The Dimple On His Cheek ( Com...

Autorstwa aseinnkyaw

464K 32.9K 2.4K

ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပို... Więcej

Author's Note
Character Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13 ( Kiss Sense )
Part - 14
Part - 15 ( Trio)
Part - 16
Part - 17
Part - 18
Part - 19
Part - 21
Part - 22
Part - 23
Part - 24 ( Valentine Special )
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Pre - Ending
3 Hours ago
Ending
Extra - 2
Inner Art ❤️
Book Cover 🤍

Part - 20

9.7K 894 93
Autorstwa aseinnkyaw

The dimple on his cheek

Unicode

သော်တာသည် ဘော့စ် နှင့် သူ့ဇနီးလောင်းတို့မူလတန်းကလေးတွေရန်ဖြစ်နေသလို တစ်ယောက်ဆံပင် တစ်ယောက် ဆံပင်ဆောင့်ဆွဲနေကြပုံကိုကြည့်ရင်း ကြက်သေသေနေမိသည်။

ဘယ်လိုမြင်ကွင်းမျိူးကြီးလဲ.... ?

ဘော့စ်သည်လည်း Company မှာ တည်ငြိမ်ခန့်ညားပြီးစည်းကမ်းကြီးလှသော လူတကာ ချစ်ကြောက်ရိုသေရတဲ့ ဘော့စ် ထူးထက်ခေါင်၏ အသွင်ပင်ပျောက်နေကာ ကလေးတစ်ယောက်လို ဖြစ်နေတာမို့ ကြည့်ရင်း ရယ်ချင်လာကာ ဟီးခနဲ ရယ်ချလိုက်သည်။

" ဘာရယ်တာလဲ.... "

သော်တာရယ်နေတာကို မြင်သွားသော Boss ကသူ့ ဇနီးလောင်း၏ဆံပင်ကိုဆွဲထားရာမှ ကိုယ်နေဟန် ထားကို ပြင်လိုက်ကာ သော့်တာကိုစိတ်ဆိုးသွားသည့်ဟန် ရှုတည်တည်နဲ့လှမ်းမေးလိုက်တာမို့သော်တာက လက်ထဲက ကိုင်လာသော အစည်းအဝေး မှတ်တမ်းဖိုင်လေးတွေကို တုန်တုန်ရီရီနဲ့ စားပွဲပေါ်တင်လိုက်ပြီး

"အစည်းအဝေး မှတ်တမ်း လာပို့တာပါ ဘော့စ်
ကျွန်မ လုပ်စရာရှိသေးလို့သွားတော့မယ်နော် "

ဟုဆိုလိုက်လျက် အခန်းထဲက ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခဲ့လိုက်သည်။

ဘော့စ် စိတ်ဆိုးပြီးအလုပ်ဖြုတ်ပစ်လိုက်မှ ဒုက္ခ။

သော်တာက ရုံးခန်းတံခါးကို အသာအယာပိတ်ပြီး ထွက်သွားတော့မှ ထူးထက်ခေါင်က ရွှန်းရွှန်းဘက် မျက်မှောင်တွန့်ကြည့်လိုက်ကာ

"မင်း ဘာလို့ မပြောမဆိုနဲ့ ငါ့ဆံပင်ကို လာဆွဲ
ရတာလဲကွ အခု ငါ့အတွင်းရေးမှူး မြင်သွားပြီ
ဘယ်နှယ့်လုပ်မလဲ "

"အံမယ် သူကပဲ ပြောရတယ်ရှိသေး ရှင်အရင်
မပြောမဆိုနဲ့ ကျွန်မ ဆံပင်ကို လာဆွဲတာလေ
မိန်းကလေး တစ်ယောက်ကို အာ့လောက်ကြမ်း
ကြမ်းတမ်းတမ်း ဆက်ဆံရလား CEO ကြီးရဲ့ "

ထူးထက်ခေါင်သည် ကိုယ့်ကို ကတ်ကတ်လန်
အောင် ရန်ပြန်တွေ့နေသော မိန်းကလေးကို တအံ့တသြ စိုက်ကြည့်လိုက်ကာ

" မင်း ဆံပင်က အတုမဟုတ်ဘူးလား "

"ဘယ်က အတုရမှာလဲ မနေ့ကမှ ပုံစံပြောင်း
ထားတဲ့ ဆံပင်လေးကိုများ ရာရာစစ အမေ
မွေးပေးထားတဲ့ဆံပင် စစ်စစ်ရှင့် အတုဆိုရင်
ပြုတ်ထွက်လာမှာပေါ့ ရှင့် အားကြီးနဲ့ ..... "

ထိုမိန်းကလေးသည် သူဆွဲထားသဖြင့် ရှုပ်ပွနေ
သော ဆံပင်တွေကို ပြန်သပ်တင်နေရင်း ပါးစပ်
ကလည်း ပွစိပွစိပြောနေသေး၏။ အဲတာကိုပင်
သူ မကျေနပ်နိုင်သေး။ ညီ ဟန်ဆောင်ထားတာ ဟုတ်မဟုတ် ဒီထက်ပိုသေချာအောင် အတည်ပြုချင်သေးသည်။

"ညီ..... ဘာလို့ ပီပီရိရိ ဟန်ဆောင်နေရတာလဲ
ကိုယ့်ကို အမှန်အတိုင်း ဝန်ခံစမ်းပါ မင်းက ညီ
မလား "

ထူးထက်ခေါင်က ရွှန်းရွှန်း ရဲ့ ပုခုံးတွေကိုသူ့လက်နဲ့ ခပ်ကြမ်းကြမ်း ဖိကိုင်လျက်ပြောလိုက်တာမို့ ရွှန်းရွှန်းက ကြောင်အမ်းအမ်းဖြစ်သွားရင်းမှ ကိုယ်ကိုအနောက်သို့ဆုတ်လိုက်ကာ

"ဘယ်က ညီလဲ ဘာတွေလာပြောနေတာလဲ ကျွန်မ မိန်းကလေး စစ်စစ်ပါ ဦးလေးကြီးရယ် ရွှန်းမြတ်နိုးပိုင် စစ်စစ်ပါ "

ထို မိန်းကလေး၏ မျက်လုံးတွေမှာ လိမ်ညာနေတဲ့အရိပ်အယောင် နဲနဲတောင် မပေါ်တာမို့ သူခေါင်းစားသွားရပြန်သည်။

ဘာတွေဖြစ်ကုန်တာလဲ သူ မသိတော့။

ညီ့ အကြောင်းစဉ်းစားလိုက်ရုံနဲ့ အရာရာတိုင်းကိုဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်တွေ သူ့မှာပျောက်ဆုံးကုန်ပြီလား?။

သေချာတာတစ်ခုကတော့ အခု သူ့ မျက်စိရှေ့မှာရှိနေသော မြတ်နိုးသည် သူ ချစ်ရေးဆိုခဲ့သောမြတ်နိုးမဟုတ်တာကိုတော့ သူ့စိတ်ထဲက အလိုလိုကို သိနေလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

"One two three four, Five six seven
Go..... One two three four တော်ပြီကွာ
နားတော့မယ် "

ချမ်းမြေ့သည် မှန်ရှေ့တွင် ထပ်ခါတလဲလဲ အက
တိုက်နေရင်း ရှင်းလေးကို ကြိုရမယ့်အချိန်နီးလာ
တာမို့ လူက ဂဏှာမငြိမ်ဖြစ်လာလေသည်။
တစ်နေ့လုံးနီးပါး အကတိုက်ထားရတာကြောင့်
ညောင်းကိုက်နေသော ခန္ဓာကိုယ်ကို အကြော
လျော့လိုက်ရင်း စားပွဲပေါ်ကရေသန့်ဘူးကို ယူ
ကာ လက်ကျန်ရေလေးကိုမော့လိုက်လိုက်သည်။
ထို့နောက် ဝုန်းခနဲ ထရပ်လိုက်လျက် တဘက်နဲ့
ချွေးစတွေကိုသုတ်လိုက်ကာ

"ငါ သွားနှင့်မယ် ရှင်းလေးကို သွားကြိုရဦးမှာမို့
မင်းတို့ကျန်တာ အပြီးတိုက်ထားလိုက်တော့ "

ကျန်တဲ့အဖွဲ့သားအားလုံးကို မှာလိုက်ပြီး ကား
သော့ကိုယူကာ သင်တန်းခန်းမထဲက သွက်လက်
သော ခြေလှမ်းများဖြင့် ထွက်လာခဲ့သည်။

နာရီကိုကြည့်တော့ ရှင်းလေး သင်တန်းဆင်းချိန်
က နာရီဝက်တိတိ လိုနေသေးသည်။ အဲလိုပဲ
ရှင်းလေးနဲ့တွေ့ရမယ်ဆိုတိုင်း သူ့စိတ်တွေက
ပေါ့ပါးပြီး သွက်လက်နေတော့တာပင်။

" ဟာ... ကိုချမ်း အစောကြီး ပြန်တော့မှာလား "

" အင်း ငါ့ကောင်လေးကို သွားကြိုမလို့ "

"ဟီး အဲဒါဆိုလည်း မြန်မြန်သွား နောက်ကျသွား
လို့စိတ်ကောက်နေဦးမယ် "

အကြောင်းသိနေသော Reception ကကောင်မလေးက စပ်ဖြီးဖြီးလေးပြောလာတာမို့ သူ ရယ်ပြလိုက်သည်။ Sakura အကသင်တန်းတစ်ခုလုံးက သူနဲ့ ရှင်းလေးနဲ့ တွဲနေပြီဟုသာ ထင်နေတာမို့သူက အလိုက်တသိလေး ဖာသိဖာသာနေလိုက်တာပင်။

ရှင်းလေးနဲ့သူ နှစ်ယောက်တည်းသိသော အမှန်
တရားကိုတော့ တကူးတက ရှင်းပြမနေတော့။
မတော်လို့ သိသွားလျှင်လည်း ဒီလောက်အချိန်
တွေ အကြာကြီးတွဲနေပြီး ရည်းစားအဖြစ်လေး
တောင် မတိုးနိုင်ဘူးလားဆိုပြီး ဟောဒီက မောင်
ချမ်းမြေ့ကိုကိုပဲ သိက္ခာကျမှာပင်။

