ချစ်ခဲ့ဖူးပါသည် (Complete)

By Autumn_9498

48.6K 4K 265

#KaiHun #ChanHun cover by Al Lukar More

Part...1(Unicode)
Part...1 (Zawgyi)
Part...2 (Unicode)
Part...2 (Zawgyi)
part...3 (Zawgyi)
Part...4(Unicode)
Part...4 (Zawgyi)
Part...5 (Unicode)
Part...5(Zawgyi)
Part...6(Unicode)
Part...6 (Zawgyi)
Part...7(Unicode)
Part...7 (Zawgyi)
Part...8 (Unicode)
Part...8 (Zawgyi)
Part...9 (Unicode)
Part...9 (Zawgyi)
Part...10 (Unicode)
Part...10(Zawgyi)
Part...11 (Unicode)
Part...11 (Zawgyi)
Part...12(Unicode)
Part...12 (Zawgyi)
Part...13(Unicode)
Part...13(Zawgyi)
Part...14 ( Unicode)
Part...15 ( Unicode)
Part...15 ( Zawgyi)
Part...16 ( Unicode)
Part...16 ( Zawgyi)
Part...17 ( Unicode)
Part...17 ( Zawgyi)
Part...18 ( Unicode)
Part...18 ( Zawgyi)
Part...19 ( Unicode)
Part...19 ( Zawgyi)
Part...20 ( Unicode)
Part...20 ( Zawgyi)
Part...14 ( Zawgyi)

Part...3 (Unicode)

1.5K 130 4
By Autumn_9498

"ကိုကိုရော့''

"ဘာလဲ ညီမေလး''

"ဟို အကို က ပေးသွားတာလေ ''

"သွားယူလိုက်တာလား မြန်လိုက်တာ''

"😁 မြန်မြန် ဖောက်ကြည့်လိုက်ပါလား ညီမလေး သိချင်လို့''

ဖွင့်ကြည့်လိုက်တော့ ,
သကြားလုံး နှင့် ကွက်ကီးလေးများ

"အိုက်စ် အဲ့အကိုကြီးက ro တတ်လိုက်တာနော် တွေ့တာ တစ်ရက်ပဲရှိသေးတယ် မုန့်တောင်လာပို့နေတယ်
အသည်းပုံ candy လေး''

Baekhyun မုန့်လေးတွေကို ကိုင်ကြည့်ပြီး

"အယ် ကိုကို ဒီမှာ စာရေးထားတယ် ကြည့်
Hun စာလုပ်ရင်းစားနော် တဲ့
အယ် Hun ဆိုပါလား..ရှိသေးတယ်..ရှိသေးတယ်..ကိုယ့်ကို ပါ သတိရပေးပါတယ်တဲ့...အမယ်လေး အရမ်းro တာပဲ ညီမလေးတောင် အားကျလာပြီ''

"အာ..ညီမလေးကလည်း''

"ကိုကိုကလည်း ရှက်မနေနဲ့ တက္ကသိုလ်တောင်တက်နေပြီပဲဟာ ရည်းစားလေးတစ်ယောက်တော့ ထားကြည့်ပေါ့ဟုတ်ဘူးလား''

"Baekလေး ကလည်း''

"BaekလေးတွေBaek ကြီးတွေလုပ်မနေနဲ့ ဒါနဲ့စကားမစပ် ညီမေလးကို တစ်ထုပ်လောက်ကျွေးပါလား''

"ညီမလေးကလည်း''

"အမယ်လေး ကပ်စီးနဲနေလိုက်တာ သူ့ကိုကို ပေးထားတာဆိုတော့''

"မဟုတ်ပါဘူး ညီမလေးကလည်း ညီမလေးစားချင်တာ ယူသွားလိုက်လေ''

"နောက်တာပါ ကိုကို့ ချစ်ချစ် လာပေးတာပဲ ကိုယ့်ဘာသာကိုယ်စား''

"ဟဲ့ သား အမေမှာလိုက်တာကော''

*ဟုတ်သားပဲ Hun ကို အကုန်ပေးလိုက်မိပြီ*

"အာ သားမေ့သွားတယ် Omma သွားပြန်ဝယ်လိုက်ရမလား''

"နေတော့ မိုးချုပ်နေပြီ သွားမနေနဲ့တော့''

"ဟုတ်ကဲ့''

တီလေး၏ company နေ့တိုင်းသွားရမည်ဖြစ်သောကြောင့်ကျောင်းကို ferry နှင့်သွားခွင့်ရလေသည်။

