဲ့ပြီဖြစ်သည်။
Winwin ဆီလာနေသော Yuta ခြေလှမ်းများမှာ တက်ကြွနေသည်။
"Winwin သွားမယ်လေ.."
Violet Dice လေးကို အိတ်ထဲထည့်သိမ်းလိုက်ပြီး ပြောသည်။
"ဟုတ်.."
ရုပ်ရှင်အတူသွားကြည့်ရန်ချိန်းထားသောကြောင့် Winwin စောင့်နေခဲ့သည်။
စက္ကန့်ပိုင်းအကြာမှာ Yuta ရောက်လာခဲ့ပြီး အတူသွားဖြစ်ကြသည်။
ရုပ်ရှင်လက်မှတ်လေးကိုပြပြီး အထဲဝင်သွားကြသည်။
နာရီပိုင်းကြာသောအခါ ရုပ်ရှင်ပြီးလို့ စာတန်းပင်ထိုးနေသည်။
အားလုံးအသီးသီးထပြန်သွားကြပေမယ့် Yuta နှင့် Winwin ကတော့ နေခဲ့သေးသည်။
"အားလုံးထွက်ပြီးမှ ပြန်မယ်နော်.."
"အင်း.."
ခေါင်းငြိမ့်ရင်းပြောလိုက်ပြီး Yuta ပုခုံးပေါ်မှီလိုက်သည်။
Winwin ခေါင်းလေးကို နမ်းလိုက်ပြီး မြဲမြံစွာ ဖက်ထားသည်။
မျက်လုံးလေးမှိတ်လိုက်ပြီး Yuta ရင်ခွင်ဆီသို့လျှောဆင်းသွားသော Winwin မှာ ဇိမ်ခံနေသော ကလေးပမာ။
ဆံပင်များကိုပွတ်သပ်ပေးရင်း ဆံပင်ကြားထဲ ခပ်ဖွဖွနမ်းလိုက်သေးသည်။
ခဏကြာသောအခါ Winwin မျက်လုံးတွေ ဆက်မမှိတ်တော့ပဲပြောသည်။
"သွားရအောင်လေ.."
"အင်း.."
Yuta လက်ကိုဆွဲပြီး နေရာမှထလာသည်။
မီးရောင်မှိန်မှိန်အောက်သိပ်မမြင်ရသော်လည်း တံခါးနားရောက်လာသည်။
"ဟာ တံခါးပိတ်သွားပြီ.."
Winwin အလန့်တကြားပြောရင်း တံခါးကိုဖွင့်သည်။
Yuta လည်း တံခါးကို အားကုန်တွန်းဖွင့်သည်။
အချိန်တွေသာကုန်သွားသည်။
တံခါးမှာ ပွင့်မလာ။
"ဒီကထွက်ရတာရော ဟုတ်ရဲဲ့လား မသိဘူး... Exit လို့ မရေးထားဘူး.."
"ဟုတ်မယ်..အဲ့ဒါဆ်ို ဟိုဘက်သွားကြည့်ရအောင်.."
Yuta ပြောတော့ Winwin ကပါ ထောက်ခံပြီး ထွက်ပေါက်ရှာရန်ပြင်သည်။
မှိန်ဖျော့ဖျော့မီးရောင်ကြား စမ်းတဝါးဝါးသွားနေရင်း အပေါက်တစ်ခုကိုတွေ့သည်။
"ဒီဟာလား မသိဘူး.."
"အင်း ဖွင့်ကြည့်လိုက်ပါလား.."
Winwin ပြောတော့ Yuta ဖွင့်ကြည့်လိုက်သည်။
လေးလံသောတံခါးမို့ တဖြည်းဖြည်းချင်းနေမှ ပွင့်သည်။
ပွင့်သွားသော တံခါးနောက် အပြင်ထွက်သွားလိုက်တော့ စုံလင်သော အရောင်လက်လက်များနှင့် မျက်စိစူးသွားကြသည်။
Winwin မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်ပြီးအော်နေရင်း တစ်စုံတစ်ရာနှင့် ခလုတ်တိုက်မိသည်။
Yuta လက်ကိုလှမ်းကိုင်လိုက်ပြီး မျက်လုံးဖွင့်ကြည့်တော့ စူးရှသောရောင်စုံအလင်းတန်းများထွက်နေသည့် အန်စာတုံး Size စုံများကိုတွေ့လိုက်ရသည်။
ဟိုးအရင်က Winwin ရောက်ခဲ့ဖူးသောနေရာ။
မြင်ခဲ့ဖူးသော ရောင်စုံအန်စာတုံးများ။
အရာအားလုံးဟာ တစ်ထပ်တည်းတူနေသည်။
မတူတာတစ်ခုက အနားမှာ Yuta ရှိနေတာပင်ဖြစ်သည်။
Yuta နှင့် Winwin တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အရှေ့သ်ို့ဆက်လျှောက်လာခဲ့ကြသည်။
Yuta ဘောင်းဘီအိတ်ကတ်ထဲက Violet Dice လေးကို စမ်းကြည့်တော့ မရှိတော့။
လျှောက်လာရင်းက ထွက်ပေါက်တစ်ခုက်ိုတွေ့၍ ထွက်လာကြသည်။
ဆင်ခြေဖုံးရပ်ကွက် လူနေတိတ်ချိန် ညဘက်ကြီးဖြစ်သည်။
ကြယ်တစ်စင်း တိုက်ကြိုတိုက်ကြားထဲသို့ ထိုးဆင်းသွားသည်။
"Dong Si Cheng... မပြေးနဲ့..."