"ကိုယ် သွားပြီ "

Reception က ကောင်မလေးကို နှုတ်ဆက်ပြီး
လှည့်အထွက် အပေါက်ဝ တည့်တည့်ရောက်တော့

"ကိုချမ်း ..ခုမှတွေ့တော့တယ်ဗျာ ကျွန်တော်
ခုနကတောင် ကိုချမ်းဆီ ဖုန်းနေသေးတယ် "

Sakura အကသင်တန်းရဲ့အထွေထွေမန်နေဂျာ
ကိုစိုင်းက နှုတ်ဆက်လာတာမို့ ချမ်းမြေ့ လှမ်းလက်
စ ခြေလှမ်းတို့ကို ရပ်ပစ်လိုက်သည်။

"သြော်..ကိုစိုင်း ကျွန်တော့်ကို ပြောစရာရှိလို့လား"

"အဲ ရှိတယ်ဗျ ဒါ ကျွန်တော့် ညီဝမ်းကွဲလေးလေ
စိုင်းစင်ခေးဆိုင်တဲ့ သူက ကိုချမ်းကို တအားကြိုက်တာဗျ အခုလည်း အကသင်တန်းတတ်ချင်တယ်ပြောလို့ ကျွန်တော်ခေါ်လာခဲ့တာ သူက ကိုချမ်းနဲ့မှ သင်ချင်တာတဲ့ဗျ "

ကိုစိုင်းက တိုင်းရင်းသားပီပီ လေသံဝဲဝဲနှင့်
အာပေါင်အာရင်းသန်သန် ဘွင်းဘွင်းရှင်းရှင်း
ကြီး ပြောချလိုက်တာမို့ သူပါ ရယ်ချင်သွားရ
သည်။ အဲဒီနောက်တော့

"ဟာ ကိုစိုင်းကလည်း ရှက်စရာကြီး ဘာတွေ
လျှောက်ပြောနေတာလဲ " ဟူသော ရှမ်းသံဝဲဝဲ
လေးနှင့်အတူ မျက်နှာချွန်ချွန်သေးသေးလေးနဲ့
ဖြူဖြူ ပုပုကောင်လေးက ကိုစိုင်းနောက်ကနေ
လှစ်ခနဲ ထွက်လာသည်။ ထိုကောင်လေး၏ပုံစံ
သည် ဂျပန်စတိုင်လေးဖြစ်ကာ ဆံပင်လေးက
နဖူးလေးမှာဝဲကျနေပြီး ချစ်စရာကောင်းလွန်းလှတာမို့ ချမ်းမြေ့ ခဏတော့ငေးမိသွားသည်။
နောက်တော့ ကောင်လေးက သူ့ကို သွားလေး
စိရင်း ရယ်ပြလိုက်ကာ

"ဟီး.. ကိုကိုက အပြင်မှာပိုချောတယ် အရပ်က
လည်း အရှည်ကြီး "

ကောင်လေးကသူ့ကို ချစ်စဖွယ်လေးပြောလိုက်
တာမို့ ချမ်းမြေ့တစ်ယောက် ရှက်ကိုးရှက်ကန်း
ဖြင့် ဆံပင်တွေကိုပါ ဝင်းဦးစတိုင်နဲ့အမှတ်မထင်
တပ်သပ်လိုက်သည်။ အဲတာပင် ထိုကောင်လေး
က သူ့ကိုကြည့်ပြီး ပြုံးစိစိလေး ဖြစ်နေတာမို့
ချမ်းမြေ့ဟာ သွားမယ့်အရေးမသွားနိုင်သေးပဲ
ထိုအပြုံးများကြားတွင် နစ်မျောသွားရသည်။

အပြုံးတွေ... ဒီအပြုံးတွေ
ငါ့ကို ရူးအောင်လုပ်ခဲ့တဲ့ အပြုံးတွေ

ချမ်းမြေ့ဟာ ပါးချိူင့်လေးရယ် အပြုံးလေးရယ်
ကို မြင်ဖူးသယောင်ဖြစ်နေတာမို့ အကျအနပြန်
စဉ်းစားသည်။ ငါ ရင်းရင်းနှီးနှီးကို ဖြစ်နေတာ ဘာကြောင့်လဲ.. ?

အာရုံကြောတွေက ဦးနှောက်ထဲ ခုန်ပေါက်ပြေးလွှားနေရာမှ အဖြေရှိရာကို ရှာတွေ့သွားသည်။

ရှင်းလေး... သေချာတာပေါ့ သူ သိပ်ချစ်ရတဲ့ ရှင်းလေးနဲ့ တရေရာထည်း တူနေတဲ့ ပါးချိူင့်ခွက်လေး ။ ရှင်းလေးထက် အနဲငယ် သေးသယောင်ဖြစ်နေသော်လည်း ထိုကောင်လေးရဲ့ အပြုံးပုံစံလေးတွေသည် ရှင်းလေး၏ တတိယ အမြွှာဟု ထင်ရလောက်အောင်ပင် ပါးချိူင့်ခွက်လေးက တူနေလေသည်။

မျက်နှာပေါက်သာ မတူတာ ပါးချိူင့်လေးက
တစ်ပုံစံထဲရယ်.....

"ကိုချမ်း ခေးဆိုင်ကို သေချာလေးသင်ပေးလိုက်
ပါဗျာ ကိုချမ်းကိုပဲ အပ်ပါတယ် "

"အင်းပါ ကိုစိုင်းရာ ပြောစရာမလိုပါဘူး ကိုစိုင်း
ညီလေးကလည်း ကျွန်တော့် ညီလေးပဲဟာ
ကိုယ်ဖိရင်ဖိ သင်ပေးမှာပေါ့ "

" အာ... ကျေးဇူးပါ ကိုချမ်း "

"ရပါတယ် မလိုပါဘူး ကိုစိုင်း အဲတော့ ခေးဆိုင်
ကိုယ့်ဖုန်းနံပါတ် ယူထားလိုက်နော် ကိုယ်လတ်တလောတော့ မအားသေးဘူး ပွဲတွေ ဆက်နေလို့ နောက်အပတ်လောက် ခေးဆိုင် အားမယ့်နေ့ ကိုယ့်ဆီဖုန်းလှမ်းချိတ်လိုက်နော် ကိုယ်အခုသွားရတော့မယ် ကိုယ့်ကောင်လေး .....အင်း ကိုယ့်သူငယ်ချင်းတစ်ယောက်ကိုကြိုစရာရှိလို့ "

ချမ်းမြေ့သည် ခေးဆိုင်ဖုန်းထဲမှာ သူ့ဖုန်းနံပါတ်
သူ Contact မှတ်ပေးခဲ့လိုက်ကာ ကားပေါ်သို့
အမြန်ပြေးတတ်လျက် ရှင်းလေး၏ သင်တန်းသို့
မောင်းထွက်ခပ်မြန်မြန် မောင်းထွက်လာရတော့
သည်။ နာရီကိုကြည့်တော့ သင်တန်းဆင်းချိန်
ထက် ငါးမိနစ်လောက်ပင် နောက်ကျနေပြီ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အဲဒီတော့ မင်းကကိုယ့်ကို မယူချင်လို့ဂျပန်
ထွက်ပြေးသွားတယ်ပေါ့ "

"ရှင့်ကိုမှ မဟုတ်ပါဘူး တခြား ဘယ်ယောကျ်ားကိုမှ မယူချင်တာ "

ထူးထက်ခေါင်သည် လက်ထဲက ဟော့ဒေါ့ချောင်းကိုစိန်ပြေနပြေ ကိုက်ချလိုက်လျက် သူ့ကို နဲနဲ
လေးမှ အားနာပုံ မရပဲ အစားအသောက်မပျက်
ပြောနေသော ရွှန်းမြတ်နိုးပိုင်ဟူသောမိန်းကလေးကို မျက်ခုံးပင့်ကြည့်လိုက်မိသည်။

သူ မကျေနပ်သော ကိစ္စကို အလုပ်ပျက်ခံပြီး
ကော်ဖီဆိုင်ထိုင် ရှင်းနေခြင်း ဖြစ်သော်လည်း
ရွှန်းမြတ်နိုးပိုင် ဟူသော ထိုမိန်းကလေးကတော့
အေးအေးဆေးဆေးရှိလှကာ သူရှိနေတာကို နဲနဲ
လေးတောင် ရှိန်သည့်ပုံ ဂရုစိုက်သည့်ပုံ မပေါ်ပါ။

"ဒါဆို မင်းပြန်မလာခင်က မင်းနေရာမှာ မင်း
မောင်လေးကို အစားထိုးထည့်ထားတယ်ဆိုပါ
တော့ "

"ဟုတ်တယ်လေ.. အဲဒါတွေ ရွှန်းဘာမှမသိဖူးနော်
အဲဒါ မေမေနဲ့တီလေး အကြံအစည် "

"အဲဒါဆို မင်းက အစကတော့ ငါနဲ့မယူချင်လို့
ထွက်ပြေးပြီးတော့ ခုချိန်ကျမှ ပြန်လာတယ်
ဆိုတော့ အခု ငါ့ကိုယူတော့မယ်ဆိုတဲ့ သဘော
လား "

"အံမယ် လေသံကိုက ဒီမှာ ဟေ့လူကြီး ကျွန်မက
လည်း ရှင့်ကို ယူချင်လွန်းလို့ မဟုတ်ပါဘူးနော်
မေမေတို့ စိတ်ဆင်းရဲနေမှာစိုးလို့ လက်ခံလိုက်ရုံ
တင် ။ပြီးတော့ ကျွန်မအစားဟန်ဆောင်နေရတဲ့
ကျွန်မမောင်ကို သနားလို့ ရှင် ဘာတွေပြောထား
လဲတော့မသိဘူး သူ့ခမျာ ဟန်ဆောင်ပြီးကတည်း
က တမှိုင်မှိုင်တထွေထွေ ဖြစ်နေတာတဲ့ အဲဒါရှင့်
ကြောင့် "