"Hunnie မနက်ဖြန် ferry နဲ့ သွားလိုက်တော့နော်''

"ဘာလို့လဲ တီXiu''

"Company မှာ အခုရက်ပိုင်း ကိစ္စလေးတွေရှိလို့ အဲ့ဒါ တီလေး နေ့တိုင်းသွားရမှာ Hunnie ကျောင်းနောက်ကျမှာစိုးလို့ပါ''

"ဟုတ်ကဲ့''

"ဒါဆို Baek ကရော''

"မိBaek ကေတာ့ တီလေး ပဲ ကျောင်းဝင်ပို့ပေးမယ်''

"ဟွန့်''

"နှုတ်ခမ်းကို ဆူမနေနဲ့ လမ်းကြောင်းတူတာပဲဟာ''

"တီလေးကလည်း''

Sehun ကျောင်းကားနှင့်သွားလို့ရပြီဖြစ်ကြောင်းကို Mark အား ph ဆက်ပြောလိုက်သည်။

"မနက်ဖြန်ကျရင်တော့ Mark ကို ph သုံးတာ သင်ခိုင်းမှပဲ ခုဟာက ph ဆက်တာကလွဲပြီး ကျန်တာ မလုပ်တတ်''

"ကိုကို ကေတာ့ မိုက်သွားပြီနော်''

"ဘာကိုလဲ Baek ရဲ့''

"လွတ်လပ်သွားပြီဆိုတော့ ဟို အကိုနဲ့အခြေအနေပေးရင်တွေ့လို့ရပြီလေ''

"ဟာ ညီမလေးကလည်း ''

"ဟီး ငါ့ကိုကိုကရှက်နေတာပဲ''

မနက်ကျောင်းကားလာတော့ နေရာ အဆင်သင့်ဦးထားသော Mark ကိုတွေ့လေသည်။

"Sehun ဒီနားကိုလာခဲ့''

"omm''

ရှပ်အပြာကွက် နှင့် မျက်မှန်ပါတပ်ထားသော Sehun ပုံက တခြားသူတွေဘယ်လိုမြင်မလဲမသိ နောင်ဆုံးဘက်မှာထိုင်နေတဲ့ ကောင်လေးကတော့ သေချာကြည့်နေလေသည်။

"Mark ငါ့ကို ဒါလေး တစ်ချက်လောက်ပြပါအုံး''

နှစ်ယောက်သား ကားပေါ်မှာ စကားပြောရင်းလိုက်လာတာ ပတ်ဝန်းကျင်တောင်သတိမထားမိ

ထိုအချိန်ကောင်မလေးတစ်ယောက်တက်လာမှ

"ဟဲ့ အဲ့ဒါငါတို့နေရာ ဖယ်ပေး''

Sehun အသံကြား၍ လှမ်းကြည့်မိတော့
မျက်နှာမှာ ရောင်စုံခြယ်ထားပြီး အတိုအပြတ်ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်

"နောက်မှနေရာတွေလည်းရှိတာပဲ ဒါနင်တို့နေရာလို့ ရေးထားလို့လား''

"နင်တို့ နှစ်ကောင်က တော်တော်ရှည်တာပဲ ဖယ်ဆိုဖယ်ပေးပေါ့''

"နင်...''

"လာပါ Mark ရယ်''

Sehun လည်း စကားမများချင်တာကြောင့် Mark ကို ခေါ်ကာ နောက်သို့ပြောင်းထိုင်လိုက်သည်။

"ဦးလေး မီယွန်းကျန်သေးတယ် စောင့်အုံး''

ကားပြတင်းပေါက်ကနေ အပြင်ဘက်ကိုကြည့်လိုက်တော့ ဟိုအကို...
လက်လှမ်းပြနေလေသည်။

Sehun လည်း လက်လှမ်းပြကာ ပြုံးလိုက်သည်။

ဒါကို အရှေ့က ကောင်မလေး နှစ်ယောက်က

"ဟဲ့ ဆိုဟီး နင်တွေ့လိုက်လား ဟိုဘက် အိမ်က အကို က လက်လှမ်းပြနေတယ် ငါ့ကိုလားမသိဘူး''

"ဆုတောင်းနေ မီယွန်း ဟိုက ငါတို့အနောက်က စာဂျပိုးစတိုင်နဲ့တစ်ယောက်ကိုပြနေတာ လှည့်ကြည့်လိုက်ပါလား သူကို့''

မီယွန်းလှည့်ကြည့်လိုက်တော့ ပြုံးနေသော Sehun ကို တွေ့၍

"အဲ့တစ်ယောက်က ဘာလား အကွက်ကျော်တာများနေပြီ''