Winwin ပထွေးဖြစ်သူ၏အော်သံ။
အရာအားလုံးဟာ ရင်းနှီးနေသည့်အပြင် အရင်ကအရာများအားလုံးနှင့် တကယ်တစ်ထပ်တည်းဖြစ်နေခဲ့သည်။
မူးနေသော ပထွေးပြေးလာတာကိုတွေ့တော့ Yuta လက်ကိုလှမ်းဆွဲလိုက်သည်။
"ဒါကျွန်တော့်အရင်ဘဝကိုပြန်ရောက်သွားတာပဲ..."
"ဘယ်လို.."
Yuta နားမလည်စွာ မေးနေချိန် အနောက်မှ လိုက်လာနေပြီဖြစ်သော ပထွေးကြောင့် Winwin ပြောလိုက်သည်။
"ပြေးတော့ Gege.."
Yuta ဘာမှတောင် ပြန်မပြောနိုင်လိုက်ပဲ လက်ဆွဲခေါ်ကာ ပြေးထွက်သွားသော Dong Si Cheng ဆိုသူ ကောင်လေးနောက် ပါသွားရသည်။
ခြေလှမ်းများညီညာစွာပြေးလွှားနေပြီး ဝေးသထက်ဝေးလာကြသည်။
မြန်သထက်မြန်လာကြသည်။
လေဆန်ရာဘက် ပြေးနေကြသော သူတို့နှစ်ယောက်၏ လက်မှာလည်း ခိုင်မြဲနေတော့သည်။
ကျွန်တော် သိလိုက်တာတစ်ခုက အရင်က သန်းခေါင်ယံအချိန် ဒီဆင်ခြေဖုံးရပ်ကွက်လေးမှာ ပြေးလွှားနေခဲ့တဲ့ ကျွန်တော်က ကလေးအရွယ်သာဖြစ်ပြီး တစ်ယောက်တည်းသာ ပြေးလွှားခဲ့ရတာဖြစ်တယ်။
အခုတော့ လူကြီးဖြစ်နေပြီး ဘေးမှာချစ်ရတဲ့သူလည်း ပါနေပြီဖြစ်တယ်။
လမ်းမီးရောင်မှိန်မှိန်တွေအောက်မှာ ပင်ပန်းစွာပြေးလွှားခဲ့ရပေမယ့် အခုတော့ သူနဲ့အတူပျော်ရွှင်စွာ ပြေးနေရပြီဖြစ်တယ်။
နှာခေါင်းသွေးလျှံတဲ့အထိ ပင်ပန်းစွာပြေးခဲ့ရပေမယ့် အခုတော့ သူ့လက်ကိုဆွဲပြီး သွားများပေါ်သည်အထိ ပြုံးရယ်နေနိုင်ပြီဖြစ်တယ်။
အခုကျွန်တော်တို့ပြေးလွှားနေကြရင်းက တိုက်လာတဲ့ လေရဲ့အအေးဒဏ်ကိုလည်း ခံနိုင်နေပြီဖြစ်တယ်။
X က ဘယ်သူဆ်ိုတာ ကျွန်တော် သိခွင့်မရခဲ့ဘူး။
ဘယ်တော့မှလည်း သိခွင့်ရမယ်မထင်ဘူး။
ဘာလို့လဲဆိုတော့
သူက တကယ်မရှ်ိလို့ပဲ။
ငယ်ငယ်တုန်းကဆော့ခဲ့တဲ့ အန်စာတုံးဆိုတာ ဘာမှမဟုတ်ခဲ့ပေမယ့် အခုချိန်မှာ ကျွန်တော်တို့ရဲ့ ဘဝတွေကိုတောင် ပြောင်းလဲပစ်နိုင်တဲ့ DICE ဖြစ်ခဲ့တယ်။
###
The End