ကိုယ်နဲ့ ပတ်သက်ခဲ့ရတဲ့ အချိန်တွေမှာ မင်း
တကယ်ပဲ မပျော်ခဲ့တာလား ရှင်း.... ။ ကိုယ်
ကေတာ့ အခုထိမင်းကို လွမ်းမိနေတုန်းပဲ ။

" သူအခုရော ဘာတွေ လုပ်နေလဲ "

"ကျွန်မမောင်လား သူမှာဘာလုပ်စရာရှိမှာလဲ
သူ ဝါသနာပါတဲ့ဒီဇိုင်းတွေဆွဲမယ် သင်တန်းတွေ
တတ်တယ် ဒီလောက်ပဲလေ ဟေ့ ဒီကို အာလူးမာလာ တစ်ပွဲထပ်ပေးပါဦး ဟေ့ လူကြီး ရှင်ကျွေးမယ်လို့ ကတိပေးထားပြီးသားနော် "

"အေးပါကွာ... "

စက်သေနတ်ပစ်သလို စကားကို တရစပ်ပြော
နေရသည်မှာ ရွှန်းမြတ်နိးပိုင် ဆိုသော ထို
မိန်းကလေး၏ပင်ကိုစတိုင်လားမသိ။ အခုမှ
တကယ့် ဓာတ်ပုံထဲက ရွှန်းမြတ်နိးပိုင် ပြန်ပြီး
အသက်ဝင်လာသည်ဟု ထင်မိသည်။

အခုလည်း သူဘက်ကစပြီး ဆံပင်ဆွဲမိသော
ကြောင့် တောင်းပန်တဲ့ အနေနဲ့ ကော်ဖီတိုက်
မယ် စားချင်တာလိုက်ကျွေးမယ်ပြောပြီး ကျေ
အေးလိုက်တာကို ကျေနပ်သွားပုံရကာ လူလေး
နဲ့မှမလိုက်တစ်ဆိုင်လုံး အပိုင်သိမ်းမည့်စတိုင်နှင့် Menu ပေါ်ရှိသမျှ အစားအသောက်အားလုံး
တစ်မျိူးပြီးတစ်မျိူး မှာစားနေတာမို့ သူမှာကလေးဆန်လှသော ထိုအမျိူးကောင်းသမီးလေးကို စိတ်ထဲကနေသာ ကြိတ်ရယ်နေမိတော့သည်။

ရှင်းမြတ်နိုးပိုင် ဆိုသောကောင်လေးနဲ့တော့ ဆီနဲ့ရေ ပင်။

"ဒါနဲ့မင်းရဲ့ မောင်က Facebook တွေ ဘာတွေ မသုံးဘူးလား "

"ဟင့်အင်း ရှင်း Facebook သုံးတယ်ရယ်လို့ မကြားမိပါဘူး သူက IG နဲ့ Twitter လောက်ပဲသုံးတာ ဒါနဲ့ နေပါဦး ရှင်က ကျွန်မနဲ့ယူမှာလား ကျွန်မမောင်နဲ့ယူမှာလား ဘာလို့ သူ့အကြောင်းတွေပဲ လာမေးနေရတာပဲ "

"အဟမ်း...ကိုယ်တို့က အမျိူးတော်ရမှာဆိုတော့
အနဲအကျဉ်းတော့ သိသင့်တာပေါ့ "

ထူးထက်ခေါင်က သူ့ကိုစေ့စေ့ပေါက်ပေါက်နဲ့
ပြန်မေးခွန်းထုတ်နေသောခပ်စွာစွာကောင်မလေး
ကိုတဖြေးဖြေးနဲ့ လန့်လာရသည်။ ဘာမှကိုအပြောမခံ သူပြောသမျှ တစ်ခွန်းမကျန် ပြန်ချေပနိုင်သော အာဂ မိန်းကလေးပါပင်။

အဲဒီနောက်တော့ သူလည်း စကားစကို ဖြတ်ချ
လျက် ဘာမှဆက်မမေးတော့ပဲ ရှေ့က Espresso ခါးခါးတစ်ခွက်ကိုသာ စိတ်ပါလက်ပါ ငုံ့သောက်နေလိုက်သည်။ ကော်ဖီလေးငုံ့သောက်လို့အပြီး မျက်စိက ဆိုင်တံခါးပေါက်စီ အရောက်မှာတော့ ဆိုင်တံခါးကိုတွန်းဖွင့်ဝင်လာသော ပန်းရောင် Pink Panther တီရှပ်ဝတ်ထားသော ကောင်လေးနဲ့အတူ ခပ်ချောချောကောင်တစ်ကောင်က ရယ်မောလျက် အတူဝင်လာသည်မို့ နားထင်ကျောများက လှစ်ခနဲထောင်သွားသည်။

ညီ ပါလား.... ။ ဒါနဲ့ ညီဘေးနားက ကောင်ကို
မြင်ဖူးနေသလိုလိုပဲ..။ နေပါဦး အဲကောင်က...

ထူးထက်ခေါင် သည်မျက်မှောင်ကြီး ကြုံ့လျက်
တစ်ယောက်တည်း ကျိတ်တွေးနေမိသည်။ ရွှန်း
မြတ်နိုးပိုင်ကို ကြည့်တော့လည်း အာလူးမာလာ
တစ်ဖတ်ချင်းကို သွားကြားထိုးတံလေးနဲ့ ထိုးစား
လျက် ဖုန်းပွတ်နေတာမို့ သူတစ်ယောက်တည်း
ဖြစ်ပျက်နေတာကို မြင်သည့်ပုံမပေါ်။

သူ မှတ်မိပြီ။ အဲကောင်က သူ့မွေးနေ့တုန်းက
ဆူရှီဆိုင်ကို ညီနဲ့ နှစ်ယောက်အတူလာတုန်းက
ဘေးဝိုင်းကနေ သူ့ကိုဂြိုလ်ကစ်နေသည့်ကောင်။

သူနဲ့ ညီက ဘယ်လိုပတ်သက်နေရတာလဲ... ။

ထူးထက်ခေါင်သည် ညီတို့ နှစ်ယောက်ကို ကြည့်
နေရင်း သဝန်တိုစိတ်တွေက အမြင့်ဆုံးဒီဂရီထိ
တတ်လာကာ သွားသောင်းကျန်ပစ်ချင်လာသည်။

တစ်ခါတစ်ခါ ညီနဲ့တွေ့လျှင် နူးညံ့တဲ့ သူ့စိတ်
တွေက အလိုအလျောက် အရိုင်းဆန်လာသည်။
အဲတာကိုပင် သူရဲဘောကြောင်နေသေးသည့်
ဦးနှောက်က ညီ့ကိုချစ်သည်ဟု ဝန်မခံချင်သေး။

နှလုံးသားနှင့်ဦးနှောက်သည် ထူးထက်ခေါင်၏
ဆုံးဖြတ်နိုင်စွမ်းဟူသော ကြိုးဝိုင်းထဲတွင် အခုထိ အနိုင်ခံ အရှုံးမပေးယှဉ်ပြိုင်နေဆဲ ဖြစ်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဒီနေ့ သင်တန်းက နောက်ကျမှ ဆင်းလို့နော်
တကယ်တမ်း မင်းလာကြိုတာ နောက်ကျတယ် "

"ရှင်းလေးကလည်း ရစ်ပြီကွာ ငါဘယ်တုန်းက
မင်းကို လာကြိုတာ နောက်ကျဖူးလို့တုန်း ဒီနေ့
တစ်ရက်လေးပဲကို "

"နောက်တစ်ခါ နောက်ကျရင်မစောင့်ဘူး နေပူထဲ
ရပ်စောင့်ရတာကို မုန်းတယ် "

"အေးပါ နောက်ကျရင် ထီးမှာ အဲယားကွန်းတပ်
ပေးမယ် သိလား "

" wtf...."

ရှင်းလေးက ချမ်းမြေ့ကို ကြည့်ရင်း အသံတိတ်
ဆဲလိုက်တာမို့ ချမ်းမြေ့က စပ်ဖြီးဖြီးရယ်ပြလိုက်
သည်။

ထို့နောက် ကော်ဖီဆိုင် အတွင်းပိုင်းရှိ စားပွဲ
တစ်လုံးမှာ နှစ်ယောက်သား နေရာယူလျက်
Menu ကိုကြည့်ကာ အတိုးချမှာတော့သည်။

"ရှင်းလေး Strawberries Milkshake ပဲလား "

"အွန်း ...."