Kai တစ်ယောက် ပန်းပင်တွေရေလောင်းနေတုန်း အိမ်ရှေ့မှာ လာရပ်ထားသော ကားကိုလှမ်းကြည့်လိုက်တော့ Hun...
ဘေးခြံကကောင်မလေး က ဘာပြောလိုက်လို့လဲမသိ သူ့ဘေးက ကောင်လေးကိုခေါ်ကာ နောက်ခုံသို့ပြောင်းသွားတာကိုတွေ့လိုက်လေသည်။

Kai လည်း အခွင့်ရေးရတုန်း လက်လှမ်းပြကာ ပြုံးပြလိုက်သည်။ ဟိုဘက္က Sehun ပြုံးလိုက်တော့ ပေါ်လာသော သွားအစွယ်လေးကိုတွေ့တော့ ရင်တောင်ခုန်သွားသည်။

"ဒီကောင်လေး ချစ်ဖို့ကောင်းလိုက်တာ''

"ဘယ်သူ့ကို လက်လှမ်းပြနေတာလဲ Sehun ''

"ဟိုမှာလေ အဲ့ဒါ ငါပြောတဲ့ အကို ချောတယ်မှတ်လား''

Sehun ပြတဲ့နေရာကို လှမ်းကြည့်လိုက်တော့  အဖြူရောင် ဝတ်ထားတဲ့ ခပ်ချောချော အကိုကြီးတစ်ယောက် ကျောင်းကားထွက်သွားသောကြောင့် သေချာတောင်မကြည့်လိုက်ရ။

Sehun မျက်နှာကလေးကတော့နီလျက်

Mark တစ်ယောက် canteen သွားတော့ မနက်က ကားပေါ်မှာ တွေ့တဲ့ ဟိုနှစ်ယောက်

"ဟဲ့ နင့်ကိုငါမေးမလို့ ''

"ဘာမေးမလို့လဲ နင်တို့နှစ်ယောက်က''

"မနက်က နင်နဲ့ပါလာတဲ့ ဟို စာဂျပိုးကော''

"ဘာလုပ်မလို့လဲ ''

"ဘာမှမလုပ်ဘူး သတိလာပေးတာ''

"နင်တို့သတိလာပေးရအောင် Sehun က နင်တို့ကို ဘာလုပ်နေလို့လဲ ''

Mark လည်း စိတ်ပေါက်ပေါက်နဲ့အော်ပစ်လိုက်သည်။

"ငါတို့ကိုတော့ဘာမှမလုပ်ဘူး ဒါပေမယ့် နင့်သူငယ်ချင်းက ငါတို့အိမ်ဘေးက အကိုကြီးကို မြှူစွယ်နေတယ်လေ
ပုံစံက တောသားရုပ်နဲ့ ပိုင်းလုံးလုပ်ချင်နေမှန်းသိသာတာပဲ''

"နေပါဦး နင်တို့က Sehun ကို ဘာလို့တောသားရုပ် ပိုင်းလုံးလို့ ထင်ရတာလဲ''

"ဝတ်ပုံစားပုံကိုကြည့်လေ တကယ်ပါပဲ အဆင့်မရှိတာ''

"မသေမချင်းမှတ်ထား လဒမ နှစ်ကောင် ငါ့သူငယ်ချင်း Kim Sehun ကေလ Kim Entertainment က တူ သူ့အဒေါ်က Kim Xiumin နဲ့ Kim Suho ပြီးတော့ထပ်ပြောလိုက်အုံးမယ် နင်တို့လို မိတ်ကပ် တစ်ပုလင်းလုံးလိမ်းချလာတဲ့ မျက်နှာတွေ အုတ်နီခဲမှုန့်တွေဘယ်လောက်လိမ်းလိမ်း ငါ့သူငယ်ချင်း ကို မမှီဘူး ငါ့သူငယ်ချင်းက အဖြူထည်လေး နင်တို့လို သေသွားတဲ့သူကို မိတ်ကပ်လိမ်းပေးထားတဲ့ရုပ်မဟုတ်ဘူး''

"နင်...နင်..''