သူ့အကြိုက်ကို သိနေသော ချမ်းမြေ့က ဘာဆို
ဘာမှပြောစရာမလိုအောင်လိုလေသေးမရှိ လုပ်
ပေးနေတာမို့ ရှင်းလေးက ချမ်းမြေ့ကို မျက်
တောင်မခတ် ငေးကြည့်နေမိသည်။ ချမ်းမြေ့
သည် တစ်ခါတစ်ခါကြောက်စရာကောင်းသလို
တစ်ခါတစ်ခါကျတော့လည်း ချစ်စရာကောင်း
နေပြန်သည်။

သူ့ဘေးနားမှာ အချိန်တိုင်းလိုလို အတူရှိနေပေးတဲ့ ချမ်းမြေ့ကို တစ်ခါတစ်လေကျတော့လည်း အားနာရကာ ဘဝတစ်ခုလုံးကိုပင် ချမ်းမြေ့အပေါ်ပုံအပ်လိုက်ရမလားဟု ရူးရူးမိုက်မိုက်လည်း တွေးမိပြန်သည်။

ချမ်းမြေ့နေရာမှာ Bro သာဆို ဘယ်လောက်
တောင်ကောင်းလိုက်မလဲလေ..... ။

" ချမ်းမြေ့ "

" မင်းဘာလို့ ငါ့ကို အမြဲဂရုစိုက်နေရတာလဲ "

ရှင်းလေးက မထင်မှတ်ထားတာကို မေးလာတာ
မို့ချမ်းမြေ့က Menu ကတ်ထဲ ခေါင်းစိုက်နေရင်း
မွ မျက်ခုံးပင့်ကြည့်လာသည်။

" မင်း အခုထိ မသိဘူးလား ရှင်း "

"ငါသိတယ် ချမ်းမြေ့ ဒါပေမဲ့ မင်းပြောတာကို
ငါ ထပ်ကြားချင်လာလို့ "

"ဘယ်လို မင်းတကယ်ပြောနေတာလား ရှင်း
ဒါမှမဟုတ် ထပ်ပြီး အနမ်းခံချင်........ "

"မနောက်နဲ့ ချမ်းမြေ့ ငါအတည်မေးနေတာ "

"ချစ်တယ် ရှင်း မင်းကို ငါကအရမ်းချစ်တာ တစ်
ဘဝလုံး မင်းတစ်ယောက်တည်းကိုပဲ ငါမြင်ခဲ့တာ
ပြီးတော့ ဒီအချစ်တွေက ဘယ်တော့မှပြောင်းလဲ
မှာလည်းမဟုတ်ဘူး"

ချမ်းမြေ့က ရှင်းလေး၏ မျက်ဝန်းတွေကို တည့်
တည့်စိုက်ကြည့်ပြီးပြောနေရင်း လက်ဖျားလေး
တွေကိုပါ အုပ်ကိုင်လိုက်သည်။

ရှင်းလေးကလည်း ကိုယ့်လက်ဖမိုးပေါ်မှ ဆုပ်
ကိုင်လာသော ချမ်းမြေ့၏ လက်တွေကြောင့်
ချွေးစီးများပြန်လာပြီး ထိုလက်တွေအောက်က
ခပ်မြန်မြန် ရုန်းဖယ်လိုက်ကာ

" ငါ... Toilet ခဏသွားဦးမယ် ချမ်းမြေ့ "

ဟု ဆိုလိုက်လျက် စားပွဲဝိုင်းဆီမှ ဝုန်းခနဲ ထလာ
ခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထူးထက်ခေါင်က မလှမ်းမကမ်းဝိုင်းမှာ ရှိနေတဲ့
ညီတို့ဝိုင်းဘက်ကို မသိမသာ အကဲခတ်နေရင်းမှ
ညီ ထသွားသည်ကို မြင်လိုက်သည်နှင့် နောက်ကနေ ကုတ်ချောင်းကုတ်ချောင်းနဲ့ထလိုက်လာခဲ့သည်။

ကိုယ့် မျက်စိိရှေ့မှာ ရှိနေတာမို့ ဒီတစ်ခါတော့
ညီ့ကိုအလွတ်ပေးလို့မဖြစ် ။

" ညီ...."

ရှင်းလေးသည် Urinal မှာဆီးသွားနေရင်း
ဘေးနားကနေ ရုတ်တရက် ပေါ်လာတဲ့ Bro ရဲ့
အသံသြသြနဲ့အတူ ပိတ်ရပ်လာတဲ့ ကိုယ်လုံးကြီး
ကြောင့် လန့်ဖျပ်ပြီး ထွက်နေလက်စ ဆီးတွေပါ အထဲ ပြန်ဝင်ချင်သလို ဖြစ်သွားသည်။

ထူးထက်ခေါင်ကလည်း ရှေ့မကြည့် နောက်
မကြည့်နဲ့ Toilet ထဲ ဇွတ်ဝင်လာပြီးမှ Urinal မှာဆီးသွားနေသော ရှင်းလေးကို မြင်လိုက်တာမို့
အိုးတန်းအန့်တန့် ဖြစ်သွားလျက် နောက်ဆုတ်
ရမလို ရှေ့တိုးရမလိုနဲ့ တစ်ဖက်သို့ မျက်နှာကို
မြန်မြန်လွှဲဖယ်လိုက်ရသည်။

ထူးထက်ခေါင် မျက်နှာလွှဲလိုက်သည်ကို အခွင့်
ကောင်းယူပြီး ရှင်းလေးက ဘောင်းဘီဇစ်ကို
ခပ်မြန်မြန်ဆွဲပိတ်ကာ ဘေစင်သို့သွားပြီး လက်
ကို ဆပ်ပြာရည်နဲ့ မြန်မြန်ဆေးလိုက်သည်။
လက်ရေဆေးပြီး နောက်သို့အလှည့် ထူးထက်
ခေါင်၏ ကိုယ်လုံးကြီးကမပြောမဆိုနဲ့ အုပ်မိုးလာတာမို့ ရှင်းလေး၏ ကိုယ်သေးသေးလေးက
ထူးထက်ခေါင် ရဲ့ ကိုယ်ထဲ နစ်ဝင်သွားရကာ
ဘေစင်သို့ပက်လက်လှန်ပြီး ယိုင်ကျသွားသည်။

"ညီ... မင်းဘာလို့ ကိုယ့်ကို ရှောင်ပြေးနေတာလဲ
လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက မင်းသိပ်သိချင်တဲ့
အဖြေကိုပေးဖို့ ကိုယ်မင်းကို လိုက်ရှာနေရတာ "

ထူးထက်ခေါင်က ရှင်းလေးရဲ့ ပုခုံးတွေကို ခပ်
ကြမ်းကြမ်းဆုပ်ကိုင်ကာ သူ့မျက်နှာကိုလည်း
ရှင်းလေး၏ မျက်နှာပေါ်သို့ အုပ်မိုးထားလေသည်။

"ညီ.. မင်းဆီက ကိုယ်သိပ်ကြားချင်နေတဲ့ စကား
တစ်ခွန်းရှိတယ် "

ထူးထက်ခေါင် က ပြောရင်းနဲ့ ရှင်းလေး၏
မျက်နှာနားသို့ သူ့မျက်နှာကို နီးသထက်နီး
အောင်တိုးကပ်လာသည်။ ရှင်းလေးကလည်း
ထူးထက်ခေါင်၏ အပြုအမူတွေကို နားမလည်
နိုင်စွာပင် မျက်တောင်မခတ် ငေးနေမိသည်။

ထို့နောက် ထူးထက်ခေါင်၏ နှုတ်ခမ်းများသည်
ရှင်းလေး၏ နှုတ်ခမ်းဖျားဆီသို့ ဖြေးဖြေးချင်းတိုးကပ်လာခဲ့သည်။ အနီးကပ်ဆုံးအခြေအနေသို့
ရောက်လုနီးပါးဖြစ်သောအခါ ဘယ်သူ့ဆီက
လာမှန်းမသိသော ဒိတ်ခနဲ နှလုံးခုန်သံက ကျယ်
လောင်စွာ ထွက်လာသည်။

ရှင်းလေးကလည်း ထူးထက်ခေါင်၏ ကိုယ်လုံး
အောက်တွင်နစ်ဝင်နေပြီး ရင်ဘတ်ကို သူ့လက်
ဖဝါးတွေနဲ့တွန်းထားကာ မျက်လုံးလေးက ပေ
ကလပ်ပေကလပ် ဖြစ်နေလေသည်။ ထို့နောက်
ဖြတ်ခနဲသတိဝင်လာပြီး ထူးထက်ခေါင်ကို အား
ပြင်းပြင်း တွန်းထုတ်လိုက်လျက်

"ခင်ဗျား လူမှားနေပြီ ကျွန်တော်က ခင်ဗျားပြော
နေတဲ့ ညီ... မဟုတ်ဘူး"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Bro ဆိုတာ ကျွန်တော် ဖမ်းဆုပ်ခွင့်မရှိ
ထိကပ်ခွင့်မရှိတဲ့ ဟိုးအမြင့်ကြီးက
တိမ်မျှင်တစ်စလိုပဲ.......

လေတစ်ချက်ဝှေ့တိုင်း တစ်ခါဝေးနေရဉီးမယ် Bro 

ရှင်းမြတ်နိုးပိုင်

~~~~~~~~~~

Zawgyi

ေသာ္တာသည္ ေဘာ့စ္ ႏွင့္ သူ႕ဇနီးေလာင္းတို႔ကေလး ကစားသလို တစ္ေယာက္ဆံပင္ တစ္ေယာက္ ဆံပင္ေဆာင့္ဆြဲေနၾကပုံကိုၾကည့္ရင္း ၾကက္ေသေသေနမိသည္။

ဘယ္လိုျမင္ကြင္းမ်ိဴးႀကီးလဲ.... ?

ေဘာ့စ္သည္လည္း Company မွာ တည္ၿငိမ္ခန႔္ညားၿပီးစည္းကမ္းႀကီးလွေသာ လူတကာ ခ်စ္ေၾကာက္ရိုေသရတဲ့ ေဘာ့စ္ ထူးထက္ေခါင္၏ အသြင္ပင္ေပ်ာက္ေနကာ ကေလးတစ္ေယာက္လို ျဖစ္ေနတာမို႔ ၾကည့္ရင္း ရယ္ခ်င္လာကာ ဟီးခနဲ ရယ္ခ်လိဳက္သည္။

" ဘာရယ္တာလဲ.... "

ေသာ္တာရယ္ေနတာကို ျမင္သြားေသာ Boss ကသူ႕ ဇနီးေလာင္း၏ ဆံပင္ကို ေစာင့္ဆြဲေနရာမွ ကိုယ္ေနဟန္ထားကို ျပင္လိုက္ကာ ေသာ့္တာကိုစိတ္ဆိုးသြားသည့္ဟန္ ရႈတည္တည္နဲ႕လွမ္းေမးလိုက္တာမို႔ ေသာ္တာက လက္ထဲက ကိုင္လာေသာ အစည္းအေဝး မွတ္တမ္းဖိုင္ေလးေတြကိုတုန္တုန္ရီရီနဲ႕ စားပြဲေပၚတင္လိုက္ၿပီး

"အစည္းအေဝး မွတ္တမ္း လာပို႔တာပါ ေဘာ့စ္ေသာ္တာ လုပ္စရာရွိေသးလို႔သြားမယ္ေနာ္ "

ဟုဆိုလိုက္လ်က္ အခန္းထဲက ေျခလွမ္းသြက္သြက္ျဖင့္ ထြက္ခဲ့လိုက္သည္။

ေဘာ့စ္ စိတ္ဆိုးၿပီးအလုပ္ျဖဳတ္ပစ္လိုက္မွ ဒုကၡ။

ေသာ္တာက ႐ုံးခန္းတံခါးကို အသာအယာ
ပိတ္ၿပီး ထြက္သြားေတာ့မွ ထူးထက္ေခါင္က
က ႐ႊန္း႐ႊန္းဘက္ မ်က္ေမွာင္တြန႔္ၾကည့္လိုက္ ကာ

"မင္း ဘာလို႔ မေျပာမဆိုနဲ႕ ငါ့ဆံပင္ကို လာဆြဲရတာလဲကြ အခု ငါ့အတြင္းေရးမႉး ျမင္သြားၿပီ ဘယ္ႏွယ့္လုပ္မလဲ "

"အံမယ္ သူကပဲ ေျပာရတယ္ရွိေသး ရွင္အရင္
မေျပာမဆိုနဲ႕ ကြၽန္မ ဆံပင္ကို လာဆြဲတာေလ
မိန္းကေလး တစ္ေယာက္ကို အာ့ေလာက္ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံရလား CEO ႀကီးရဲ႕ "

ထူးထက္ေခါင္သည္ ကိုယ့္ကို ကတ္ကတ္လန္
ေအာင္ ရန္ျပန္ေတြ႕ေနေသာ မိန္းကေလးကို တအံ့တၾသ စိုက္ၾကည့္လိုက္ကာ

" မင္း ဆံပင္က အတုမဟုတ္ဖူးလား "

"ဘယ္ပ အတုရမွာလဲ မေန႕ကမွ ပုံစံေျပာင္း
ထားတဲ့ ဆံပင္ေလးကိုမ်ား ရာရာစစ အေမ
ေမြးေပးထားတဲ့ဆံပင္ စစ္စစ္ရွင့္ အတုဆိုရင္
ျပဳတ္ထြက္လာမွာေပါ့ ရွင့္ အားႀကီးနဲ႕ ..... "

ထိုမိန္းကေလးသည္ သူဆြဲထားသျဖင့္ ရႈပ္ပြေန ေသာ ဆံပင္ေတြကို ျပန္သပ္တင္ေနရင္း ပါးစပ္ ကလည္း ပြစိပြစိေျပာေနေသး၏။ အဲတာကိုပင္ သူ မေက်နပ္နိုင္ေသး။ ညီ ဟန္ေဆာင္ထားတာ ဟုတ္မဟုတ္ ဒီထက္ပိုေသခ်ာေအာင္ အတည္ျပဳခ်င္ေသးသည္။

" ညီ..... ဘာလို႔ ပီပီရိရိ ဟန္ေဆာင္ေနရတာလဲ ကိုယ့္ကို အမွန္အတိုင္း ဝန္ခံစမ္းပါ မင္းက ညီ မလား "

ထူးထက္ေခါင္ က ႐ႊန္း႐ႊန္း ရဲ႕ ပုခုံးေတြကိုသူ႕လက္နဲ႕ ခပ္ၾကမ္းၾကမ္း ဖိကိုင္လ်က္ေျပာလိုက္ တာမို႔ ႐ႊန္း႐ႊန္းက ကိုယ္ကိုအေနာက္သို႔ဆုတ္လိုက္ကာ

"ဘယ္က ညီလဲ ဘာေတြလာေျပာေနတာလဲ
ကြၽန္မ မိန္းကေလး စစ္စစ္ပါ ဦးေလးႀကီးရယ္
႐ႊန္းျမတ္နိးပိုင္ စစ္စစ္ပါ "

ထို မိန္းကေလး၏ မ်က္လုံးေတြမွာ လိမ္ညာေန
တဲ့အရိပ္အေယာင္ နဲနဲေတာင္ မေပၚတာမို႔ သူ
ေခါင္းစားသြားရျပန္သည္။

ဘာေတြျဖစ္ကုန္တာလဲ သူ မသိေတာ့။

ညီ့ အေၾကာင္းစဥ္းစားလိုက္႐ုံနဲ႕ အရာရာတိုင္းကိုေဝဖန္ပိုင္းျခားနိုင္တဲ့ အသိဉာဏ္ေတြ သူ႕မွာေပ်ာက္ဆုံးကုန္ၿပီလား?။

ေသခ်ာတာတစ္ခုကေတာ့ အခု သူ႕ မ်က္စိေရွ႕
မွာရွိေနေသာ ျမတ္နိုးသည္ သူ ခ်စ္ေရးဆိုခဲ့ေသာျမတ္နိုးမဟုတ္တာကိုေတာ့ သူ႕စိတ္ထဲက အလို
လိုကို သိေနေလသည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

" One two three four, Five six seven
Go..... One two three four ေတာ္ၿပီကြာ
နားေတာ့မယ္ "

ခ်မ္းေျမ့သည္ မွန္ေရွ႕တြင္ ထပ္ခါတလဲလဲ အကတိုက္ေနရင္း ရွင္းေလးကို ႀကိဳရမယ့္အခ်ိန္နီးလာတာမို႔ လူက ဂဏွာမၿငိမ္ျဖစ္လာေလသည္။တစ္ေန႕လုံးနီးပါး အကတိုက္ထားရတာေၾကာင့္ေညာင္းကိုက္ေနေသာ ခႏၶာကိုယ္ကို အေၾကာေလ်ာ့လိုက္ရင္း စားပြဲေပၚကေရသန႔္ဖူးကို ယူကာ လက္က်န္ေရေလးကိုေမာ့လိုက္လိုက္သည္။ ထို႔ေနာက္ ဝုန္းခနဲ ထရပ္လိုက္လ်က္ တဘက္နဲ႕ေခြၽးစေတြကိုသုတ္လိုက္ကာ

"ငါ သြားႏွင့္မယ္ ရွင္းေလးကို သြားႀကိဳရဦးမွာမို႔ မင္းတို႔က်န္တာ အၿပီးတိုက္ထားလိုက္ေတာ့ "

က်န္တဲ့အဖြဲ႕သားအားလုံးကို မွာလိုက္ၿပီး ကား
ေသာ့ကိုယူကာ သင္တန္းခန္းမထဲက သြက္လက္
ေသာ ေျခလွမ္းမ်ားျဖင့္ ထြက္လာခဲ့သည္။

နာရီကိုၾကည့္ေတာ့ ရွင္းေလး သင္တန္းဆင္းခ်ိန္
က နာရီဝက္တိတိ လိုေနေသးသည္။ အဲလိုပဲ
ရွင္းေလးနဲ႕ေတြ႕ရမယ္ဆိုတိုင္း သူ႕စိတ္ေတြက
ေပါ့ပါးၿပီး သြက္လက္ေနေတာ့တာပင္။

" ဟာ... ကိုခ်မ္း အေစာႀကီး ျပန္ေတာ့မွာလား "

" အင္း ငါ့ေကာင္ေလးကို သြားႀကိဳမလို႔ "

"ဟီး အဲဒါဆိုလည္း ျမန္ျမန္သြား ေနာက္က်သြား
လို႔စိတ္ေကာက္ေနဦးမယ္ "

အေၾကာင္းသိေနေသာ Reception ကေကာင္မေလးက စပ္ၿဖီးၿဖီးေလးေျပာလာတာမို႔
သူ ရယ္ျပလိုက္သည္။ Sakura အကသင္တန္း
တစ္ခုလုံးက သူနဲ႕ ရွင္းေလးနဲ႕ တြဲေနၿပီဟုသာ
ထင္ေနတာမို႔သူက အလိုက္တသိေလး ဖာသိ
ဖာသာေနလိုက္တာပင္။

ရွင္းေလးနဲ႕သူ ႏွစ္ေယာက္တည္းသိေသာ အမွန္ တရားကိုေတာ့ တကူးတက ရွင္းျပမေနေတာ့။
မေတာ္လို႔ သိသြားလွ်င္လည္း ဒီေလာက္အခ်ိန္