"နင်ရင်ရေသောက် ထပ်ပြောလိုက်အုံးမယ်နော် နင်တို့မြှူစွယ်တာတောင် လှည့်မကြည့်တဲ့အဲ့အကိုကလေ ငါ့သူငယ်ချင်းသူ့ဘာသာသူနေတာတောင် တဖြုတ်ဖြုတ်ကြွေနေတာနော်''

"တောက်! နင်တော်တော်တရားလွန်လာပြီနော်''

"ငါပြောတာမှားနေရင် အချိန်မရွေးလာရှင်း အခုတော့ သွားလိုက်အုံးမယ် အပုတ်မတွေ''

Mark တစ်ယောက် နိုင်အောင်ပြောပြီး ပြန်လာခဲ့သည်။ သူ့ကို မိန်းကလေးတွေနဲ့ ရန်ဖြစ်တယ်လို့ အတင်းတုတ်လည်း ဂရုမစိုက်

Mark ဆိုတဲ့ သူက သူငယ်ချင်းထိ ဓါးကြည့်ပဲ

"ဒီကိစ္စကို တော့ Sehun ကိုမပြောတော့ပါဘူးလေ''

ဒီနေ့ကျောင်းပိတ်တော့ Kai ကို မတွေ့ရ၍ Sehun တစ်ယောက်ခွေခေါက်နေလေသည်။ တစ်အိမ်လုံးဘယ်သူမှမရှိ
မိBaek က guide တန်းရှိလို့ မနက်ထဲကထွက်သွားသည်။
အဒေါ်နှစ်ယောက်ကလည်းcompany သို့ သွားပြီဖြစ်သည်။

ထိုစဉ် ရုတ်တရတ် အိမ်ဖုန်းက ဖုန်း လာလေသည်။

"Hello''

"Kim Sehun ရှိလား မသိဘူး''

"အခုပြောနေတာ Kim Sehun ပါ အဲ့ဘက်က ဘယ်သူလဲမသိဘူး''

"ကိုယ်ပါ''

"ဘယ်က ကိုယ်..''

"Kim Kai ပါ Hun မမှတ်မိဘူးလား''

"ဟို.. အကို''

"ဟုတ်တယ် Hun ကိုယ် သတိရလို့ ph ဆက်လိုက်တာ''

ဟိုဘက်က သတိရတယ် ဆိုတဲ့စကားကြောင့် Sehun ရင်ထဲ မီးရထား ဖြတ်သွားသလို ရင်ခုန်လေသည်။

"အကို ph no ဘယ်လိုရတာလဲ မသိဘူး''

"အကို ဦးလေးကင်ဆီက တောင်းထားတာ''

"aww''

ထိုစဉ် အိမ်ရှေ့က ကားသံကြောင့် Sehun လန့်သွားလေသည်။

"အကို ဒါပဲနော် တီလေးတို့ပြန်လာနေလို့''

"Hun ခဏ ကိုယ်ညကျရင် ဒီph ကိုပဲ ပြန်ဆက်လိုက်မယ်''

"ဟုတ်... ဟုတ်ကဲ့''

Sehun လည်း ph မြန်မြန်ချပြီး အိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။

"Hunnie နေမကောင်းဘူးလား ''

"ကောင်း..ကောင်းပါတယ် တီလေး ''

"ကောင်းတယ်လည်းပြောသေးတယ် မျက်နှာက ဖြူဆုတ်နေတာပဲ မှန်းစမ်း....ကိုယ်လည်းမပူပါဘူး အသားတွေကအေးစက်နေတာပဲ''

"ဟုတ်''

"သွားနားလိုက်အုံးသွား တီလေး ပဲညစာ ပြင်လိုက်တော့မယ်''

"ဟုတ်ကဲ့ တီလေး''

ပြောပြီးတာနဲ့ Sehun လည်း အခန်းထဲသို့ အမြန်ဝင်လာခဲ့လိုက်သည်။
အခန်းထဲရောက်တော့..

"ဒုက္ခပဲ အကိုက ညကျရင် phပြန်ဆက်မှာ ph နံပါတ်တောင်မပေးလိုက်ရဘူး ငါညကျ ph ဘယ်လိုကိုင်ရပါ့မလဲ''

အိမ်ph က ဧည့်ခန်းထဲမှာပင်ရှိသောကြောင့် Sehun အခက်တွေ့နေလေသည်။

Continue Reading

You'll Also Like

104K 18.1K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
29.4K 4.5K 33
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
21.7K 726 21
မင်းရဲ့မျက်ရည်တွေကငါ့ရင်ကိုအေးချမ်းစေတဲ့မိုးဘဲငယ်ဆူးခက် ငါ့ရဲ့ကစားကွက်ထဲမှာလှလှပပကြီးညိုလိုက်၊ပြိုလိုက်၊ငိုလိုက်ဦးပေါ့ကွာ ...
570K 49.5K 29
Taekook Fanfiction Jeon Kim Own creation