ေတြ အၾကာႀကီးတြဲေနၿပီး ရည္းစားအျဖစ္ေလးေတာင္ မတိုးနိုင္ဖူးလားဆိုၿပီး ေဟာဒီက ေမာင္ ခ်မ္းေျမ့ကိုကိုပဲ သိကၡာက်မွာပင္။

" ကိုယ္ သြားၿပီ "

Reception က ေကာင္မေလးကို ႏႈတ္ဆက္ၿပီး
လွည့္အတြက္ အေပါက္ဝ တည့္တည့္ေရာက္ေတာ့

"ကိုခ်မ္း ..ခုမွေတြ႕ေတာ့တယ္ဗ်ာ ကြၽန္ေတာ္ခုနက ေတာင္ ကိုခ်မ္းဆီ ဖုန္းေနေသးတယ္ "

Sakura အကသင္တန္းရဲ႕အေထြေထြမန္ေနဂ်ာ
ကိုစိုင္းက ႏႈတ္ဆက္တာမို႔ ခ်မ္းေျမ့ လွမ္းလက္ စ ေျခလွမ္းတို႔ကို ရပ္ပစ္လိုက္သည္။

"ေၾသာ္..ကိုစိုင္း ကြၽန္ေတာ့္ကို ေျပာစရာရွိလို႔လား"

"အဲ ရွိတယ္ဗ် ဒါ ကြၽန္ေတာ့္ ညီဝမ္းကြဲေလးေလစိုင္းစင္ေခးဆိုင္တဲ့ သူက ကိုခ်မ္းကို တအားႀကိဳက္တာဗ် အခုလည္း အကသင္တန္းတတ္ခ်င္တယ္ေျပာလို႔ ကြၽန္ေတာ္ေခၚလာခဲ့တာ သူက ကိုခ်မ္းနဲ႕မွ သင္ခ်င္တာတဲ့ဗ် "

ကိုစိုင္းက တိုင္းရင္းသားပီပီ ေလသံဝဲဝဲႏွင့္ အာေပါင္အာရင္းသန္သန္ ဘြင္းဘြင္းရွင္းရွင္းႀကီး ေျပာခ်လိဳက္တာမို႔ သူပါ ရယ္ခ်င္သြားရ
သည္။ အဲဒီေနာက္ေတာ့

"ဟာ ကိုစိုင္းကလည္း ရွက္စရာႀကီး ဘာေတြ ေလွ်ာက္ေျပာေနတာလဲ " ဟူေသာ ရွမ္းသံဝဲဝဲေလးႏွင့္အတူ မ်က္ႏွာခြၽန္ခြၽန္ေသးေသးေလးနဲ႕ျဖဴျဖဴ ပုပုေကာင္ေလးက ကိုစိုင္းေနာက္ကေန လွစ္ခနဲ ထြက္လာသည္။ ထိုေကာင္ေလး၏ပုံစံသည္ ဂ်ပန္စတိုင္ေလးျဖစ္ကာ ဆံပင္ေလးက နဖူးေလးမွာဝဲက်ေနၿပီး ခ်စ္စရာေကာင္းလြန္းလွတာမို႔ ခ်မ္းေျမ့ ခဏေတာ့ေငးမိသြားသည္။ ေနာက္ေတာ့ ေကာင္ေလးက သူ႕ကို သြားေလးစိရင္း ရယ္ျပလိုက္ကာ

"ဟီး.. ကိုကိုက အျပင္မွာပိုေခ်ာတယ္ အရပ္က
လည္း အရွည္ႀကီး "

ေကာင္ေလးကသူ႕ကို ခ်စ္စဖြယ္ေလးေျပာလိုက္ တာမို႔ ခ်မ္းေျမ့တစ္ေယာက္ ရွက္ကိုးရွက္ကန္းျဖင့္ ဆံပင္ေတြကိုပါ ဝင္းဦးစတိုင္နဲ႕အမွတ္မထင္ တပ္သပ္လိုက္သည္။ အဲတာပင္ ထိုေကာင္ေလးက သူ႕ကိုၾကည့္ၿပီး ၿပဳံးစိစိေလး ျဖစ္ေနတာမို႔ ခ်မ္းေျမ့ဟာ သြားမယ့္အေရးမသြားနိုင္ေသးပဲ ထိုအၿပဳံးမ်ားၾကားတြင္ နစ္ေမ်ာသြားရသည္။

အၿပဳံးေတြ... ဒီအၿပဳံးေတြ
ငါ့ကို ႐ူးေအာင္လုပ္ခဲ့တဲ့ အၿပဳံးေတြ

ခ်မ္းေျမ့ဟာ ပါးခ်ိဴင့္ေလးရယ္ အၿပဳံးေလးရယ္ ကို ျမင္ဖူးသေယာင္ျဖစ္ေနတာမို႔ အက်အနျပန္ စဥ္းစားသည္။ ငါ ရင္းရင္းႏွီးႏွီးကို ျဖစ္ေနတာ ဘာေၾကာင့္လဲ.. ?

အာ႐ုံေၾကာေတြက ဦးႏွောက္ထဲ ခုန္ေပါက္ေျပးလႊားေနရာမွ ေနရာမွန္ကို ေရာက္သြားသည္ ထင္သည္။ ရွင္းေလး... ေသခ်ာတာေပါ့ သူ သိပ္ခ်စ္ရတဲ့ ရွင္းေလးနဲ႕ တေရရာထည္း တူေန တဲ့ ပါးခ်ိဴင့္ခြက္ေလး ။ ရွင္းေလးထက္ အနဲငယ္ ေသးသေယာင္ျဖစ္ေနေသာ္လည္း ထိုေကာင္ေလးရဲ႕ အၿပဳံးပုံစံေလးေတြသည္ ရွင္းေလး၏ တတိယ အႁမႊာဟု ထင္ရေလာက္ေအာင္ပင္ ပါးခ်ိဴင့္ခြက္ေလးက တူေနေလသည္။

မ်က္ႏွာေပါက္သာ မတူတာ ပါးခ်ိဴင့္ေလးက
တစ္ပုံစံထဲရယ္.....

"ကိုခ်မ္း ေခးဆိုင္ကို ေသခ်ာေလးသင္ေပးလိုက္ပါဗ်ာ ကိုခ်မ္းကိုပဲ အပ္ပါတယ္ "

"အင္းပါ ကိုစိုင္းရာ ေျပာစရာမလိုပါဖူး ကိုစိုင္းညီေလးကလည္း ကြၽန္ေတာ့္ ညီေလးပဲဟာ ကိုယ္ဖိရင္ဖိ သင္ေပးမွာေပါ့ "

" အာ... ေက်းဇူးပါ ကိုခ်မ္း "

"ရပါတယ္ မလိုပါဖူး ကိုစိုင္း အဲတာ ေခးဆိုင္
ကိုယ့္ဖုန္းနံပါတ္ ယူထားလိုက္ေနာ္ ကိုယ္
လတ္တေလာေတာ့ မအားေသးဖူး ပြဲေတြ
ဆက္ေနလို႔ ေနာက္အပတ္ေလာက္ ေခးဆိုင္
အားမယ့္ေန႕ ကိုယ့္ဆီဖုန္းလွမ္းခ်ိတ္လိုက္ေနာ္ ကိုယ္အခုသြားရေတာ့မယ္ ကိုယ့္ေကာင္ေလး......အင္း ကိုယ့္သူငယ္ခ်င္းတစ္ေယာက္ကိုႀကိဳစရာရွိလို႔ "

ခ်မ္းေျမ့သည္ ေခးဆိုင္ဖုန္းထဲမွာ သူ႕ဖုန္းနံပါတ္ သူContact မွတ္ေပးခဲ့လိုက္ကာ ကားေပၚသို႔ အျမန္ေျပးတတ္လ်က္ ရွင္းေလး၏ သင္တန္းသို႔ေမာင္းထြက္ခပ္ျမန္ျမန္ ေမာင္းထြက္လာရေတာ့သည္။ နာရီကိုၾကည့္ေတာ့ သင္တန္းဆင္းခ်ိန္ ထက္ ငါးမိနစ္ေလာက္ပင္ ေနာက္က်ေနၿပီ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အဲဒီေတာ့ မင္းကကိုယ့္ကို မယူခ်င္လို႔ဂ်ပန္
ထြက္ေျပးသြားတယ္ေပါ့ "

"ရွင့္ကိုမွ မဟုတ္ပါဖူး တျခား ဘယ္ေယာက်္ားကိုမွ မယူခ်င္တာ "

ထူးထက္ေခါင္သည္ လက္ထဲက ေဟာ့ေဒါ့ေခ်ာင္းကိုစိန္ေျပနေျပ ကိုက္ခ်လိဳက္လ်က္ သူ႕ကို နဲနဲ
ေလးမွ အားနာပုံ မရပဲ အစားအေသာက္မပ်က္
ေျပာေနေသာ ႐ႊန္းျမတ္နိုးပိုင္ဟူေသာမိန္းကေလးကို မ်က္ခုံးပင့္ၾကည့္လိုက္မိသည္။

သူ မေက်နပ္ေသာ ကိစၥကို အလုပ္ပ်က္ခံၿပီး
ေကာ္ဖီဆိုင္ထိုင္ ရွင္းေနျခင္း ျဖစ္ေသာ္လည္း႐ႊန္းျမတ္နိုးပိုင္ ဟူေသာ ထိုမိန္းကေလးကေတာ့ေအးေအးေဆးေဆးရွိလွကာ သူရွိေနတာကို နဲနဲေလးေတာင္ ရွိန္သည့္ပုံ ဂ႐ုစိုက္သည့္ပုံ မေပၚပါ။

"ဒါဆို မင္းျပန္မလာခင္က မင္းေနရာမွာ မင္း
ေမာင္ေလးကို အစားထိုးထည့္ထားတယ္ဆိုပါ
ေတာ့ "

"ဟုတ္တယ္ေလ.. အဲဒါေတြ ႐ႊန္းဘာမွမသိဖူးေနာ္အဲဒါ ေမေမနဲ႕တီေလး အႀကံအစည္ "

"အဲဒါဆို မင္းက အစကေတာ့ ငါနဲ႕မယူခ်င္လို႔
ထြက္ေျပးၿပီးေတာ့ ခုခ်ိန္က်မွ ျပန္လာတယ္
ဆိုေတာ့ အခု ငါ့ကိုယူေတာ့မယ္ဆိုတဲ့ သေဘာ
လား "

"အံမယ္ ေလသံကိုက ဒီမွာ ေဟ့လူႀကီး ကြၽန္မကလည္း ရွင့္ကို ယူခ်င္လြန္းလို႔ မဟုတ္ပါဖူးေနာ္ ေမေမတို႔ စိတ္ဆင္းရဲေနမွာစိုးလို႔ လက္ခံလိုက္႐ုံတင္ ၿပီးေတာ့ ကြၽန္မအစားဟန္ေဆာင္ေနရတဲ့ ကြၽန္မေမာင္ကို သနားလို႔ ရွင္ ဘာေတြေျပာထားလဲေတာ့မသိဖူး သူ႕ခမ်ာ ဟန္ေဆာင္ၿပီးကတည္း
က တမွိုင္မွိုင္တေထြေထြ ျဖစ္ေနတာတဲ့ အဲဒါရွင့္ေၾကာင့္ "

ကိုယ္နဲ႕ ပတ္သက္ခဲ့ရတဲ့ အခ်ိန္ေတြမွာ မင္း
တကယ္ပဲ မေပ်ာ္ခဲ့တာလား ရွင္း.... ။ ကိုယ္
ေကတာ့ အခုထိမင္းကို လြမ္းမိေနတုန္းပဲ ။

" သူအခုေရာ ဘာေတြ လုပ္ေနလဲ "

"ကြၽန္မေမာင္လား သူမွာဘာလုပ္စရာရွိမွာလဲ
သူ ဝါသနာပါတဲ့ဒီဇိုင္းေတြဆြဲမယ္ သင္တန္းေတြတတ္တယ္ ဒီေလာက္ပဲေလ ေဟ့ ဒီကို အာလူး
အာလူးမာလာ တစ္ပြဲထပ္ေပးပါဦး ေဟ့ လူႀကီးရွင္ေကြၽးမယ္လို႔ ကတိေပးထားၿပီးသားေနာ္ "

"ေအးပါကြာ... "

စက္ေသနတ္ပစ္သလို စကားကို တရစပ္ေျပာ
ေနရသည္မွာ ႐ႊန္းျမတ္နိးပိုင္ ဆိုေသာ ထို
မိန္းကေလး၏ပင္ကိုစတိုင္လားမသိ။ အခုမွ
တကယ့္ ဓာတ္ပုံထဲက ႐ႊန္းျမတ္နိးပိုင္ ျပန္ၿပီး
အသက္ဝင္လာသည္ဟု ထင္မိသည္။

အခုလည္း သူဘက္ကစၿပီး ဆံပင္ဆြဲမိေသာ
ေၾကာင့္ ေတာင္းပန္တဲ့ အေနနဲ႕ ေကာ္ဖီတိုက္ မယ္ စားခ်င္တာလိုက္ေကြၽးမယ္ေျပာၿပီး ေက် ေအးလိုက္တာကို ေက်နပ္သြားပုံရကာ လူေလးနဲ႕မွမလိုက္တစ္ဆိုင္လုံး အပိုင္သိမ္းမည့္စတိုင္ႏွင့္ Menu ေပၚရွိသမွ် အစားအေသာက္အားလုံး တစ္မ်ိဴးၿပီးတစ္မ်ိဴး မွာစားေနတာမို႔ သူမွာကေလးဆန္လွေသာ ထိုအမ်ိဴးေကာင္းသမီးေလးကို စိတ္ထဲကေနသာ ႀကိတ္ရယ္ေနမိေတာ့သည္။

ရွင္းျမတ္နိုးပိုင္ ဆိုေသာေကာင္ေလးနဲ႕ေတာ့ ဆီနဲ႕ေရ ပင္။

" ဒါနဲ႕မင္းရဲ႕ ေမာင္က Facebook ေတြ ဘာေတြ မသုံးဖူးလား "

"ဟင့္အင္း ရွင္း Facebook သုံးတယ္ရယ္လို႔
မၾကားမိပါဖူး သူက IG နဲ႕ Twitter ေလာက္ပဲ
သုံးတာ ဒါနဲ႕ ေနပါဦး ရွင္က ကြၽန္မနဲ႕ယူမွာလား ရွင္းနဲ႕ယူမွာလား ဘာလို႔ သူ႕အေၾကာင္းေတြပဲ လာေမးေနရတာပဲ "

"အဟမ္း...ကိုယ္တို႔က အမ်ိဴးေတာ္ရမွာဆိုေတာ့ အနဲအက်ဥ္းေတာ့ သိသင့္တာေပါ့ "

ထူးထက္ေခါင္က သူ႕ကိုေစ့ေစ့ေပါက္ေပါက္နဲ႕ျပန္ေမးခြန္းထုတ္ေနေသာခပ္စြာစြာေကာင္မေလးကိုတေျဖးေျဖးနဲ႕ လန႔္လာရသည္။ ဘာမွကိုအေျပာမခံ သူေျပာသမွ် တစ္ခြန္းမက်န္ ျပန္ေခ်ပနိုင္ေသာ အာဂ မိန္းကေလးပါပင္။

အဲဒီေနာက္ေတာ့ သူလည္း စကားစကို ျဖတ္ခလ်က္ ဘာမွဆက္မေမးေတာ့ပဲ ေရွ႕က Espresso ခါးခါးတစ္ခြက္ကိုသာ စိတ္ပါလက္ပါ ငုံ႕ေသာက္ေနလိုက္သည္။ ေကာ္ဖီေလးငုံ႕ေသာက္လို႔အၿပီး မ်က္စိက ဆိုင္တံခါးေပါက္စီ အေရာက္မွာေတာ့ ဆိုင္တံခါးကိုတြန္းဖြင့္ဝင္လာေသာ ပန္းေရာင္ Pink Panther တီရွပ္ဝတ္ထားေသာ ေကာင္ေလးနဲ႕အတူ ခပ္ေခ်ာေခ်ာေကာင္တစ္ေကာင္ က ရယ္ေမာလ်က္ အတူဝင္လာသည္မို႔ နားထင္ ေက်ာမ်ားက လွစ္ခနဲေထာင္သြားသည္။

ညီ ပါလား.... ။ ဒါနဲ႕ ညီေဘးနားက ေကာင္ကို
ျမင္ဖူးေနသလိုလိုပဲ..။ ေနပါဦး အဲေကာင္က...

ထူးထက္ေခါင္ သည္မ်က္ေမွာင္ႀကီး ႀကဳံ႕လ်က္ တစ္ေယာက္တည္း က်ိတ္ေတြးေနမိသည္။ ႐ႊန္းျမတ္နိူးပိုင္ကို ၾကည့္ေတာ့လည္း အာလူးမာလာတစ္ဖတ္ခ်င္းကို သြားၾကားထိုးတံေလးနဲ႕ ထိုးစားလ်က္ ဖုန္းပြတ္ေနတာမို႔ သူတစ္ေယာက္တည္း ျဖစ္ပ်က္ေနတာကို ျမင္သည့္ပုံမေပၚ။

သူ မွတ္မိၿပီ။ အဲေကာင္က သူ႕ေမြးေန႕တုန္းကဆူရွီဆိုင္ကို ညီနဲ႕ ႏွစ္ေယာက္အတူလာတုန္းက ေဘးဝိုင္းကေန သူ႕ကိုၿဂိဳလ္ကစ္ေနသည့္ေကာင္။

သူနဲ႕ ညီက ဘယ္လိုပတ္သက္ေနရတာလဲ... ။

ထူးထက္ေခါင္သည္ ညီတို႔ ႏွစ္ေယာက္ကို ၾကည့္ေနရင္း သဝန္တိုစိတ္ေတြက အျမင့္ဆုံးဒီဂရီထိ တတ္လာကာ သြားေသာင္းက်န္ပစ္ခ်င္လာသည္။

တစ္ခါတစ္ခါ ညီနဲ႕ေတြ႕လွ်င္ ႏူးညံ့တဲ့ သူ႕စိတ္ေတြက အလိုအေလ်ာက္ အရိုင္းဆန္လာသည္။ အဲတာကိုပင္ သူရဲေဘာေၾကာင္ေနေသးသည့္ ဦးႏွောက္က ညီ့ကိုခ်စ္သည္ဟု ဝန္မခံခ်င္ေသး။

ႏွလုံးသားႏွင့္ဦးႏွောက္သည္ ထူးထက္ေခါင္၏ ဆုံးျဖတ္နိုင္စြမ္းဟူေသာ ႀကိဳးဝိုင္းထဲတြင္ အခုထိ အနိုင္ခံ အရႈံးမေပးယွဥ္ၿပိဳင္ေနဆဲ ျဖစ္သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဒီေန႕ သင္တန္းက ေနာက္က်မွ ဆင္းလို႔ေနာ္ တကယ္တမ္း မင္းလာႀကိဳတာ ေနာက္က်တယ္ "

"ရွင္းေလးကလည္း ရစ္ၿပီကြာ ငါဘယ္တုန္းကမင္းကို လာႀကိဳတာ ေနာက္က်ဖဴးလို႔တုန္း ဒီေန႕တစ္ရက္ေလးပဲကို "

"ေနာက္တစ္ခါ ေနာက္က်ရင္မေစာင့္ဖူး ေနပူထဲ
ရပ္ေစာင့္ရတာကို မုန္းတယ္ "

"ေအးပါ ေနာက္က်ရင္ ထီးမွာ အဲယားကြန္းတပ္
ေပးမယ္ သိလား "

" wtf...."

ရွင္းေလးက ခ်မ္းေျမ့ကို ၾကည့္ရင္း အသံတိတ္ ဆဲလိုက္တာမို႔ ခ်မ္းေျမ့က စပ္ၿဖီးၿဖီးရယ္ျပလိုက္သည္။

ထို႔ေနာက္ ေကာ္ဖီဆိုင္ အတြင္းပိုင္းရွိ စားပြဲတစ္လုံးမွာ ႏွစ္ေယာက္သား ေနရာယူလ်က္
Menu ကိုၾကည့္ကာ အတိုးခ်မွာေတာ့သည္။

"ရွင္းေလး Strawberries Milkshake ပဲလား "

"အြန္း ...."

သူ႕အႀကိဳက္ကို သိေနေသာ ခ်မ္းေျမ့က ဘာဆိုဘာမွေျပာစရာမလိုေအာင္လိုေလေသးမရွိ လုပ္ေပးေနတာမို႔ ရွင္းေလးက ခ်မ္းေျမ့ကို မ်က္ေတာင္မခတ္ ေငးၾကည့္ေနမိသည္။ ခ်မ္းေျမ့သည္ တစ္ခါတစ္ခါေၾကာက္စရာေကာင္းသလို တစ္ခါတစ္ခါက်ေတာ့လည္း ခ်စ္စရာေကာင္းေနျပန္သည္။

သူ႕ေဘးနားမွာ အခ်ိန္တိုင္းလိုလို အတူရွိေနေပးတဲ့ ခ်မ္းေျမ့ကို တစ္ခါတစ္ေလက်ေတာ့လည္း အားနာရကာ ဘဝတစ္ခုလုံးကိုပင္ ခ်မ္းေျမ့အေပၚပုံအပ္လိုက္ရမလားဟု ႐ူး႐ူးမိုက္မိုက္ လည္း ေတြးမိျပန္သည္။

ခ်မ္းေျမ့ေနရာမွာ Bro သာဆို ဘယ္ေလာက္ေတာင္ေကာင္းလိုက္မလဲေလ..... ။

" ခ်မ္းေျမ့ "

" မင္းဘာလို႔ ငါ့ကို အၿမဲဂ႐ုစိုက္ေနရတာလဲ "

ရွင္းေလးက မထင္မွတ္ထားတာကို ေမးလာတာ
မို႔ခ်မ္းေျမ့က Menu ကတ္ထဲ ေခါင္းစိုက္ေနရင္းမြ မ်က္ခုံးပင့္ၾကည့္လာသည္။

" မင္း အခုထိ မသိဖူးလား ရွင္း "

"ငါသိတယ္ ခ်မ္းေျမ့ ဒါေပမဲ့ မင္းေျပာတာကိုငါ ထပ္ၾကားခ်င္လာလို႔ "

"ဘယ္လို မင္းတကယ္ေျပာေနတာလားရွင္း
ဒါမွမဟုတ္ ထပ္ၿပီး အနမ္းခံခ်င္........ "

"မေနာက္နဲ႕ ခ်မ္းေျမ့ ငါအတည္ေမးေနတာ "

"ခ်စ္တယ္ ရွင္း မင္းကို ငါကအရမ္းခ်စ္တာ တစ္
ဘဝလုံး မင္းတစ္ေယာက္တည္းကိုပဲ ငါျမင္ခဲ့တာၿပီးေတာ့ ဒီအခ်စ္ေတြက ဘယ္ေတာ့မွေျပာင္းလဲမွာလည္းမဟုတ္ဖူး "

ခ်မ္းေျမ့က ရွင္းေလး၏ မ်က္ဝန္းေတြကို တည့္တည့္စိုက္ၾကည့္ၿပီးေျပာေနရင္း လက္ဖ်ားေလးေတြကိုပါ အုပ္ကိုင္လိုက္သည္။

ရွင္းေလးကလည္း ကိုယ့္လက္ဖမိုးေပၚမွ ဆုပ္ ကိုင္လာေသာ ခ်မ္းေျမ့၏ လက္ေတြေၾကာင့္ ေခြၽးစီးမ်ားျပန္လာၿပီး ထိုလက္ေတြေအာက္က ခပ္ျမန္ျမန္ ႐ုန္းဖယ္လိုက္ကာ

" ငါ... Toilet ခဏသြားဦးမယ္ ခ်မ္းေျမ့ "

ဟု ဆိုလိုက္လ်က္ စားပြဲဝိုင္းဆီမွ ဝုန္းခနဲ ထလာ
ခဲ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထူးထက္ေခါင္က မလွမ္းမကမ္းဝိုင္းမွာ ရွိေနတဲ့ ညီတို႔ဝိုင္းဘက္ကို မသိမသာ အကဲခတ္ေနရင္းမွညီ ထသြားသည္ကို ျမင္လိုက္သည္ႏွင့္ ေနာက္ကေန ကုတ္ေခ်ာင္းကုတ္ေခ်ာင္းနဲ႕ထလိုက္လာခဲ့သည္။

ကိုယ့္ မ်က္စိိေရွ႕မွာ ရွိေနတာမို႔ ဒီတစ္ခါေတာ့ ညီ့ကိုအလြတ္ေပးလို႔မျဖစ္ ။

" ညီ...."

ရွင္းေလးသည္ Urinal မွာဆီးသြားေနရင္း
ေဘးနားကေန ႐ုတ္တရက္ ေပၚလာတဲ့ Bro ရဲ႕
အသံၾသၾသနဲ႕အတူ ပိတ္ရပ္လာတဲ့ ကိုယ္လုံးႀကီးေၾကာင့္ လန႔္ဖ်ပ္ၿပီး ထြက္ေနလက္စ ဆီးေတြပါ အထဲ ျပန္ဝင္ခ်င္သလို ျဖစ္သြားသည္။

ထူးထက္ေခါင္ကလည္း ေရွ႕မၾကည့္ ေနာက္
မၾကည့္နဲ႕ Toilet ထဲ ဇြတ္ဝင္လာၿပီးမွ Urinal မွာဆီးသြားေနေသာ ရွင္းေလးကို ျမင္လိုက္တာမို႔ အိုးတန္းအန႔္တန႔္ ျဖစ္သြားလ်က္ ေနာက္ဆုတ္ရမလို ေရွ႕တိုးရမလိုနဲ႕ တစ္ဖက္သို႔ မ်က္ႏွာကို ျမန္ျမန္လႊဲဖယ္လိုက္ရသည္။

ထူးထက္ေခါင္ မ်က္ႏွာလႊဲလိုက္သည္ကို အခြင့္
ေကာင္းယူၿပီး ရွင္းေလးက ေဘာင္းဘီဇစ္ကို
ခပ္ျမန္ျမန္ဆြဲပိတ္ကာ ေဘစင္သို႔သြားၿပီး လက္
ကို ဆပ္ျပာရည္နဲ႕ ျမန္ျမန္ေဆးလိုက္သည္။
လက္ေရေဆးၿပီး ေနာက္သို႔အလွည့္ ထူးထက္ေခါင္၏ ကိုယ္လုံးႀကီးကမေျပာမဆိုနဲ႕ အုပ္မိုးလာတာမို႔ ရွင္းေလး၏ ကိုယ္ေသးေသးေလးက ထူးထက္ေခါင္ ရဲ႕ ကိုယ္ထဲ နစ္ဝင္သြားရကာေဘစင္သို႔ပက္လက္လွန္ၿပီး ယိုင္က်သြားသည္။

"ညီ... မင္းဘာလို႔ ကိုယ့္ကို ေရွာင္ေျပးေနတာလဲလြန္ခဲ့တဲ့ ငါးႏွစ္ကတည္းက မင္းသိပ္သိခ်င္တဲ့ အေျဖကိုေပးဖို႔ ကိုယ္မင္းကို လိုက္ရွာေနရတာ "

ထူးထက္ေခါင္က ရွင္းေလးရဲ႕ ပုခုံးေတြကို ခပ္
ၾကမ္းၾကမ္းဆုပ္ကိုင္ကာ သူ႕မ်က္ႏွာကိုလည္းရွင္းေလး၏ မ်က္ႏွာေပၚသို႔ အုပ္မိုးထားေလသည္။

"ညီ.. မင္းဆီက ကိုယ္သိပ္ၾကားခ်င္ေနတဲ့ စကား
တစ္ခြန္းရွိတယ္ "

ထူးထက္ေခါင္ က ေျပာရင္းနဲ႕ ရွင္းေလး၏
မ်က္ႏွာနားသို႔ သူ႕မ်က္ႏွာကို နီးသထက္နီး
ေအာင္တိုးကပ္လာသည္။ ရွင္းေလးကလည္း
ထူးထက္ေခါင္၏ အျပဳအမူေတြကို နားမလည္
နိုင္စြာပင္ မ်က္ေတာင္မခတ္ ေငးေနမိသည္။

ထို႔ေနာက္ ထူးထက္ေခါင္၏ ႏႈတ္ခမ္းမ်ားသည္ ရွင္းေလး၏ ႏႈတ္ခမ္းဖ်ားဆီသို႔ ေျဖးေျဖးခ်င္းတိုးကပ္လာခဲ့သည္။ အနီးကပ္ဆုံးအေျခအေနသို႔ေရာက္လုနီးပါးျဖစ္ေသာအခါ ဘယ္သူ႕ဆီက လာမွန္းမသိေသာ ဒိတ္ခနဲ ႏွလုံးခုန္သံက က်ယ္ေလာင္စြာ ထြက္လာသည္။

ရွင္းေလးကလည္း ထူးထက္ေခါင္၏ ကိုယ္လုံးေအာက္တြင္နစ္ဝင္ေနၿပီး ရင္ဘတ္ကို သူ႕လက္
ဖဝါးေတြနဲ႕တြန္းထားကာ မ်က္လုံးေလးက ေပကလပ္ေပကလပ္ ျဖစ္ေနေလသည္။ ထို႔ေနာက္ ျဖတ္ခနဲသတိဝင္လာၿပီး ထူးထက္ေခါင္ကို အားႀကီးနဲ႕တြန္းထုတ္လိုက္ေလသည္။

"ခင္ဗ်ား လူမွားေနၿပီ ကြၽန္ေတာ္က ခင္ဗ်ားေျပာေနတဲ့ ညီ... မဟုတ္ဖူး "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Bro ဆိုတာ ကြၽန္ေတာ္ ဖမ္းဆုပ္ခြင့္မရွိ
ထိကပ္ခြင့္မရွိတဲ့ ဟိုးအျမင့္ႀကီးက
တိမ္မွ်င္တစ္စလိုပဲ.......

ေလတိုက္တိုင္းလည္း ေဝးေနရဦးမယ္ Bro

ရွင္းျမတ္နိုးပိုင္

~~~~~~~~~~

Czytaj Dalej

To Też Polubisz

467 90 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️
611K 22.6K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။
18.6K 820 32
သံေယာဇဥ္ ဆိုတဲ့တံတားကိုနင္းျဖတ္ပီး ႏွလုံးသားကိုပဲဦးစားေပးေ႐ြးခ်ယ္ရဲပါ့မလားဆိုရင္ ကြၽန္ေတာ္ ကေတာ့... သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသား ကို...
149K 4.3K 40
(This is season 2) နွေတစ်ခေတ်သျှား×တိမ်ယံသွေးသစ် တိမ်စိုင်ဆိုတာ ဘယ်တုန်းကမှ ဖမ်းဆုပ်မရခဲ့တဲ့ ဒဏ်ရာလေးဘဲ... နွေ့နှလုံးသားနှင့်ရင်းကာ အသက်တမျှ နင့်အော...